အပိုင်း ၇၀
Viewers 28k

Chapter 70


မော့တိက မော့စန်းကျစ်၏လျှို့ဝှက်အကောင့်အား ဟက်လိုက်ပြီး စကားပြောမှတ်တမ်းကို ကောင်းမွန်စွာ ပြန်လည်ရယူခဲ့သည်။ နောက်ထပ်အနေနှင့် မော့တိက ကျောက်ချွန်းချန်နှင့်မော့စန်းကျစ်တို့၏ လျှို့ဝှက်အကောင့်များပါဝင်သည့် IPလိပ်စာ၊ သူတို့၏စကားပြောမှတ်တမ်းတို့ကို ပေါင်းလိုက်ပြီး မုထျန်းဟန်ထံ ပို့လိုက်သည်။ 


သူက မုထျန်းဟန်အား သူတွေ့သမျှကို အကြောင်းကြားမည်ဟု ကတိပေးခဲ့သောကြောင့် သူ့အနေဖြင့် သဘာဝအတိုင်း လိုက်နာလုပ်ဆောင်မည်ပင်။ ပို၍အရေးကြီးသည်မှာ မုထျန်းဟန်က ကော်မရှင်နာဝမ်နှင့် ရင်းနှီးသည်။ 


ခိုင်လုံသည့်အထောက်အထားကို ဖြောင့်မတ်သည့်ကော်မရှင်နာထံ လွှဲပေးခြင်းဖြင့် ရလဒ်ကောင်းရနိုင်ရုံသာမက ထိုအထောက်အထားတို့အား ဟက်ပြီးရလာခြင်းဟူသည့်အကြောင်းကိုလည်း ဖုံးကွယ်ပြီးဖြစ်သွားလိမ့်မည်။


ဖိုင်တွေ ပို့ပြီးနောက် မော့တိက သူ့အိပ်ရာ ကန့်လန့်ကာကို ဆွဲဖွင့်လိုက်သည်။ သူ့အခန်းဖော်သုံးဦးက သူ့အားအောက်မှနေ၍ စိုက်ကြည့်နေသည်ကိုမြင်လျှင် သူအိမ်သာသွားချင်သွား၏။


မော့တိ ခေတ္တမျှ လန့်သွားသည်။


“မင်းတို့ကောင်တွေ... မင်းတို့ဘာလုပ်နေတာလဲ ”


“ရှောင်တိ မင်းပစ္စည်းတွေကို ဘူးထဲသိမ်းမထားသင့်ဘူး(တစ်ယောက်တည်းခံစားမနေသင့်ဘူး)၊ မကြောက်ပါနဲ့ ၊မင်းငိုချင်နေရင် ငိုသာငိုချလိုက်၊ ငါတို့ညီအစ်ကိုတွေမင်းကို မရယ်ပါဘူး၊ ငါတို့မင်းကို ကာကွယ်ပေးမှာပါ၊ မင်းကိုယ်မင်း အိပ်ယာထဲမှာ ပိတ်လှောင်မထားပါနဲ့ .” ရှန်ယွီချောင်က စစ်မှန်လှသည့်အမူအယာဖြင့် ဆိုလာသည်။


“ရှောင်တိ၊ ရဲစခန်းမှာတုန်းက မင်းတော်တော် တည်ငြိမ်နေတယ်လို့ ငါထင်ခဲ့ပေမယ် မင်းကြောက်နေဦးမယ်လို့ မထင်ခဲ့မိဘူး၊ မကြောက်ပါနဲ့ ၊ မင်းကို ထိခိုက်စေတဲ့ဘယ်သူ့ကိုမဆို ငါသူတို့အပေါ် တက်ထိုင်ပြီးရိုက်ပစ်မယ် ...” 


လင်ကျွင်းဖုန်က အားမာန်အပြည့်ဖြင့် ကြွေးကြော်လိုက်သည်။ “တစ်ကယ်လို့ အဲဒါက တစ်ယောက်ထဲဆို ငါအဲ့တစ်ယောက်ပေါ် တက်ထိုင်ပစ်မယ်၊ နှစ်ယောက်ဆို အဲ့နှစ်ယောက်လုံးကို ရိုက်ပစ်မယ်၊ ဒီဖေဖေက အခုကစပြီး မင်းကိုကာကွယ်ပေးမယ် ”


“အမှန်ပဲ ရှောင်တိ၊ အိပ်ယာထဲမှာပိတ်လှောင်ပြီး လက်နှိပ်စက်ကို ရိုက်မနေနဲ့၊ ငါတို့ သွားစီးကြရင်ရောဘယ်လိုလဲ (may be- ကားပတ်မောင်း or ဆိုင်ကယ်ပတ်စီး) အဲတာက မင်းရဲ့စိတ်ခံစားချက်ကို သက်သာစေလိမ့်မယ်” ချန်ကျောင်းက ပြောလာခြင်းပင်။


မော့တိ : “…..”


