အပိုင်း ၇၂
Viewers 28k

Chapter 72


သုံးရက်ကြာပြီးနောက် ပြိုင်ပွဲ၏ ဒုတိယအကျော့ရလဒ်များကို ထုတ်ပြန်ကြေညာခဲ့သည်။ မော့တိက အဆောင်တွင်နေရင်း ထုတ်လွှင့်မှုကို သူ၏ကွန်ပျူတာမှတစ်ဆင့် ကြည့်ခဲ့၏။ မုထျန်းဟန်က ဗီလာတွင်မရှိရာ သူ့အနေဖြင့် ပြန်သွားစရာအကြောင်းမရှိပေ။


 စွမ်းစွမ်းအတွက်မူ နောက်ရက်အနည်းငယ်ကြာအောင် သူ့အဆောင်တွင် နေရရန် ဖွက်ထားလိုက်၏။ မုထျန်းဟန် ပြန်လာလျှင် သူ့ကို ပြန်ပို့ပေးလိုက်မည်။


ရှန့်ယွီချောင်နှင့်အခြားလူများက စွမ်းစွမ်းအား အလွန်အမင်းပင် ကြိုဆိုခဲ့ကြပြီး အမွှေးပွလုံးလေးက ယခု ငါးလခြောက်လခန့်ရှိပြီဖြစ်ရာ သူစိမ်းများကို သိပ်မရှက်တော့ပေ။ ကောင်ငယ်လေးက တုံးအအလူမိုက်တစ်စုဖြင့် အတော်လေး လိုက်ဖက်၍နေ၏။


ထိုအခိုက်တွင် ရှန့်ယွီချောင်၏ခေါင်းပေါ်မှလေကို စွမ်းစွမ်းက ပျော်ရွှင်စွာစီးနေ၏။


မော့တိ အကူအညီမဲ့သွားရသည်။  


“လောင်ရှန့်၊ ရှုပ်နေတာကိုရပ်တော့၊မင်းသီချင်းသံကို အဆုံးထိချဲ့ထားလည်း စွမ်းစွမ်းဟောင်သံကို အပြင်ကကြားရမှာပဲ၊ ငါတို့အကြောင်း သတင်းပေးခံပြီး အဆောင်မှူးကစွမ်းစွမ်းကိုခေါ်သွားရင် ငါမင်းကို ပေါက်ခွဲပစ်မှာနော်...”


“အာ... ရှောင်တိ၊ မင်းပိုပိုပြီး ရက်စက်လာတာပဲ၊ မင်းအရင်က အရမ်းရမ်းနာခံတတ်ပြီး ချစ်ဖို့ကောင်းခဲ့တာလေ၊ နူးညံ့ပြီးတော့ အကျင့်လည်းကောင်း…”


“ပါးစပ်ပိတ်ထား...” မော့တိက ပျော်မြူးနေသည့်စွမ်းစွမ်းကို ပြန်ခေါ်သွားလိုက်သည်။ သူက သူ၏အမွှေးပွခေါင်းလေးကို ပုတ်လိုက်၏။ 


အမြှီးလေးက ရွှင်မြူးစွာ လှုပ်ယမ်းသွားပြီး ကိုယ်သေးသေးလေးက လှုပ်ခါသွား၏။ အနက်ရောင်မျက်လုံးဝိုင်းဝိုင်းလေးများက မော့တိကိုကြည့်နေပြီး မော့တိ၏လက်အတွင်း ခေါင်းလေးကို ငုံ့စင်းချလိုက်သည်။


သေချာပေါက်ကို သူက မော့တိအား အနှစ်သက်ဆုံးဖြစ်နေဆဲပင်။


“အား စွမ်းစွမ်းက မင်းကိုအချစ်ဆုံးဖြစ်နေတုန်းပဲ ...” 


ရှန့်ယွီချောင်က မနာလိုဖြစ်စွာ သက်ပြင်းချလိုက်သည်။


 “မေ့လိုက်တော့ ၊ ငါမနာကျင်တော့ဘူး၊ စိတ်လည်းမဆိုးတော့ဘူး၊ ဒီအသက်အရွယ်မှာ ဘယ်သူ့ဦးနှောက်က နည်းနည်းစိမ်းမနေလို့လဲ?”


