အပိုင်း ၇၁
Viewers 28k

Chapter 71


အမှုကို စစ်ဆေးပြီးနောက် မော့စန်းကျစ်နှင့် ကျောက်ချွန်းချန်တို့သည် သူတို့၏ ကြားနာမှုကို စောင့်ဆိုင်းရန် ထိန်းသိမ်းရေးစခန်းတွင် ယာယီထိန်းသိမ်းခံလိုက်ရသည်။


မော့မိသားစုက နောက်တစ်ကြိမ် အရှုပ်အထွေးထဲ ကျရောက်သွားပြန်သည်။ ဒုတိယအဒေါ်က မော့စန်းကျစ်ကို ကယ်ထုတ်ရန် ကြိုးစားရင်း ငိုကြွေးနေကာ မတိုင်မီက ဖြစ်ပျက်ခဲ့သမျှနှင့်ပတ်သက်၍ စိတ်ပင်ပန်းနွမ်းနယ်လျက် ခြေကုန်လက်ပမ်းကျနေခဲ့သည်။ဤခက်ခဲသောကာလတွင် သူတို့၏ ဘဏ္ဍာငွေများ ကျဆင်းလာသဖြင့် မည်သူကမှ သူတို့အတွက် စွန့်စားလိုစိတ်မရှိခဲ့ပေ။


"ငါ့သားက ဥပဒေကို လုံးဝမချိုးဖောက်ခဲ့ဘူး။ သူကရာဇဝတ်ကောင်မဟုတ်ဘူး ။ ပြီးတော့ အဲ့ဒီအကောင်က အဆင်ပြေတယ်မဟုတ်လား...။ ငါ့သားကို သူတို့ဘာလုပ်ပိုင်ခွင့်ရှိလို့လဲ ။ သူတို့မှာ ဘာအခွင့်အရေးရှိလို့လဲ!”


ဒုတိယအဒေါ်သည် သူ့မျက်နှာတစ်ပြင်လုံး စိုရွှဲအောင် မျက်ရည်များစီးကျနေကာ သူမက မော့လျှိုကွေ့၏လက်ကိုကိုင်လိုက်ပြီး "အိုး၊ ရှောင်ကွေ့၊ ရှောင်ကွေ့ မင်းရဲ့တတိယအစ်ကိုကိုကူညီပါ သူ့ကိုကူညီပေးပါဦး ၊ မင်းက ငယ်ငယ်လေးကတည်းက အကြင်နာဆုံးနဲ့ ဂရုအစိုက်တတ်ဆုံး မိန်းကလေးပါ ၊ ပြီးတော့ မင်းရြ တတိယအစ်ကိုက မင်းကို အရမ်းချစ်တာပဲမဟုတ်လား ၊ သူ့ကိုကူညီပါ တောင်းပန်ပါတယ်သူ့ကိုကယ်ပေးရင် ဒူးထောက်ဆိုလည်းထောက်ပါ့မယ်"


မော့လျှိုကွေ့၏လက်ကို ဒုတိယအဒေါ်က ပြင်းပြင်းထန်ထန် ဆုပ်ကိုင်ထားသည်။ သူမ မျက်နှာက ကြောက်ရွံ့ကာထိတ်လန့်တုန်လှုပ်နေပုံပေါ်ပြီး ပြာယာခတ်နေသည်။


မော့လျှိုကွေ့က ဝေးဝေးသို့ ထွက်သွားလိုသော်လည်း တင်းကြပ်စွာ ဆုပ်ကိုင်ခံထားရပြီး မရွေ့လျားနိုင်ပေ။ သူမက အနည်းငယ် နီရဲလာပြီး ပြောလိုက်၏။ "ဒုတိယအဒေါ်၊ ဒီလိုမျိုးမလုပ်ပါနဲ့ ၊ ကျွန်မလုပ်ပေးနိုင်တာ ဘာမှမရှိဘူး ၊ တကယ်ကို လုပ်ပေးနိုင်တာ ဘာမှမရှိလို့ပါ''


