အပိုင်း ၈
Viewers 28k

Chapter 8


မော့တိ ကျောင်းပြန်သွားကြောင်းကို မော့ဝုဟန်က ကျူးဝမ်ဇီထံ သတင်းပေးလိုက်၏။


ထိုအချိန်တွင် မော့တိ၏အတန်းမှ ကျောင်းသားများအားလုံးသည်လည်း ထိုသတင်းကို သိလိုက်ရသည်။


“သူက ကျောင်းပြန်လာဖို့ မျက်နှာရှိသေးတယ်..


Crew cutကေဖြင့်ကောင်လေးက ပီကေများကပ်နေပြီး ခဲများမှင်များပွထနေကာ အခြားစိတ်ပျက်စရာများဖြင့် ပြည့်နေသည့် ညစ်ပတ်စုတ်ပြတ်နေသောစားပွဲကို ကန်ပစ်လိုက်လေသည်။ သူကအေးစက်စက်အော်လိုက်၏။


“ဘယ်လိုတောင် အရှက်မရှိတာလဲ!”


“အဲဒီ့အရှက်မရှိတဲ့ဟာလေးရဲ့စားပွဲမှာ အခြားဟာလေးထပ်ထည့်လိုက်ဦးမယ်...” သူ့ဘေးရှိကောင်လေးက တဟဟရယ်လိုက်ပြီး ညစ်ပတ်နေပြီးသားစားပွဲပေါ် တံတွေးထွေးလိုက်လေသည်။


“Ah!”


အနီးမှကောင်မလေးက အမြန်နောက်ဆုတ်လိုက်ရ၏။ သူမ မျက်ခုံးပင့်လိုက်ရင်း


“တုကျစ်၊ ဂရုစိုက်စမ်းပါ၊ နင်ငါ့အပေါ် ထွေးမိတော့မယ် ...”


“မေ့ရန် နင်ဘေးနားနည်းနည်းဖယ်နေ” ဝမ်မေ့ရန်ဘေးမှ ပိုနီတေးလ်(မြင်းမြှီးသဏ္ဍာန်စည်းထားတဲ့ဆံပင်)ဖြင့် ကောင်မလေးက တုကျစ်အား မျက်လုံးလှိမ့်ပြလိုက်လေသည်။ 


"လျှိုကွေ့က ခဏနေရင်ပြန်လာတော့မှာ၊ သူကအရမ်းကြင်နာတတ်ပြီး မော့တိကို တအားဂရုစိုက်တာနော်၊ နင်လုပ်လိုက်တာကြောင့် သူ မပျော်ပဲနေလိမ့်ယ်...”


“အဆင်ပြေပါတယ် ၊ မော့တိရဲ့ခုံက နောက်ဘက်မှာလေ၊ ငါတို့ကာထားရင် သူမမြင်တော့ဘူး၊ ပြီးတော့ ငါတို့မှာ မော့တိအသံမထွက်အောင်လုပ်လို့ရနဲ့နည်းရှိတယ်၊ နင်တို့ကောင်မလေးတွေ တအားစိုးရိမ်တတ်တာပဲ၊ စိတ်မပူပါနဲ့ ”


“ကောင်းပြီ၊ အဲဒါက ဘာမှမဟုတ်ဘူး...” ကျူးဝမ်ဇီက လော့ကာနောက်မှ ကျောင်းသားထံလျှောက်လာပြီး ပြောလိုက်သည်။ သူက လော့ပြုတ်သည်အထိ ဆွဲချခံထားရသည့် မော့တိ၏လော့ကာကို ကြည့်ပြီးနောက် အနက်ရောင် အမှိုက်အိတ်ကို ပစ်ချလိုက်သည်။ အိတ်အတွင်းတွင် ခေါင်းမပါသည့်ကြောင်သေတစ်ကောင် ရှိနေလေသည်။



ကျူးဝမ်ဇီ၏ သေးငယ်သော လှုပ်ရှားမှု ပြီးသွားသောအခါ မော့တိသည်လည်း နောက်ဆုံးတွင် ကျောင်းတံခါးဝသို့ ရောက်လာ၏။


