Chapter 32
"တတိယ ဦးလေး၊ ကျေးဇူးပြုပြီမင်းဒေါသကို ထိန်းပါ"
မော့ရှစ်ဟုန်က အသက်ပြင်းပြင်းရှူလိုက်ပြီး မော့တိကို အရှင်လတ်လတ်မျိုချချင်သလိုအကြည့်ဖြင့်ကြည့်လိုက်သည်။
“ဟန်ဆောင်နေရင်လည်း ဘာမှ အသုံးမဝင်လာဘူး”
"ကျွန်တော်ကဘယ်လိုလုပ် ဟန်ဆောင်နေရမှာလဲ"
မော့တိ၏ မျက်လုံးနှင့် နှာခေါင်းတို့က နီရဲနေခဲ့သည်။
“ဖေဖေ…”
“မင်း တိရစ္ဆာန်ကောင်၊ ငါ့ကို အဖေလို့ မခေါ်နဲ့။ ငါမင်းနဲ့ အဆက်အသွယ်ဖြတ်မယ်!”
မော့တိ တောင့်တင်းသွားသည်။ မျက်နှာကို သုတ်ရန် သူ့လက်ကို မြှောက်လိုက်သည်။
“ကောင်းပြီ ဖေဖေ… နောက်ဆုံးတစ်ခေါက်အနေနဲ့ ခေါ်လိုက်မယ်။ ကြီးပြင်းလာရင်း နားမလည်ဖူးတာလေး တစ်ခုလောက် မေးချင်တယ်။ ကျွန်တော်က ခင်များရဲ့ကလေး၊ မော့တွေရဲ့ကလေးပဲ၊ ခင်များ ကျွန်တော့်ကို ဘာလို့ ဒီလောက်မုန်းနေတာလဲ။ ခင်များက ကျွန်တော့်ကို အမြဲအဆိုးဆုံးလို့တွေးပြီး ကျွန်တော်ကို ရှုံ့ချတယ်။"
"ကျွန်တော် ငယ်ငယ်တုန်းက မှတ်မိပါသေးတယ် ၊ နေ့တိုင်း ခင်များကို စောင့်မျှော်နေပြီး မေမေက ပွေ့ဖက်ပေးမှာကို မျှော်လင့်မိတယ်။ ကျွန်တော်နေ့တိုင်း ကောင်းအောင် ကြိုးစားပေမယ့် ခင်များတို့ နှစ်ယောက်လုံးက ကျွန်တော့်ကို ဘယ်တုန်းကမှ ဂရုမစိုက်ဘူး။ ခင်များတို့က ကျွန်တော့်မမကိုပဲ သဘောကျကြတာ"
“ဒါကြောင့် ကျွန်တော်က လုံလောက်အောင်မတော်သေးဘူးလို့ ထင်ပြီး ခင်များတို့ပျော်အောင် တစ်ခုခုလုပ်ဖို့ ဆုံးဖြတ်ခဲ့တယ်။ တစ်ခါကလည်း မီးဖိုချောင်ထဲက အမျိုးသမီးဆီမှာ သစ်သီးလက်ဖက်ရည်လုပ်နည်းကို သင်ယူပြီး ခင်များကို လုပ်ပေးချင်ခဲ့တယ်။ ဒါပေမယ့် လမ်းမှာ မတော်တဆ ချော်လဲကျသွားတာ။ လက်ဖက်ရည်အိုးကွဲပြီး ခြေထောက်ကို ရေနွေးတွေစင်သွားခဲ့တယ်။ တကယ်နာကျင်ပြီး အရည်ကြည်ဖုတွေ အများကြီးရှိပေမယ့် ခင်များကျွန်တော့်ကို အပြစ်တင်နေတုန်းပဲ။ ဆူညံသံကြောင့် လန့်ဖျပ်ပြီး ငိုနေတဲ့ မမကိုနာကျင်အောင်လုပ်ဖို့ ကြိုးစားခဲ့တယ်ဆိုပြီး ခင်များက အပြစ်တင်တယ်။ ကျွန်တော် သူမကို နာကျင်အောင်လုပ်ဖို့ တကယ်မကြိုးစားခဲ့ပေမယ့် ခင်များက ကျွန်တော့်ကိုစွပ်စွဲနေတုန်းပဲ"
