အပိုင်း ၆၃
Viewers 28k

Chapter 63


သို့ပေမယ့် သူလုပ်ရန်ကျန်ရှိနေသေးသည်။ စုန့်ယွီလက်ထဲ၌ရှိသော အသံဖိုင်နှင့် ဓါတ်ပုံတွေကို ယူပြီး မော့မိသားစု အသိုင်းအဝိုင်းနှင့် မြို့တော်ရှိ အဆင့်အတန်းမြင့် မိသားစုများထံ မေးလ်ပို့ရမည်။


သေချာပေါက်ကို သူမယုံကြည်နိုင်သေးပေ။ ဤကိစ္စက မလုပ်ခင် စုန့်ယွီဆီမှ ခွင့်ပြုချက်ကို မေးဖို့လိုသေးသည်။


စုန့်ယွီက ချက်ချင်း သဘောတူလိုက်ပြီး ထိုသို့လုပ်ရန် သူက ပိုပြီးတောင်ပျော်နေသေးသည်။


"ငါ အဲဒီနေရာက ထွက်လာတော့ အဲဒီစကားလုံးတွေကို အသံသွင်းမထားခဲ့တာ အတော်နောင်တရတယ်။ အဲဒီလူညံ့လူဖျင်းတွေက သနားစရာမိန်းကလေးတစ်ယောက်ကို လိမ်ညာလှည့်စားဖို့ ကြိုးစားမှာကို ငါကစိုးရိမ်ရုံပါ။ ဒီခိုင်လုံတဲ့သက်သေတွေကို အင်တာနက်ပေါ်တင်ချင်ပေမဲ့ ကောင်းတဲ့ကိစ္စဖြစ်လာမှာ မဟုတ်ဘူး။ သံပူတုန်းနာနာမရိုက်ရင် ငါတို့ကိုတောင်ပြန်ပြီး ထိခိုက်နိုင်တယ်။ပြီးတော့ အဲဒီအမှိုက်တွေကို ကိုင်တွယ်ဖြေရှင်းဖို့ ခက်ခဲသွားလိမ့်မယ်"


"မင်းရဲ့ဓါတ်ပုံတွေနဲ့ ဆက်စပ်နေတဲ့ အသံဖိုင် ငါတို့ဆီမှာရှိတာပဲ။ သူ့ကိုကောင်းကောင်း ရိုက်ချနိုင်မှာပါ" 


မော့တိပြုံး၍ ပြန်ပြောလိုက်သည်။


 "ကျေးဇူးတင်ပါတယ် ဦးလေးစုန့်။ ဒီဟာကို အရင်ဆုံးမြို့တော်မှာရှိတဲ့ မိသားစုအတော်များများဆီ ကျွန်တော်ပို့လိုက်မယ်။ ဒုတိယအဒေါ်ရဲ့ စရိုက်က အရမ်းကို ဘဝင်မြင့်လွန်းတယ်။ သူ့သားဘယ်လောက်ပဲဆိုးဆိုး မြင့်မြတ်တဲ့မိသားစုတွေက မိန်းကလေးတွေကသာ သူ့သားနဲ့ထိုက်တန်တယ်လို့ ထင်နေတာ။ ဒါကြောင့် ကျွန်တော်တို့ အဲဒီလူတွေကနေ စသင့်တယ်"


"ဒါဆို ပွဲကတော့ လှပြီပဲ" 


စုန့်ယွီပြောပြီး 


"သူတို့ကို အဲဒီမိသားစုတွေက ဘယ်လိုအမှုန့်ခြေမလဲဆိုတာ ကြည့်ကြတာပေါ့"


"ဒါက သူတို့ကို အမှုန့်ခြေဖို့အတွက်တော့ မလုံလောက်သေးဘူး။ ဒါပေမဲ့ သူတို့ ဘာမှမဖြစ်ဘဲ နေမှာတော့မဟုတ်ဘူး"


မော့တိနှင့် စုန့်ယွီစကားပြောပြီးသောအခါ ဖိုင်တွဲများနှင့် သက်သေခံစာရွက်စာတမ်းတို့အား စနစ်တကျစုစည်းလိုက်ပြီး မြို့တော်ရှိ ဩဇာကြီးမားသော မိသားစုများထံ ပေးပို့လိုက်သည်။