“မင်းတို့တွေ ဘယ်လိုတွေတွေးနေကြတာလဲ၊ ငါအဆင်ပြေပါတယ်၊ ငါ့ကာရိုက်တာဒီဇိုင်းနဲ့ပတ်သက်ပြီး စိတ်ကူးလေးရလာလို့ ချက်ချင်းချမှတ်နေတာ မဟုတ်ရင် မေ့သွားမှာစိုး”


မော့တိက အိပ်ယာမှထကာ ရေချိုးခန်းဆီသို့ လျှောက်သွားရင်း သူတို့ကို ပြောလိုက်သည်။ “စိတ်ပူပေးလို့ကျေးဇူးပါပဲ၊ ဒါပေမယ့် ငါတကယ်အဆင်ပြေပါတယ်၊ ငါအခုရေချိုးခန်းသွားမလို့ လိုက်မလာနဲ့နော် !”


(Eng - don't follow me)မော့တိက နောက်ဆုံးစကားလုံးသုံးလုံးအား လေသံခိုင်ခိုင်မာမာဖြင့် ပြောခဲ့ခြင်းပင်။ သူ့နောက်ရှိ သုံးယောက်သားမှာ လမ်းလျှောက်နေရင်း ရပ်လိုက်ကြသည်။ သူတို့က အနေရခက်စွာချောင်းဟန့်ရင်း ပြောစရာစကားရှာလိုက်ကြသည်။ “ကောင်းပြီ ဒါဆိုလည်း... ရှောင်တိ၊ ရှူးပေါက်ရင် ဂရုစိုက်နော် !”


သူ့အောက်ခံဘောင်းဘီနားရောက်နေသည့် မော့တိ၏လက် အေးခဲသွား၏။ “….”


သေးကိုဂရုစိုက်ပေါက်ဆိုတာက ဘာကြီးလဲကွ!!


ရှက်ရွံ့စွာနီရဲသွားပြီးနောက် မော့တိ သူ့လက်ကို ဆေးပြီး အိမ်သာထဲမှ ထွက်လာခဲ့သည်။သူ သူ့အားလိုက်ကြည့်နေဆဲ လူနည်းစုလေးအား ပြောလိုက်သည်။ 


“မင်းတို့တွေ စာလေ့လာတာဖြစ်ဖြစ်၊ ကစားတာဖြစ်ဖြစ်၊ ဒါမှမဟုတ် ပရိုဂရမ်ရေးတာ ကုတ်ရေးတာ တစ်ခုခုလုပ်သင့်တယ်၊ ငါ့ကိုကြည့်နေတာရပ်ပါတော့၊ ငါတကယ် အဆင်ပြေပါတယ်ဆို”


လင်ကျွင်းဖုန်နှင့် အဖွဲ့မှာ စကားများချင်သော်လည်း တိတ်တိတ်လေးနေလိုက်သည်။


နောက်ဆုံးတော့ စကားပြောလာသူမှာ ရှန့်ယွီချောင်ဖြစ်၏။ “ရှောင်တိ မင်းအဆင်ပြေတာ သေချာပါတယ်နော်”


“ငါတကယ်ကြီးကို အဆင်ပြေတယ်...” မော့တိက သူ့ကုတင်ပေါ် ပြန်တက်လိုက်ပြီး သူတို့ကို ပြုံးပြလိုက်သည်။


 “ကျေးဇူးပါပဲ၊ ဒါပေမယ့် မင်းတို့ငါ့ကို တကယ်စိတ်ပူစရာ မလိုပါဘူး....”


