အပိုင်း ၆၄
Viewers 28k

Chapter 64


မော့တိ အတော်လေး ကျေနပ်သွားပြီး စွမ်းစွမ်းကို အမြန်ပြန်ယူပြီး ခေါင်းသေးသေးလေးကို ပွတ်သပ်ပေးလိုက်သည်။ သူ ဂရုတစိုက်ဖြည်းဖြည်းချင်း ပွတ်သပ်ပေးပြီး 


"စွမ်းစွမ်းက လိမ္မာတယ်။ လိမ္မာတဲ့ကောင်လေးပဲ။ မကြောက်နဲ့။ ကြောက်စရာ ဘာမှမရှိဘူး..."


ထို့နောက် သူ လိုင်သယ်စစ်ဘက်သို့ လှည့်၍ပြောလိုက်သည်။


 "တွေ့လား ကျွန်တော် ခင်များကို ညာနေတာမဟုတ်ဘူး။ ရက်နည်းနည်းလောက် အချိန်ပေးလိုက်။ နောက်နှစ်ရက်လောက်နေလို့ သူနဲ့ရင်းနှီးသွားရင် သူ့ကိုချီဖို့ ထပ်ကြိုးစားကြည့်လေ"


လိုင်သယ်စစ် တစ်ခုခုပြောလိုက်ချင်သော်ငြား မုထျန်းဟန်က လတ်ဆတ်သောစပျစ်သီးဖျော်ရည်နှစ်ခွက်နှင့်အတူ လျှောက်လာပြီး မော့တိ ရှေ့၌ ချထားလိုက်သည်။ ထို့နောက် သူ့လက်အရှည်ကြီးနှင့် စွမ်းစွမ်းကိုဖမ်းလိုက်ပြီး 


"မင်း ဖျော်ရည်သောက်နေတုန်း ကိုယ် သူ့ကိုထိန်းထားလိုက်မယ်"


"!" လိုင်သယ်စစ် ဒေါသထွက်သွားပြီး "နေပါအုံး စွမ်းစွမ်းက သူ့ကိုကျတော့ ဘာလို့ မကြောက်တာလဲ?!"


"ဘာလို့ဆို စွမ်းစွမ်းက ငါနဲ့ရင်းနှီးပြီးသားလေ။ မင်းနဲ့ မရင်းနှီးတာကတော့ အရမ်းဆိုးတာပဲ" 


မုထျန်းဟန် ပြုံးပြီးပြောလိုက်သည်။


လိုင်သယ်စစ် ဒေါသထွက်သွားပြီး သူ့ခေါင်းကို ဆိုဖာပေါ် ရိုက်လိုက်သည်။


"ငါ ဒီထက်ပိုပြီး အသက်မရှင်နိုင်တော့ဘူး။ ခွေးအပါအဝင် အားလုံးက ငါ့ကို အနိုင်ကျင့်နေကြတာ!"


မော့တိက သူ၏ ချိုချိုချဥ်ချဉ် စပျစ်သီးဖျော်ရည်ကို သောက်လိုက်ပြီး နောက်ဆုံးတွင် သူ့ကို လူသားဆန်သော စကားအချို့ဖြင့် နှစ်သိမ့်ပေးခဲ့သည်။ 


"သူက အစ်ကို့ခံစားချက်ကို မကြာခင် ဒါမှဟုတ် နောက်ပိုင်းမှာ နားလည်ပေးမှာပါ။ မနက်ဖြန်ဆိုရင်တောင် ဖြစ်နိုင်တယ်"


“Wan woo~”


စွမ်းစွမ်းသည် မုထျန်းဟန်၏ရင်ခွင်ထဲတွင် သက်တောင့်သက်သာ လှဲလျောင်းရင်း ရင်းနှီးနေသော ရနံ့ကို ခံစားနေသည် ။ သူ့ခြေသည်းတွေကို ကွေး၍ မျက်လုံးတွေကို မှေးကျဉ်းလိုက်ပြီးတော့ ကလေးတစ်ယောက်ကဲ့သို့ ညည်းတွားနေသည်။


