အပိုင်း ၃၀
Viewers 28k

Chapter 30


မုထျန်းဟန်၏ မျက်နှာထက်တွင် ငြင်သာမှုတို့ ကိန်းအောင်းနေသော်လည်း သူနှလုံးအိမ်ကတော့ ဒေါသကြောင့် လောင်ကျွမ်းနေလေသည်။ ကျောင်းတွင်းအကြမ်းဖက်မှုကြောင့် ဆေးရုံတင်ထားရဖူးသည့် ဤကလေးငယ်သည် မော့မိသားစု၏ ဆူပူရိုက်နှိက်မှုကိုလည်း ခံခဲ့ရသည်။မုထျန်းဟန်သည် မော့တိက မော့မိသားစု၏ နှိပ်စက်ခြင်းကိုခံရမှန်းသိထားသော်လည်း ယခု ကလေးငယ်၏ ပုံစံကိုမြင်လိုက်ရသောအခါ သူတွေးထားသည့်အရာက သူတို့ မော့တိ၏အပေါ် လုပ်ခဲ့သည်တို့ထဲမှ တစ်စိတ်တစ်ပိုင်းပဲရှိသေးမှာကိုသူကြောက်မိသည်။


‌"ရှောင်တိ နင်ဘာလို့အိမ်မပြန်ချင်ရတာလဲ ၊ အဖေ၊အမေ၊အဖိုးနဲ့ ဦလေးတို့ကနင့်ကိုစိတ်ပူနေကြပြီ၊ အခြားသူစိမ်းအိမ်မှာ နေတာက ကိုယ့်အိမ်ထက်ကောင်းပါ့မလား၊ပြီးတော့ နင့်မှာပိုက်ဆံမရှိဘူးလေ၊ သူများတကာကိုသွားပြီး နှောက်ယှက်ပေးမနေပါနဲ့၊ စားတာသောက်တာက ဘယ်လောက်ငွေကုန်ကြေးကျများလဲသိလား" 


မော့လျှိုကွေ့က ကြိုးမဲ့ အနီရောင်ဂါ၀န်ရှည်ကို ဝတ်ဆင်ထားကာ နေရောင်ထဲတွင်ရပ်နေခဲ့ပြီး အလွန်လှပနေခဲ့သည်။ ပြီးတော့ သူမက မော့တိကို နီရဲနေသောမျက်လုံးတို့ဖြင့်ကြည့်လိုက်ပြီး 


"အခုထိ နင်ငါကို ‌မုန်းနေတယ် နာကြည်းနေတယ်ဆိုရင်တောင်မှ ဒီမု.....အစ်ကိုမု ထက်စာရင် ငါနဲ့အတူ အိမ်ပြန်ရတာက ပိုကောင်းပါတယ်။"


"တချို့နေရာတွေမှာ ငါကောင်းကောင်းမလုပ်နိုင်ဘူးဆိုတာ ငါသိတယ်၊ ဒါပေမယ့် ငါပြောင်းလဲနိုင်တယ်။ ငါဘယ်မှာ ကောင်းကောင်းမလုပ်ခဲ့ဘူးလို့ ထင်လဲ၊ ငါအားလုံးကို ပြောင်းလဲပစ်မယ်။ နင် ဒီအစ်မနဲ့တူတူ အိမ်ပြန်လိုက်ခဲ့ပါ။ ဟုတ်ပြီလား ငါနင့်ကိုတောင်းပန်ဆိုလည်း တောင်းပန်ပါ့မယ် “


"သူကများ အတင့်ရဲလို့"


သူကို ဆက်တိုက်ဆန့်ကျင်နေသော မော့တိအတွက် မော့ရှစ်ဟုန်၏ ဒေါသထိန်းသိမ်းမှုက အ‌တိုင်းထက်လွန်နေပြီဖြစ်သည်။ သူ၏သမီးငယ်ဆီကစကားကိုကြားလိုက်ရသည့်အခါမှ။တော့ စိတ်ဆင်းရဲပြီး များစွာသောဒေါသကို ခံစားရသည်။ ပြီးနောက် လူတစ်ကိုယ်လုံး ထိန်းမရတော့ဘူးဖြစ်လာသည်။


