အပိုင်း ၆၈
Viewers 28k

Chapter 68


နေ့လယ်၌ မော့တိသည် အဖွဲ့ဝင်များနှင့် သဘောတူစာချုပ် ချုပ်ဆိုခဲ့ပြီး အပတ်စဉ် ပြီးမြောက်ရမည့် အလုပ်များနှင့် အချိန်ဇယားများကိုလည်း သူ ရှင်းပြခဲ့သည်။ ထို့နောက် သူသည် ကျောင်းသို့ပြန်လာခဲ့သည်။


စက်တင်ဘာလနောက်ပိုင်းရောက်ပြီဖြစ်ပေမဲ့ အပူချိန်က ပူနွေးစိုထိုင်းနေတုန်းပင်။ လွန်ခဲ့သောနှစ်ရက်ကအပူချိန်သည် ပုံမှန်မဟုတ်စွာ မြင့်တက်လာခဲ့သည်။


မော့တိ အဆောင်သို့ပြန်ရောက်သောအခါ ချွေးများစိုရွှဲနေသည်။ သူ ရေချိုးချင်သော်လည်း ရေပြတ်နေမှန်း သိလိုက်ရ၏။


"ရေ ဖြတ်ခံထားရတာ တစ်ရက်ကျော်သွားပြီ" ချန်ကျောင်းသည် မော့တိ၏ပုခုံးကို ပုတ်၍ နှစ်သိမ့်ပေးလိုက်သည်။ “အများသုံးရေချိုးခန်းကို သွားရအောင်။ လွန်ခဲ့တဲ့ နှစ်ရက်က ညီအစ်ကိုတွေနဲ့အတူ ရေချိုးပြီး ဂျေးတွန်းခဲ့ကြသေးတယ်"


မော့တိသည် ရွေးချယ်စရာမရှိတော့ပေ။ သူ အများသုံးရေချိုးခန်း၌ ရေချိုးရတာကို မကြိုက်ပေမယ့် တခြားနည်းလမ်းမရှိပေ။ ခေါင်းလျှော်ရည်နဲ့ တခြားရေချိုးခန်းသုံးပစ္စည်းတွေကိုယူရန် ရေချိုးခန်းထဲဝင်သွားပြီးနောက် သူ အဝတ်အစားလဲရန် ဗီရိုဆီသို့ သွားလိုက်သည်။


"ရှောင်တိ ငါ့ကို စောင့်အုံး။ ဒီအဖေလည်း ပြီးကျရင် လိုက်လာခဲ့မယ်" 


လင်ကျွင်းဖုန်က အပေါ်ထပ်မှ သူ့ခေါင်းထွက်လာကာ ပြောလိုက်သည်။


 " ငါလည်းရေချိုးချင်တယ်"


"မော့တိ မင်းတို့တွေ ရေချိုးခန်းသွားတော့မလို့လား?" 


အနည်းငယ်ပွင့်နေသော အဆောင်တံခါးမှ ရုတ်တရက် အသံတစ်ခု ထွက်လာသည်။


အဲဒါ ကျောင်ချွန်းချန်ပဲ။


"ငါလည်း သွားချင်နေတာ။ ငါတို့ အတူတူသွားမလား?"


 ကျောက်ချွန်းချန်က သူ့ခန္ဓာကိုယ်အပေါ်ပိုင်းကို တံခါးဝ၌ မှီထားပြီး မော့တိကို ပြုံးပြလိုက်သည်။


မော့တိသည် ကျောက်ချွန်းချန်ကို ပြန်ပြုံးမပြခင် ခဏမျှ ကြည့်ပြီးနောက် ပြောလိုက်သည်။ 


“အိုကေ"


