အပိုင်း ၄
Viewers 28k

Chapter 4


ဆယ်ကျော်သက်လေး၏ ထီးဆောင်းထားသည့် ဘေးဘက်မျက်နှာလေးမှာ အနည်းငယ် စောင်းသွားသည်။ မြင့်မားပြီး သိမ်မွေ့သည့်နှာတံလေးက အလင်းနှင့် အရိပ်ကို ပိုင်းခြားထားသည်။ သူ၏မျက်လုံးထိပ်လေးများက ဂရုတစိုက်နှင့် ဖြည်းဖြည်းချင်းဆေးခြယ်ထားသည့် ပိတ်ကားထက်ရှိ ပန်းချီလေးလိုပင်။ဖော်ပြရန် အလွန်ခက်ခဲသော်လည်း အရမ်းကိုဆွဲဆောင်မှုရှိသည်။ မုထျန်းဟန်က သူ့မျက်လုံးထဲရှိ တောက်ပသည့်အနက်ရောင်ကျောက်စိမ်းတုံးလေးအား မြင်လူနီးနီးပင်။(မျက်ဆံနက်နက်စိုစိုလဲ့လဲ့လေးတွေကိုပြောချင်တာပါ)


ထို့နောက် နေရောင်အောက်ရှိ မျက်တောင်ရှည်တို့မှာ အနှီပန်းချီလေးကို ဆွဲဆောင်မှုတစ်ရပ် ပိုတိုးသွားစေခဲ့သည်။


"မင်း သားရဲကောင်!"


မုထျန်းဟန်အား နောက်တစ်စက္ကန့်လေးပင် ပျော်ခွင့်မပေးတော့ပဲ လိုင်သယ်စစ်၏အသံက မုထျန်းဟန်၏နားထဲ ဝင်လာသည်။ "သားရဲကောင်၊ မင်းကြည့်နေတာရပ်လိုက်စမ်း"


"သားရဲကောင်?"


မုထျန်းဟန်က သူ့အကြည့်ကို ပြန်သိမ်းလိုက်ပြီး လိုင်သယ်စစ်အား ကြည့်လိုက်သည်။


 "မင်းကျကြည့်လို့ရပေမယ့် ငါကျမရဘူးပေါ့"


"ငါတို့က မတူဘူး၊ ငါကမြင်ကွင်းကို ရိုးရိုးလေး သဘောကျရုံပဲ၊ မင်းနဲ့မတူဘူး"


လိုင်သယ်စစ်မှာ ဤ 'လူယောင်ဆောင်ထားသည့် တိရစ္ဆာန်ကောင်´မုထျန်းဟန်က ကောင်လေးကို တစ်ချက်ကြည့်ရုံမျှဖြင့် မျက်စိကျသွားလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။


ဒေါသထွက်စရာပဲ!။


"ဘာမတူတာလဲ၊ ငါကလူတိုင်းနဲ့ ပေါ့ပေါ့လေးချိတ်နေတဲ့ လူရှုပ်လူပွေမဟုတ်ဘူး"


မုထျန်းဟန်က သူ့ကိုယ်သူ အကဲဖြတ်လိုက်လေသည်။ သူက သူ၏ကိုယ်ပိုင်ဘဝလေးတွင် သန့်သန့်ရှင်းရှင်းလေးရှိနေပြီး ဆက်ဆံရေးတစ်ခုအား ပေါ့ပေါ့တန်တန် တည်ဆောက်မည့်လူမဟုတ်ပါချေ။


"ငါက မင်းအခြားလူတွေနဲ့ ပတ်ရှုပ်နေတယ်လို့ ပြောနေတာမဟုတ်ဘူး"


လိုင်သယ်စစ်က ဆိုသည်။


"အခုက မင်းအဲဒီ့ကလေးနဲ့ ချိတ်ချင်နေပုံရလို့ပြောနေတာ၊ ရိုးသားစမ်းပါကွာ...၊ မင်းကားထဲမဝင်ခင်က အဲ့ကလေးက မင်းကိုကြည့်နေတာ၊ သူကမင်းကိုကြည့်ပြီးတာနဲ့ လမ်းလျှောက်ဖို့တောင်မေ့ပြီး ရပ်လိုက်တာကွ၊ အကြည့်လေးတစ်ချက်နဲ့တင် သူမင်းကိုကြွေသွားတာ၊ တအားစိတ်ရှုပ်ဖို့ကောင်းတာပဲ"


“အဲလိုလား"


