အပိုင်း ၃၅
Viewers 29k

Chapter 35


“ကိုယ်တယောက်ယောက်ကို ရဲတွေနဲ့ အလုပ်တွဲလုပ်ခိုင်းလိုက်မယ်။ ကိုယ် ဖြောင့်မှန်တဲ့ အမှုစစ်တချို့ကိုလည်း သိပါတယ်၊ ကျန်းခွမ်းချန်ကို ကိုတုန်လှုပ်အောင်လုပ်ပြီး စကားပြောလာ အောင်ကူညီပေးဖို့ တောင်းဆိုလိုက်မယ်။”


“သူ ဆက်ဟန်မဆောင်နိုင်လောက်ဘူး၊ ဝန်ခံရုံပဲရှိလိမ့်မယ်၊ ဒါပေမယ့် ဘာမှဘေးကြပ်နံကြပ်ဖြစ်မှာမဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ် ကျွန်တော် အရမ်းကျေနပ်ပြီး ပျော်ရွှင်နေ တုန်းပဲ။” 


မော့တိသည် မုထျန်းဟန် ကို ကြည့်ကာ ထိန်းမရသော အပြုံးတစ်ခု ထုတ်လွှတ်လိုက်ပြီး ထိုအရာသည် သူ့နှလုံးသားထဲရှိ အစစ်အမှန် ခံစားချက်မှ အမှန်တကယ် ဖြစ်ပေါ်လာသည့် လုပ်ရပ်တစ်ခု မဟုတ်ပေ။


"ကိုကို့ကို အရမ်းကျေးဇူးတင်ပါတယ်"


သူက စားပွဲများကို သူ့ဘာသာသူ လှန်နိုင်သော်လည်း ဤမျှ ချောမွေ့နေမည်မဟုတ်ပေ။


(ပြသနာကိုသူ့ဘာသာသူရှင်းနိုင်)


မုထျန်းဟန်က ပြန်ပြုံးပြပြီး မော့တိ၏ ဆံပင်တို့အား ညင်သာစွာ ပွတ်သပ်လိုက်သည်။


" တော်လိုက်တဲ့ကောင်လေး။"


အိမ်ပြန်ရောက်သောအခါ၊ မုထျန်းဟန်က လက်ထောက်ကောင်းအား အဓိက ကွန်ရက်များနှင့် ဆက်သွယ်ရန် အမိန့်ပေးလိုက်သည်။ ယနေ့ညအတွက် ရေပန်းအစားဆုံး သတင်းချန်နယ်တွင် အချိန်တစ်ခုကို သေချာပေါက်ရယူစေခဲ့သည်။ ထို့နောက် မော့မေားရောက်လာချိန်က ဗီလာဂိတ်ရှိ စောင့်ကြည့်ကင်မရာမှ ဗီဒီယို ကိုကူးယူးတည်းဖြတ်ကာ ဟန်လန်ယီထံမှ ဗီဒီယိုအားလည်း အရန်တစ်ခုကူးယူလိုက်လေသည်။


ထိုအချိန်တွင် မော့တိသည် သူ၏ Weibo၌ ရှာဖွေနေသည်။ အက်ပ်ကိုဖွင့်လိုက်သည်နှင့် အနီရောင် ဇာတ်ကောင်များကို ဓားဖြင့်ထိုးသည့် ထိပ်တန်းရှာဖွေမှုများသည် မျက်နှာပြင်ပေါ်တွင် ပေါက်ကွဲသွားသည်။


ကောလိပ်ဝင်ခွင့်စာမေးပွဲနှင့်ပတ်သက်သည့် အကြောင်းအရာများအပြင်၊ တစ်ခုမှာကတော့ 'မော့မိသားစုက မော့တိနှင့် ဆက်ဆံရေးဖြတ်တောက်ခြင်း' ဖြစ်သည်။


အခုမှပဲ မော့တိက မော့မိသားစုက မြန်မြန်ဆန်ဆန် ပြုမူခဲ့တာကို သိခဲ့ရသည်။ စွဲချက်တင်ထားမှုပင်လျှင် တရားရုံးမှ ခွင့်ပြုချက်ရထားပြီးသားဖြစ်သည်။ သူ လက်မှတ် ရေးထိုးလိုက်သရွေ့ သူတို့ ဖြတ်တောက်မှု အပြီးသတ်ဖို့ တရားရုံးကို သွားစရာတောင် မလိုတော့ပေ။


ယနေ့နံနက်တွင် သူတို့က ကြင်နာတတ်သယောင် ဟန်ဆောင်မျက်နှာဖုံးကိုပြထားပြီး သူ့တို့ကို တောင်းပန်သရွေ့ သူ့ကို စွဲချက်မတင်သလို ဆက်ဆံရေး မဖြတ်တောက်ဟု ပြောကြသည်။ ဒီလိုလုပ်ရပ်မျိုးက တကယ်ပဲ...


