Chapter 75
အဆောင်ပြန်ရောက်ပြီးနောက် မော့တိတွင် အနားယူရန် အချိန်မရှိခဲ့ချေ။ သူက သူ၏assignmentsကို အပြီးသတ်ပြီးလျှင် ကုတ်မရေးမှီ ထကာရေချိုးပြီးနောက် ညနက်သည်အထိ ဂိမ်းကိုတိုက်ရိုက်လုပ်နေခဲ့သည်။
ယင်းက မနက်၂နာရီသာရှိနေပြီဖြစ်ရာ သူက ကွန်ပျူတာကိုပိတ်ပြီး အနားယူဖို့အသင့်ဖြစ်နေပြီဖြစ်သည်။ သို့ပေသိ သူထိုသို့လုပ်ရန် ပြုစဥ်မှာပင် သူမော့မိသားစုကို မစစ်ဆေးရသည်မှာ နှစ်ရက်ရှိပြီဖြစ်ကြောင်း သတိရသွားသဖြင့် သူက အသံဖမ်းစက်ကိုဖွင့်ကာ နားထောင်လိုက်သည်။
သူ့အခန်းဟောင်းလေးရှိ ကင်မရာမှာ အသုံးမဝင်သော်လည်း မော့စန်းကျစ်အခန်းရှိတစ်ခုကမူ အံ့အားသင့်စရာကောင်းသည့် တိုးတက်မှုကို ပြလာသည်။
မော့လျှိုကွေ့က မော့စန်းကျစ်အတွက် အဝတ်အစားတွေကို ထည့်ပေးနေသော ဒုတိယအဒေါ်နှင့် စကားပြောနေလေသည်။ သို့သော်လည်း သူတို့ပြောလေလေ ဒုတိယအဒေါ်၏ မော့လျှိုကွေ့အပေါ် မနှစ်သက်မှုက ပို၍ပေါ်လွင်လာလေဖြစ်သည်။ သူမ၏ ဆူးငြောင့်ပမာ စကားလုံးများက သူတို့ကြားတွင် ငြင်းခုန်မှုကို ဖြစ်ပွားစေခဲ့၏။
ဤသို့ဖြစ်လာရန်မှာ အတော်လေးခက်ခဲပေသည်။ သူ၏မှတ်ဥာဏ်များတွင် ဒုတိယအဒေါ်က မော့လျှိုကွေ့အား အမြဲလိုလို နှစ်သက်ခဲ့သည်။
မော့လျှိုကွေ့က သူမနှင့်သဘောထားကွဲလွဲသည့် စကားလုံးအနည်းငယ်ကို ပြောင်းလဲလိုက်ပြီးနောက် မော့စစ်လန်အိမ်ပြန်လာချိန်တွင် သက်သေခံရစေရန်အလို့ငှာ စတင်ငိုကြွေးတော့သည်။ သူက သူမကိုကာကွယ်ရန်အမြန် လာရောက်ပြီး သူ၏ဒုတိယအဒေါ်ကို နောက်သို့တွန်းချပစ်သည်။
ဒုတိယအဒေါ်က ငိုကြွေးကျိန်ဆဲရင်းဖြင့် မော့စန်းကျစ်၏အဝတ်အစားများကို ယူသွားပြီး မော့လျှိုကွေ့နှင့်မော့စစ်လန်ကို ချန်ထားကာ အခန်းထဲမှ ထွက်သွားတော့သည်။
မော့စစ်လန်က အလွန်တရာဝမ်းနည်းနေသည့် မော့လျှိုကွေ့အားကြည့်ကာ အလွန်အမင်း စိတ်ပူသွားသည်။ သူကသူမကို နှစ်သိမ့်ပေးနေရင်း တစ်ချိန်တည်းမှာပင် သူ၏ဒုတိယအဒေါ်အား မထီမဲ့မြင်ပြုသည့် စကားလုံးတို့ကို ပြောလိုက်သော်ငြား အဆုံးတွင် ပစ်မှတ်က မော့တိထံပြောင်းလဲသွား၏။
“ရှောင်ကွေ့၊ မင်းက အကြောင်းပြချက်မရှိပဲ အပြစ်တင်ခံနေရတာပဲ၊ ဒုတိယအဒေါ်က သေသေချာချာ မတွေးနိုင်ဘူး၊ မင်းကိုပြဿနာရှာမယ့်အစား အဲဒီ့တိရစ္ဆာန်ကောင်ကို ရှာသင့်တာ၊ မင်း သူ့အတွက် စိတ်ပူစရာမလိုဘူး၊ မင်းက ဒီမတော်တဆမှုမှာ အနစ်နာဆုံးလူဆိုတာ ငါတို့သိတယ် ...”
