အပိုင်း ၇၆
Viewers 28k

Chapter 76


နေ့တိုင်း မော့တိက ခြောက်နာရီခွဲတွင် နိုးလာကာ သန့်ရှင်းရေးလုပ်ပြီး နံနက်စာစားသည်။ သူကတော့ ခုနစ်နာရီထိုးခါနီးမှ စားပြီးကာ မနက်စာကို စာသင်ခန်းသို့ တိုက်ရိုက်ပို့ပေးလေ့ရှိသည်။


ဤနည်းဖြင့် တခြားသူများမှာ ရှစ်နာရီအထိ အိပ်နိုင်ပြီး ဆေးကြောသန့်စင်ပြီးသည်နှင့် စာသင်ခန်းထဲတွင် မနက်စာ စားရုံပင်ဖြစ်သည်။


ချန်ကျောင်းနှင့် ကျန်သူများက မည်မျှပင် ပင်ပန်းသည်ဖြစ်စေ အချိန်မှီနိုးထနိုင်သည့် မော့တိ၏ အံ့သြဖွယ် ဇွဲလုံ့လကို ချီးမွမ်းရန်အတွက် နံနက်စာစားချိန် ချီးမွမ်းထောမနာပြုကာ အမြဲလိုလို သီချင်းဆိုကြသည်။


"ဒီအဖေက အရမ်းကံကောင်းပြီး ရှောင်တိလိုမျိုး ငဲ့ညှာတတ်တဲ့လူရှိလို့ ပျော်တယ်"  


လင်ကျွင်းဖုန်က သူ့ပေါင်မုန့်ကို ကိုက်ပြီး ဇီးသီးခြောက်ဟင်းရည်ကို သောက်လိုက်ကာ


 “ကျေနပ်တယ် ဒီဘဝမှာ ရှောင်တိနဲ့တွေ့ဆုံရတာနဲ့တင် လုံလောက်ပါပြီ''


(Jujube soupကို ရှာကြည့်လိုက်တော့ ကြက်သားတွေ၊ဘဲသားတွေကို ဇီးသီးခြောက်နဲ့ချက်ထားတာပါ)


"ပါးစပ်ပိတ်ထား။" ရှန့်ယွီချောင်က


 လင်ကျွင်းဖုန်အား ရွံရှာသောအကြည့်ဖြင့် ကြည့်ပြီး


 "စားစရာတောင်မှ မင်းပါးစပ်ကို မပိတ်ထားနိုင်ဘူး ရှောင်တိကို အခွင့်ကောင်းယူဖို့ ကြိုးစားနေတာကို ရပ်လိုက်စမ်း ”


ထိုအချိန်တွင် ချန်ကျောင်းက တံတောင်ဖြင့်လှမ်းတွတ်လိုက်ရင်း ဖုန်းကိုစူးစိုက်ကြည့်ပြီး ရုတ်တရက် ထအော်ကာ လူတိုင်းကို ထိတ်လန့်စေခဲ့သည်။


"ချန်ကျောင်း မင်း ရူးနေတာလာ။!" ရှန့်ယွီချောင်က သူ့ပန်ကိတ်ထဲတွင်သိပ်ထားသော အသားများပြုတ်ကျသွားသောကြောင့် အသားများ ဆုံးရှုံးသွားသည့်အတွက် သူ့မျက်နှာက ရှုံ့တွသွားကာ ဝမ်းနည်းစွာငိုကြွေးရင်း 


“ငါ့အသား !!! ချန်ကျောင်း ငါ မင်းကို အရှင်မထားဘူး မင်း…”


"ရှင်းဝေ့သောင်က လတ်တလောရှာဖွေမှုအများဆုံးစာရင်းထဲရောက်နေတယ်'' 


 ချန်ကျောင်းက ရှန့်ယွီချောင်၏ စိတ်ဆိုးစွာ ပြောသံကို မကြားရတော့ဘဲ စိတ်လှုပ်ရှားစွာ ခေါင်းမော့လိုက်ပြီး "ရှင်းဝေ့သောင်က ရှာ ဖွေမှုစာရင်းရဲ့ ထိပ်ဆုံးဆယ်ခုထဲ ရောက်နေပြီ''


