အပိုင်း ၄၀
Viewers 28k

Chapter 40


မော့ဝူဟန်က အံသြသွားသည်။ မော့တိကို ကြိမ်းမောင်းမည့် စိတ်ပင် ပျောက်သွားသည်။ ယင်းက မကောင်းပါချေ။ သူ့အဖိုးက ရှောင်ကွေ့ ကြားနာပွဲကို မတက်စေရန် အမိန့်ပေးခဲ့သည်။ တတိယဦးလေးကလည်း သဘောတူသည်။ ပထမတော့ ရှောင်ကွေ့က သူ့ကိုတွေ့သည်နှင့် အရမ်းစိတ်ပျက်သွားမှာကို စိုးရိမ်၍ဖြစ်ပြီး သူတို့နှစ်ယောက်လုံး စိတ်ဆိုးသွားလိမ့်မည်။ ဒုတိယအနေနှင့်မူ မီဒီယာများက သတင်းယူရန် ရောက်ရှိနေကြမည့်အကြောင်း သူသိထားပြီး ရှောင်ကွေ့ကို သူနှင့်တူညီစွာ ထိုဘောင်များထဲ၌ မပိတ်မိစေချင်ပေ။ အခင်းဖြစ်သည့်နေရာသာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေမည်ဆိုလျှင် သူ၏ အဖိုးတန်သမီးလေးအတွက် ခက်ခဲစေလိမ့်မည်။


သူ့အနေနှင့် ရှောင်ကွေ့ကို ဤကဲ့သို့ ရှက်စရာကောင်းသော ကိစ္စအတွက် သတင်းထဲမှာ မဖော်ပြခံရစေချင်ပေ။ ၄င်းသည် သူမအပေါ် အပျက်သဘောဆောင်သည့် သက်ရောက်မှုရှိမည်ဖြစ်သည်။


မော့ဝုဟန်က သူ့ဦးလေး၏ ရည်ရွယ်ချက်ကို နားလည်သောကြောင့် မော့တိကို စိတ်ထဲမှပင် မုန်းတီးခဲ့သည်။ မော့တိကြောင့်သာ မဟုတ်ပါက မော့မိသားစုသည် အွန်လိုင်းကို အလွဲသုံးစားလုပ်မည်မဟုတ်သကဲ့သို့ မော့အုပ်စု၏ရှယ်ယာများလည်း ကျဆင်းမည်မဟုတ်ပေ။ သူ၏တတိယဦးလေးသည်လည်း ပြစ်ဒဏ်ချမှတ်ခံရမည်မဟုတ်ပေ။ အရေးကြီးဆုံးမှာ သူ၏ချစ်လှစွာသောညီမလေးသည် အဆိုပါအညစ်အကြေးများကြောင့် အင်တာနက်ပေါ်တွင် လှောင်ပြောင်သရော်ခံရလိမ့်မည်မဟုတ်ပါချေ။ ဤမော့တိက သေသင့်သည်။ သူအား အစိတ်စိတ်အမွှာမွှာ ထောင်ချီဖြတ်တောက်ပစ်ချင်မိသည်။


မော့ဝုဟန်၏ တိတ်ဆိတ်ခြင်းနှင့်အတူ မော့လျှိုကွေ့မှာ ချက်ချင်းလှည့်ထွက်သွားပြီး ဧည့်ခန်းမှ ထွက်ကာ ဗီလာတံခါးထံသို့ ပြေးသွားသောကြောင့် သူမကို လုံခြုံရေးအစောင့်များက တားဆီးလိုက်သည်။


မော့လျှိုကွေ့တစ်ယောက် အပြင်ထွက်ရန် အလောတကြီးဖြစ်နေပြီး ငိုတော့မည့်အချိန်တွင် ဗီလာအပြင်ဘက်၌ ကားတစ်စီးရပ်သွားကာ ချင်ချန်းယီက ကားပေါ်မှ ဆင်းလာသည်။