အရေခြုံထားသည့် စက်ဆုပ်ရွံရှာဖွယ်ရာအတိပင်။


သို့သော်လည်း နောက်ပိုင်းမှာ သူ့အတွက် လွယ်ကူသွားခဲ့သည်။


မော့တိက မော့ရှစ်ဟုန်ကို ချက်ချင်းဖုန်းဆက်ပြီး ဆက်ဆံရေး ဖြတ်ဖို့သဘောတူလိုက်သည်။ နောက်ပိုင်းတွင် အရပ်ဘက်ရေးရာဗျူရိုတွင် တွေ့ဆုံရန် ချိန်းဆိုထားပြီး လက်မှတ် ရေးထိုးကာ စည်းမျဥ်းစည်းကမ်းများဖြင့် ဖြတ်တောက်မှုလုပ်ခဲ့သည်။


မော့ရှစ်ဟုန်က လုပ်ငန်းစဉ်ပြီးဆုံးသည်နှင့် သူ့(md)ကို ရဲတပ်ဖွဲ့ဝင်များ၏ ခေါ်ဆောင်သွားခြင်းကိုခံရမည်ဖြစ်ကြောင်း ကျယ်လောင်စွာ ကျိန်ဆိုလိုက်သည်။


မော့တိ တခုတည်းဖြေခဲ့သည်က-


 “ရဲတွေ တကယ်ရောက်လာလိမ့်မယ်၊ ဒါပေမယ့် အဲဒီအချိန်မှာ အဖေ ပိုပြီး မပျော်မရွှင် ဖြစ်ရမှာကို ကျွန်တော်စိုးရိမ်မိတယ်”


ထိုစကားကိုပြောပြီးနောက် မော့တိက ဖုန်းချကာ မုထျန်းဟန်ကို သတင်းပို့လိုက်သည်။


မုထျန်းဟန်မှာ အွန်လိုင်းပေါ်မှမှတ်ချက်များကိုဖတ်ပြီးကာစဖြစ်သည်။ အမျက်ဒေါသနှင့် အေးစက်ခြင်းကို ဖုံးကွယ်မထားနိုင်ခဲ့ပေ။ သို့သော်လည်း မော့တိကို မြင်လိုက်သည်နှင့် သူ့ဆံပင်များကို ပွတ်သပ်ပေးရင်း မျက်လုံးများက နူးညံ့ပျော့ပျောင်းသွားသည်။


“အခုတော့ လူအများရဲ့ သဘောထားက အထွတ်အထိပ်ရောက်လာပြီ၊ မင်းသူတို့နဲ့ လမ်းခွဲလိုက်ပြီးရင် ပြီးပြည့်စုံတဲ့ အချိန်ရောက်တာနဲ့ အင်တာနက်မှာ ဗီဒီယိုနှစ်ခုကို တင်တော့မှာပါ”


"အင်း!"


မုထျန်းဟန်သည် မော့တိကို မြို့ပြရေးရာဌာနသို့ ကိုယ်တိုင်ကိုယ်ကျ မောင်းပို့‌ေပးခဲ့သည်။ သူတို့ရောက်သောအခါတွင် အဆုံးစွန်သော အညစ်အကြေးဟုဆို‌ကြသောမော့တိကို ဖြတ်တောက်ခြင်းအမှု၌ ခေါ်ဆောင်သွားမည့် အဆုံးစွန်သော အစွန်းအထင်းဖြစ်စေမည့်ကိစ္စအား တစေ့တစောင်း ကြည့်ရန် မျှော်လင့်နေသူများဖြင့် စည်ကားနေပြီဖြစ်သည်။


