Chapter 67
မော့တိက လေးလံနေသောနှလုံးသားနှင့်အတူ ဖုန်းချလိုက်သည်။
ကျောက်ချွန်းချန်တွင် မကောင်းသည့်အကြံအစည်များ ရှိနေလားဆိုသည်မှာ မသေချာပေ။ သို့ပေမယ့် သူ့အနေဖြင့် လုံးလုံး မယုံကြည်ထားနိုင်ပေ။
ပြီးတော့လည်း...
ကျောက်ချွန်းချန် သူ့ကို ထိခိုက်အောင်လုပ်ချင်တယ်ဆို သူ့ခေါင်းလျှော်ရည်နှင့် ဓါတ်ဘူးက ဘာလုပ်လို့ရမှာလဲ? အဆိပ်? ဒါမှမဟုတ် ဆာလဖျူရစ်အက်စစ်လား?!
စောင့်ကြည့်မှုကို မပိတ်မှီ မော့တိ နှစ်စက္ကန့်မျှ ပြန်စဥ်းစားလိုက်ပြီး နာမည်ကြီးအွန်လိုင်းshopping siteတစ်ခုကို ဖွင့်လိုက်ကာ အရမ်းမပေါ်လွင်မထင်ရှားသည့် ကင်မရာတစ်ခုကိုရှာလိုက်သည်။ ယင်းကို မုထျန်းဟန် အကူအညီမပါဘဲ အေးအေးဆေးဆေး ဝယ်လို့ရနိုင်သည်။
ထိုညနောက်ပိုင်း၌ မော့တိ ဂိမ်းအသစ်၏ အသေးစိတ်အချက်အလက်များနှင့် ကုတ်ဒ်ရေးခြင်း ပြီးခါနီးအချိန်လောက်မှသာ မုထျန်းဟန် ပြန်ရောက်လာခဲ့သည်။
"တောင်းပန်ပါတယ်။ ဒီနေ့ကိုယ် အိမ်ပြန်တာနောက်ကျသွားတယ်"
မော့တိ၏ဆံပင်ကို မုထျန်းဟန် ညင်သာစွာပွတ်သပ်လိုက်သည်။
"ညစာ စားပြီးပြီလား? ညလယ်စာ အစာပြေစားဖို့ ကိုယ် မင်းကို အပြင်ခေါ်ပြီးသွားစားရင်ရော ဘယ်လိုလဲ?"
"ကျွန်တော်စားပြီးသွားပြီ။ ကိုကို အခုနောက်ပိုင်း အရမ်းအလုပ်များနေတာလား?"
မုထျန်းဟန် ပင်ပန်းနေတာကို မော့တိ ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။ သူ့မျက်လုံးတွေအောက်မှာ မျက်ကွင်းအမည်းတွေတောင် ရှိနေသည်။
"အတော်လေး အလုပ်များတဲ့အချိန်ပဲ။ ဒီမှာ ကုမ္ပဏီ အခြေအနေအတည်တကျဖြစ်ဖို့က နည်းနည်းတော့ အလုပ်ကြိုးစားဖို့ လိုတယ်လေ"
ထို့နောက် မုထျန်းဟန်က ကြည့်ကာပြောလိုက်သည်။
"မင်း ကိုယ်နဲ့ ညလယ်စာထွက်စားချင်လား?"