"မင်းကို အပြစ်တင်တယ်လား။ ငါက မင်းကို အပြစ်တင်တယ်ပေါ့။ မင်း ဦးနှောက်သေးသေးလေးက ဒီလို တလွဲတွေတွေးနေသေးတာလား။ အဲအချိန်တုန်းက၊ ရှောင်ကွေ့ရဲ့ ကျန်းမာရေးကအရမ်း မကောင်းဖြစ်နေပြီး မင်းက သူမကို ထိတ်လန့်အောင်လုပ်လိုက်တာလေ။ မင်း သူ့ကို လန့်ပြီး အဖျားကြီးသွားအောင် လုပ်လိုက်တာ။ မင်းရဲ့ဒီအဖေနဲ့အမေ မမြင်လိုက်ဘူးလို့ မင်းထင်နေလား။ ငါတို့က မင်းထက်အများကြီး အသက်ပိုရှည်ရှည်နေခဲ့တာ ။ မင်းပြောဖို့တောင် သတ္တိရှိလိုက်သေးတယ် ။”
မော့တိ၏ မျက်လုံးများသည် မျက်ရည်များဖြင့် မှုန်ဝါးသွားသည်။ သူ့မျက်နှာကို သုတ်လိုက်ပြီး ငြင်းဆန်ခြင်းမပြုပဲနေလေသည်။ ထို့နောက် သူက ဆက်ပြောသည်။
“ခြောက်နှစ်သားတုန်းကတော့ အတန်းထဲမှာ ပထမရခဲ့တယ်။ အောင်လက်မှတ်ကို ဝမ်းသာအားရ ပြလိုက်ပေမယ့် အားလုံးက ကျွန်တော့်ကို ဆဲဆိုကြိမ်းမောင်းကြတယ်။ အစ်ကိုတွေက နောက်ဖေးဥယျာဉ်ကို ခေါ်လာပြီး အဲထဲက လေးယောက်က ရိုက်နှက်လို့ ခြေထောက်တောင်ကျိုးသွားတယ်။ ဒါပေမဲ့ ကျွန်တော့်မမကို ငိုအောင် လုပ်ခဲ့လို့ သူတို့ သွန်သင်ဆုံးမတာ မှန်တယ်လို့ ခင်များကပြောတုန်းပဲ။ ခင်များက သူမ ကိုယ်သူမ လေးစားမှု့အပေါ်ကို တမင်တကာ ထိခိုက်အောင်လုပ်ပြီး စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာပေးတယ်လို့ ပြောလိုက်သေးတယ်။ ခင်များက ကျွန်တော် သူ့ကို ဒုက္ခပေးတယ်လို့ စွပ်စွဲတာ!"
မော့တိက မော့ရှစ်ဟုန်နှင့် တခြားသူတွေကို စကားပြောခွင့်မပေးဘဲ သူ့မျက်လုံးတွေ နီရဲနေလာပြီး သူဆက်ပြောလာသည်။
“ကျွန်တော်ရဲ့ ရှစ်နှစ်ပြည့်မွေးနေ့မှာ တတိယနဲ့ စတုတ္ထမြောက်အစ်ကိုက မွေးနေ့ပွဲမတိုင်ခင် အိမ်သာထဲမှာ သော့ခတ်ထားတယ်။ ဒီလိုအေးတဲ့နေ့မျိုးမှာ တစ်ညလုံး သော့ခတ်ထားတယ်။ ခင်များ ကျွန်တော့်ကိုလာတောင်မရှာဘူး။ ကျွန်တော်ထွက်လာပြီးတော့ အအေးမိသွားတာတောင် ခင်များဂရုမစိုက်ဘူး။ ဒါပေမယ့် နောက်နေ့ အစ်မ အအေးမိတဲ့အချိန်ကျတော့ ခင်များက ကျွန်တော့်ကို အဝတ်ချိတ်နဲ့ ရိုက်တယ်။ သူမကိုအားကစားပွဲတွေ မသွားနိုင်အောင် ရည်ရွယ်ချက်ရှိရှိနဲ့ အဖျားကူးအောင်လုပ်တယ်လို့ပြောတယ်။ ခင်များ ကျွန်တော့်ကို မျက်လုံးဖြူဝံပုလွေလို့လည်း ခေါ်တယ်။ အရူးကောင်လို့ ခေါ်တယ်။ တိရိစ္ဆာန်ကောင်လို့ ခေါ်တယ်…”
"မော့တိ!"