မော့လျှိုကွေ့က တစ်စုံတစ်ခုကို တွေးပြီးနောက် ပို၍ညှိုးရော်လာ၏။
“စတုတ္ထအစ်ကို၊ လူတွေအများကြီးက ကျွန်မကို အင်တာနက်ပေါ်မှာ ဆဲဆိုနေကြတယ်၊ သူတို့က ကျွန်မရဲ့နောက်လာမယ့် ရုပ်ရှင်ကိုတောင် မကြည့်ဘူးလို့ပြောနေတာ၊ စတုတ္ထအစ်ကို ကျွန်မတကယ်ဝမ်းနည်းတယ်၊ ဒါရိုက်တာကြီးကတောင် ကျွန်မကို သိပ်သဘောမကျဘူး၊ ကျွန်မဘာလုပ်ရမလဲဟင်၊ ပရိုးမိုးရှင်းကမ်ပိန်းအတော်များများမှာလည်း ကျွန်မမပါရဘူး၊ ကျွန်မက ဇာတ်လိုက်မင်းသမီးဆိုတာ သေချာနေတာကို …”
မော့စစ်လန်က မော့လျှိုကွေ့အား နှစ်သိမ့်ပေးလိုက်လေသည်။ “ငါ အွန်လိုင်းပေါ်က hot searchကို ကြည့်ပြီးပြီ၊ သူတို့က သုံးဖက်မြင်အမြင်၊ ပိုက်ဆံနဲ့ ဆုံးဖြတ်ချက်ချနိုင်စွမ်းမရှိတဲ့ လူအုပ်စုပဲ ၊ ရှောင်ကွေ့ သူတို့နဲ့ပတ်သက်ပြီး စိတ်ပူမနေနဲ့၊ သူတို့က အခြားလူတွေကောင်းစားနေတာကို မနာလိုနေကြတာ၊ တစ်ချိန်တည်းမှာပဲ ဒီလူထုရဲ့ သဘောထားက ပျောက်ကွယ်သွားလိမ့်မယ်...”
“ဘာပဲဖြစ်ဖြစ် အဲဒါတွေအားလုံးက အဲဒီ့တိရိစ္ဆာန်ကောင်ရဲ့အပြစ်တွေပဲ၊ သူသာ ဒါတွေအားလုံးကို သလုပ်ခဲ့ဘူးဆိုရင် မင်းဒီလိုဒုက္ခရောက်နေစရာ မလိုသလို ငါတို့မိသားစုလည်း အဆင်ပြေနေမှာပဲ၊ သူမွေးမွေးချင်း အဲဒီ့ကောင်ကို ငါတို့ဖယ်ထုတ်ပစ်လိုက်သင့်တာ၊ အဲ့မျက်လုံးဖြူဝံပုလွေကောင်က ငါတို့မိသားစုရဲ့ အဆိုးဆုံးကံပဲ...”
“အစ်ကို ရှောင်တိ သူ... သူက ကျွန်မတို့ကို နားလည်မှုလွဲနေတာ၊ ကျွန်မတို့ သူနဲ့စကားပြောဖို့ အခွင့်ကောင်းရှာသင့်တယ် ...”
