အပိုင်း ၃၉
Viewers 28k

Chapter 39


ကျောက်ခွမ်းချန်က ကောလိပ်ဝင်ခွင့်စာမေးပွဲမေးခွန်းတို့အား ပေါက်ကြားစေခဲ့မိပါကြောင်း ဝန်ခံခဲ့ပြီး မော့တိအားလည်း ချောက်ချမိပါကြောင်း ဝန်ခံခဲ့သည်။ ကျောက်ကွမ်းချန်၏အစ်ကိုမှာ မာမိသားစုကုမ္ပဏီမှ အထွေထွေမန်နေဂျာဖြစ်သည်။ သူဖမ်းဆီးခံရပြီးနောက် ကျောက်ခွမ်းချန်က သူတို့အားဖော်ထုတ်မိပါလျှင် မာမိသားစုမှ သူ့အစ်ကိုအားရှာဖွေ၍ လက်စားချေမည်ကို စိုးရိမ်ခဲ့သည်။  


တစ်ချိန်တည်းမှာပင် မော့မိသားစုရှိ အငယ်ဆုံးသခင်လေး၏ မကောင်းသတင်း၊ သူ့မိသားစုက သူ့ကို မနှစ်သက်ကြောင်းနှင့် ကျောင်းတွင်လည်း နာမည်ဆိုးရှိကြောင်း ကြားသိခဲ့ရသည်။ ထို့ကြောင့် ကောလိပ်ဝင်ခွင့်စာမေးပွဲကိစ္စအား ရှာဖွေတွေ့ရှိသွားကြသည့်အခါ သက်သေအတုလုပ်ပြီး ရဲတပ်ဖွဲ့ဝင်များအား လမ်းလွဲစေခဲ့ရာတွင် မော့ရှစ်ဟုန်ပါဝင်ခဲ့သည့် ငြင်းဆိုမရသော သက်သေများ ရှိလာ၏။


သူ့အား စွဲချက်တင်ခံရပြီးနောက် ဆယ်ရက်အတွင်း ပြည်သူ့တရားရုံးတွင် ကြားနာစစ်ဆေးမည်ဖြစ်သည်။ အချိန်ကျလာသည့်အခါ ကျွမ်းကျင်သူတို့၏ခန့်မှန်းချက်အရ ယခုနှစ်၏ အမြင့်ဆုံးအပူချိန်မှာ တစ်ဆယ်စင်ဒီဂရိတ်ထက် လျော့နည်းမည်ဟူ၏။ မော့ရှစ်ဟုန်တစ်ယောက် တရားစွဲခံလိုက်ရပါသည်။


တရားရုံးတင်မည့်နေ့က ဆယ်ရက်အတွင်းတွင်ဖြစ်၏။


မော့တိ၏ နှုတ်ခမ်းထက်၌ သဘာဝမကျသဘ့်အပြုံးတစ်ခု ပေါ်လာသည်။ နောက်တစ်ခဏ၌ သူ့ကိုယ်သူ စောင်ထဲ၌ မြှုပ်နှံလိုက်ကာ မျက်ရည်တို့ကြားမှ ငိုကြွေးလိုက်သည်။ 


ယင်းက ပထမဆုံးခြေလှမ်းသာ ရှိသေးသည်။ မော့မိသားစုဝင်များက တန်းစီကာဖြင့် တစ်ယောက်ပြီးတစ်ယောက် သူတို့နှင့် ထိုက်တန်သည့် အပြစ်ပေးမှုကို ခံယူရပေလိမ်မ့ည်။


မော့ရှစ်ဟုန်က အစတစ်ခုပင်။ လှပသည့် အစပြုခြင်းတစ်ခုသာ ဖြစ်ချေ၏။



မော့တိက မုထျန်းဟန်အား ဟွမ်ဖုလမ်းရှိ သူတို့တန်းစီခဲ့ရသည်ကို အမှတ်ရနေသော ပိုင်နျန်လုထျန်းအမည်ရှိ စားသောက်ရာနေရာကို ခေါ်သွားလိုက်သည်။ 


