အပိုင်း ၃၆
Viewers 28k

Chapter 36


လူထု၏ သဘောထားက တဖြည်းဖြည်း ပြောင်းလဲလာသည်။။ အပြစ်ရှိစိတ်၊ ဒေါသ၊ စာနာစိတ် နှင့် အခြားသော စိတ်ခံစားမှု အမျိုးမျိုးကို ထုတ်ဖော်လာကြသည်။ သို့သော်လည်း ဆန့်ကျင်ဘက် မှတ်ချက်များကိုတော့ လုံးလုံးလျားလျား မဖယ်ရှားခဲ့ပေ။ မော့တိကို တိုက်ခိုက်ခဲ့သူ အနည်းငယ်က သူတို့၏ အပြစ်ကို ဝန်ခံရန် ငြင်းဆိုခဲ့သည်။ ယင်းအစား၊ သူတို့၏ဒေါသက ကြီးထွားလာပြီး သူတို့၏မှတ်ချက်များတွင် ယုတ်မာမှုများလည်း ရှိခဲ့သည်။ 


“ မော့တိက ကျန်းခွမ်းချမ်ကို ဆွယ်ဖို့ အဆင်မပြေတာတစ်ခုခုကို ဖန်တီးခဲ့တာဖြစ်မယ်”


 သို့မဟုတ်လျှင်


 “ မော့မိသားစုက မော့တိကို အရမ်း ‌မုန်း‌နေတာ ဘာကြောင့်လဲဆိုတော့ သူ အရင်က ပြောမပြနိုင်တဲ့ တစ်ခုခုကို လုပ်ဖူးတာကြောင့် နေမယ်"


ဟူ၍ အခိုင်အမာပြောဆိုကြသည်။ အခြေခံအားဖြင့်တော့ တရားခံက အမြဲတမ်းအပြစ်ရှိသည်။ သို့ဖြင့် သူတို့နှင့် ကျန်သော အင်တာနက်သုံးစွဲသူတွေကြား ကျိန်ဆဲခြင်းစစ်ပွဲတစ်ခု စတင်ခဲ့သည်။


သို့သော် ဆင်ခြင်တုံတရားရှိသူအများစုနှင့် နှိုင်းယှဉ်ပါက မကောင်းသော သဘောသက်ရောက်သည့် မှတ်ချက်ပေးသူ အရေအတွက်မှာ နည်းပါးပါသည်။



မော့တိ‌အပေါ် လိမ်လည်ထွက်ဆိုခဲ့သည် ကျန်းခွမ်ချန်၊ မော့မိသားစုတို့၏ ပုံမှန်မဟုတ်သော ဦးနှောက်ပတ်လမ်းကြောင်း တို့သည်ဒေါသထွက်နေသော အင်တာနက်အသုံးပြုသူများ၏ ကဲ့ရဲ့ပြစ်တင်ခြင်းကို ခံခဲ့ရသည်။ သူတို့က ‌ကျန်းခွမ်းချန်၏ ပြစ်ဒဏ်ကိုတိုးမြှင့်ရန်နှင့် မော့လုပ်ငန်းများကို သပိတ်မှောက်ရန်အတွက် ပိုတိုးထောက်ခံလာသည်။ ထို့ကြောင့် တစ်နာရီအတွင်း မော့အုပ်စု၏ စတော့ရှယ်ယာသည် ရှစ်ရာခိုင်နှုန်းနီးပါး ကျဆင်းသွားသည်။


မော့တိကျရှုံးမည်ကို‌တွေ့ချင်နေကြသော မော့မိသာစုမှာ တစ်နာရီအတွင်း သူတို့၏မျက်နှာများကို ဆက်တိုက် အရိုက်ခံလိုက်ရလိုပင်။ မော့အိမ်ကြီးတစ်ခုလုံး ရှုပ်ပွသွားသည် ။