"ကြည့်အုံး စွမ်းစွမ်းကလည်း အစ်ကို့ကို နှစ်သိမ့်ပေးနေတယ်" 


မော့တိပြုံးလိုက်သည်။


လိုင်သယ်စစ် မျက်ခုံးပင့်ကာ မော့တိနှင့် စွမ်းစွမ်းတို့ကို စိတ်ဆိုးသွားစွာဖြင့်


 “ငါက စိတ်ရှည်သည်းခံတဲ့လူဖြစ်ပေမယ့် အခုချိန်မှာတော့ စိတ်ထိခိုက်ရတယ်။ ငါ မင်းလိုလူတွေနဲ့ ဒီထက်ပိုပြီး စကားမပြောချင်တော့ဘူး"


"သူ့ကို လျစ်လျူရှုလိုက်" 


မုထျန်းဟန်က မော့တိ၏ဆံပင်ကို ညင်ညင်သာသာပွတ်ပေးလိုက်သည်။ 


"တင်ဆက်သူက နာမည်စာရင်းကို စကြေငြာနေပြီ။ ကြည့်ရအောင်" 


ထို့နောက် သူသည် remote controllကိုယူလိုက်ပြီး အသံချဲ့လိုက်သည်။


မော့တိက သူ့အာရုံစိုက်မှုကို အလျင်အမြန်ပြောင်းလိုက်သည်။ စင်ပေါ်၌ရှိနေသော တင်ဆက်သူသည် လက်ထောက်ဖြစ်သူက ကမ်းပေးသော စာအိတ်ကို ဖွင့်နေသည်။ ထို့နောက် သူက တစ်ယောက်ချင်း ယှဥ်ပြိုင်ခဲ့ပြီးသော ဂိမ်းများအကြောင်းကို စတင်မိတ်ဆက်ပေးသည်။ အရည်အချင်းစမ်းသပ်စစ်ဆေးသည့် အဆင့်တုန်းကကဲ့သို့ပင် တင်ဆက်သူ၏နောက်တွင်ရှိသော HDဖန်သားပြင်ကြီးက ဂိမ်းအတွက် ကြေငြာဗီဒိုယိုအတိုလေးကို ထုတ်လွှင့်ပေးပြီး တစ်ချိန်တည်းမှာပင် နာမည်နှင့်တကွ မိတ်ဆက်ပေးသည်။


သို့သော်လည်း ဤအကြိမ်၌ ဂိမ်းများ၏ မိတ်ဆက်ချိန်မှာ တစ်မိနစ်နီးပါးမျှ ကြာလာသည်။


မော့တိ၏ရှင်းဝေသောင်က အခက်အခဲမရှိ အောင်မြင်သွားသည်။ အထူးခံစားခွင့်အနေနှင့် ထုတ်လွှင့်မှုကြာချိန် 90စက္ကန့်ပင်ရရှိခဲ့သည်။ အောင်မြင်သွားသည့် ဂိမ်းပေါင်းတစ်ရာအနက်မှ တစ်ဆယ့်ရှစ်ခုလောက်သာ ထိုကဲ့သို့ ဂုဏ်ပြုခံရ၏။


"ကိုကို ကျွန်တော်တို့ရဲ့ဂိမ်းက နောက်တစ်ဆင့်မှာတောင် အပယ်မခံရလောက်ဘူးလို့ ထင်လား..." မော့တိက အခြားထူးချွန်ပြောင်မြောက်သောဂိမ်းနံပါတ်တွေနှင့် သူတို့၏အားသာချက်၊ အားနည်းချက်များကို မှတ်နေရင်း မုထျန်းဟန်ကို မေးလိုက်သည်။