တစ်စုံတစ်ယောက်က မော့တိကို ပစ္စည်းတစ်ခုနှင့်ရိုက်ဖို့တောင် ကြိုးစားပေမယ့် မုထျန်းဟန်က သူ့လက်ကို တွန်းထုတ်ပစ်လိုက်သည်။ ပြင်းထန်သော ဒေါသတို့ပြည့်နေသည့်အကြည့်ကြောင့် အနှီကျူးလွန်သူမှာ ကြက်သီးမွေးညှင်းထသွားရသည်။


မော့တိက မြို့ပြရေးရာဗျူရိုထဲသို့ ဝင်လိုက်သည်နှင့် မော့မိသားစုတစ်ခုလုံး ရောက်ရှိလာသည်ကို တွေ့လိုက်ရသည်။ အမှန်တော့ မော့ရှစ်ဟုန်၊ ရွမ်ချင်းတန့် တို့နှင့်ပင် လုံလောက်ပါသည်။ သို့သော်လည်း မော့တွေက အရမ်းစည်းလုံးပြီး ‌ မော့တိကို မျက်နှာချင်းဆိုင် တွေ့ချင်နေကြ၏။ထို့ကြောင့် မော့ဖိုးဖိုး၊ မော့ဝုဟန်အပါအဝင် လာနိုင်သူအားလုံးက ရောက်လာကြသည်။ တစ်ခုတည်းသော ထူးဆန်းသည့်အချက်မှာ မော့လျှိုကွေ့ကတော့ ရှိမနေချေ။


ဝန်ထမ်းများ ရှိမနေခဲ့ပါက မော့ရှစ်ဟုန်နှင့် တခြားသူတွေက မော့တိကို စပြီး ကျိန်ဆဲကြလိမ့်မည်ထင်၏။ သို့သော်လည်း ထိုနေရာ၌ သူတို့၏ နာမည်ဂုဏ်သတင်းကို ထိန်းထားရတာကြောင့် မော့တိကို စိုက်ကြည့်ရုံသာ စိုက်ကြည့်နေပြီး ယုတ်မာသော စကားလုံးများထွက်မလာစေရန် သူတို့ကိုယ်သူတို့ ထိန်းထားရသည်။


ဤအတောအတွင်း မြို့ပြရေးရာဗျူရိုအပြင်ဘက်တွင် စောင့်ဆိုင်းနေသော မုထျန်းဟန်သည် လက်ထောက်ကောင်အား ဗီဒီယိုတို့ကို အဓိက ကွန်ရက်များသို့ လွှဲပြောင်းပေးစေလိုက်သည်။ လူထု၏ ထင်မြင်ယူဆချက်များအား ပြင်းထန်လာစေရန်အတွက် ရေတပ်တစ်ခုကို ငှားရမ်းရန်အတွက်လည်း လက်ထောက်ကောင်းကို အမိန့်ပေးလိုက်သည်။ 



မော့တိက လျင်မြန်စွာပင် လက်မှတ်ရေးထိုးလိုက်ပြီး စည်းမျဥ်းစည်းကမ်းများကိုလည်း လျင်မြန်စွာ ကိုင်တွယ်ခဲ့သည်။‌ မော့များမှာ ထူးခြားသောမိသားစုတစ်ခုဖြစ်ပြီးသူတို့က ကြိုတင်စီစဉ်မှုများပြုလုပ်ထားပြီးဖြစ်သောကြောင့် တန်းစီ စောင့်နေရန်မလိုအပ်ခဲ့ပေ။ လုပ်ငန်းစဉ်တစ်ခုလုံးသည် မိနစ်နှစ်ဆယ်အောက်သာကြာခဲ့ပြီး နောက်ပိုင်းတွင် မော့တိသည် မော့များနှင့် မည်သည့် ဆက်ဆံရေးမှရှိတော့မည်မဟုတ်ပေ။


 သူ့ကို စိတ်ကျန်းမာရေးဆေးရုံပို့ကာ 'ကုသ' ရန်ဟူသော အကြောင်းပြချက်ဖြင့် မိသားစုအမည်ကိုသုံးခြင်း သို့မှမဟုတ် မိသားစုဟူသော စကားလုံးကိုသုံးကာသူအားထုတ်တည်ထောင်ထားသော ကုမ္ပဏီအား တိုက်ရိုက်လွှဲပြောင်းယူရန် လုပ်ခြင်းမျိူးဖြစ်စေ မရနိုင်တော့ပေ။