 


မော့တိက codeတွေရိုက်ထည့်နေတာကို ရပ်လိုက်ပြီး weiboကိုဖွင့်လိုက်သည်။


အမှန်ပင် ရှင်းဝေ့သောင် အမည်ရဂိမ်းမှာ ရှာဖွေမှုစာရင်း၏ အဆင့် ၁၁ နေရာတွင် ရှိနေသည်။


မော့တိက ၄င်းကို နှိပ်လိုက်သည်။


ဟွာရှားရှိ အကြီးဆုံးဂိမ်းကုမ္ပဏီတစ်ခု၏သူဌေးက ဂိမ်းနမူနာကို ထပ်ဆင့်မျှဝေပြီး မှတ်ချက်ပေးခဲ့သည်။ 


“မဆိုးဘူး အခြေခံဂိမ်းကစားပုံကို အရမ်းကောင်းမွန်အောင် ပြုလုပ်ထားတယ် အထူးအင်္ဂါရပ်တွေနဲ့ ကျွမ်းကျင်မှုလည်းရှိပြီး တကယ်စိတ်ဝင်စားဖို့ကောင်းတယ် ပူးပေါင်းဆောင်ရွက်ဖို့ အခွင့်အလမ်းကောင်းတွေ ရနိုင်မယ်လို့ မျှော်လင့်ပါတယ်”


သူ၏ သတင်းကို တင်ပြီးနောက် အခြားမီဒီယာ အမှတ်တံဆိပ်အများအပြားက စိတ်ဆိုးခဲ့ကြပြီး နောက်တွဲသတင်းများကို ထပ်တင်ကာ ဂိမ်းခေါင်းစဉ်ကို ရှာဖွေမှုစာရင်းသို့ တွန်းပို့ခဲ့သည်။ ထို့ကြောင့် ရှင်းဝေ့သောင်က အဆင့်၁၁သို့ တဖြည်းဖြည်း တက်လာသည်။


သို့သော် မော့တိအနေဖြင့် အလွန်အမင်း တုန်လှုပ်ခြင်းမရှိပေ။


သေချာပေါက်ကို ရှင်းဝေ့သောင်က ဤသို့ အခြားသူများ၏ အာရုံများကို ဖမ်းစားနိုင်ခဲ့သောကြောင့် ပျော်မိသော်လည်း နျိုယွီဂိမ်းကုမ္ပဏီ၏သူဌေး ကျောက်လင်ကျစ်က ဂိမ်းပေါ်ထောပတ်သုတ်ကာ သံလွင်ခက်ကို ပေးကမ်းပေးသည့်အတွက် ကျေးဇူးမတင်ပေ။


သူ၏နောက်ဆုံးဘဝ၌ အပေါ်ယံတွင် နွေးထွေးကြင်နာသော အမူအရာရှိသည့် ရှောင်လင်ကျစ်က သစ္စာဖောက်စိတ်ဓာတ်ရှိပြီး ယဲ့ချန်းဖုန်နှင့် ပူးပေါင်းကြံစည်ကာ သူ့ကုမ္ပဏီကို ဖြုတ်ချလုနီးပါးဖြစ်သည်။ ကျောက်လင်ကျစ်မှာ မော့တိ၏ ဂိမ်းကုမ္ပဏီမှ ဝန်ထမ်းတစ်ဝက်ခန့်ကို ဝယ်ယူကာ ဂိမ်းကို သူတတ်နိုင်သမျှ လွှတ်ထားခြင်းဖြင့် သူ့ကိုယ်ပိုင်ဂိမ်းများအား မော့တိကလှည့်စားကာ ခိုးယူသည်ဟု စွပ်စွဲခဲ့သည်။


