Chapter 7
မော့တိက အသံအနည်းငယ်ကျယ်အောင် စာရိုက်နေလိုက်သည်။
အခြားကုဒ်များထည့်ပြီးနောက် အခြားပရိုဂရမ်ကိုဖွင့်ကာ လိုင်စင်နံပါတ်ပြားကို ထည့်သွင်းလိုက်သည်။
သူက မျက်နှာပြင်ပေါ်ရှိ အချက်အလက်များကို ပြန်လည်ဆန်းသစ်ထားသည်။
မော့တိက အမြန်ကြည့်လိုက်ပြီး နောက်ဆူံးတွင် သူပြန်မွေးဖွားပြီးကတည်းက အပျော်ရွှင်ရဆုံးသတင်းကို လက်ခံရရှိခဲ့သည်။
ထိုကားပိုင်ရှင်က အမှန်ပင် မုထျန်းဟန်ဖြစ်နေ၏။
ထို့အပြင် ကားက မကြာခဏဆိုသလို မြို့တော်အရှေ့ဘက်ဆင်ခြေဖုံးရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်ကြီးတစ်ခုအနီးတွင် ပေါ်လာတတ်သည်။ထိုမြေကွက်က ရှောင်မိသားစုပိုင်ဖြစ်သည်ကို သူသတိရလိုက်ပြီး သူတို့က ထိုမြေကွက်ကို ပရောဂျက်ကြီးတစ်ခုပြင်ဆင်ရန် အသုံးပြုခဲ့ကြသည်။မုထျန်းဟန်က သတင်းအချို့နှင့် နိုင်ငံခြားလူမှုကွန်ရက်ဈေးကွက်ကို လွှမ်းမိုးပြီးနောက် သူ၏စီးပွားရေးကို ဤနေရာတွင် ချဲ့ထွင်ရန် ဆုံးဖြတ်လိုက်သည်လား။
သို့သော်လည်း သူ့ယခင်ဘဝတွင် မုထျန်းဟန်၏ဒုတိယမြောက်စက်မှုလုပ်ငန်းမှာ မတော်တဆကြောင့် သူ့ခြေထောက်များကို ဆုံးရှူံးရသည်အထိ မတည်ထောင်ရသေးပေ။
မော့တိမှာ မနက်သုံးနာရီအထိ အိပ်မပျော်ချေ။သို့သော်လည်း သူထလိုက်သည့်အချိန်၌ ကောင်းကင်ကြီးက မှောင်နေဆဲဖြစ်၏။
သူ့ဖုန်းကိုကြည့်လိုက်ရာ ငါးနာရီသာရှိသေးသည်။
စိတ်ကျန်းမာရေးဆေးရုံတွင် နှစ်ဝက်ကြာအောင် နေခဲ့ရပြီးနောက် မော့တိ၏ အိပ်စက်မှုပုံစံက ကြောက်စရာကောင်းလာသည်။ နေ့တိုင်းလိုလို လူနာများ၏ အာခေါင်ခြစ်အော်သံများ၊ အော်ဟစ်သံများနှင့် ရူးသွပ်စွာရယ်မောသံများကို သူကြားရသည်။ မော့မိသားစုက ဆရာဝန်တွေကို သူ့အား ညှဉ်းပန်းနှိပ်စက်ရန် အမိန့်ပေးခဲ့သည်ကိုပါ ပေါင်းထည့်လျှင် နှစ်နာရီသာအိပ်စက်ခြင်းက စံနှုန်းတစ်ခုဖြစ်လာ၏။ ။
သို့ပေမယ့် သူပြန်လည်မွေးဖွားပြီးနောက်မှာတောင် သူ၏မသိစိတ်က မငြိမ်မသက်ဖြစ်ကာ သူ့ကို ကောင်းကောင်းအိပ်မပျော်အောင် တားဆီးထားဆဲဖြစ်လိမ့်မည်ဟုတော့ မမျှော်လင့်ခဲ့ပေ။
မော့တိထလိုက်ပြီး မီးဖွင့်ကာ မျက်နှာသစ်ဖို့ သွားလိုက်သည်။
ထိုအချိန်တွင် တစ်ခါမှစောစောမထဖူးသည့်မော့ဝုဟန်က မော့မိသားစု မီးဖိုချောင်တွင် ပေါ်လာသည်။
“ပဉ္စမသခင်လေး၊ ဘာလို့ဒီမှာရှိနေရတာလဲ"
မော့ဝုဟန် မီးဖိုချောင်တွင်ရောက်နေသည်ကိုမြင်ပြီး အစ်မလျှို့ ထိတ်လန့်သွား၏။
“ဘာမှမဟုတ်ပါဘူး ၊ ငါအိပ်မရလို့ မီးဖိုချောင်မှာ ကောင်းတာတစ်ခုခုရှိလားလို့ လာကြည့်တာ ” မော့ဝုဟန်က ဆေးကြောလှီးဖြတ်နေသည့် မီးဖိုချောင်ရှိ အစေခံများကိုကြည့်ကာ အစ်မလျှို့ဘက် လှည့်လိုက်သည်။
“အစ်မလျှို့ ၊ မနက်စာကဘာလဲ ?”