ခဏအတွင်းမှာပင် မော့တိမှာ စူးရှသည့်အကြည့်များက နေရာစုံသူ့ထောင့်စုံမှ သူ့အားကြည့်နေသည်ကို ခံစားလိုက်နိုင်သည်။ အများစုက ရွံရှာခြင်း၊ စိတ်ဆိုးခြင်းနှင့် ဒေါသထွက်ခြင်းတို့ဖြင့် ပြည့်နေသော်ငြား သူတို့ထဲမှအနည်းငယ်ကတော့ စူးစမ်းလိုစိတ် ရှိမနေပေ။


မော့တိ တိတ်ဆိတ်သွားသည်။ သူက သူ့ကိုယ်သူသာအာရုံစိုက်လိုက်ကာ ကျောင်းလွယ်အိတ်ကိုလွယ်လျက် လမ်းတစ်လျှောက် လျှောက်သွားလိုက်သည်။ လက်တစ်ဖက်တွင် လက်ကိုင်ဖုန်းကို ကိုင်ထားပြီး အိတ်ကပ်ထဲ ထည့်ထားလိုက်လိုက်သည်။ 


မော့တိကိုတွေ့လိုက်သည့် ဖြတ်သွားဖြတ်လာအချို့က သတင်းဖြန့်လိုကြပြီး အချို့ကတော့ သူ့ကို တိုက်ရိုက်ပင် ဖြတ်ကျော်သွားကြသည်။


“ကောင်းပြီ၊ ဒါကအရှက်မရှိတဲ့အကြံတွေနဲ့ မော့တိမလား၊ မင်းက ကျောင်းပြန်လာသေးတယ်ပေါ့” အရပ်ရှည်ပြီး တောင့်တင်းသည့်ကောင်လေးက ရှေ့ကိုလျှောက်လာကာ သူ့လက်ဖြင့် မော့တိကိုတိုက်ပြီး ခြေသုံးလှမ်းမျှ ဆုတ်သွားစေလိုက်သည်။ 


အချို့လူတွေက ရယ်မောပြီး ဆိုလာကြသည်။ “ကျောက်ကောချန်၊ မင်းပြောတာ မမှန်သေးဘူး၊ မော့တိက စျေးအပေါဆုံးမျက်လုံးဖြူဝံပုလွေပဲ ဟုတ်ပြီလား ...” 


(မျက်လုံးဖြူဝံပုလွေ-ကျေးဇူးမသိတတ်သူ)


“ထပ်ရှိသေးတယ်၊ အကောင်းဆုံးဒရာမာကွင်းနဲ့ စက်ဆုပ်စရာအကောင်းဆုံးလူ!!” သန့်ရှင်းရေးလုပ်နေသည့် ကောင်လေးတစ်ယောက်က စုတ်တံ(သန့်ရှင်းရေးလုပ်တဲ့တိုက်တံ)ကို ပစ်ချလိုက်ရာ ညစ်ပတ်သည့်ရေများက မော့တိအား စင်သွားလေ၏။


 “အိုး မဟုတ်တာကွာ၊ ဆောရီးပါ၊ မင်း ရေဆိုးရေညစ်တွေနဲ့ရော ဓာတ်မတည့်ဖြစ်တတ်သေးလား၊ မင်းသေတော့မှာလားဟင်...” 


ထို့နောက် ရယ်မောသံများက ကျောင်းမြေပြင်တစ်ဝိုက် ပျံ့နှံ့သွားသည်။


မော့တိက တူညီသည့်နေရာ၌ ရပ်နေဆဲပင်။ သူက သူ့မျက်နှာပေါ်ရှိ ရေဆိုးရေညစ်များနှင့် ရွှံ့စက်များကို သုတ်လိုက်သည်။ ရေညစ်များက သူ့ဆံပင်မှ မျက်နှာထက်ကို တစက်စက် ကျနေလေသည်။


သူ့မျက်ခွံတွေကို ပင့်တင်လိုက်ပြီး သူ့ပတ်ဝန်းကျင်မှာ ပျော်မြူးနေကြသည့် လူအုပ်ကြီးကို မော့ကြည့်လိုက်၏။


“ဘာလဲ၊ မင်းဘာကြည့်တာလဲ”


ကျောက်ကောချန်အနေဖြင့် ပထမဆုံး သူ့ရှေ့ရှိလူက ထိုသို့အေးစက်စက် ကြည့်ရဲခြင်းကို တွေ့လိုက်ရခြင်းပင်။ သူက မသိစိတ်ဖြင့် တုန်ရင်သွားပြီး ဒေါသများ တိုးလာသည်။ သူကမော့တိ၏ပုခုံးကိုရည်ရွယ်၍ လက်သီးပြင်းတစ်ချက် ပစ်သွင်းလိုက်သည်။