"ကိုကို အခုထိ ညစာမစားရသေးဘူး ဟုတ်တယ်မလား? အမြဲတမ်း အပြင်စာစားတာက ကျန်းမာရေးအတွက် မကောင်းဘူး။ ကိုကို စားဖို့ ကျွန်တော်တစ်ခုခုလုပ်ပေးမယ်"
မော့တိ သူ့laptopကို ဘေးသို့ထားလိုက်ပြီး မီးဖိုဆောင်သို့ သွားချင်ပေမယ့် မုထျန်းဟန်က သူ့ကို တားလိုက်သည်။
မုထျန်းဟန် မော့တိကိုကြည့်၍ တောက်ပစွာပြုံးပြလိုက်သည်။
"မလိုပါဘူး။ ကိုယ် ကိုယ်တိုင်ပဲ လုပ်လိုက်မယ်။ မှာစားလိုက်လို့လည်းရပါတယ်။ အခုတလော ဂိမ်းတွေဖန်တီးနေရတာနဲ့ မင်းအလုပ်ရှုပ်နေတယ်လေ။ ရှားရှားပါးပါး အားတဲ့နေ့လေးတစ်နေ့ရှိတာကို မင်းပိုပြီး အနားယူသင့်တယ်"
"ကျွန်တော် မပင်ပန်းပါဘူး။ ပြီးတော့ ကိုကို့အတွက်ချက်ပြုတ်ပေးရတာက ပိုပြီးတော့တောင် ပင်ပန်းတာ သက်သာသေးတယ်။ ဒါကို ကျွန်တော့် အနားယူချိန်လို့ သတ်မှတ်လို့ရတယ်လေ"
မော့တိက အခိုင်အမာပြောသည်။
“ကိုကို ကျွန်တော် ချက်ကျွေးတာကို အခုထိ မစားဖူးသေးဘူး။ ကျွန်တော်က အချက်အပြုတ်လည်း အရမ်းတော်တယ်။ ဒီနေ့ ကိုကို့ကို မြည်းကြည့်ခွင့်ပေးမယ်"
ထိုသို့ပြောပြီး မော့တိက မုထျန်းဟန်၏ခြေရင်းတွင် ရစ်ပတ်နေသော သားမွေးဘောလုံးလေးကို ကောက်ကိုင်လိုက်ကာ သူ့လက်ထဲသို့ ထည့်လိုက်သည်။
“ကိုကို၊ ခင်များက စွမ်းစွမ်းကို ဂရုစိုက်လိုက်ပါ။ မီးဖိုချောင်ကိစ္စကို ကျွန်တော်နဲ့လွှဲထားလိုက်။ ကိုကိုငြင်းလို့မရဘူး၊ ကူညီလို့လည်းမရဘူး။ မဟုတ်ရင် စွမ်းစွမ်းက မပျော်ပဲနေလိမ့်မယ်"
မော့တိ၏ လွှမ်းမိုးချယ်လှယ်တတ်သော အပြုအမူသေးသေးလေးနှင့် သူကောင်းဖို့အတွက် အမိန့်ပေးနေသည်ကို ကြည့်ပြီး မုထျန်းဟန်၏နှလုံးသားထဲတွင် မုန်တိုင်းတစ်ခု အရှိန်ပြင်းစွာ ဖြတ်သန်းတိုက်ခတ်သွားသည်။ သူ မော့တိ၏ဆံပင်ကို ထိရန် လက်ဆန့်ထုတ်လိုက်ပြီး
“ကောင်းပြီ။ ကိုယ့်မိသားစုဝင်ကလေးလေးက ဒီလိုမျိုး ရက်စက်တဲ့အခါ ကိုယ် သူ့ကို တကယ် မလွန်ဆန်ရဲဘူး။ ကိုယ်လိုက်နာပါ့မယ်"
မော့တိ၏မျက်နှာသည် ပူလာပြီး အရှက်ပြေ ချောင်းဆိုးကာ
“ဒါဆို မီးဖိုချောင်ထဲ သွားတော့မယ်"
သို့သော်လည်း သူ ထွက်သွားရန် လှည့်လိုက်သည်နှင့် မုထျန်းဟန်သည်လည်း သူ့နောက်မှ လိုက်လာသည်။
"မီးဖိုချောင်ထဲမှာ မကူညီပေးဘူးလို့ ကတိပေးထားတယ် မဟုတ်လား?"
မော့တိ မျက်မှောင်ကြုတ်လိုက်သည်။
“ကိုကို စကားကို ပြန်ရုတ်သိမ်းလို့ မရဘူး"
"ကိုယ်ပြောတာကို ကိုယ်နားလည်ပါတယ်။ ကိုယ်တို့မော့တိရဲ့ ရဲရင့်တဲ့စွမ်းရည်တွေကို ကိုယ် ချီးကျူးချင်ရုံပါ"
မုထျန်းဟန်သည် မော့တိကို သဘောကျစွာ ကြည့်နေသည်။
“ကိုယ့်ရဲ့ သေးငယ်တဲ့တောင်းဆိုချက်ကို မင်းလက်မခံနိုင်ဘူးဆိုရင် ကိုယ်က အရမ်းသနားဖို့ကောင်းတာပဲ"
"ဘာ...ဘာက သနားစရာရှိလို့လဲ? ဒီလိုအခြေအနေမျိုးမှာ ဒီစကားလုံးကို ဘယ်လိုလုပ်ပြောနိုင်ရတာလဲ?"