 "မင်းကို ငယ်လေးကနေ့အခုထိကြီးလာတဲ့အထိပျိုးထောင်လာတဲ့ ရှောင်ကွေ့ရဲ့တောင်းပန်နေတဲ့ မျက်နှာကို သူထည့်ထွက်တယ်ဆိုတာ ဘယ်မှာလဲ၊ ဘယ်လိုတောင်ဒီမှာ ရိုးသား‌ဟန်လာဆောင်နိုင်တာလဲ၊ သူက တကယ်တိရိစ္ဆာန်ပဲ"


သူပြောပြီးတဲ့နောက် သူကမုထျန်းဟန်ကိုကြည့်လိုက်သည်။


" မစ္စတာမု၊ဟုတ်တယ်မလား ၊ ငါဒီကလေးကိုခေါ်ဖို့ရောက်လာတာ၊ မော့တိကို မော့တိမိသားစုက‌ခေါ်တာကို မင်းဘက်မှာတားခွင့်မရှိဘူး။ အိမ်ကကလေးကိုခေါ်သွားပြီး သင်ခန်းစာ‌ပေးရမယ့်အခြေအနေကိုမင်း လားတားမနေနဲ့။ သူ့ကိုဒီလိုလာခေါ်နေတာက သူကမော့‌မျိုးရိုးဖြစ်နေသေးလို့၊၊ အခုလုပ်နေရတာတွေကလည်း သူရှုပ်ထားတဲ့ အရှုပ်ကို ငါတို့ကရှင်းနေရလို့ပဲ။ လာမနှောင့်ယှက်နဲ့။ မဟုတ်လို့ သူတကယ်ထောင်ကျသွားတဲ့အခါ သူပထမဆုံးမုန်းမယ့်လူက မင်းဖြစ်သွားမယ်"


ဘာတွေဖြစ်နေတာလဲ။ထောင်ထဲကိုသွားရမယ်။


 မော့တိက ရုတ်တရက် သူနှလုံးသားက အေးခဲလာသည်။ ပြီးတော့ မကောင်းသည့်ခံစားချက်က သူ့ခန္ဓာကိုယ်ကို လွှမ်းခြုံသွားသည်။ သူက ဘာစကားမှ၀င်မပြောသည့် ချင်ယီချန်းကိုစိုက်ကြည့်လိုက်သည်။ သူက တည်ငြိမ်အေးဆေးနေပုံရသော်ငြား သူ့မျက်လုံးများကတော့ ခက်ထန်နေဆဲပင်။ သူက မော့ရှစ်ဟုန်ကို ကြည့်လိုက်ပြီး 


"ဘာကိုဆိုလိုတာလဲ အဖေ၊ ကျွန်တော် ဘာလုပ်မိလို့လဲ။"


"မင်းအခုထိအဲမျက်နှာနဲ့ မေးရဲသေးတယ်"


 မော့ရှစ်ဟုန်က မော့တိကိုစူးစူးဝါးဝါးအော်ပြောလိုက်သည်။


"မင်းအတင့်ရဲပြီး ကောလိပ်စာမေးပွဲမှာ ခိုးချရဲတယ်ပေါ့၊ အခုတော့မင်းဘယ်လောက်အရှက်မဲ့လဲ မင်းသိရဲ့လား။"


"ခိုးချတယ်၊ ဘာကိုခိုးချတာလဲ"


 မော့တိက အံ့သြသွားသည်။ 


"ဒါကကောလဟာလတွေ၊ ကျွန်တော်မခိုးချဘူး"


"ရှောင်တိ ငါတို့ပဲဒီကိစ္စကိုသိတဲ့သူရှိသေးတာ၊ မကြောက်ပါနဲ့၊ ငါတို့နဲ့အိမ်လိုက်ခဲ့၊ ဒီပြသနာဘယ်လိုရှင်းမလဲ တိုင်ပင်ကြတာပေါ့"


 မော့လျှိုကွေ့က မုထျန်းဟန်ကို ကြည့်လိုက်ပြီးနောက်...