“ဘာလဲ၊ မင်းကတိုက်ချင်လို့လား”


မော့တိမှာ ထိုးနှက်ခံရချိန်တွင် လဲကျသွားပြီး သူ၏လေးလံသော ကျောပိုးအိတ်သည်လည်း ဘေးသို့ ကျသွားသည်။ သူ့ကိုယ်သူ တည်ငြိမ်အောင် မထိန်းနိုင်သေးမှီကို အနောက်မှနေ၍ သူ့ပေါင်ကို အကန်ခံလိုက်ရပြီး မြေပြင်ထက်ကို ပြုတ်ကျသွား၏။ သူ့နဖူးက ပန်းဘောင်နှင့် တိုက်မိသွားပြီး ယင်းကတူဖြင့် ခေါင်းကိုထုခံလိုက်ရသလို နာကျင်သွားသည်။  


“သေစမ်း၊ မင်း... မင်း ငါ့နတ်ဘုရားမလေးကို ဘယ်လိုလုပ်စော်ကားရဲတာလဲ!”


မော့တိကို နောက်မှ ကန်လိုက်သူက အသက်ရှုရန်အခွင့်အရေးပင် မပေးဘဲ ဆက်တိုက်ကန်နေခဲ့သည်။


 “မင်းဘာလို့များ ပြန်လာရဲရတာလဲ၊ အမှိုက်ကောင် မင်းဘာလို့မသေသွားရတာလဲ?”


“အား…” မော့တိအော်လိုက်သည်။ သူ့လက်ကို မြှောက်လိုက်သည်နှင့် သူ့နဖူးမှ ပူနွေးပြီး စေးကပ်သော အရည်များ စိမ့်ထွက်လာသည်ကို ခံစားလိုက်ရသည်။


“ကျုံးသောင်ခန်း...” ကျောက်ကောချန်က မော့တိအားကန်နေသည့်ကောင်လေးကိုကြည့်ကာ ပြောလိုက်သည်။


 “ဘာလို့ သူ့ကိုဒီနေရာမှာ ကန်နေရတာလဲ၊ နတ်ဘုရားမလေးမြင်သွားရင် မကောင်းဘူး !!”


“ငါတို့နတ်ဘုရားမလေးက စာသင်ခန်းထဲပြန်သွားပြီ အိုခေ... လူတိုင်းက မင်းလိုသိသွားမှာကို ကြောက်မနေဘူးကွ ...” 


ကျုံးသောင်ခန်းက ဒူးထောက်ထိုင်ချလိုက်ပြီး မော့တိ၏ဆံပင်တို့ကို ဆွဲဆုပ်ကာ သူ့ကိုနာကျင်စွာ ညည်းညူစေလိုက်သည်။ သူညစ်ပတ်ပြီးသွေးများပေကျံနေသည့် မော့တိ၏မျက်နှာကိုကြည့်ကာ ပြောလိုက်သည်။


 “မင်းအမှားကို ဝန်ခံမှာလား”


“ငါ့…” မော့တိနာကျင်သွားရသည်။ သူ၏ဖြူဖျော့နေသည့်အသားအရည်က အရောင်ပြောင်းလုနီးနီးဖြစ်နေပေပြီ။ 


“ငါ့မမက မင်းကိုခွင့်လွှတ်မှာမဟုတ်ဘူး…”


“မင်းဘာပြောလိုက်တာလဲ!” 


ကျုံးသောင်ခန်းက မော့တိသူ့အား ယခုကဲ့သို့ ခြိမ်းခြောက်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူကမော့တိ၏ဆံပင်ကို ဆွဲဆုပ်ကာ ပန်းခင်းကြမ်းဖြင့် ရိုက်ချလိုက်သည်။ 


“မင်းထပ်ပြောရဲ့သေးလား၊ မင်းကများ ငါ့အကြောင်းလျှိုကွေ့ကို ပြန်ပြောဦးမယ်ပေါ့၊ သောက်ကျိုးနည်း အရှက်မရှိချက် !!!”


