အပိုင်း ၇၃
Viewers 28k

Chapter 73


မော့တိမှာ အမြဲလိုလို ပြတ်သားတတ်သော်လည်း အချစ်နှင့် ပတ်သက်လာလျှင်မူ တုံ့ဆိုင်းသွားသည်။


မော့မိသားစုနှင့် ချင်ချန်းယီမရှိလျှင် သူ၏ဇာတ်ကောင်ပေါ်မူတည်၍ ဝန်ခံမည့်အစီအစဥ်ကို ပြင်ဆင်ကာ မုထျန်းဟန်ကိုလိုက်ရန်(ရည်းစားစကားပြော) ထွက်သွားမှာဖြစ်၏။


သို့ပေမယ့် လက်ရှိအခြေအနေအရ သူထိုသို့မလုပ်နိုင်ချေ။ ပထမဆုံးအနေဖြင့် သူ့တွင်ချိန်းတွေ့ရန် အချိန်နှင့်အင်အားမရှိပေ။ မော့တွေကို သတိထားကာ လက်စားချေခြင်းနှင့် သူ၏ကုမ္ပဏီအား တည်ထောင်ရန်မှာ ပထမဦးစားပေးဖြစ်၏။ ဒုတိယကတော့...


မုထျန်းဟန်က သူ့ကို ငြင်းရင် ဒါမှမဟုတ် သုံးလကြာပြီးလို့ လမ်းခွဲကာ သူတို့ကိုယ့်လမ်းကိုယ် လျှောက်ရရင်လည်း သူဘယ်လိုလုပ်ရမှာလဲ။ သူ့ရဲ့ တစ်ခုတည်းသော အမိုးအကာကို ဆုံးရှုံးရမှာပဲမလား။ မော့မိသားစု၊ ချင်ချန်းယီနှင့် ယဲ့ချန်းဖုန်တို့က သူ့ကို ကိုင်တွယ်ဖြေရှင်းဖို့ အတူလက်တွဲလိုက်ရင်လည်း သူ့အနေနှင့် သေဖို့ကလွဲလို့ မရှိတော့ဘူးမလား။


ဒါကြောင့်မို့လို့ သူ့ခံစားချက်တွေကို ဖယ်ထားရမယ်။


သို့ပေမယ့် ယင်းက သူထိုကိစ္စကို လုံးလုံးလျစ်လျူရှုထားမည်ဟု ဆိုလိုခြင်းမဟုတ်ပေ။ မုထျန်းဟန်ကို မျက်စိကျနေသည့်အထက်တန်းစား မိန်းမပျိုလေးများနှင့် ယောင်္ကျားပျိုလေးများစွာ ရှိနေသဖြင့် သူတို့စ၍မဒိတ်ခင်မှာပင် သူမုထျန်းဟန်၏အာရုံကိုဖမ်းစားထားရန်လိုကာ သူ၏ခေါင်းထဲမှ သူ့(မော့တိ)ကိုထုတ်မပစ်နိုင်‌စေရန် သေချာအောင်လုပ်ထားရမည်။


ပြီးတော့ အဲဒါကြောင့်...


သူ မုထျန်းဟန်အား အချိန်နှင့်အမျှ ပို၍ပြင်းပြင်းထန်ထန်နှိုးဆော်ပေးရမည်ဖြစ်ကာ တစ်ရက်ပြီးတစ်ရက် သူ့အပေါ်ထားရှိသည့်ခံစားချက်များ ပို၍ပို၍ တိုးလာပြီး အဆုံး၌ သူ့ကိုစွဲမက်လာသည်အထိ လုပ်ဆောင်ရမည်ဖြစ်သည်။ သူဝန်မခံခင်မှာပင် မုထျန်းဟန် သူ့အပေါ်လုံးလုံးကြွေကျသွားပါက အကောင်းဆုံးပင်ဖြစ်သည်။