"အားလုံး အဆင်ပြေပြေ ဖြစ်သွားရင်တော့ အဲလိုဖြစ်နိုင်တယ်။ ဒါပေမဲ့ အဲလိုပြောဖို့တော့ မသေချာသေးဘူး။ ထုတ်လွှင့်ပြီးတဲ့နောက် အခြားယှဥ်ပြိုင်သူအများစုက ဒီအတိုင်းထိုင်နေမှာမဟုတ်ဘူး။ အခြားဂိမ်းတွေက သူတို့ဟာထက်ပိုသာနေတာတွေ့ရင် ထူးထူးခြားခြားအပြောင်းအလဲလေးတွေကို သူတို့လုပ်လိမ့်မယ်။ မင်းတို့ကသာ မင်းတို့ရဲ့အရင်ကအောင်မြင်မှုအပေါ် အရမ်းကြီးမှီခိုလွန်းရင် အဲဒါ အန္တရာယ်ရှိနိုင်တယ်"


မုထျန်းဟန် ဘောပင်ကိုယူပြီး နံပါတ်အများအပြားကို မော့တိ၏မှတ်စုစာအုပ်အပေါ် ကမန်းကတန်းရေးချလိုက်သည်။


 "ဒီပြိုင်ပွဲအတွက် ပြိုင်ပွဲကထုတ်ပစ်တဲ့နှုန်းက အတော်လေးမြင့်တယ်။ အရည်အချင်း စစ်ဆေးမှုတစ်ခုတည်းက လျှောက်ထားသူပေါင်းနှစ်ရာရဲ့ တစ် ရာခိုင်နှုန်းအောက်ပဲ လက်ခံခဲ့တယ်။ ပြီးတော့ ဒီအဆင့်မှာ အခြား ၅၀ရာခိုင်နှုန်းကို ထုတ်ပယ်လိုက်ပြီးတော့ အဖွဲ့ပေါင်းတစ်ရာပဲ ကျန်တော့တာ။ နောက်လာမယ့်ပွဲစဥ်မှာလည်း ၄၀ ကနေ ၅၀ရာခိုင်နှုန်းအထိ ထုတ်ပယ်တာမျိုး ဖြစ်နိုင်တယ်။ အဖွဲ့ပေါင်း၅၀ ကနေ ၆၀လောက်ပဲ ကျန်လိမ့်မယ်။ အဲဒါပြီးနောက်ပွဲစဥ်မှာလည်း အဖွဲ့ ၃၀နီးပါး ထွက်ရလိမ့်မယ်။ ဒါကြောင့် မင်းတို့ တည်တည်ငြိမ်ငြိမ် ဦးဆောင်ထားနိုင်ဖို့ လိုတယ်"


"ထုတ်ပယ်တာက နည်းနည်းပြင်းထန်လွန်းတယ်မဟုတ်လား”


 လိုင်သယ်စစ် နောက်ကိုမှီချလိုက်ပြီး လက်ဖက်ရည်စားပွဲပေါ်မှ မုန့်များကို အဆာပြေယူစားနေသည်။ 


 


"သူတို့ ဘာတွေစီစဉ်နေကြတာလဲ... တစ်ဒါဇင် ဒါမှမဟုတ် အဖွဲ့အနည်းငယ်ကို ထုတ်ပယ်ပြီးသွားရင် ဂိမ်းဖန်တီးနေတာကို တိုက်ရိုက်ထုတ်လွှင့်အုံးမှာမလား... ဒါမှမဟုတ်ရင် ဒီပြိုင်ပွဲက ကြာရှည်ခံမှာ မဟုတ်ဘူး”


မော့တိ လိုင်သယ်စစ်ကို တစ်ချက်ကြည့်လိုက်ပြီး စဥ်းစားလိုက်သည်။' ခင်များပြောတာ အရမ်းမှန်တယ်။'