မုထျန်းဟန်က ရုတ်တရက် ပြုံးလိုက်ပြီး မျက်လုံးကို မှေးကျဥ်းကာ ခြေတံရှည်များကို ရွှေ့လိုက်သည်။


“ဒီလိုပြောရတာ နည်းနည်းတော့ ကြောင်တောင်တောင်နိုင်ပေမယ့် ငါရှင်းရှင်းလင်းလင်း လုပ်ချင်လို့၊ အဲ့ကလေး ငါ့ကိုတကယ်ကြိုက်နေရင်တောင် ငါကတော့ အဲလိုကလေးပေါက်စလေးတွေနဲ့ တစ်ခုခုလုပ်ဖို့ ရည်ရွယ်ချက်ရှိမနေဘူး"


(DateတွေTimeတွေမှတ်ထားကြပါ) 


လိုင်သယ်စစ် : “ဟဟ...”



ထိုအချိန်တွင် မော့တိက မုထျန်းဟန် ကားထဲဝင်သွားသည်ကို မြင်လိုက်လေသည်။ သူက လိုင်စင်နံပါတ်ပြားကို အမြန်မှတ်လိုက်ပြီး ထွက်ခွာသွား၏။


သူက မုထျန်းဟန် ယခုအချိန်တွင် မြို့တော်၌ အဘယ်ကြောင့်ရှိနေသည်ကို မသိသလို သူ၏ယခင်ဘဝနှင့် ပေါင်းစပ်ကာလည်း မခန့်မှန်းနိုင်ပေ။ မုထျန်းဟန်က သူ့ကုမ္ပဏီကို စာရင်းမသွင်းရသေးမှီ အကြောင်းတစ်ခုခုကြောင့် မြို့တော်သို့ လာခဲ့ခြင်းဖြစ်နိုင်ပြီး တစ်နည်းနည်းဖြင့် သူ့ညာခြေထောက်အား မသန်မစွမ်းဖြစ်သွားစေသည့် တစ်ခုခုဖြင့် ကြုံခဲ့ရပုံပင်။


ပြီးတော့ ထိုခြေထောက်အား လုံးဝမကုသနိုင်ခဲ့ပေ။ မုထျန်းဟန်ကုမ္ပဏီ၏ ပထမဆုံးနှစ်ပတ်လည်အခမ်းအနားအင်တာဗျူးတွင် ထိုမသန်စွမ်းသည့်ခြေထောက်၊ သူ၏ငယ်ရွယ်မှု၊ ပါရမီ၊ မြင့်မြတ်သောအသွင်အပြင်နှင့်အတူ သူ၏ဂုဏ်သတင်းက ကမ္ဘာအရပ်ရပ်သို့ ပျံ့နှံ့သွားခဲ့သည်။


သို့ပေသိ ထိုမသန်မစွမ်းဖြစ်နေသော်လည်း အရည်အချင်းအပြည့်ရှိသည့် မုထျန်းဟန်အကြောင်းကို စာအုပ်ထဲတွင် ဆယ်ကြောင်းထက်မနည်း ဖော်ပြထားလေသည်။ ချင်ချန်းယီနှင့်မော့လျှိုကွေ့ အိပ်ယာထက်တွင် စကားပြောနေသည် အပိုအခန်းရှိလေသည်။ သူတို့က ချင်ချန်းယီ၏ငယ်ရွယ်ပြီးအရည်အချင်းရှိမှုကို ထင်ရှားစေရန် သူ့အား(မုထျန်းဟန်) 'ခြေမသန်သည့် ကောက်ကျစ်သောအဖိုးကြီး´ဟုပင် ဆိုခဲ့ကြသည်။


ဒီတော့ ဒီ-အ-မြှောက်-စာ-လူ-အို-ကြီး ဖြစ်ဖို့ လုံးဝမထိုက်တန်တဲ့လူကြီးက သူချဥ်းကပ်ဖို့ အသင့်တော်ဆုံးမဟုတ်ဘူးလား! ! !။


ဒီ"twisted"ဖြစ်နေတဲ့အပိုင်းအတွက်ကတော့ အတိအကျဘာကို ရည်ညွှန်းတာလဲ။  


(Twisted - ဝှက်ထားမြှုပ်ထားတဲ့ဇာတ်ကွက်တွေပါ)