ညှိနှိုင်းပြီးနောက် ကုတင်ကန့်လန့်ကာကို ဆွဲတင်လိုက်ကာ ကျောက်ချွန်းချန်၏ အကြောင်းကို ဆက်စုံစမ်းလိုက်သည်။ ရလဒ်အနေဖြင့် ကျောက်ချွန်းချန်၏ ဖျက်လိုက်သော မက်ဆေ့ခ်ျများမှတဆင့် သူက သူ့မိခင်၏အချက်အလက်တို့ကိုသုံးကာ ဘဏ်အကောင့်ဖွင့်ထားသည်ကို မော့တိတွေ့လိုက်ရသည်။ 


စရံငွေ ကြီးကြီးမားမား မရှိသော်လည်း အင်တာနက် ချေးငွေ အမြောက်အမြားကမူ သံသယဖြစ်စရာကောင်းသည်။


နွေရာသီတွင် ကျောက်ချွန်းချန်က အွန်လိုင်းချေးငွေဝက်ဘ်ဆိုက်များစွာ၌ အကြွေးများစွာ စုပုံနေခဲ့သော်လည်း ယခုမူ အကျိုးစီးပွားများက ကြောက်စရာကောင်းသည့်နံပါတ်များအဖြစ် နှင်းမှုန်များတဖွဲဖွဲကျနေသလို ရောက်လာ၏။ သူ၏လက်ရှိအကြွေးများမှာ ယွမ်သုံးသိန်းကျော်ရှိသည်။


  


ဒါပေမယ့် ဒီသိန်းဂဏန်းလောက်လေးကြောင့် သူ့ကို ထိခိုက်အောင်လုပ်ဖို့ ကြိုးစားခဲ့တာလား။


ယင်းက သူနားမလည်နိုင်သည့်အရာပင်။ ငြင်းခုန်ရင်းသတ်လိုက်မိသူများ၊ လုယက်ရင်း သတ်ပစ်လိုက်သူများ၊ အချစ်အတွက်သတ်ရဲသူများ ထိုသူတို့အား သူနားမလည်နိုင်သကဲ့သို့ပင်။ ဝမ်းနည်းစရာကောင်းအောင် ထိုမတော်တဆမှုများက များပြားလွန်းလှ၏။


မော့တိက ကျောက်ချွန်းချန်၏ ဘဏ္ဍာရေးမှတ်တမ်းများကို ဆက်လက်ခြေရာခံခဲ့ပြီး သူငွေတွေကိုမည်သည့်နေရာ၌ သုံးသည်တို့ကိုပါ ရှာဖွေခဲ့ရာ သူ၏အခြားဝေပေါ်အကောင့်ကိုပါ ထပ်မံရှာတွေ့လိုက်သည်။ ဤအကောင့်မှာ အလွန်လျှို့ဝှက်ထားပြီး ကျောက်ချွန်းချန်နှင့် နည်းနည်းလေးမျှပင်ဆက်စပ်မှုမရှိပဲ ဤမြို့အတွင်း၌ပင် အသုံးပြုမထားပါချေ။ အကောင့်ကို မြို့တော်ရှိ IP လိပ်စာတစ်ခုဖြင့် ဝင်ရောက်ထားသော်ငြား နောက်ပိုင်းတွင် IPလိပ်စာမှာ နိုင်ငံတစ်ဝှမ်းလုံး၌သာမက တစ်ခါတစ်လေ ပြည်ပ၌ပင် ပေါ်လာသေးသည် ။


  


ကျောက်ချွန်းချန်က နောက်ပိုင်းကာလများတွင် ပိုမိုသတိထားလာကြောင်း တွေ့လိုက်ရသည်။ သို့ပေသိ သူပို၍သတိထားလေလေ သံသယဖြစ်စရာကောင်းလေလေပင်။


မော့တိက ဝေးပေါ်အကောင့်မှ အချက်အလက်အားလုံးကို ပြန်လည်ရယူပြီး အချက်အလက်များကို စုစည်းလိုက်သည်။ တစ်ကြိမ်မှာတော့ သူယခင်က တစ်ကြိမ်လေးပင် မှန်းဆထားခြင်းမရှိသည့် သဲလွန်စတစ်ခုကို သွားထိမိသွား၏။


 