သူ့လက်များကိုသာ မထိန်းထားပါက သူ့ကုမ္ပဏီ၏နာမည်မှာ မီးတောက်လောင်သွားလိမ့်မည်။


"ရှောင်တိ မင်း ဘယ်လိုလုပ် တည်ငြိမ်နေနိုင်သေးတာလဲ အဲဒါက နျိုယွီရဲ့ သူဌေး ကျောက်လင်ကျစ်လေ”


ချန်ကျောင်းက မော့တိ၏ အကြည့်များ မှုန်မှိုင်းနေသည်ကို မြင်သောအခါ သူ့မျက်လုံးရှေ့ကို လက်ဖြင့် ဝှေ့ယမ်းလိုက်သည်။ 


 "မင်း ငေးငိုင်နေတာ အရမ်းစိတ်လှုပ်ရှားနေလို့လား"


"အမှန်ပဲ ရှောင်တိ သူဒီလိုပြောပြီးကတည်းက ရှင်းဝေ့သောင်ကို ကြော်ငြာဖို့ မင်းနဲ့ပူးပေါင်းချင်တာပဲဖြစ်မယ်!"  


ရှန့်ယွီချောင်က သူ၏ပြုတ်ကျသွားသော အစားအစာများကို လျစ်လျူရှုလိုက်ပြီး


 "အချိန်တန်ရင် မင်းနာမည်ကြီးသွားမှာ သေချာတယ် ပြီးတော့ မင်းအဲတာအတွက် ပိုက်ဆံအများကြီးရလိမ့်မယ် ရှောင်တိ မင်းတော့ချမ်းသာတော့မယ်''


“မင်းတို့ အတွေးလွန်နေပြီ၊ အခုက အချိန်ကိုက်မဟုတ်သေးဘူး''


မော့တိက ပြုံးပြီး သူ့ကွန်ပြူတာကို ပိတ်လိုက်သည်။  


"ကြောင်ပြာဂိမ်းကုမ္ပဏီရဲ့ သူဌေးကလည်း မနေ့က ပြိုင်ဆိုင်မှုမှာ တခြားဂိမ်းသုံးမျိုးကိုလည်း ချီးကျူးတယ်မဟုတ်ဘူးလား သူ့အတွက် သုံးခုလုံးကို တစ်ချိန်တည်း ပံ့ပိုးဖို့ မဖြစ်နိုင်ဘူး သူတို့ စိတ်ဝင်စားတဲ့ ဂိမ်းတွေကို ဒီတိုင်းပဲ ရိုးရိုးရှင်းရှင်း လိုက်ရှာတာ ဖြစ်နိုင်တယ်''


“ဒါပေမယ့် သူတို့က ဒီဂိမ်းတွေကို ပူးပေါင်းပြီး တီထွင်ဖန်တီးချင်တယ်လို့ ငါတကယ်ထင်တယ် ကြောင်ပြာရဲ့သူဌေးက ဖွံ့ဖြိုးဆဲအဖွဲ့တွေကို ဆက်သွယ်နေပြီ ရှောင်တိ မင်း အဆင်သင့်ပြင်ထားသင့်တယ်''


ရှန့်ယွီချောင်က ရှားရှားပါးပါး လေးနက်သော မျက်နှာဖြင့် မော့တိအား ကြည့်လိုက်ကာ “ရှင်းဝေ့သောင်က ထူးခြားတဲ့ ဂိမ်းတစ်ခုပဲ သူ့ရဲ့ ကဏ္ဍတိုင်းက အခြားအွန်လိုင်းဂိမ်းတွေထက် သာလွန်ကောင်းမွန်ပြီး လူကြိုက်များလာမှာ သေချာတယ် မကြာခင် ဒါမှမဟုတ် နောက်ပိုင်းမှာ အဲ့ဒါကို စျေးကွက်ထဲ မိတ်ဆက်ပေးတော့မှာ မင်း ဘယ်သူနဲ့ လက်တွဲချင်လဲ ဆိုတာ သေချာစဉ်းစားပြီး သူတို့ကို အခု ဆက်သွယ်ထားကြည့်ဖို့ လိုတယ်