မော့အဖိုးသည် ဒေါသကြောင့် မူးလဲလုနီးပါးဖြစ်ကာ မော့အိမ်ကသားအကြီးဆုံးက ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရသည်။ မော့ယီချန်းက ကုမ္ပဏီသို့ အပြေးအလွှား ပြန်သွားခဲ့ရပြီး သက်ဆိုင်ရာ အစုရှယ်ယာရှင်များနှင့် အစည်းအဝေးလုပ်ရသည်။ မော့ဒုတိယသားဖြစ်သူ မော့ရှစ်ဟုန်ကို တွေ့ဖို့ရာ ငိုကြွေးနေသည့် ရွမ်ချင်းတန့်ကို ရဲစခန်းသို့ ပို့ပေးခဲ့ရသည်။ မော့ဝုဟန်နှင့် မော့စစ်လန်တို့က အင်တာနက်သုံးစွဲသူများထံမှ ဝေဖန်မှုကို ခံခဲ့ရပြီး အချို့ကတော့ သူတို့၏ ညီမလေးအတွက် မကျေနပ်ချက်များပင် ရှိခဲ့ပါသည်။ ဒေါသကို မထိန်းနိုင်ဘဲ နှစ်ယောက်သား ပြန်ကျိန်ဆဲရန် အကောင့်သက်သက်ပင် ဖွင့်ထားကြသည်။ တစ်ချိန်တည်းမှာပင်၊ သူတို့၏ ပင်မအကောင့်နှင့် မရေမတွက်နိုင်သော ရေတပ်များကို မော့မိသားစုအား ဖြူစင်အောင် ဆေးကြောရန်အတွက် အသုံးပြုခဲ့သည်။


မော့တိက လူထု၏ သဘောထား ဘယ်လောက်အထိ တိုးလာသည်ကို မသိသေးပေ။သူဟာ လောလောဆယ်၌ ရဲကို သက်သေထွက်ဆိုနေရသည်။ အတိအကျပြောရလျှင် သူရှင်းပြရမည့်အသေးစိတ်အချက်အချို့ ရှိနေပါသေးသည်။


ရဲအရာရှိအများအပြားသည် မော့တိကို နှစ်သက်ကြသည်။ ရဲအရာရှိငယ်တစ်ဦးသည် မော့တိအား စာနာသော မျက်လုံးများဖြင့် ကြည့်နေခဲ့သည်။ သူမထွက်ခွာခင်မှာ သူမက တိုးတိုးလေးပြောလာသည်။


“ ဆက်ဆံရေးဖြတ်လိုက်တာ ကောင်းပါတယ်၊ နောင် အနာဂတ်မှာ မင်းပျော်ရွှင်ရလိမ့်မယ်”


"ကျေးဇူးတင်ပါတယ် အစ်မ။"


မော့တိက ခေါင်းကိုမော့ပြီး ရိုးသားစွာ ပြုံးပြသည်။


မော့တိနောက်ဆုံးတော့ ထွက်လာနိုင်သည့်အခါ မုထျန်းဟန်က သူ့ပခုံးကို ညင်သာစွာ ယမ်းလိုက်ပြီးနောက် ပြောလာသည်။


 "ကိုယ်တို့ သွားကြမလား?"


"အင်း!" 


မော့တိသည် မုတျန်းဟန် ကို သူ့မျက်လုံး တောက်တောက်လေးများဖြင့် ပြုံးပြလိုက်သည်။


မုထျန်းဟန် ၏ နှလုံးသားမှာ ပျော့ပြောင်းသွားပြီး ရွှင်လန်းမှုသည် သူ၏သွေးဆဲလ်တိုင်းမှ ထွက်လာပြီး သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခု ပွင့်လာသည်။ 


"ဒါပေမယ့် ကိုယ်တို့မပြန်ခင်မှာ တွေ့ရမယ့်လူရှိတယ်။"


"ဘယ်သူ?"