ဟာသလုပ်နေသယောင် ဟန်ဆောင်ရင်း အဖမ်းမခံရဘဲ အခြားတစ်ယောက်ကို ဘယ်လိုထိခိုက်အောင်လုပ်ရမလဲဟူသည့် နည်းလမ်းများကို အခြားအသုံးပြုသူတစ်ဦးနှင့်အတူ ဆက်တိုက်ဆိုသလို စာပို့ဆွေးနွေးနေခြင်းပင်။ ထိုလူက ဆာလဖျူရစ်အက်ဆစ်နှင့်အခြားသေစေနိုင်သောအရာများကို ဘယ်နေရာမှရနိုင်သည်ကို အသေးစိတ်အချက်အလက်ပင် ပေးခဲ့သည်။ အလီဘိုင်လုပ်နည်းနှင့် အခြားတစ်ယောက်နှင့်ပူးပေါင်းကာ ရာဇဝတ်မှုကျူးလွန်ပြီးနောက် အနာဂတ်တွင် ဒုက္ခမရောက်အောင် သူ့အားမည်သို့မည်ပုံ ပြုလုပ်ရမည်ကိုပင် ပြောပြခဲ့၏။


 


မက်ဆေ့ခ်ျများအရ ပြီးပြည့်စုံသောရာဇ၀တ်မှုကို ကျူးလွန်ရန် စီစဉ်နေသည့် စိတ်တူကိုယ်တူလူနှစ်ဦးနှင့်ပင် တူနေခဲ့သည်။ 


မော့တိက အခြားအကောင့်ကို ခြေရာခံမိခဲ့ပြီး IPက ပုံသေမဟုတ်သည့်တိုင် ယင်းကအမှားမဟုတ်ဟု ပြော၍မရပေ။ အဆုံးမှာတော့ ယင်းတို့က အခြားအော်ပရေတာမှ ပံ့ပိုးထားသည့် IPများဖြစ်၏။တစ်ယောက်ယောက်က စူးစမ်းလိုစိတ်ရှိနေသရွေ့ ရှာဖွေတွေ့ရှိနိုင်ပါသေးသည်။


 


မော့တိအနေဖြင့် အကောင့်ပိုင်ရှင်၏တည်နေရာကို ချိန်ညှိရန် နာရီဝက်ခန့်အချိန်ယူခဲ့ရပြီး ထိုအချိန်အတွင်းတွင် သူ့အား တောင့်တင်းသွားစေ၏။


IP၏လိပ်စာအမှန်မှာ မြို့တော်ရှိ အခမ်းနားဆုံးဆုံးဇိမ်ခံဗီလာဧရိယာ 'မြကောင်းကင်ပင်လယ်'မှဖြစ်၏။


အဲဒါက ချင်ချန်းယီနေတဲ့နေရာလေ!


ဒါပေမယ့် ဒါကဘာအဓိပ္ပါယ်လဲ။ ဒါတွေအားလုံးက တိုက်ဆိုင်မှုတစ်ခုတော့ မဖြစ်နိုင်ဘူးလေ။ ကျောက်ချွန်းချန်မှာ မြကောင်းကင်ပင်လယ်မှာနေတဲ့ မီလီယမ်နာတစ်ဦးနဲ့ ဒီလိုအကြောင်းအရာတွေကို ဆွေးနွေးနိုင်တဲ့အထိ ခင်မင်ရင်းနှီးနေနိုင်တဲ့ နည်းလမ်းမှမရှိပဲ။ 


ဒါပေမယ့် ချင်ချန်းယီရဲ့ စိတ်ရင်းကရော ဘာဖြစ်မလဲ။ သူကသူ့ကိုကိုင်တွယ်ချင်ရင် ဘာလို့ကျောက်ချွန်းချန်ကို သုံးရတာလဲ။ အလွှာတွေအများကြီးအောက်မှာပုန်းကွယ်နေပြီးတော့ တစ်ကြိမ်မှာတောင်...


... သူ့ပါတနာကို ဘယ်လိုဖယ်ရှားရမလဲဆိုတာ အကြံပြုတယ်တဲ့လား။


ချင်ချန်းယီမှာ မော့စန်းကျစ်နဲ့ပတ်သက်ပြီး အငြိုးရှိနေတာလား။


ဒါပေမယ့် အဲဒီရန်ငြိုးက ဘယ်ကလာတာလဲ။ မော့စန်းကျစ်က မော့လျှိုကွေ့ရဲ့ဝမ်းကွဲဖြစ်ပြီးတော့ သူမကိုအမြဲကူညီပေးဖို့ စိတ်အားထက်သန်နေတာလေ။ ဘာလို့ ချင်ချန်းယီက သူ့ကိုရန်သူလို သတ်မှတ်ထားတာလဲ။