ဒေါသကို ထိန်းထားသည့် မော့ယီချန်းက နောက်ဆုံးတွင် မနေနိုင်ဘဲပြောလာသည်။
“မင်း ဒီလောက် မှတ်တေးထားမယ်လို့ ငါ မမျှော်လင့်ထားဘူး။ မင်းက အမှန်တရားကို ပြောင်းပြန်လှန် အသိစိတ်ကို မှုန်ဝါးစေပြီးတော့ သူများရှေ့မှာ သနားစရာကောင်အောင် လုပ်နေတာ။ မင်းက အပြစ်ကင်းနေသလိုဖြစ်နေပေမယ့် မင်းကရှောင်ကွေ့အပေါ်မှာ ထိခိုက်နစ်နာအောင်လုပ်ပြီး နာကျင်ရအောင် ကြံစည်နေတာတွေက အမှန်တရားတွေပဲဆိုတာ မင်းမမေ့နဲ့။"
“သူမက မင်းကို အမြဲတမ်း ကောင်းကောင်း ဆက်ဆံတယ်။ ဒါပေမယ့် မင်းလုပ်သမျှက သူ့ကို အန္တရာယ်ဖြစ်စေတာချည်းပဲ။ မင်း ငြင်းခုန်လို့ရပေမယ့် အမှန်တရားတွေက စကားလုံးတွေထက် ပိုကျယ်လောင်တယ်။ အမှန်က မင်းသူမကို ငိုအောင်လုပ်တယ်။ ဝမ်းနည်းစေတယ်။ နေမကောင်းဖြစ်စေခဲ့တယ်၊ မကြာခင်ကလည်း မင်း သူမနာမည်ကိုတောင် အပုပ်ချခဲ့တယ်ခေ။မင်းဘာလို့ ဒီလောက်ထိရက်စက်ပြီး အမှားအမှန်မခွဲတတ်လည်း နားမလည်တော့ဘူး !”
"ကျွန်တော်က အမှားအမှန်မခွဲခြားတတ်ဘူး?၊ ကျွန်တော်က ရက်စက်တယ်?"
မော့တိက မော့ယီချန်းကို စိုက်ကြည့်ရင်း မျက်ရည်တွေက သူ့အမြင်အာရုံကို ဝေဝါးလာစေသည်။
"ကျွန်တော်ဘာမှမလုပ်ရင်တောင် မမက ဝမ်းနည်းနေသရွေ့၊ နေမကောင်းဖြစ်နေသရွေ့ ဒါမှမဟုတ် နာကျင်နေသရွေ့ ကျွန်တော််ကြောင့်ပဲ ဖြစ်နေမှာမလား၊ အတိအကျ ကျွန်တော့်အမှားပဲမဟုတ်လား"
မော့တိက ရယ်ချင်လာသည့်ကြားမှ ငိုလိုက်သည်။
“လွန်ခဲ့တဲ့တစ်လက သူပေးခဲ့တဲ့ အချိုရည်က ကျွန်တော်နဲ့ ဓာတ်မတည့်လို့ သေခါနီးဆဲဆဲ ဖြစ်သွားတယ်။ ကျွန်တော်လုပ်မိခဲ့တာဆိုလို့ ကိုကိုးနဲ့ ဓါတ်မတည့်ဘူးဆိုတာ မသိဘူးလားလို့ မေးမိရုံလေး။ ဒါကြောင့် သူမက ငိုပြီး မူးလဲသွားတဲ့အခါ ကျွန်တော့်အပြစ်ဖြစ်လာပြန်တယ်။ ကျွန်တော်က သူမကို အကွက်ချတဲ့။ သူ့နာမည်ကို အပုပ်ချတဲ့ လူတဲ့။ အစ်ကိုပြောတဲ့အတိုင်းဆို ကျွန်တော်က သူ့ကို သိက္ခာကျအောင်လုပ်ဖို့ စိတ်ပိုင်းဖြတ်ထားတာနဲ့ပဲ ကိုယ့်ကိုယ်ကိုတောင် ထိခိုက်စေခဲ့တယ်ပေါ့။ ဘာလို့ ကျွန်တော့်အပေါ် အပြစ်ပုံချပြီး ရွံဖို့ကောင်းတဲ့လူဖြစ်အောင် လုပ်ရတာလဲ။ သူကမော့အိမ်က ကလေးဆို ကျွန်တော်က မဟုတ်လို့လား။ ငယ်ငယ်ထဲက ခင်များကျွန်တော့်ကို သဘောမကျပါဘူး။ ကျွန်တော့်ကို လျစ်လျူရှုထားပြီး မုန်းတီးနေတာ။ နောက်ပိုင်းမှာ ခင်များကျွန်တော့်ကို အပြစ်ရှာတယ်၊ အပြစ်ဖို့တယ်၊ ရိုက်တယ်။ ပြီးတော့ အခု မဆိုင်တဲ့ကိစ္စကို ကျွန်တော့်ခေါင်းပေါ် ပုံချပြီး ထောင်ထဲထည့်မယ်ပေါ့။ ခင်များကရော ဘာမှန်တာများ လုပ်ထားလို့လဲ"
"ကြည့်စမ်း! မင်းတိရစ္ဆာန်ကောင် နောက်ဆုံးတော့ မင်း ဟန်မဆောင်နိုင်တော့ဘူးမလား ။ နောက်ဆုံးတော့ မင်းမျက်နှာအမှန်ကို ပြပြီပေါ့ ။ မင်းက ရှောင်ကွေ့ကို အမြဲတမ်း မနာလိုဖြစ်ပြီး သူ့ကို အမြဲမုန်းနေတယ်ဆိုတာ ငါသိတယ် ပြီးတော့ မင်း သူ့ကို နာကျင်အောင်လုပ်ဖို့ အမြဲကြိုးစားနေတာ!"