“ဒီဥပမာက ဘာကြီးတုန်း?” လင်ကျွင်းဖုန်က ရှန့်ယွီချောင်၏ပုခုံးကို တစ်ချက်ရိုက်လိုက်သည်။ 


“ဒီလိုမျိုး ဘာသာစကားစွမ်းရည်နဲ့ မင်းဘယ်လိုလုပ် ကျင်းသာ့ကိုရောက်လာတာလဲ?”


“ငါ့အစွမ်းအစနဲ့ငါပေါ့၊ ကျစ်! ငါ့သိပ္ပံအမှတ်က 293မှတ်နော်၊ ဟုတ်ပြီလား?”


“ချီး ၂၉၃မှတ်က ဘာကောင်းလို့လဲ၊ဒီဖေဖေက ၂၉၀ရတာကွ၊ ငါက ရူပmultiple choiceမေးခွန်းကို သိပ်သတိမမူမိပဲဖြစ်သွားရုံလေး...”


ချန်ကျောင်းက မျက်လုံးလှိမ့်လိုက်ကာဖြင့် ",မင်းတို့ငတုံးနှစ်ကောင်အခုထိ အထက်တန်းအမှတ်တွေ ယှဥ်နေကြတုန်းလား၊ လူကြီးလူကောင်းတစ်ယောက်ဆိုတာ ဘယ်တော့မှ အရင်ကအကြွေးတွေအကြောင်းမပြောဘူး နားလည်လား၊ မင်းတို့ကိုယ်မင်းတို့အရမ်းတော်တယ်ထင်နေရင် ဒီစာသင်နှစ်မှာ ဌာနကထိပ်ဆုံးသုံးယောက်နေရာယူရင်ရော ဘယ်လိုလဲ"


“ဒါက….” ရှန့်ယွီချောင်က ချောင်းဟန့်၏။


 “ငါတော့ GPAsတွေက အရေးမကြီးဘူးလို့ထင်တယ်၊ အသိပညာဆည်းပူးတာကသာ အရေးကြီးတဲ့အရာပဲ...”


“အမ်း… ဒီဖေဖေလည်း အဲလိုပဲတွေးတယ်” လင်ကျွင်းဖုန်က နောက်မှသံယောင်လိုက်သည်။


ချန်ကျောင်း : “ဖွီး၊ မင်းတို့ကောင်တွေ အရှက်မရှိချက်...”


“အိုး... စကားမပြောနဲ့တော့၊ ထုတ်လွှင့်မှုစနေပြီ ...” ရှန့်ယွီချောင်က ဖန်သားပြင်ထက်ရှိhostမှ နောက်တစ်ဆင့်တက်မည့်ဂိမ်းစာရင်းကို ကြေငြာနေသည်ကိုတွေ့ပြီး မော့တိဘေးကို အမြန်ပြေးထိုင်လိုက်သည်။


“ရှောင်တိ သေချာပေါက် အောင်လိမ့်မယ်လို့ငါထင်တယ်!”


ချန်ကျောင်းနှင့်လင်ကျွင်းဖုန့်သည်လည်း လာကြည့်ကြ၏။ စွမ်းစွမ်းက မော့တိ၏လက်ထဲမှနေ၍ နူးညံ့သည့်အသံတစ်ခုပြုလိုက်သည်။


ရှင်းဝေ့သောင်ဖြတ်ကျော်သွားခြင်းမှာ မမျှော်လင့်ထားသည့်အရာပင်။ အားလုံးပြီးတဲ့နောက် ယင်းကဦးဆောင်နေပြီး ပိုမိုတိုးတက်အောင်ပြုပြင်မွမ်းမံထားရာ ဖယ်ရှားခံရခြင်းမှာ မဖြစ်နိုင်ပေ။ မုထျန်းဟန်၏ ယခင်ခန့်မှန်းချက်လည်း မှန်သည်။အခြားအသင်းများစွ။ကလည်း သူတို့၏ စွမ်းဆောင်ရည်ကို သက်သေပြခဲ့ကြပြီး ကစားပုံကို မြှင့်တင်ခဲ့ကြသည်။ သို့တိုင် အားလုံးက သူတို့၏ ဂိမ်းကို များစွာတိုးတက်အောင် မလုပ်ဆောင်နိုင်ကြဘဲ တချို့က အသေးအမွှားtweaksလေးတွေသာ ရှိသည်။