''ကောင်းပြီ ငါစဉ်းစားထားလိုက်မယ်"


မော့တိက ပြုံးလိုက်သော်လည်း ရှန့်ယွီချောင် အကြံဉာဏ်ပေးသကဲ့သို့ အခြားသူများနှင့် ပူးပေါင်းလုပ်ဆောင်ရန် စိတ်ထဲ တွေးမထားခဲ့ပေ။


သို့သော်လည်း ရှန့်ယွီချောင်၌ ကောင်းသည့်အချက်တစ်ခုရှိသည်။ ယခု ဂိမ်းက အလွန်ရေပန်းစားလာသောကြောင့် လူထုရှေ့သို့ ဖော်ဆောင်ထုတ်လုပ်ခြင်းမှာ မကြာမီလာမည့် ဖြေရှင်းချက်တစ်ခုဖြစ်ပြီး ၎င်းကို လာမည့် တစ်နှစ်ခွဲ သို့မဟုတ် ထို့ထက်နည်းသည့်အချိန်အတွင်း လုပ်ဆောင်သင့်သည်။


သူက အသင်းခေါင်းဆောင်အဖြစ် ကုမ္ပဏီတစ်ခုအောက်တွင် အလုပ်မလုပ်ချင်ခဲ့ရုံသာဖြစ်သည်။ သူဖြစ်လိုသည်က သူ့ကုမ္ပဏီကို သူတည်ထောင်ပြီး ဟွာရှား၌ သူ့ဂိမ်းများကို အထွတ်အထိပ်အထိ ကြော်ငြာခွင့်ရကာ နောက်ဆုံးတွင် ကမ္ဘာကသိသည်အထိ မြှင့်တင်ဖို့ပင်ဖြစ်သည်။


သူ့ကုမ္ပဏီအတွက် မှတ်ပုံတင်ခြင်းကို အစီအစဉ်တွင် ထည့်သွင်းထားရမည့်ပုံရသည်။


စံချိန်မီဂိမ်းကုမ္ပဏီတစ်ခုအနေဖြင့် မှတ်ပုံတင်ခြင်းအတွက် အရည်အချင်းပြည့်မီရန် လုပ်ငန်းလည်ပတ်ရန် ခွင့်ပြုထားသော လိုင်စင်တစ်ခု လိုအပ်သည်။ ထို့အပြင် ဤလိုင်စင်ရရန် စံသတ်မှတ်ချက်မှာ တစ်ခုကို ခုနစ်ပုံတစ်ပုံ အရင်းအနှီးရှိရမည်ဖြစ်သည်။


မော့တိတွင် ယခုအချိန်၌ ထိုပမာဏမရှိပေ။


မော့တိက နှစ်ခါမျှပြန်စဉ်းစားပြီး နောက်ဆုံးတွင် မုထျန်းဟန်ထံမှ ပိုက်ဆံချေးရန် သို့မဟုတ် သူ့ကုမ္ပဏီတွင် ရှယ်ယာရှင်အဖြစ် တိုက်ရိုက်ရင်းနှီးမြုပ်နှံရန် တောင်းဆိုပြီး ကုမ္ပဏီကို အတူတကွ ထူထောင်ချင်ခဲ့သည်။ ရှယ်ယာအများစုက မုထျန်းထံသို့ ရောက်သွားမည်ဖြစ်သည်။


သူတစ်ခုတည်းသော စိုးရိမ်သည်က မုထျန်းဟန် သဘောမတူမည်ကိုပင်။


မော့တိ ဤကိစ္စကို အကြိမ်ကြိမ်စဉ်းစားခဲ့ပြီး မုထျန်းဟန်မှ သူ၏ကမ်းလှမ်းချက်အားလက်ခံလာအောင် ပုံစံချရန်အတွက် လာမည့်အမျိုးသားအားလပ်ရက်များကို အခွင့်ကောင်းယူရမည်ဟု ခံစားလိုက်ရသည်။ အနည်းဆုံး အစုရှယ်ယာ သုံးဆယ်ရာခိုင်နှုန်းကို ယူဖို့ သဘောတူလျှင် အကောင်းဆုံးပင်။