"အခြားသူကိုပေးမသိရအောင်။ လူများများသိသွားရင်၊ ပိုဆိုးလာလိမ့်မယ်"


"မမ ဘာတွေပြောနေတာလဲ၊ ကျွန်တော်တစ်ခါမှမလုပ်ဖူးဘူး။ စာမေးပွဲတုန်းက ကျွန်တော့်ရမှတ်တွေက အမှန်တွေပါ မခိုးချရပါဘူး" 


မော့တိက မော့လျှိုကွေ့ကို စိုက်ကြည့်လိုက်သည်။ 


"ပါးစပ်လွယ်လွယ်လေးဟပြီး ကျွန်တော့်ကို လာမရှုံ့ချနဲ့၊ အဲဒါကလည်း ကျိန်ဆဲနည်းတစ်မျိုးပဲ"


"မျိုးမစစ်ကောင်။မင်းအတင့်ရဲလို့ ကိုယ်အစ်မကို ဒီလိုပြောရဲတယ်"


ဥပဒေဆိုတာသာမရှိရင် မော့ရှစ်ဟုန်အနေနှင့် မော့တိ ကို လည်ပင်းညှစ်ဖို့ မစောင့်နိုင်တော့ဘူး။ 


"ကြီးလာလေလေ ပိုဆိုးလာတဲ့ကကောင်၊ မင်းသာအခုထွက်မလာဘူးဆိုရင်၊ မင်းနဲ့ မော့မိသားစုနဲ့ဆက်ဆံရေးကို မနက်ဖြန်တရားရုံးကိုသွားပြီး ဖြတ်တောက်ပစ်လိုက်မယ်။"


"အဖေ" 


မော့လျှိုကွေ့က ထိတ်လန့်စွာ အော်လိုက်မိသည်။


"ဘာတွေပြောနေတာလဲ"


"ရှောင်ကွေ့ သူကိုကာကွယ်‌နေတာရပ်လိုက်‌ေတာ့၊ ဒီတိရိစ္ဆာန်ကောင်လေးကို ငယ်ရာကနေ ကြီးလာဖို့ မင်းကသူ့ကိုထိန်းကျောင်းလာရတာ။ ပြီးတော့ ဒီကောင်က မင်းကို အသရေဖျက်ဖို့ အမြဲတွေးနေတယ်။ မင်းက သူကို မောင်လို့ထင်ပေမယ့် သူကတော့မင်းကိုအ‌စ်မလို့တောင်သတ်မှတ်ရဲ့လား ၊မော့မိသားစုက ဒီနှစ်တွေ အတွင်းမှာ ဒီလိုတိရိစ္ဆာန်ကိုမွေးဖွားမိထားတာပဲ အရှက်ရစရာပဲ။ တကယ်လို့ မင်း(မော့လျှိုကွေ့)သာ သူ့ကို အိမ်ပြန်ခေါ်ပြီးကူညီပေးဖို့အတွက် သူ့ကိုဒီမှာလာခေါ်ဖို့ မတောင်းပန်ခဲ့ရင် ငါသူ့ကို တရားရုံးကို တိုက်ရိုက်ခေါ်သွားပြီး ဒီဆက်ဆံရေးကို ဖြတ်တောက်ပစ်တာကြာပြီ။သူဒီလောက်ကျေးဇူးမသိတက်လောက်ဘူးလို့မထင်ထားခဲ့ဘူး။ သူက အမှားကိုဝန်မခံဘူး။ ဟုတ်ပြီလေ ဒီတော့လည်းတရားရုံးမှာပဲတွေ့လိုက်ရအောင်၊ မင်း တက္ကသိုလ်၀င်ခွင့်စာမေးပွဲမှာ ခိုးချဖြေခဲ့တယ်။ အဲ့အချိန် အပြစ်ခံရမှ မော့မိသားစုဆီ ငိုပြီးပြန်မလာနဲ့ ။အဲအချိန်ကျ မော့မိသားစုက မင်းကိုဘာမှကူနေမှာမဟုတ်ဘူး"