“ကော်မရှင်နာဝမ်။ သူ့ကို မူရင်းဗီဒီယိုမှတ်တမ်းကို လွှဲပေးပြီး အတည်ပြုချက်အတွက် ဟန်လန်ယီနှင့် တွေ့ဖို့ ခေါ်သွားရမယ်။ ဒါမှပဲ ဒီကိစ္စကို နောက်ဆုံးပိတ်သိမ်းနိုင်မှာ"


"အိုကေ။" 


မော့တိ နာခံစွာ ခေါင်းညိတ်လိုက်သည်။ ဟန်လန်ယီက ရဲစခန်းထဲသို့ ၀င်ရန် ငြင်းဆိုသည်ကို သူသိသည်။ ထို့ကြောင့် တစ်ခုတည်းသော ရွေးချယ်မှုမှာ သူမ၏ အထောက်အထားကို အမှောင်ထဲတွင် သိမ်းထားရန်ဖြစ်သည်။


မုထျန်းဟန်က ဤသတိပေးချက်တိုအတွင်း ကော်မရှင်နာ၀မ် ကို ရှာတွေ့နိုင်စေရန် အမှန်တကယ်ပင် ကြိုးစားအားထုတ်ခဲ့ရပေလိမ့်မည်။


"ကိုကို" 


မော့တိရုတ်တရက် ခေါ်လိုက်သည်။


"အမ်း?"


 မုထျန်းဟန်က သူ့ကိုကြည့်လိုက်သည်။


" ဘာဖြစ်လို့လဲ"


"ကျေးဇူးတင်ပါတယ်ကိုကို။" 


မော့တိက သူ၏ညာလက်ကို အသာအယာကိုင်ကာ ခေါင်းကို မော့ကြည့်လိုက်သည်။


 “ကိုကို့ရဲ့ ကြင်နာမှုကို ကျွန်တော်သေချာပေါက် ပြန်ဆပ်မှာပါ။ ကျွန်တော် ကိုယ့်ကိုယ်ကို ပိုက်ဆံရှာနိုင်သွားရင် ကိုကို့ကို ပြန်ပေးမယ်။”


"မင်းဘာလို့ဒီလိုတွေထပ်ပြောရပြန်တာလဲ။ မင်းကို ကိုယ့်ပိုက်ဆံဘယ်တုန်းက ပေးလို့လဲ။" 


မုထျန်းဟန်ကသဘောမတူဟန်ဖြင့်-


“မင်း ဟန်လန်ယီကို ပေးရတဲ့ ပိုက်ဆံနဲ့ အသံလွှင့်ခတွေအကြောင်း ပြောနေတာဆိုရင်တော့ မလိုပါဘူး။ သူတို့က ပေါင်းလိုက်ရင်တောင် ဆယ်သန်းအောက်မှာပဲရှိတယ်။ မင်းအတွက် ကိုယ်ဝယ်ပေးချင်တဲ့ အိမ်လောက်တောင် မရှိဘူး။ ကိုယ့်ကိုကယ်တင်ပေးခဲ့တဲ့အတွက် မင်းကိုပြန်ဆပ်ချင်ပေမယ့် မင်းဆက်တိုက်ငြင်းတယ်‌ လေ။ မင်းကျတော့ ကိုယ်ကို ကယ်နိုင်ပေမယ့် ကိုယ်ကျတော့မင်းကို ကူညီလို့မရဘူးလား"


မုထျန်းဟန်မှာ ဤသို့သောအတွေးများရှိနေခဲ့သည်။ မော့တိအား အိမ်တစ်လုံး သို့မဟုတ် ဗီလာပေးမည်ဟုဆိုလျှင်ပင် ထိုအရာကို လက်ခံမည်မဟုတ်ပေ။ ထို့ကြောင့် သူ့ ကလေးငယ်လေးလိုအပ်သမျှကို ပုံမှန်အတိုင်း ကူညီပေးရမည်။


“ကိုကို၊ ဒါက ကိုကို ဘယ်လိုတွက်ချက်တယ်ဆိုတာမျိုးပေါ့လေ၊ ကိုကို့လောဂျစ်ကြီးက ခေတ်နောက်ကျနေပြီ"