ကျင်းပခဲ့ဖူးသော ဟွာရှား၏ဆန်းသစ်တီထွင်မှုဂိမ်းပြိုင်ပွဲတိုင်းတွင် တတိယအကြိမ်ထုတ်ပယ်မှုအပြီး ကျန်ရှိနေသေးသောအသင်းများအား သူတို့၏ဂိမ်း လုပ်ထုံးလုပ်နည်းများကို အကောင်အထည်ဖော်မည့် ရဲတိုက်ပုံစံဗီလာတွင် နေထိုင်ရန် ဖိတ်ကြားခံခဲ့ရသည်။ တစ်ခါတစ်ရံ၌လည်း ရိုက်ကူးရေးအဖွဲ့သားများက ရသစုံရှိုးလိုမျိုး သူတို့၏နေ့စဉ်လှုပ်ရှားမှုများကို ထုတ်လွှင့်ရိုက်ကူးရန် ရောက်လာလိမ့်မည်ဖြစ်သည်။


ပြီးတော့ ဂိမ်းဖန်တီးသူတို့၏ အသွင်အပြင်၊ သူ့တို့၏စရိုက် သို့မဟုတ် အရည်အချင်းကို အသိအမှတ်ပြုသော ပရိတ်သတ်အသစ်များ ရှိလာခြင်းအတွက် ထိုသို့ရိုက်ကူးပေးမှုက ကျေးဇူးတင်စရာကောင်းတော့ကောင်းပါသည်။ ယင်းက ဂိမ်းနှင့်ပြိုင်ပွဲကို မြှင့်တင်ရာတွင်လည်း အကူအညီဖြစ်စေသည်။


အသင်း၏အောင်ပွဲကို ပရိတ်သတ်တစ်ခုတည်းက မဆုံးဖြတ်နိုင်သော်လည်း ၎င်းသည် ရင်းနှီးမြှုပ်နှံသူများနှင့် ပြိုင်ပွဲ၏ အကဲဖြတ်ကော်မတီကို ဩဇာလွှမ်းမိုးနိုင်သည်။ နောက်ဆုံးအနေဖြင့် လူထုကျော်ကြားမှုအတွက် ဖန်တီးထားသောဂိမ်းများသည် ဘယ်တော့မှမကောင်းသော အရာတော့မဟုတ်ပေ။


မော့တိ သူ့လက်ပ်တော့ ပိတ်ကာ မုထျန်းဟန်အား ပြောလိုက်၏။


 "ရှင်းဝေသောင်ရဲ့ နောက်လာမဲ့ ဗားရှင်းကို ကျွန်တော်ဆက်တီထွင်မယ် ပြီးတော့ ဒီလအတွင်း ပြီးအောင်လုပ်ရမယ်။ နောက်လကျရင် ဂိမ်းအသစ်ကို ကျွန်တော်တို့ စလုပ်မယ်" 


"အဲဒီ အစီအစဥ်ကောင်းတယ်" 


မုထျန်းဟန် သူ့ကို နူးနူးညံ့ညံ့ ကြည့်လိုက်သည်။ သူက အာရုံစူးစိုက်ပြီး စိတ်အားထက်သန်သော မော့တိကို အလွန်နှစ်သက်သည်။ သူ့မျက်လုံးထဲရှိ ထက်မြက်မှုနှင့် စိတ်အားထက်သန်မှုတို့က အမှန်တကယ် ဆွဲဆောင်မှုရှိသည်။


"ဒါပေမဲ့ မင်းကျန်းမာရေးကိုလည်း ဂရုစိုက်ဖို့လိုတယ်။ အရင်ကလိုမျိုး မင်းနောက်ကျတဲ့အထိ နေလို့မရဘူး"


"အင်း" မော့တိပြုံးကာ ခေါင်းညိတ်လိုက်သည်။


"ပြီးတော့ ကိုယ့်မှာလည်း အရေးကြီးတဲ့ကိစ္စတစ်ခု မင်းကိုပြောဖို့ရှိသေးတယ်" 


မုထျန်းဟန် ရုတ်တရက်ပြောလိုက်သည်။


"အဲဒါဘာလဲ...ကိုကို" မော့တိက မုထျန်းဟန်ကိုကြည့်လိုက်သည်။


"စွမ်းစွမ်းနာမည် အကြောင်းလေ" 


မုထျန်းဟန် စွမ်းစွမ်း၏နူးညံ့သော ဝမ်းဗိုက်လေးကို ပွတ်လိုက်ပြီး သူ့၏သေးငယ်သောခေါင်းလေးကို မော့တိဆီသို့ မော့ပေးလိုက်သည်။ 


"တစ်ခုခု လိုနေတယ်လို့ မင်းမထင်ဘူးလား?"