နောက်ဆုံးမှာတော့ မော့တိက ကျေနပ်စွာဖြင့် မျက်လုံးတွေကိုမှိတ်လိုက်ကာ မရိုးသားသည့်အပြုံးတစ်ခုက သူ့နှုတ်ခမ်းထက်တွင် ပေါ်လာ၏။


အမ်း အဲဒါဆို ပြေလည်သွားပြီပဲ။


နောက်နေ့တွေမှာတော့ သူ၏အလုပ်များသည့်ကျောင်းသားဘဝကို ပြန်ရောက်သွားခဲ့သည်။ သူ့တစ်နေ့တာကို စာသင်ခန်းနှင့်စာကြည့်တိုက်တွင် ဗဟိုပြုပြီးနောက် သူ့အဆောင်ကိုပြန်ရောက်သည်နှင့် မနက်နှစ်ရီခွဲအထိ သူ့အလုပ်နှင့်သူရှုပ်နေတတ်သည်။ သူက တစ်နေ့ကို သုံးနာရီခန့်သာ အိပ်ရ၏။


မော့တိတစ်ယောက် နေ့ရောညပါ ပင်ပန်းစွာ အားအင်စိုက်ထုတ်နေသည်ကို မြင်ပြီးနောက် ရှန့်ယွီချောင်နှင့် တခြားသူတွေက ဘာမှမလုပ်ပဲ မနေနိုင်ကြတော့ချေ။ သူတို့က အတန်းပြီးသည့်အခါ စိတ်အားထက်သန်စွာဖြင့် မော့တိနောက်ကိုလိုက်ကာ အဆောင်ပြန်ပြီး သူ့ထံမှ ကုတ်ရေးနည်းကို သင်ယူကြသည်။ သူတို့က တတ်လွယ်သင်လွယ်သူများဖြစ်ကြရာ အချိန်တိုအတွင်း၌ မော့တိပေးသည့် အသေးစားတာဝန်တွေကို ပြီးမြောက်နိုင်ကြသည်။ သူတို့၏ ပံ့ပိုးကူညီမှုကြောင့် မော့တိ၏ အလုပ်ဝန်မှာ သိသိသာသာပင် သက်သာသွားသည်။


မော့တိက သူတို့ကို အလုပ်အလကားလုပ်ခိုင်းခြင်း မဟုတ်သည်က သေချာပါသည်။ ပြိုင်ပွဲက တရားဝင်စခန်းအတွင်းနေထိုင်ရသည့် အဆင့်သို့ရောက်လျှင် သူက သူတို့ကို အသင်းထံဖိတ်ခေါ်ကာ စာချုပ်ချုပ်ပြီး တစ်ရာခိုင်နှုန်းစီ ခွဲဝေပေးမှာဖြစ်သည်။


...


မုထျန်းဟန်က အမေရိကတွင် ဆယ့်တစ်ရက်မျှနေပြီးနောက် ဟွာရှားသို့ ပြန်လာခဲ့၏။ သူကမော့တိကို အံ့သြအောင်လုပ်ရန် ကျင်းသာ့သို့ တိုက်ရိုက်သွားခဲ့သည်။


မထင်မှတ်ထားစွာဖြင့် သူ၏"အသိအကျွမ်း"ဖြင့် ဝင်တိုးမိသွားသည်။


မော့လျှိုကွေ့က သူမအဆောင်ကိုပြန်ရန် ကဖေးဆိုင်မှထွက်လာချိန်တွင် မုထျန်းဟန်အားမြင်ပြီး ခေါ်လိုက်သည်။


"အစ်ကိုမု၊ ဘယ်လိုတောင် တိုက်ဆိုင်တာလဲနော်..."