မော့တွေနှင့်ဆက်ဆံရေးကိုဖြတ်တောက်ရန် အတွက် မော့တိက နည်းလမ်းကိုကြိုးစားရှာဖွေနေခဲ့တာဖြစ်သည်။ သို့သော်လည်း ယခုတွင်တော့ သူမကြိုးစားလိုက်ရဘဲ အခွင့်အရေးရှာတွေ့လိုက်သည်။ သူကမော့လျှိုကွေ့ကို ကြည့်လိုက်ပြီး


" မမ နင်က ငါတက္ကသိုလ်၀င်ခွင့်စာမေးပွဲမှာ ခိုးချတယ်လို့ပြောတဲ့သူလား"


"မင်း မင်းအစ်မကို အပြစ်တင်စရာမလိုဘူး၊ ငါကဒီသတင်းကိုသယ်လာတဲ့သူပဲ" 


ချင်ချန်းယီက အနား၌သာရှိနေပြီး သူ၏အေးစက်စက်မျက်နှာနှင့်စွေကြည့်ကာ ရုတ်တရက်စကားစဆိုသည်။ 


"မင်းအရမ်း ဖြည့်တွေးနေစရာမလိုပါဘူး။၊ငါအင်တာနက်ပေါ်မှာတင်ပြီးတော့ သူတို့ကို သတင်းကြီးကိုကိုင်တွယ်စေလိုက်ပြီ။"


မော့လျှိုကွေ့က ချင်ချန်းယီကို ချက်ချင်းကြည့်လိုက်ပြီး "ချန်းယီ ဘာတွေပြောနေတာလဲ"


"လျှိုကွေ့၊မင်းက အရမ်းနူးညံ့ပြီး ကြင်နာတတ်တဲ့ နှလုံးသားရှိတယ်၊ သူကမင်းကို နာကျင်အောင် တကြိမ်ပြီး တကြိမ် ကြိုးစားခဲ့တယ်။ ပြီးတော့ မင်းအပေါ်လည်း မလေးမစားဆက်ဆံတယ်။ အဲတာကိုအခုထိမင်းက သူကို ကောင်း‌ေကာင်း ဆက်ဆံနေသေးတာပေါ့"


 ချင်ချန်းယီသည် သက်ပြင်းချလိုက်ပြီးနောက်၊ မော့လျှိုကွေ့အား နာကျင်နေသည့်နှလုံးသားနှင့် သနားကြင်နာစွာကြည့်လိုက်လေသည်။


"ဒါကို မင်းငါ့ကို အပြစ်တင်ချင်လည်းရတယ်၊ သူမင်းကို နာကျင်အောင်လုပ်နေတာကို ကြည့်မနေနိုင်ဘူး။"


သူစကားပြောလို့‌ပြီးသည့်နောက်မှာတော့ သူက မော့တိဘက်ကို အေးစက်စွာ လှည့်ကြည့်လိုက်သည်။