သူက ယင်းအတွက် ဦးနှောက်ခြောက်ခံနေပေ။ သူ့ပန်းတိုင်အောင်မြင်နေသရွေ့ အဲဒီ့လူကြီးရဲ့အဆက်အသွယ်နှင့် စွမ်းရည်တို့ကို 'အသုံးချ´နိုင်နေသရွေ့ ဘယ်အရာကိုမဆို သူကိုင်တွယ်နိုင်သည်။


မော့တိက အာရုံပြန်ကပ်သွားပြီးနောက် သူ့မျက်လုံးထဲရှိအလင်းတစ်ပြက်အား သိုဝှက်လိုက်လေသည်။ သူက အံကြိတ်လိုက်ပြီး တက္ကစီကို ခေါ်ရန် လှည့်လိုက်သည်။သူ့အစီအစဥ်အရ မော့အိမ်ကို ပြန်သွားရမည်ဟု ဆုံးဖြတ်လိုက်သည်။


"ဦးလေး၊ ကျေးဇူးပြုပြီး မြန်မြန်လေး၊ ကျွန်တော် အရေးကြီးနေလို့ပါ"


"ကောင်းပြီ"


ဒရိုင်ဘာဦးလေးကြီးက အရှိန်မြှင့်စက်ကို နင်းလိုက်ပြီးနောက် ကားမှာ ယာဉ်ကြောထဲ ရောက်သွားသည်။


မော့တိက အခြေကျပြီးနောက်တွင် မော့ဝုဟန်၏ နေရာကို စစ်ဆေးရန် သူ့ဖုန်းကို ဖွင့်လိုက်သည်။အလုပ်အတွက်အစီစဉ်ရန် သူ၏လက်တော့ပ်နှင့်ဘဏ်ကတ် ယူဖို့လိုသော်ငြား ထိုညီအစ်ကိုများ အိမ်၌ရှိနေပါမူ နောက်တစ်ရက်ကို ပြောင်းလိုက်လို့ရ၏။


မော့တိက သူ၏သူငယ်ချင်းများအဖွဲ့စကားပြောခန်းကိုဖွင့်လိုက်ပြီး မော့လျှိုကွေ့ မကြာသေးမီကတင်ထားသည်ပို့စ်ကို ကြည့်လိုက်သည်။


“ငါမကြာခင် ဆေးရုံကဆင်းတော့မယ်၊ ငါ့ကိုကိုတွေက ဆေးရုံဆင်းဖို့လိုအပ်တာတွေ လုပ်ပေးနေကြတယ်၊ စိတ်ပူပေးတဲ့လူတိုင်းကို ကျေးဇူးတင်ပါတယ်၊ [heart][heart][heart] ဒီရက်တွေ ဆေးရုံမှာနေရတာ အဆင်မပြေပေမယ့် ဖေဖေ၊မေမေ၊ဖိုးဖိုးနဲ့ ကိုကိုတို့ ငါနဲ့အတူရှိနေပေးလို့ အရမ်းကောင်းတာပဲ၊ အတန်းဖော်တွေအများကြီးကလည်း လာလည်ကြတယ်၊ ငါအခု ဘာမှမရှိတော့ဘူးလို့ခံစားရတယ်၊ ငါအရမ်းပျော်နေပါပြီ၊ အားလုံးကိုချစ်တယ်နော်၊ ပြီးတော့ အားလုံးပဲ... ငါ့မောင်လေးကို အပြစ်မတင်ကြပါနဲ့၊ သူကအခုလိုဖြစ်ဖို့မရည်ရွယ်ခဲ့သလို ငါကလည်းမှားတာပဲလေ၊ ကောလိပ်ဝင်ခွင့်စာမေးပွဲကနီးလာပြီ၊ ငါ နင်တို့အားလုံးကျန်းမာရေးဂရုစိုက်ဖို့ မျှော်လင့်တယ်၊ ဒါမှ ငါတို့အတူ တိုက်ပွဲဝင်နိုင်မှာ! ! !" 


အောက်တွင် ကြိုဆိုခြင်း နှင့် ကောင်းချီးများ အပြင် ... သူစွပ်စွဲချက်အပေါ် မထင်မှတ်ထားသော လှောင်ပြောင်မှု အချို့ပါ၀င်သည် ။


“ငါတို့ရဲ့နတ်ဘုရားမလျှိုကွေ့ ပြန်လာပြီ၊ ပန်းတွေကြဲလိုက်!!!”