မုထျန်းဟန်က စိတ်ထဲမှနေ၍ မျက်မှောင်ကြုတ်လိုက်ပြီး အဝါရောင်ဝတ်စုံဖြင့် သူ့ထံချဥ်းကပ်လာသည့် မော့လျှိုကွေ့ကို ကြည့်လိုက်သည်။


မော့လျှိုကွေ့က သူမ၏ဆံပင်ကို ရှက်ရွံ့စွာ လိမ်လိုက်ရင်း မေးသည်။


"ကိုကိုမု၊ ရှောင်တိကိုလာရှာတာလား?"


"ငါတို့ တစ်ယောက်နဲ့တစ်ယောက် မရင်းနှီးဘူးလေ..." မုထျန်းဟန်က မကြိုဆိုသည့်ပုံဖြင့် "မင်းငါ့ကိုခေါ်ပုံက အဆင်မပြေဘူး..."


မော့လျှိုကွေ့တစ်ယောက် ကိုးရို့ကားယားနိုင်စွာဖြင့် ချက်ချင်းတုန့်ဆိုင်းသွားပြီး သူမက အားတင်းကာပြုံးရင်း ပြောလိုက်၏။ 


"ဒါပေမယ့် ရှောင်တိကလည်း အဲလိုခေါ်တာပဲလေ..."


"သူကသူ၊ မင်းကမင်းလေ၊ မင်းတို့နှစ်ယောက်က သက်သက်စီဆိုတာ မင်းသိသင့်တယ်..."


မုထျန်းဟန်က မော့လျှိုကွေ့နှင့် ကြာကြာမဆက်ဆံလိုသော်ငြား သူမက သူ့အား ကော်ပမာကပ်တွယ်ရင်း နောက်မှကပ်လျက် လိုက်နေလေသည်။


"ဒါဆို ... ကျွန်မ ရှင့်ကို ဘယ်လိုခေါ်ရမလဲဟင်၊ ကျွန်မက ရှောင်တိအဆင်ပြေနေရဲ့လား မေးချင်ရုံပါ၊ ဘာပဲဖြစ်ဖြစ် သူက ကျွန်မမောင်လေးပဲလေ၊ ကျွန်မသူ့ကို တွေ့ချင်ပေမယ့် သူက ကျွန်မစာကို လျစ်လျူရှုထားတယ်လေ၊ ကျွန်မကို သူနဲ့တွေ့ဖို့ ခေါ်သွားပေးလို့ရမလား၊ ကျွန်မ တောင်းပန်တာပါ၊ ကျွန်မ ..."


မုထျန်းဟန်က အနည်းငယ်မျှ စိတ်မရှည်ဖြစ်လာသည်။ သူက လှည့်လိုက်ပြီး သူ့နောက်မှ ဝမ်းနည်းပြနေသည့် မော့လျှိုကွေ့အား အာရုံစိုက်လိုက်သည်။ 


"မင်းမော့တိကို တကယ်တွေ့ချင်ရင် ငါ့နောက်က လိုက်နေမယ့်အစား သူနဲ့လူချင်းတွေ့ပြောသင့်တယ်၊ မင်းသူ့ကို ဘယ်လောက်ထိ ဂရုစိုက်ကြောင်းပြသင့်တာပေါ့၊ ဒီလိုလုပ်နေတာက မင်းသူ့ကိုစိတ်ပူနေတယ်ဆိုတာကို သက်သေမပြနိုင်ဘူး၊ အသုံးမဝင်ဘူး၊ ဒါမှမဟုတ် အခြားရည်ရွယ်ချက်ရှိရှိ လုပ်နေတာလား..."


မော့လျှိုကွေ့တစ်ယောက် တောင့်တင်းသွားရသည်။ 


"ဒါက ... ဒါက ကျွန်မလုပ်နေတာမဟုတ်ဘူး.


.."