ထို့နောက် သူက USB drive တစ်ခုပုံစံ ကင်မရာကို သူ့ခေါင်းလျှော်ရည်အိတ်ထဲသို့ထားလိုက်သည်။ ထို့နောက် အောက်ဆုံးတွင် အ၀တ်အစားများနှင့် အခြားရေချိုးခန်းသုံးပစ္စည်းများထည့်ထားသည့်အိတ်ကို အပေါ်တွင် ထည့်လိုက်ပြီး ထိုအိတ်ကို တံခါးအနီးရှိ ခွေးခြေခုံပေါ်တွင် တင်ထားလိုက်သည်။ "လင်ကျွင်းဖုန်က သူ့ပစ္စည်းတွေကို ထုပ်ပိုးနေတုန်းပဲရှိသေးတယ်။ ငါအိမ်သာသုံးရအုံးမယ်။ အရင်ဆုံး မင်းဘာလို့ ဝင်မထိုင်တာလဲ?"


"မလိုဘူး။ မလိုဘူး။ မင်းသွားပါ" ကျောက်ချွန်းချန်က သူ့လက်ကို ယဉ်ကျေးစွာ ဝှေ့ယမ်းပြီး "ငါလည်း အတွင်းခံဘောင်းဘီကို ထည့်ဖို့ မေ့သွားလို့ ပြန်သွားပြီး ယူရအုံးမယ်"


ကျောက်ချွန်းချန်သည် မျက်နှာချင်းဆိုင်ရှိ သူ့အဆောင်သို့ ပြန်သွားပြီး တံခါးကို ပိတ်လိုက်သညိ။


မော့တိသည် သူ့အခန်းကိုပြန်ပြီး အိမ်သာထဲသို့ ဝင်လိုက်ပြီး သူ ပြန်ထွက်မလာခင် မိနစ်အနည်းငယ်လောက် ဖုန်း ကစားနေလိုက်သည်။


လင်ကျွင်းဖုန်သည် သူ့ပစ္စည်းတွေကို လက်ထဲ၌ ကိုင်ထားရင်း ကျောက်ချွန်းချန်နှင့် တံခါးဝတွင် စကားပြောနေသည်။ မော့တိထွက်လာသည်ကိုမြင်တော့ သူ့ကို လက်ယမ်းပြပြီး "ရှောင်တိ သွားရအောင်။ တစ်ယောက်နဲ့ တစ်ယောက် ဂျေးတွန်းပေးပြီး ရေချိုးကြစို့!"


ချန်ကျောင်း၊ ရှန့်ယွီချောင်တို့နှင့် အတူတူ ရေချိုးစဉ် လင်ကျွင်းဖုန်မှာ သူတို့၏ကျောပြင်ကို မျက်ရည်များကျသည်အထိ ဂျေးတွန်းပေးခဲ့ရသည်ကို တွေးမိရင်း မော့တိ သူ့အား မညှာမတာ ခေါင်းရမ်းပြကာ 


“မလိုဘူး။ ငါကိုယ်တိုင် လုပ်မယ်။ မင်းတို့တွေ စောင့်နေတာ ကြာပြီလား?"


"ဟားဟားဟား။ မကြာသေးပါဘူး။ ငါ အခုလေးတင် ထုပ်ပိုးတာပြီးလို့ ဒီမှာ ကျောက်ချွန်းချန်နဲ့ စကားနည်းနည်းပြောနေတာ" 


လင်ကျွင်းဖုန်က သူ့ဗိုက်ကို ပုတ်လိုက်ပြီး တစ်ချက်ပုတ်လိုက်တိုင်း အသံအကျယ်ကြီး မြည်လာသည်။


မော့တိမှာ သူ၏ ယင်းအပြုအမူအသစ်ကို နားမလည်နိုင်ပေ။ သူ့ပစ္စည်းတွေကို ကောက်ယူရန် ခါးကိုင်းလိုက်ပြီး လင်ကျွင်းဖုန်နှင့် ကျောက်ချွန်းချန်ကို ပြောလိုက်သည်။


 “သွားကြရအောင်"


ကျောက်ချွန်းချန် ပြုံး၍ ပြန်ဖြေလိုက်သည်။ 


"ကောင်းပြီ။ သွားရအောင်"