"ဘယ်လိုနောက်ကျနေလို့လဲ။ ကိုယ်က မှန်မှန်ကန်ကန် တွေးတာပဲ။ ဒါက ပြန်ပေးဆပ်တာလေးပဲဟာ။ မင်းကြောင့်သာ မဟုတ်ရင် ကိုယ်သံမဏိပိုက်ရိုက်မိပြီး သေတာကြာပေါ့။ မသေရင်တောင် ကိုယ်ခြေထောက်တွေ ကျိုးသွားလိမ့်မယ်။ ကိုယ်ရဲ့စိတ်ပိုင်းဆိုရာ၊ စိတ်ပိုင်းဆိုင်ရာ ဒါမှမဟုတ် ကျန်းမာရေးပဲဖြစ်ဖြစ်အကြီးအကျယ် ထိုးနှက်ခံရလိမ့်မယ်။ ဒီလို စိတ်ဒဏ်ရာတွေက ငွေဘယ်လောက်ကုန်ကုန် ကုမရဘူး။ ဒီတော့ မင်းကိုယ့်ကိုအများကြီး ကူညီလိုက်ပြီလို့မထင်ဘူးလား"


“ပြီးတော့” မုထျန်းဟန် က မော့တိ ကို ဖြတ်ပြောဖို့ရာ အခွင့်အရေးမပေးခဲ့ချေ။


 “ကိုယ့်ဘဝက အိမ်တစ်လုံးထက် ပိုတန်တယ်ထင်တာပဲ ။ မင်းကိုကူညီဖို့ ကိုယ်သုံးခဲ့တဲ့ ပိုက်ဆံနည်းနည်းက မြို့ထဲမှာ ရိုးရိုးအိမ်တစ်လုံးတောင် ဝယ်လို့မရဘူး။ ကလေးလေး မင်းကိုယ့်ဘဝက တန်ဖိုးမရှိဘူးလို့ မင်းထင်နေတာလား"


"ကိုကို၊ကျွန်တော်ပြောတာ အဲ့အဓိပ္ပာယ်မဟုတ်ဘူးဆိုတာ သိရက်နဲ့"


မော့တိ၏ မျက်ခုံးများ တွန့်ချိုးသွားသည်။


“အဲဒီလို မင်းဆိုလိုတာမဟုတ်ဘူးဆိုတာ သိတယ်။ ဒါပေမဲ့ မင်းက စာအုပ်ကြီးအတိုင်းလိုက်ပြီး မျှတအောင် ထိန်းဖို့ အမြဲကြိုးစားနေတာ။ မင်းကိုယ့်ကိုအကြွေးတင်တယ်လို့ ဆက်တိုက်ပြောနေတဲ့အခါတိုင်း ကိုယ်နဲ့မင်းကြားမှာ အကွာအဝေးထားနေသလိုခံစားရတယ်။" 


မုထျန်းဟန်က မော့တိ၏ ဆံပင်တွေကို ပွတ်သပ်ရင်း-


“ကလေးလေး၊ မင်းစာအုပ်ကြီးအတိုင်း လုပ်နေတာ ကိုယ်တို့ကြားမှာ လစ်ဟာနေသလိုခံစားရတယ်။ကိုယ်တို့ကြားက အကြွေးတွေအကြောင်း မပြောနဲ့တော့။ နားလည်ပြီလား။"


"ကျွန်တော်…ကျွန်တော်သိပါပြီ။” 


မော့တိမှာ သူ့နှလုံးသားလေး အနည်းငယ် ထုံကျင်သွားသလို ခံစားလိုက်ရသည်။ ဤခံစားချက်က ဘာလဲဆိုတာကိုတော့ သူ မပြောနိုင်ချေ။ သူ ယခင်ကတည်းက စကားတစ်ခွန်းကြောင့် ဤကဲ့သို့မခံစားခဲ့ဖူးပေ။


ပွေ့ဖက်ထားသလို သူ့တစ်ကိုယ်လုံးကို နွေးထွေးစေသည်။



မုထျန်းဟန်က စစ်ဆေးမှုး၀မ် ကို သွားတွေ့ သည့်အခါ မော့တိက မလိုက်သွားခဲ့ပေ။ အိမ်အပြင်ဘက် ကားထဲ၌သာ စောင့်နေခဲ့သည်။


ကစားပွဲကို ပြောင်းပြန်လှန်ပြီးနောက် လူတို့၏ထင်မြင်ချက် မည်သို့တိုးတက်လာသည်အားကြည့်ရန် ဝေးပေါ်ကိုဖွင့်လိုက်သည်။


သူဝင်လိုက်သည်နှင့် မျက်နှာပြင်က...