“ပဉ္စမသခင်လေး ဒီနေ့မနက်စာက ငါးတိုဖူးအေးရယ်၊ ပျားရည်ကြက်ရင်ပုံသားရယ်၊ မုန်လာဥဆီဆမ်းထားတဲ့ဝက်ပေါင်ခြောက်ရယ်၊ ဂေါ်ဖီဆလပ်ကိုဆော့အေးအေးလေးနဲ့ရယ်၊ ရုံပတီသီးအေးရယ်၊ ငါးပါးနီချဥ်နဲ့ငရုပ်ကောင်းရယ်ပါ၊ ပြီးတော့ ကြက်ဥ ဌာပနာ၊ ဒင်ဆမ်း နဲ့ သခင်မလေးအကြိုက်ဆုံး ရွှေဖရုံသီးပေါင်မုန့် ၊ အုတ်ဂျုံဆန်မုန့် ၊ ပြောင်းဆန်လုံးစွပ်ပြုတ် ၊ ကော်ဖီ နဲ့ နို့တွေလည်း ရှိပါတယ်"
ဤအစားအစာတွင် မော့မိသားစုရှိ လူတိုင်း၏ အကြိုက်ဆုံး ဟင်းလျာများ ပါဝင်သည်ဟု ဆိုနိုင်သည်။
မော့ဝုဟန်က ပတ်ပတ်လည်ကို တစ်ချက်စိုက်ကြည့်ပြီး ပြောလိုက်သည်။ “ကြက်ဟင်းခါးသီးရောရှိလား”
“ကြက်ဟင်းခါးသီး?” အစ်မလျှို့က အံ့အားသင့်သွားပြီး ခေါင်းယမ်းလိုက်သည်။
“ပဉ္စမသခင်လေး၊ တကယ်လို့သခင်လေးစားချင်ရင် တစ်ယောက်ယောက်ကို သွားဝယ်ခိုင်းလိုက်မယ်လေ.”
“ထားလိုက်တော့” မော့ဝုဟန်က စိတ်မရှည်တော့ပေ။ သူက ယာဂုအိုးကိုကြည့်ကာ ပြောလိုက်သည်။ “ကော်ဖီရော?”
“တောင်းပန်ပါတယ် သခင်လေး၊ ကျွန်မအဲဒါကို မကြိတ်ရသေးပါဘူး.” အနီးရှိအစေခံက အမြန်ဖြေလာသည်။
“ဒါဆိုလည်း သွားလုပ်လိုက်!”
မော့ဝုဟန်က အစေခံအား အေးစက်စွာကြည့်ကာ မီးဖိုချောင်မှ ထွက်လာခဲ့သည်။ အဝတ်အစားလဲပြီး နာရီဝက်လောက်အကြာတွင် သူပြန်ရောက်လာသည်။ သူ့ဆံပင်များက အနည်းငယ် ရှုပ်ထွေးနေ၏။
ကော်ဖီစေ့များကို ကြိတ်ထားပြီးဖြစ်ကာ လေထုထဲတွင် ပြင်းထန်သည့် အနံ့က သင်းသင်းပျံ့ပျံ့ ပျံ့နှံ့နေသည်။
မော့ဝုဟန် လာနေသည်ကိုမြင်လျှင် အစေခံက အလျင်အမြန် ဆိုလာသည်။ “သခင်လေး ကော်ဖီအသင့်ဖြစ်ပါပြီ.”
“အမ်း.” မော့ဝုဟန်က မေးကို ပင့်မော့ကာ အစေခံကို လက်ဝှေ့ယမ်းပြလျက်၊ “ကော်ဖီကို ဒီယူလာခဲ့...”