မော့တိ ပြုံးသည်ဆိုရုံမျှသာ ပြုံးပြလိုက်သည်။


အမှန်တော့ ယခုချက်ချင်း ကျောက်ချွန်းချန်က တစ်ခုခုလုပ်မည်ဆိုလျှင် မော့တိလုံခြုံဖို့ရာ မသေချာပေ။ အချိန်က တိုတောင်းလွန်းသည်။ သူ ယင်းကို ဖြည်းဖြည်းချင်း စီစဉ်ချင်သည်။


မမျှော်လင့်ထားသည်မှာ ကျောက်ချွန်းချန်သည် သူ့အား ဒုက္ခရောက်အောင်လုပ်ရန် စိတ်အားထက်သန်လွန်းနေသည်။


ကင်မရာက သူ့ဖုန်းနှင့် ချိတ်ဆက်ထားပြီး သူမရှိသော နှစ်မိနစ်အတွင်း၌ ကျောက်ချွန်းချန်က သူ့ခေါင်းလျှော်ရည်ပုလင်းကို အမြန်ပြောင်းလိုက်သည်အား သူ ရှင်းရှင်းလင်းလင်း မြင်ခဲ့ရသည်။


ပုလင်းထဲ၌ ဘာတွေပါနေသည်ကို သူ သိချင်မိသည်။ သူ အခြေအနေကိုသာ ပြောင်းပြန်လှန်နိုင်လျှင်... ပြဇာတ်ကောင်းတစ်ပုဒ်ကိုတောင် ကြည့်ရနိုင်သည်။


အမ် ဒါပေမယ့်လည်း သူ တည်ငြိမ်နေဖို့ လိုတယ်။ ပုလင်းက သူမျှော်လင့်ထားတာထက် ပိုအန္တရာယ်ရှိတဲ့ ပစ္စည်းတစ်ခုရှိနေရင် ဘယ်လိုလုပ်မလဲ။ အဲတာကို ကျောက်ချွန်းချန်သာ သုံးလိုက်မယ်ဆို အစားထိုးမရအောင် ထိခိုက်ဆုံးရှုံးမှုတွေဖြစ်ပေါ်စေလိမ့်မယ်။ ပြီးတော့ ဒီကိစ္စက မော့မိသားစု၏လုပ်ရပ်ဆိုတာ ပြောဖို့ ခက်ခဲသွားလိမ့်မယ်။


တစ်ကြိမ်မှာ ခြေတစ်လှမ်း လှမ်းတာပဲ ပိုကောင်းပါတယ်။


 သူတို့က ကျောင်းတစ်ကျောင်းလုံးနီးပါး လမ်းလျှောက်လာရပြီး အများသုံးရေချိုးခန်းသို့ ရောက်ရန် ယောက်ျားလေးဘတ်စကက်ဘောကွင်းနှင့် မိန်းကလေးများ၏ အဆောင်ကို ဖြတ်လာရသည်။


တိုက်ဆိုင်စွာပင် သူတို့သည် မိန်းကလေးအဆောင်တွင် ရင်းနှီးသောသူတစ်ယောက်နှင့် ဆုံမိကြသည်။


"ဟေး! ဂျူနီယာလေးတွေ!" 


စွန်းရှုရှုက သူမ၏အခန်းဖော်နှင့် ထွက်လာပြီး သူတို့ကိုမြင်သည်နှင့် လှမ်းခေါ်လိုက်သည်။


 “နင်တို့ ဘယ်သွားမလို့လဲ?"