“ဘယ်လို နားလည်မှုလွဲတာကြီးလဲ၊ ရှောင်ကွေ့... သူ့ကောင်းကြောင်းတွေးတာ ရပ်လိုက်တော့ ၊ သူက အကြင်နာမဲ့့တဲ မျက်လုံးဖြူဝံပုလွေကောင်ပဲ၊ တတိယအစ်ကိုက ဥာဏ်သိပ်မကောင်းဘူး၊ သူက သင်ခန်းစာပေးချင်ပေမယ့် သူ့ထောင်ချောက်ထဲပဲ ကျသွားတယ်...”
သူ့မျက်နှာထက်တွင် စူးရှသည့် အရိပ်အယောင်များ ပေါ်လာပြီး မက်မွန်ပွင့် မျက်လုံးများက ပြုံးနေ၏။
"ဒါတွေက ကြာကြာမခံပါဘူး၊ ငါ့မှာသူ့ကိုသင်ခန်းစာပေးပြီး ရှောင်ကွေ့နဲ့ငါတို့မိသားစုအတွက် တရားမျှတမှုရှာဖို့ နည်းလမ်းတွေအများကြီးရှိတယ် ...”
“အစ်ကို မဆင်မခြင်မလုပ်နဲ့!” မော့လျှိုကွေ့က ချက်ချင်းပင်ဆိုလာသည်။
“ တတိယအစ်ကို ဘာဖြစ်သွားလဲ တွေးကြည့်ပါဦး၊ စိတ်လိုက်မာန်ပါမလုပ်နဲ့နော် !”
မော့စစ်လန်က မော့လျှိုကွေ့၏မျက်နှာကို ဖျစ်ညှစ်ပြီး ပြောလိုက်သည်။
“ရှောင်ကွေ့၊ စိတ်မပူပါနဲ့၊ ငါ တတိယအစ်ကိုရဲ့ ခြေလှမ်းအတိုင်း မသွားပါဘူး၊ ငါကိုယ်တိုင် စီစဥ်ပြီး ကိုင်တွယ်လိုက်မယ်၊ ငါ့အကြံအစည်တွေက လန်းပြီးသားပါ...”
“နင်ဘာတွေစီစဥ်ထားတာလဲ?” မော့လျှိုကွေ့က သူမခေါင်းကို ခါယမ်းလိုက်သည်။ “အစ်ကို၊ အရှုပ်တွေမလုပ်နဲ့နော်...”
''ရှောင်ကွေ့ မင်းဒီအကြောင်းမမေးသင့်ဘူး ဒါပေမယ့် စိတ်မပူပါနဲ့ ငါ အဝေးကြီးမသွားပါဘူး(ပြင်းပြင်းထန်ထန် မလုပ်တာမျိုး) သူ့အမှားကို သူသိစေချင်ရုံပါပဲ''
မော့စစ်လန်က ကြင်နာတတ်ပြီး အပြစ်ကင်းသော မော့လျှိုကွေ့အား သူ့နည်းလမ်းများအကြောင်း မသိစေချင်သောကြောင့် သူ့အကြံအစည်များကို ထုတ်ဖော်မပြောခဲ့ပေ။
မော့လျှိုကွေ့က သူ့ဆီက နောက်ထပ် အချက်အလက်တွေ မေးလို့မရတော့ဘဲ ကျရှုံးသွားသည်။ သူမက “အစ်ကို တခြားဘာမှ မလုပ်တာ ပိုကောင်းမယ်ထင်တယ် တစ်ခုခုများ မှားသွားရင် မော့တိနဲ့ ငါနဲ့ဆက်ဆံရေးကို မပြုပြင်နိုင်ရုံမကဘူး ပိုဆိုးတဲ့ ဆဲဆိုကြိမ်းမောင်းမှုတွေလည်း ခံရမှာ ငါတို့မိသားစုကိုနောက်ထပ် ဒဏ်မခံစေနိုင်ဘူး”