အစေခံသည် အိုးကို အမြန်ကောက်ယူပြီး မော့ဝူဟန်နောက်မှလိုက်၍ မီးဖိုချောင်မှ ထွက်ကာ ထမင်းစားခန်းထဲသို့ သွားလိုက်သည်။လက်ရာမြောက်ပြီး တန်ဖိုးကြီးသည့် ခွက်အစုံကို ထမင်းစား စားပွဲပေါ်တွင် မိသားစုဝင်တွေထိုင်မည့် နေရာအလိုက် စီစဉ်ပြီးတင်ထားသည်။
မော့ဝုဟန်က သူ့အသံကို ရှင်းလိုက်သည်။
“ငါ့မှာ စိတ်ကြိုက်လုပ်ထားတဲ့ ဒီခွက်အစုံလိုက်ရှိတယ်၊ အောက်မှာ ငါတို့စီနီယာအစဥ်အလို သတ်မှတ်ထားတဲ့ ဂဏန်းတွေရှိတယ်၊ ဒုတိယအစ်ကိုနဲ့တတိယအစ်ကိုက အိမ်မှာမရှိတော့ သူတို့ခွက်တွေကို ယူမလာခဲ့ဘူး၊ အစ်မလျှို့ကို အဲဒီ့ခွက်တွေနဲ့ ကော်ဖီထည့်ဖို့ပြောလိုက်၊ အဟောင်းတွေကို မသုံးနဲ့လို့ နားလည်လား”
“ကျွန်မနားလည်ပါတယ်...” အစေခံက ပြန်ဖြေသည်။
“ကောင်းပြီ၊ ငါအခု ကော်ဖီသောက်တော့မယ်၊ အိုးဒီမှာထားပြီး မင်းအလုပ်ကိုသွားလုပ်တော့ !”
မော့ဝုဟန်က အစေခံအား နှင်ထုတ်ပြီးနောက် မည်သူမျှ မလာကြောင်း သေချာစေရန် လှည့်ပတ်ကြည့်ရှုလိုက်သည်။သူက အိတ်ကပ်ထဲမှ အထုပ်လေးတစ်ထုပ်ကို ထုတ်ကာ နံပါတ် “၇”ဟု ရေးထားသည့် ခွက်ထဲသို့ ထိုအထုတ်ထဲမှ အမှုန့်များအားလုံးကို လောင်းထည့်လိုက်သည်။
ထို့နောက် သူက ခွက်ထဲသို့ ကော်ဖီအပြည့်ဖြည့်လိုက်သည်။
အနက်ရောင်များပြည့်ဝနေသည့် အရည်များက အဖြူရောင် ကြွေလွှာထဲတွင် ဝဲပျံနေသည်။ အလင်းရောင်အောက်တွင် ကော်ဖီ၏ အနံ့ပြင်းပြင်းနှင့်အတူ အဖြူရောင်အငွေ့များက မြင့်တက်သွား၏။
မော့ဝုဟန်က ကော်ဖီကိုလောင်းထည့်ပြီးသည်နှင့် ဒီညနေမှာ ဘာဖြစ်မည်ကိုတွေးကာ မရယ်ပဲမနေနိုင်တော့ပေ။ သူက သံသယတွေကို ရှောင်ရှားဖို့ရာ ကျန်ခွက်တွေကိုလည်း ကော်ဖီနှင့် ဖြည့်လိုက်၏။
“ညီလေး?” မော့စစ်လန်က သူ၏ဝတ်ရုံဖြင့် ဆင်းလာသည်။ ထမင်းစားခန်းထဲ၌ မော့ဝုဟန်အား မြင်လိုက်ရသည့်အတွက် အံ့အားသင့်သွားကာ အပြုံးတစ်ခု ထွက်ပေါ်၍လာ၏။
"ဘာဖြစ်တာလဲ၊ ဒီနေ့နေ အနောက်ဘက်က ထွက်တာလား၊ အမြဲဒီလိုစောစောထလို့လားမင်းက"
“စတုတ္ထအစ်ကို...” မော့ဝုဟန်၏ မျက်နှာက အနည်းငယ် စိတ်မသက်မသာ ဖြစ်နေသည်။သူ့လုပ်ရပ်က တရားမျှတပေမယ့် သူ ကော်ဖီထဲတွင် အနှောင့်အယှက်လုပ်ထားကြောင်း မည်သူ့ကိုမှ မသိစေချင်ပေ။
“အစ်ကို၊ ဒီနေ့မနက် ကျောင်းမှာ လှုပ်ရှားမှုရှိလို့လေ၊ ဆံပင်သွားလုပ်လိုက်ဦးမယ်၊ နောက်မှစကားပြောတော့မယ်နော်"