မော့ရှစ်ဟုန်က မော့တိအနားကို ချဉ်းကပ်လာပြီး ကော်လာကို ဆုပ်ကိုင်လိုက်သည်။ သူသည် မော့တိ၏ မျက်နှာထံ လက်သီးကို မြှောက်လိုက်သည်။
"မင်း တိရိ... အာ့-!"
မော့ရှစ်ဟန်၏ လက်သီးကို မုထျန်းဟန် က ဖမ်းယူလိုက်ပြီး လက်အားလှည့်လိုက်သည်။ သူ့လက်ကောက်ဝတ်က အဆစ်လွဲသွားပြီး မျက်နှာက နာကျင်ကာဖြူဖျော့သွား၏။
"တတိယ မော့သခင်ကြီး၊ မင်းဒီလိုကလေးတစ်ယောက်ကို ဘာလို့အနိုင်ကျင့် နေရတာလဲ။ ဒါက ခွင့်လွှတ်လို့ မရဘူး။”
မုထျန်းဟန်၏ မျက်နှာမှာ အေးစက်နေပြီး မော့ရှစ်ဟုန်အား ဘေးသို့ တွန်းထုတ်လိုက်ကာ နောက်ပြန်လှည့်၍ ရှည်လျားသောညာခြေထောက်ကို မြှောက်လျက် အရှိန်ဖြင့် ကန်ထုတ်လိုက်သည်။
ဘန်း!
ချင်ချန်းယီ သည်လည်း အစောင့်အကြပ်တွေထံ ဖမ်းဆီးခံရပြီး သူ့ခါးကို ကန်ကျောက်ခြင်း ခံလိုက်ရသည်။ သူ့မျက်လုံးထဲက အကြမ်းဖက်လိုမှုများကိထိမထိန်းနိုင်တော့ပေ။ သို့သော် သူလက်တုံ့ပြန်ဖို့ကြိုးစားသည့်အခါ မျက်ရည်ကျနေသော မော့လျှိ့ကွေ့က သူ့ကိုပြန်ဆွဲထုတ်လိုက်သည်။
"ရန်ဖြစ်နေတာရပ်ပါတော့ ၊ ထပ်ပြီး ရန်မဖြစ်နေကြပါနဲ့တော့။"
ထို့နောက် သူမသည် မော့တိဘက်သို့ လှည့်လိုက်သည်။
“ရှောင်တိ ၊ ဒါ မင်းမြင်ချင်နေတဲ့ မြင်ကွင်းပဲလား၊ မိသားစုတွေက ရန်သူတွေ ဖြစ်နေပြီ ဖေဖေ အရိုက်ခံရပြီလေ၊ မင်းပျော်နေလား။"
"ဒါဆို မမ နင်မြင်ချင်တဲ့ မြင်ကွင်းက ဘာလဲ။ ငါမလုပ်ခဲ့တဲ့ ပြစ်မှုကို ဝန်ခံလိုက်တာမျိုးလား။ မော့အိမ်ကိုပြန်လိုက်လာပြီး စာမေးပွဲမှာ စာရွက်တွေ ဝယ်ခဲ့ပါတယ်လို့ အင်တာနက်မှာ ဝန်ခံပြီး စော်ကား ရိုက်နှက်တာကို ခံနေရမယ့်ပုံကိုလား။ လက်ထိတ်ခတ်ပြီး တရားစွဲခံရတဲ့ပုံစံများလား။”
“ငါ ဆိုလိုတာ အဲလို လုံး၀ မဟုတ်ဘူး။ ရှောင်တိ ၊ ငါ့ရဲ့ ရည်ရွယ်ချက်ကို နင် ဘယ်လိုများ အထင်မှားနိုင်ရတာလဲ ။ ဒီကိစ္စကို အားလုံးထိုင်ပြီး ဆွေးနွေးဖို့ပဲ လိုတာပါ ။ တစ်ချိန်တည်းမှာပဲ မင်းကို ကူညီချင်တာပါ….”