မော့တိ၏ အပူချိန်မှာ တိုးလာပြီး မုထျန်းဟန်ကို တိုက်ရိုက်မကြည့်ဝံ့ပေ။ သူက လှည့်ပြီး ခြေလှမ်းကျဲကျဲဖြင့် အမြန်လျှောက်သွားရင်း အထစ်ထစ်အငေါ့ငေါ့ဖြင့်
“တကယ်...တကယ်လို့ ကိုကိုကြည့်ချင်ရင် ဒါ…ဒါဆို ကြည့်လေ"
မုထျန်းဟန်က မော့တိ၏ ရှက်ရွံ့မှုကို မျက်မြင်လိုက်ရပြီး မတတ်နိုင်ဘဲ ပြုံးကာ ခေါင်းယမ်းလိုက်သည်။ ထို့နောက် သူသည် စိတ်ပျော်ရွှင်စွာဖြင့် သူ့နောက်သို့ လိုက်သွားခဲ့သည်။
သူ့ကလေးလေးကို စနောက်ရတာ အရမ်းပျော်ဖို့ကောင်းသည်။ ဘယ်လိုတောင် ချစ်ဖို့ကောင်းရတာလဲ။
မော့တိက ဟင်းသုံးမျိုးသာ ချက်လိုက်သည်- ကြာခွက်မွှေကြော်၊ ကြက်တောင်ပံပေါင်းနှင့် ငါးအရသာတို့ဟူးတို့ကိုသာ ပြုလုပ်ခဲ့သည်။ ဟင်းပွဲတိုင်းက မွှေးရနံ့နှင့် သွားရည်ကျဖွယ်အရောင်တို့ ပြည့်နှက်နေသည်။
မော့တိက ဤသို့ အရည်အချင်းပြည့်ဝပြီး ကျွမ်းကျင်လိမ့်မည်ဟု မုထျန်းဟန် မျှော်လင့်မထားပေ။ သူ အံ့ဩသွားပြီးနောက် ချစ်ခင်မြတ်နိုးမှုလည်း ပိုတိုး၍လာသည်။
သို့ပေမယ့် အေးစက်သည့်အမူအရာကို ထိန်းထားလိုက်သည်။
နောက်ဆုံး၌ သူပြောသမျှတိုင်းသည် သူတို့ စိတ်ခံစားချက်များကို ဆန့်ကျင်ဘက်အဓိပ္ပါယ်သက်ရောက်စေ၏။
မုထျန်းဟန်က သူ၏တူကို ကိုင်၍ စားချင်စဖွယ်ရွှေရောင် တို့ဟူးကို ယူပြီး ကိုက်လိုက်သည်။
အနံ့အရသာပြည့်ဝသောတို့ဟူးမှာ သူ့လည်ချောင်းထဲ ရောက်ရှိသွားသည်။ လတ်ဆက်နူးညံ့ပြီး ငါးအနှစ်အမွှေးအကြိုင်နှင့် ချက်ထားသော တို့ဖူးမွှေးမွှေးလေးသည် သူ၏အရသာအာရုံခံအဖုလေးတွေကို တုန်လှုပ်စေသည်။ တစ်ကိုက်ချင်းစီတိုင်းသည် ပါးစပ်မှ အစာအိမ်အထိ နွေးထွေးမှုနှင့် စိတ်ကျေနပ်မှုကို ရရှိစေသည်။
မုထျန်းဟန်မှာ ပိုမိုဗိုက်ဆာလာပြီး ကျေနပ်စွာ သက်ပြင်းချလိုက်သည်။ သူသည် မော့တိကို ပြုံးပြီး
“ဒါက အရမ်းအရသာရှိတယ်။ အဲဒါက ကိုယ့်ကို ပိုဗိုက်ဆာစေတယ်။ ဒါတွေအားလုံးကို အကုန်ကုန်အောင် ကိုယ် စားနိုင်လောက်တယ်"
"ကိုကို ကြိုက်လို့ ဝမ်းသာပါတယ်"
မုထျန်းဟန်အတွက် ထမင်းနှင့် ဆန်ပြုတ်တစ်ပန်းကန်နှင့် ပြောင်းဆန်ပြုတ်ကို ယူလာရင်း မော့တိ ပြုံးလိုက်သည်။