မော့တိမိသားစုက ထိုအခွင့်အရေးကို နောက်ထပ်ဘယ်တော့မှ ရနိုင်တော့မည် မဟုတ်ပေ။


မော့ရှစ်ဟုန်က အဆောက်အဦးအထွက်တွင် မထိန်းနိုင်တော့သည့်ဟန်နှင့် မော့တိအား ကျိန်ဆဲလေသည်။


“မင်း တိရိစ္ဆာန်ကောင်၊ နောင်အနာဂတ်မှာ မင်းမှာ မော့မိသားစုနဲ့ ပတ်သက်မှုရှိတယ်လို့ ဘယ်တော့မှ မပြောနဲ့။ မင်းလို ရက်စက်တဲ့ မျက်လုံးဖြူ ဝံပုလွေမျိုး ငါတို့မှာ မရှိဘူး!”


 ထို့နောက် အနီးနားရှိ ရဲများအား-


“ရဲသားတို့၊ ခင်များတို့ မော့တိကို ဖမ်းဖို့လာတာ မဟုတ်လား...ငါတို့ မော့မိသားစုက အရမ်းကျိုးကြောင်းဆီလျော် တတ်တဲ့လူတွေပါ၊ သူ့အတွက် ဘာမှ ဖုံးကွယ် ပေးထားမှာမဟုတ်ဘူး၊ ငါတို့….”


"တကယ်တော့ ငါတို့က တစ်စုံတစ်ယောက်ကို ရဲစခန်းကို ခေါ်သွားရမှာ၊ ဒါပေမယ့် မော့တိမဟုတ်ဘူး" 


မော့ရှစ်ဟုန်က ရှေ့ဆုံးမှ လူလတ်ပိုင်းရဲတစ်ဦးက လက်ထိတ်တစ်စုံကို ရုတ်တရက်ထုတ်လိုက်ကာ သူ၏လက်ကောက်ဝတ်တွင် တင်လိုက်သည်ကို တွေ့ရ၏။


" မော့ရှစ်ဟုန်၊ ကောလိပ်ဝင်ခွင့်စာမေးပွဲမေးခွန်း ပေါက်ကြားမှုကိစ္စ နှင့် ပတ်သက်လို့ အတုအယောင်အထောက်အထားဖန်တီးပြီး ၀တ္တရားချိုးဖောက်ခဲ့တယ်။ အခု မင်းက ငါတို့နဲ့အတူ ရဲစခန်းကိုလိုက် လာရမှာ။"


ရဲတပ်သားနောက်ကွယ်မှ ရဲအရာရှိတစ်ဦးက မော့ရှစ်ဟုန်နှင့် အခြားသူများကို ဒေါသဖြစ်စွာ စိုက်ကြည့်လိုက်သည်။ပြီးနောက် စကားကို ညည်းညူကာ ပြောလိုက်သည်။


“ရွံမုန်းစရာကောင်းတဲ့ လူ့အညစ်အကြေး‌တွေ ” 


လူအုပ်ကြီးသည် ချက်ချင်းပင် ထိတ်လန့်သွားသည်။ တစ်စုံတစ်ယောက်က ဒေါသအရမ်းထွက်ပြီး ရဲများ၏ မတရားသည့်အပြုအမူကို အင်တာနက်မှာ တင်လိုက်ရန် ပြုလိုက်သော်လည်း သူ့ Weibo ကိုဖွင့်သည်နှင့် ပေါ်လာသော အရာကြောင့် နောက်တဖန် အံသြသွားခဲ့သည်။


နောက်ဆုံးသတင်းရှိ စာကြောင်းနှစ်ကြောင်းကို ဖတ်လိုက်ရာ သူ့မျက်နှာသည် အနီရောင်အရိပ်များအဖြစ် ပြောင်းလဲသွားကာ နောက်ဆုံး ဝက်အသည်း၏အရောင်သို့ရောက်သောအခါတွင်မှ ရပ်တန့်သွားသည်။


အခြားဘေးကလူမှာ သူ့ပုံမှန်မဟုတ်သည့် တုံ့ပြန်မှုကြောင့် ကြည့်လိုက်ရာ သူသည်လည်း မျက်နှာများ နီရဲရသည်။ သူက အပြစ်ရှိစိတ်၊ ဒေါသနှင့် စာနာစိတ်များ ပြည့်နှက်နေသည့်အကြည့်နှင့် ခပ်လှမ်းလှမ်းမှ လူငယ်လေး၏ နောက်ကျောကို လှမ်းကြည့်လိုက်သည်။