ဘာတွေဖြစ်နေတာလဲ။ ခွေးချင်းကိုက်တဲ့ပွဲများလား။


သာမန်လူတစ်ယောက်၏ စိတ်အခြေအနေဖြင့် မော့တိအတွက် ချင်ချန်းယီအားခန့်မှန်းရန် ခက်ခဲလှပေသည်။ သို့ပေသိ သူ့ကိုယ်သူ ဖိနှိပ်ချုပ်ချယ်တတ်ပြီး ကျိုးကြောင်းဆီလျော်မှုနှင့် လောကအမြင်သုံးမျိုးမရှိသည့် အာဏာရှင် သို့မဟုတ် ဥပဒေကိုဂရုမစိုက်ဘဲ ဇနီးသည်အပေါ်၌သာ အလွန်အမင်း စွဲလမ်းချစ်မြတ်နိုးနေသူအဖြစ် မှတ်ယူလိုက်လျှင်တော့ အနှီလောဂျစ်ကို မြင်နိုင်သည်ပင်။


ချင်ချန်းယီအတွက်တော့ မည်သူကမှ မော့လျှိုကွေ့ထက် ပိုအရေးမကြပေ။ သူမမိသားစုဖြစ်စေ၊ သူ့မိသားစုဖြစ်စေ မည်သူကမှ သူမ၏ဆံချည်တစ်မျှင်လေးဖြင့်ပင် ယှဥ်၍မရပေ။


မော့စန်းကျစ်မဆိုထားနှင့် မော့လျှိုကွေ့ကို နှိပ်စက်ညှင်းပန်းခဲ့သူက သူ့ဖခင်ဖြစ်လျှင်ပင် ညှာတာလိမ့်မည်မဟုတ်။


ထို့ကြောင့် မော့စန်းကျစ်က မော့တိအားကိုင်တွယ်ရန် တစ်စုံတစ်ယောက်ကိုရှာရန် စီစဥ်နေကြောင်း သိလိုက်ရချိန်တွင် သူကကြိုတင်ပြင်ဆင်ပြီးနောက် ကျောက်ချွန်းချန်ကို သူ့ထံပို့လိုက်၏။ သူတို့နှစ်ဦးစလုံးက ငတုံးများဖြစ်ကြောင်း သိနေ၍ပင်။


ကျောက်ချွန်းချန် မော့တိအားဖျက်ဆီးနိုင်သည်ဖြစ်စေ သတ်ပစ်နိုင်သည်ဖြစ်စေ လုပ်ငန်းတစ်ဝက်ကတော့ အောင်မြင်သည်ပင်။


သူ၏နောက်ခြေလှမ်းမှာ ကျောက်ချွန်းချန်အား မော့စန်းကျစ်ဘက်သို့ ဓားဦးလှည့်ကာ သူမော့တိကိုလုပ်ခဲ့သောနည်းအတိုင်း ဖျက်ဆီးပစ်ရန်ဖြစ်၏။နောက်ဆုံးအနေဖြင့် ကျောက်ချွန်းချန်က အရာအားလုံးကို ချိတ်ဆက်ပြီး မော့စန်းကျစ်အား လုံးဝ သားကောင်ဖြစ်အောင် လုပ်လိုက်ရုံသာ။


မော့စန်းကျစ်၏ကိုယ်အင်္ဂါများ ဖြတ်တောက်ခံရခြင်း သိူ့မဟုတ် မသန်မစွမ်းဖြစ်ခြင်းတို့ ဖြစ်သွားပါမူ လူထုထံမှ သနားကြင်နာမှုလှိုင်းလုံးကြီးအား ရရှိပေလိမ့်မည်။ ထို့အပြင် ထိုမှတစ်ဆင့် မော့လျှိုကွေ့က လူသိများအောင်လုပ်နိုင်ပြီး သူမ၏လျော့ရဲနေသည့် လူထုပုံရိပ်ကို ပြန်လည်အသက်သွင်းနိုင်လိမ့်မည်။


ယင်းကအမှန်ပင်။ သူ့အနေဖြင့် မော့လျှိုကွေ့နှင့် သူမ၏ပုံရိပ်အပေါ် အပျက်သဘောဆောင်သော သက်ရောက်မှုရှိသူများကိုပင် ဖယ်ရှားနိုင်သရွေ့ ထိုလူ မသန်မသွမ်းဖြစ်သည်ဖြစ်စေ၊သေသည်ဖြစ်စေ၊ သူတို့အား စတေးပစ်မည်သာ။