သူက မော့လျှိုကွေ့ မျက်ရည်များဝဲနေသည်ကို မြင်လိုက်ရပြီး ချက်ချင်းပင် ဒေါသဖြစ်သွားသည်။ အစောင့်များကို တွန်းထုတ်ပြီး လက်နှင့် ခြေထောက်များအား ရိုက်ချိုးခိုင်းလိုက်သည်။


ထို့နောက် မော့လျှိုကွေ့ကို ကားပေါ်သို့ ခေါ်သွား၏။


မော့ဝုဟန်က သူတို့နောက်သို့ ကမန်းကတန်း လိုက်သွားသည်။ နောက်မှ လိုက်ဖမ်းရန် ကြိုးစားရင်း ပေါ့ဆစွာချော်လဲပြီး မြေပြင်ထက်သို့ လဲကျသွားသည်။ သူ့နှာခေါင်းမှ အသံထွက်လာပြီး ထပ်မံ ကျိုးသွားသောအခါတွင် သနားစရာကောင်းစွာ အော်လိုက်၏။


ချင်ချန်းယီနှင့် မော့လျှိုကွေ့တို့ တရားရုံးသို့ရောက်သောအခါ တရားခွင်သည် လွန်ခဲ့သည့် မိနစ်သုံးဆယ်ကျော်ခန့်က ပြီးဆုံးသွားခဲ့ပြီဖြစ်သည်။အမှုကို ပိတ်သိမ်းခဲ့ပြီး မော့ရှစ်ဟုန်ကို အကျဉ်းထောင်သို့ ပို့ဆောင်ခဲ့သည်။


မော့လျှိုကွေ့သည် သနားစဖွယ်ငိုကြွေးလိုက်ရင်း ရင်ထုမနာဖြစ်သွားရသည်။ ချင်ချန်းယီက စိုးရိမ်တကြီးဖြင့် ငိုကြွေးနေသော အလှလေးအား ထိန်းကိုင်ပေးထားသည်။ သူ့နှလုံးသားက ပြင်းထန်စွာ နာကျင်နေပြီး စိတ်ထဲတွင်လည်း ရန်လိုစိတ်များဖြင့် ပြည့်နှက်နေသည်။ မော့တိကို သူ့အမည်ပျက်စာရင်း၏ ထိပ်ဆုံးတွင် ထားလိုက်သည်။


ထိုနေရာကိုရခဲ့သောနောက်ဆုံးလူသည် သူ၏ အရှေ့တောင်အာရှမြေအောက်ကာစီနိုလောင်းကစားရုံတစ်ခုတွင် ပြသထားသည့် လူသားရုပ်ထုဖြစ်ချေ၏။


ဤအခိုက်အတန့်တွင် မည်သူကမှ ဤသည်ကိုနားမလည်သော်ငြား မော့ဝုဟန် မော့လျှိုကွေ့အား မလာစေလိုခြင်းမှာ သူမ၏ပုံရိပ်ကို ထိခိုက်မည်အား စိုးရိမ်၍ဖြစ်ပြီး သူမ၏လမ်းကို ပိတ်ဆို့ထားခြင်းပင်။ 


အပေါ်ယံ၌ ချင်ချန်ယီက မော့လျှိုကွေ့အား ထိုနေရာသို့ ခေါ်သွားပေးသည့်တိုင် စိတ်အတွင်းတွင်တော့ မော့ဝုဟန်နှင့် အတူတူပင်ဖြစ်သည်။ ထို့ကြောင့် သကူ ယာဉ်မောင်းအား ယာဉ်ကြောကြပ်သောလမ်းကို ရွေးချယ်ရန် အမိန့်ပေးကာ တမင်တကာ နောက်ကျမှ လာခဲ့ခြင်းပေ။ သို့ပေသိ မော့လျှိုကွေ့ကမူ...