"ကိုကို စားလေ"
"ကိုယ့်ကိုယ်ကို အလုပ်ရှုပ်ခံမနေနဲ့။ ကိုယ်နဲ့အတူ လာစားတော့"
သူ့ဘေးရှိခုံကို မုထျန်းဟန် ဆွဲထုတ်လိုက်ပြီး "ဒီမှာ လာထိုင်"
"အင်း ဒါပေမယ့် နည်းနည်းလေးပဲ စားမယ်။ စောစောက ကျွန်တော် ညစာ စားပြီးပြီ"
မော့တိက ပန်းကန်လုံးသေးသေးတစ်လုံးကို ကိုင်ကာ သူ့ဘောင်းဘီအောက်ခြေကို ဆုပ်ကိုင်ထားသည့် စွမ်းစွမ်းကို ကောက်ချီလိုက်သည်။
စွမ်းစွမ်းက ကလေးတစ်ယောက်လို ညည်းလိုက်ပြီး ခန္ဓာကိုယ်သေးသေးလေးက စားပွဲပေါ်သို့ ခုန်ဆင်းသွားသည်။
"မင်းက ဒါတွေကို စားလို့မရဘူးလေ"
မော့တိ ရယ်လိုက်ပြီး စွမ်းစွမ်းကို အစားအသောက်တွေနှင့် ဝေးရာသို့ ဆွဲယူလိုက်သည်။ သို့ပေမယ့် နူးညံ့သည့်ဘောလုံးလေးကတော့ ငြိမ်ငြိမ်လေးထိုင်ရန် ငြင်းဆန်နေဆဲပင်။ သူ၏ ရှေ့ခြေသည်းများကို ဆန့်ထုတ်ထားပြီး မျက်လုံးများက အစားအသောက်ကို စိုက်ကြည့်နေခဲ့သည်။ ထို့နောက် မော့တိဘက်သို့ ခေါင်းပြန်လှည့်ကာ အစားအသောက်ဘက်သို့ ပြန်လှည့်သွားသည်။ စကားသာပြောတတ်မည်ဆိုလျှင် ငါစားချင်တယ်။ ငါ့ကို မြန်မြန်ကျွေးပါတော့ဟု ဆိုပေလိမ့်မည်။
မော့တိက အူလှိုက်သည်းလှိုက် ရယ်မောကာ စွမ်းစွမ်း၏ခေါင်းကို ပွတ်လိုက်ပြီး "မင်းက အစားပုပ်လေးပဲ!"
မုထျန်းဟန်လည်း ရယ်မောရင်း
“စွမ်းစွမ်းက သနားစရာလေး။ ကိုယ် အခု ဒီဟာစားနေရတာ စိတ်မကောင်းဘူး”
ထို့နောက် ကြက်ပေါင်တစ်ခုကို ကောက်ယူပြီး သူ့ပါးစပ်ထဲသို့ ထည့်လိုက်သည်။
စွမ်းစွမ်းသည် ရုတ်တရက် ထအူလိုက်သည်။ "အာဝူး~!"
စေ့စပ်ဖျန်ဖြေပေးသူ မော့တိက စွမ်းစွမ်းစိတ်ကျေနပ်စေရန်အတွက် ခွေးစာအချို့ကို သွားယူလိုက်သည်။ စွမ်းစွမ်းတစ်ကောင်မှာ သူ့အစာကိုရပြီးနောက် ငြိမ်သွား၏။ သူ့အစားအစာကို အသံမြည်အောင်ဝါးစားလိုက်ပြီး မုထျန်းဟန်ဘက်သို့ “ငါ့ကို မနာလိုမဖြစ်နဲ့၊ ငါ့မှာလည်း စားစရာ ရှိတယ်” ဆိုသည့် အကြည့်နှင့် လှည့်ကြည့်လိုက်သည်။
မုထျန်းဟန်သည် မော့တိကို ပြုံးပြီးပြောလိုက်သည်။ “ဒီစွမ်းစွမ်းက နောက်ထပ် ကြီးပြင်းမှုအဆင့်ကို ရောက်တော့မှာလား?"