ထို့ကြောင့် မော့တိ၏ဂိမ်းက မိတ်ဆက်ပြီးအချိန်တိုသုံးမိနစ်အတွင်းတွင် ဦးဆောင်နေဆဲဖြစ်၏။


ဤအချီတွင် ငါးဆယ်ရာခိုင်နှုန်းကျော်ကို ချေမှုန်းနိုင်ခဲ့ပြီး ဂိမ်းငါးဆယ့်ခြောက်ခုသာ ကျန်ရှိတော့သည် ။


ရှန့်ယွီချောင်နှင့်အခြားလူများက ဂုဏ်ပြုလိုက်ကြသည်။


 “ငါတို့လုပ်နိုင်ခဲ့ပြီ၊ ငါတို့လုပ်နိုင်ခဲ့ပြီ၊ ငါတို့လုပ်နိုင်ခဲ့ပြီကွ၊ ရှောင်တိ အော်ပစ်စမ်းပါ!”


"အိမ်မက်ဖမ်းသူ"၏ Wechat အဖွဲ့မှာလည်း ဆက်တိုက်ဆိုသလို စာတွေဝင်နေသည်။ ဖန်ချင်းလောင်နှင့် ဟန်ချောင်တို့နှစ်ဦးက အဖွဲ့လိုက်စကားပြောခန်း၌ spam messageများ ပို့နေကြပုံရသည်။ မော့တိက သူတို့အားစာပြန်ရန် ဖုန်းလော့ဖြည်လိုက်ချိန်တွင် ချင်ချင်းဆိုသလို အဝင်ကောတစ်ခု ရလိုက်၏။ 


မော့တိကခေါ်ဆိုသူ၏ IDကို မြင်ပြီး ချက်ချင်း ပြုံးလိုက်မိသည်။ သူကဖုန်းကောကို လက်ခံပြီး လသာဆောင်ကိုပြေးထွက်ကာ တံခါးပိတ်လိုက်သည်။


“ဟယ်လို ကိုကို!”


“ဂုဏ်ယူပါတယ် ကောင်ငယ်လေး၊ မင်းဖယ်ထုတ်တဲ့အဆင့်ကို နောက်တစ်ကြိမ် ကျော်ဖြတ်နိုင်ခဲ့ပြန်ပြီ...”


 မုထျန်းဟန်၏နူးညံ့ပြီး ညှို့ငင်နိုင်သောအသံမှာ ဖုန်းကိုဖြတ်၍ ထွက်လာသည်။


“ကိုကို ခင်များဘယ်လိုသိတာလဲ၊ ခင်များရော တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်တာလား ?”


“မဟုတ်ဘူး အဲဒါ မဟုတ်ဘူး၊ ကြေငြာချက်ထုတ်ပြီးတာနဲ့ ရလဒ်ကိုပို့ပေးဖို့ လက်ထောက်ကောင်းကို ခိုင်းထားတာ...” မုထျန်းဟန်က ပြုံးလိုက်သည်။ “သူကဟွာရှားမှာဆိုတော့ live showကြည့်လို့ရတယ်လေ”


“ကျွန်တော်သိပြီ၊ ဒါနဲ့ကိုကို အခုအလုပ်လုပ်နေတာလား”


 မော့တိအနေဖြင့် မုထျန်းဟန်ဘက်တွင် အတော်လေးဆူညံနေသည်ကို ကြားရသည်။


“အလုပ်ရဲ့တစ်စိတ်တစ်ပိုင်းလေ၊ ကိုယ်က အခုလုပ်ဆောင်ချက်တစ်ခုမှာရောက်နေတာ...” 


မုထျန်းဟန်က တွေးပြီးနောက် မေးလိုက်သည်။ “ကလေးလေး မင်းကြည့်ချင်လား၊ ကိုယ်ကင်မရာဖွင့်လိုက်မယ်လေ ...”