Freezeဖြစ်နေ၏။ 


မော့တိသည် ပြောစရာမဲ့သွားကာ ပြန်ထွက်ပြီး ပြန်၀င်လိုက်သော်လည်း ထိုနည်း အတိုင်းပင်။


မော့တိ : “…”


ခုနစ်ကြိမ် သို့မဟုတ် ရှစ်ကြိမ်ခန့်ကြာပြီးနောက် နောက်ဆုံးတွင် မော့တိတစ်ယောက် ဝင်နိုင်သွား၏။


မော့တိက မော့အုပ်စု၏ ရှယ်ယာများ ကျဆင်းသွားသည့် သတင်းများကို အာရုံမစိုက်မီ ဆယ်မိနစ်ခန့် ရှာဖွေခဲ့ရသည်။ သူနှာမှုတ်လိုက်၏။


ဆိုးသည်က ဆယ်ရာခိုင်နှုန်းသာ ကျသွားခြင်းပင်။


သို့ပေမယ့် ယင်းက တော်တော် အထင်ကြီး စရာကောင်းနေပြီ။ သူတို့၏ စျေးကွက်တန်ဖိုး ကျသွားသဖြင့်ထိခိုက်နစ်နာစေမည့် ပူးပေါင်းဆောင်ရွက်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများကိုမဆိုလေနှင့်၊ အစုရှယ်ယာရှင်များနှင့်ပင် သူတို့အား ပြဿနာတက်စေလိမ့်မည် ။ ဤတစ်ကြိမ်၌ မပြိုကွဲခဲ့လျှင်ပင် နောက်ထပ် အောင်မြင်မှုတွေကို ပိတ်ဆို့ထားနိုင်သည်။


မဟုတ်ပါက…


ချင်ယီချန်းက သူတို့ကို လက်ကို လွှတ်လိုက်လိမ့်မည်။


မည်သို့ပင်ဆိုစေကာမူ မော့အုပ်စုသည် သူတို့၏ယခင်ဂုဏ်သိက္ခာကို ပြန်မရနိုင်တော့ပေ။ ချင်မိသားစုလည်း ထိခိုက်မည်။ မည်သို့ပင်ဆိုစေကာမူ ထိုသတင်းသည် သူ့အတွက် ဝမ်းသာစရာ သတင်းတစ်ခုပင်။


မော့တိက သူ့ဖုန်းကို ပိတ်ချပြီး လမ်းဘေးက ပန်းတွေကို လှည့်ကြည့်လိုက်စ။


အမှန်မှာ၊ မော့များ၏ဂုဏ်သတင်းကို လုံးလုံးလျားလျား ရှုံ့ချခြင်းသည် ယခုအကြိမ် သူ့ တန်ပြန်တိုက်စစ်၏ စိတ်ကျေနပ်စရာ အကောင်းဆုံးနှင့် တန်ဖိုးအရှိဆုံး ကဏ္ဍဖြစ်သည်။


အဘယ်ကြောင့်ဆိုသော် ဤအရာက မော့မိသားစုအနေဖြင့် အမှန်တရားကို မည်သို့အသုံးချခဲ့သည်ကို လူအများသိရှိနားလည်ပြီးနောက် သူတို့၏နှလုံးသားထဲတွင် နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်သွားပြီ ဖြစ်သောကြောင့်ဖြစ်သည်။ အနာဂတ်တွင်၊ အများစုက မော့မိသားစု၏ အဓိပ္ပါယ်မရှိသည့်စကားများကို မျက်စိမှိတ်ယုံကြည်ကြတော့မည် မဟုတ်ပေ။ အကယ်၍ သူတို့ မော့တိကို ထပ်ပြီး ကျိန်ဆဲရန်ကြိုးစားလာပါမူ သူတို့၏စကားများက သူ့အပေါ် မည်သည့်သက်ရောက်မှုရှိတော့မှာမဟုတ်ချေ။ ထို့အစား သူ့အတွက် အကျိုးပင်ရှိနိုင်၏။


