အပိုင်း ၇၇
Viewers 29k

Chapter 77


သို့သော် အမျိုးမျိုးသော အနိုင်ကျင့်ခံရမှုများကြောင့် သူစုဆောင်းထားသည့် ငွေအနည်းငယ်ကို ဆေးရုံစရိတ်အနေဖြင့် သုံးစွဲခဲ့ရသည်။ ဤနည်းအားဖြင့် မော့မိသားစုက သူပေးခဲ့သော ငွေများကို အောင်မြင်စွာ ပြန်ယူနိုင်ခဲ့သည်။


မော့လျှိုကွေ့က ယခုအချိန်တွင် အိမ်တွင်မရှိသောကြောင့် သူမ၏ ဒရာမာဆန်ဆန် ငိုကြွေးမှုနှင့် ငြင်းခုံမှုများကို မတွေ့ရပေ။ မော့စစ်လန်နှင့် မော့ဝုဟန်တို့က အနီးနားတွင် ရှိနေကြသော်လည်း ရန်ပွဲကို ရပ်တန့်ရန် မည်သူမျှ မဝင်ရောက်ခဲ့ကြပေ။


မော့စစ်လန်အနေဖြင့် အစကတည်းက ဒုတိယအဒေါ်က မော့လျှိုကွေ့အား ပစ်မှတ်ထားသောကြောင့် သူမနှင့် ဆန့်ကျင်ဘက်ဖြစ်သည်။


မော့ဝုဟန်နှင့် ပတ်သက်၍တော့ သူက ဝင်မစွက်ဖက်ဟုဆိုသော်လည်း သူ့နှာခေါင်း ကောက်သွားသည့် အကြောင်းအရင်းအား မော့လျှိုကွေ့က သူ့အမေအားပြောပြခဲ့လိမ့်မည်ဖြစ်သည်။သူ့အကြောင်း တစ်ကြိမ်ပြောပြီးသည်နှင့် သူ့အမေကတစ်ခါ ငိုပြီး သူ့ကို မျက်ခုံးဖြူဝံပုလွေလို့ခေါ်သည်။ သူ့နှာခေါင်းအကြောင်းကို ဆက်တိုက်ပြောနေခြင်းက သူ့အား ယုတ်ညံ့သည်ဟု ခံစားရစေပြီး ချစ်လှစွာသော ညီမလေးအပေါ် သဘောထားကွဲလွဲမှုလေးတစ်ခု ဖြစ်ပေါ်စေသည်။ ကမ္ဘာပေါ်ရှိ အကြင်နာဆုံးနှင့် ဂရုအစိုက်တတ်ဆုံးညီမအပေါ် ထိုသို့သောခံစားချက်ရှိလာသောကြောင့် သူ့ကိုယ်သူ မုန်းတီးခဲ့သည်။ ဒါက သိပ်ကို ရွံရှာစရာကောင်း၏။


မော့ဝုဟန်က သူ့အခန်းထဲပြန်ဝင်ပြီး တံခါးကိုပိတ်ချင်သော်လည်း မော့စစ်လန်က မော့တိ၏ အခန်းထဲသို့ သော့အပိုတစ်ခုဖြင့် ဝင်သွားသည်ကို တွေ့လိုက်သည်။ သူလည်း မျက်မှောင်ကြုတ်ကာ နောက်က လိုက်သွားခဲ့သည်။


“စတုတ္တအစ်ကို မော့တိရဲ့ အခန်းထဲမှာ ဘာလုပ်နေတာလဲ”


မော့တိ၏တံခါးမှ ကင်မရာသည် စင်္ကြံသို့ ဦးတည်နေသောကြောင့် အတွင်း၌ ဖြစ်ပျက်နေသည်ကို မမြင်နိုင်သော်လည်း စူးရှသောအသံများအား ကြားနေရဆဲဖြစ်သည်။


“ဘာမှမဟုတ်ဘူး။ ငါ တစ်ခုခု ရှာနေတာ။"


"ဒီတိရစ္ဆာန်ကောင်ဆီမှာ ဘာကိုရှာရကျိုးနပ်မှာလဲ" 