“အင်း ကျွန်တော်ကြည့်ချင်တယ်...” မော့တိက တွေးပင်မတွေးဘဲ ပြန်ဖြေလိုက်သည်။


မုထျန်းဟန်က ပြုံးလိုက်ပြီး ဗီဒီယိုခေါ်ဆိုမှုသို့ အမြန်ပြောင်းလိုက်သည်။


မုထျန်းဟန်ကိုမြင်လိုက်ရလျှင် မော့တိအံ့အားသင့်သွား၏။


သူနေ့တိုင်းတွေ့နေရသည့်မုထျန်းဟန်မှာ ထူးချွန်ပြီး ကြီးမြတ်သည့်စိတ်နေစိတ်ထားရှိကာ အမြဲလိုလို လူထင်ကြီးအောင် ဝတ်ဆင်တတ်သည်။သပ်သပ်ရပ်ရပ် ဖြီးသင်ထားသည့်ဆံပင်နှင့် သူ၏ထက်မြက်ပုံရသည့် ဝတ်စုံတို့မှာ ထိုလူအား ပို၍ ထင်ရှားစေသည်။ သူ့အား ကြည့်မိသူတိုင်းအနေဖြင့် သူတို့၏မျက်လုံးများကို ရှောင်လွှဲနိုင်မည်မဟုတ်သလို ထိန်းမနိုင်သိမ်းမရစွာ နှလုံးခုန်မြန်လာပေလိမ့်မည်။


မော့တိပင်လျှင် မထိန်းနိုင်ဘဲ ရှက်ရွံ့သွားမိသည်။


လိုင်သယ်စစ်ပြောခဲ့ဖူးသည်ကို သူမှတ်မိပါသေး၏။ မုထျန်းဟန်က ကလူ၏မြူ၏မကျီစယ်တတ်သော်ငြား သူနေရာ၌ ရပ်နေရုံမျှဖြင့်ပင် မရေမတွက်နိုင်သည့်လူများက သူ၏ရူးသွပ်ဖွယ်ဟော်မုန်းများ၊ ဆွဲဆောင်မှုရှိခြင်းများနှင့် အဆွဲဆောင်ခံရဆဲဟူ၏။


မော့တိ၏ နှလုံးသားထဲတွင် နားမလည်နိုင်သည့် ထူးဆန်းသောခံစားချက်များဖြင့် ရုတ်တရက် ပြည့်နှက်လာသည်။


“ကိုကို ခင်များ...၊ အဲဒီ့မှာ လုပ်ဆောင်ချက်တွေအများကြီးရှိလား?”


“သိပ်မများပါဘူး၊ နှစ်ကြိမ်သုံးကြိမ်လောက်ပါပဲ...” 


ဖန်သားပြင်ထက်ရှိ နားရွက်ဖျားလေးများ ပန်းရောင်သန်းနေသော နီရဲနေသည့်ကောင်လေးအား သူရှင်းရှင်းလင်းလင်း မြင်နိုင်သည်။ မုထျန်းဟန် ဝမ်းမသာပဲမနေနိုင်ပေ။ 


 


“ဘာလို့လဲ၊ ကလေးလေး... မင်းစိတ်ပူနေတာလား ကိူယ်က... ပျားတွေနဲ့လိပ်ပြာတွေအများကြီးကို ဆွဲဆောင်မိမှာကိုလေ ”


“မဟုတ်ဘူး၊ အဲလိုမဟုတ်ပါဘူး...” မုထျန်းဟန်၏ မရေရာသော စကားများကြောင့် မော့တိ ထိတ်လန့်သွားသည်။ သူ့မျက်နှာကပို၍နီရဲလာပြီး နှလုံးခုန်နှုန်းကလည်း ပို၍မြန်လာသည်။ သူက ချက်ချင်းပင် ငြင်းပစ်၏။


 “ကျွန်တော်က စပ်စုကြည့်ရုံလေး...”


မုထျန်းဟန်၏ အပြုံးမှာ ပို၍တောက်ပလာသည်။ သူက ညင်သာစွာပြောလိုက်သည်။


“မင်းဘာထပ်သိချင်သေးလဲ၊ ကိုယ်အားလုံးပြောပြမယ် ”


မော့တိပြန်ဖြေရန်ပြုစဥ် အသံတစ်ခုက ကြားဖြတ်လာသည်။


“မု မင်းကဒီမှာပဲ...”