“နင်အဆင်ပြေတာကောင်းတယ်၊ မင်းသတိလစ်တဲ့အထိငိုတာမြင်ပြီး ငါသေမတတ်လန့်သွားတာ၊ ငါအရမ်းစိတ်ပူပြီးကြောက်နေတာ၊ ရှောင်ကွေ့ နင်ကအရမ်းကြင်နာတတ်တာပဲ၊ အားလုံးက မော့တိကြောင့် ဖြစ်ရတာ၊ မဟုတ်ရင် နင်နေမကောင်းဖြစ်မှာမဟုတ်ဘူး၊ သူဓာတ်မတည့်တာကို ဘယ်သူကမှတ်မိမှာမလို့လဲ၊ ဒါကြောင့် သေတော့မလိုတောင် ဟန်ဆောင်လိုက်သေးတယ်၊ တကယ့်ကိုဒရာမာကွင်းပဲ"


 (E-tran uses that queen*)


“လျှိုကွေ့ရေ ကျေးဇူးပြုပြီး သေချာစစ်ဆေးခဲ့ပါ၊ ဆေးရုံကမထွက်ခင် ဘာမှမဖြစ်တာ သေချာအောင်လုပ်နော်၊ နင်ပြန်လာတာကို ငါတို့စောင့်နေတယ်၊ အဲဒီ့မော့တိက ရက်စက်လွန်းတယ်၊ သူ့ကိုကြင်နာပေးနေတာတော်လိုက်တော့၊ မဟုတ်ရင် နင်အခွင့်ကောင်းယူခံနေရမယ်၊ နင်က သူ့ကို ကောင်းကောင်း ဆက်ဆံခဲ့ပေမဲ့ သူက ကျေးဇူးကန်းနေတုန်းပဲ!"


“လျှိုကွေ့ရဲ့ ဖေဖေ၊မေမေနဲ့ ကိုကိုတွေက အရမ်းကောင်းတာပဲ ၊ ဘယ်လိုတောင် ချစ်ဖို့ကောင်းတာလဲ! ၊ မနာလိုလွန်းလို့ ချဥ်နေပါပြီနော်!!!”


“နတ်ဘုရားမက သူ့ကို အပြစ်မတင်ဘူးလို့ ပြောပေမယ့် ငါစိတ်ဆိုးတုန်းပဲ၊ မျှော်လင့်ထားတဲ့အတိုင်း နတ်ဘုရားမလေးက အတွင်းရောအပြင်ပါ မင်းသမီးလေးပါဆို၊ သူမကတအား ကြင်နာတတ်လွန်းတယ်၊ မော့တိကို သူ့ကိုယ်သူ အရူးလုပ်ခွင့်ပေးထားလိုက်စမ်းပါ!”


“…”


မော့တိက အမြန်ကြည့်ပြီးနောက် စကားပြောခန်းမျက်နှာပြင်ကို ပိတ်လိုက်ကာ ခပ်ဖျော့ဖျော့လေး ပြုံးလိုက်သည်။


အမှန်တော့ ဤဘဝတွင် သူ့အားတောင်းပန်ရန် အတင်းအကြပ် စေခိုင်းခြင်းမခံရသဖြင့် ပျော်နေမိသည်။ တစ်ဖန် မော့လျှိုကွေ့က သူ၏တောင်းပန်မှုကို လက်ခံလိုက်သည့်သဘောသက်ရောက်သောပို့စ် စာတစ်ကြောင်းထက်မနည်း တင်လိုက်သေးသည်။ ထို့ကြောင့် သူ၏"စွပ်စွဲမှု"ကို ဦးတည်ပြီးကျိန်ဆဲထားခြင်း သိပ်မရှိချေ။


(သူမော့လျှိုကွေ့ကို စွပ်စွဲတယ်ဆိုပြီး လူတွေအထင်မှားနေတာတဲ့"စွပ်စွဲမှု"ပါ)


အမှန်တော့ ဂုဏ်ပြုဖို့ ထိုက်တန်နေပြီ...။


မော့တိ၏ရယ်မောသံကိုကြားသဖြင့် ရှေ့ခန်းမှဒရိုင်ဘာဦးလေးကြီးက မေးလာသည်။ "ဘာဖြစ်တာလဲ၊ မင်းဘာလို့ပြုံးနေတာလဲ ငရှုပ်လေး"


“ဘာမှမဟုတ်ပါဘူး ဦးလေးရယ်...”


