အပိုင်း ၄၁
Viewers 28k

Chapter 41


မုထျန်းဟန်မှာ မော့တိအဘယ်ကြောင့် ရုတ်တရက်ကြီး စကားလမ်းကြောင်းပြောင်းသည်ကို နားမလည်သော်လည်း အားပေးနေဆဲပင်။


"မင်းလုပ်ချင်တာ လုပ်လို့ရပါတယ်၊ ကိုယ်မင်းရဲ့လုပ်နိုင်စွမ်းကို ယုံတယ်၊ ကလေးလေး မင်းစိတ်ထဲမှာရှိနေတာက ဘဘ်လို ဂိမ်းကုမ္ပဏီမျိုးလဲ"


“အွန်လိုင်းဂိမ်း၊ ကျွန်တော်လုပ်ချင်တာက 4Dအွန်လိုင်းဂိမ်းဆိုပေမယ့် လက်ရှိအခြေအနေအရ မသင့်တော်ဘူး၊ ဒါကြောင့် ခုချိန်မှာတော့ စျေးကွက်မှာဖြန့်ဝေဖို့ 3Dအွန်လိုင်းဂိမ်းတစ်ခုကို လုပ်ချင်တယ်" 


မော့တိက မုထျန်းဟန်အား စိတ်အားထက်သန်သည့် မျက်လုံးများဖြင့် ကြည့်လိုက်သည် ။


 


 “ကိုကို၊ ကျွနိတော် နောက်ဆုံးမှာ ကုမ္ပဏီထောင်ရင် ရှယ်ယာဝင်မှာလား၊ အမြတ်ရမယ်ဆိုတာ ကျွန်တော်အာမခံပါတယ်၊ ကျွန်တော် ကိုကို့ကို အရှုံးပေါ်အောင်မလုပ်ပါဘူး၊ တကယ်ပါ !” 


သူ့ကို ပိုက်ဆံရှာကူပေးမည့် မော့တိငယ်လေး၏ တွနိးအားပေးမှုအောက်တွင် မုထျန်းဟန် ရင်ထဲထိသွားပြီး အနည်းငယ်လည်း ရယ်မောသွားမိရသည်။ သူက မော့တိ၏ခေါင်းလေးကို ညင်သာစွာ ပွတ်သပ်လိုက်ကာ "ကောင်းပြီ၊ မင်း ကုမ္ပဏီထောင်ဖို့ အဆင်သင့်ဖြစ်ရင် ကိုယ်က မင်းရဲ့ပထမဆုံး ရင်းနှီးမြှုပ်နှံသူဖြစ်လာလိမ့်မယ်"


“ကတိနော်!” မော့တိက မုထျန်းဟန်ကို ပြင်းပြင်းထန်ထန် စိုက်ကြည့်လိုက်သည်။ 


“အမ်း... ၊ ကတိ၊ ပင်ကီကျိန်စာလုပ်ချင်လား ” 


မုထျန်းဟန်က မော့တိအား တမင်ပင် စနောက်လိုက်၏။


“…” 


မော့တိ ရှက်ရွံ့မှုကြောင့် နီရဲသွားသည်။ သူကCDထံ အကြည့်ပြန်လွှဲလိုက်ပြီး စကားလမ်းကြောင်းမလွှဲပဲ မနေနိုင်ချေ။


“ကိုကို၊ ဗယ်လက်စ်က ကြည့်ကောင်းပြီး အသံလည်းကောင်းတယ်လေ၊ သူဘာလို့ အနားယူသွားတာလဲ၊ အဲဒါက သနားစရာမကောင်းဘူးလား ”


မုထျန်းဟန် : “…”


ဟေး ဒီကောင်ငယ်လေးက အကြောင်းအရာတွေကိုလမ်းကြောင်းလွှဲတာ အတော်လေး ကျွမ်းကျင်တာ သူအခုမှ သတိပြုမိတယ်။ သူ့ကိုစနောက်ရတာ ပျော်ဖို့ကောင်းတုန်းရှိသေးတာကို။