လူအုပ်ထဲမှ အသက်၅၀အရွယ်ရှိ အမျိုးသမီးတစ်ဦး ထွက်လာကာ သူ့အား သစ္စာမရှိသူဟူ၍ ဝေဖန်ရင်း 'မိဘအားလုံးက မှန်သည်'ဟု ဆိုလာသည်။ သူ့အနေဖြင့် မော့ရှစ်ဟုန်ကိုနားလည်ရန် ကြိုးစားသင့်ပြီး တရားမစွဲသင့်ကြောင်း ပြော၏။ သို့ပေသိ မော့တိက ယနေ့တွင် စိတ်အခြေအနေကောင်းမွန်နေလေရာ သူမကြောင့် သနားစရာ သိပ်ကောင်းမနေပေ။ သူက စိတ်ထဲမှနေ၍ လှောင်ပြုံးပြုံးကာ အလယ်အလတ်လေသံဖြင့် သူမအား ကောလိပ်ဝင်ခွင့်စာမေးပွဲပြဿနာအကြောင်း ရှင်းပြလိုက်သည်။ မော့ရှစ်ဟုန်က ရာဇဝတ်တစ်ခုအား ကျူးလွန်ခဲ့၍ တရားစွဲခံရခြင်းဖြစ်ရာ မည်သို့မှ လုပ်၍မရနိုင်ပါချေ။


  


သူရှင်းပြ၍ပြီးသောအခါ အဖွားအိုတစ်ဦးက ထိုအမျိုးသမီးကို ပြန်ဆွဲခေါ်ကာ ထိုသို့စိတ်ပျက်စရာ ဆိုးရွားလွန်းသူကို မတွေ့ဖူးကြောင်း ဆိုလေ၏။


ဤသို့သော တိရစ္ဆာန်ကောင်တွင် မိဘရှိဖို့ရာ မထိုက်တန်ကြောင်းပြောသည်။ အနားရှိ မိန်းမငယ်လေးများစွာက သူတို့သဘောမတူကြောင်း ထုတ်ပြလာကာ ထိုသို့သော လူ့အညစ်အကြေးကို ပြစ်ဒဏ်ပြင်းပြင်းထန်ထန်ချမှတ်သင့်ကြောင်း ဆိုကြလေသည်။ 


ဖြတ်လျှောက်များက သူ့ကို မည်သို့ထောက်ခံကြသည်အား မြင်ပြီးနောက် မော့တိ၏စိတ်အခြေအနေကောင်းလေးမှာ ဖျက်ဆီးမခံလိုက်ရပေ။


သူ့ဘေးရှိ မုထျန်းဟန်က သူ့ဆံပင်တို့အား ပွတ်သပ်ကာ တိုးတိုးလေး ပြောလိုက်သည်။


"ဒီနေရာက ဝယ်သူတွေက အမြင်ကောင်းရှိတာပဲ၊ တကယ့်ကို ဆိုင်ကောင်းတစ်ခုပဲနော်"


မော့တိချက်ချင်းဆိုသလို ရယ်မောသွားရသည်။ ဤသည်မှာ ဆိုင်တစ်ခုကောင်းမကောင်းအပေါ် မည်သို့ဆုံးဖြတ်သည်အား ပထမဆုံးအကြိမ် ကြားလိုက်ရခြင်းဖြစ်၏။


ဘာကြောင့်များ သူမုထျန်းဟန်နှင့် အချိန်ပိူဖြုန်းလေလေ မုထျန်းဟန်က ယုံကြည်ရကာ တည်ငြိမ်၊ရင့်ကျက်ပြီး ဆွဲဆောင်မှုရှိရုံမျှမက အတော်လေးစိတ်ဝင်စားစရာကောင်းပြီး ချစ်ဖို့ကောင်းသည်ဟု ခံစားရလေလေဖြစ်လာရသည်လဲ။ 


ဤနေ့ကျော်လွန်ပြီးသည်နှင့် မုထျန်းဟန်က အလုပ်ရှုပ်လွန်းသောသူတစ်ဦး၏ဘဝကို ပြန်သွားရတော့မည်ဖြစ်သည်။