 


မော့အိမ်မှထွက်သွားရန် နည်းလမ်းတစ်ရာထက်မနည်း ရှိပါသည်။ သူမက ရုန်းကန်ရင်း ခြေလက်တို့၌ ခြစ်ရာပွန်းရာ အနည်းငယ်မျှ ရသွားရုံဖြင့် သက်တော်စောင့်များက သူမတောင်းဆိူချင်ကို တောင်းဆိုလိမ့်မည်မဟုတ်ပါချေ။ သိုသော်လည်း မော့လျှိုကွေ့ကမူ အနှီနည်းလမ်းကို မစဥ်းစားနိုင်ပေ။


ထိုစဥ် မော့တိက ဗီလာကို ပြန်သွားပေပြီ။


မော့ရှစ်ဟုန်က သက်သေတုပြုလုပ်ရာတွင် ပါဝင်ခြင်းသည် တရားစီရင်ရေးဆိုင်ရာ တရားမျှတမှုကို နှောင့်ယှက်ခဲ့ပြီး လူမှုရေးအရ ဆိုးရွားစွာ သက်ရောက်မှုရှိလေသည်။ သူ့ကို ဥပဒေနှင့်အညီ ထောင်ဒဏ် ချမှတ်ခဲ့သည်။


သို့သော်လည်း သူ့အပြစ်ကို ရိုးရိုးသားသား ဝန်ခံခဲ့ရာ အရာအားလုံး အချိန်မှီရပ်တန့်သွားပြီး အပျက်သဘောဆောင်သည့် သက်ရောက်မှုတို့က ထပ်တိုးမလာတော့ပေ။ သူက ထောင်ထဲတွင် ၁၃လမျှ နေရပေလိမ့်မည်။


 


မော့မိသားစုအနေဖြင့် အင်အားနှင့်ငွေအရင်းအနှီးများစွာကို စိုက်ထုတ်ထားရခြင်းကြောင့်သာဖြစ်၏။ မဟုတ်လျှင် မော့ရှစ်ဟုန်မှာ ထောင်ဒဏ်သုံးနှစ်မျှ ကျခံရပေလိမ့်မည်။ မော့ရှစ်ဟုန်က သူ့အမှားကိုဝန်ခံလာသဖြင့် အံ့သြသွားရ၏။ ယင်းက မော့တိ၏မှန်းဆချက်များ၌ မပါဝင်ပါချေ။


 ကြည့်ရသည်မှာ မော့လျှိုကွေ့နှင့် မသက်ဆိုင်သည့်အရာများကို မော့မိသားစုက အထိရောက်ဆုံးနည်းဖြင့် ဆင်ခြင်တုံတရားရှိရှိ ဖြေရှင်းတတ်ပုံရ၏။ ရွေးချယ်စရာများက မည်မျှပင်စိတ်ပျက်ဖွယ်ကောင်းပြီး သဘောထားကွဲလွဲချင်စရာဖြစ်ပါစေ သူတို့ အကျိုးအမြတ်များကို အခြားအရာတို့ထက် သာလွန်စေလိမ့်မည်ပင်။


ညနေပိုင်း၌ မုထျန်းဟန်ပြန်လာသည့်အခါ မော့တိကသူ့ကို ပြစ်ဒဏ်အကြောင်း ပြောပြလိုက်သည်။ 


“ဆယ့်သုံးလတည်းလား?”


မုထျန်းဟန်က မိန်းကလေးများ မကြာခဏဝယ်ယူလေ့ရှိသည့် အလှပစ္စည်းဆိုင်တို့ကပေးသော လက်ဆောင်ထုပ်ကဲ့သို့ ရိုးရှင်းသည့်အိတ်ကို သယ်ထား၏။ သူ၏ အထက်တန်းကျသည့် ဝတ်စုံနှင့် သိပ်၍... မလိုက်ဖက်ပါချေ။


"ကျွန်တော်ထင်တာတော့ အဲဒါက အတော်လေးကြာနေပါပြီ" 