…
နောက်တစ်နေ့တွင် မော့တိက ကုတ်ရေးခြင်းကို အပြီးသတ်ပြီး ဂိမ်းအသစ်အတွက် ပုံစံကို ဖန်ချန်းလောင်နှင့် ဟန်ချောင်တို့ထံ ပေးပို့ခဲ့သည်။
ဖန်ချန်းလောင်နှင့် ဟန်ချောင်တို့က အချက်အလက်ကို ရရှိပြီးနောက် စိတ်ခံစားမှု တက်ကြွလာကြသည်။
ဖန်ချန်းလောင်: အား အား အား အား အား survival game(အသက်ရှင်အောင်ကြိုးစားရတဲ့ဂိမ်း)ပဲ။ ငါကြိုက်တယ်! ငါကြိုက်တယ်! ဒီရေးထားတဲ့codeက အရမ်းမိုက်ရုံတင်မဟုတ်ဘူး! အဲဒါက ဗုံးပဲ!
(Eng TN: ဂိမ်းအမျိုးအစား无限流闯关ကိုဘာသာပြန်ထားတာ မှန်လားဆိုတာ မသေချာဘူး။ ဒါကြောင့် google translationအတိုင်းပဲ တိုက်ရိုက် သုံးထားတယ်။ တစ်ယောက်ယောက်က ပိုကောင်းတဲ့ ဘာသာပြန်အဓိပ္ပါယ်ကိုသိရင် ပြောပါ။ ဂိမ်းအသုံးအနှုန်းတွေနဲ့ မရင်းနှီးလို့ပါ။)
ဟန်ချောင်: အဲဒါကို ငါသဘောကျတယ်! ငါ ကစားချင်တယ်! အခု!!!
မော့တိ: အဲဒါပြီးသွားရင် ငါတို့အားလုံး ကစားကြမယ်[အပြုံး]
ဖန်ချန်းလောင်: တစ်ခုမဟုတ် တစ်ခု ရွေးချယ်ဖို့ ဇာတ်ကောင်တွေ အများကြီးရှိတယ်။ ငါ အရင်က အရမ်းနာမည်ကြီးတဲ့ survival gameကို ကစားခဲ့ပေမယ့် ကစားလို့မရတဲ့ ဇာတ်ကောင်တွေ အများကြီးရှိတယ်။ ပြီးတော့ ဇာတ်ကြောင်းတွေကလည်း အားလုံးနီးပါး ဒီအတိုင်းပုံသေကြီးတွေချည်းပဲ။ တခြားဇာတ်ကောင်တွေနဲ့ ကစားတာတောင် ရလဒ်က အများကြီး ပြောင်းမသွားဘူး။ ဒါပေမယ့် ရှောင်တိ မင်းရဲ့ဂိမ်းက… ဇာတ်ကောင်တစ်ခုစီတိုင်းတွင် ကိုယ့်ဘာသာကိုယ် လွတ်လွတ်လပ်လပ် ရွေးချယ်လို့ရပြီး များပြားတဲ့ဖြစ်နိုင်ချေတွေကိုလိုက်ပြီး ဇာတ်ကြောင်းပုံစံက ပြောင်းသွားလိမ့်မယ်။ ဒီပရိုဂရမ်ကိုရေးဖို့အတွက် တွေးခေါ်မှုနဲ့ ကြိုးစားအားထုတ်မှုတွေ အများကြီးပါဝင်နေမယ်လို့ ငါ ထင်တယ်။ ငါတို့ အရင်ကဂိမ်းထက် အဆပေါင်းများစွာ ပိုအဆင့်မြင့်တယ်"
မော့တိ : ဟုတ်ပါပြီ၊ ငါတို့ရဲ့ နောက်တစ်ဆင့်ကတော့ အမြဲတမ်း အကောင်းဆုံး လုပ်ဆောင်ဖို့ပဲ။
ဟန်ချောင်: ငါ စာမျက်နှာတော်တော်များများလောက်ပဲ ဖတ်ပြီး မျက်ရည်တောင်ကျတယ်။
ဟန်ချောင်: ဇာတ်ကြောင်းအလိုက် မတူညီတဲ့ ကျွမ်းကျင်မှုတွေ ရနိုင်တဲ့အစွမ်းကို ငါ သဘောကျတယ်။ အဲဒီအချက်ကြောင့် storylineက ပိုပြီးပြည့်စုံလာတယ်။ ရွေးချယ်ဖို့ NPC(non-player character)တွေရော ဇာတ်ကောင်တွေရော အများကြီးရှိပြီး တစ်ယောက်စီတိုင်းမှာ သူတို့ရဲ့ ကိုယ်ပိုင် skill setတွေပါတာက မိုက်တယ်။ ဖြစ်နိုင်ခြေရှိတဲ့အရာတွေလည်း အများကြီးရှိတယ်! ဒါကအရမ်းပျော်စရာကောင်းမှာပဲ၊ ငါ တကယ်ကို ကြိုက်တယ်!