မော့လျှိုကွေ့က စိတ်ဆိုးသွားပုံရ၏။ မုထျန်းဟန်က သူမအား မျက်နှာသာမပေးသည့် ပထမဆုံးသောလူပင်။ သူ့စကားလုံးများက သူမ၏ရည်ရွယ်ချက်အစစ်အမှန်ကိုပင် ဖုံးသွားစေသည်။


မုထျန်းဟန် သူမကိုစကားပြောနေစဉ် သူ၏အမူအယာမှာ အလွန်ပင် လူကြီးလူကောင်းဆန်လှသဖြင့် သူ့မသူ့ကို အပြစ်‌သွားပြောလို့မရဘဲ ဒေါသကို ချုပ်တီးထားရပေမည်။


သူမ စိတ်အနှောင့်အယှက်အဖြစ်ရဆုံးအရာက ထိုလူ၏ ပွင့်လင်းလွန်းခြင်းနှင့် မုန်းတီးခြင်းမဲ့သည့် စကားလုံးတို့အား လက်သီးဖြင့်ထိုးလိုက်သလို ခံစားရအောင် တိုရင်းတိုရှင်းဖြင့် ရှင်းရှင်းလင်းလင်းပြောတတ်ခြင်းတို့ပင်။ 


မုထျန်းဟန်က သူမကြောင့် ကြာကြာစိတ်အနှောင့်အယှက် မဖြစ်ချင်တော့ပေ။ သူကမော့တိ၏ဖုန်းကို တိုက်ရိုက်ပင် ဖုန်းပေါ်လိုက်သည်။ သူ့မိသားစုနှင့်ပတ်သက်သည့် ကိစ္စရပ်များအား သူ၏သူငယ်ချင်းလေးကိုယ်တိုင် ဆုံးဖြတ်ချက်ချခိုင်းသည်မှာ ပိုကောင်းသည်။ ယင်းက ပြောဖို့ပင်မလိုအပ်သည့်ကိစ္စဖြစ်သော်ငြား သူဘေးဖယ်ထားလိုက်ပါမူ အနာဂတ်တွင်ဖြစ်လာနိုင်သည့် မည်သည့်အကြောင်းပြချက်အတွက်မဆို နားလည်မှုလွဲမှားနိုင်ပြီး သူတို့ကြားတွင် အက်ကြောင်းထင်သွားစေနိုင်၏။


  


စာသင်ခန်းထဲသို့သွားပြီး သူ့အားအံ့သြသွားစေမည့် အစီအစဉ်မှာ ယခုသူ့အားခေါ်လိုက်ရသဖြင့် ပျက်စီးသွားရသည်မှာ သနားစရာပင်။


နှစ်ကြိမ်မျှ တတူတူဝင်သွားပြီးနောက် တစ်ဖက်က ဖုန်းကိုင်လာသည်။


"ဟယ်လို? ကိုကို၊ ခင်များပြန်လာပြီလား!" မော့တိ၏ စိတ်လှုပ်ရှားနေသည့်အသံက ထွက်ပေါ်လာသည်။ သူမုထျန်းဟန် ပြန်ရောက်နေကြောင်း ပြောနိုင်သည်မှာ ခေါ်ဆိုသူIDမှာ ပြည်တွင်းမှဖြစ်သောကြောင့်ပင်။ 


မုထျန်းဟန်က ချက်ချင်းပြုံးလိုက်ပြီး မော့တိ၏အသံကို ကြားလိုက်ရသည်။ သူက နူးညံ့သည့်အသံဖြင့် ပြောလိုက်သည်။


"အမ်း၊ ဒါပေမယ့် အခုကိုယ့်မှာ မင်းကိုပြောစရာရှိတယ်၊ ကိုယ်အခုပဲ မင်းရဲ့ကျောင်းမှာ မော့လျှိုကွေ့နဲ့ တွေ့ခဲ့တယ်၊ သူက မင်းကိုစိတ်ပူနေလို့ မင်းဘာလုပ်နေလဲ သိချင်တယ်တဲ့၊ မင်းဒီကိုလာပြီး သူနဲ့စကားပြောချင်လား?"