ယခင်က ယင်းကို အင်တာနက်ပေါ် သူ တိုက်ရိုက်ပို့စ်တင်ချင်ပေမယ့် ထိုသို့သာလုပ်လိုက်ပါမူ အကျိုးရှိမည်မဟုတ်ဟု တွေးမိသည်။


သို့ဖြစ်လျှင် မော့မိသားစုက ငြင်းဆိုပြီး ထိုအရာကအလိမ်အညာဖြစ်ကြောင်း ပြောဆိုလိမ့်မည်။ သူတို့ ဤကိစ္စကို မငြင်းဘဲဝန်ခံလျှင်ပင် သူတို့ကလေးက လိင်တူချင်းကြိုက်သူဖြစ်သော်လည်း ဘယ်သူကိုမှ လိမ်ညာလက်ထပ်မှာမဟုတ်ဟူ၍ ကြေငြာနိုင်သေးသည်။ ထိုအဆုံးသတ်မှာ သက်ရောက်မှုမလုံလောက်ပေမယ့် နောက်ဆုံး လိင်တူကြိုက်သူဖြစ်ခြင်းက မှားနေခြင်းတော့မဟုတ်ပေ။


သို့ပေမဲ့ သူတို့က သူတို့၏တကယ့် စက်ဆုပ်ဖွယ်အတွေးများနှင့် အကြံအစည်တို့ကို ဖော်ထုတ်လိုက်ပါလျှင် သူတို့ကိုစောင့်မျှော်နေသော ကဲ့ရဲ့ရှုံ့ချမှုများက တကယ် ထိုက်တန်သောရလဒ်ပင်။


ထိုသို့ဖြစ်လာပါက မော့စန်းကျစ်၏ ဂုဏ်သိက္ခာအားလုံး ဆုံးရှုံးသွားလိမ့်မည်။


သို့သော်လည်း အာလုံးက သူခန့်မှန်းချက်တွေ မှန်လားဆိုသည့်အပေါ် မူတည်နေသည်။ မော့မိသားစုဝင်များက သူတို့ရာထူးနေရာသာပြောင်းလိုက်ပါမူ...ထိုသို့ပြောင်းဖို့က ကောင်းကင်ကြီး ပြိုကျမှသာဖြစ်နိုင်သည်။


နောက်တစ်နေ့ နေ့ခင်း၌ သူ့ခန်မှန်းချက် မှန်သည်အား မော့တိ သိလိုက်ရသည်။


 ထင်ထားသည့်အတိုင်းပင် ကျားသစ်တစ်ကောင်က သူ့နေရာ ရာထူးမပြောင်းပေးနိုင်သလို အညစ်အကြေးကိုစားနေသော ခွေးတစ်ကောင်ဟာလည်း သူ့အကျင့်ကို မပြောင်းလဲနိုင်ပေ။ 


အမ်...ဒုတိယအပိုင်းကတော့ မမှန်ဘူး။ သူ့မိသားစုဝင် စွမ်းစွမ်းမှာ အဲဒီအကျင့်မရှိဘူးလေ။


 မနက်စောစော၌ ဒုတိယအဒေါ်က ကျက်သရေရှိစွာ ဝတ်ဆင်လိုက်ပြီး မြို့တော်ရှိ ဒုတိယတန်းစားမိသားစုဖြစ်သော လီမိသားစုဆီသွားလည်ခဲ့သည်။ မော့စန်းကျစ်၏ အိမ်ထောင်ဖက်ရွေးချယ်ရန်အတွက် သူတို့၏တတိယသမီးကို သူမလိုချင်ခဲ့သည်။


မဒမ်လီမှာ မနေ့ညကအချက်အလက်တွေကို တွေ့ပြီးပြီဖြစ်သောကြောင့် အရမ်းဒေါသထွက်သွားခဲ့သည်။ သူမက ကမ်းလှမ်းချက်ကို ချက်ချင်းငြင်းပယ်ခဲ့သည်။ ပြီးတော့ သူတို့မိသားစုက ယဥ်ကျေးမှုရှိသောကြောင့် ဒေါသထွက်လျှင်တောင် သူတို့၏ဒေါသတွေကို စိတ်ထဲ၌သာထားကြသည်။ ထို့အပြင် သူမသည် ဒီကိစ္စကို ပွင့်ပွင့်လင်းလင်း မဆွေးနွေးချင်သောကြောင့် ဒုတိယအဒေါ်ကို မျက်နှာပျက်ရအောင် မလုပ်ခဲ့ပေ။