"ဘာလိုနေလို့လဲ?" 


ခွေးလေး၏ တောက်ပသောမျက်လုံးလေးများနှင့် သူ့အား ဝှေ့ယမ်းပြနေသောခြေထောက်ငယ်လေးများကို ကြည့်ကာ မော့တိပြုံးလိုက်သည်။ ထို့နောက် သူလက်ဆန့်ထုတ်ပြီး ပွေ့ချီလိုက်သည်။


 "စွမ်းစွမ်းရဲ့နာမည်က မကောင်းဘူးလား?"


"မဟုတ်ပါဘူး။ သူ့နာမည်က ကောင်းပါတယ် ဒါပေမဲ့ မျိုးရိုးနာမည် မရှိသေးဘူးလေ။ သူက မော့မျိုးရိုးဖြစ်သင့်လား ဒါမှမဟုတ် မုမျိုးရိုးဖြစ်သင့်လား မင်းဘယ်လိုထင်လဲ..." 


မုထျန်းဟန် ညင်သာစွာပြုံး၍ မေးလိုက်သည်။


"မော့...မု?" 


မော့တိ မုထျန်းဟန်၏ နောက်ပြောင်နေသော မျက်လုံးများကို စိုက်ကြည့်လိုက်ပြီး သူ့ခေါင်းထဲတွင် 'အကျယ်ကြီးအော်ဟစ်' လိုက်ကာ သူရှက်သွားသည်။


"ဘာလဲကွာ..." တချိန်လုံး ငြိမ်ငြိမ်လေး လှဲနေသော လိုင်သယ်စစ်မှာ ငါးတစ်ကောင်လို ရုတ်တရက် ခုန်ထကာ မတ်တပ်ရပ်လိုက်သည်။ သူ မုထျန်းဟန်၏ အင်္ကျီကို ဆွဲယူလိုက်ပြီး 


"မင်းက သားရဲတစ်ကောင်ဖြစ်နေရင်တောင် ဂုဏ်သိက္ခာလေးတော့ရှိစမ်းပါ။ ကလေးမျက်စိရှေ့ကနေ မြန်မြန်ထွက်သွားစမ်း!"


မုထျန်းဟန်သည် လိုင်သယ်စစ် သူ့ကိုဆွဲထားသည်ကို ဘာမှပြန်မလုပ်ဘဲ သူ့ကို အပေါ်ထပ်သို့ တရွတ်တိုက်ဆွဲခေါ်သွားသည်။ သူထွက်သွားချိန်၌ ပြုံးပြီး 


“အမှန်က မင်းအရမ်း မွန်းကြပ်နေတာ ကိုယ်မြင်တော့ မင်းကို နည်းနည်းလေး စိတ်သက်သာသွားအောင် လုပ်ပေးချင်တာ။ ပြိုင်ပွဲအကြောင်းကို တစ်ချိန်လုံး ခေါင်းထဲထည့်မထားနဲ့။ ကလေးလေး သိပ်စိတ်မပူနဲ့"


"..." မော့တိမျက်နှာသည် အနီရင့်ရင့် အဆင့်သို့ ပြောင်းသွားသည်။


နောက်တစ်နေ့၌ မော့တိသည် ကျင်းသာ့သို့ပြန်သွားသည်။


စာသင်ခန်းထဲသို့ရောက်သည်နှင့် ရှန့်ယွီချောင်နှင့် သူငယ်ချင်းတစ်စုထံမှ မကျေနပ်ချက်ပေါင်းများစွာကို မော့တိရရှိခဲ့သည်။


"ရှောင်တိ တစ်ခုခုဖြစ်သွားသေးလား... မင်းမနေ့ညက ပြန်မလာဘူးလေ။ အပြင်ဘက်မှာ မင်းအရမ်းပျော်ခဲ့ရပြီး ငါတို့ကိုမေ့သွားပြီမလား?" 