တစ်ချိန်တည်းမှာပင် မော့တိသည်လည်း စတင်၍ လှုပ်ရှား ရတော့မည်။


သူ့အစီအစဥ်များရှိ အရေးပါသောအပိုင်းဖြစ်သည့် ဒုတိယအဆင့်ကို စတင်ရတော့မည်။ သူ့ကုမ္ပဏီအား ပြန်လည်တည်ထောင်ရန်၊ မော့မိသားစုမှ ယူသွားသည့် သူပြုလုပ်ထားသော ဂိမ်းအား ယူလာရန်နှင့် ယင်းအကြောင်းကို ဟွာရှားတစ်ခုလုံး သိသွားစေရန်ဖြစ်ကာ ကမ္ဘာကြီးကပင် သိသွားစေရန်ဖြစ်၏။


ပထမဆုံးအနေနှင့် မော့တိလုပ်သည့်အရာမှာ ငွေရရှိရန်အတွက် အွန်လိုင်းမှ ဘာသာပြန်အမှာများစွာကို လက်ခံခြင်းပေ။ ပြီးနောက် သူပိုင်သမျှတို့၌ တန်ဖိုးအရှိဆုံးဖြစ်သော သူ၏ကွန်ပျူတာအဟောင်းကိုရောင်းရန်ဖြစ်သည်။ လုံလောက်သောပမာဏကို စုစည်းပြီးပါက ပြီးပြည့်စုံသောအဆင့်မြင့်ကွန်ပြူတာတစ်လုံးကို ဝယ်ကာ ဂိမ်းပရိုဂရမ်ရေးဆွဲတော့မည်။


သာယာသည့်အချိန်များစွာက အလျင်အမြန့ကုန်ဆုံးသွားပြီးနောက် မော့တိ သတိပြုမိချိန်တွင် ဆယ်ရက်ရှိပြီဖြစ်ကာ မော့ရှစ်ဟုန်အား ခုံရုံးတင်မည့်နေပင်ရောက်ပြီဖြစ်၏။


မော့တိက မော့ရှစ်ဟုန်၏ လျှောက်လဲချက်စကားတို့အား သူ့မျက်လုံးဖြင့် မြင်ချင်မိသည်။ သူ့ဖခင်အနေဖြင့် နောင်တ,တရား တစ်စွန်းတစ်စကို ခံစားရမလားဟု သိချင်မိ၏။


သေချာပေါက်ကို သူ့အပေါ်ဆက်ဆံခဲ့သည်တို့အတွက် မော့ရှစ်ဟုန် နောင်တရလိမ့်မည်ဟု သူမမျှော်လင့်ထားပါချေ။ သူ့အားသက်သေအတုလုပ်ကာ ချောက်ချမိ၍ ထောင်ထဲသွားရမည်ဖြစ်သောကြောင့် ရလာသော နောင်တကိုသာ မြင်လိုခြင်းဖြစ်သည်။ 


မုထျန်းဟန်က အလွန်အလုပ်ရှုပ်နေသဖြင့် တရားရုံးသို့ မော့တိတစ်ယောက်ထဲ သွားခဲ့ရသည်။ သူက ဦးထုပ်ဆောင်းကာ မျက်နှာကို ဖုံးသွားလိုက်၏။


ကြားနာစဥ်အတွင်း ဆဲလ်ဖုန်းများကို ပိတ်ထားရသဖြင့် ယနေ့က ကောလိပ်ဝင်ခွင့်စာမေးပွဲရလဒ်များ ထုတ်ပြန်သည့်နေ့ဖြစ်ကြောင်း သတိမမူမိခဲ့ပေ။ သူ့ရလာဘ်များကိုလည်း စစ်ဆေးနိုင်လိမ့်မည်။


ပြီးနောက် သူမသိသေးသည့်အရာမှာ ရှာကျားနိုင်ငံတကာကျောင်းက သူ၏အမည်နှင့်ရလဒ်ကို ပရင့်ထုတ်ပြီး ကျောင်းပင်မတံခါးဝတွင်ချိတ်ဆွဲထားကြောင်းပင်။


“ဂုဏ်ယူပါတယ် ငါတို့ကျောင်းသားမော့တိ၊ အမှတ်၇၂၉မှတ်နှင့် မြို့တော်ကောလိပ်ဝင်ခွင့်စာမေးပွဲမှာ ပထမရခဲ့ပါတယ် !”