“အား!!!” မော့တိကခေါင်းကို ပန်းခင်းပေါ် မှောက်ချလိုက်ပြီး သူ့မြင်ကွင်းက ရုတ်တရက် မည်းမှောင်သွားသည်။ သူ့ဦးခေါင်းခွံက လူသွားလမ်းပေါ် ရိုက်မိသွားပြီး နာကျင်မှုကြောင့် တစ်ကိုယ်လုံး တုန်ယင်သွားခဲ့သည်။ သူသည် လက်သီးကို တင်းတင်းဆုပ်ထားကာဖြင့် သူတို့၏ ခြေလက်အင်္ဂါတိုင်းကို ချိုးပစ်လိုစိတ်အား ဖိနှိပ်ထားရသည်။ သူကမျက်လုံးဖွင့်ဖို့ အားတင်းရင်း ကျုံးသောင်ခန်းကို စိုက်ကြည့်လိုက်သည်။


 “မင်း…မင်းဥပဒေချိုးဖောက်နေပြီ..


“ဖွီး! ငါက ဥပဒေချိုးဖောက်နေတယ်....၊ ငါကတရားမျှတမှုရဖို့ လုပ်နေတာကွ!” 


ကျုံးသောင်ခန်းက မော့တိ၏ခေါင်းထံရည်ရွယ်လျက် ထပ်မံကန်လိုက်သည်။


“တော်လောက်ပြီ၊ သူ့ကိုသေတဲ့အထိ မရိုက်နဲ့...”


 ဤအချိန်၌ လူတွေအများကြီး ရောက်လာကြပြီဖြစ်သည်။ သူတိူ့ထဲကတစ်ယောက်ကပင် မော့တိအား မတော်တဆ ကန်သွားသေးသည်။ မိန်းကလေးများစွာက မော့တိအား နှာခေါင်းရှုံ့သွားကြသည်။


“တအားကို ရွံဖို့ကြောက်ဖို့ကောင်းတာပဲ၊ သူကစီနီယာကျူးဝမ်ဇီကိုတောင် ရိုက်ခဲ့တယ်လို့ကြားသေးတယ်...”


သို့ပေသိ ကျုံးသောင်ခန်းမှာ သူ၏အချစ်ပြိုင်ဘက်တစ်ဦးဖြစ်သူ ကျူးဝမ်ဇီအား သဘောမကျချေ။ သူက ဒေါသတကြီးတုန့်ပြန်လိုကိသည်။


“နတ်ဘုရားမလေးက အရမ်းကြင်နာတတ်တာလေ၊ သူမကိုထိခိုက်စေခဲ့တာတောင်မှ သူမက သူ့ကိုအပြစ်မတင်ဘူး...”


“အမှန်ပဲ” လက်ထဲတွင် ဘတ်စကတ်ဘောလုံးတစ်လုံးဖြင့်ကောင်လေးက ချဥ်းကပ်လာသည်။ “ပြောကြည့်၊ သူဘာလို့ အလာ့ဂျစ်နဲ့သေမသွားရတာလဲ” ထိုသို့ပြောပြီးနောက် သူက ပြုံးလိုက်ကာ ကျုံးသောင်ခန်း၏ လုပ်ရပ်အတိုင်း မော့တိ ကန်ချက်တစ်ချက်ပေးလိုက်သည် ။


ရုတ်တရက်ပင် ဒေါသထွက်နေသည့်အသံတစ်ခုက သူ့လုပ်ရပ်ကို တားဆီးလိုက်သည်။


“မင်းတို့ဘာလုပ်နေကြတာလဲ၊ အရှေ့ပန်းခြံမှာ ဘာတွေလုပ်နေကြတာလဲ ”


“ချီးပဲ! တစ်ယောက်ယောက်လာနေပြီ၊ ပြေးကြ!”


ကျုံးသောင်ခန်းနှင့်သူ့အဖွဲ့မှာ လန့်ဖျပ်သွားပြီး ချက်ချင်းထွက်ပြေးသွားကြသည်။ ကြည့်ရှုနေကြသော ဒါဇင်နှင့်ချီသည့် အခြားသူများလည်း တခဏချင်း ပြန့်ကျဲသွားကြသည်။


မော့တိ ဆုပ်ထားသည့်လက်ကို ဖြေလိုက်သည်။ သူက သေမင်းတမန်အဖြစ်ဆိုးကို ကျော်လွှားနိုင်ခဲ့သဖြင့် အသက်ပြင်းပြင်းရှူလိုက်ကာ မြေပြင်ပေါ်တွင် လှဲနေလိုက်သည်။