မော့စစ်လန်က မော့ဝုဟန် ထွက်သွားသည်ကိုကြည့်ကာ ခန့်မှန်းချက်အချို့ ရှိနေခဲ့သည်။ သူကကိုယ်ကိုလှည့်ကာ လှေထားပေါ်ကိုတက်သွား၏။
အစ်မလျှို့က မီးဖိုချောင်ထဲမှာ အလုပ်ရှုပ်နေခဲ့သည်။မနက်စာ ပြင်၍ပြီးခါနီးသည့်အခါ မိသားစုဝင်များ စုဝေးကြမည့်အချိန်ရောက်နေပြီဖြစ်ကြောင်း သိလိုက်ရသည်။ သူမက ဟင်းချိုနှင့် အဖျော်ယမကာကို ဦးစွာ ချဖို့ရာ အမိန့်ပေးလိုက်၏။
ရလဒ်အနေဖြင့် ကော်ဖီချထားပြီးဖြစ်ကြောင်း တွေ့လိုက်ရသည့်အခါ ဒေါသတကြီး သူမအသံကိုမြှင့်အော်လိုက်သည်။
“ဟွမ်းယာ! ဟွမ်းယာ! ဟွမ်းယာဘယ်မှာလဲ?!”
“အစ်မလျှို့ ကျွန်မဒီမှာပါ၊ ဘာဖြစ်လို့လဲဟင်” ဟွမ်းယာက ပန်းကန်သုတ်သည့်အဝတ်ပိုင်းလေးကိုင်လျက် မီးဖိုခန်းထဲမှအမြန်ပြေးထွက်လာသည်။
“ကောင်ဖီထည့်ဖို့နင့်ကို ဘယ်သူခိုင်းလို့လဲ၊ ဒီကော်ဖီတွေက အေးခါနီးနေပြီ !” အစ်မလျှို့က စားပွဲပေါ်က ကော်ဖီအိုးအား ကောက်ယူလိုက်သည်။ “နင်ဒီကိုရောက်တာ ရက်နည်းနည်းပဲရှိသေးတယ်၊ ကိုယ့်ဟာကိုယ် ဆုံးဖြတ်ချက်ချရဲနေပြီပေါ့လေ၊ အခုကစ နင်ငါ့အမိန့်ကိုပဲ နားထောင်ရမယ်၊ ဟုတ်ပြီလား !”
“တောင်း... တောင်းပန်ပါတယ် အစ်မလျှို့၊ ကော်ဖီတွေထည့်ထားတာ ကျွန်မမဟုတ်ပါဘူး၊ ပဉ္စမသခင်လေးက ကော်ဖီနည်းနည်းလိုချင်တယ်ဆိုလို့ပါ၊ သူက သခင်နှင့် သခင်မတွေအတွက် သတ်မှတ်ပြီးသား ခွက်အသစ်အစုံလိုက်ကိုတောင် ယူခဲ့ပါသေးတယ်၊သူကကျွန်မကို ကောဖီအိုးထားပြီး သွားဖို့ပြောလို့ပါ၊ ဒါကြောင့် ကျွန်မ…”
“ဒီတော့နင်ဘာဖြစ်လဲ၊ ပါးစပ်ပိတ်ထား၊ ကော်ဖီကအေးနေပြီ အသစ်ကြိတ်ဖို့လည်း မမှီတော့ဘူး၊ ကော်ဖီတွေကို မီးဖိုထဲပြန်ယူလာခဲ့ ...”
အစ်မလျှို့က ဟွမ်းယာကို တစ်ချက်အမြန်စိုက်ကြည့်ပြီးနောက် လျစ်လျူရှုလိုက်သည်။သူမက မော့ဝုဟန်သုံးပြီးသားခွက်ကို သန့်ရှင်းလိုက်၏။ ထိမထားသည့်ကော်ဖီများကိုမူ မီးဖိုထဲပြန်ယူသွားပြီး အိုးအသစ်ထဲထည့်ကာ အပူပေးလိုက်သည်။
မော့တိ အောက်ထပ်ကိုဆင်းလာသောအခါတွင် ပြည်ပရောက်နေသော မော့အာ့ချမ်၊ မော့စန်းကျစ်နှင့် အမြဲနောက်ကျတတ်သည့် မော့ဝုဟန်မှလွဲ၍ အားလုံးက ထမင်းစားခန်းသို့ ရောက်နေပြီဖြစ်သည်။
“မင်းကိုကြည့်၊ ဘာလို့ အဲ့မှာရပ်နေရသေးတာလဲ!”