သူတို့က အဆက်အသွယ်ဖြတ်ပြီးဖြစ်လေရာမော့တိက သူမအား အစ်မဟုခေါ်စရာမလိုတော့သည့်အတွက် နာမည်ပင်ခေါ်လိုက်သည်။


"...ကိုကို၊ ခင်များသူနဲ့ စကားပြောပြီးပြီလား"


"အမ်း...သူကိုယ့်ကိုပြောတာတော့ မင်းဘယ်လိုနေလဲ သိချင်လို့တဲ့၊ ဘာလို့လဲဆိုတော့ သူကမင်းနဲ့တွေ့ဖို့ နည်းအမျိုးမျိုးနဲ့ ကြိုးစားခဲ့ပေမယ့် မင်းကမတုန့်ပြန်လို့ ကိုယ့်ကို အကူအညီတောင်းရတာပါတဲ့လေ၊ မင်းသူနဲ့တွေ့ချင်လား ?"


"ဟင့်အင်း ...ကိုကို၊ ကျွန်တော် ခင်များကို အရှေ့ပေါက်မှာ စောင့်နေမယ် ..." မော့တိက အများကြီး စဥ်းစားမနေပဲ ငြင်းလိုက်၏။ "ပြီးတော့ သူကျွန်တော့်ကိုဆက်သွယ်တယ်ဆိုတာ မဖြစ်နိုင်ဘူး..."


မော့စန်းကျစ် အဖမ်းခံရပြီးနောက် မော့မိသားစုက သူ့အားWeChatမှနေ၍ အနိုင်ကျင့်စော်ကားဖို့ရာ များစွာအားထုတ်ခဲ့သည်။


ထိုအချိန်က သူသည် သူတို့အားလုံးနှင့် သူတို့နှင့်နီးစပ်သူအပါအဝင် အားလုံးကို blacklistထဲ ထည့်လိုက်၏။ 


ထို့ကြောင့် မော့လျှိုကွေ့က သူ့အား ထိုနည်းဖြင့် မရနိုင်ချေ။ ထို့ထက် သူမ သူ့ကိုတွေ့ချင်သည်ဆိုသော စကားအားလည်း မယုံပါချေ။ သူဤပုံအတိုင်း လှုပ်ရှားနေသည်မှာ ဆယ်ရက်ကျော်ပြီဖြစ်ကာ သူမသာ သူ့အားစကားပြောလိုပါက နည်းလမ်းများစွာ ရှိသည်ပင်။ သူမအနေဖြင့် သူ့အချိန်ဇယားကို ကြည့်ကာ အချိန်ယူရုံမျှသာ။ ထိုမျှအထိ မခပ်ခဲပါချေ။


မုထျန်းဟန် : "ဒါဆိုလည်း ကိုယ်မင်းကို ကူညီရမလား?"


"မလိုပါဘူး ၊ ကိုကို စပီကာဖွင့်လိုက်ပါ၊ ကျွန်တော်သူနဲ့စကားပြောမယ် ..."


"နင်အခု ငါ့အသံကြားလား?" မော့တိအသံက ဖုန်းကိုဖြတ်လျက် လေထုထဲပျံ့နှံ့သွားသည်။


"ရှောင်တိ၊ နင်... နင် ငါ့ကို မမလို့တောင် ထပ်မခေါ်ချင်တော့ဘူးလား"


မော့လျှိုကွေ့က ဝမ်းနည်းနေသည့်မျက်နှာ ကြေကွဲနေသည့်အသံဖြင့် စကားပြောလာသည်။


"ရှောင်တိ၊ ငါတို့က မောင်နှမတွေလေ၊ ငါတို့သွေးသားတော်စပ်မှုက ချိုးဖျက်လို့မရဘူး၊ နင်ငါ့ကို အရမ်းမုန်းတာလား၊ အဖေနဲ့အမေ့ကို မုန်းတယ်လား၊ ပြီးတော့ နင်နဲ့တူတူ တစ်မိုးအောက်ထဲအတူနေခဲ့တဲ့ မိသားစုတွေကို မုန်းတာလား၊ နင်ငါတို့နဲ့ အဆက်အသွယ်ဖြတ်ခဲ့တယ်၊ ငါတို့ကို blacklistထဲထည့်တယ်၊ နင့်တတိယအစ်ကိုကိုတောင် ထောင်ထဲထည့်လိုက်သေးတယ်၊ ဒီလိုလုပ်ရလို့ နည်းနည်းလေးတောင် ဝမ်းနည်းသလို မခံစားရဘူးလား ?"