တစ်ချိန်တည်းမှာပင်၊ သူတို့နှစ်ဦးက မျက်နှာပူကာ နာကျင်ခံစားရပြီး သူတို့၏ လောကအမြင်သုံးမျိုးမှာ ပြိုလဲသွားပြီဟု ခံစားရသည့် တစ်ဦးတည်းသောသူများ မဟုတ်ကြပေ။


ကွန်ရက်တစ်ခုလုံးရှိ မော့တိကို ရှုတ်ချဖူးသူတိုင်းသည် ၎င်းတို့၏မျက်နှာများကို အထပ်ထပ်အခါခါ ဖြတ်ရိုက်ခံလိုက်ရသကဲ့သို့ ပူလောင်ပြင်းပြသော ဝေဒနာ ကျန်ရစ်ခဲ့လေသည်။


ယခင် ရှာဖွေမှုအများဆုံးစာရင်းများမှာ ဆက်လက် လည်ပတ်နေဆဲဖြစ်သည်။ သို့သော်လည်း အမှန်တရားကို ထုတ်ဖော်လိုက်သည့် topicအသစ်၏ နောက်တွင် ထိုအကြောင်းအရာများက ကမောက်ကမနှင့် ရယ်စရာကောင်းသော အရှက်ရစရာတစ်ခုကဲ့သို့ ဖြစ်နေသည်။


ထိပ်တန်းရှာဖွေမှုနှစ်ခုမှာ 'ကောလိပ်ဝင်ခွင့်စာမေးပွဲ၏နောက်ကွယ်က အမှန်တရား' နှင့် 'ကြမ်းတမ်းပြီး ယုတ်ညံ့တာကတော့ ထင်ရှားချက်'တို့ဖြစ်၏။


ထို ရှာဖွေမှုများအောက်ရှိ နေရာနှစ်ခုမှာ 'မော့မိသားစု၀င်များ၏ဦးနှောက်ပတ်လမ်း ' နှင့် '‌ မော့တိအတွက် တောင်းပန်ခြင်း' တို့ဖြစ်သည်။


 အခြားအမျိုးအစား အမျိုးမျိုးဖြစ်သော" ကျန်းခွမ်းချန်က လူလိမ်'၊ 'မော့မိသားစုက အမှန်တကယ်ကို စက်ဆုပ်စရာပဲ'၊ ' မော့တိရဲ့အစ်မ မော့လျှိုကွေ့' အစရှိသည့် ရှာဖွေမှုအများအပြားသည် စာရင်းတွင် ဒသမ‌ မြောက်နေရာနှင့် နှစ်ဆယ့်သုံးကြားနေရာတို့တွင် ရှိနေခဲ့သည်။


 မော့တိကို ကျိန်ဆဲပြီး စော်ကားခဲ့သူများအတွက်ကတော့၊ သူတို့၏ Weibo ကို ဖွင့်လိုက်တိုင်း၊ ဖော်ပြထားသောအမှန်တရားဟာ မျက်နှာကို ဖြတ်ရိုက်ခံလိုက်သည့်နှယ်။


 သူတို့အင်တာနက်သုံးစွဲသူများက စက်ရုပ်မဟုတ်ဘဲ လူသားများသာ။ လူအများစု၌ အခြေခံရှုထောင့်သုံးမျိုးရှိကြပြီး အင်တာနက်အသုံးပြုသူအများစုကလည်း ထိုနည်း၎င်းပင်။


 မော့တိအပေါ် အနိုင်ကျင့်စော်ကားမှုကို မြင်ပြီးနောက်သူတို့၏စိတ်တွေ တုန်လှုပ်သွားသည်။ အမှန်တရားကို မြင်လိုက်ရသည့်အခါ အင်တာနက်သုံးစွဲသူတော်တော်များများ၏ ဦးနှောက်များ အေးခဲပြီး ကွဲကြေသွားခဲ့သည်။ သူတို့အားလုံးသည် ပါးပြင်ပေါ်မှ နာကျင်ကိုက်ခဲမှုနှင့် အပြစ်ရှိစိတ်၊ အရှက်နှင့် ဒေါသကို ပြင်းပြင်းထန်ထန် ခံစားခဲ့ရသည်။