သူ၏ဆန္ဒနှင့် အပြုအမူတို့က သားရဲအိုကြီးနှင့် တူလာသည်ကို မုထျန်းဟန် သတိမပြုမိသေးပေ။ သူက ပေါ့ပေါ့ပါးပါးပင် နောက်မှ လိုက်ပြောလိုက်၏။


"ဖြစ်နိုင်တာက သူငွေအလုံအလောက် ရှာနိုင်သွားလို့ နေမှာပေါ့၊ ပြီးတော့ ဇနီးလေးရှာဖို့ အချိန်ကျလာလို့နေမယ်၊ ကိုယ်ဒါပဲ ဆက်စပ်လို့ရတယ်"


ဗယ်လက်စ် အနားယူသွားစဥ်က အသက်လေးဆယ်ရှိပြီပင်။ သူအနားယူပြီးနောက် လက်ထပ်ခဲ့၏။ လက်ထပ်ပွဲက လူသိနည်းပြီး မိသားစုဝင်များကိုသာ ဖိတ်ကြားခဲ့သည်။ အပြင်ရှိ မည်သူကမှ သတို့သမီးဘယ်လိုပုံရှိကြောင်း မသိကြပေ။


မော့တိ : “…”


မုထျန်းဟန်က ရင့်ကျက် တည်ငြိမ်ကာ ယုံကြည်စိတ်ချရကြောင်းကို သူသဘောပေါက်ခဲ့ပါ၏။ အကယ်၍ သူ့အမြင်သာ တိကျပါမူ သူတို့စကားပြောနေစဥ်အတွင်း အံ့သြသွားစေမည့် စာကြောင်းတစ်ကြောင်းကတော့ ရှိနေပေလိမ့်မ်ည။


နောက်တစ်နေ့တွင် မော့တိက ရှာကျားနိုင်ငံတကာကျောင်း၏ ကျောင်းအုပ်ထံမှ ဖုန်းလက်ခံရရှိခဲ့သည်။ကျောင်းများ၏ အလေ့အထအရ တစ်မြို့လုံးရှိ မော့တိနှင့် ထိပ်ဆုံးအမှတ်အများဆုံးရသူ ဆယ်ယောက်အား ဂုဏ်ပြုချီးမြှင့်ပွဲ လုပ်ပေးမှာဖြစ်သည်။ ကျောင်းအုပ်ကြီးဟွမ်းက မော့တိအား ကျောင်းသို့လာရောက်၍ ဓာတ်ပုံအတူတကွ ရိုက်ပေးစေလိုခဲ့သည်။


မော့တိမှာ တကယ်ကို ကျောင်းသို့ပြန်မသွားလိုသော်ငြား သူအမှန်ပင် ငွေလိုအပ်နေသည်။ ရှာကျားနိုင်ငံတကာကျောင်းမှာ ကြယ်ဝသောကျောင်းတစ်ခုပင်။ နှစ်စဥ်နှစ်တိုင်း ထိပ်တန်းကျောင်းသားဆယ်ဦးအား သူတို့က ပညာသင်ဆုများသည် အလွန်ရက်ရောစွာ ပေးတတ်သည်။ ယေဘူယျအားဖြင့် ပထမဆုံးနေရာအတွက် ယွမ်တစ်သိန်းငါးသောင်း ရလိမ့်မည်ဖြစ်ကာ ဒုတိယနှင့်တတိယကမူ ယွမ်တစ်သိန်းရပေလိမ့်မည်။ စတုတ္ထနှင့်ပဉ္စမနေရာအတွက် ယွမ်ငါးသောင်းဖြစ်ကာ နံပါတ်ခြောက်မှ တစ်ဆယ်အထိကိုမူ ယွမ်သုံးသောင်းပေးလိမ့်မည်။


 


အနှီဘောနပ်များက ကွန်ပျုတာပစ္စည်းနှင့် ပုံဆွဲကိရိယာများဝယ်ပြီးနောက် ဟောင်းလောင်းဖြစ်သွားမည့် သူ့အိတ်ကပ်အပေါက်ကို ဖာနိုင်လိမ့်မည်။