“အဆင်ပြေသွားမှာပါ။ စိတ်မပူပါနဲ့ ရှောင်ကွေ့''
မော့စစ်လန်က မော့လျှိုကွေ့ကို အာမခံပြီး သူမကို ဖြေသိမ့်ပေးလိုက်သည်။
“ ရှောင်ကွေ့ မင်းကို အကြံတစ်ခုပေးပါရစေ အင်တာနက်ပေါ်က အများသူငှာ ထင်မြင်ချက်တွေကို သိပ်ဂရုမစိုက်ပါနဲ့ ဖျော်ဖြေရေးလုပ်ငန်းတွေမှာ ရေဆိုးရေညစ်လောင်းတာနဲ့ အလွဲသုံးစားလုပ်တာတွေက အမြဲတမ်းဖြစ်နေကျပဲ ဒါပေမယ့် ရှောင်ကွေ့ ၊ အစ်ကိုက မင်းအထက်ကိုတက်ဖို့ မွေးဖွားလာတယ်လို့ ယုံတယ် အလှတရား၊ အရည်အချင်းနဲ့ ကိုယ်ရည်ကိုယ်သွေးကို မက်မောပေမယ့်လည်း မရနိုင်တဲ့လူတွေကြောင့် မင်းစိတ်အနှောက်အယှက် ဖြစ်စရာ မလိုပါဘူး သူတို့က မင်းကို မနာလိုတာသက်သက်ပဲ မင်းက နောက်ဆုံးမှာ တောက်ပပြီး အဲဒီanti-fanတွေလည်း အရှက်ရသွားလိမ့်မယ်"
“ဒါပေမယ့်… အခုအချိန်မှာတော့ ငါ့ကို ရှုံ့ချတဲ့လူ အရမ်းများနေတယ် ငါတကယ်ကို ဝမ်းနည်းမိတယ်''
''ရှောင်... ''
''ဘန်း!'' ကျယ်လောင်သောအသံသည် ဘေးခန်းမှ ရုတ်တရက်ထွက်လာပြီး မော့လျှိုကွေ့လည်း လန့်သွားသည်။
မော့လျှိုကွေ့ ထိတ်လန့်သွားသည်ကို တွေ့လိုက်ရသော မော့စစ်လန်သည် ချက်ချင်း မျက်နှာက မည်းမှောင်သွားကာ အပြင်အမြန်ထွက်လာစဥ် မောဝုဟန်မှ သူ့အိပ်ခန်းတံခါးကို ကန်လိုက်သည်အား မြင်လိုက်ရသည်။
"မော့ဝုဟန် မင်းဘာဖြစ်နေတာလဲ မင်းက ရှောင်ကွေ့ကို လန့်သွားစေတာ မင်းသိလား!"
မော့ဝုဟန်သည် မော့စစ်လန်၏စကားကိုကြားသောအခါ တံခါးကို နောက်တစ်ကြိမ် ကန်ရန်ပြင်နေသည်အား ရပ်လိုက်သည်။
မော့လျှိုကွေ့ကလည်း ထွက်လာပြီး မော့ဝုဟန်ကို စိုးရိမ်သော အမူအရာဖြင့် မေးလိုက်သည်။
"အစ်ကို၊ ဘာဖြစ်နေတာလဲ အဆင်ပြေရဲ့လား?"