မော့တိ : "အာ ငါက နင်ငါအဆင်ပြေရဲ့လားလို့ မေးချင်နေတယ်လို့ တကယ်ထင်နေတာ၊ ကြည့်ရတာ ငါအတွေးလွန်သွားပုံပဲ ..."


မော့လျှိုကွေ့က နေရာ၌ပင် အေးခဲသွား၏။သူမတုန့်ပြန်နိုင်သည့်အချိန်တွင် ရှက်ရွံ့မှုနှင့် ဒေါသအချို့က သူမမျက်နှာထက်တွင် ရှိနေခဲ့သည်။ 


"မမ... တကယ်လို့ ဒါ(မမဆိုတာ)က နင်ကြားချင်တဲ့ဟာဆိုရင်တော့ ငါဒီတစ်ခါပဲခေါ်ပေးနိုင်တယ်၊ မင်းငါနဲ့ရင်ဆိုင်ရတိုင်း ဇာတ်ညွှန်းကတူတူပဲဆိုတာ နင်မသိဘူးလား" မော့တိက သာမန်ကာလျှံကာလေသံဖြင့် ပြောလိုက်သည်။


"နင်က ဒီအလေ့အကျင့်ကြီးစွဲနေတော့ ငါ့ကိုနင်စကားပြောတိုင်း အဲဒီ့ modeကြီးကို နင်မဖယ်ရှားနိုင်တော့ဘူးမလား?"


"ငါတို့ ဆက်ဆံရေးဖြတ်ပြီးပြီ၊ ဒါပေါ့... ငါတို့အရင်လိုပဲ ခေါ်နေလို့လည်း မရတော့ဘူးလေ၊ နင်တကယ် ငါနဲ့စကားပြောချင်ရင် ငါ့အချိန်ဇယားကိုသိဖို့ သိပ်မခက်ပါဘူး ..."


ဤအကြောင်းနှင့်ပက်သက်၍ ပြောရလျှင် မော့တိမှာ အမှန်ပင် အနည်းငယ် ရှုပ်ထွေးနေခဲ့သည်။ မော့လျှိုကွေ့က ဘာကြောင့် သူ့ကို 'စိတ်ပူတယ်'ဟူသော အကြောင်းပြချက်နှင့် မရပ်မနား အနှောက်အယှက်ပေးကာ အိမ်ပြန်လာရန် ဖျောင်းဖြဖို့ ကြိုးစားနေရသည်လဲ။


သို့ပေသိ သူတို့ကြားတွင် စည်းခြားသွားသည်ကို သူကျေနပ်သည်။


မော့လျှိုကွေ့ ခဏမျှဆွံ့အသွားသည်ကို တွေ့ရာ မုထျန်းဟန်က ခေါ်ဆိုမှုအား အဆုံးသတ်လိုက်သည်။


''ရှောင်တိက ကျွန်မကိုအထင်လွဲသွားတာ'' မော့လျှိုကွေ့က မုထျန်းဟန် ထွက်သွားတော့မည်ကိုမြင်သောအခါ နူးညံ့သော အသံလေးနှင့် အခိုင်အမာပြောလိုက်သည်။