ရလာဒ်သတင်းတို့မှာ တောမီးပမာ ပြန့်နှံ့သွားပြီး မီဒီယာများကလည်း တင်လာကြသည်။ ဆန်းသစ်သော အရေးအသား အမျိုးမျိုးမှာလည်း သာမန်ပြည်သူတို့၏ ဖုန်းအတွင်း၌ ထုတ်လွှင့်ခံရ၏။


“ ရှာကျားကျောင်းမှ မော့တိက ကောလိပ်ဝင်ခွင့်စာမေးပွဲရဲ့ ပထမရသူအဖြစ် ထွက်လာပါပြီ!”


“စာမေးပွဲမှာ လှည့်စားခဲ့တယ်လို့ ချောက်ချခံရပြီးနောက် မော့တိရဲ့ရလဒ်မှာ မြို့တော်တစ်ခုလုံး၌ အမြင့်ဆုံးရမှတ်၇၂၉မှတ်ဖြင့် ထိပ်ဆုံးနေရာကိုစွဲခဲ့ပါတယ် !”


“ကြိုးစားမှုရဲ့ရလာဒ်ပါပဲ။ ကျောက်ခွမ်းချန်ကြောင့် ချောက်ချခံရပြီး သူ့မိသားစုဆီကအနိုင်ကျင့်ခံရတဲ့မော့တိဟာ ရမှတ်၇၂၉မှတ်နှင့် မြို့တော်တစ်ခုလုံးမှာ အမြင့်ဆုံးရမှတ်ကို ရခဲ့ပါတယ် !”



ဆန့်ကျင်ဘက်သတင်းနှစ်ခုနှင့် ပတ်သက်၍ အင်တာနက်တွင် ဆွေးနွေးမှုများ မြင့်တက်လာခဲ့သည်။


“ မော့တိက ပထမ စကော်လာဆုရှင်” “ကောလိပ်ဝင်ခွင့် စာမေးပွဲတွင် မော့တိ ပထမရ” “ မော့ရှစ်ဟုန် လွတ်မြောက်ခြင်း” စသည်တို့သည် ထိပ်တန်းရှာဖွေမှုများ၏ ရှေ့ဆုံးသို့လျင်မြန်စွာ တွန်းပို့ခံခဲ့ရပြီး တက်ကြွသော တုံ့ပြန်မှုများရရှိခဲ့သည်။


“ဝိုး ၇၂၉ မှတ်။ မော့တိက ရှယ်ပဲ!!!"


"ဟားဟား! ဒါကငါ့ကိုသတ်နေတာပဲ! ဦးနှောက်က ထူးဆန်းပြီး ရက်စက်တဲ့အဖေက မော့လေးကို ခွဲထုတ်ချင်လို့ ဆက်ဆံရေးဖြတ်တောက်တဲ့ သဘောတူစာချုပ်ကိုတောင် အွန်လိုင်းမှာ လွှင့်တင်ခဲ့သေးတယ် ဒါပေမယ့် နောက်ဆုံးကျတော့ မော့လေးက ဆက်ဆံရေးဖြတ်တောက်တဲ့ သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးလိုက်ပြီး ရဲတွေက မော့လေး ခေါ်ဆောင်သွားမယ့်အစား သူကိုပဲ ဖမ်းသွားခဲ့တယ် အခုလည်း မော့လေးက ၇၂၉မှတ် နဲ့ ချန်ပီယံဖြစ်ပြီး သူ ထောင်ကျနေတုန်း စာမေးပွဲမှာ ပထမနေရာရခဲ့တယ် ဟား ဟား ဟား ကောင်းကင်ဘုံမှာ တကယ်ပဲ မျက်လုံးတွေရှိတယ်”


