Chapter 80
ချစ်မိသွားခြင်းက ကိစ္စတော်တော်များများကို အမှန်ပင် အနှောင့်အယှက်ဖြစ်စေသည်။
“ကိုကိူ ခင်များသူ့ကိုကြိုက်မှတော့ ဘာလို့ဝန်မခံသေးတာလဲ ” မော့တိ မမေးဘဲ မနေနိုင်ချေ။
“ဘာလို့လဲဆိုတော့ … ကိုယ်မလုပ်နိုင်လို့၊ ပြီးတော့ အခုက အချိန်မကျသေးဘူး ...”
မုထျန်းဟန်က ညင်သာသည့်အသံဖြင့် ပြောလိုက်သော်ငြား ယင်းတွင် လွမ်းမောမှုတို့ နှော၍နေသည်။ သူမော့တိကို သူ့လက်တွေကြား မည်မျှပင်ပွေ့ဖက်ထားချင်မိသည်ကို ဘုရားသခင်သာ သိပေလိမ့်မည်။ ပြီးနောက် လူမဆန်သည့်အရာတစ်ခုခုကို လုပ်ချင်သော်ငြား အခုက အချိန်မကျသေးပေ။
သားရဲတစ်ကောင်ပင်လျှင် ဖြတ်မရသည့် စည်းတစ်ကြောင်း ရှိပေ၏။
သူ့သူငယ်ချင်းလေးက သူ့ထက် ၁၁နှစ်ကျော် ငယ်ရုံသာမက သူက အသက်ပင်မပြည့်သေးချေ။ သူ အလျင်စလို မလုပ်နိုင်ပေ။
သို့ပေမယ့် တစ်ဖက်မှ မော့တိကမူ မချင့်မရဲဖြစ်၍နေသည်။
မော့တိမှာ အမြဲလိုလို ပြတ်သားသူတစ်ဦးဖြစ်လေ၏။ ကိစ္စတွေက ဤသို့ဖြစ်လာသည့်အခါသူက မျက်စောင်းဖြင့်ကြည့်ကာ မေးလိုက်၏။
“ကိုကို၊ ခင်များကြိုက်တဲ့လူက အတိအကျဘယ်သူလဲ"
“ကိုကို၊ အခုက အချိန်မကျသေးဘူးလို့ ကျွန်တော့်ကို မပြောပါနဲ့၊ ကျွန်တော် လျှို့ဝှက်ထားပြီး ဘယ်သူ့ကိုမှ မပြောပြပါဘူး၊ ကျွန်တော့်ကို ပြောပြဖို့ဆက်ငြင်းနေရင် ကိုကိုကြိုက်တဲ့လူက ကျွန်တော်ဆိုပြီး အထင်လွဲမိတော့မယ်လို့ !”
မုထျန်းဟန်က မော့တိအား အနည်းငယ်လေးနက်သည့် အကြည့်ဖြင့် ကြည့်လိုက်သည်။
"ကလေးလေး ၊ မင်းအခု ဘာအကြောင်း ပြောလိုက်လည်း သိရဲ့လား"
“သိတာပေါ့” မော့တိက တုန်လှုပ်ခြင်းမရှိ မုထျန်းဟန်အား တည့်တည့်ကြည့်လိုက်သည်။ သို့ပေသိ သူ့မျက်နှာနှင့်နားတို့ကတော့ နီရဲ၍နေသည်။ သူက မျက်နှာထားအား ခက်ထန်ဟန် ပြုထားသည့်တိုင် နှလုံးသားကတော့ စိတ်လှုပ်ရှား၍နေသည်။
“ကိုကို၊ ခင်များသိပါတယ် ကျွန်တော် အမြဲတမ်း….”
“ကိုယ်မင်းကို ဖြေပေးမှာပါ အခုအချိန်တော့ မဟုတ်သေးဘူး...” မုထျန်းဟန်က မော့တိဝန်ခံတော့မည်ကို သိသည်နှင့် စကားစဖြတ်လိုက်သည်။
ကောင်ငယ်လေးထံမှ ဆွဲဆောင်ခံရသည်ကပင် ဆိုးနေပြီဖြစ်ရာ သူ၏ဝန်ခံမှုကိုပါ ပစ်ပယ်လိုက်ရပါက သူ့အနေဖြင့် ကလေးအပေါ် ဘယ်လိုအခွင့်အရေးယူရမလဲ ဆိုသည်ကိုသာသိသည့် သားရဲတစ်ကောင်သာ ဖြစ်သွားပေလိမ့်မည်။
“ကိုကို !”