သူကသွေးနှင့်ဖုန်များပေကျံနေသည့် မျက်ခွံတို့ကိုဖွင့်ရန် ကြိုးစားလိုက်သည်။ အေးစက်စက်အပြုံးနှင့် မျက်လုံးရှိဒေါသတို့ပြည့်နေသည့်အကြည့်က သူ့မျက်နှာထက်တွင် တစ်စက္ကန့်မျှပေါ်လာသည်။


သူက အလောင်းအစားတစ်ခုကို အနိုင်ရလိုက်သည်။


ဖုန်းကို ချိတ်ဆွဲထားသည့် လုံခြုံရေးအစောင့်နှစ်ဦးက မော့တိအား မတ်တပ်ရပ်ရန် အမြန်ကူညီပေးလိုက်ကြသည်။


“ကျောင်းသား အဆင်ပြေရဲ့လား၊ ဆေးရုံသွားဖို့လိုသေးလား ...”


“ကျောင်းအုပ်ကြီးဟွမ်း ဒီလိုကိစ္စမျိုးက လုံးဝမေးမြန်းနေစရာမလိုဘူးလို့ ကျွန်တော်ထင်တယ်၊ ဟုတ်တယ်မလား ” 


ကျောင်း၏စောင့်ကြည့်ရေးအခန်းထဲတွင် အရပ်ရှည်ပြီးချောမောကြည့်ကောင်းသည့် အမျိုးသားတစ်ဦးက အေးစက်သောအမူအရာဖြင့် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးကို လှမ်းကြည့်လိုက်သည်။


“ဒါပေါ့၊ ဟုတ်တာပေါ့ဗျာ၊ သူတို့ဆေးရုံကားကို တိုက်ရိုက်ခေါ်လိုက်သင့်တာ...” 


သက်လတ်ပိုင်းအရွယ်လူကြီးက အံသြစွာဖြင့် ပြန်ဖြေသည်။ သူ၏နှလုံးသားထဲတွင်တော့ ဤသို့သောအချိန်မျိုး၌ ပြဿနာရှာလိုက်ကြသည့် မိုက်မဲသည့် ကျောင်းသားများကို ဒေါသဖြစ်သွားသည်။ အဆင့်မြင့်နည်းပညာ စောင့်ကြည့်ရေးစနစ် ပျက်သွားပြီး စောင့်ကြည့်မော်နီတာအားလုံးက ထိုပန်းခင်းပေါ်တွင်သာ ရှိနေသောကြောင့်လည်း သူ စိတ်ဆိုးသွားရသည် ။ သူယင်းကို ဖုံးကွယ်၍ပင်မရချေ။


“ဒါရိုက်တာမု၊ ဒါကတကယ်ကို မတော်တဆပါ၊ ဒီလို အပြုအမူမျိုးက ကျွန်တော်တို့ ကျောင်းမှာ အရင်က လုံးဝ မရှိခဲ့ပါဘူး၊ ရှာကျားကျောင်းရဲ့စိတ်ဓာတ်က အရမ်းမြင့်မားတာပါ၊ ကျွန်တော်တို့ဆီက ကျောင်းပြီးသွားတဲ့လူအားလုံးနီးပါးက အခုဆို အထက်တန်းလွှာတွေနှင့် အလွှာပေါင်းစုံမှာ ထူးချွန်တဲ့လူတွေပါ၊ ဒီနေ့မတော်တဆမှုမှာ အကြောင်းပြချက်ရှိပါလိမ့်မယ်၊ ကျွန်တော်တို့ …”


“ကျောင်းအုပ်ကြီးဟွမ်း ၊ ကောင်လေးကို အရင်စစ်ဆေးဖို့က အရေးကြီးတယ်လို့ကျွန်တော်ထင်တယ်၊ ကျောင်းတွင်းအနိုင်ကျင့်မှုဖြစ်တာအတွက်တော့ ကျွန်တော်ဒီအချိန်မှာ ထူးပြီးမသိချင်တော့ဘူး...”