ဖုန်းထဲမှနေ၍ မော့တိက ကျောင်းမှ သင်ကြားပေးသော သွန်သင်မှုများနှင့် လမ်းညွှန်မှုတို့အတွက် ကျေးဇူးတင်ရှိကြောင်း စိတ်ရင်းမှန်ဖြင့် ပြောကြားလိုက်သည်။ ပြီးနောက် ရှာကျားကျောင်းမှ ကျောင်းသားတစ်ယောက် ဖြစ်ရခြင်းအတွက် ဂုဏ်ယူမိကြောင်းကိုပါ ပြောလိုက်၏။ ကျောင်းကို ချီးမွမ်းခန်းဖွင့်ပြီးနောက် သူ့အခြေအနေအရ ကျောင်းသို့ အုပ်စုဓာတ်ပုံရိုက်လာဖို့ရာ အဆင်မပြေကြောင်းနှင့် သူ့ဘဏ်နံပါတ်ကို ထုတ်ပြောလိုက်သည်။


တစ်ဖက်မှ ဟွမ်းလီချန်မှာ တိတ်ဆိတ်သွားရသည်။


သူက မော့တိမှာ ကျရှုံးသူတစ်ယောက်ပြီးတစ်ယောက်ဖြင့် တွေ့ရပြီးနောက် သူ၏ပြောင်းလဲမှုက ပြင်းထန်လွန်းသည်ဟု တွေးမိလိုက်သည်။ သူသည် သာမာန်ကျောင်းသားကောင်းတစ်ဦးဖြစ်ခဲ့ဖူးပြီး တစ်ယောက်တည်းနေတတ်သူဖြစ်ကာ ယခုပုံစံနှင့် သိပ်တူပေ။


ဟွမ်းလီချန်မှာ ဆက်လက်တောင်းဆိုလိုက်သော်လည်း မအောင်မြင်ပေ။ သူကခြေတစ်လှမ်းဆုတ်ကာ မော့တိအား မော့တိနှစ်သကိရာနေရာ ကျောင်းပြင်ပ၌ တွေ့လိုကြောင်း တောင်းဆိုလိုက်၏။ သူကဆွေမျိုးတစ်ဦးကိူလည်း ခေါ်လာချင်၏။ သူ၏ဆွေမျိုးတွင် သားတစ်ယောက်ရှိပြီး အဆင့်များမှာ ဆိုးရွားလွန်းသဖြင့် မော့တိအား သူ့ကိုစာပြပေးစေချင်သည်။ အခကြေးငွေအတွက်တော့ စိတ်ပူစရာမလိုပေ။


မော့တိက ငြင်းလိုသော်လည်း ခေတ္တမျှ စဥ်းစားပြီးနောက် အဆုံးတွင် သဘောတူလိုက်၏။ ဟွမ်းလီချန်က ခြေတစ်လှမ်းဆုတ်ပေးခဲ့ရာ သူ့အား မျက်နှာသာအနည်းငယ် ပေးသင့်သည်။


မော့တိက ဗီလာမှ သုံးဘလော့အကွာရှိ ကဖေးဆိုင်လိပ်စာကို ပို့ပေးလိုက်သည်။ နေ့လည်လေးနာရီတွင် တွေ့ဆုံမည်ဖြစ်သည်။ သူကမျက်နှာဖုံးတစ်ခုတပ်ကာ ချိန်းထားသည့်နေရာကို သွားလိုက်သည်။


သူကချိန်းထားသည့်အချိန်မတိုင်မှီ ဆယ်မိနစ်အလို၌ ကော်ဖီဆိုင်သို့ရောက်ရာ ကျောင်းအုပ်ကြီးဟွမ်းသည်လည်း ရောက်နေပြီဖြစ်သည်။ မော့တိက အရှိန်မြှင့်ကာ ရှေ့သို့သွားလိုက်၏။


“ဟယ်လို ကျောင်းအုပ်ကြီးဟွမ်း ၊ တောင်းပန်ပါတယ် ၊ ကျွန်တော် နောက်ကျသွားတယ် ...”


“ရပါတယ် ၊ ငါစောလာလိုက်တာ...” 