ရှန့်ယွီချောင် သူ့လက်မောင်းကို မော့တိပခုံးတစ်ဝိုက်၌ ထားလိုက်သည်။


"အသေအချာပဲ။ ဒီအဖေက အရမ်းစိတ်ဆိုးတယ်။ ကလေးက အရွယ်ရောက်လာပြီး အိမ်အကြောင်း တွေးတော့မှာမဟုတ်ဘူး" 


လင်ကျွင်းဖုန်က ဘဝ၏ ကံကြမ္မာအပြောင်းအလဲများအတွက် မရှိသည့်မျက်ရည်တို့ ကျလာသည်။


"ငါ့ဦးလေးငယ်က မနေ့က ညစာစားဖို့ မင်းကို ဖိတ်ချင်ပေမယ့် မင်းကပြန်မလာဘူး" 


ချန်ကျောင်းက ဖြတ်ပြောလိုက်သည်။ 


"ငါ့ဦးလေး မနေ့က အဆောင်ကို လာသေးတယ် မင်းသိလား..."


"ဦးလေးစုန့်က ငါတို့အဆောင်ကို လာတာလား...." မော့တိ အနည်းငယ် အံ့ဩသွားသည်။


"ဟုတ်တယ်။ တစ်အချက်က ငါ့ဆီလာလည်တာ။ နှစ်အချက်က မင်းကိုတွေ့ဖို့ ဒါဆို ငါတို့ ထမင်းကို အပြင်ထွက်စားလို့ရတယ်လေ။ ဒါပေမဲ့ အဲဒါက မဖြစ်မြောက်လိုက်တဲ့ ခရီးဖြစ်သွားတယ်" 


ချန်ကျောင်းပခုံးတွန့်ပြလိုက်သည်။


"ငါလည်း ဦးလေးစုန့်ကို သူအားတဲ့ ဘယ်အချိန်ဖြစ်ဖြစ် ထမင်းတစ်နှပ်လောက်တော့ ကျွေးချင်ပါတယ်" 


မော့တိ တောင်းပန်စွာပြောလိုက်သည်။ 


"ဒါပေမဲ့ နောက်လဝက်အထိ ငါ အားမှာမဟုတ်ဘူး"


"ဘာလို့လဲ... မင်းရဲ့ဂိမ်းက အထုတ်ခံရတဲ့အဆင့်ကို အောင်သွားပြီမလား..နောက်ပွဲစဥ်ကလည်း နောက်ထပ်လဝက်မှလေ"


"ငါ စိတ်တိုင်းမကျနိုင်သေးဘူး။ ဂိမ်းကို အဆက်မပြတ် လုပ်အဆင့်မြှင့်ပြီး ပြည့်စုံအောင်လုပ်ရမယ်။ နောက်ပြီးတော့လည်း…” 


မော့တိ စကားပြောနေတာကို ရပ်လိုက်ပြီး နောက်တံခါးကို မသိမသာတစ်ချက်ကြည့်လိုက်သည်။


"ပြီးတော့ ဘာလဲ?" 


ရှန့်ယွီချောင်က မော့တိပခုံးကို ပုတ်လိုက်ပြီး 


"ရှောင်တိ ငါ့ကို ရင်ထိတ်အောင်မလုပ်နဲ့။ ဘာလို့ စကားတစ်ဝက်မှာ ရပ်လိုက်တာလဲ?"