တစ်ချက်ကြည့်ရုံနှင့် မွေးကတည်းက သူမုန်းတီးခဲ့ရသည့် သားဖြစ်သူအား မော့ရှစ်ဟုန် ဒေါသမထွက်ပဲမနေနိုင်ချေ။
“ရှစ်ဟုန် စိတ်လျှော့၊ ဒေါသမထွက်နဲ့၊ ရှင့်အသံကြောင့် ရှင့်သမီးလန့်သွားပြီ...” ရွမ်ချင်းတန့်က သူ့အားတုန့်ပြန်သည့်အကြည့်တစ်ခု ပေးလိုက်သည်။ ပြီးနောက် သူမက မော့လျှိုကွေ့အတွက် ဟင်းချိုထည့်ပေးလိုက်ပြီး “လိမ္မာတဲ့သမီးလေး၊ ဒါလေးသောက်ကြည့်...”
“ကျေးဇူးပါအမေ...” မော့လျှိုကွေ့က မျက်လုံးလေးကွေးညွတ်သွားသည်အထိ ပြုံးလိုက်ပြီးနောက် ရွမ်ချင်းတန့်အတွက် ကြက်ရင်အုံတစ်ပိုင်းနှင့် မော်ရှစ်ဟုန်အတွက် ငါးဆားနှယ်ကို ထည့်ပေးလိုက်သည်။ “အဖေ စားရအောင် ၊ ရှောင်တိအကြောင်း ထပ်မပြောပါနဲ့တော့ ”
“ငါ့သမီးလေးက အကောင်းဆုံးဖြစ်နေတုန်းပဲ၊ ငါပျိုးထောင်ပေးခဲ့မိတဲ့ အချို့အမှိုက်တွေနဲ့မတူဘူး”
“ကောင်းပြီ...” မော့ဖိုးဖိုးက ရုတ်တရက် ချောင်းဆိုးလိုက်ပြီး မော့တိအား ကြည့်လိုက်လေသည်။ “မင်းဒီနေ့ ကျောင်းပြန်သွားတာနဲ့ အရေးအကြီးဆုံးလုပ်ရမှာက ရှောင်ကွေ့ကို တောင်းပန်ဖို့ပဲ၊ သိပြီလား”
“သိပါတယ်...” မော့တိက ခေါင်းပိုအသာအယာ ငုံ့လိုက်လေသည်။
“အမ်း... ဘာလှည့်ကွက်မျိုးမှလုပ်ဖို့ မစဥ်းစားနဲ့၊ မင်းမတောင်းပန်ရင် ဒါမှမဟုတ် မှန်မှန်ကန်ကန် မလုပ်ရင် ဒီကိုပြန်လာဖို့မတွေးနဲ့၊ ငါတို့မော့မိသားစုက နှလုံးသားမဲ့တဲ့ မျက်လုံးဖြူဝံပုလွေတစ်ကောင်ကို မပျိုးထောင်နိုင်ဘူး.”
မော့တိက သူ့နေရာမှာ ခေါင်းငုံ့ပြီး ထိုင်လိုက်သည်။ သူ့ဘေးနားရှိ ကော်ဖီက မွှေးပျံ့ပြီး ဆွဲဆောင်နေသည်။။
မော့ဝုဟန်က အောက်ထပ် ထမင်းစားခန်းကို အမြန်ဆင်းလာသည်။ သူ့ဆံပင်တွေကို ဂရုတစိုက် ဖြီးသင်ပြီး ပုံသွင်းထား၏။ သူကတောက်ပစွာပြုံးရင်း “ကျွန်တော် ထပ်နောက်ကျပြန်ပြီ၊ အားလုံးစားပြီးပြီလား ”
“မြန်မြန်လာ...” ဒုတိယဒေါ်လေးက သူမ၏အရပ်ရှည်ပြီးခန့်ညားသောသားအတွက် ဂုဏ်ယူနေလေသည်။ သူ့မျက်လုံးအောက်ရှိ အနက်ရောင်အရိပ်များကိုကြည့်ကာ သူမက စိတ်ပူပြီးပြောလိုက်သည်။ “ရှောင်ဟန် မင်း အရမ်းပင်ပန်းနေပြီလား၊မင်းရဲ့ အသားအရေက သိပ်မကောင်းဘူး...”