"ရှောင်ကွေ့၊ မင်း အဲဒီအကောင်ကို ထား ထားလိုက်စမ်းပါ!"
မော့ရှစ်ဟုန်က အော်လိုက်ကာ သူ၏ လက်ကောက်ဝတ်ကို အုပ်ပြီး မတ်တပ်ထရပ်လိုက်သည်။ သူက မော့တိနှင့် မုထျန်းဟန် ကို ငြိုငြင်စွာကြည့်လိုက်သည်။
“ကောင်းပြီ သမီးလေး သူကိုစိတ်ပူနေတာရပ်တော့ ၊ အဲဒီတိရစ္ဆာန်ကောင်ကို ဖမ်းပြီး ပြစ်ဒဏ်ချခွင့်ပေးစမ်းပါ။ ငါ သူ့နဲ့ ဆက်ဆံရေးဖြတ်ဖို့ နောက်မှ တရားရုံးကို သွားတော့မယ်!”
"ဖေဖေ၊ သမီးသဘောမတူဘူး!"
မော့လျှိုကွေ့အနည်းငယ် ထိတ်လန့်သွားပြီး ပြတ်ပြတ်သားသား ကန့်ကွက်လိုက်သည်။
"အဖေ ရှောင်တိကို ဆက်ဆံရေး ဖြတ်လို့မရဘူး။ ဖေဖေသူ့ကို အဲလိုလုပ်ပြီးရင် ဘာဖြစ်သွားမလဲ။ တရားစွဲခံရတာကနေ ဘယ်လိုလွှတ်နိုင်ပါတော့မလဲ ။ သူ့ကိုယ်သူရော ဘယ်လိုလုပ် ပံ့ပိုးနိုင်မှာလဲ။ တခြားသူတွေရော သူ့ကို ဘယ်လိုထင်သွားကြမလဲ။”
မော့ရှစ်ဟုန်က မော့လျှိုကွေ့ ၏တောင်းဆိုမှုကို ပထမဆုံးအကြိမ် ငြင်းဆိုလိုက်သည်။ သူက ကားပေါ်တက်ပြီးနောက် ပြောလာခဲ့သည်။
“ငါဆုံးဖြတ်ပြီးပြီ။ ရှောင်ကွေ့ မင်းက အရမ်းကို တုံးအပြီး ကြင်နာလွန်းတယ်။ မင်းနောက်တစ်ကြိမ် မထိခိုက်စေဖို့နဲ့ အဲဒီ့တိရစ္ဆာန်ကောင် သူနဲ့ထိုက်တန်တဲ့ ပြစ်ဒဏ်ကို ခံရဖို့အတွက်၊ဒီဆက်ဆံရေးကို ချိုးဖျက်ပြစ်ရမယ်။ မင်း အသနားခံစရာ မလိုတော့ဘူး။ မင်းအမေ၊ အဘိုး၊ ဦးလေးတို့လည်း ဒါကို သဘောတူလိမ့်မယ်"
မော့လျှိုကွေ့သည် ဝမ်းနည်းပူဆွေးမှုတွေနှင့် မော့တိကို လှည့်ကြည့်သည်။ ထို့နောက် မော့ရှစ်ဟုန်ကို ဆက်ပြီး စည်းရုံးလိုစိတ်နှင့် ဖမ်းဆွဲလိုက်သေး၏။
မော့ရှစ်ဟုန်နှင့်အဖွဲ့သည် နောက်ဆုံးတွင် ထွက်ခွာသွားခဲ့သည်။
မော့တိက နေရာတွင်ရပ်၍ အမြစ်တွယ်နေ၏။ တကိုယ်လုံး ပင်ပန်းနေသလို ခံစားရသည်။ သူ့မျက်နှာပေါ်မှ မျက်ရည်တွေ ခမ်းခြောက်သွားခဲ့ပြီး သူ၏ အစိတ်အပိုင်းအများစုတွင် အနည်းငယ် ကိုက်ခဲခြင်းကို ခံစားလိုက်ရသည်။
သို့သော်လည်း သူ သိသိသာသာပင် စိတ်သက်သာရာ ရသွား၏။ မော့ရှစ်ဟုန်ကို သူပြောခဲ့သည်တို့မှာ သူ့အစီအစဉ်၌ အဆင့်သေးသေးလေးတစ်ခုပြီးမြောက်အောင် ကူညီနိုင်ရန်သာ ဖြစ်သည်။