"အများသုံး ရေချိုးကန်လေ။ ကျွန်တော်တို့အဆောင်ရဲ့ ရေပိုက်တွေက ပျက်နေတယ်” 


လင်ကျွင်းဖုန်က ခါးသီးစွာပြောလိုက်သည်။ 


“စီနီယာ ကျွန်တော်တို့ အရမ်းဒုက္ခရောက်နေတာ"


"အဲဒါက တကယ့် ဒုက္ခပဲ။ တလောတုန်းက ငါတို့ကျောင်းကို ပြန်လည်ပြုပြင်မှုတွေ အများကြီးလုပ်ခဲ့တယ်။ ဒါပေမဲ့ရေပိုက်ကို ထိတာတော့ ဒါပထမဆုံးအကြိမ်ပဲ။ မင်းတို့ကိုယ်တိုင်က ကံဆိုးတာပါ” 


စွန်းရှုရှုမှာ သူတို့ထံ လျှောက်လာပြီး ပြုံးပြုံးရွှင်ရွှင်ဖြင့် 


“မနက်ဖြန်တော့ ပြင်သင့်တယ်"


"စီနီယာ ဘာတွေ အလုပ်ရှုပ်နေတာလဲ? အကြံပေးတာဝန်ခံက အစ်မကို အလုပ်တွေ လုပ်ခိုင်းနေပြန်ပြီလား?" 


လင်ကျွင်းဖုန်က အတန်းခေါင်းဆောင် ဖြစ်လာပြီးနောက် ကျောင်းကော်မတီမှာ မည်မျှအလုပ်ရှုပ်သည်ကို နားလည်လာခဲ့သည်။


"မဟုတ်ဘူး။ ငါတို့ စူပါမားကတ်ကို သွားမလို့" 


စွန်းရှုရှုက မော့တိ၏ ရေချိုးခြင်းတောင်းကို ကြည့်ပြီး “ah” ဟု အသံထွက်လိုက်သည်။ သူမက စနောက်လိုဟန်ဖြင့် ပြုံးကာ


 “ဂျူနီယာလေး ကလေးခေါင်းလျှော်ရည်ကို သုံးနေတုန်းလား?"


"..." 


မော့တိ: "အဲဒါက ကံစမ်းမဲပေါက်တာ။ မသုံးဘူးဆိုရင် အလကားဖြစ်သွားလိမ့်မယ်"


"ခြိုးခြံချွေတာ တတ်တာကောင်းတယ်” 


စွန်းရှုရှုက ပြုံးပြီး ခေါင်းညိတ်လိုက်သည်။ 


"အိုး ဒီခေါင်းလျှော်ရည်က စုတ်တံတွေကို ဆေးကြောဖို့ တကယ်ကောင်းတယ်လို့လည်း ငါကြားဖူးတယ်"


"စုတ်တံ? ဘာစုတ်တံလဲ?"


"မိတ်ကပ်လိမ်းတဲ့ စုတ်တံလေ။ မိန်းကလေးတွေသုံးတဲ့ဟာ မင်းတို့ယောက်ျားလေးတွေ နားလည်မှာမဟုတ်ပါဘူး" 


စွန်းရှုရှုသည် သူမ၏ ရေသန့်ဘူးကို လှည့်ဖွင့်ကာ အနည်းငယ်ယူလိုက်ပြီး


 "ဒီခေါင်းလျှော်ရည်က သန့်ရှင်းရေးလုပ်နေတုန်းမှာ အမွေးတွေကို မပျက်စီးစေဘူးလို့ ပြောကြတယ်"


မော့တိ ဘာပြောရမည်မှန်းမသိပေ။အမျိုးသမီးများ၏မိတ်ကပ်က သူ့အတွက် တခြားပညာရပ်တစ်ခုလိုပင်။


"အဲဒါအမှန်ပဲ။ ဒီခေါင်းလျှော်ရည်က တကယ်ကောင်းတယ်လို့ ငါလည်း ကြားဖူးတယ်” 


စွန်းရှုရှု၏ အခန်းဖော်က ပြောသည်။


 “ငါ အဲဒါကို စမ်းကြည့်ချင်ပေမယ့် အလိမ်အညာဖြစ်မှာ စိတ်ပူတယ်။ နောက်ဆုံးအနေနဲ့ အဲဒါက ပရော်ဖက်ရှင်နယ် မိတ်ကပ်ပစ္စည်း မဟုတ်ဘူးလေ"


စွန်းရှုရှုသည် နှုတ်ခမ်းကို ဖွဖွကိုက်ရင်း မော့တိကို ကြည့်ကာ ပြောလိုက်သည်။ 


"ဂျူနီယာလေး...ငါတို့ သုံးဖို့ ဘာလို့ မငှားတာလဲ နောက်မှ မင်းကို စာအိတ်အနီပို့ပေးမယ်လေ?"