ဟွမ်းလီချန်က မော့တိအားကြည့်ကာ စိတ်လှုပ်ရှားလာသည်။ သူက တစ်ခါမှမရင်းနှီးဖူးသည့် ခံစားချက်ဖြင့် ပြောလာသည်။


“ရှောင်မော့၊ မင်းက တကယ့်ကို ငါတို့ကျောင်းဂုဏ်ဆောင်ပါပဲ၊ မင်းက အနာဂတ်မှာ လူ့အဖွဲ့အစည်းရဲ့ မဏ္ဍိုင်ဖြစ်လာမှာ သေချာတယ်!”


“ကျောင်းအုပ်ကြီး ကျွန်တော့်ကို မြှောက်လွန်းနေပါပြီ...” ဤသို့ ယဥ်ကျေးလွန်းသည့် မြှောက်ပင့်မှုကြောင့် မော့တိသည်လည်း ယဥ်ကျေးစွာ ပြန်ပြောလိုက်သည်။ 


“မဟုတ်ပါဘူး၊ မဟုတ်ပါဘူး၊ သူပြောတာတွေကအမှန်ပါ...” 


ဟွမ်းလီချန်ဘေးမှ ရှေးရိုးဆန်ပြီး ကြင်နာတတ်ပုံရသည့် သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦးက ဝင်ပြောလာသည်။ သူမက အလျင်အမြန် ခပ်ကျယ်ကျယ်ပြောလိုက်သည်။


“ကျောင်းသားလေး ၊ မင်းက မြို့တော်တစ်ခုလုံးမှာ ထိပ်ဆုံးကျောင်းသားပဲ၊ ဘယ်လို ချီးမြှောက်မှုမျိုးမဆို မလုံလောက်ပါဘူး၊ ငါ့သားနဲ့မတူဘူး၊ သူက ကွန်ပျူတာဂိမ်းကစားတာကလွဲလို့ ဘာမှမတတ်ဘူး၊ သူ့အဆင့်တွေက အမြဲတမ်း အတန်းရဲ့နောက်ဆုံးမှာပဲ၊ စိတ်ပျက်စရာပဲ...”


“ဟမ့်!” သူမဘေး၌ တက်ဘလက်တစ်လုံးကို ကိုင်လျက်ထိုင်နေသည့် အရပ်ရှည်ရှည် လူကောင်ကြီးကြီးကောင်လေးက နှာမှုတ်လိုက်သည်။  


“ဒါကဘာတုန်း?” 


သက်လတ်ပိုင်းအရွယ် အမျိုးသမီးက သူမသားကို မကျေမနပ်ကြည့်ကာ မော့တိကို တောင်းပန်လိုက်သည်။ 


“အန်တီတောင်းပန်ပါတယ်နော် ကျောင်းသားလေး၊ ငါ့သား သူကမင်းကို ပြဿနာရှာတာမဟုတ်ရပါဘူး၊ ဒီမလာခင် သူ့အဖေနဲ့ ပြဿနာတက်ခဲ့လို့ စိတ်ဆိုးနေတုန်းမို့ပါ...”


“ဘာမှမဖြစ်ပါဘူး...” မော့တိက နှုတ်ခမ်းလေးကို တွန့်ကွေးလိုက်ကာ သူ၏အရိအသေမမဲ့သည့်အမူအယာကို ထိန်းထား၏။


“ကျွန်တော် သူ့ကိုပြဿနာရှာနေတာ၊ ကျွန်တော် ကျူတာမလိုဘူးလို့ ပြောပြီးပြီ၊ လေ့ကျင့်ခန်းတွေ မလုပ်ချင်ဘူးလို့၊ ကျွန်တော် တစ်လကို ယွမ်သုံးသောင်းရှာနိုင်တယ် ၊ အနာဂတ်မှာ ကျွန်တော့်ကိုယ်ကျွန်တော် မထောက်ပံ့နိုင်မှာကို စိတ်ပူမနေပါနဲ့၊ အမေတို့ ဘာလို့ ကျွန်တော့်ကို တက္ကသိုလ်သွားဖို့ အတင်းတွန်းအားပေးနေရတာလဲ၊ ကျွန်တော် မလုပ်ချင်ဘူး...” 