မော့တိက အိတ်ထံမှ အကြည့်လွှဲကာ မုထျန်းဟန်အား ကြည့်လိုက်သည်။ 


အမှန်တော့ ယင်းက သူ၏တကယ့်အတွေးပင်။


ထောင်က ဘယ်လောက်ဆိုးနိုင်မှာမလို့လဲ။ အခန်းဖော်တွေနှင့် ထောင်စောင့်တွေက မော့ရှစ်ဟုန်အပေါ် ယုတ်မာရင်တောင် အကောင်းဆုံးက သူခုခံလို့ရတာပဲ။ဒါမှမဟုတ် အရိုက်ခံရရုံပေါ့။ လျှပ်စစ်လျှော့တိုက်တာတွေ၊ လက်ချောင်းထဲ သံရိုက်သွင်းတာတွေ၊ သံကြိုးနှင့် ချည်ခံရတာတွေ၊ အမှောင်ခန်းတွေ၊ ရူးသွပ်နေတဲ့လူနာတွေ အဲလိုအရာတွေတော့ မရှိဘူးလေ။ မော့မိသားစုက သူ့ကိုဂရုစိုက်ပေးဖို့ အထက်ကလူတွေကို လှည့်ပတ်ခိုင်းထားမှာကိုတော့ ပြောမနေပါနဲ့တော့။ အဲလို အဆင်ပြေပြေနေရတဲ့အခြေအနေနှင့်ဆို ဘယ်လိုလုပ် လုံလောက်မှာလဲ။


ယင်းက အစလေးတစ်ခု၊ အမြည်းလေးတစ်ခုသာသေး၏။ မော့ရှစ်ဟုန် ထောင်ကျသွားခြင်းကြောင့် ရလာသည့်အကောင်းဆုံး အကျိုးအမြတ်မှာ မော့မိသားစု၏ဂုဏ်သိက္ခာ ကျဆင်းသွားခြင်းပင်။ ပြီးနောက် သူတို့၏ရယ်ဖွယ်ရာ စိတ်ဓာတ်တို့က လူထုအမြင်တွင် စွဲထင်သွားခြင်းဖြစ်၏။ လူတိုင်းကို သူတို့ အမှန်တရားအား မည်သို့ပြောင်းပြန်လှန်လိုက်ပုံနှင့် သူ့အားအပြစ်ကျူးလွန်သူအဖြစ် မည်သို့ဘောင်ခတ်လိုက်ပုံကို သိခွင့်ပြုလိုက်မည်။ ဤနည်းအားဖြင့် သူ့တွင် လူအများအမြင်၌ အားနည်းချက် ရှိတော့မည်မဟုတ်သလို အများစုက မော့မိသားစု၏ မုသားများကို ယုံကြတော့မည် မဟုတ်ပေ။


သို့ပေသိ ရိုးရှင်းစွာပင် ထောင်ဒဏ်က မလုံလောက်ပါချေ။ ယခင်ဘဝက သူခံစားခဲ့ရသည်မှာ သူတို့ခံစားနေရသည်ထက် အဆတစ်ထောင်ပိုရကား လွှတ်မပေးနိုင်ပေ။ သူ ... မော့တိမှာ သူတော်စင်မဟုတ်ရပါချေ။


မုထျန်းဟန်က သူ့ရှေ့ရှိ 'လူလိမ္မာလေးက' နှမ်းနက်အဆာသွက်ဖက်ထုပ်ကလေး ဖြစ်နေလိမ့်မည်ဟု ဘယ်တော့မှ မတွေးခဲ့ဖူးပေ။ သူက မော့တိလက်ထဲသို့ အိတ်လေးကို လွှဲပြောင်းပေးကာ "ကိုယ် မင်းရဲ့အတွေးအမြင်တွေကို လေးစားပါတယ်၊ ဒါပေမယ့် ကိုယ့်ဟာကိုယ်တော့ မနှိပ်စက်ပါနဲ့၊ ဒါကမင်းအတွက်၊ နံပါတ်၁ကျောင်းသားဖြစ်လာလို့ ဂုဏ်ယူပါတယ်၊ မင်းကြိုက်မကြိုက် ကည်ြ့ကြည့်ပါဦး"


 


“အာ?” မော့တိ အံ့အားသင့်သွားရ၏။


 “နံပါတ်၁ကျောင်းသား?”