သူပြန်လည်မွေးဖွားပြီးနောက်၊ သူ၏ရည်မှန်းချက်များထဲမှတစ်ခုသည် တက်နိုင်သမျှ ' ဖြတ်လျှောက်များ' ၏ မျက်နှာသာပေးမှုနှင့် ပံ့ပိုးမှုများစွာကို ရယူရန်ဖြစ်ပြီး၊ ယခုတွင် ယင်း၏သေးငယ်သောအစိတ်အပိုင်းတစ်ခုကို ပြီးမြောက်ခဲ့ပြီပင်။


ပို၍အရေးကြီးသည်မှာ၊ ဤတိုက်ပွဲတွင်၊ ၎င်းသည် မော့လျှိုကွေ့အား နတ်ဘုရားမအဖြစ် တည်ရှိမှုတွင် ကြီးမားသော အက်ကြောင်းများကို ထပ်မံဖြစ်ပေါ်စေခဲ့သည်။ ပြီးခဲ့သည့်အကြိမ်နှင် ယှဉ်ပါက ပိုလေးနက်သည်။


လူတွေက သူမ၏ရည်ရွယ်ချက်များကို စတင်မေးခွန်းထုတ်ခဲ့ပြီး သူမ၏မျက်ရည်တွေအပေါ်မှာလည်း မတုန်လှုပ်တော့ပေ။ သူမကို ချီးကျူးဖို့ တန်းစီစောင့်ဆိုင်းနေသည့် သူ့အတိတ်ဘဝမှ လူမျာ၊။ သူမကို သူတို့အနှစ်သက်ဆုံး ကျော်ကြားသူအဖြစ် မဲပေးခဲ့ကြသူများနှင့်မတူဘဲ နိုင်ငံခြားသားတိုင်းက ဟွာရှားအကြောင်း ပြောကြသည့်အခါ သူ့အကြောင်း တွေးကြလိမ့်မည်၊၊ ဤတစ်ကြိမ်မှာတော့ အခြေအနေတွေက အများကြီး ပိုကောင်းလာပါ၏။ သဘာဝကျကျပင် အင်တာနက်ပေါ်မှ ဗီဒီယိုကိုကြည့်ပြီးနောက် သူမအတွက်ဒေါသထွက်ကာ သူမပရိတ်သတ်ဖြစ်လာသည့် ဖြတ်လျှောက်တွေ ရှိနေဆဲဖြစ်သော်လည်း ကိစ္စမရှိပါချေ။ သူမ၏ အတုမရှိမျက်နှာဖုံးမှာ ပျက်စီးသွားပြီဖြစ်ရာ လုံလောက်ပါသည်။ အဆုံးမှာတော့ ရောမမြို့ကို တစ်ရက်တည်းနှင့် မတည်ဆောက်နိုင်ပေ။ သူ့ကို အလွယ်တကူ ဖြုတ်ချဖို့ဆိုသည်မှာလည်း လက်တွေ့သိပ်မကျပါချေ။


မော့တိနှင့် မုထျန်းဟန်တို့က နောက်ဆုံးတွင် ကြိုးစားအားထုတ်မှု ပြီးဆုံးသွားသောအခါ ညနေ ခြောက်နာရီခွဲနေပြီဖြစ်သည်။ သူတို့နှစ်ယောက်သည် တနေကုန်အစားတလူပ်ကိုပင် မစားရသေးသည့်အတွက် မနေနိုင်ဘဲ ဗိုက်ဆာသလိုခံစားလိုက်ရသည်။


"ကလေးလေး၊ မြို့တော်မှာရှိတဲ့ အစစ်မှန်ဆုံး အဆာပြေဆိုင်တွေ စားသောက်ဆိုင်တွေကို သွားမယ်ဆိုတာက အခုထိ အကြုံး၀င်သေးလား"