ကောင်လေးက မတ်မတ်ထိုင်ကာ သူ့တက်ဘလက်ကို စားပွဲပေါ်တင်လိုက်သည်။ “ကျွန်တော် ပန်းချီဆွဲချင်တယ်လို့ ပြောပြီးပြီ၊ ကျွန်တော် ကျောင်းမတက်ချင်ဘူး၊ ကျောင်းတက်ဖို့လည်း ရည်ရွယ်မထားဘူး၊ ကျွန်တော် အဲဒါတွေကို နားမလည်သလို စိတ်လည်းမဝင်စားဘူး!”


"တကယ်တော့ နယ်ပယ်အသီးသီးက ထူးချွန်သူတိုင်းမှာ အသက်မွေးဝမ်းကြောင်း အမျိုးမျိုးရှိပါတယ်" 


မော့တိက ကျူရှင်သင်ကြားပေးရန် ကမ်းလှမ်းမှုအား ငြင်းဆန်ခြင်းမပြုမီ တင်းမာနေသော လေထုကို ဖြေလျှော့ချင်ခဲ့သည်။သို့သော် သူ၏စကားပြီးဆုံးချိန်တွင် သူ့အား မြင်ကွင်းတစ်ခုက ဖမ်းစားသွားခဲ့သည်။


ကောင်လေး၏ တက်ဘလက်ပေါ်ရှိ ပုံမှာ အမှန်တကယ်ပင်… အလွန်ကောင်းသည်။


အရောင်တင်ဆက်ထားပုံမှာ သန့်ရှင်းမှုရှိပြီး ကွက်ကွက်ကွင်းကွင်းနှင့် ဆွဲဆောင်မှုရှိသည်။ နောက်ခံဒီဇိုင်းနှင့် ဇာတ်ကောင်များက ပြီးပြည့်စုံစွာဖြင့် သဟဇာတဖြစ်နေသည်။ သူ့တွင် အနုပညာလက်ရာအတွက် သုံးဖက်မြင် ခံစားမှုလည်း ရှိ၏။ သူ၏ပန်းချီက လွန်ခဲ့သည့်ရက်အနည်းငယ်က သူပေးချေခဲ့သည့် ကော်မရှင်ခစျေးကြီးသော ပန်းချီနှင့် ယှဉ်လျှင် အလွန်ကောင်းသည်။


မော့တိက သူ့ရှေ့မှ လူကောင်ကြီးကြီးနှင့်ကောင်လေးအား ချက်ချင်း ကြည့်က။ စိတ်ဝင်တစားပြောလိုက်သည်။ 


 “ဒီအပိုင်းကို မင်းဆွဲခဲ့တာလား ဒါက တကယ်ကို ကောင်းတယ် ရေဆေးအရောင်က လှတယ်”


"ဒီအပိုင်းက မပြီးသေးပါဘူး လုပ်စရာလေးတွေ ကျန်နေသေးတယ်"  


ကောင်လေးက မော့တိကို အနည်းငယ် အံ့အားသင့်စွာဖြင့် ကြည့်လိုက်သည်။ 


" မင်းလို ငတုံးကလည်း ပန်းချီဆွဲရတာကို ကြိုက်တာလား''


''ငါက ငတုံးမဟုတ်ဘူး'' 


သက်လတ်ပိုင်းအရွယ်အမျိုးသမီးက ထပ်မတောင်းပန်ခင်၌ပင် မော့တိက စိတ်ထဲမထားကြောင်း ပြသသည့်အနေဖြင့် ပြုံးပြလိုက်သည်။ 


'' ငါအခုကြားရသလောက် မင်းကပုံဆွဲပြီး ပိုက်ဆံရှာတာလား ဒီဟာက တစ်ယောက်ယောက် အလုပ်အပ်ထားတာလား''


''အင်း ခြောက်ထောင်'' ကောင်လေးက ထူးမခြားနားစွာ ကြည့်လိုက်ပြီး ''ဒါကို တစ်ပတ်အတွင်း ပြီးအောင်လုပ်နိုင်တယ်၊ ငါက တစ်လမှာအနည်းဆုံး ငါးခုကနေ ခြောက်ခုအထိ ဆွဲနိုင်တယ်”