"အများကြီးမလိုပါဘူး။ ဒီပုလင်းအဖုံး အပြည့်ဆို လုံလောက်ပါတယ်" 


စွန်းရှုရှုက ရေသန့်ဘူးအဖုံးကို ကိုင်ထားပြီး


 "ငါ စုတ်တံနဲ့ စမ်းကြည့်မယ်။ အဆင်ပြေရင် ဘူးကြီးတစ်ဘူးဝယ်မယ်"


မော့တိ မငြင်းလိုက်ခင်မှာပင် ကျောက်ချွန်းချန်က သူ့အတွက် ကူငြင်းပေးလာသည်။ သူသည် စိုးရိမ်စိတ်အနည်းငယ်ဖြင့် 


“မရဘူး။ အဲဒါက မကောင်းဘူး"


"ဘာလို့ မရတာလဲ? ငါက မင်းကို မေးနေတာမဟုတ်ဘူး"


စွန်းရှုရှုမှာ အနည်းငယ် စိတ်ပျက်သွားပြီး ကျောက်ချွန်းချန်ကို စိတ်ပျက်စွာကြည့်လိုက်သည်။ 


"ငါက နည်းနည်းလေးပဲတောင်းတာပါ။ နောက်ပြီး ဂျူနီယာလေးကို စာအိတ်အနီလည်း ပေးအုံးမှာ။ ငါက သူ့ကို အခွင့်ကောင်းယူဖို့ ရည်ရွယ်မထားဘူး"


"မဟုတ်ပါဘူး...ကျွန်တော် အဲလိုသဘောနဲ့ ပြောတာမဟုတ်ဘူး။ စီနီယာ ကျေးဇူးပြုပြီး အထင်မလွဲလိုက်ပါနဲ့"


ထို့နောက် ကျောက်ချွန်းချန်က ရှုပ်ထွေးသော အခြေအနေ၌ပင် သူ့သေတွင်းကို သူအမြန်တူးလိုက်သည်။ 


“ကျွန်တော့်ဟာကို သုံးလို့ရတယ်။ အဲဒါကလည်း ကလေးခေါင်းလျှော်ရည်နဲ့ တူတူပဲ"


"ငါက ဘာလို့ မင်းဟာကို သုံးရမှာလဲ? ငါတို့ မရင်းနှီးဘူး” 


ကျောက်ချွန်းချန်က မော့တိ၏ခေါင်းလျှော်ရည်အစား သူ့ဟာကို သုံးဖို့ ပြောတုန်းက အစပိုင်း၌ သူက သူမကို စိတ်ဝင်စားနေတယ်ဟု သူမ ထင်မိပေမဲ့ ယခုတော့...မယုံသင်္ကာဖြစ်ခြင်းနှင့် သူ့ကြောင့် ဒေါသထွက်ခြင်းတို့ကိုသာ ခံစားရသည်။


မော့တိက သူတို့နှစ်ဦးကို ကြည့်ကာ သူ့အကျိုးအမြတ်အတွက် ဤအခြေအနေကို အသုံးချလို့ရနိုင်သည်ဟု သူ အလိုလို ခံစားမိသည်။


ကျောက်ချွန်းချန် စိုးရိမ်ထိတ်လန့်သည်က သူလုပ်လိုက်သော အနည်းငယ်ရဲတင်းသောလုပ်ရပ်က မြူမှုန်ကင်းသောပတ်ဝန်းကျင်၌ ထင်ထင်ရှားရှား အလွယ်တကူ ရှာတွေ့သွားနိုင်သောကြောင့်ပင်။


"အဆင်ပြေပါတယ် စီနီယာ ဒါပေမဲ့ ကျွန်တော် စာအိတ်အနီတော့ မလိုချင်ဘူး"