မုထျန်းဟန်က ကျောင်းအုပ်ကြီးဟွမ်း၏စကားကို အေးတိအေးစက်ပင်ဖြတ်လိုက်ပြီး လှည့်ထွက်သွားသည်။ လိုင်သယ်စစ်ကလည်း သူ့နောက်မှ အမြန်လိုက်သွား၏။ 


ကျောင်းအုပ်ကြီးဟွမ်းက သူ့ချွေးတွေကို အထိတ်တလန့် သုတ်လိုက်သည်။ သူလိုက်သွားချင်ပေမယ့် မလုပ်ရဲပေ။ အမြဲတမ်းပြုံးနေတတ်ပြီး စကားကိုနူးညံ့ညင်သာစွာပြောတတ်သည့်တိုငမ သူဒေါသထွက်လာလျှင် အနှီကြောက်စရာကောင်းသောအရှိန်အဝါတို့အား ထုတ်လွှတ်ကာ အခြားလူတွေအနားမကပ်ရဲဖြစ်ရသည့် မုထျန်းဟန်အကြောင်းကိုသာ တွေးနေမိသည်။


သူကချွေးကို လက်ဖြင့်သုတ်လိုက်သည်။ ထိုရင်းနှီးမြှုပ်နှံမှုနှင့်ပတ်သက်၍ အာမခံရရန် သူကမုထျန်းဟန်နောက်သို့ အပြေးအလွှား လိုက်သွားလိုက်သည်။ 


မော့တိ လုံခြုံရေးအစောင့်များ၏အကူအညီဖြင့် မိနစ်အနည်းငယ်ကြာအောင် တောင့်ခံနေရင်း သူ့မျက်လုံးများဖွင့်၍မရလုနီးပါးဖြစ်နေချိန်တွင် အရပ်ရှည်ရှည်ဖြင့် ပုံရိပ်တစ်ခုကလသူ့ထံ ခြေလှမ်းကြဲကြဲလှမ်းကာ လှမ်းလာသည်ကို မြင်လိုက်ရသည် ။ သူ့နှလုံးသားထဲရှိ အနက်ရှိုင်းဆုံးကြိုးက အနည်းငယ် လှုပ်ရှားသွားသည်။


“ကျောင်းသားလေး၊ မင်းဘယ်လိုနေလဲ...” မုထျန်းဟန်က မော့တိထံလျှောက်သွားပြီး ဒူးထောက်ချလိုက်၏။ 


“ကျွန်တော် …” မော့တိ၏မျက်လုံးများတွင် မုထျန်းဟန်ဖြင့်သာ ပြည့်နေလေသည်။ သူ့အသံကခြောက်သွေ့ကာအက်ကွဲနေ၏။


“ကျွန်တော့်ခေါင်းနာတယ်..”


“မင်းထနိုင်လား...”


မုထျန်းဟန်က သူ့မျက်လုံးများရှေ့မှ လူငယ်လေးကို ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်သည်။ သူကအညစ်အကြေးများဖြင့်ဖုံးလွှမ်းခံထားရပြီး ရိုက်ခံထားရသဖြင့်မျက်နှာက ယောင်ကိုင်းနေ၏။ ကောင်လေးက ချွန်ကျင်းလမ်းထက်တွင် သူတွေ့ခဲ့ရသည့်မျက်တောင်ရှည်တို့ဖြင့် ကောင်လေးဖြစ်ကြောင်း သတိပြုမိပြီးဖြစ်သည်။ ပန်းချီကားချပ်ကဲ့သို့ပင်လှပလွန်းသည့် ကောင်ငယ်လေးက အခုအချိန်တွင် အနိုင်ကျင့်ခံရပြီး ဤအခြေအနေအထိ ရိုက်နှက်ခံထားရသည်။ ယင်းက သူ့အားရိုးရှင်းစွာပင် အဆင်မပြေဖြစ်စေသည်။  


မော့တိ သူ့မေးခွန်းအားကြားလိုက်လျှင် မတ်တပ်ထရပ်ရန်ကြိုးစားလိုက်သည်။ ရလဒ်မှာ သူ့ဦးခေါင်းက နာကျင်ကိုက်ခဲနေသဖြင့် ခန္ဓာကိုယ်က ပြန်လဲကျလာသည်။


“ဒီလောက်ပဲ ကိုယ်မင်းကို ကားဆီခေါ်သွားပေးမယ်...” 


အနှီမြင်ကွင်းကိုမြင်လိုက်ရလျှင် မုထျန်းဟန်က မျက်မှောင်ကြုတ်ရင်း ကောင်လေးကိုပွေ့ချီလိုက်သည်။ သူကနောက်မှလိုက်လာသော ကျောင်းအုပ်ကြီးဟွမ်းကို ကြည့်လိုက်ကာ “အရင်ဆုံး ဒီကလေးကို ဆေးရုံပို့ကြရအောင်...”


Xxxxxxxxxx