“ရှိတယ်၊ ရှိတာပေါ့၊ မင်းစကားတွေက ဒီမိသားစုမှာ အထိရောက်ဆုံးပဲလေ၊ ရှောင်ကွေ့ မင်းက မင်းအစ်ကိုအတွက် ပြောနေသမျှ တခြားလူတွေအားလုံးက သူ့ကို ကူညီဖို့ ဆန္ဒရှိလာကြပြီး နင့်ရဲ့တတိယအစ်ကိုကို ကယ်တင်ကြမှာပါ ၊ အဒေါ်တောင်းပန်ပါတယ် ကျေးဇူးပြုပြီးကူညီပါ''


'' မင်းဘာဖြစ်နေတာလဲ... ဒါက ရှောင်ကွေ့နဲ့ ဘာဆိုင်လို့လဲ"


 မော့ရှစ်ချန်က ဒုတိယအဒေါ်ကို ဖမ်းကိုင်လိုက်ပြီး တစ်ဖက်သို့ တွန်းလိုက်သည်။


“အား!” ဒုတိယအဒေါ်က မြေပေါ်လဲကျကာ ပို၍ပင် ငိုကြွေးလာသည်။ 


''ရှင်တို့အားလုံး ကျွန်မသားကို ကယ်ဖို့ ငြင်းကြတယ်ပေါ့ ၊ ရှင်ပဲ သူ့ကို ထောင်ထဲပို့လိုက်တာ မော့ရှစ်ချန်၊ ရှင်က လူယုတ်မာပဲ စန်းကျစ်ကရှင့်ရဲ့သားမဟုတ်လို့လား ၊ သူက ရှင့်ရဲ့သားမဟုတ်လို့လား ၊ ကျွန်မက ရှောင်ကွေ့ကို အကူအညီလေးပဲတောင်းချင်ခဲ့တာပါ ၊ ကျွန်မဒီလိုတောင် လုပ်လို့မရဘူးလား၊ ရှင့်သားကို ကောင်းကောင်းမမြင်ချင်ဘူးလား ၊ သူက ရှင့်အတွက် အရေးတောင်မပါဘူးလား ၊ ရှင့်နှလုံးသားထဲမှာ ကျွန်မတောင်ရှိရဲ့လား ငါက ရှောင်ကွေ့ကို အကူအညီလေးပဲတောင်းတာကိုတောင် ရှင်ကကျွန်မကို ရိုက်ချင်နေတယ် ရှင် လူရောဟုတ်ရဲ့လား''


"တော်လောက်ပြီ!" 


မော့ဖိုးဖိုးက မြေကြီးပေါ်ရှိ ကြွေထည်အပိုင်းအစကို ရိုက်ချိုးလိုက်သည်။


"ဒီလို အော်ဟစ် ငိုကြွေးနေတာကိုက တရားထက်လွန်နေပြီ!"


ဒုတိယအဒေါ်ဖြစ်သူသည် နှစ်စက္ကန့်မျှ အံ့အားသင့်သွားပြီးနောက် ဒေါသူပုန်ထကာ အော်ဟစ်ငိုကြွေးတော့သည်။ 


''စန်းကျစ် ငါ့သားလေး မင်းကို တစ်ယောက်မှ ကူညီကြမှာမဟုတ်ဘူး အဲ့ဒီတိရစ္ဆာန်က မင်းကိုဒုက္ခပေးပေမယ့် မင်းကိုဘယ်သူမှကူညီမှာမဟုတ်ဘူး..."


"ဘာတွေဖြစ်နေတာလဲ?"