 "မယုံနိုင်စရာပဲ!" မော့တိက ရိုးသားစွာ ပြောလိုက်သည်။ဤသည်မှာ သူပေးခဲ့သည့် ယွမ်ရှစ်ထောင်ထက် အများကြီး ပိုကောင်းသည်။


ကျောင်းအုပ်ကြီးဟွမ်းနှင့် သက်လတ်ပိုင်း အမျိုးသမီး “…”


ဘာတွေဖြစ်နေတာလဲ ငါတို့မင်းကို ဖိတ်ခေါ်ထားတာ သူ့ရဲ့ပန်းချီတွေကို ချီးမွမ်းဖို့မဟုတ်ဘူးလေ ငါတို့ကမင်းကို သူ့ကိုဘယ်လိုလေ့လာရမယ်ဆိုတာပဲ သင်ပေးစေချင်တာဟ


"မင်းကို ဆက်သွယ်ဖို့ နည်းလမ်းပေးဦး၊ မကြာသေးခင်ကပဲ ငါက သရုပ်ဖော်ရေးဆွဲသူတစ်ယောက်နဲ့ တွေ့ဖို့ ကြိုးစားနေတာ၊ ကျူရှင်ဆရာအဖြစ် မဆက်ဆံချင်ရင်တောင် ငါ့ကို ဖောက်သည်တစ်ယောက်အနေနဲ့ ဆက်ဆံလို့ရတယ်"  


မော့တိက ပြုံးလိုက်သည်။


လူကောင်ထွားထွားကောင်လေးက မော့တိကို ထူးဆန်းတဲ့အမူအရာဖြင့် ကြည့်ကာ ပြောလိုက်သည်။


 “မင်းကသနားစရာကောင်းပြီး အဲ့ဒီလိုမျိုးမိသားစုရှိတာကြောင့်ဆိုပြီး ကျွန်တော်ကတော့ စျေးလျော့ပေးမှာမဟုတ်ဘူး”


“…” 


မော့တိက ပြုံးလိုက်သည်။  


"ရပါတယ် ငါ့ကျောင်းက ငါ့ကို ထောက်ပံ့ကြေး ယွမ်တစ်သိန်းငါးသောင်း ပေးဖို့ခွင့်ပြုထားလို့ မင်းကို လအနည်းငယ်ကြာအောင်တောင် ပေးလို့ရလောက်တယ်"


ခပ်ထွားထွားကောင်လေးမှာ နင်သွားပြီး မော့တိ၏ wechat ကို လေးလေးနက်နက် addလိုက်သည်။ ဖက်တီးလေး၏ပုံသဏ္ဍာန်မှာ သူ၏မျိုးရိုးအမည်အတိုင်းပင်ဖြစ်သည်။ ဖန်ချင်းလောင်... သူ၏ wechat နာမည်ပြောင်မှာ 'အစ်ကိုဖန်က သန်မာပြီး အထိန်းအကွပ်မရှိဘူး' ဟူ၏။ အမ်း၊ သူ့နာမည်ကို ပြီးပြည့်စုံအောင် သုံးထားတာပဲ။


ကျောင်းအုပ်ကြီးဟွမ်းနှင့် ဖန်ချင်းလောင်၏မိခင်မှာ ထိုလိုက်ဖက်ညီနေသော ပုံရိပ်ကိုမြင်ပြီး ရပ်တန့်လိုက်သင့်သလားမသိတော့ပေ၊၊ ထို့အပြင် မော့တိမှ ထိုကလေးအား လမ်းလွှဲနည်းဗျူဟာကို စမ်းသုံးနေသလား သို့မဟုတ် ပုံများကို ဝယ်ယူရန် အမှန်ပင် အလေးအနက်ထားနေသလား ဝေခွဲမရဖြစ်နေကြသည်။