"ကျန်းခွမ်းချန်ကကောလိပ်၀င်ခွင့်မေးခွန်းကို ပေါက်ကြားစေခဲ့ပြီး လူနှစ်ယောက်ကို စျေးကြီးကြီးနဲ့ရောင်းချခဲ့တယ်။အဲထဲကတယောက်ကမင်းပဲ။ မင်းအမှတ်က 720ရရတဲ့ အကြောင်းအရင်းက မင်းကစာမေးပွဲမှာ မေးခွန်းရခဲ့တာကြောင့်ပဲ။ ဟုတ်တယ်ငါ့ဆီမှာကျန်းခွမ်းချန်ရဲ့ ထွက်ဆိုချက်သက်သေတွေရှိတယ် ။ကျန်းခွမ်းချန် အဖမ်းခံရတာနဲ့ မင်းနဲ့ အခြားတစ်ယောက်ကလည်း ဖော်ထုတ်ခံရလိမ့်မယ်။ဒီတော့တစ်ယောက်ယောက်ဆီက သစ္စာဖောက်ခံရပြီး နာမည်ပျက်ချင်ရင် မြန်မြန် မင်းလျှိုကွေ့ နဲ့ အန်ကယ်မော့အပါ်လုပ်ခဲ့တဲ့ အမှားတွေအတွက် တောင်းပန်လိုက်၊ ပြီးရင် မင်း အင်တာနက်ပေါ်မှာ လိမ်ညာခဲ့မိပါတယ်ဆိုပြီး အမှားကို၀န်ခံလိုက်"


"ဒါဆို မော့မိသားစုက မင်းကိုမကျေမနပ်မဖြစ်တော့ပဲ ဆက်ဆံရေးကိုလည်း မဖြတ်တောက်တော့ဘူး၊ သူတို့က မင်းအပြစ်ကလွတ်အောင် ကူညီပေးလိမ့်မယ်၊ မင်းအပြစ်ခံရရင်တောင် လျော့နည်းအောင် လျော့ချနိုင်လိမ့်မယ်၊ မင်းရိုးသားနေသရွေ့ မင်းဘဝနဲ့အလုပ်အပေါ် သက်ရောက်မှုရှိမှာမဟုတ်ဘူး၊ မင်းဝန်မခံရင်တော့ သက်သေအားလုံးကို အင်တာနက်ပေါ် တင်ပစ်မယ်၊ ဒါဆို လူသန်းပေါင်းများစွာက မင်းကိုရှုတ်ချရုံတင်မကဘူး ထောင်ထဲမှာလည်း ၇နှစ်သွားနေရမှာပဲ၊ ထောင်ကျတာ၊ အငြင်းခံရတာ၊ ဂုဏ်သိက္ခာထိခိုက်တာ အဲဒါတွေကြောင့် မင်းဘဝက ပျက်စီးသွားလိမ့်မယ်"


"အဓိပ္ပာယ်မရှိတာ ကျွန်တော်အဲလိုကိစ္စမျိုး တစ်ခါမှမလုပ်ဖူးတာကို ဘာလို့ ၀န်ခံရမှာလဲ" 


မော့တိ၏ ထင်မြင်ယူဆချက်နှင့်အတူ ချက်ချင်းပင် သူ့ခေါင်းထဲ၌ အစီအစဥ်တစ်ခု ရလာသည်။ သူက ထိတ်လန့်နေသည့် မျက်နှာပေးကို လုပ်ယူလိုက်သည်။ 


"ခင်များက ကျွန်တော့်ကို ဝန်ခံဖို့ ဖိအားပေးနေတာ"


"ငါမင်းကို အခွင့်အရေးတစ်ခါပဲ ပေးမယ်လို့ ပြောထားတယ်နော်"


 ချင်ချန်းယီသည် မော့တိအား မှောင်မိုက်သော မျက်နှာပေးဖြင့် ကြည့်လိုက်သည်။၊ ထို့နောက်သူဖုန်းထဲက weibo ကိုဖွင့်လိုက်သည်။ ထို့နောက် ထိပ်တန်းရှာဖွေမှုကိုဖွင့်ပြီး ဗီဒီယိုကိုဖွင့်လိုက်သည်။


ဗီဒီယိုထဲတွင် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးကို ရဲတပ်ဖွဲ့က လက်ထိပ်ခတ်ထားသည် ။ ထိုသူက မျက်ရည်များကျကာ ပထမဆုံးအကြိမ် ပြစ်မှုကျူးလွန်မိပါကြောင်း ဝန်ခံနေခဲ့သည်။ သူက စာမေးပွဲမေးခွန်းကိုကျောင်းသားနှစ်ယောက်ကိုသာ ရောင်းခဲ့ကြောင်းပြောခဲ့သည်။