ရွှေရောင်ဆံပင်၊ မျက်လုံးပြာတို့ဖြင့် တိုင်းတစ်ပါးသားနှစ်ယောက်က နောက်မှနေ၍ မုထျန်းဟန်အနား ချဥ်းကပ်လာသည်။ တစ်ယောက်က ကြည့်ကောင်းခန္ဓာကိုယ်နှင့် စူးရှတောက်ပသော အမျိုးသမီးတစ်ဦးဖြစ်ကာ နောက်တစ်ယောက်ကမူ ရုပ်ရည်ချောမောပြေပြစ်သည့် ယောကျာ်းတစ်ယောက်ဖြစ်၏။ 


“မု ဘာတွေလျှို့ဝှက်ပြီး ပြောနေတာလဲ၊စမစ်ကမင်းကိုရှာနေတယ် ...” 


အလှလေးက မျက်နှာပြင်ကို ချောင်းကြည့်ချင်သော်လည်း မုထျန်းဟန်က ၎င်းကို သူ့လက်ဖြင့် ဖုံးလိုက်သည်။


“ကောင်းပြီ၊ ငါသူ့ကိုနောက်ကျတွေ့မယ်လို့ပြောလိုက်ပါ...”


“မု၊ မင်းအခုငါတို့နဲ့ အတူမလိုက်ဘူးလား” ခန့်ညားကြည့်ကောင်းသောအမျိုးသားက မေး၏။


“မင်းတို့အရင်သွားပါ၊ ငါခဏလောက်နေရင် လာခဲ့မယ်...”


မုထျန်းဟန်၏ ခိုင်မာသောသဘေားထားကို မြင်လိုက်ရချိန် လူနှစ်ယောက်က အနည်းငယ် အံ့အားသင့်သွားပြီး လှည့်ထွက်ဖို့ ဦးတည်လိုက်ကြသည်။


မုထျန်းဟန်က မော့တိဘက် ပြန်လှည့်လာပြီး ပြောလိုက်သည်။ “ကိုယ်အခု အလုပ်လေးရှုပ်နေလို့၊ ကိုယ်အားမှ ပြန်ခေါ်လိုက်မယ်...”


“အွန်း”


မော့တိက အဆင်ပြေကြောင်းဆိုလိုက်သော်ငြား စိတ်ထဲတွင်တော့ အဆင်မပြေချေ။ စောစောက လူနှစ်ဦးမှာ မုထျန်းဟန်အား အလွန်အမင်းစိတ်အားထက်သန်သည့် မျက်လုံးများဖြင့် ကြည့်နေကြသည်။ ယင်းက သူငယ်ချင်းထက် တစ်ဖက်သတ် ကြိတ်ချစ်နေသည်နှင့် တူလှ၏။


ထိုအကြောင်းကို တွေးပြီးနောက် မော့တိ၏မျက်ခုံးတွေက အနည်းငယ်ကြုံ့သွား၏။


ဒါပေမယ့် ဘာလို့သူ့မှာ ဒီလိုအတွေးတွေ ရှိနေရတာလဲ။ သူမုထျန်းဟန်အပေါ် ချစ်မိနေတာတော့ မဖြစ်နိုင်ပါဘူးနော်။ အဲလိုဖြစ်နိုင်ရဲ့လား။


မော့တိ သူ့ဦးနှောက်တွေ လည်ထွက်ကုန်ပြီဟု ခံစားရသည်။ သူကအခန်းဘက်ကိုလှည့်ကာ လျှောက်သွားလိုက်၏။ လမ်း၌ သူက ခွေးခြေခုံတိုက်မိလုနီးနီးပင်။


“ရှောင်တိ စိတ်အေးအေးထား၊ မင်းရဲ့စိတ်လှုပ်ရှားမှုတွေကို ခွေးခြေခုံပေါ် ပုံချလို့မရဘူးလေ ...” ရှန့်ယွီချောင်က ရယ်ရင်း မော့တိ၏ပုခုံးကို ပုတ်ပေးလိုက်သည်။ “ဂရုစိုက်...”


“မင်းအရင်က တစ်ယောက်ယောက်ကို ကြိုက်ဖူးလား?” မော့တိ ရှန့်ယွီချောင်အား မိန်းမောလျက်မေးလိုက်သည်။


ရှန့်ယွီချောင်က မော့တိ၏အမေးကို အံသြသွားသော်လည်း ပေါ့ပေါ့ပါးပါးပင် ဖြေလိုပ်သည် ။ “ဒါပေါ့! အရင်က တစ်ယောက်ယောက်ကို သဘောမကျဖူးတဲ့လူ ဘယ်မှာရှိလို့လဲ? အိုး? ရှောင်တိ မင်းက ဆက်ဆံရေးတစ်ခုနဲ့ပတ်သက်ပြီး အကြပ်အတည်းတွေ့နေတာလား ?”