မော့ဝုဟန်သည် မော့လျှိုကွေ့က သူ့ကြောင့် ထိတ်လန့်နေမှန်း သိလိုက်ရသောအခါ စိတ်လှုပ်ရှားသွားသည်။ သူ့ဒေါသနည်းနည်းလျော့သွားပြီး "တောင်းပန်ပါတယ် ရှောင်ကွေ့ အစ်ကို မင်းကို လန့်အောင်လုပ်မိပြီ''
"ဘာမှမဖြစ်ပါဘူး အစ်ကို၊ ဘာကိစ္စရှိလို့လဲ ဘာလို့စိတ်ဆိုးနေတာလဲ" မော့လျှိုကွေ့က သူ့ထံ သွားလိုက်ပြီး "အစ်ကို့ကို ဘယ်သူက စိတ်မချမ်းသာအောင် လုပ်တာလဲ"
မော့ဝုဟန်သည် သူ၏ဒေါသကို ဖိနှိပ်ရန် အပြင်းအထန် ကြိုးစားခဲ့သော်လည်း မော့လျှိုကွေ့၏ မေးမြန်းမှုကို ခံရပြီးနောက် သူ၏ မကျေနပ်ချက်များကို ထုတ်ဖော်ပြောဆိုတော့သည်။
"ဒါက တုစစ်ဟွားဆိုတဲ့ အရူးကောင်ကြောင့်ပဲ သူက သူကတိပေးထားတဲ့ အရင်းအနှီးအားလုံးကို နောက်လူသစ်တစ်ယောက်ဆီ ပေးခဲ့တယ် ငါ့အလုပ်တွေတောင် ဆုံးရှုံးသွားရပြီ ငါထိပ်တန်း စီမံခန့်ခွဲရေးမှူးဆီ သွားပြီး စောဒကတက်ပေမယ့် တုစစ်ဟွားရဲ့ အရည်အချင်းကို ယုံကြည်တယ်လို့ ပြောနေကြတယ် သူတို့က ငါ့ကို ချောင်ထိုးဖို့ ကြိုးစားနေတာလို့ ထင်တာပဲ"
"အစ်ကို ချောင်ထိုးခံရတာလား'' မော့လျှိုကွေ့၏ အမူအရာက မရေမရာဖြစ်သွားသည်။ "ဘာလို့လဲ၊အဲဒီအကျိုးဆောင်က အစ်ကို့အပေါ် အမြဲတမ်းကောင်းတယ်မဟုတ်ဘူးလား။
“သူက ပုံတွေထဲမှာဆို ငါ့နှာခေါင်းက နည်းနည်းကောက်နေပြီး ဓါတ်ပုံပြုပြင်မှုလုပ်မှရမယ် မဟုတ်ရင်ကြည့်မကောင်းဘူးတဲ့၊ ဒါဖြင့် လူသစ်တွေကို ဘာလို့ မလုပ်ခိုင်းလဲ ၊ ငါ့ရဲ့ဂုဏ်သတင်းက သိပ်မကောင်းလို့ အလုပ်အပ်တဲ့လူတွေ စိတ်အနှောင့်အယှက်ဖြစ်သွားလိမ့်မယ် လို့လည်း သူကပြောသေးတယ် ငိုးထဲမှ!"
မော့ဝုဟန်သည် ဒေါသတကြီးဖြင့် တံခါးကို ထပ်ကန်လိုက်သည်။
သူ လွန်ခဲ့သည့် တစ်နှစ်ခွဲလောက်က မော်ဒယ်လောကထဲသို့ ဝင်ရောက်လာချိန်တွင် အရာအားလုံးက ချောမွေ့စွာ ရွက်လွှင့်သွားခဲ့ပြီး အထက်ကို တိုးတက်သွားခဲ့သည်။ သူက သုံးလအတွင်း ဤအသိုင်းအဝိုင်းတွင် ရေပန်းစားလာခဲ့ပြီး A အဆင့် စာချုပ်များ ပေးအပ်ကာ ရွှေအဆင့်အကျိုးဆောင်တစ်ဦးနှင့် စာချုပ်ချုပ်ခဲ့ရသည် ။ နာမည်ကြီး ကုန်အမှတ်တံဆိပ်များစွာက သူ့ကို သူတို့၏ ပြောရေးဆိုခွင့်ရှိသူအဖြစ်တောင် ခေါ်ယူခဲ့သေးသည်။ လအနည်းငယ်အတွင်းမှာ ဘယ်လိုလုပ် ဒီလိုမျိုး ဖြစ်လာတာလဲ!