တစ်ယောက်က ရှာကျားနိုင်ငံတကာကျောင်းမှ မော့တိဖြစ်ကာ နောက်တစ်ယောက်က ကျင်းချန်အထက်တန်းကျောင်းမှ ဟွမ်လျဲ့ဟောင်ဖြစ်သည်။ သူမှားမှန်း သူသိပြီ ဖြစ်ကြောင်း အထပ်ထပ်ကတိပေးနေသည်။ အားလုံးရှင်းပြမည်ဖြစ်သောကြောင့် သက်ညှာပေးပါရန်လည်း တောင်းဆိုနေသည်။


မော့တိက ဖန်သားပြင်ပေါ်ရှိ ဗီဒီယိုကို ကြည့်ကာ သူငယ်အိမ်များ ကြုံ့သွားသည်။ သူ့မျက်နှာထက်တွင် ကြောက်ရွံ့မှုနှင့် မယုံကြည်နိုင်မှုတို့ အပြည့်ရှိနေသည် ။


သို့သော်ငြားလည်းသူ၏နှလုံးသားထဲမှတော့ ဟားတိုက်နေမိလေသည်။


ရိုးရိုးသားသားပြောရမည်ဆိုလျှင် ချင်ချန်းယီ စကားမပြောခင်မှာ သူအမှန်တကယ်ကြောက်နေခဲ့သည်။ ယခုတစ်ကြိမ်တွင် မော့တွေနှင့် ချင်ချန်းယီတို့က သူ့အတွက် မည်သို့သော ထောင်ချောက်မျိုး ဆင်ထားမည်ကို သူမသိခဲ့သည့်တိုင် ချင်ချန်းယီမှ သူ့ကတ်တွေကို ထုတ်ပြလာပြီးနောက်မှာတော့ ရယ်စရာအတိ ခံစားလိုက်ရသည်။


နောက်ဆုံးအနေဖြင့် မော့မိသားစုဝင်မားနှင့် ချင်ချန်းယီတို့ကြောင့်သာမဟုတ်ခဲ့လျှင့ သူ့အတွက် မော့မိသားစုနှင့် ဆက်ဆံရေးကို ဖြတ်တောက်ဖို့ရာ အခွင့်အလမ်းကောင်းတွေ ရှိလာမည်မဟုတ်ပေ။


ကျန်းခွမ်းချန်က သူ၏ စာမေးပွဲမေးခွန်းများကို မိသားစုနှစ်ခုထံ ရောင်းချခဲ့သည်။ ၎င်းသည်လည်း သူ၏အရင်ဘဝတွင် ဖြစ်ခဲ့၏။ ထို့နောက် သူသည် ဖော်ထုတ်ခံရပြီး ထောင်ထဲသို့အပို့ခံလိုက်ရသည်။ အဓိက အကြောင်းရင်းမှာ ချင်မိသားစုကို စော်ကားခဲ့မိခြင်းကြောင့်ဖြစ်သည်။ သူ၏အရင်ဘ၀နှင့် တစ်ခုတည်းသော ကွာခြားချက်မှာ ကျင်းခွးမ်ချန် သည် ကျင်းချန်အထက်တန်းကျောင်းမှ ဟွမ်လျဲ့ဟောင်အား မိတ္တူတစ်စောင်နှင့် အခြားတစ်ခုကို ကျင်းသာ့တွဲဖက်အထက်တန်းကျောင်းမှ မာလျန့်ချောင် အား ရောင်းချခဲ့ခြင်းဖြစ်သည်။