သို့သော်လည်း မုထျန်းဟန်၏ စရိုက်ကြောင့် ဤသည်မှာ စိန်ခေါ်မှုအနည်းငယ်ဖြစ်နိုင်သည်။


ရှန့်ယွီချောင်နှင့် အခြားသူများမှာ ခဏတာ စိတ်လှုပ်ရှားနေကြသော်လည်း မော့တိ၏ လျစ်လျူရှုမှုကို မြင်ပြီးနောက် သူတို့က တကျီကျီနှင့် အားလပ်ရက်အတွက် အစီအစဉ်များအကြောင်း တဖန်စကားစမြည်ပြောဆိုရင်း မော့တိကြောင့် သူတို့၏ စိတ်အားထက်သန်မှုများ လျော့ပါးသွားသည်။


“အားလပ်ရက်မှာ ပြီးအောင်လုပ်ရမယ့် အလုပ်တွေ အများကြီးရှိတယ် တကယ်လို့ ငါတို့အသင်းက ပြိုင်ပွဲမှာ ရှေ့တန်းရောက်ချင်ရင် ဒီကိုးရက်ကို ခိုင်ခိုင်မာမာ အသုံးချရမယ် မင်းမှာ အချိန်မရှိဘူး အဲ့ဒါကြောင့် ဒီအစီအစဥ်တွေကို အခုမလုပ်သေးဖို့ အကြံပေးလိုက်မယ်''


ရှန့်ယွီချောင်နှင့် အုပ်စုက တစ်ယောက်ကိုတစ်ယောက် မျက်လုံးချင်းကြည့်ကာ “မရဘူး''


နောက်တစက္ကန့်၌ ခေါင်းလောင်းသံကြားရပြီး သူတို့ဆရာ ရောက်လာသည်။သူတို့ တိတ်တဆိတ်သာ ငိုနိုင်ကြတော့သည်။


သို့သော် သူတို့သာ မော့တိ၏စကားကို လျစ်လျူရှုပြီး သွားကစားကာ သူ့ကိုတစ်ယောက်တည်း အလုပ်လုပ်ဖို့ ထားခဲ့မည်ဆိုလျှင် သူတို့အနေဖြင့် ပျော်ရွှင်မှုထက် အပြစ်ရှိစိတ်ကို ပိုခံစားကြရလိမ့်မည်။


နောက်ဆုံးတွင် သူတို့က ပရိုဂရမ်ရေးဆွဲခြင်းမှအစပြု၍ မော့တိထံမှ နှစ်သက်မှုများစွာရယူပြီးနောက် သူ၏အဖွဲ့တွင် ပါဝင်ခွင့်ပြုကာ သူတို့အား ဂိမ်းအတွက် အမြတ်ဝေစုတစ်ရာခိုင်နှုန်းပေးလိမ့်မည်။ ဤရွှေပေါင်လုံးနှင့် ထိုက်တန်အောင် သူတို့ ကြိုးစားရမည်။


သက်ပြင်းချလိုက်ကာဖြင့်...


ရှန့်ယွီချောင်နှင့် အခြားနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက်ကြည့်၍ ခေါင်းငိုက်စိုက်ချကာ သူတို့၏ကံကြမ္မာကို လက်ခံလိုက်ကြတော့သည်။


ပိတ်ရက်ရောက်ရန် နှစ်ရက်သာကျန်တော့သည်။မော့တိက ဗီလာသို့ပြန်ရန်မျှော်လင့်နေပြီး မုထျန်းဟန်အား နေ့တိုင်းတွေ့နိုင်မည်ဖြစ်သောကြောင့် စိတ်ရွှင်မြူးနေသည်။