 ဤသည်မှာ မော့ဝုဟန်၏ အသံဖြစ်သည်။


"ဒိုင်ယာရီစာအုပ်" မော့စစ်လန် ရုတ်တရက် ရယ်မောလိုက်သည်။ 


 “ကြည့်လိုက် ဒီဟာပဲ”


“စတုတ္ထအစ်ကို၊ မင်း…”


 မော့ဝုဟန် ရုတ်တရက် ရပ်တန့်သွားသည်။ ထို့နောက် တစ်ခုခုကို တွေးနေသကဲ့သို့ ကျယ်လောင်စွာ အော်ပြောသည်။


 “ငါသိပြီ စတုတ္ထအစ်ကို မင်းရဲ့အစီအစဥ်က အဆင်ပြေနိုင်မှာပါ!”


“သူရေးထားတဲ့ ဒိုင်ယာရီကို လူသိရှင်ကြား ထုတ်ဖော်လိုက်မယ် မိသားစုကို ရှုံ့ချထားတဲ့အရာ ဒါမှမဟုတ် သူ့ရဲ့ ရွံစရာ အတွေးတွေကို ဖော်ထုတ်လိုက်မယ်ဆိုရင် လူထုရဲ့ စာနာထောက်ထားမှုနဲ့ ထောက်ခံမှုတွေ အများကြီး ပြန်ရနိုင်တယ်”


''ညီလေး မင်းရဲ့ ခြေလက်တွေကမှ မင်းရဲ့ ရိုးစင်းတဲ့ ဦးနှောက်ထက် အများကြီး ပိုကောင်းသေးတယ်” 


မော့စစ်လန်က ခေါင်းခါလိုက်သည်။ 


 "ငါတို့က ဒီဟာကို ဘယ်လိုလုပ် အွန်လိုင်းမှာ တိုက်ရိုက်တင်လို့ရမှာလဲ''


"ဘာကိုဆိုလိုတာလဲ"


“တိရစ္ဆာန်ကောင်က မော့မိသားစုကနေ ထွက်သွားပြီးပြီ ၊ မှုခင်းဗီဒီယိုအပြင် တတိယဦးလေးနဲ့ အစ်ကိုစန်းကျစ်ကြောင့် ဒီဒိုင်ယာရီကလာတဲ့ အမှန်တရားကို လူတိုင်းသံသယဝင်ကြလိမ့်မယ် အထောက်အပံ့တွေ အများကြီး ရနိုင်မှာ မဟုတ်ဘူး”


"ဒါဆိူ ငါတို့ဘာလုပ်နိုင်တော့မှာလဲ''


"စတုတ္ထအစ်ကို ဒါက ငါကျွမ်းကျင်တဲ့ အလုပ်ဆိုတာ မေ့သွားပြီလား"


"ညီလေး မင်းရဲ့အလုပ်က အဆိုတော်လေ ဒါပေမယ့် ဒီဒိုင်ယာရီနဲ့ ဘာဆိုင်လို့လဲ”


"ဘာလို့လဲဆို တော့ ကျွန်တော့် မှာ ပရိသတ် တွေအများကြီးရှိတယ် "


မော့စစ်လန်က လှောင်ရယ်လိုက်သည်။ 


“ငါတို့မိသားစုမှာ ဖြစ်ပျက်ခဲ့တာတွေရှိပေမဲ့ ငါ့မှာ အမာခံပိရိသတ်တွေ ရှိနေဆဲပဲ သူတို့အားလုံး သစ္စာရှိတဲ့သူတွေပဲ ဒီမျက်လုံးတွေနဲ့ မင်းငါ့ကိုကြည့်စရာ မလိုဘူး ဒါက ဖျော်ဖြေရေးနယ်ပယ်မှာ ပုံမှန်ပါပဲလေ မော့မိသားစုက ဘာပဲလုပ်လုပ် တတိယဦးလေးနဲ့ တတိယအစ်ကို လုပ်ခဲ့သမျှကို လက်လှမ်းမမှီနိုင်ဘူး အွန်လိုင်းမှာတင်ထားတဲ့ မှတ်ချက်တွေနဲ့တောင်မှ အများစုကတော့ ငါတို့ကို အရေးပေးတယ်လို့ ထင်ကြလိမ့်မယ် လိမ်လည်လှည့်ဖြားမှု၊ ပစ္စည်းအလွဲသုံးစားလုပ်မှု၊ အိမ်တွင်းအကြမ်းဖက်မှုကျူးလွန်ခဲ့တဲ့ အခြားနာမည်ကျော်တွေနဲ့ နှိုင်းယှဉ်လိုက်ရင် ဘယ်လိုလဲ သူတို့မှာ သစ္စာရှိတဲ့ ပရိသတ်တွေ ရှိနေနိုင်ရင် မင်းမှာဘယ်လိုမှ မရှိနိုင်တော့ဘူး"