မော့တိ သဘောတူဟန်ဆောင်လိုက်သည်။ သူ့ပစ္စည်းများကို မြေပြင်ပေါ်သို့ချလိုက်ပြီး ခေါင်းလျှော်ရည်ဘူးကို ထုတ်၍ ပြောလိုက်သည်။ 


"စီနီယာ ကျွန်တော်ကို ပုလင်းအဖုံးလေး ပေးပါအုံး"


"အများကြီးမဟုတ်ပါဘူး။ နည်းနည်းလောက်ဆို ရတယ်" 


အဖုံးကို လှမ်းပေးရင်း စွန်းရှုရှုပြောလိုက်သည်။


"အင်း" မော့တိ အဖုံးကို ယူလိုက်ပြီး ခေါင်းလျှော်ရည်ဘူးကို ဖွင့်လိုက်သည်။ ပမာဏ အနည်းငယ် လောင်းထည့်ပြီးနောက် သူ့မျက်ခုံးများကို ရုတ်တရက်ကြုတ်လိုက်သည်။ 


"တစ်ခုခု မှားနေတယ်...ခေါင်းလျှော်ရည်က ရက်လွန်သွားပုံပဲ"


စွန်းရှုရှု: "ဘာ?"


မော့တိ: "ခေါင်းလျှော်ရည်က ကျဲနေပြီလို့ ထင်တယ်။ ပြီးတော့...အနံ့ကလည်း ပုံမှန်မဟုတ်ဘူး။ ထူးထူးဆန်းဆန်း အက်ဆစ်အနံ့လည်းရတယ်။ နောက်ဆုံးတစ်ခေါက်က ကျွန်တော်သုံးခဲ့တာနဲ့ မတူတော့ဘူး"


"အက်ဆစ် အနံ့လား? အဲဒါက ရက်လွန်သွားရင်တောင် အဲဒီ အနံ့ မထွက်သင့်ဘူး" 


စွန်းရှုရှုက အနံ့ခံဖို့ရာ အနားတိုးလာလိုက်ပြီး 


"ကျစ် အနံ့က နည်းနည်း ချဉ်စူးစူးပဲ"


"ဟား၊ အဲဒါက တော်တော်ကြောက်စရာကောင်းတယ်လို့ နင်တို့ မထင်ဘူးလား?" 


စွန်းရှုရှု၏အခန်းဖော်သည် ရုတ်တရက် ရယ်မောလိုက်ပြီး 


“ညီအစ်မနှစ်ယောက်ရဲ့ တစ်ယောက်နဲ့တစ်ယောက် အဆင့်ချင်း ပြိုင်တဲ့ ကြောက်စရာကောင်းတဲ့ဇာတ်ကားတစ်ကားကို ငါ ကြည့်ဖူးတယ်။ တစ်ယောက်က ရေချိုးနေတုန်းမှာ နောက်တစ်ယောက်ရဲ့ ခေါင်းလျှော်ရည်ထဲကို ဆာလဖျူရစ်အက်ဆစ် လောင်းထည့်လိုက်တာလေ။ ရလဒ်အနေနဲ့ သူမက အဲဒါကို သုံးလိုက်ပြီး အကျယ်ကြီးကိုအော်လိုက်တာ! အဲဒါက ဘယ်လောက်တောင် နာကျင်မလဲ စဉ်းစားကြည့်စမ်း!"