တံခါးဝတွင် ချင်ချန်းယီ၏ အသွင်အပြင်ကို ရုတ်တရက် တွေ့လိုက်ရသည်။ မော့မိသားစုက သူ့ကို သူတို့မိသားစုဝင်ဟု မှတ်ယူထားသောကြောင့် သူရောက်လာသည့်အကြောင်း အစေခံတွေကအသိပေးစရာ မလိုခဲ့ပေ။


“ချန်းယီ …” မော့လျှိုကွေ့က ချင်ချန်းယီကို မျက်လုံးနီရဲရဲဖြင့် ကြည့်ရင်း “အဲဒါက တတိယအစ်ကိုနဲ့ ပတ်သက်နေတာ၊ ဒုတိယအဒေါ်ကလက်မခံနိုင်ဖြစ်နေတယ်၊ မော့မိသားစုထဲက တစ်စုံတစ်ယောက် သူ့ကို ကူညီစေချင်နေပေမယ့် ငါတို့လက်တွေက အချည်ခံထားရတာလေ၊ ငါတို့ဘာမှ မတတ်နိုင်ဘူး”


မော့လျှိုကွေ့၏ မျက်ရည်ဝဲနေသည့်မျက်လုံးများနှင့် စိတ်မသက်မသာဖြစ်နေပုံကို တစ်ချက်မျှကြည့်ကာ ချင်ချန်ယဘီ၏မျက်နှာ ချက်ချင်းမည်းမှောင်သွားခဲ့သည်။ သူက သူမအနားကို လျင်မြန်စွာ ချဉ်းကပ်လိုက်ပြီး လေးလံသည့်အသံဖြင့် မေးလိုက်၏။ "သူမ မင်းကို ပြဿနာရှာတာလား"


ဒုတိယအဒေါ်မှာ ချင်ချန်းယီအား မြင်လိုက်ရသောအခါ သူမ၏မျက်လုံးများသည် မျှော်လင့်ချက်များဖြင့် တောက်ပလာသည်။ သို့သော် သူမ သူ့အဝတ်အစားများကို လှမ်းဆွဲကာ အကူအညီတောင်းရန်အပြုတွင် စိတ်ဆိုးနေသော ချင်ချန်းယီ၏ ရက်စက်စွာ ကန်ထုတ်ခြင်းကို ခံလိုက်ရသည်။


“အား!” ဒုတိယအဒေါ်က နာကျင်စွာဖြင့် ချက်ချင်းအော်လိုက်သည်။


မော့မိသားစုတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားကြသည်။


သူတို့အနေဖြင့် ချင်ချန်းယီက ဒေါသကြီးပြီး ကြမ်းတမ်းကြောင်း အမြဲသိထားသော်လည်း မော့လျှိုကွေ့အပေါ်ထားသော အချစ်အပြည့်နှင့်ပုံစံကို နှိုင်းယှဥ်ကြည့်ကာ သူ့ကိုလက်ခံလိုက်ကြခြင်းပင်။ အစကတည်းက သူက သူတို့ကို အမြဲတမ်း လေးစားမှုအပြည့်နှင့်ပုံစံကိုသာ ပြသခဲ့သည်။


သူတို့က တစ်နေ့တွင် သူ့ဒေါသကို သူတို့အပေါ် ဖွင့်ထုတ်ပစ်လိမ့်မည်ဟု မထင်ခဲ့ပေ။


မော့လျှိုကွေ့က မြေပြင်ပေါ်တွင် လဲကျနေသော အဒေါ်ကို ငုံ့ကြည့်ကာ မျက်လုံးများ နီရဲလာသည်။ သူမက ချင်ချန်းယီကို တစ်ဖက်သို့ တွန်းလိုက်ပြီး ပြောသည်။ 


"ရှင် ဘယ်လိုလုပ်ပြီး ဒုတိယအဒေါ်ကို တွန်းလိုက်နိုင်ရတာလဲ ရှင်ဘာလုပ်နေတာလဲ"


''သူမ မင်းကို အနိုင်ကျင့်လိုက်တည်းက ငါ့ကိုရန်စဖို့ တွေးတောင်မတွေးလိုက်နဲ့'' ချင်ချန်းယီ၏အာရုံထဲတွင် မော့လျှိုကွေ့သာရှိသည်။ သူက သူမ၏လက်အားဆွဲကာ ပြောလိုက်သည်။