“ဘာလို့ ငါ့မှာမရှိတာလဲ''


''ဘာလို့လဲဆိုတော့ ကျော်ကြားမှုတောင် ပြန်မရသေးခင် မင်းရဲ့နှာခေါင်းကောက်သွားလို့ပေါ့ ပျက်စီးနေတဲ့ပုံရိပ်က ပြန်ပြင်ရခက်တယ်''  


မော့ဝုဟန်က အချိန်အတော်ကြာ ထိုင်းမှိုင်းနေပြီးနောက်


 “ဒါဆို အစ်ကို့ရဲ့ပရိသတ်တွေကို ဘယ်လိုသုံးဖို့ စီစဉ်ထားလဲ မင်းအတွက် ဒိုင်ယာရီထဲက အကြောင်းအရာတွေကို ဖြန့်ပေးစေချင်တာလား!"


"ဘယ်ဟုတ်မလဲ မင်းရဲ့ အတွေးတွေက ရိုးရှင်းလွန်းတယ်''


“ဒီလို စဉ်းစားကြည့်လိုက် သူတို့ရဲ့ ယုတ္တိဗေဒကို ပျက်ယွင်းစေတဲ့ အစွန်းရောက်သစ္စာရှိပရိသတ်အချို့ရှိတယ် တစ်စုံတစ်ယောက်က သူတို့ရဲ့ပုံရိပ်ကို အလွဲသုံးစားလုပ်ပြီး သူ့ကို အန္တရာယ်ပြုဖို့ စီစဉ်နေမှန်း သိလိုက်ရရင် ဘာဖြစ်သွားမလဲ ဒေါသထွက်ပြီး တစ်ခုခုလုပ်ဖို့ ကြိုးစားမယ်မလား”


“အစ်ကို မင်း…!” မော့ဝုဟန် နောက်ဆုံးတော့ သဘောပေါက်သွားသည်။  


"မင်းရဲ့ ရိုင်းစိုင်းတဲ့ပရိသတ်တွေကို မော့တိကိုသတ်ခိုင်းဖို့ မင်းစီစဉ်နေတာလား"


"ရိုင်းစိုင်းတဲ့ ပရိသတ်တွေလား? အဲဒါက ခေါ်လို့မကောင်းဘူး” 


မော့စစ်လန်က ပြုံးလိုက်သည်။  


“သူတို့ကို အသေခံအစွန်းရောက်တွေလို့ ခေါ်တယ်”


“အချိန်တန်ရင် ငါတို့က အဲဒါတွေကို အင်တာနက်မှာ ကြည့်ကောင်းအောင် လှည့်ကွက်တစ်ချို့နဲ့ လွှင့်တင်ပြီး ပရိသတ်တွေဆီ ဖြန့်ဖို့ပဲလိုတယ် ဒီဒိုင်ယာရီမှာရေးထားတဲ့ ငါ့အပေါ် အက်ဆစ်လောင်း၊ ဓားနဲ့ထိုးသတ်ပြီး စင်ပေါ်ကနေပြုတ်ကျပြီး အကြောသေစေမယ့် ရည်ရွယ်ချက်တွေနဲ့ဆို ငါ့ပရိသတ်တွေက မော့တိကို အဲ့ဒီလို ပြန်လုပ်ပစ်ချင်ကြမှာ သေချာတယ်”


"ဒါပေမယ့် ဒီလို လှုံ့ဆော်မှုမျိုးတွေကို ရှာတွေ့ကြမှာ သေချာလို့လား'' 