“ကိုယ်မင်းကို မပြောဘူးဆိုတာက ဒီကိစ္စကို ဖယ်ထားလိုက်တဲ့သဘော မဟုတ်ပါဘူး၊ ဒီနေ့ ဒီနေ့ကုန်ရင် ကိုယ်မင်းကို ပြောပြမယ် ...”
မုထျန်းဟန်က သူ့ဆံပင်တို့အား ပွတ်သပ်လိုက်သည်။ လက်ပြန်ရုတ်လိုက်သည့်အခါ သူ့လက်ချောင်းတို့က မော့တိ၏ပါးပြင်ထက် ပွတ်ဆွဲမိသွားသည်။
မော့တိခေါင်းတစ်ခုလုံး ဟုန်းဟုန်းတောက်နေကာ အတွင်း၌လောင်ကျွမ်းနေသည့်အတိုင်း လုံးလုံးနီရဲသွားခဲ့သည်။
“လိမ္မာပါကွာ၊ ကိုယ်မင်းကို ဒီနေ့ပြောပြမှာပါ...”
သူ၏မေးရန်ကြိုးစားမှုတို့ကို အကြိမ်ကြိမ် ထပ်ကာထပ်ကာ ငြင်းဆိုခံရပြီးနောက် မော့တိမှာ လေလျော့သွားသည့် ပူဖောင်းလေးသို့နှယ် တူသွား၏။
သူကပါတနာခုံ၌ နီရဲနေသောမျက်နှာဖြင့်ထိုင်နေသည်။သူ့အနေဖြင့် မုထျန်းဟန်အား မကြည့်ရဲသလို စကားလည်းမဆိုရဲပေ။
အား! ဘာလို့ သူအခု တအားကို စိတ်မြန်လက်မြန် လုပ်လိုက်မိရတာလဲ။
သူက မုထျန်းဟန်ကို ထိုလူက သူလားဟုပင် မေးလိုက်သေးသည်။
ဘယ်လိုလုပ်ပြီး သူထိုစကားမျိုးကို ပြောထွက်ရသည်လဲ။
ထိုလူက သူမဟုတ်ပါက မည်သို့လုပ်ရမည်နည်း။ အနှီ အရှုပ်ထုပ်ကြီးကို ဘယ်လိုများ ရှင်းရမည်လဲ။
သူယနေ့ အရက်မသောက်ခဲ့ပါဘဲ အဘယ်ကြောင့်များ အလျင်စလို နိုင်မိရသည်လဲ။ ဘုရားရေ။ ယင်းက အဆုံးသတ်ပင်။ အဆုံးသတ်သွားချေပြီ။
မုထျန်းဟန်က ငုံးပေါက်လေးပမာ ပြောင်းလဲသွားသော မော့တိကိုကြည့်ကာ စိတ်ထဲမှ ရယ်မောမိသည်။ သူ့သူငယ်ချင်းလေးမှာ တကယ်ကို သတ္တိရှိပြီး ချစ်စရာကောင်းကာ သူ့အား အရိုးထဲအထိပင် နူးညံ့သွားစေနိုင်သည်။
ဟွာရှားသို့လာခဲ့ခြင်းက သူ့ဘဝတစ်လျှောက်လုံး၌ အကောင်းဆုံး ဆုံးဖြတ်ချက်ပင်။
မုထျန်းဟန်က အရှိန်မြှင့်စက်ကိုနင်းကာ သူတို့ဦးတည်ရာကို သွားလိုက်သည်။ မော့တိ ရှက်နေခြင်းမှ ကူညီပေးရန် မုထျန်းဟန်က အကြောင်းအရာတစ်ခုကိုရွေးကာ သူနှင့်စကားပြောပေးလိုက်သည်။
“ဟွာရှားကိုလာတဲ့ ငါးယောက်က impression ကို စတည်ထောင်တုန်းက ပါဝင်ခဲ့တဲ့ ပထမနဲ့ ဒုတိယအသုတ်တွေလေ ...”
“အင်း...”
မော့တိက တုန့်ပြန်လာ၏။ သူ့ခေါင်းထဲ၌ ထူပူနေမှုတို့က မရှိတော့သော်လည်း သူ့မျက်နှာကတော့ အနည်းငယ် ပူနေဆဲသာ။
“ကိုကို၊ ခင်များရဲ့ ပင်မရုံးချုပ်မှာ လုပ်သက်ကြာတဲ့ ဝန်ထမ်းတွေ ဘယ်လောက်များ ရှိနေသေးလဲ ?”
“တစ်ဒါဇင်လောက်ပေါ့၊ ကိုယ်တို့က လူဆယ့်ကိူးယောက်နဲ့ စခဲ့တာလေ၊ လေးပုံတစ်ပုံက ဒီကိုလာပြီး ကျန်တဲ့လူတွေက အမေရိကား ရုံးချုပ်မှာ နေခဲ့တယ်...”