 ''ငါ မင်းကိုပဲ ဂရုစိုက်တယ် မင်းကို ဘယ်သူမှအနိုင်ကျင့်ခွင့်မရှိဘူး''


''ဒါပေမယ့် အဲ့လိုဆိုရင်တောင် ရှင်လူတွေကို ရိုက်လို့မရဘူးလေ '' မော့လျှိုကွေ့က သူမ၏ လက်ကို ဆွဲထုတ်လိုက်ပြီး သူမ၏ ဒုတိယ အဒေါ်ကို ကူညီရန် သွားလိုက်သည်။ '' ဒုတိယအဒေါ် အဆင်ပြေရဲ့လား''


''ချွေးမလေး၊ မင်းမျက်လုံးကို ဖွင့်ပြီးမြင်အောင်ကြည့်တာ ပိုကောင်းမယ် ၊ မင်း ရှောင်ကွေ့ကိုအနိုင်ကျင့်ပြီး အသုံးချချင်ခဲ့ပေမယ့် သူကတော့ မင်းအပေါ် ကြင်နာနေတုန်းပဲ၊ မင်းမှာအသိတရားရှိသေးတယ်ဆိုရင် အခုလို မလိုအပ်ပဲရေးကြီးခွင်ကျယ် လုပ်နေတာရပ်လိုက်တော့ ''


 မော့အဖိုးက ချောင်းဟမ့်ရင်း ပြောလိုက်သည်။


"အတိအကျပဲ ဒုတိယအဒေါ် ခင်ဗျား ရှောင်ကွေ့ကို ဘာလို့ အနှောက်အယှက် ပေးနေတာလဲ၊ အဲဒီ့အစား တိရစ္ဆာန်ကောင်ကို သွားရှာသင့်တယ်'' မော့စစ်လန်က ပြောလိုက်သည်။


 ''ခင်ဗျား သူ့ကို ဒီလိုဆက်ဆံခဲ့တာတောင် ရှောင်ကွေ့က ခင်ဗျားကို ဂရုစိုက်နေတုန်းပဲ သူမကို ဘယ်လိုလုပ် နှိပ်စက်နိုင်တာလဲ''


ခါးတွင် နာကျင်စွာ အကန်ခံလိုက်ရသော ဒုတိယအဒေါ်အား မော့လျှိုကွေ့က မတ်တတ်ထရပ်နိုင်ရန် ကူညီပေးလိုက်သည်။ သို့သော် သူမက မော့လျှိုကွေ့ကိုကြည့်ရင်း ရုတ်တရက် လန့်သွားသည်။ ဗိုက်ထဲမှ အန်ချင်သည့် ခံစားချက်များ တဟုန်ထိုးတက်လာသည်။


သူမလုပ်သမျှက အကူညီတောင်းခဲ့တာလေးပဲလေ။ အဲဒါက ဘယ်လိုလုပ် ခွင့်မလွှတ်နိုင်တဲ့ ရာဇ၀တ်မှု ဖြစ်လာတာလဲ။ သူမက အပြစ်တင်ခံရရုံသာမက အနိုင်ကျင့်လည်းခံရသေးတယ်။ သူ့တူမကောင်းလေးတွေကလည်း ပြောပေးပေမယ့် အဲဒါက လူမရိုက်ရဘူး ဆိုတာလေးပဲ။ အဲ့အဓိပ္ပါယ်က သူအနိုင်ကျင့်ခံနေရပါတယ်ဆိုပြီး ဝန်ခံနေတဲ့သဘောပဲမလား။