မော့တိက ပြုံးနေသော်ငြား သူ့အသံကတော့ နွေးထွေးမှုအလျဥ်းရှိမနေပါချေ။


"ကျွန်တော့်မှာ စိတ်ဝင်စားဖို့ကောင်းတာလေး ဖြစ်နေလို့" 


မော့မိသားစုဝင်များက ဆေးရုံတွင်ရှိနေဆဲဖြစ်ကြောင်း သိလိုက်ရသည်နှင့် မော့တိစိတ်သက်သာရာကသွား၏။ တက္ကစီက မော့မိသားစုအိမ်ကိုရောက်သည့်အခါ သူကအလျင်အမြန် ထွက်လိုက်သည်။


"သ... သခင်လေးလား၊ ဘာလို့ပြန်လာတာလဲ"


တံခါးရှိခြံစောင့်က အံ့သြသွားပြီး မော့တိအနားအမြန်ချဥ်းကပ်လာသည်။ 


မော့တိက ခြံစောင့်ကိုကြည့်လိုက်ပြီး သူ့မျက်လုံးထဲရှိ ဒေါသနှင့် ရွံရှာမှုတို့အား မမြင်ဟန်ဆောင်လိုက်သည်။


"ကျွန်တော် ယူစရာလေးရှိလို့ ပြန်လာတာ၊ ကျွန်တော် ခဏဆိုဆေးရုံကို ပြန်သွားမှာပါ၊ ကျေးဇူးပြုပြီး လမ်းဖယ်ပေးပါဦး ..."


"သခင်လေး မင်း..." ခြံစောင့်က အနည်းငယ် အံ့သြနေခဲ့သည်။ ဘာလို့ သခင်လေးက အနည်းငယ်ကြမ်းတမ်းနေပုံပေါ်နေရသည်ကို သူမသိပေ။ သို့ပေမယ့် သူဂရုတစိုက်ကြည့်လိုက်ရာ အမြဲလိုလိုဖြစ်နေခဲ့သကဲ့သို့ပင် နူးညံ့သိမ်မွေ့နေသည်။ 


သူတွေဝေနေစဥ်မှာပင် မော့တိက ဗီလာထဲကို အလျင်အမြန် ပြေးဝင်သွား၏။ အခြားအစေခံပြီး၏အကြည့်ကို လျစ်လျူရှုကာ သူ၏အိပ်ခန်းထဲသို့တည့်တည့်သွားလိုက်ပြီး လပ်တော့၊ အိုင်ဒီကတ်၊ ဘဏ်ကတ်၊ ကျောင်းသားကတ်နှင့် အခြားအရာများကို အိတ်ကြီးတစ်လုံးထဲထည့်လိုက်သည်။ သူ၏အဝတ်အစားများကိုပင် ထုတ်ပိုးမနေဘဲ အောက်ထပ်ကို အလျင်စလို ဆင်းလာခဲ့သည်။ 


ရလဒ်အနေဖြင့် သူလှေကားတစ်ဝက်ရောက်သည့်အခါ ထို့ထက်ပို၍မရင်းနှီးနိုင်တော့သည့်အသံကို ရုတ်တရက် ကြားလိုက်ရသည်။


"မြန်မြန်လာကြ၊ လူတွေဘယ်မှာလဲ၊ ရှောင်ကွေ့အကြိုက်ဆုံး အသီးဖျော်ရည်ယူလာခဲ့၊ အေးအေးလေးဖြစ်ပါစေနော်၊ သူကားပေါ်မှာ ဘာမှမသောက်ရလောက်ဘူး၊ အာခြောက်ပြီး နေရခက်နေမှာ" 


ယင်းက မော့ဝုဟန်ပင်။ 


မော့တိ အနည်းငယ် အေးခဲသွားရသည်။ ထိန်းချုပ်မရသည့်ပျို့အန်မှုနှင့် ဒေါသနာကျည်းချက်တို့က အရိုး၏အနက်ရှိုင်းဆုံးမှပင် ပေါ်ထွက်လာသည်။ ခဏအတွင်းမှာပင် မရေမတွက်နိုင်သည့် အနိုင်ကျင့်မှုများနှင့်အကြမ်းဖက်မှုများကို ပြန်သတိရလိုက်သည်။


သူစိတ်တ္တဇဆေးရုံသို့ အပို့မခံရမှီကပင် မော့ဝုဟန်က သူ့ခြေသလုံးအား သံချောင်းဖြင့် ရိုက်ချိုးခဲ့ပြီး မော့လျှိုကွေ့အတွက် လက်စားခြေရန်အလို့ငှာ သူ့အားဆေးကုသခံယူခွင့်ပင်မပေးခဲ့။သူ့တစ်ကိုယ်လုံး ထိန်းမနိုင် သိမ်းမရ နာကျင်တုန်လှုပ်လာရသည်။