မုထျန်းဟန်က ရုတ်တရက် ပြုံးလိုက်သည်။
"ကိုယ်အခုပဲ မင်းဖုန်းက ကိုယ့်အိတ်ကပ်ထဲရှိတုန်းဆိုတာ သတိရသွားပြီ၊ ပြန်ယူလိုက်ပါလား"
သူပြောပြီးသည်နှင့် ချက်ချင်းပင် စကားပြောင်းလိုက်သည်။
"မေ့လိုက်တော့၊ နောက်မှ ကိုယ်မင်းကို ပြန်ပို့တော့မယ်"
“…”
သူရှူထုတ်လိုက်သည့်လေတို့က ပိုတိုး၍ ပူလာသည်။
တကယ်တမ်း မုထျန်ဟန် တွေးနေတာက ဘာများလဲ။ သူ(မော့တိ)က သူ့ကိုကြိုက်နေပြီး သူ(မုထျန်းဟန်)ကတော့ သူ့ကိူမကြိုက်လို့ သူတို့ချင်း ထိမှာကို စိုးရိမ်နေတာလား။
မော့တိ၏ စိတ်တို့မှာ ရှုပ်ထွေးသွားရသည်။ ထိုမေးခွန်းကို အလျင်စလို မေးမိသည့်အတွက် သူနောင်တရနေမိသည်။ တဒင်္ဂစိတ်အားထက်သန်မှုကို ဖြည့်ဆည်းရန် လွယ်ကူသော်လည်း နောက်ပိုင်းတွင်တော့ သည်းမခံနိုင်တော့ပေ။
ဘယ်လောက်ထိ စိတ်တိုစရာကောင်းလိုက်လဲ။ လူသားများအနေဖြင့် တကယ်ကို အချစ်မှာ မကျရှုံးမပျော်ဝင်သင့်ပေ။ ယင်းက အချိန်နှင့်စွမ်းအင်တို့အား ဖြုန်းတီးရုံသက်သက်သာ။
အမှန်တကယ်မှာ မုထျန်းဟန်တစ်ယောက်က သူပြောလိုက်သည့် စကားများကြောင့် ရှုပ်ထွေးနေခြင်းပင်။ သူ့နှလုံးသားက ခပ်မြန်မြန်ခုန်နေပြီး အနည်းငယ် ရှက်ရွံ့နေသည်။ သားရဲအိုကြီး၏ ကိုယ်ရည်ကိုယ်သွေးနှင့် စိတ်ပိုင်းဆိုင်ရာတို့မှာ ကြမ်းတမ်းလှရာ သူ့အနေဖြင့် တည်ငြိမ်သည့်အမူအယာကို ထိန်းသိမ်းထားရသည်။ မော့တိရှာတွေ့သွား၍ မဖြစ်ပေ။
သူစိတ်တည်ငြိမ်သွားပြီးနောက် မုထျန်းဟန်က နွေးထွေးသည့်လေသံထြင့် ဆိုသည်။
"ကိုယ် မင်းကို သူတို့နဲ့ အရင်မိတ်ဆက်ပေးမယ်၊ ပြီးတော့မှ မင်းတို့တွေ စကားကောင်းကောင်း ပြောကြပေါ့"
“သူတို့ထဲကနှစ်ယောက်က ကိုယ်နဲ့အသက်တူတူပဲ ပြီးတော့ မူလတရုတ်လူမျိုးတွေပဲ ချန်းနဲ့ မုန့်ထယ်တဲ့၊သူတို့နှစ်ယောက်လုံးက နည်းပညာပိုင်းဆိုင်ရာ ဝါသနာအိုးတွေလေ၊ အခြားနှစ်ယောက်က ၂၉နှစ်အရွယ် အမွှာတွေ ဂျော့ခ်ျနဲ့ ချုတ်တဲ့၊ သူတို့ နက်တက်ကြွကြွနေတတယ်ပြီးတော့ တရုတ်အစားအစာတွေကို ကြိုက်တယ်၊ အထူးသဖြင့် ဟော့ပေါ့နဲ့ နံရိုးချိုချဥ်ပေါ့၊ သူတို့ ဒီကိုအလုပ်လုပ်ဖို့ ပြောင်းလာတာက အစားအတွက်ပဲ ...”
"ဒါဆို သူတို့ပါးစပ်တွေတော့ ကောင်းချီးပေးခံရပြီပေါ့..."
မော့တိ၏မျက်နှာက ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီး စကားဝိုင်း၌ ဝင်ပါလာသည်။
"အမ်း... သူတို့ပါးစပ်တွေက အရမ်းပျော်နေတော့မှာ..."