မော့ဝုဟန်၏အသံက သိသာထင်ရှားစွာ စိတ်လှုပ်ရှားနေသည်။


“သေချာတာပေါ့ သူတို့ကို အဲ့ဒါ ငါလုပ်တာဆိုတဲ့အကြောင်း ပြန်ခြေရာခံခွင့် မပေးနိုင်ဘူး ဒါပေမယ့် ဒီလိုဖြစ်သွားရင် သူတို့က ငါ့ကို တမင်ရည်ရွယ်ကျူးလွန်တာလို့ တရားဝင်အပြစ်တင်နိုင်မှာမဟုတ်ဘူး ပထမတော့ ငါလုပ်ခဲ့တာက မော့တိရဲ့ အခန်းထဲမှာ ဒိုင်ယာရီကို ရှာပြီး ဒေါသနဲ့ အွန်လိုင်းမှာ တင်လိုက်တယ်ဆိုရင်တောင် ငါက ဒီအထဲမှာ နစ်နာသူပဲ ဒုတိယအနေနဲ့ကတော့ မော့တိကို အန္တရာယ်ဖြစ်စေတဲ့အကြောင်း တစ်ခါမှသတင်းမထွက်ဖူးဘူး မော့တိကမှ 'မင်းကို တခြားသူတွေကို ဆက်ဆံသလိုပဲ တခြားသူတွေကို ဆက်ဆံပါ' ဆိုပြီး ပရိသတ်တွေကို သင်ပေးဖို့ ကြိုးစားတဲ့ လူလေ ဒါကြောင့် ငါက အပြစ်ကင်းတဲ့သူတစ်ယောက် ဖြစ်နေတုန်းပဲ”


"အစ်ကို မင်းရဲ့ ဒီအစီအစဉ်က ထိပ်တန်းပဲ"


မော့ဝုဟန်၏ စိတ်လှုပ်ရှားနေသော ခြေသံများကို အပြန်ပြန်အလှန်လှန် ကြားနေနိုင်သည်။ “မင်း ဘယ်တော့စဖို့ စီစဉ်ထားတာလဲ ဘယ်မှာလဲ ငါတို့အိမ်နားမှာ မလုပ်နဲ့ အဝေးတစ်နေရာမှာ လုပ်နော် သူတို့ မင်းကို ပြန်ခြေရာခံရင်တောင် ငါတို့ အဆင်ပြေနေလိမ့်မယ် ဒါပေမယ့် သူတို့ အဲ့လိုမလုပ်ရင် အကောင်းဆုံးပဲ”


“ဒီအတွက် မင်း စိတ်ပူနေစရာ မလိုပါဘူး။ ဒါကို ငါစီစဉ်ထားပြီးသား''


မော့တိက ကွန်ပြူတာရှေ့တွင် ပြုံးနေသည်။


ဒိုင်ယာရီထဲတွင် ရေးထားသည်ဆိုသော အကြောင်းအရာများအား သူအဘယ်ကြောင့် မသိရသနည်း။ 


မော့စစ်လန်က အမှန်တကယ်ပင် စွမ်းဆောင်နိုင်ခဲ့သည်။ ဒိုင်ယာရီစာအုပ်ကိုပင် စီစဥ်နိုင်ခဲ့၏။


သူ၏ အကျိုးမြတ်အတွက် အစွန်းရောက်ပရိသတ်များအား အသုံးပြုခြင်းက ညဏ်ထက်သောလှုပ်ရှားမှုတစ်ခုဖြစ်သည်။ သုံးဖက်မြင်အာရုံမရှိသော တစ်ဖက်ပိတ်လူတစ်စုအနေဖြင့် တစ်စုံတစ်ဦးအပေါ်သို့ သူတို့၏ တယူသန်စိတ်ဖြင့် အမှန်တကယ်ပင် ဆိုးရွားသော အရာများကို လုပ်ဆောင်နိုင်သည်။ သို့သော် လိမ်ညာမှုများကို ဖော်ထုတ်နိုင်မည်သာ။ ဒိုင်ယာရီသည် အတုအပဖြစ်ပြီးသက်သေပြရန် နည်းလမ်းရှိရမည်။