"ဘာမှမဟုတ်ပါဘူး။ ငါရုတ်တရက် အတွေးတစ်ခု ပေါ်လာလို့" 


မော့တိပြုံးလိုက်ပေမယ့် စိတ်ကတော့ လေးလံနေသည်။


တစ်ယောက်ယောက်က သူ့ကို ကြည့်နေသည်ကို သူသေချာပေါက် ခံစားမိသည်။ ပြီးတော့ ထိုအကြည့်က သေချာပေါက် မကောင်းသောရည်ရွယ်ချက်ဖြင့်ပင်။


"ဒါဆို ဆက်ပြောပါအုံး" 


ရိုးသားသော ရှန့်ယွီချောင်သည် မော့တိ တစ်ခုခုဖြစ်နေတာကို မရိပ်မိချေ။


"ဘာပဲဖြစ်ဖြစ် ငါ နောက်ပိုင်း အရမ်းအလုပ်ရှုပ်တော့မှာ" 


မော့တိ အများကြီးရှင်းမပြတော့ဘဲ သူ့ဖတ်စာအုပ်ကို ယူလိုက်သည်။ 


"ငါ စာလုပ်ရမယ်။ ဂိမ်းလည်းဖန်တီးရမယ်။ ငါအိမ်ပြန်ပြီး ခွေပေါက်လေးကိုတောင် ပြုစုပျိုးထောင်ပေးရအုံးမယ်"


"ချီး…” ရှန့်ယွီချောင် စကားမပြောနိုင်ဖြစ်သွားသည်။ 


“ချိန်းတွေ့တာ ဒါမှမဟုတ် တစ်ခုခုဖြစ်ဖြစ် အဲလို ပုံမှန်ဆန်တာမျိုး ပြောမယ်လို့ ငါထင်ခဲ့တာ"


"မင်း ဆိုးသွမ်းတဲ့ကလေး ဝေးဝေးနေစမ်း" 


လင်ကျွင်းဖုန်က ရှန့်ယွီချောင်ကို တွန်းလိုက်ပြီး သူ့လည်ပင်းကိုညှစ်ကာ အသံကျယ်ကျယ်ကျယ်ဖြင့် အော်ပြောလိုက်သည်။ 


"မကောင်းတဲ့အရာတွေလုပ်ချင်ရင် မင်းဘာသာမင်းလုပ်။ ရှောင်တိကို ဆွဲမထည့်နဲ့။ ငါတို့ ရှောင်တိက အခုထိ ကလေးပဲရှိသေးတယ်!"


ချက်ခြင်းပင် ရှန့်ယွီချောင်က သူ့ကော်လာကို ဆွဲကိုင်ပြီး သာမန်လူတွေကို ပြောနေတဲ့ အာဏာရှင်လိုမျိုး ပြုမူကာ– 


“ဒီနေ့ပဲ ငါက ဒီကလေးကို မကောင်းတာတွေ လုပ်ခိုင်းတော့မှာ!"


မော့တိ: “…”


သူငယ်ချင်းများ၏နောက်ပြောင်မှုများကြောင့် မော့တိသည် ပို၍ သက်တောင့်သက်သာရှိလာခဲ့သည်။ သို့သော် အတန်းအပြီး ကော်ဖီဆိုင်သို့ သွားကြသောအခါ မော့တိသည် သူ့အား စောင့်ကြည့်နေသော မျက်လုံးများစွာကို သတိပြုမိပြန်သည်။


ယင်းက မော့တိ၏စိတ်အခြေအနေကို အလွန်ဆိုးရွားစေသည်။


သို့ပေမယ့် ထိုအကြောင်းကို မုထျန်းဟန်ကို သူမပြောရသေးပေ။ သူ့ကို မကြိုက်သည့်တစ်ယောက်မကသော သူတို့က ရိုးရိုးကြည့်ခြင်းလား သို့မဟုတ် တခြားတစ်ယောက်ယောက်မှ သူ့ကို စောင့်ကြည့်နေသည်လား သူ သေချာမသိသောကြောင့်ဖြစ်သည်။


သူ အသေးအဖွဲ့ကိစ္စလေးတွေအပေါ်မှာ ညည်းတွားပြီး ကြောက်ရွံ့ထိတ်လန့်မနေချင်ပေ။


ထိုသို့ဆိုပေမယ့် သူ သတိထားစောင့်ကြည့်ဖို့တော့ လိုအပ်သည်။


Xxxxxx