“ပြောရရင် သတင်းနှစ်ခုက ငါ့ဖုန်းမှာ တစ်ပြိုင်တည်း ပေါ်လာတယ် ဒီလိုမျိုး တစ်ခုပြီး တစ်ခုပေါ်လာတာက ဘယ်လောက် စိတ်လှုပ်ရှားစရာကောင်းတယ်ဆိုတာ နားလည် ကြရဲ့လား''


"ငါသိတယ်! ငါ့မှာလည်း ဒီလိုပဲ ဖြစ်ခဲ့လို့ပဲ!"


"+1!!!"


“ဟေး ဟေး ဟေး၊ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ဗီဒီယိုက ငါ့ကို ဒေါသထွက်ပြီး နာကျင်စေတယ် အခုကျ အရမ်းခံစားရ ကောင်းနေပါလား အိုး ဟုတ်ပြီကွ!"


"ဘုရားရေ ငါ့အဖွားကပြောတယ် ဒုက္ခပင်လယ်ထဲရောက်နေပေမယ့် ဒီလောက်တော်တဲ့ ကလေးတစ်ယောက်ကိုဘယ်သူမှဒီတိုင်းကြည့်မနေနိုင်ပါဘူးတဲ့ အခုလည်း သူမက ဝက်ခွာစွပ်ပြုတ်နဲ့ အောင်ပွဲခံမယ် လို့ ပြောတယ် အဖွား ဖွားမြေးလေးက ကိုယ်အလေးချိန်ချဖို့ ကြိုးစားနေပါတယ်ဆိုနေ''


“…”


Weibo မှ ရှာဖွေမှု မှတ်ချက်များသည် ပွဲတော်တစ်ခုနှင့် ဆင်တူနေသည်။ အပျက်သဘောဆောင်ပြီး ရိုင်းစိုင်းတဲ့ မှတ်ချက်တွေ ရှိနေသေးသော်လည်း အင်တာနက်သုံးစွဲသူအများစုကမူ ချီးကျူးဂုဏ်ပြုသည့် ခံစားချက်များ ရှိနေကြသည်။


တွစ်တာသတင်းဌာနများသည် ခွဲခြားဆက်ဆံခြင်းမပြုသောကြောင့် မော့ယီချန်း၊ မော့ဝုဟန်နှင့် အခြားသူများသည်လည်း ဤမတူခြားနားသည့် စိတ်လှုပ်ရှားဖွယ်ရာ သတင်းအစုံလိုက်အား လက်ခံရရှိခဲ့သည်။


မော့ဝုဟန်သည် နှာခေါင်းရိုးကျိုးနေသဖြင့် အသက်ရှုကျပ်နေပြီးသားဖြစ်သည်။ သတင်းကိုမြင်ပြီးနောက်တွင် သူ၏ဒေါသကြောင့် အသက်ရှူမဝခြင်းများက ပိုမိုဆိုးရွားလာကာ မျက်နှာတစ်ခုလုံးသည် ဝက်ခေါင်းကဲ့သို့ နီရဲလာခဲ့သည်။ မော်ဒယ်လ်ပြိုင်ပွဲ အကြောင်းကို ထည့်ပြောစရာပင်မလိုချေ။ အိမ်ကထွက်သည်နှင့် ရွံရှာဖွယ်ကောင်းသော အကြည့်များ ဖြင့် ကြည့်ခံရနိုင်သည်။


မော့လျှိုကွေ့ သည် နီရဲနေသော မျက်လုံးများဖြင့် ဧည့်ခန်းအတွင်းသို့ ၀င်လာသည် ။ မော့ဝုဟန်ကိုမြင်သည်နှင့် သူမက အမြန်‌ပြေးလာပြီး သူ့နောက်ကျောကို ပုတ်လိုက်သည်။