ဤသို့သော အရာများမဖြစ်လာသင့်ပေ။ သူက အမှန်ပင် ကောင်းမွန်စွာ လုပ်ကိုင်ခဲ့သည်။တစ်ခုခုသာမမှားယွင်းလျှင် နှစ်နှစ်အတွင်း သူသည် ဟွာရှားတွင် ထိပ်တန်းမော်ဒယ်ဖြစ်လာလိမ့်မည်။ ယခုဖြစ်ခဲ့သည့်အတိုင်း မဖြစ်သင့်ပေ။ ကုမ္ပဏီက သူ့ကို အရင်းအမြစ်တွေ မပေးတော့ဘဲ သူ့ကိုယ်စားလှယ်ကလည်း သူ့ကို မုန်းတီးနေသည်။ အဓိက အမှတ်တံဆိပ်တွေက သူတို့၏ဂုဏ်သိက္ခာကို အကြီးအကျယ် ချို့ယွင်းစေ၍ သူနှင့် ချုပ်ဆိုထားသော စာချုပ်များအား ရုပ်သိမ်းလိုက်သည်။ယခုအချိန်တွင် အချိန်ပိုင်းမော်ဒယ်အဖြစ်သို့ လျှော့ချခံခဲ့ရပြီး တတိယတန်းစားမော်ဒယ်ဟုပင် မသတ်မှတ်နိုင်တော့ပေ။
မော့ဝုဟန်သည် လက်မခံနိုင်ဖြစ်နေပြီး ဒေါသနှင့် မကျေနပ်မှုများဖြင့် ပြည့်နေသည်။ အမှန်တွင်မူ သေချာတွေးကြည့်ပါက သူ၏ဒေါသအပြင်းအထန်ထွက်ရသည့်အကြောင်းရင်းကို ကောင်းကောင်းနားလည်နိုင်သည်။ နောက်ဆုံးတွင် သူသည် မော့မိသားစုတွင် မျက်နှာကိုသုံး၍ အသက်မွေးလမ်းကြောင်းမှုကို ရွေးချယ်ခဲ့သော တစ်ဦးတည်းသော မြေးဖြစ်သည်။
ယခုမူ သူသည် မော်ဒယ်တစ်ယောက်ပင်ဖြစ်မလာတော့ဘဲ အွန်လိုင်းတွင်လည်း နာမည်ကြီးသူဖြစ်ရန်အရည်အချင်း မအပ်စပ်သောကြောင့် မေးခွန်းထုတ်စရာဖြစ်လာသည်။မော့လျှိုကွေ့ပင် ယခုအချိန်တွင် နှာတံကောက်နေသော မော့ဝူဟန်အား အပူငြိမ်းစေရန် မပြောပေးနိုင်တော့ချေ။
မော့ဝူဟန်က တံခါးကို တစ်ကြိမ်ထပ်ကန်ပြီးနောက်တွင် ယခင်ထိခိုက်များ စုပုံလာသောကြောင့် သော့ပျက်စီးသွားကာ တံခါးပွင်းသွားခဲ့သည်။
မော့ဝုဟန်က သူ့အခန်းထဲသို့ တန်းတန်းမတ်မတ်ဝင်သွားရာ သူ့ကို နှစ်သိမ့်ပေးချင်နေသော မော့လျှိုကွေ့နှင့် သူတို့နောက်မှာရှိသည့် မော့စစ်လန်တို့လည်း အခန်းထဲ လိုက်ဝင်သွားကြသည်။
ရုပ်ပုံများက မျက်နှာပြင်ဘောင်ထဲမှ ပျောက်ကွယ်သွားပြီး မော့တိကြားနိုင်သမျှသည် ရှုပ်ယှက်ခတ်နေသော ဆူညံသံတစ်ချို့သာဖြစ်ပြီး အခြားမည်သည်မှ အသုံးမဝင်ပေ။