“ရမှတ်တွေ မစစ်ရသေးဘူးလား” 


မုထျန်းဟန်က မော့တိ၏ ထိတ်လန့်ပြီးအံ့အားသင့်နေပုံကို ရယ်လိုက်သည်။ “မင်း ဂိမ်းလုပ်နေတုန်းလား”


“…ကျွန်တော် မေ့နေတာ...” 


မော့တိက ကြောင်အအဖြင့် လက်ဆောင်ကို လက်ခံလိုက်သည်။ ပျော်ရွှင်မှုကြောင့် သူ့နှလုံးခုန်နေသည်ကို ကြားရသည်။


တရားရုံးမှ ထွက်လာပြီးနောက် သူ့စိတ်အခြေအနေက အနည်းငယ် ထူးခြား၍နေသည်။


သူက မြေအောက်ရထားထဲတွင် ထိုင်ပြီး ဖြတ်သွားသည့် ကြော်ငြာတွေကိုသာ ကြည့်နေခဲ့သည်။ ဖုန်းကိုကြည့်ဖို့နေနေသာသာ ဘာမှလုပ်ချင်စိတ်ရှိမနေခဲ့။


 


ပြီးတော့ သူဗီလာကို ပြန်ရောက်သည့်အခါ အခန်းကို တည့်တည့်ပြန်သွားပြီးနောက် သူ့ဂိမ်းအတွက် ကုတ်ဆက်ရေးနေခြင်းပင်။ မှတ်ဥာဏ်တွေကသာ မှန်ကန်ပါမူ တစ်လအတွင်း၌ တရုတ်ဆန်းသစ်တီထွင်ဂိမ်းပြိုင်ပွဲ စတင်ပေလိမ့်မည်။


သူ့ယခင်ဘဝ၌ သူမသေဆုံးမှီက အကြောင်းအမျိုးမျိုးကြောင့် ပါဝင်ဖို့ အခွင့်အရေးတိုင်းကို လွဲချော်ခဲ့သည်။ ဤဘဝတွင်တော့ ယင်းကို ထပ်မံလွဲချော်မခံတော့ပေ။ ပြီးတော့ ကောင်းမွန်သည့်ဂိမ်းတစ်ခုလုပ်ရန် အချိန်တစ်လက လုံလောက်ပါ၏။ 


သို့ပေသိ ယခုအခါမှာတော့ သူက ဂိမ်းကိုဘေးဖယ်ထားပြီး လက်ဆောင်မှရသည့် ပျော်ရွှင်မှုကို ခံစားချင်မိသည်။


မော့တိက မုထျန်းဟန်အား စိတ်လှုပ်ရှားစွာဖြင့် ကြည့်လိုက်သည်။ 


"ကိုကို ကျွန်တော် အမှတ်ဘယ်လောက်ရလဲ"


“၇၂၉မှတ်၊ စာမေးပွဲတစ်ခုလုံးမှာ ထိပ်ဆုံးပဲ...” 


မော့တိက ပျော်ရွှင်မှုတို့နှင့် တောက်ပနေသောမျက်ဝန်းများဖြင့် မော့တိကို ကြည့်ကာ ပြုံးလိုက်မိသည်။


"ကိုယ်ပေးတဲ့ ဂုဏ်ပြုလက်ဆောင်ကို ဖွင့်မကြည့်ဘူးလား"


မော့တိက အလွန်မိန်းကလေးဆန်သည့်လက်ဆောင်အိတ်ကို ယူလိုက်ပြီး မရယ်ဘဲမနေနိုင်တော့ချေ။


"မှန်းကြည့်ရအောင်၊ အရွယ်ရောက်ပြီးသူတွေအတွက် အဖိုးတန်တဲ့တစ်ခုခုများလား၊ နာရီလား နက်ခ်တိုင်လား"


“မင်းကိုကိုက မဖန်တီးတတ်တဲ့လူမို့လို့လား?” 