ဖန်ချင်းလောင်၏မိခင်သည် မြို့တော်ရှိ ထိပ်တန်းကျောင်းသားက သူ့သားကို ကျူရှင်သင်ပေးသည်ဖြစ်စေ မသင်ပေးသည်ဖြစ်စေ သူတို့ သူငယ်ချင်းကောင်းဖြစ်နေသရွေ့ အကျိုးရှိဆဲဟု တွေးလိုက်သည်။သူမက မော့တိကို ဧည့်သည်အဖြစ် အိမ်သို့ ဖိတ်ခေါ်ချင်သော်လည်း သူမ မမေးမီတွင် အပေါ်ထပ်မှ ရုတ်တရက် အသံများ ထွက်ပေါ်လာသည်။ အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက် ရှေ့ဆင့်နောက်ဆင့် ဆင်းလာကြသည်။ သူတို့က ငြင်းခုံနေကြပုံရသည်။


ထိုအမျိုးသားသည် သူ့ပတ်ဝန်းကျင်ကို စိုက်ကြည့်ပြီးနောက် ဒေါသတကြီးဖြင့် ဦးထုပ်ကို ဆွဲချကာ ထွက်သွားလေသည်။အမျိုးသမီးက ဒေါသများ ထွက်နေကာ သူ့နောက်သို့ ပြေးလိုက်သွားသည်။ ဆိုင်ရှိ ဖောက်သည်များ အံ့သြသွားကြသည်။သူတို့သည် အဝေးသို့ အကြည့်မလွှဲမီ ထိုလူတို့အား နောက်ထပ် အကြိမ်ရေ အနည်းငယ်မျှ လှမ်းကြည့်လိုက်ကြသည်။


မော့တိလည်း အနည်းငယ် အံ့သြသွားသည်။ သူ၏ စတုတ္ထအစ်ကိုဖြစ်သူ မော့စစ်လန်၏ လက်ထောက်နှင့် အေးဂျင့်အား ဤနေရာတွင် တွေ့ဆုံရမည်ဟု သူ မမျှော်လင့်ခဲ့ပေ။


ထို့အပြင် သူ ယခုကြားလိုက်ရသည့် စကားအနည်းငယ်မှနေ၍ မော့စစ်လန်၏ ပုံရိပ်နှင့် ပတ်သက်ပြီး တစ်ခုခု လွဲချော်နေပုံရကာ အေးဂျင့်သည် ကောင်းမွန်သော ထောက်ခံချက်နှင့် လုပ်ဆောင်ချက်များကို တခြားသူအား ပေးရန် ဆုံးဖြတ်ခဲ့ပုံပေါ်သည်။ လက်ထောက်က သူ့အား တခြားနည်းလမ်းဖြင့် တောင်းပန်နေသည်လား။


သနားစရာပင်။ သူ၏ယခင်ဘဝတွင် မော့စစ်လန်၏အသက်မွေးဝမ်းကြောင်းသည် အစကတည်းက ချောမွေ့စွာ ရွက်လွှင့်ခဲ့သည်။ သူ့တွင် နာမည်ကောင်းနှင့် ချီးကျူးစရာကောင်းသော ဟန်ပန်ရှိသည်။ သူတို့၏ idolမှာ နယ်ပယ်အစုံ၌ ထူးချွန်ပြီး ထက်မြက်သော ဂီတသမားတစ်ယောက်ဖြစ်သောကြောင့် ပရိသတ်များက ဂုဏ်ယူခဲ့ကြသည်။သူသည် အဆင့်မြင့် အမှတ်တံဆိပ် သို့မဟုတ် ကမ္ဘာ့ထိပ်တန်း အမှတ်တံဆိပ်တစ်ခုအတွက် ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်သည်။မော့စစ်လန်က သူ မသေဆုံးမီတွင် သူ့အသက်မွေးဝမ်းကြောင်း၌ အထွတ်အထိပ်သို့ရောက်ရှိခဲ့ပြီး ဟွာရှားတွင် ထိပ်တန်းအနုပညာရှင်ဖြစ်လာခဲ့သည်။


ကံမကောင်းစွာဖြင့်…


ဤဘဝတွင် သူ၏ကျော်ကြားမှုလမ်းကြောင်းသည် တကွဲတပြားစီ ပြိုလဲသွားကာ စောစောစီးစီး ပြိုကျနေပေပြီ။