အခြားတစ်ဖက်မှာတော့ ဒုတိယအဒေါ်၏ဝင့်ကြွားတတ်သောအကျင့်အတိုင်း လီမိသားစုကို အရမ်းအဆင့်မြင့်လိမ့်မည်ဟု ထင်မထားပေ။ သို့ရာတွင် တစ်ခုရှိသည်က မော့မိသားစုသည် မကြာသေးမီက ကြီးမားသောဆုတ်ယုတ်မှုတစ်ခုနှင့် ကြုံတွေ့ခဲ့ရပြီး သူတို့သည် ယခင်ကကဲ့သို့ ဂုဏ်သိက္ခာကြီးမားသည်ဟု ယူဆလို့မရတော့ပေ၊ ဒုတိယတစ်ခုမှာ မော့အကြီးအကဲက သူမအား သူမ၏ကိုယ့်ကိုယ်ကိုအထင်ကြီးမှုကို ချိုးနှိမ်ပြီး ဒုတိယ သို့မဟုတ် တတိယအဆင့် မိသားစု၏ အမျိုးသမီးကို ကမ်းလှမ်းရွေးချယ်ရန် အမိန့်ပေးခဲ့သည်။ ဒါကြောင့်ပင် သူမဒေါသကို ဖိနှိပ်ပြီး ဒုတိယအဆင့်ဖြစ်သော လီ၊ ကျောက်နှင့် စန်းမိသားစုတွေကို မကြာသေးမှီက ရွေးချယ်ခဲ့သည်။


သူမ မြန်မြန်အငြင်းခံရလိမ့်မည်ဟု ဘယ်တုန်းကမှအတွေးမရှိခဲ့ပေ။ သူမ ဒေါသတွေထွက်လာပြီး လီ ကောင်မလေးသည် မထိုက်တန်ကြောင်းနှင့် သူမက သူတို့၏မိသားစုအတွက် တကယ်ကို ဘာမှ မစဉ်းစားကြောင်း ပြောဆိုခဲ့သည်။


ဒီအချိန်၌ မဒမ်လီ ဘယ်လိုပင် ထိန်းချုပ်ထားပါစေ သူမသည် ရွှံ့ရုပ်တစ်ရုပ်မဟုတ်ပေ။ ဒုတိယအဒေါ်က အရှက်ကင်းမဲ့ရုံသာမက သူတို့၏သမီးကိုပင် မထီမဲ့မြင်ပြုဝံ့သည်ကို မြင်လိုက်ရသဖြင့် မဒမ်လီသည် သူမကိုရန်မူလာသည်။ လီအကြီးအကဲသည် သည်းမခံနိုင်တော့ဘဲ အများသုံးအိမ်သာထဲက ညစ်ပတ်သောအရာများသုံးကာ ဒုတိယအဒေါ်ကို မောင်းထုတ်ပစ်ရန် အစောင့်များအား အမိန့်ပေးလိုက်သည်။


ဘယ်လောက်တောင်ဆိုးလိုက်လဲ...


အရှင်းဆုံးပြောရလျှင် တစ်နေ့လယ်အတွင်းမှာပင် မော့မိသားစု၏ ဒုတိယချွေးမက မြို့တော်ရှိ အဆင့်အတန်းမြင့် လူတန်းစားများအတွက် ရယ်စရာဖြစ်လာခဲ့သည်။ မော့စန်းကျစ်နှင့် သူ့အမေ ကဲ့ရဲ့ခံနေရချိန်၌ လီမိသားစုသည်လည်း သူ့တို့ဗီလာရှိ အစောင့်အကြပ်တွေကို ဖယ်ရှားပစ်ပြီး ပတ်ပတ်လည်ကိုဖြန့်ကျက်ပစ်သည်။


လီမိသားစု၏လုပ်ရပ်သည် ဗီဒီယိုဖိုင်ကိုရယူရန် သူတို့၏ စောင့်ကြည့်ရေးထဲသို့ထိုးဖောက်ဝင်ရောက်ဖို့ အခက်အခဲဖြစ်နေသော မော့တိကို ကယ်တင်ခဲ့သည်။ အရင်အချက်အလက်များနှင့်အတူတကွ ပေးပို့လိုက်သော emailမှတဆင့် သူရရှိခဲ့သည်...