ဒါက ရှောင်ကွေ့ သူမအတွက် ပြောပေးတဲ့ဟာလား။ သူမအပေါ် ကြင်နာပေးတယ်ဆိုတာလား။


ဒုတိယမော့အဒေါ်က သွားများကို တင်းတင်းစေ့ကာ မတ်တပ်ထရပ်လိုက်သော်လည်း သူမ၏ နှလုံးသားထဲမှ မုန်းတီးမှုနှင့် နာကြည်းမှုများကို မျိုသိပ်မထားနိုင်ပေ။ ထိုတိရိစ္ဆာန်ကောင်လေး မော့မိသားစုတွင်ရှိချိန် ငယ်စဉ်ကလေးဘဝမှ အရွယ်ရောက်ချိန်အထိ ဤသို့ဆက်ဆံခံခဲ့ရသည်ကို သူမ ရုတ်တရက် သတိရမိသွားသည်။ သူ့အတွေ့အကြုံများက ယခုထက်ပင် အဆပေါင်းများစွာ ပိုဆိုးသေးသည်။


သို့သော် ထိုအချိန်တုန်းက တစ်နေ့နေ့တွင် သူမလည်း ထိုကဲ့သို့ ဆက်ဆံခံရမည်ကို မသိဘဲ အနားတွင်ရပ်ကာသာ ပျော်ရွှင်စွာ ကြည့်နေခဲ့ဖူးသည်။


သို့သော်လည်း ဤအရာက သူမ သူ့ကိုစာနာသည်ဟု မဆိုလိုပေ။ သူ့ကြောင့်သာမဟုတ်လျှင် သူမသား ဤကဲ့သို့ အရှုပ်အထွေးထဲ ကျရောက်လိမ့်မည်မဟုတ်ချေ။


''တောင်းပန်ပါတယ် ရှောင်ကွေ့၊ ခွင့်လွှတ်ပေးပါ ငါအရမ်းစိုးရိမ်ပြီး ကြောက်သွားလို့ပါ၊ ကျေးဇူးပြုပြီးငါ့ကိုကူညီပေးပါနော်'' ဒုတိယအဒေါ်က သူမ၏မကောင်းသည့်စိတ်ခံစားချက်အားလုံးကို ရှင်းရှင်းလင်းလင်းပြင်ဆင်နိုင်လောက်အောင် ဥာဏ်ထက်ပြီး မော့လျှိုကွေ့အား ငိုပြလိုက်သည်။


 ''ကျေးဇူးပြုပြီး ...မင်းအစ်ကိုက မင်းကို ငယ်ငယ်လေးကတည်းက ဘယ်လိုဂရုစိုက်ခဲ့တာလဲဆိုတာ စဉ်းစားကြည့်ပါဦး သူ့အမေထက်တောင် မင်းကို အမြဲဦးစားပေးတယ်၊ ကျေးဇူးပြုပြီး သူ့ကိုကူညီပေးပါ''


''ယောက်မလေး နင်ငါ့သမီးကို အပြစ်ရှိသလို ခံစားရအောင် ကြိုးစားနေတာလား ၊ဘာလို့လဲ ''


 ရွမ်ချင်းတန့်က လမ်းလျှောက်လာပြီး မော့လျှိုကွေ့ကို ဆွဲထုတ်လိုက်သည်။


 ''ငါတို့ရှောင်ကွေ့က သာမန်မိန်းကလေးတစ်ယောက်ပဲလေ သူမကဘယ်လိုလုပ် ကူညီနိုင်မှာလဲ''


''ဒါပေမယ့် သူမက ဒီမိသားစုမှာ ပြောဆိုခွင့်အရှိဆုံးလူပဲလေ ၊ ရှောင်ကွေ့ ရှောင်ကွေ့ ၊ ကျေးဇူးပြုပြီး ကိုယ်ချင်းစာပါဦး တစ်ခုခုကြိုးစားပေးပါ''


''နောက်တစ်ခွန်း ထပ်ပြောလာတာနဲ့ မော့စန်းကျစ်ရဲ့အခြေအနေ ပိုဆိုးအောင်လုပ်မိမလားဆိုတာ မသေချာဘူးနော်'' 