မော့စစ်လန်သည် ဤအရာများကို ထိုသို့ ယုံကြည်မှုအပြည့်ဖြင့် ပြောနိုင်သည်မှာ ဖြစ်နိုင်ချေ နှစ်ခုသာရှိနေသည်။ တစ်ခုမှာ အခြားမည်သူ၏အကူအညီမှမပါဘဲ သူကိုယ်တိုင်ရေးခဲ့သော စာများဖြစ်သည်။ ဤနည်းဖြင့် သူက အမှန်တရားကို မည်သူမျှ သိလိမ့်မည်မဟုတ်ကြောင်း သေချာနေနိုင်ပေသည်။ သို့သော် မော့စစ်လန်အနေဖြင့် သူ့ လက်ရေးအား အတုယူနိုင်စွမ်း မရှိသောကြောင့် ဖြစ်နိုင်ခြေနည်းသည်။ ထိုအချက်အား ရှာတွေ့ပါက ဒိုင်ယာရီသည် အတုဖြစ်ကြောင်း သိသွားကြမည်ဖြစ်ပြီး ပရိတ်သတ်များက သူ့ကို လက်စားချေရန် မရှာမီတွင်ပင် မော့မိသားစု၏ ဂုဏ်သတင်းကို ရွှံ့ထဲဆွဲချသွားမည်ဖြစ်သည်။


ထို့ကြောင့် ဒိုင်ယာရီတွင် လက်ရေးက စွဲစွဲမြဲမြဲ ရှိစေရမည်။မော့စစ်လန်က သူ၏လက်ရေးများကို အလွယ်တကူ အတုလုပ်နိုင်ရန် အလွယ်တကူ အသုံးပြုနိုင်သော သူ၏မှတ်စုများနှင့် စာအုပ်များအပါအဝင် သူ၏အရာအများအပြားကို ချန်ထားခဲ့သည်။သို့သော် သူရှာထားသည့်လူက သူလုံးဝယုံကြည်ရသောသူဖြစ်ရမည်။


မော့စစ်လန်၏ယုံကြည်မှုအား မော့မိသားစုဝင်များမှလွဲ၍ ရရှိနိုင်သူ နှစ်ဦးသာရှိသည်။ တစ်ယောက်က ချင်ချန်းယီဖြစ်ပြီး နောက်တစ်ယောက်မှာ မော့စစ်လန်၏ လက်ထောက်ဖြစ်သည်။


ချင်ချန်းယီက မော့လျှိုကွေ့အား အခြားအရာများထက် ပိုချစ်သည်။ မော့လျှိုကွေ့၏မျက်ရည်များကြောင့် ဒုတိယအဒေါ်ကို ရက်ရက်စက်စက် ချေမှုန်းပစ်ခဲ့သည်။ ဒုတိယအဒေါ်၏အမြင်တွင် သူက ရက်စက်ကြမ်းကြုတ်သူတစ်ဦးဖြစ်သော်လည်း မော့စစ်လန်၏အမြင်တွင် ယင်းက မော့လျှိုကွေ့ကို ချစ်မြတ်နိုးကြောင်း သက်သေပြခြင်းသာ ဖြစ်သည်။ အကယ်၍ သူတို့က ချင်ချန်းယီ၏ အရင်းအမြစ်များနှင့် ပူးပေါင်းဆောင်ရွက်ပါက ဒိုင်ယာရီအတုကို အလွယ်တကူဖန်တီးနိုင်မည်ဖြစ်ပြီး သူ့ကိုအရူးအမူးစွဲလန်းသောပရိသတ်များက တိုက်ခိုက်ပြီးနောက်တွင်ပင် ချင်ချန်းယီအနေဖြင့် မော့စစ်လန်အား တရားခံမဖြစ်စေရန် နည်းလမ်းရှာနိုင်သေးသည်။ သူလုပ်ရမည်က ရာဇ၀တ်မှုတွင် ဝန်ခံပေးမည့်လူကို ရှာရန်ဖြစ်သည်။


မော့စစ်လန်၏လက်ထောက်က သူမ၏သုံဖက်မြင်အာရုံနှင့် မိမိကိုယ်ကို ခံယူချက်တို့အား စွန့်လွှတ်ပစ်လိုက်သည်အထိ သူ့ကိုချစ်သော သူ၏ အသေခံပရိသတ်များထဲမှ တစ်ဦးလည်းဖြစ်သည်။