ဖန်ချန်းလောင် : ဒါပေမယ့် ဒီလိုလုပ်တာက ပိုအချိန်ကြာလိမ့်မယ်။ တတိယအဆင့် ထုတ်ပယ်မှု မတိုင်ခင် ဒါကို အချိန်မှီ ပြီးနိုင်မယ်လို့ မထင်ဘူး။ မဟုတ်ဘူး။ အဲဒီလောက်တောင် မဟုတ်ဘူး။ အဲဒါရဲ့ ငါးပုံတစ်ပုံတောင် ငါတို့ ပြီးမယ် မထင်ဘူး။
မော့တိ: စိတ်မပူပါနဲ့။ ရှင်းဝေသောင်ရဲ့ဗားရှင်းအသစ်က အဆင်ပြေမှာပါ။ ပြီးတော့ ငါတို့ အဲဒါကို ခဏလောက် ဘေးဖယ်ထားလို့ရပါသေးတယ်။ နောက်ဆုံးပြိုင်ပွဲကြီးတွေက နိုဝင်ဘာလကုန်ခါနီးလောက်မှသာ ကျင်းပလိမ့်မယ်။ ဒါကြောင့် အဲဒီဂိမ်းကို ဆက်လုပ်ဖို့ ငါတို့မှာ ၂လကျော်လောက် အချိန်ရတယ်။
မော့တိ: ဒီဇင်ဘာလအစမှာ လေးပုံတစ်ပုံ ဒါမှမဟုတ် သုံးပုံတစ်ပုံ ပြီးအောင် ငါ ကြိုးစားပါ့မယ်။
ဖန်ချန်းလောင်: ဟား? ဒါပေမဲ့ မပြီးရင် ပြိုင်ပွဲကို ငါတို့ ဘယ်လိုဆက်ပြိုင်ရမှာလဲ?!
မော့တိသည် စာရိုက်မည့်အစား အသံမှတ်စုတိုတစ်စောင်ကို ပေးပို့လိုက်သည်:
"အဆင်ပြေသွားမှာပါ"
မော့တိ: နောက်ဆုံးပြိုင်ပွဲတွေအတွက် ဂိမ်းတွေကို ပြီးပြည့်စုံအောင်လုပ်ဖို့ မလိုဘူးလို့ ယုံကြည်ရတဲ့သူဆီကနေ ငါ ကြားထားတယ်။ ငါတို့မှာ ဂိမ်းအတွက် အခြေခံကောင်းတွေရှိနေသရွေ့ ပြိုင်ပွဲအတွင်းမှာ အဲဒါကို တိုးတက်ပြောင်းလဲအောင် ငါတို့ လုပ်လို့ရပါသေးတယ်။
ပြိုင်ပွဲသည် ထိုအဆင့်သို့ ရောက်သည့်သောအခါ အသင်းများကို တရားဝင်အခြေစိုက်စခန်းသို့ ပြောင်းရွှေ့ပြီး ကင်မရာအောက်တွင် အလုပ်လုပ်ကာ ပိုမိုရင်းနှီးကျွမ်းဝင်စေ၍ ပရိသတ်များကြား စိတ်အားထက်သန်မှုကို တိုးမြှင့်ပေးလိမ့်မည်ဖြစ်သည်။
ဖန်ချန်းလောင်: မင်းဟာက သေချာလို့လား? ဒါက စိတ်ချလို့ရလား?