မုထျန်းဟန်က မော့တိ၏ဆံပင်လေးများကိုပွတ်သပ်ကာ ပြောလိုက်သည်။


"ဒါ့အပြင် မင်းက၁၈နှစ်မပြည့်သေးဘူးလေ၊ အရွယ်မရောက်သေးဘူး"


“ရောက်ခါနီးပါပြီ၊ မကြာခင် တက္ကသိုလ် သွားရတော့မှာ၊ တကယ်တော့ ကျွန်တော်က အရွယ်ရောက်ပြီးသူလို ဆုံးဖြတ်နိုင်နေပါပြီ" 


မော့တိက ချိုသာသည့်အပြုံးလေးအား ထုတ်ပြလိုက်သည်။ သူကအိတ်ကို ကိုင်လိုက်ရင်း လေးနက်သည့်အမူအယာဖြင့်ဆိုသည်။


 


 “ကိုကို၊ လက်ဆောင်ဖွင့်လို့ရပြီလား”


“လုပ်လေ...” မုထျန်းဟန်က တိုးဖွဖွရယ်လိုက်ကာ ပြောသည်။


မော့တိက ခေါင်းငုံ့ပြီး အိတ်ကိုဖွင့်လိုက်၏။ အတွင်း၌ အပြားတစ်ခုနှင့် လေးထောင့်ဘူးလေး ရှိနေသည်။ မော့တိ ဘူးလေးကို ဖွင့်လိုက်၏။


အထဲမှာ သူအကြိုက်ဆုံး အဆိုတော် ဗယ်လက်စ်၏ ပရင့်ထုတ်ထားသော CD ခွေတစ်ချပ်ရှိနေသည်။ သူ့လက်မှတ်ပင် ရှိနေသေး၏။  


မော့တိ အံ့အားသင့်သွားရသည်။ သူက CDကို မယုံကြည်နိုင်စွာစိုက်ကြည့်နေရင်း သူ့ပါးပြင်လေးများက အနီရောင်သမ်းလာသည်။


"မင်းကြိုက်လား"


မုထျန်းဟန်က ပြုံးကာမေးသည်။


"အွန်း၊ အရမ်းပဲ၊ ကျွန်တော်ရဖူးသမျှထဲ အကြိုက်ဆုံးလက်ဆောင်ပဲ၊ ကျေးဇူးတင်ပါတယ် ကိုကို"


မော့တိက CDကို ရက်ဘတ်ထဲပိုက်ထားလိုက်သော်လည်း ထပ်မံ၍ ထုတ်ကြည့်မိပြန်သည်။ သစ်အယ်သီးကို ရှာတွေ့သည့်အခါ ဖွက်ထားလိုသော်ငြား ထုတ်လည်းကြွားချင်နေသည့် ရှဥ့်လေးတစ်ကောင်နှင့်တူလှသည်။


ယင်းက သူအကြိုက်ဆုံး လက်ဆောင်ဖြစ်ရုံမျှမက သူငယ်ချင်း သို့မဟုတ် မိသားစုများထံမှ သူပထမဆုံးရဖူးသည့် လက်ဆောင်လည်းဖြစ်သည်။ တကယ်ကို အဖိုးတန်ပါ၏။


သူမုထျန်းဟန်နှင့် စကားပြောရင်းဖြင့် ဗယ်လက်စ်ကို နှစ်သက်ကြောင်း ပေါ့ပေါ့ပါးပါး ပြောခဲ့ဖူးသည်။ ယင်းကို မုထျန်းဟန်က မှတ်မိနေပြီး CDကိုလည်း ရှာခဲ့ပေးသေးသည်။


"ကိုကို၊ ဘယ်လိုရှာတွေ့တာလဲ၊ ဒါကိုဗယ်လက်စ်ဆိုပြီး ထုတ်ခဲ့တာ အရမ်းကြာနေပြီလေ" 