သူက ကွန်ပျူတာအား ပိတ်လိုက်သည်။
မော့ဝုဟန်၏ အသက်မွေးဝမ်းကြောင်းအလုပ်မှာ အဆုံးသတ်လုနီးပါးဖြစ်နေပြီပင်။ လတ်တလောတွင် ဤလူကို လျစ်လျူရှုထား၍ရသည်။ မော့စစ်လန်ကိုမူ အသေအချာ ဂရုစိုက်ရမည်ဖြစ်သည်။
မော့စစ်လန်က သူကိုယ်တိုင် အကောင်အထည်မဖော်ဘဲ သူ့ကို ထောင်ချောက်ဆင်ဖို့ နည်းလမ်းရှိသည်ဟု ပြောခဲ့သည်။
ရိုးရိုးသားသားပြောရလျှင် မော့တိ သံသယဝင်မိသော်လည်း သူသတိထားနေရသေးသည်။
မော့တိက သူ၏အခန်းငယ်ကို ကြည့်လိုက်ချိန်တွင် မနက် နှစ်နာရီခွဲနေကြောင်း သတိပြုမိလိုက်သည်။ အရာအားလုံးကို ဖယ်ထားပြီး လှဲလျောင်းအိပ်စက်ခြင်း မပြုမီတွင် အတွေးတစ်ချို့ တွေးမိနေခြင်းဖြစ်သည်။
အဆင်ပြေပါသည်။ သူ့အနေဖြင့် ကိစ္စများကို တဖြည်းဖြည်း အချိန်ယူနိုင်ပါသေးသည်။ အလျင်လိုစရာမလိုပေ။
နောက်တစ်နေ့တွင် မော့တိက ပုံမှန်အတိုင်း ခြောက်နာရီခွဲတွင် နိုးလာသည်။
ဆန့်ကျင်ဘက်ခုတင်ပေါ်မှ ရှန့်ယွီချောင်က ပြန်မအိပ်မီ မော့တိအား မျက်လုံးပင့်လျက် ပျင်းရိစွာ ကြည့်လိုက်သည်။
တစ်ဖက်တွင် ချန်ကျောင်းက အိပ်တစ်ဝက်နိုးတစ်ဝက်ပုံစံဖြင့် သတိလှမ်းပေးလိုက်သည်။ "ရှောင်တိ ငါဒီနေ့ မောထိုင်ကိတ်မုန့် (ပဲငံပြာရည်အရသာ ပန်ကိတ်ကြော်) နဲ့ အသားပေါက်စီစားချင်တယ်... ထပ်ပြီး ရို့ကျားမော့တော့ မလုပ်ပါနဲ့တော့ (တရုတ်ဟမ်ဘာဂါ) "
“အင်း” မော့တိက ပြန်လည်တုံ့ပြန်လိုက်ပြီး ရေချိုးရန် တိတ်တဆိတ် ထွက်သွားလိုက်သည်။
သူ ရှန့်ယွီချောင်နှင့် တခြားသူတွေကို ကုတ်ရေးနည်း တစ်ချို့သင်ပေးပြီး ရိုးရှင်းသည့်အလုပ်တစ်ချို့ကို ပြီးအောင်လုပ်ခိုင်းလိုက်ကတည်းက သူတို့က အနည်းဆုံး မနက်တစ်နာရီအထိ နေ့စဉ်နေ့တိုင်း အလုပ်များနေသောကြောင့် မနက်ခင်းတွင် ထုံးစံတစ်ခုလို အမြဲအိပ်စက်နေကြရသည်။
ထို့ကြောင့် နံနက်စာဝယ်ခြင်းသည် မော့တိ၏အလုပ်ဖြစ်လာသည်။
Xxxxxxx