တစ်ချိန်တည်းမှာပင်… ဗီဒီယိုထဲမှ ဝမ်းနည်းကြေကွဲနေသည့် လူငယ်လေးအတွက် စိတ်မကောင်းဖြစ်မှုကို ခံစားခဲ့ရသော လူများစွာက သူ၏မိသားစုကို “ဘာကြောင့်လဲ” ဟု မေးခွန်း ထုတ်ကြသည်။


ဗီဒီယိုများ ပိုမိုပြန့်နှံ့လာခြင်းနှင့်အတူ လူအများ၏ ထောက်ခံအားပေးမှုမှာ ပြောင်းပြန်ဖြစ်သွားသည်။


"ဒါအမှန်တရား တွေပဲ! မော့တိစော်ကားခဲ့တဲ့သူတွေကို မေးချင်တာက မင်းတို့မျက်နှာတွေ နာကျင်နေပြီမလား။ မင်းတို့သူ့ကို တောင်းပန်မှာလား။"


"ချီး!!! ငါရဲ့နှလုံးသားက အရမ်းနာကျင်နေပြီ! မော့တိ ဒီအသေးလေးက သနားစရာကောင်းပြီး စိတ်ဆင်းရဲစရာကောင်းလိုက်တာ။”


“ငါကျိန်တယ် ငါနောက်တခါက စပြီး လွယ်လွယ်နဲ့ ‌သံယောင်မလိုက်တော့ဘူး။ ဒီပြောင်းပြန်လှန်မှုက ငါ့မျက်နှာကို ဆိုးဆိုးရွားရွားထိခိုက်စေတယ်။ သူနေ့စဥ်ဖြတ်သန်းခဲ့ရတဲ့ အနိုင်ကျင့်မှုတွေနဲ့ သူ့ကို ပုတ်ခတ်စော်ကားမှုတွေအကြောင်း တွေးကြည့်မိတဲ့အခါ ငါတကယ်ကို... သေစမ်း!ငါ့ကိုယ်ငါ မီးလောင်တိုက် သွင်းသလို ခံစားရတယ်!"


“ငါ‌ တော့ဘာပြောရမှန်းကိုမသိတော့ဘူး။ ခုတော့ တော်တော် ဝမ်းနည်းနေသလို ခံစားရတယ်။ပြီးတော့ ငါ့နှလုံးသားလည်း နာကျင်နေရတယ်။ ငါမော့တိကိုပဲ တောင်းပန်ချင် တော့တယ်။ ငါတကယ်တောင်းပန်ပါတယ်!"


“အမှန်တရားက ဒီလိုဖြစ်လာမယ်လို့ မမျှော်လင့်ထားဘူး။ ဗီဒီယိုနှစ်ခုကို ကြည့်ပြီးတော့ ငါတကယ်ကို အံ့သြသွားတယ်။ ကျန်းခွမ်းချန်က ဘာလို့ဒီလောက် အရှက်မဲ့ရတာလဲ။ ဒီလိုမျိုး တစ်စုံတစ်ယောက်ကို ပျိုးထောင်တာက သူတို့ရဲ့ဘဝကို ပျက်စီးစေနိုင်တယ်။ ပြီးတော့ အဲဒီ မော့မျိုးနွယ်တွေကလည်း တကယ်ကို တဖက်လှည့်ကြင်နာပြတဲ့သူတွေ။ သူတို့ဦးနှောက်တွေက ချီးတွေပြည့်နေတာလား။ သူတို့မိသားစုထဲက တစ်ယောက်က ဒီလို လှည့်စား‌ပြီးဖြေတယ်လို့ အခိုင်အမာ ပြောနေတယ်ပေါ့။ သူ ထောင်ကျ သွားတာနဲ့ ထာဝရ အစွန်းအထင်းတွေ ဖုံးလွှမ်းနေတော့မှာ။ငါ ကျန်းခွမ်းချန်ကို ငါ့တစ်သက်လုံး ဖျက်ဆီးပစ်မယ်!”