သူ အားလုံးကို အင်တာနက်ပေါ် တင်လိုက်ပြီး ထိပ်ဆုံးအဆင့် တစ်ဆယ်အတွင်း ဝင်ရန်ပင် တွန်းပို့ခဲ့သည်။


ထိုနေ့ နေ့ခင်း၌ မော့စန်းကျစ်တစ်ယောက် အလွန်စိတ်အား တက်ကြွနေသည်။


သို့သော်ငြား သူရလိုက်သည်က ကောင်းသတင်းမဟုတ်ဘဲ မကောင်းသတင်းဖြစ်နေသည်။


ဒီအဆဲစကားလုံးတွေအားလုံးက သူ့ကိုချွင်းချက်မရှိ ရည်ရွယ်ပြောထားကြသည်။


"ဒီဟာက ဘယ်လိုအမှိုက်မျိုးပါလိမ့်...သောက်ရမ်းစက်ဆုပ်ဖို့ မကောင်းဘူးလား..."


"ချီး! အဲဒီမော့စန်းကျစ်ရဲ့စရိုက်က အဆင့်မရှိလိုက်တာ။ သူ့မှာမျက်နှာချောချောလေးရှိပေမဲ့ အတွင်းစိတ်ကတော့ လူတောင်မဟုတ်ဘူး!!"


"ဘုရားသခင် ဘယ်လိုမျိုးဆိုးဝါးတဲ့လူပါလိမ့်! သူ့ရဲ့အနီးစပ်ဆုံး ချစ်သူကောင်လေးကို လိမ်ညာခဲ့ရုံမကဘဲ အခြားမိန်းကလေးတွေနဲ့လည်းတွဲချင်လို့ လိင်ကွဲကြိုက်သူဖြစ်ကြောင်း ဟန်ဆောင်ခဲ့သေးတယ်။ ချီး! စက်ဆုပ်ဖို့ကောင်းလိုက်တာ! စက်ဆုပ်ဖို့ကောင်းလိုက်တာ!"


"မော့စန်းကျစ်ရဲ့ချစ်သူက အတော်လေးခံနိုင်ရည်ရှိတာပဲ။ သူဒီပုံတွေကို ရည်ရွယ်ချက်ရှိရှိ တင်ခဲ့တာလား...ကောင်းတယ် ဒီဟာကို ဘယ်သူတင်တာပဲဖြစ်ဖြစ်ပါ။ လူ့အမှိုက်နဲ့ သူ့မိသားစုအကြောင်း အားလုံးကို ရှင်းရှင်းလင်းလင်း သိခွင့်ပေးလို့ မင်းကိုကျေးဇူးအများကြီးတင်ပါတယ်။ ဘယ်မိန်းကလေးမှ သူနောက်ထပ်လိမ်ညာတာကို ခံရမှာမဟုတ်တော့ဘူး!"


"မိန်းကလေးတွေဘဲမဟုတ်ဘူး ယောက်ျားလေးတွေရော သူနဲ့ဝေးဝေးနေသင့်တယ်။ သူနဲ့နေဖို့ ဘယ်တော့မှ သဘောမတူမိစေနဲ့။ ဒီအမှိုက်က တိရိစ္ဆာန်တစ်ကောင်ပဲ။ သူနဲ့မတန်ဘူး!"


"မော့မိသားစုက အတုယူစရာပဲ။ အရင်က သူ့တို့ကလေးကို သူတို့ကိုယ်တိုင် အနိုင်ကျင့်ကြတယ်။ အခု ဒီဟာက...ဘယ်လို အံ့ဩစရာကောင်းလိုက်တဲ့မိသားစုလဲ! မော့မိသားစုလုပ်ငန်းကို သပိတ်မှောက်ကြပါ!"