မော့တိ: အင်း သေချာတယ်။
ဟန်ချောင်: ဒီဂိမ်းက အံ့သြစရာကောင်းတယ်။ ဝတ္ထုတစ်ပုဒ်လိုပဲ။ ရှောင်တိ မင်း ဒါကို စီစဉ်လိုက်တာ အရမ်းကောင်းတယ်။ ဒါပေမယ့် ဒီလိုဖြစ်ရင်၊ ဒီဂိမ်းအတွက် ဝင်ငွေကို ငါတို့ လက်မခံနိုင်မှာကို စိုးတယ်။ တစ်ရာခိုင်နှုန်းတောင် အရမ်းများလွန်းတယ်။
ဖန်ချန်းလောင်: အဲဒါတော့ ဟုတ်တယ်။ ငါတို့ စိတ်မသန့်ဘူးလို့ ခံစားရတယ်။
မော့တိသည် ပြုံးပြီး စာရိုက်လိုက်သည်: မင်းတို့က အရမ်းအရေးကြီးတဲ့ ပထမဆုံးအဖွဲ့သားတွေလေ။ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိစမ်းပါ။
ဟန်ချောင်: ဘာပဲဖြစ်ဖြစ် ငါ့ကို အများကြီး မပေးနဲ့ ဒါမှမဟုတ်ရင် ငါ ညဘက် အိပ်ပျော်မှာမဟုတ်ဘူး။ ဒါ့အပြင် နောက်ဆုံးတစ်ခေါက်ကဂိမ်းထက် ဒီဂိမ်းက ပိုက်ဆံ ပိုကုန်လိမ့်မယ်။ ပြီးတော့ မင်းကပဲ အများဆုံး အကုန်ကျခံနေတာ။ ငါတို့က အမြဲတမ်း မင်းရဲ့အကျိုးအမြတ်တွေကို ယူနေရတာ အဓိပ္ပါယ်မရှိဘူး။
မော့တိ စဥ်းစားပြီး ပြောလိုက်သည် : မင်းတို့အတွက်က တစ်ယောက်ကို 5%၊ ပြီးတော့ ဒီဇိုင်းနာအသစ်တွေအတွက်က 1%စီပေးမယ်လို့ ငါ စာချုပ်မှာ ရေးပြီးသွားပြီ။ မင်းတို့ မငြင်းရင် ပိုကောင်းမယ်။
ဟန်ချောင်: ငါတို့အတွက် 10%ပေါ့။ အဲဒါ အရမ်းများလွန်းတယ်!
ဖန်ချန်းလောင်: ငါ ပိုက်ဆံကိုကြိုက်ပေမဲ့...ဒါတော့မဟုတ်သေးဘူး! ငါ လက်မခံနိုင်ဘူး!
မော့တိက ခိုင်မာစွာပြောလိုက်သည်: ငါအဆင်ပြေတယ်လို့ ပြောနေတယ်လေ။ ငါ့ရဲ့ စုစုပေါင်းအစုက ရှစ်ဆယ်ရာခိုင်နှုန်းရှိပါသေးတယ်။ ကျန်တဲ့ငွေကို နောက်အဖွဲ့ဝင်တွေနဲ့ ငါ့အစ်ကို့ကို ပေးလို့ရသေးတယ်။
ဖန်ချန်းလောင် အံ့ဩသွားပြီး: မင်းအစ်ကို?! မင်းဆိုလိုတာ မုထျန်းဟန်ကိုပြောတာလား?
မော့တိ: အင်းလေ သူက ငါ့ကို အများကြီး ကူညီပေးထားတာ။
အမှန်တိုင်းပြောရလျှင် သူသည် မုထျန်းဟန်ကို ပိုပေးချင်သော်လည်း အဖွဲ့ဝင်တွေနှင့် သဘောထားကွဲလွဲသွားမှာကို သူ စိုးရိမ်သည်။ ဒါကြောင့် အခုလောလောဆယ်တော့ ဒီလိုပဲလုပ်ရမှာပင်။ သူ့ကုမ္ပဏီကို တည်ထောင်တဲ့အခါမှသာ မုထျန်းဟန်ကို သူ့ရှယ်ယာတွေပေးလိုက်မည်။
Xxxxxxxx