- “ပဉ္စမအစ်ကို ဘာဖြစ်နေတာလဲ အဆင်ပြေရဲ့လား"


"ရှောင်ကွေ့ မင်းငါ့ကို စကားပြောဖို့ ဆန္ဒရှိ သေးတယ်ပေါ့"


မော့ဝုဟန်က အံ့အားသင့်စွာဖြင့် မော့လျှိုကွေ့ကို မော့ကြည့်လိုက်သည်။


လွန်ခဲ့သည့် ဆယ်ရက်ကတည်းက မော့လျှိုကွေ့ သည် သူ့အား စကားပြောရန် ငြင်းခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူသည် သူမအား လှည့်စားထားခဲ့ပြီး သူမ၏ဦးလေး၊ အဘိုးနှင့် အခြားသူများနှင့်အတူ မော့တိနှင့် ဆက်ဆံရေးဖြတ်ရန် သွားကြသောကြောင့်ဖြစ်သည်။ စိတ်ဓာတ်ကျမှုများက သူ့ကိုသတ်ပစ်‌ နေသည်။


ဤကိစ္စသည် သူ့အပြစ်ချည်းသာ မဟုတ်နေပေ။ သူ၏ တတိယဦးလေးနဲ့ အဘိုးလည်း ပါဝင်နေသည်။ နူးညံ့သိမ်မွေ့လွန်းသော ရှောင်ကွေ့သည် နောက်ဆုံးအခိုက်အတန့်အထိ သူတို့ကို တားဆီးနိုင်သည်ကို သူတို့သိသောကြောင့် ထိုသို့ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။


“ကောင်းပြီ နင့်ကို ဘယ်သူကခေါ်နေလို့လဲ ပဉ္စမမြောက်အကို ငါက နင့်ရဲ့ ကျန်းမာရေးအတွက် စိတ်တောင် ပူလို့မရဘူးလား''


မော့လျှိုကွေ့က က သူ့ထံမှ လှည့်ထွက်သွားသည်။


 "အစ်ကိုက အနာဂတ်မှာ အရမ်းခေါင်းမာနေပြီး ကိစ္စတွေကို ငါ့ဆီကနေ ဖုံးကွယ်ထားသေးတယ်ဆိုရင် အစ်ကို့ကို အမြဲတမ်း လျစ်လျူရှုလိုက်မယ်!"


“ငါ လုံးဝ မလုပ်တော့ပါဘူး။ ငါမှားမှန်းသိပါပြီ! ရှောင်ကွေ့ အစ်ကို့ကို လျစ်လျူရှုတာ ရပ်တော့နော် နောင်အနာဂတ်ကျရင်လည်း မင်းစကားကို ငါနားထောင်ပြီး မင်းနောက်ကွယ်မှာ ဆုံးဖြတ်ချက်တွေ မချတော့ဘူး!" 


မော့ဝူဟန်က သူ့လက်ကို ကျန်ဆိုဟန် မြှောက်လိုက်သည်။


 “ဒီလိုမျိုး ထပ်မလုပ်တော့ဘူးလို့ ကတိပေးတယ် ရှောင်ကွေ့ကျေးဇူးပြုပြီး ငါ့ကို ခွင့်လွှတ်ပါ ရှောင်ကွေ့ မင်းက အကောင်းဆုံးပဲ ညီမလေး မင်းက အကောင်းဆုံးပဲ!"


မော့လျှိုကွေ့ က နှုတ်ခမ်းကို ခပ်ဖွဖွ တွန့်ချိုးလိုက်ပြီး လှည့်ကြည့်ကာ ပြောလိုက်သည်။


 " နင်ပြောတာနော် ပဉ္စမမြောက်အစ်ကို အခုကစပြီး ငါ့စကားကို နားထောင်ရမယ်" 


"သေချာတာပေါ့ လုံးဝကိုနားထောင်မှာ!"