"ငါတော့ မော့လျှိုကွေ့ကို တကယ် ကြာပန်းဖြူလို့ထင်တယ် သူ့စကားတွေက အရမ်းကိုရှေ့နောက်မညီဘူး"


"မော့တိက ဘာလို့ သူ့ကို အမြဲတမ်း စော်ကားနေတာလဲလို့ မေးလိုက်တုန်းက‌ရော ၊ သူ့ကို အမြဲ သူ့အမှားလိုပဲ အမြဲတွေးတယ်၊ဒါက စောက်ရမ်း သနားစရာပဲ!!! မော့မိသားစုက ဘာတွေမှားနေတာလဲ၊ ဘယ်လိုများ သူတို့စိတ်တွေ ဒီလောက်ထိ ညစ်ပတ်နေနိုင် ရတာလဲ။ သူတို့ရဲ့ ဆင်ခြင်တုံတရားက အရမ်းဆိုးရုံမက ဖြောင့်မတ်ဟန်ဆောင်ကြသေးတယ်။ ကလေးကို ဂရုမစိုက်တာ မကြိုက်တာကိုက တော်တော်ကြီးကိုဆိုးနေပြီ၊ မင်းကို လက်ဖက်ရည်ဖျော်ပေးဖို့ ကြိုးစားရင်း ပြုတ်ကျလို့တောင် ဒေါသထွက်သွားရသေး‌တယ်ပေါ့။ သူ့ခြေထောက်က အပူလောင်သွားပေမယ့် မင်းရဲ့ကလေးမလေးကို ကြောက်အောင်လုပ်တယ်ဆိုပြီ သူ့ကို အပြစ်တင် သေးတယ်ပေါ့။ မင်းဘာလို့ ဒီလောက် ချီးလိုအတွေး တွေးနေနိုင်တာလဲ ! ငါ တကယ်စိတ်ကုန်နေပြီ!!!"


"စိတ်ပျက်ပြီး နှလုံးကြေကွဲရလွန်းလို့ ငါတကယ် ဘာမှတောင်မပြောချင်ဘူး!!!"


“ငါတကယ်ကို ဒီလူဆိုးတွေကို ထောက်ခံပေးပြီး မော့တိကို နှိပ်စက်တဲ့လူကိုမြင်ချင်တယ်။ ရွံဖို့‌ကောင်းလိုက်တဲ့လူ။ အရှက်လေးရှိ‌စမ်းပါ။ မင်း တကယ်လူဘယ်နှယောက်ကို တောင်းပန်ရမယ်ထင်လဲ။"


"သေစမ်း! သူက အတန်းထဲမှာ ပထမရသွားတာတောင် အစ်ကိုတွေဆီက ရိုက်နှက်ဆုံးမခံရလို့ ခြေထောက်ကျိုးသွားသေးတယ်။ အဲဒါက ကောင်းတဲ့ သင်ကြားမှုလို့ ယူဆသေးတယ်ပေါ့။ ဘာလို့လဲ... မင်းရဲ့ သမီးလေးကို ငိုစေခဲ့တာကြောင့်ပေါ့လေ။ ဘုရားရေ၊ မင်းရဲ့မင်းသမီးလေး စာမေးပွဲမှာ ကောင်းကောင်းမဖြေနိုင်တာက မော့တိရဲ့အမှားလား။ မင်းရဲ့မင်းသမီးလေး စိတ်မဆိုးစေရဘူးဆိုပြီး တစ်ချက်လွှတ်အမိန့်ထုတ်လိုက်တာလား။ မင်းက မင်းသမီးကို မယ်ရီဆူး ဒါမှမဟုတ် ကမ္ဘာပေါ်မှာ အကြီးမြတ်ဆုံး နတ်ဘုရားမလို့ ထင်နေတာလား။"


"သနားစရာ မော့တိ၊ သူက တကယ်ကို သနားစရာပဲ"


“ မော့မိသားစုရဲ့ အတွေးအမြင်ကို အခုမှ နားလည်တော့တယ်။ မင်းမှာ ပူလောင်နေတဲ့ ခြေထောက်တစ်ချောင်းရှိတယ်၊ ဒါပေမယ့် လျှိုကွေ့ကငိုပေးနေတယ်!"


"ဒုတိယတခုမှာဘာတဲ့! မင်းမှာ ပြင်းထန်တဲ့ ဓါတ်မတည့်တာ ရှိတယ်။ ဒါပေမယ့် မင်းအစ်မ သူမက ငိုရလွန်းလို့ မူးလဲသွားတယ်!"


“မော့လျှိုကွေ့ က တကယ် ကြာပန်းဖြူ။ သူမကို ကောင်းကင်ဘုံက နတ်ဘုရားမလို ချီးမွှမ်းဖူးတဲ့သူတွေ၊ မင်းရဲ့အသိစိတ်က အခုတော့ ထိခိုက်နေပြီမလား”


“…”


Xxxxxxxx