 မုထျန်းဟန်က ယာဉ်မောင်းထိုင်ခုံတွင် ထိုင်နေပြီး စတီယာရင်ကိုကိုင်ထားသည်။ သူက မော့တိဘက်ကို လှည့်ကြည့်ပြီး ပြုံးပြလိုက်သည်။


“ဒါပေါ့ အကြုံး၀င်နေသေးတာပေါ့"


‌မော့တိ က သဘာဝအတိုင်း ပြုံးပြပြီးပြောလာသည်။


 "စီစဉ်ထားတဲ့အတိုင်း ဒီည လီချန်း လမ်းကြားမှာရှိတဲ့ လောင်လိထုန်စားသောက်ဆိုင်ကို သွားမယ်။ အဲဒီစားသောက်ဆိုင်မှာ ကျွန်တော်စမ်းကြည့်ဖူးသမျှ အရသာအရှိဆုံး ဒေသထွက်အစားအစာတွေ ရှိတယ်။ တကယ်ကောင်းတာ။ ပြီးတော့ သူတို့ဆီက အဓိကဟင်းလျာတွေတင်မကဘူး သရေစာတွေလည်း အရသာရှိတယ်။ ရိုးရာအရသာနဲ့ အရသာအသစ်တွေလည်း ရှိတယ်။ သူတို့ရဲ့ ချောကလက်အရသာ လုတာ့ကွမ်(TN: ကောက်ညှင်းပေါင်း) က အကောင်းဆုံးလို့ ပြောကြတယ်။ ကိုကို၊ မယ်ခင်များကြိုက်မှာသေချာတယ်!"


"ချောကလက်အရသာ လုတာကွမ်?"


"အင်း! ရိုးရာအစားအစာဖြစ်တဲ့ ပဲနီလေးအစာသွပ်လေ။ အသစ်ဖန်တီးထားတဲ့ ချောကလက်အရသာက ပဲပိစပ်မှုန့်နဲ့ လုပ်ထားတာ၊ အဲဒါက ချောကလက်လိုမျိုးပဲ အရသာရှိတယ် ။ အံ့သြစရာမကောင်းဘူးလား!"


"ချောကလက်ကြိုက်တယ်ဆိုတာ ဘယ်လိုသိလဲ"


မုထျန်းဟန်၏ မျက်လုံးများ အနည်းငယ် ကွေးသွားသည်။ သူ့မျက်လုံးများသည် လမ်းပေါ်မှ မီးရောင်များဖြင့် လင်းထိန်နေသည်။


 "မင်း လိုင်သယ်စစ်ကို မေးခဲ့တာလား?"


“မဟုတ်ဘူး… ကျွန်တော်မလုပ်ဘူး။ ကျွန်တော် မှန်းကြည့်လိုက်တာ!" 


မော့တိက အသည်းအသန်ပြန်ဖြေသည်။


"ကိုယ်တော့ ကိုယ်ချောကလက်မကြိုက်လို့ မင်းကခန့်မှန်းတယ်လို့ပဲ မြင်တယ်။" 


မုထျန်းဟန်က ပြုံးလာသည်။


 “ဒါပေမဲ့ ကိုယ်အချိုပွဲတွေကိုတော့ ကြိုက်တယ်။ ပြီးတော့ ပေကျင်းဟင်းလျာစစ်စစ်တွေကို စမ်းစားကြည့်ဖို့လည်း မျှော်လင့်တယ်။ အခု ကိူယ်တို့ ညစာစားရအောင်။"


မော့တိက နာခံမှုရှိစွာဖြင့် သဘောတူခဲ့သော်လည်း အတွင်းစိတ်က ရှုပ်ထွေးသွားသည်။ လိုင်သယ်စစ်က မုထျန်းဟန် ချောကလက် ကြိုက်ကြောင်း ရှင်းရှင်းလင်းလင်းပြောခဲ့သည်ပင်။ အခုကျ ဘာလို့ မဟုတ်ရတာလဲ။


လိုင်သယ်စစ်၊ သူက.... စိတ်မချရဘူး။


Xxxxxx