“…”


မော့စန်းကျစ်၏နာမည်က တစ်တိုင်းပြည်လုံးအတွက် ချက်ချင်း အပုပ်နံ့တစ်ခု ဖြစ်လာသည်။ သူ၏ဓာတ်ပုံကို စတစ်ကာအဖြစ် ပြုလုပ်ထားပြီး - "ချိန်းတွေ့ချင်လား...ယောက်ျားလေးပဲဖြစ်ဖြစ် မိန်းကလေးပဲဖြစ်ဖြစ်၊ ငါက အထူးသဖြင့် ညစ်ပတ်ယုတ်မာတဲ့သူပဲ


မော့စန်းကျစ် စီစဥ်နေသော စီးပွားရေး ပူးပေါင်းမှုတွေအားလုံးသည်လည်း အငြင်းခံခဲ့ရသည်။ မည်သူမှ သူနှင့်အတူ အလုပ်မလုပ်ချင်ကြပေ။ သူနှင့်အတူ စွန့်စားဖို့ သဘောတူထားသော ဒီဇိုင်နာများသည်လည်း သူ့ကို နာမည်ပျက်စာရင်းသွင်းထားကြသည်။


မော့မိသားစုပင်လျှင် ထိခိုက်သွားသေးသည်။ လွန်ခဲ့သော ၄နာရီအတွင်း သူတို့၏ရောင်းအားတန်ဖိုးက ၈ရာခိုင်နှုန်းနီးပါးကျဆင်းသွားခဲ့သည်။


အရာအားလုံး ပျက်စီးသွားခြင်းကို သက်သေပြပြီးနောက် မော့တိလက်ခုပ် မတီးဘဲမနေနိုင်ပေ။ စွမ်းစွမ်း၏သေးငယ်သောခေါင်းလေးကို သူပွတ်သပ်ပြီး အောင်ပွဲခံဖို့အတွက် သူ့ကို သရေစာအနည်းငယ်ပေးလိုက်သည်။ 


မော့တိ မသိခဲ့သည်မှာ သူမမျှော်လင့်ထားသော အခြားပျော်စရာကိစ္စတစ်ခုရှိနေသေးသည်ပင်။


မော့လျှိုကွေ့၏ကိုယ်စားလှယ်ဖြစ်သော လီကျောက်သည် သူမရုပ်ရှင်ရိုက်ပြီးပြီးချင်း သူမကိုကျော်ကြားအောင် ကူညီပေးခဲ့သည်။ သူ ငွေအကုန်အကျခံပြီးတာတောင်မှ မော့စန်းကျစ်နှင့် မော့မိသားစုအတွက် ဒေါသထွက်စရာမုန်းတီးစရာကောင်းသောအရာများကို တွေ့ပြီး သူအခုလေးတင် ငွေပေးပြီးဝယ်ခဲ့သော hot searchကို ပြန်ဆွဲချရန် Weiboကိုနောက်ထပ် ထပ်ဆက်သွယ်ခဲ့ရသည်။


လီကျောက် ဒေါသထွက်သွားခဲ့သည်! သူ့အရင်အနုပညာရှင်က သူ့ကို ဒုက္ခရောက်စေတာမျိုး၊ သူ မကြိုက်တာမျိုးဘယ်တော့မှ မလုပ်ခဲ့ပေ!


တစ်ချိန်က သူမအတွက် ဝယ်ပေးခဲ့သော hot searchများသည် အမြဲတမ်း ဆွဲချခံခဲ့ရသည်။ 


အခု၊ သူမက ချင်မိသားစုဆီက ပိုကောင်းမွန်တဲ့ ကျောထောက်နောက်ခံရရှိပြီးဖြစ်တာကြောင့် သူမကို နာမည်ကြီးစေဖို့ သူအားလုံးကိုလုပ်တော့မယ်ဆိုကာမှ ဒီလို ဖြစ်ရတယ်လို့!!


မော့တိနှင့် အရင်ကဗီဒီယိုကိစ္စပြီးနောက် မော့မိသားစုနှင့် မော့လျှိုကွေ့၏ကျော်ကြားမှုသည် ကျဆင်းသွားပြီးဖြစ်သည်။ အခု ဒီလိုကိစ္စအသစ်၊ အဲလိုအစ်ကိုမျိုးနှင့်...


သူမကို နာမည်ကြီးအောင် သူဘယ်လိုလုပ်ပေးရတော့မှာလဲ...ဘယ်လိုလုပ်ရမှာလဲ....