သူက ချန်ကျောင်းနှင့် အခြားလူများကို အလုပ်လုပ်ရန် ဗီလာသို့ ခေါ်လာ၍ရမလားဟုလည်း မုထျန်းဟန်အား မေးချင်သည်။ဤသည်က သူတို့ကို အလုပ်ခွင်မှာ ပိုသက်တောင့်သက်သာဖြစ်စေပြီး အားလပ်ရက်များမှာ ပင်ပန်းစေမိသည့်အတွက် လျော်ကြေးတစ်စိတ်တစ်ပိုင်းလည်း ဖြစ်လိမ့်မည်။


တစ်ချိန်တည်းမှာပင် မော့တိက မော့စစ်လန်အား ဆက်လက်စောင့်ကြည့်ခဲ့သည်။


ကြာသပတေးနေ့ည၌ ကုဒ်ရေးမှုတစ်ပိုင်းကို ပြီးမြောက်ပြီးနောက် သူက မော့မိသားစုအား စောင့်ကြည့်စစ်ဆေးခြင်းသို့ ပြောင်းလိုက်သည်။ မမျှော်လင့်ဘဲ ဒုတိယအဒေါ်နှင့် သူ့ခင်ပွန်း ရန်ပွဲကြီးဖြစ်နေတာကို သူ တွေ့လိုက်ရသည်။။ သူတို့က ဘောင်ကွက်ထဲသို့မ၀င်နေသော်လည်း သူတို့၏ ဒေါသသံများကို ရှင်းရှင်းလင်းလင်းကြားနိုင်ပြီး ငြင်းခုံမှုမှာ မည်မျှ ပြင်းထန်ကြောင်း ပြသနေသည်။


"မော့ရှစ်ချန် ရှင်က လူယုတ်မာပဲ ရှင့်ကို စန်းကျစ်ဆီကို သွားကြည့်စေချင်ပေမယ့် ရှင်ကလျစ်လျူရှုခဲ့တယ် ရှင်ဂရုစိုက်တာက ရှောင်ကွေ့တစ်ယောက်ကိုပဲ ရှင့်ရဲ့သွေးသားအစစ်က ဘယ်သူလဲ သိသရဲ့လား! ဒီနေ့ စန်းကျစ်နဲ့ သွားတွေ့ဖို့ သဘောတူထားပြီး အခုကျ အကြောင်းပြချက်တွေပေးပြီး မသွားဘူးပေါ့ဟုတ်လား''


"မင်းရူးနေလား?! ဒါက ရှောင်ကွေ့နဲ့ ဘာဆိုင်လဲ ပြဿနာရှာတာကို ရပ်နိုင်မလား မင်း ဘယ်လောက် ရူးသွပ်နေတယ်ဆိုတာ ကိုယ့်ကိုကိုယ် သတိမထားမိဘူးလား''


"မော့ရှစ်ချန်၊ ရှင်တော်တော် အကြင်နာမဲ့ပါလား ကျွန်မကိုတောင် တွန်းရဲတယ်! ကျွန်မပြောတာ မမှားဘူး! ရှောင်ကွေ့မွေးကတည်းက သူ့ကို ရှင့်ဂရုစိုက်မှုအားလုံး ပေးခဲ့တယ် သူမ မူလတန်းကျောင်းစတက်တုန်းကဆို အာ့ချမ်၊ စန်းကျစ်နဲ့ ဝုဟန်တို့ရဲ့ တွေ့ဆုံပွဲတွေကို တစ်ခါမှ မတက်ဖူးတဲ့ ရှင်က ရှောင်ကွေ့ရဲ့ မိဘတွေ့ဆုံပွဲတက်ဖို့ သူ့အဖေ၊ အစ်ကိုကြီးရဲ့ မိသားစုနဲ့ လိုက်သွားခဲ့တယ် ရှင့်ရဲ့သားသုံးယောက်ကိုတော့ ရှင်ဘယ်တုန်းကမှ ဂရုမစိုက်ခဲ့ဘူး ကျွန်မမှားလား!"