ယင်းက ဤမျှသာ။
မော့တိ၏ အတွေးရေယာဥ်က ရုတ်တရတ် ပူနွေးသော အသက်ရှုသံနှင့် နှောင့်ယှက်ခံလိုက်ရသည်။ သူ မော့ကြည့်လိုက်တော့ မုထျန်းဟန်က ဘယ်ဘက်မှာ ရပ်နေပြီး သူ့ပခုံးထက်၌ လက်တင်ထားကာ ညင်သာစွာ ဆုပ်ကိုင်ထားသည်ကို တွေ့လိုက်ရသည်။
မုထျန်းဟန်၏ ပုံမှန် တည်ငြိမ်ပြီး နူးညံ့သော မျက်လုံးများသည် နှလုံးသားမှ နာကျင်ခြင်း နှင့် ဖိနှိပ်ထားသော ဒေါသအရိပ်အယောင်များ ပြည့်နှက်နေသည်။
"ကလေးလေး၊ ကိုယ်တို့အိမ်အရင်ပြန်ကြမလား။ တစ်ခုခုစားရအောင်။ အဲဒီ သက်သေအတုတွေကို လုံးဝစိုးရိမ်စရာမလိုဘူး။ ကိုယ်တို့ ဖြေရှင်းနိုင်မယ့် နည်းလမ်းကို သေချာစဉ်းစားမယ်”
“ကျွန်တော်…”
မော့တိ၏ မျက်လုံးများသည် ရုတ်တရက် အနည်းငယ် ပူလောင်လာသလို ခံစားလိုက်ရသည်။ ယခုအချိန်တွင်မူ ဤကိစ္စ၏ရလဒ်အတွက် စိတ်မပူသော်လည်း မုထျန်းဟန်၏ အသံနှင့် နှစ်သိမ့်မှုတို့ကို ကြားလိုက်ရသောအခါတွင် ထူးထူးခြားခြား ဝမ်းနည်းကြေကွဲကာ သူ့ရင်တွင်း၌ ဝမ်းနည်းမှုများ ပြည့်လျှံသွားခဲ့သည်။
“လိမ္မာလိုက်တဲ့ကောင်လေး "
မော့တိ၏ သေးငယ်သော အသွင်အပြင်ကို မြင်လိုက်ရသောအခါ မုထျန်းဟန်၏ နှလုံးသားမှာ ပြင်းထန်စွာ နာကျင်သွားသည်။ သူက မော့တိ၏ ဆံပင်တို့ကို ညင်သာစွာ ပွတ်သပ်ပေးဖို့ရာ သူ့လက်တွေကို လှမ်းလိုက်သည်။
"ဒီကိုကိုက မင်းကို နစ်နာခွင့်ပေးမှာမဟုတ်ဘူး ။သူတို့မင်းကို ဘောင်ခတ်ခွင့်မပြုဘူး။ ကိုယ့်ကိုယုံလား?"
“ယု့တယ်…”
မော့တိက ပေါ့ပါးစွာ ခေါင်းညိတ်လာသည်။
မည်သို့ပင်ဆိုစေကာမူ မော့တိသည် သူမစွက်ဖက်ပါဘဲနှင့် မုထျန်းဟန်က ဤအကျပ်အတည်းကို ရှင်းရှင်းလင်းလင်းဖြတ်ကျော်ရန် မကူညီနိုင်မှန်း မော့တိသိသည်။ ဤအခိုက်အတန့်တွင် သူသည် ဤလုံခြုံသွားသောအခြေအနေ၌ သူ့ကိုယ်သူ ကျေနပ်နှစ်သိမ့်ချင်နေရုံသာဖြစ်သည်။ သူက မုထျန်းဟန်ကို တစ်မိနစ်ဖြစ်ဖြစ် ခေတ္တမျှ အားကိုးချင်ခဲ့သည်။ တစ်မိနစ်ခန့်သာ။
Xxxxxxxx