ဤအဖြစ်အပျက်ကို သူ ရှင်းရှင်းလင်းလင်း မှတ်မိနေနိုင်ရသည့် အကြောင်းအရင်းမှာ၊ ကောလိပ်ဝင်ခွင့်စာမေးပွဲ ဒုတိယနေ့တွင် ကျောင်းသားများ၏ အနိုင်ကျင့်မှုကြောင့် တိုက်ခိုက်ခံရပြီး လက်ကျိုးသွားခဲ့ခြင်းကြောင့် နောက်ဆုံးစာမေးပွဲကို ဖြေဆိုခွင့်ဆုံးရှုံးခဲ့ရပါက မည်သူမဆို အမှတ်အများဆုံး ချန်ပီယံနှင့် ဒုတိယမြောက် အမှတ်များဆုံးလူတို့၏ အမည်များကို မှတ်မိနေလိမ့်မည်သာ။


သူ့အနေဖြင့် ထိုအမှုကို ဩဂုတ်လတွင် အစီရင်ခံခဲ့ပြီး ရဲများက ကျန်းခွမ်းချန်၏ ဇနီးဖြစ်သူ ဝှက်ထားသော အရောင်းအ၀ယ်မှတ်တမ်းနှင့် ဗီဒီယိုဖိုင်ကို တွေ့ရှိခဲ့ပြီး သိရှိခဲ့ရကြောင်းကိုပါ မှတ်မိနေပါသေးသည်။ ဟွမ်လျဲ့ဟောင် နှင့် မာလျန့်ချောင်တို့၏ နှစ်ဖက်မိဘမျာသည် တစ်ဦးလျှင် ၁.၅ သန်း ပေးချေရန်အတွက် ငွေသားပေးဆောင်ခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။ ကျန်းခွမ်းချန် က ဟွမ်လျဲ့ဟောင် ကို "ဟ" နှင့် မာလျန့်ချောင် ကို "မ" အဖြစ် သတ်မှတ်ခဲ့သည်။ ပထမတစ်ချက်အနေနှင့် “မ” ကို “‌မော့ ” အဖြစ် အလွယ်တကူ အထင် မှားနိုင်သည်။


ပို၍အရေးကြီးသည့်အချက်မှာ၊ အရောင်းအဝယ်မှာ ငွေသား ဖြင့် ‌ဆောင်ရွက်ကြခြင်းဖြစ်သည်။ ချင်မိသားစု၏ စွက်ဖက်မှုကြောင့် ငွေပေးငွေယူပမာဏကို သိန်းပေါင်းများစွာအထိ လျှော့ချနိုင်ခဲ့ပြီးနောက် မော့တိအနေဖြင့် သူ၏နှစ်သစ်မုန့်ဖိုး၊ သိမ်းဆည်းထားသောငွေများနှင့် အခြားပစ္စည်းများအားသုံးကာ ငွေပေးချေနိုင်သည်ဟူသော မော့မိသားစု၏ ထောက်ခံချက်နှင့်တကွ မော့တိမှ ကျန်းခွမ်းချန်ကို အလွယ်တကူ ငွေပေးချေနိုင်သည်ဟု သတ်မှတ်လိုက်ကြသည်။ နောက်ဆုံးအချက်အနေနှင့် ကျန်းခွမ်းချန်က သူနှင့်အပေးအယူ လုပ်ခဲ့သူမှာ မော့တိဟု အခိုင်အမာပြောနေသရွေ့ မော့တိအနေဖြင့် သူ့အမည်ကို ရှင်းဖို့ရာနည်းလမ်းရှိမည်မဟုတ်ပေ။


ထို့နောက် ချင်ချန်းယီကလည်း သူ့အပြစ်ကင်းကြောင်းကို သက်သေပြဖို့ အခွင့်အရေးပေးလိမ့်မည်မဟုတ်ချေ။ သူက နောက်ကွယ်မှ ပိရိစွာဖြင့် သူ့အား လျင်မြန်စွာပင် အပြစ်ပေးခံရအောင် လုပ်မည်မှာ သေချာသည်။


Xxxxxxx