ချင်ချန်းယီက သူမအား အေးစက်သော မျက်နှာထားနှင့် ကြည့်ကာပြောလိုက်သည်။


 ''သူ့ကိုပိုကောင်းလာစေချင်ရင် ခင်ဗျားပါးစပ်ကို ပိတ်လိုက်တာ ပိုကောင်းမယ်''


မော့တိက မော့ဗီလာတွင် ဘာဖြစ်သွားသည်ကို မသိသော်လည်း ယခုအချိန်တွင် သူစိတ်အခြေအနေမကောင်းဖြစ်နေသည်။


မုထျန်းဟန်က အမေရိကားကို ရုတ်တရက်ပြန်သွားရသောကြောင့် လိုင်သယ်စစ်သည်လည်းလိုက်သွားရသည်။


"ဒီလောက်ထိ မျက်နှာပျက်မနေပါနဲ့ ၊ ကိုယ်ဘယ်တော့မှ ပြန်မလာတော့တာမှမဟုတ်ပဲ၊ ရက်နည်းနည်းကြာရင် ကိူယ်ပြန်လာမှာလေ"


မုထျန်းဟန်က မော့တိ၏ ဆံပင်ကို ညင်သာစွာ ပွတ်သပ်ပြီး ပြုံးကာ ပြောသည်။ '' ကိုယ့်ကို လိုက်ပို့စရာ မလိုတော့ဘူး ။ လေယာဉ်ပေါ်ကဆင်းပြီးတာနဲ့ မင်းကိုဖုန်းဆက်လိုက်မယ် ဟုတ်ပြီလား''


"..အမ်း" မော့တိက ခေါင်းညိတ်ပြလိုက်သည်။'' ကိုကို ခင်များ တစ်ပတ်အတွင်း ပြန်လာမှာ သေချာလား''


''ကတိပေးတယ်''


''ဒါဆိုလည်း ကောင်းပါပြီ၊ နှစ်ယောက်စလုံး ကောင်းသောခရီးဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်'' မော့တိမှာ မုထျန်းဟန်နှင့် ခွဲရန် ဝန်လေးနေကြောင်း ရှင်းရှင်းလင်းလင်း ခံစားရနိုင်ပြီး သိုဝှက်ထားခြင်းမရှိပေ။


ပြီးနောက် အနှီတွန့်ဆုတ်မှုတွင် ခါးသီးသည့်အရိပ်အယောင်လေးလည်း ရှိနေပါ၏။


သူ့နှလုံးသားထဲရှိ တစ်စုံတစ်ခုက တုန်လှုပ်နေသည်။ သူတစ်ယောက်တည်း မနေချင်၍လားဟု သံသယဖြစ်မိသော်ငြား တခြားခံစားချက်တွေလည်း ရောထွေးနေသည်။


မုထျန်းဟန်နှင့် လိုင်သယ်စစ်တို့ ဟွာရှားမှ ထွက်ခွာပြီး မကြာမီတွင် မော့စန်းကျစ်နှင့် ကျောက်ချွန်းချန်၏ အမှုကို တရားရုံးသို့ တင်သွင်းခဲ့သည်။


မော့တိကလည်း တရားလိုအဖြစ် သဘာဝကျကျပင် တက်ရောက်ခဲ့ရသည်။


လူတိုင်းက မော့တိအတွက် စိတ်ပူနေကြပြီး လင်ကျွင်းဖုန်၊ ရှန့်ယွီချောင်၊ ချန်ကျောင်း၊ ဖန်ချင်းလောင်နှင့် ဟန်ချောင်ပင်လျှင် အားလုံးက သူ့ကို တရားရုံးကို လိုက်လာခဲ့ကြသည်။