အပြစ်တင်ကြိမ်းမောင်းတာကို မခံရဘဲ သူမ၏ကျော်ကြားမှုကို အလျင်အမြန်မြှင့်တင်ဖို့ နည်းလမ်းမရှိပေ!


ဤအနုပညာရှင်ကို ဂရုစိုက်ပေးရန် သူ့ဆုံးဖြတ်ချက်လည်း ပျက်စီးသွားသည်။



မော့မိသားစု၏အစုရှယ်ယာတွေကလည်း နောက်ထပ် ထပ်ကျနေပြီး မော့စန်းကျစ်...


သူကတော့ ဖုန်မှုန့်တွေကြားထဲ လုံးဝရောက်သွားပေပြီ။


အရင်က သူ့ဘဝသည် ဆွဲဆောင်မှုရှိပြီး ယောက်ျားပီသသည်ဟု လူသိများကာ နိုင်ငံတစ်ဝှမ်းမှ မရေတွက်နိုင်လောက်သော မိန်းကလေးများ၏နှလုံးသားကို ချုပ်ကိုင်နိုင်ပြီး ဟွာရှား၏ အောင်မြင်နေသော ဒီဇိုင်နာမော့စန်းကျစ်သည် နောက်ထပ် ဘယ်တော့မှ ဦးမော့လာတော့မည် မဟုတ်ပေ။


အမှန်တကယ် ဝမ်းသာစရာကောင်းသောကိစ္စပါပင်။


မော့တိ စိတ်ပျော်နေသည်အား လိုင်သယ်စစ် ကြည့်လိုက်ရုံနှင့်ပင် ပြောနိုင်သည်။ သူ စပ်စပ်စုစုမေးကြည့်သည်။ 


"မော့တိလေး မင်းဘာလို့ အရမ်းပျော်နေရတာလဲ?"


"အို ဂိမ်းပြိုင်ပွဲရဲ့ ပထမဆုံး ရှုံးထွက်ပွဲစဥ်ရလဒ်တွေကို မကြာခင် ကြောငြာတော့မှာလေ။ ဒါကြောင့် ပျော်နေတာ" 


မော့တိ ခံစားချက်ကင်းမဲ့သော မျက်နှာထားနှင့် ပြန်ဖြေလိုက်သည်။


"ဟုတ်ပြီ ဒါဆို...မင်း စွမ်းစွမ်းကို ငါ့ဆီ ခဏပေးချီလိုက်လို့ရလား?" 


မော့တိ၏ တင်းတင်းကြပ်ကြပ် ဖက်ထားခြင်းကိုခံနေရသော နူးညံ့ဖြူဖွေးနေသောစွမ်းစွမ်းကို လိုင်သယ်စစ် လိုချင်နေခဲ့တာပင်။


"အခု မဖြစ်နိုင်မှာ စိုးရိမ်တယ်။ စွမ်းစွမ်းက ခင်များနဲ့မရင်းနှီးသေးဘူး။ သူ့ကိုချီထားရင် ကြောက်သွားလိမ့်မယ်"


"အဲလိုဖြစ်မှာမဟုတ်ပါဘူး။ ငါ သူ့ကိုခဏလောက်ပဲ ပွေ့ချီထားမှာပါ။ ခဏလေးပါပဲ!" 


လိုင်သယ်စစ် မော့တိဘေးသို့ သွားလိုက်သည်။


"အစ်ကိုက ကျွန်တော်ပြောတာ မယုံဘူးပဲ..." 


မော့တိသက်ပြင်းချလိုက်ပြီး လိုင်သယ်စစ်ထံသို့ စွမ်းစွမ်းကို ပေးဖို့ကြိုးစားလိုက်သည်။ သူ လက်မလွှတ်လိုက်ခင်မှာပင် စွမ်းစွမ်း၏ ခန္ဓကိုယ်အသေးလေးက တုန်သွားပြီး နူးညံ့သေးငယ်သော ခြေဖဝါးတွေနှင့် သူ့လက်မောင်းကို ဒေါသတကြီး ကုတ်ခြစ်၍ သူ့ရင်ခွင်ထဲ ပြန်ဝင်ရန်ကြိုးစားနေလေသည်။


Xxxxxxx