"တကယ်တော့ ဒါက တိုက်ဆိုင်တာပါ"


မုထျန်းဟန်က ညင်သာစွာ ကြည့်လိုက်ပြီး "ဗယ်လက်စ်ရဲ့တူနဲ့ ရင်းနှီးတဲ့ ကိုယ့်သူငယ်ချင်းတစ်ယောက်ရှိတယ်လေ၊ လွန်ခဲ့တဲ့ဆယ်နှစ်ကျော်လောက်က ဗယ်လက်စ် ကျော်ကြားလာပြီးတော့ ကိုယ့်သူငယ်ချင်းက သူ့တူနဲ့ရင်းနှီးတာကို အခွင့်ကောင်းယူပြီး ဗယ်လက်စ်နဲ့ အတူCDပေါင်းထုတ်ဖူးတယ်၊ နှစ်တွေကြာလာတာနဲ့အမျှ သူကရောင်းထုတ်တာတွေ လက်ဆောင်ပေးတာတွေလုပ်တော့ သိပ်မကျန်တော့ဘူး၊ ကိူယ်သူ့ကို မမျှော်လင့်ပဲ သိမ်းထားတာရှိသေးလားလို့မေးတော့ သူကတစ်ခုရှာတွေ့ပြီး ကိုယ့်ကို မေးလ်ပို့ပေးတယ်လေ"


“ဒါက အရမ်းစျေးကြီးမှာပဲ၊ ဒါမှမဟုတ် ကျွန်တော် ပြောသင့်တာက ကိုကိုသူ့ကို ဘာကတိပေးခဲ့ရလဲ ဆိုတာများလား"


ပျော်ရွှင်မှုနောက်၌ စိတ်ပူပန်ခြင်းလေးပါ ကပ်ပါလာသည်။ ဤကြင်နာမှုကို ပြန်မပေးဆပ်နိုင်မည်ကို စိုးရိမ်မိပါ၏။


“စျေးမကြီးပါဘူး၊ ပြီးတော့ ကိုယ်လည်း သူ့အပေါ် အကြွေးတင်မနေဘူး၊ သူကသာ ကိုယ့်အပေါ် ကျေးဇူးကြွေးတင်နေတာ...” 


မုထျန်းဟန်က မော့တိ၏ပခုံးကို ညင်သာစွာ ပုတ်ပြီး နူးညံ့စွာ ပြောလိုက်သည် ။


 “မင်းအများကြီး တွေးစရာမလိုပါဘူး၊ မင်းကြိုက်မကြိုက်ကပဲ အရေးကြီးတယ် ...”


မော့တိမှာ မုထျန်းဟန် သူ့အား နူးညံ့သည့်အကြည့်များဖြင့် ကြည့်နေသည်ကို မြင်လိုက်ရပြီး သူ့ရင်ဘတ်ထဲ၌ ပူနွေးလာကာ ပူစပ်စပ်ဖြစ်လာသည်။ ထိုခံစားချက်က သူ့နှာခေါင်းတွင်း ချဥ်စူးလာသည်။ သူထိုသို့ တစ်ခါမှ မခံစားဖူးသဖြင့် ဤခံစားချက်ကို အဓိပ္ပါယ်မဖော်တတ်ပေ။ သို့ပေသိ ယင်းကဆွဲဆောင်မှု ရှိလွန်းသဖြင့် သူကပို၍ လောဘကြီးလာသည်။


 


မော့တိ နှာရှုတ်ကာ ပြောလိုက်သည်။


"ကိုကို၊ ကျွန်တော့်အိပ်မက်က ဂိမ်းကုမ္ပဏီတစ်ခုကို အမြန်ဆုံးတည်ထောင်ပြီးတော့ ကျွန်တော့် ဂိမ်းတွေကို ကမ္ဘာအနှံ့ ဖြန့်ကျက်ချင်တာ"


“အဲဒါက အရမ်းကောင်းတယ်...”