“ဟင့်အင်း အမေ၊ ကျွန်တော် အဆင်ပြေပါတယ်.”
“ပဉ္စမအစ်ကို နင့်မျက်ကွင်းတွေညိုနေပြီ!”
မော့လျှိုကွေ့က ကျယ်လောင်စွာ ရယ်မောလိုက်သည် ။
“ပန်ဒါနဲ့တူချက်...”
“ရှောင်ကွေ့တောင်ရယ်နေပြီဆိုတော့ ကျွန်တော်မျက်နှာကို မပြရဲတော့ဘူး!” မော့ဝုဟန်က ငြီးတွားလိုက်၏။
“အိုက်ယား၊ ဝမ်းမနည်းပါနဲ့၊ မျက်ကွင်းညိုတာအတွက် ကောင်းတဲ့ မျက်လုံးခရင်ရှိတယ်၊ ကျွန်မ အစ်ကို့ကို နောက်ကျနည်းနည်းပေးမယ် ၊ အလုပ်ဖြစ်မှာသေချာတယ်”
“အိုး ရှောင်ကွေ့၊ ကျေးဇူးပါ မင်းကအရမ်းကြင်နာတတ်တာပဲ၊ တကယ့်ကိုငါ့အချစ်ဆုံးညီမလေးပဲ၊ အဲဒါကိုသုံးဖို့ စောင့်တောင်မစောင့်နိုင်တော့ဘူး...”
“ဟားဟား…” စားပွဲရှိလူတိုင်းက ရယ်မောလိုက်ကြသည်။
မော့တိအနေဖြင့် မော့မိသားစု၏ သဟဇာတရှိပြီး နွေးထွေးသောလေထုကို ခံစားလိုက်ရသည်။ သူ့နှုတ်ခမ်းတွေက အသာလှုပ်ရှားသွားကာ မသိလိုက်ပါဘဲ ပြုံးလိုက်မိလေသည်။
မနက်စာစားပြီးနောက်တွင် မော့မိသားစု၏မြေးများကို ကျောင်းသို့ခေါ်ဆောင်သွားရန် ကိုယ်စီခွဲဝေပေးထားသည့် ကားတစ်စီးစီရှိသည်။ သဘာဝကျကျပင် မော့တိအနေဖြင့် မော့လျှိုကွေ့ကဲ့သို့ တူညီသည့်ကားမရပါချေ။
ဒရိုင်ဘာက မော့တိ၌ ကျောင်းလွယ်အိတ်သာမက ကျောပိုးအိတ်ကြီးတစ်လုံးပါ ပါလာသည်ကိုမြင်ပြီး မျက်မှောင်ကြုတ်လိုက်သည်။
“သခင်လေး၊ ဘာလို့ပစ္စည်းအများကြီး ယူလာရတာလဲ ”
“ဒါတွေက တောင်းပန်ဖို့ပါ...” မော့တိက တိုးတိုးလေးပြောသည်။
ဒရိုင်ဘာက စကားပြောခြင်းကို ရပ်လိုက်ပြီး လီဗာကို နင်းလိုက်လေသည်။ ဤသခင်ငယ်လေးနှင့် ပတ်သက်၍ သူ့တွင် အထူးနှစ်သက်ခြင်းမရှိပေ။ အထူးသဖြင့် သူ(မော့တိ)က ချစ်စရာကောင်းသည့်သခင်မလေးအား ကြင်ကြင်နာနာဆက်ဆံခြင်းမရှိသည်ကို သိပြနောက်တွင် သူ၏ အထင်အမြင်သေးမှုက ပို၍တိုးပွားလာသည်။
သို့သော် ယခု လူငယ်လေးက တောင်းပန်လိုစိတ်ရှိပြီး ကြိုတင်ပြင်ဆင်မှုများပင် ပြုလုပ်ထားသောကြောင့် သေချာပေါက်ကို ဖြစ်လမ်းရှိပုံမရချေ။ အနည်းဆုံးတော့ သူက လုံးဝနှလုံးသားမဲ့ပြီး ပုပ်ပွနေတာမျိုးတော့ မဟုတ်ပေ။
Xxxxxxxxx