ဘယ်လိုတောင် မမျှော်လင့်ထားတာလဲ။ သူအကြိမ်ကြိမ်ရှောင်ဖို့ ကြိုးစားပေမယ့် ပထမဆုံးတွေ့ရတဲ့လူက သူ့ရဲ့ကောင်းလှစွာသောအစ်ကိုကြီး မော့ဝုဟန်တဲ့။


မော့တိ၏လက်သည်းများက လက်ဝါးထဲနစ်ဝင်သွားသည်။


"ဒီမှာပါ၊ ပဉ္စမသခင်လေး..."


အစ်မလျှို့ ၊ မီးဖိုချောင်အားတာဝန်ယူထားသူမှာ အမြန်ရောက်လာပြီး မော့ဝုဟန်အား အပူခံအိတ်ကို ပေးလိုက်၏။ သောက်စရာရပြီးသည်နှင့် မော့ဝုဟန်က လှေကားထောင့်ထံ အကြည့်တစ်ချက်ပင်ပေးမလာချေ။ သူကပြန်ထွက်သွား၏။


အစ်မလျှိုထံ ပြုံးပြုံးရွှင်ရွှင် ဆိုလာသည့်စကားကို ကြားလိုက်ရချိန်တွင် မော့တိ အသက်ပြင်းပြင်း ရှူလိုက်မိ၏။


"ပဉ္စမသခင်လေး၊ သခင်ငယ်လေးနဲ့အတူတူ မပြန်ဘူးလား၊ ကျွန်မအခုပဲကြားတာတော့ သခင်ငယ်လေးက အချို့အရာတွေထုပ်ပိုးဖို့ ရောက်နေတယ်တဲ့"


"!" လှေကား၌ရပ်နေဆဲမော့တိ၏နှလုံးသားမှာလေးလံသွားရသည်။


"ဘာ???"


မော့ဝုဟန်က အံ့အားသင့်နေပြီး သူ့မျက်လုံးများက နီရဲလာသည်။ သူကမျက်လုံးပင့်ကာကြည့်လိုက်သည်နှင့် လှေကားလမ်းထက်တွင် မတ်တပ်ရပ်နေသော မော့တိကို တွေ့လိုက်ရလေသည်။ သူကမော့တိကို ဖမ်းဆီးပြီး သွေးဂူအဖြစ် ပြောင်းပစ်ချင်မိသည်။(သွေးတွေကုန်တဲ့အထိ ရိုက်ချင်တာမျိုး)


"မော့တိ.. မင်းကပြန်လာရဲသေးတယ်၊ ပြန်လာဖို့ မျက်နှာရှိသေးတယ်ပေါ့လေ !!!"


မော့ဝုဟန်က ဖျော်ရည်ပါသည့် အပူထိန်းအိတ်အား စားပွဲထက်ချလိုက်ကာ အလျင်အမြန် ရှေ့တိုးလိုက်သည်။ သူကလက်သီးဆုပ်လိုက်ပြီး ပြင်းပြင်းထန်ထန် ယမ်းလိုက်လေသည်။


"ငါမင်းကို လာရှောတော့မလို့ပဲ၊ ရှောင်ကွေ့ကို ထိခိုက်ရအောင် မင်းကို ဘယ်သူက သတ္တိတွေပေးလိုက်လဲ ဟမ်၊ သားရဲကောင် !!!"


လေနှင့်အတူ ရှေ့သို့ တဟုန်ထိုး ရောက်လာသည်ကို မြင်လိုက်ရပြီးနောက် မော့တိအနေဖြင့် သူ့အစီအစဥ်များအား ဖြစ်မြောက်စေရန် သူ၏ပြောင်းလဲမှုတို့ကို ဖုံးကွယ်လိုလျှင်ပင် သူ့အားရိုက်ခွင့်တော့ မပေးနိုင်ချေ။ သူကဘေးကိုထွက်ကာ မော့ဝုဟန်၏လက်သီူကို ရှောင်လိုက်သည့်တိုင် လက်မတော်တဆချော်သွားပြီး သူ့ပုခုံးထက်ရှိကျောပိုးအိတ်မှာ လျှောကျသွားပြီး အောက်ဆင့်လှေကားရှိ မော့ဝုဟန်၏မျက်နှာထက်ကို တိုက်ရိုက် ရိုက်မိသွားလေသည်။


Xxxxxxx