"အိုင်း အဲဒီအကြောင်းကို မပြောဘဲနေရအောင်" 


ကျောက်ချွန်းချန် စကားဖြတ်ပြောလိုက်သည်။


 "ဒါကို လွှင့်ပစ်လိုက်သင့်တယ်လို့ ငါမထင်ဘူး။ ဒီခေါင်းလျှော်ရည်က ရက်လွန်နေတဲ့ပုံနဲ့ မတူဘူး။ အက်ဆစ်အနံ့ရနေတာက သေချာပေါက် ပြဿနာပဲ" 


မော့တိ ပုလင်းကို သူ့အိတ်ထဲပြန်ထည့်လိုက်သည်။ 


"စူပါမားကတ်ကနေ ရှင်းပြဖို့ လိုမယ်လို့ ထင်တယ်"


ကျောက်ချွန်းချန်မှာ ပို၍ပင် မူမမှန်စွာ ပြုမူလာသည်။ 


“ဘာမေးစရာရှိလို့လဲ။ ဒါကို မင်း အလကားရခဲ့တာ မဟုတ်ဘူးလား? မင်း အဲဒီကို သွားမေးရင် မင်းကို သူတို့က ပြဿနာရှာနေတယ်လို့ထင်လိမ့်မယ်?"


"ငါ့မိသားစုရဲ့ ရှောင်တိက ပြဿနာရှာနေတယ်လို့ သူတို့က ဘာလို့ထင်ရမှာလဲ? ငါတို့ မေးတောင်မေးလို့မရဘူးလား? ငါတို့က ပုလင်းအသစ် ဒါမှမဟုတ် တစ်ခုခုကို အစားပြန်တောင်းနေတာ မဟုတ်ဘူး” 


လင်ကျွင်းဖုန်က ကျောက်ချွန်းချန်းနှင့်ပတ်သက်၍ စိတ်မသက်မသာဖြစ်လာသည်။


 "ဒီနေ့ မင်းက ငါ့မိသားစုရဲ့ ရှောင်တိကို အထူးပစ်မှတ်ထားနေတာ ငါတွေ့တယ်"


"ဒီလိုလုပ်တာက ပြဿနာဖြစ်စေမယ်လို့ ငါမထင်ဘူး” 


မော့တိက ကျောက်ချွန်းချန်ကို ကြည့်လိုက်ပြီး 


"မင်း တစ်ခုခုကို နားလည်မှုလွဲနေတာလား?"


"ငါက ဘာကို နားလည်မှုလွဲရမှာလဲ"


မော့တိက ပြောသည် ။


 “သူတို့ကို အပြစ်မတင်ဘဲ ရှင်းပြချက်လိုချင်တယ်လို့ ငါ ပြောခဲ့တာ။ သူတို့ ဒီအကြောင်းကို သိသလားမေးချင်တာ ပြီးတော့ သူတို့ရဲ့ ကုန်ပစ္စည်းတွေကို စစ်ဆေးပြီး အလားတူ ပြဿနာရှိမရှိ စစ်ဆေးဖို့ သတိပေးချင်ရုံပဲ"


"အို မင်းက တော်တော်ပွင့်လင်းတာပဲ" 


ကျောက်ချွန်းချန်၏ မျက်နှာမှာ မိနစ်ပိုင်းအတွင်း ဖျော့တော့လာသည်။ 


“ဒါပေမယ့် အဲလိုလုပ်ဖို့ တကယ်ရောလိုအပ်လို့လား၊ ဒီတိုင်း လွှင့်ပစ်လိုက်ပါ"


"ဒါပေါ့ စူပါမားကတ်ကလူတွေနဲ့ စကားပြောပြီးရင် လွှင့်ပစ်မှာပါ။ မကောင်းမှန်းသိသိကြီးနဲ့ ငါက ဘာလို့ သိမ်းထားရမှာလဲ?" 


မော့တိက စွန်းရှုရှုဘက်သို့ လှည့်ပြီး "စီနီယာ ကျွန်တော် အစ်မတို့နဲ့ စူပါမားကတ်ကို လိုက်ခဲ့မယ်။ ဘာပဲဖြစ်ဖြစ် ခေါင်းလျှော်ရည်အသစ်လဲဖို့ လိုသေးတယ်"


"ငါလည်း လိုက်မယ်" 


လင်ကျွင်းဖုန် မြန်မြန်ပြောလိုက်သည်။


"ဒါဆို...ငါ ရေချိုးဖို့ အရင်သွားနှင့်မယ်" 


Xxxxxxxx