"ရှောင်ကွေ့မွေးနေ့မှာ နှစ်တိုင်း ရှင်သူ့အတွက် ထူးထူးခြားခြား လက်ဆောင်တွေ ပေးလေ့ရှိတယ် တစ်ခါမှ ခြောက်ခုထက် မနည်းဘူး၊ တစ်ခါတလေ အဲဒါထက် ပိုသေးတယ် ဒါပေမယ့် ရှင့်သားတွေကရော ရှင်လုပ်ခဲ့သမျှက ကျွန်မကနေတဆင့် သူတို့ကို ပိုက်ဆံနည်းနည်းလောက်ပေးခိုင်းတာပဲရှိတယ် ရှင်က သူတို့ရဲ့အဖေလား ရှောင်ကွေ့ရဲ့အဖေလား ရှောင်ကွေ့က ရှင့်ရဲ့တရားမ၀င်သမီးများ ဖြစ်နေမလားပဲ''


"ပါးစပ်ပိတ်ထား! မင်းစကားပြောလေလေ ဒေါသထွက်လေပဲ အာ့ချန်နဲ့ စန်းကျစ်တို့ကကျောင်းသားကောင်းတွေဖြစ်လို့ ဘယ်မိဘများအစည်းအဝေးကိုမှ တက်ရောက်ဖို့ မလိုအပ်ဘူး ဝုဟန်နဲ့ ပတ်သတ်ပြီး သူ့အနားမှာ မင်းအမြဲတမ်းရှိတယ် မဟုတ်လား ငါကဘာလို့သွားဖို့လိုသေးလဲ မွေးနေ့လက်ဆောင်အဖြစ် ပိုက်ဆံပေးတာက ဘာမှားနေလဲ အဲ့ဒီတိရစ္ဆာန်ကောင် မော့တိကိုရော ဘာလို့ မကြည့်တာလဲ သူ့မွေးနေ့အတွက် ဘာရခဲ့လဲ ကလေးတွေကို တစ်ယောက်ကို အနည်းဆုံး တစ်သောင်းပေးခဲ့တယ် ဒါတောင် ငါအဖေတစ်ယောက်အဖြစ် အဆင်မပြေဘူးလို့ မင်းပြောရဲသေးလား"


"နင့်ရဲ့သားတွေကို အဲဒီ့တိရစ္ဆာန်ကောင်နဲ့ ဘယ်လိုနှိုင်းယှဉ်နိုင် တာလဲ အဆင့်အတန်းချင်းတူလို့လား!”


"မော့ရှစ်ဟုန် ကျွန်မပြောလိုက်မယ် ရှင် စန်းကျစ်နဲ့တွေ့ဖို့ငြင်းရင် ကျွန်မကွာရှင်းရလိမ့်မယ် ရှင်နဲ့ အတူမနေတော့ဘူး…”


မော့တိက ဖန်သားပြင်ကို ကြည့်ကာ လှောင်ရယ် လိုက်သည်။


ဤလူများက အလွန်စိတ်ကုန်စရာပင်။ သူတို့၏ အိမ်ထောင်ရေးအငြင်းပွားမှု၌ပင် သူ့ကို ဆွဲထည့်ချင်နေကြသည်။


သို့သော် ယင်းကအမှန်ပင် သူ့အတွက် မွေး နေ့လေးတစ် ကြိမ်မျှပင် မကျင်းပပေးဖူးပေ။ နှစ်သစ်ကူးကာလကသာ သူမုန့်ဖိုးရသည့် တစ်ခုတည်းသောအခွင့်အရေးဖြစ်ခဲ့သည်။ မော့မိသားစုသည် အယူသီးပြီး သူတို့၏မျက်နှာကို တန်ဖိုးထားသောကြောင့် သူတို့သည် သူ့အား ငွေအနည်းငယ်ကိုသာ စိတ်မပါစွာ ပေးခဲ့ကြသည်။ သို့သော် ထိုပမာဏမှာ မော့လျှိုကွေ့၏ တစ်ရာခိုင်နှုန်းအောက်နှင့် အခြားဝမ်းကွဲများ၏ ဆယ်ရာခိုင်နှုန်းအောက်သာ ရှိသည်။


Xxxxxxx