မော့တိ သူ၏ယခင်ဘဝတွင် စိတ္တဇဆေးရုံသို့ပို့ခံရပြီးနောက် မော့စစ်လန်က သူ့ကိုတွေ့ရန် ရောက်လာကြောင်း ရှင်းရှင်းလင်းလင်း မှတ်မိခဲ့သည်။ နူးညံ့သိမ်မွေ့သော မျက်နှာထားရှိသော်လည်း သူ ထွေးထုတ်လိုက်သော စကားလုံးများသည် ဆိုးညစ်ပြီး အဆိပ်ပြင်းသည်။ ထိုအချိန်တွင် မော့စစ်လန်၏လက်ထောက်သည် သူ၏အရေခြုံမှုကို သူမမြင်ပြီးနောက်တွင်ပင် ချစ်ခြင်းမေတ္တာနှင့် ဝတ်ပြုကိုးကွယ်ချင်မှုပြင်းထန်သောအကြည့်ဖြင့် သူ့အနားတွင် ရှိနေသည်။မော့စစ်လန်သည် သူ့အတ္တကို ကျေနပ်ပြီး ထွက်သွားသောအခါ သူမသည် သူ့အား သူမအိုင်ဒေါကိုနှောင့်ယှက်ရန် မမွေးလာသင့်သကဲ့သို့ ရွံရှာဖွယ်အကြည့်ဖြင့် လှည့်ကြည့်ခဲ့သည်။


သို့သော် အမျိုးသမီးလက်ထောက်တွင် ကောင်းမွန်သော ဇာတ်သိမ်း မရှိခဲ့ပေ။ စာအုပ်အရ မော့စစ်လန်သည် နောက်ပိုင်းတွင် နာမည်ကြီး ကပြားအဆိုတော်နှင့် လက်ထပ်တော့မည်ဖြစ်ပြီး လက်ထောက်၏ ချစ်ခြင်းမေတ္တာသည် မှောင်မိုက်သွားကာ သူ၏ စေ့စပ်ထားသူအပေါ် အမုန်းတရားများ သွန်းလောင်းခဲ့သည်။ အဆိုတော်အား အဆိပ်ခတ်ရန် ကြိုးစားခဲ့သော်လည်း အချိန်မီတွေ့ရှိခဲ့ပြီး ထောင်ဒဏ်ချမှတ်ခံခဲ့ရသည်။


ထို့ကြောင့် ချင်ချန်းယီနှင့် အမျိုးသမီးလက်ထောက်နှစ်ဦးစလုံးအား တူညီစွာသံသယရှိသည်။သို့သော် သူတို့၏ခြေရာကို စောင့်ကြည့်ဖို့က အလုပ်အများကြီးလုပ်ရန် လိုအပ်သည်။


မော့တိ သက်ပြင်းချလိုက်သည်။ ပထမဆုံးအနေဖြင့် သူ့တွင် အကာအကွယ်ကောင်းကောင်းရှိရမည့်ပုံပေါ်သည်။ မော့စစ်လန်၏အမှားကို ရှာဖွေတွေ့ရှိခြင်းမှာ အချိန်တိုအတွင်း သူပြီးမြောက်နိုင်သောအရာမဟုတ်ပေ။


ယခုအချိန်တွင် သူသည် အခြေခံအားဖြင့် မော့စစ်လန်၏ ပရိသတ်များကိုသာ စောင့်ကြည့်နိုင်ပြီး သူ၏ပရိုဂရမ်များတွင် 'မော့တိဒိုင်ယာရီ ဆိုက်ဘာရှာဖွေခြင်း' ဟူသော ရှာဖွေရေးဝေါဟာရများကို ခွဲထုတ်နိုင်ခဲ့သည်။ ဤနည်းအားဖြင့် သူတို့အကာအကွယ်ပြင်ဆင်မှုများ ပြုလုပ်ရန် ဆုံးဖြတ်ပါက အကြောင်းကြားမည်ဖြစ်သည်။


.