''ရှောင်တိနဲ့ကျွန်မက ကလေးဘဝတည်းက အထင်လွဲမှုတွေ စုပုံလာတာ၊ ကျွန်မသူ့ကို ဒီတိုင်းကျော်မသွားနိုင်ဘူး ၊ ဒါပေမယ့် သူ့ကို အကောင်းဆုံးဆက်ဆံဖို့ ကျွန်မတကယ် ကြိုးစားခဲ့ပါတယ် ၊ ရှောင်တိက... သူကကျွန်မကို နားမလည်သလို လက်လည်းမခံခဲ့ဘူး၊ သူဒီလိုဆက်ဆံတာ ကျွန်မတစ်ခုခု အမှားလုပ်ထားမိတာရှိလို့များလားမသိဘူး၊ ရှင် ကျွန်မကိုကူညီပြီး သူ့ကိုဖျောင်းဖြပေးနိုင်မလား ဒါမှမဟုတ် ဒီလိုအထင်လွဲနေတာကို ဘယ်လိုဖြေရှင်းရမလဲဆိုတာ အကြံပေးပါဦး''


မုထျန်းဟန်က သူမကို လျစ်လျူရှုပြီး ဘာမှမထူးခြားသကဲ့သို့ ထွက်သွားခဲ့သည်။


သူမပြောတာကို ရပ်ပြီး နားထောင်နေခြင်းကိုက အမှားတစ်ခုဖြစ်သည်။ ဤသို့သော မရေမတွက်နိုင်သည့်ရှင်းပြချက်များနှင့်အတူ မော့လျှိုကွေ့အား မော့မိသားစုတွင် ဆယ်နှစ်ကျော်နေထိုင်ခဲ့သော သူ့သူငယ်ချင်းလေးတစ်ယောက် မည်သို့ရင်ဆိုင်ခဲ့ရမည်ကို တွေးကာ သူစိတ်မကောင်းဖြစ်မိသည်။


ထိုသို့အခက်အခဲများအောက်တွင် ကောင်းမွန်သည့်အကျင့်စရိုက်နှင့် ဆင်ခြင်တုံတရားတွေးခေါ်မှုတို့ကို ထိန်းသိမ်းရန်မှာ အလွန်သန်မာသည့် သည်းခံနိုင်စွမ်းအားကို လိုအပ်ပေသည်။


ထိုအချိန်တွင် မော့တိသည် စာသင်ခန်းမှ ထွက်သွားကာ အရှေ့တံခါးဆီသို့ တည့်တည့်သွားနေပြီဖြစ်သည်။


လမ်းတွင် မော့လျှိုကွေ့က hot search ကိုထပ်မံဝယ်ယူခဲ့ကြောင်းကို မော့တိအား သူ၏စိတ်ကြိုက်appမှအကြောင်းကြားလာသည်။


သို့သော် ဤတစ်ကြိမ်တွင်မူ သူက ၄င်းအားဖြုတ်ချရန် မစီစဉ်ထားပေ။ ပထမအချက်မှာ ချင်ချန်းယီက မော့လျှိုကွေ့၏ hot searchများကို တစ်စုံတစ်ယောက်က တမင်တကာ ဖိနှိပ်နေခြင်းဖြစ်ကြောင်း သံသယဝင်နေပြီးဖြစ်သောကြောင့် သူလည်း သိသာအောင်မလုပ်တော့ပေ။ ဒုတိယအချက်အနေဖြင့် မော့မိသားစု၏ ကျောထောက်နောက်ခံမရှိဘဲ မော့လျှိုကွေ့၏ကျော်ကြားမှု မည်မျှအထိသွားနိုင်သည်ကို သူစမ်းသပ်ချင်မိသည်။ သူမပနေဖြင့် ယခင်ဘဝက သူမရှိခဲ့သည့်နေရာကို ရောက်နိုင်မည်လား။ ယင်းက သူမ၏ဇာတ်လိုက်ရောင်ဝါ ပြိုကွဲမှုအတိုင်းအတာကို တိုင်းတာရန်အတွက်လည်းဖြစ်သည်။