ကံမကောင်းစွာဖြင့် မော့တိက ထိုမျှအထိသတိထားတတ်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ သူက ကျောက်ချွမ်းချန်၏လက်ဗွေရာတို့အား တွေ့ခဲ့ရုံမျှမက ကင်မရာတစ်လုံးလည်း ဝယ်ခဲ့ပြီး ရှန်ပူပုလင်းကိုပင် သက်သေအဖြစ် သိမ်းလိုက်သေးသည်။ သူတို့ကြားမှ အဆက်အသွယ်ကိုပင် ခြေရာခံလိုက်သေး၏။


 


ကျောက်ချွမ်းချန်အား ခိုင်လုံသော သက်သေအထောက်အထားများနှင့်တကွ ရင်ဆိုင်ကာ သူ့ကို ကျဥ်းထဲကျပ်ထဲ ကျစေခဲ့သည်။ မော့စန်းကျစ်၏ ဂုဏ်သတင်းက မြောင်းထဲရောက်သွားပြီး သူသည်လည်း သက်သာရာရမနေပေ။ မော့လျှိုကွေ့အား လူသိရှင်ကြားကူညီရန်ဟူသော ချင်ချန်းယီ၏အကြံမှာလည်း ပျက်ဆီးသွားသည်။


သူမ၏ ဂုဏ်သတင်းသည် ဤနေရာမှစတင်ကာ ပို၍ဆိုးရွားလာလိမ့်မည်ဖြစ်သည်။


သို့သော်လည်း နောက်ကွယ်မှ ချင်ချန်းယီကြိုးကိုင်နေကြောင်း အထောက်အထားများ ခိုင်လုံနေသည့်တိုင် မော့တိက ၄င်းအား ထုတ်ဖော်ရန် အာရုံမစိုက်သေးပေ။


အကြပ်ကိုင်မှုမှာ ချင်ချန်းယီအားထိုးချနိုင်သည့် အကြီးလေးဆုံးပြစ်မှုမဟုတ်သေးပေ။ဤကိစ္စအား မြင်သာအောင်ဖော်ထုတ်လိုက်ခြင်းက မိမိကတ်များကို ရန်သူအား ပြလိုက်မိသလိုသာ ဖြစ်သွားလိမ့်မည်။ ချင်ချန်းယီအတွက်မူ ယင်းက သူ့ကို ထိတ်လန့်စေရုံလောက်သာ ဖြစ်စေမည်။


၄င်းက အဆင်ပြေပါသည်။ သူက အလျင်မလိုပေ။ မကြာခင်၌ ချင်ချန်းယီဖြစ်စေ မော့မိသားစုဖြစ်စေ တစ်ယောက်ချင်းစီ၏ အိမ်တံခါးဝသို့ သူ၏လက်စားချေမှုအား အရောက်ပို့ပေးမည်ဖြစ်သည်။


….


သုံးရက်မပြည့်မီမှာပင် ခိုင်လုံသော သက်သေအထောက်အထားများနှင့်အတူ ကော်မရှင်အဖွဲ့ဝင်ဝမ်၏ ကြီးကြပ်မှုဖြင့် ထိတ်လန့်တုန်လှုပ်နေသည့် ကျောက်ချွမ်းချန်နှင့် မော့စန်းကျစ်တို့သည် ရဲစခန်းတွင် ပထမဆုံးအကြိမ် အော့ဖ်လိုင်းတွေ့ဆုံမှုတစ်ခု ပြုလုပ်ခဲ့ကြသည်။


သူတို့ မျက်လုံးချင်းဆုံသည်နှင့် နှစ်ယောက်လုံး တည်ငြိမ်ခြင်းမရှိတော့ဘဲ တစ်ဖက်သားကို ကြိုးကိုင်သူအစစ်အဖြစ် စွပ်စွဲကာ ကျိန်ဆဲရင်း အပြစ်ကို လွှဲချနေကြသည်။


မည်သို့ပင် လွှဲချပါစေ ကိစ္စမရှိပေ။ ရဲဌာနတွင် ကိစ္စပြီးရန် အထောက်အထားများ အသင့်ရှိပြီးဖြစ်သည်။ ဥပဒေအရ သူတို့ကို ကြံရာပါအဖြစ် စွဲချက်တင်ထား၏။


Xxxxxx