တစ်ချိန်တည်းမှာပင် သူ့နေဖြင့် ချင်ချန်းယီနှင့် မော့စစ်လန်၏ အမျိုးသမီး လက်ထောက် တို့၏ မြေအောက် လှုပ်ရှားမှုများကို စုံစမ်းရန် လိုအပ်သည်။ ၄င်းသည် သူ့အတွက် အချိန်နှင့်စွမ်းအင်ကို ဆုံးရှုံးစေလိမ့်မည်။မော့မိသားစုသည် သူ၏ဘဝနှင့် အသက်မွေးဝမ်းကြောင်းအတွက် ခလုတ်တိုက်လဲကျရန် ပြီးပြည့်စုံသော ခလုတ်ကန်သင်းတစ်ခုမျှသာဖြစ်သည်။


မော့တိ မျက်လုံးမှိတ်လိုက်ပြီး အသက်ရှူသွင်းလိုက်သည်။ တန်ပြန်တိုက်ခိုက်မှုစတင်ရန် သူ့ကိုယ်သူ တည်ငြိမ်အောင်လုပ်လိုက့သည်။


မော့တိက မော့စစ်လန်၏ fan base တိုင်းကို bugထည့်ပြီးသောအခါ ညသန်းခေါင်သုံးနာရီကျော်နေပြီဖြစ်သည်။ မော့တိက သူ့ကွန်ပြူတာကိုပိတ်ပြီး အိပ်ယာဝင်လိုက်သည်။


နောက်တစ်နေ့တွင် သူ့အက်ပ်၌ အကြောင်းကြားချက်မရှိပေ။ မော့စစ်လန်မှ သူ့လှုပ်ရှားမှုကို မလုပ်ဆောင်ရသေးပုံပေါ်သည်။


နောက်နေ့တွင်လည်း လှုပ်ရှားမှုမရှိပေ။


အားလပ်ရက်၏အစဖြစ်သည့် စနေနေ့နံနက်တွင် အကြောင်းကြားစာများ ဝင်လာခဲ့သည်။


မော့တိက သတိပေးချက်ရရှိချိန်တွင် ဗီလာသို့ပြန်ရန် သူ၏ပစ္စည်းများကို ထုပ်ပိုးနေခြင်းပင်။ သူက တက္ကစီပေါ်တက်ပြီး အပြန်ခရီး၌ ပို့စ်ကိုကြည့်လိုက်၏။


ပို့စ်တွင် တုံ့ပြန်မှုအမျိုးမျိုးကို ရေးထားကြသည်။ တစ်ချို့က ငြိုငြင်ကြသည်။ တစ်ချို့က မုန်းတီးကြသည်။ တစ်ချို့က လောင်စာထည့်ရန် ကြိုးစားကြသည်။ အလွန်သေးငယ်သော အုပ်စုတစ်စုကသာ ဆင်ခြင်တုံတရားရှိစွာနှင့် မေးခွန်းများမေးကြသည်။


မော်တိက မှတ်ချက်အမျိုးမျိုးတို့အား အပြန်ပြန်အလှန်လှန် စိတ်ဝင်တစား အာရုံစူးစိုက်စွာ ဖတ်နေလိုက်သည်။


သို့သော်လည်း အခုအချိန်အထိ သူ့ကို လက်စားချေဖို့ နေရာရှာရန် ပြောဆိုခြင်း မရှိသေးပေ။မော့စစ်လန်သည် သူ၏ 'လမ်းညွှန်ချက်' ကို မပေးပို့မီ ပိုဆိုးသော အရာများကို စောင့်ဆိုင်းနေခဲ့သည်ဟု ခန့်မှန်းနိုင်သည်။


တက္ကစီက ဗီလာနားကို ရောက်လာသည်။ မော့တိက သူ့ဖုန်းကို ပိတ်လိုက်ပြီး ငွေပေးချေကာ ဆင်းလိုက်၏။


လျှို့ဝှက်ကုဒ်ဖြင့် တံခါးကိုဖွင့်ခါနီးတွင် သူ့နောက်မှ ရုတ်တရက် ကားဟွန်းတီးသံ ထွက်လာသည်။


မော့တိ လှည့်ကြည့်လိုက်ရာ မုထျန်းဟန်၏ကားကို မြင်လိုက်ရသည်။အံ့သြဝမ်းသာစွာဖြင့် သူ့ဆီသို့ အလျင်အမြန် ပြေးသွားလိုက်သည်။


Xxxxxxxx