အစည်းအဝေးအပြီးတွင် ရာဇဝတ်မှုပြစ်ဒဏ်အဖြစ် သူတို့၏ ရည်ရွယ်ချက်မှာ ဆိုးရွားလွန်းသောကြောင့် တစ်ဦးကို ထောင်ဒဏ် ရှစ်လ ချမှတ်ခဲ့ပြီး ကျန်တစ်ဦးမှာ ခြောက်လအထိ ချမှတ်ခံရသည်။


မော့စန်းကျစ်အား ခေါ်ဆောင်သွားသောအခါ သူက မော့တိကို မျက်လုံးပြူးကြည့်ကာ 'မင်း သေရလိမ့်မယ်' ဟူသည့် စကားတစ်ခွန်းကို ပါးစပ်က ထုတ်ပြောသွားခဲ့သည်။


သို့သော်လည်း မော့တိက ရယ်ရုံသာရယ်မောလိုက်သည်။


အမှန်ပင်၊ သူက သူ၏နောက်ဆုံးဘဝ၌ ဆိုးရွားစွာ သေဆုံးသွားခဲ့ရသည်။ သို့သော်လည်း ယခုဘဝတွင် တခြားတစ်ယောက်ယောက်က ဤနေရာကို ထမ်းဆောင်လိမ့်မည်ဖြစ်သည်။


အဘယ်ကြောင့်ဆိုသော် ဥပဒေသာမက ဝဋ်ဆိူသည်မှာလည်းရှိ၏။ လူအချို့အနေဖြင့် လက်စားချေခံရသင့်သည်။


ထိုဖြစ်ရပ်က မီဒီယာများ၌ မုန်တိုင်းထန်သွားစေခဲ့သည်။


စီရင်ချက်ချပြီးနောက်တွင် ထိုအကြောင်းအရာအား ပင်မဝက်ဘ်ဆိုဒ်ကြီးများ၏ ရှေ့စာမျက်နှာတွင် တင်ထားကြသည်။ 


ပြည်သူလူထုက ပေါက်ကွဲထွက်သွားပြီး ကျင်းသာ့၏ကျောင်းသားများက နိမ့်ကျပြီးရက်စက်ရုံသာမက မော့စန်းကျစ်အားလည်း အလွန်ရွံရှာမိကြောင်း ပြောဆိုဆွေးနွေးနေကြသည်။ အမျိုးသားအမျိုးသမီးတွေကို လှည့်စားဖို့ကြိုးစားသည်ကပင် သူ့အတွက် လုံလောက်အောင် ဆိုးရွားနေပြီဖြစ်ရာ ယခုသူက တစ်စုံတစ်ဦးအား အန္တရာယ်ပြုရန် ဆိုးဝါးကြမ်းကြုတ်သည့် နည်းလမ်းကိုပါ အသုံးပြုခဲ့သည်။ ထို့အပြင် ထိုပုဂ္ဂိုလ်မှာ သူ၏ဝမ်းကွဲဟောင်းဖြစ်နေသေးသည်။


မော့တိအတွက် ဘယ်လိုတောင်စိတ်ဆင်းရဲစရာကြောင်းပြီးကျိန်ဆဲခံရတဲ့ ဘဝများလဲ။ သူက အဲ့ဒီမိသားစုနဲ့ ဘယ်လိုများ အဆုံးသတ်ခဲ့ရလဲ။


ပြီးတော့ ဆွေးနွေးမှုဗဟိုချက်ရှိ အဓိကလူမော့တိက ထိုအကြောင်းကို ဂရုမစိုက်ပေ။ သူက စားချိန်သောက်ချိန်နားနီးသည်အထိ သူ့ဂိမ်းပြုလုပ်ခြင်း၌သာ အချိန်များကိုအသုံးချပြီး တစ်ခါတစ်လေ သူကစားသောက်ဖို့ပင် မေ့သွားတတ်သည်။ ဤဂိမ်းကိုဖန်တီးရန်အတွက် သူ၏အခြေခံလိုအပ်ချက်များကို ဘေးဖယ်ထားခဲ့ခြင်းဟုပင် ပြော၍ရ၏။


Xxxxxx