“မင်းကြိုက်တဲ့သူကို လူတော်တော်များများက သဘောကျတယ်ဆိုရင် အဆင်မပြေဘူးလို့ ခံစားရမှာလား?”


“အေး! ဒါပေါ့ ငါအဆင်မပြေဘူး၊ ငါသူတို့ကို ငါ့နတ်ဘုရားမဆီကနေ တစ်ယောက်ပြီးတစ်ယောက် ခေါ်ထုတ်ပြီး ဆိုက်ဘေးရီးယားကို ပို့ပေးလိုက်မယ်၊ ငါ့အချစ်လေးနဲ့ သူတို့နီးကပ်နေတာကိုတွေ့ရတာ စိတ်ဆိုးလိုက်တာ...”


“ဟုတ်တယ်၊ ဟုတ်တယ်၊ အမှန်ပဲ...” ချန်ကျောင်းက ဆွေးနွေးမှု၌ပါဝင်လာပြီး ပြော၏။ “ငါလည်းတူတူပဲ၊ ငါ့နတ်သမီးလေးက သူတို့ထဲက တစ်ယောက်ကို သဘောကျသွားမှာကို ငါ အမြဲကြောက်နေရတာ၊ အဲ့အချိန်ဆို ငါ့နှလုံးသားက လောင်ကျွမ်းနေသလိုပဲ၊ ရှောင်တိ မင်းတော့နားလည်မှာမဟုတ်ဘူး၊ အထက်တန်းဘွဲ့ရပြီးတော့ ငါ ငါ့နတ်ဘုရားမလေးကို ငါ့အပေါ်ဘယ်လိုခံစားရလဲမေးချင်ပေမယ့် သတ္တိမရှိခဲ့ဘူး….”


မော့တိ ရုတ်တရက် ပြုံးလိုက်သည်။ 


ဘယ်လိုလုပ် သူနားမလည်ပဲနေပါ့မလဲ။


ရှန့်ယွီချောင်နှင့် ချန်ကျောင်းတို့၏ ခံစားချက်များမှာ သူ့ထက်ပိုမိုနက်ရှိုင်းနိုင်သော်လည်း စောစောက သူခံစားခဲ့ရသည်မှာ အမှန်ပင် ထပ်တူညီနေခဲ့၏။ သူ့နှလုံးသားက အဆင်မပြေသလို ထိုလူများကို မုထျန်းဟန်နှင့် ခပ်ဝေးဝေးမှာ နေစေချင်ရုံသာဖြစ်ပြီး မုထျန်းဟန် အခြားတစ်ယောက်အပေါ် ချစ်ကျွမ်းဝင်သွားမည်ကိုလည်း စိုးရိမ်မိသည်။ ယခုဆိုလျှင် မုထျန်းဟန်က သူ့ကိုကြိုက်လားမကြိုက်ဘူးလားဟူ၍ပင် မေးရဲသည့်သတ္တိရှိနေချေပြီ။


 


မော့တိအနေဖြင့် သူ့ခံစားချက်ကို အတိအကျမဖော်ပြနိုင်ပေ။ ယင်းကချဥ်ပြီး အနည်းငယ်ထုံကျင်၍နေကာ ထိတ်လမ့်ကြောက်ရွံ့မှုတို့ရောနေ၏။ သို့ပေသိ ထိုခံစားချက်မျိုးဖြင့်ပင် မုထျန်းဟန်အကြောင်းကို တွေးလိုက်တိုင်း ပျားရည်ကဲ့သို့ချိုမြိန်မှုမျိုး အဆက်မပြတ် ထွက်ပေါ်လာခဲ့သည်။


 


ကြည့်ရသည်မှာ သူမုထျန်းဟန်အား အမှန်တကယ် ချစ်မိသွားခဲ့ပုံပင်။


ပြီးတော့ မုထျန်းဟန်က သူ့အပေါ် အမြဲတမ်း အလိုလိုက်ပြီးခွင့်လွှတ်ပေးတတ်၏။ ဖြစ်နိုင်တာက သူလည်း သူ့ကိုနည်းနည်းလောက်တော့ ကြိုက်နေလောက်တာများလား။