"ဒါဆိုရင် ပဉ္စမမြောက်အစ်ကို အခု နင်လုပ်ရမှာက…... ရှောင်တိက 729 မှတ် တောင်ရတယ်လား" 


မော့လျှိုကွေ့ သည် မော့ဝုဟန် ၏ဖုန်းမှသတင်းကိုမြင်ပြီး အံ့အားသင့်သွားသည်။


 "သူက မြို့တော်တစ်ခုလုံးမှာ အမှတ်အများဆုံး ချန်ပီယံလား။!!"


မော့ဝူဟန်က သူ့ဖုန်းကို ဆိုဖာထဲကို အလျင်အမြန် ဆွဲထည့်လိုက်ပြီး ခုနက သူလုပ်ခဲ့တဲ့ အမှားအတွက် နောင်တရနေခဲ့သည်။ 


“ဒီနှစ် ကောလိပ်ဝင်ခွင့် စာမေးပွဲက အဆင့်သတ်မှတ်မှု ပိုမြင့်တယ် ဒီကောင်က ဘယ်သူမှ မထိန်းချုပ်နိုင်မယ့်အရာတခုခုကိုလုပ်လိုက်တာ ဖြစ်မယ် သူဒီလိုမျိုးရလဒ်ကောင်းတွေရဖို့ ဆိုတာ သူ့အတွက် မဖြစ်နိုင်ဘူး ရှောင်ကွေ့ အဲဒါကို အာရုံစိုက်မနေနဲ့"


မော့လျှိုကွေ့က နုံးချိပင်ပန်းသွားသည်။ သူမက ဆက်မပြောမီတွင် ခေတ္တရပ်လိုက်ပြီး‌နောက် ပြောလိုက်သည်။


“ငါ စိတ်ထဲမထားပါဘူး ရှောင်တိ အတွက် ငါပျော်တယ် ပဉ္စမမြောက်အစ်ကိုလည်း ရှောင်တိလှည့်စားတယ်လို့ မပြောနဲ့တော့ သူ ရုတ်တရက် အတွေးတွေ ဝင်လာနိုင်တာလည်းဖြစ်နိုင်တာပဲ သူရဲ့ အတန်းဖော်တွေက အများအားဖြင့် ညံ့ဖျင်း‌ နေပေ့မယ်လည်း သူ အလုပ်ကြိုးစားလိုက်တော့ ကြီးမားတဲ့ အရည်အသွေး ပြောင်းလဲမှုကြီးကို ဖြစ်ပေါ်စေနိုင်တာပဲ သူ ငါတို့နဲ့ ဆက်ဆံရေးဖြတ်ခဲ့ရတာ သနားစရာကောင်းတယ်''


"ဘွဲ့နှင်းသဘင်ပွဲကို အတူတူကျင်းပနိုင်ရင် ကောင်းမယ်…”


“ရှောင်ကွေ့…”


မော့လျှိုကွေ့ ဝမ်းနည်းနေသည်ကို မြင်လိုက်ရသဖြင့် မော့ဝုဟန်၏ နှလုံးသားမှာ အလွန်နာကျင်သွားရသည်။


"ဒါပေမယ့် သူက ငါ့အဖေကို နာကျင်စေတဲ့အတွက် ဒီတစ်ခါတော့ သူ့ကို လွယ်လွယ်နဲ့ ခွင့်မလွှတ်ဘူး"


မော့လျှိုကွေ့က သူမ၏ မျက်လုံးထောင့်ကို သုတ်လိုက်သည်။ မော့ဝုဟန်မှာ သူမ၏ စိတ်ဆင်းရဲနေသောအကြည့်ကိုမြင်ပြီးနောက် မော့တိအား စိတ်တွင်းမှကျိန်ဆဲတော့မည့်အချိန်တွင် မော့လျှိုကွေ့က ပြောလာသည်။


"ပဉ္စမအစ်ကို၊ ငါ့ကိုတရားရုံးခေါ်သွားပေး၊ ငါ စီရင်ချက်ချမယ့်နေရာကို တက်ချင်တယ်" 


နောက်အခိုက်အတန့်တွင် သူမ၏မျက်လုံးများ နီရဲလာသည်။


“အဖေ့ကို တွေ့ချင်တယ်”