မုထျန်းဟန်မှာ ပြောနေရင်းဖြင့် သူ၏ပါးစပ်သည်လည်း မည်သို့ဆိုလျှင် လုံးလုံး ပျော်နိုင်မည်လဲဟု တွေးမိသည်မှာ...
တော်လိုက်တော့ သူကပိုပိုပြီး အကြင်နာမဲ့လာတာပဲ။
မုထျန်းဟန်က ထိန်းချုပ်ထားကာ ဆက်ပြောလိုက်သည်။
"အမွှာတွေကို သေချာကြည့်ကြည့် အကြီးကောင်က ဂျော့ခ်ျ သူလည်း အရမ်းဂိမ်းကြိုက်တာ၊ မင်းသူနဲ့အဆင်ပြေလိမ့်မယ် ..."
"အမ်း..."
"နောက်ဆုံး ပရိဂရမ်မှာ အက်မန်အတွက်တော့ သူက ၃၃နှစ်ရှိပြီ၊ လက်ထပ်ထားပြီးသား ကလေးနှစ်ယောက်ရှိတယ်၊ ဆယ့်သုံး ဒါမှမဟုတ် ဆယ့်လေးနှစ်အရွယ် ကောင်လေးနဲ့ ဆယ်နှစ်သမီးလေး၊ သူ့သားကြီးရဲ့ပုံစံက မင်းနဲ့ရွယ်တူလို့ထင်ရတယ် ..."
"ဒါဆို သူတို့မိသားစုက ပျော်စရာကောင်းမှာပဲ..."
မော့တိ၏ ခံစားချက်များက နောက်ဆုံးတွင် တည်ငြိမ်လာပြီး အပြုံးတစ်ခုဖြင့်ပြောသည်။ည်။
"တကယ်ပျော်စရာကောင်းတာ"
မုထျန်းဟန်သည်လည်း ပြုံးလိုက်၏။
"ဒီတစ်ကြိမ်မှာတော့ သူ့သားကြီးကို ခေါ်လာခဲ့တယ်လေ၊ သူတို့နှစ်ယောက်လုံး ဂိမ်းကိုအရမ်းစိတ်ဝင်စားပြီးတော့ အပျင်းပြေ ရိုးရှင်းတဲ့ဂိမ်းလေးတွေ လုပ်နေကျ၊ သူ့သားက ဒီနယ်ပယ်မှာတော့ လက်ဆောင်မွန်တစ်ခုလိုပဲ၊ မင်းတို့ သူငယ်ချင်းကောင်းတွေ ဖြစ်လာနိုင်တယ် "
"အမ်း ကျွန်တော်လည်း မျှော်လင့်မိပါတယ် ..."
...
သူတို့ တွေ့ဆုံပွဲသို့သွားစဥ် ကားများ ပြည့်ကြပ်နေခဲ့သည်။ အကွာအဝေးက အလွန်တိုသော်ငြား ထိုနေရာသို့ရောက်ရန် မိနစ်လေးဆယ်ခန့် အချိန်ယူလိုက်ရ၏။
သူတို့ကိုမြင်သည်နှင့် လိုင်သယ်စစ်က အမြန်ရောက်လာသည်။
"မင်းတို့ဘာလို့ကြာနေတာလဲ တွေ့ဆုံပွဲက တစ်ဝက်လောက်ပြီးနေပြီ!"
"မပြီးသေးဘူးဆိုတဲ့ အဓိပ္ပါယ်ပဲမလား၊ လီချန်းနဲ့ ကျန်တဲ့လူတွေ ဘယ်မှာလဲ "
မုထျန်းဟန်က သူ့ဝတ်စုံနှင့်လည်စည်းကို သေသပ်အောင်ဆွဲဆန့်လိုက်သည်။ ဖြူသွယ်သည့် လက်ချောင်းရှည်တို့က နေဗီရောင် နက်ခ်တိုင်ထက်၌ ထင်ရှား၍နေသည်။
"သူတို့က ပန်းကန်တွေယူပြီး ဟောခန်းထဲမှာ စားနေကြပြီ၊ ဂျော့ခ်ျနဲ့ ချုတ် ညီအစ်ကိုနှစ်ယောက်က သေချာလုပ်နေပေမယ့် အခြားလူတွေကတော့ လူမှုဆက်ဆံရေးမှာ ကြောက်စရာပဲ၊ ဒါပေမယ့် အက်မန်ရဲ့သားကလေ တစ်ခုခုပဲကွ၊ သူက ငါတို့ကုမ္ပဏီက အလှလေးတွေအားလုံးနဲ့ ရေပက်မဝင်အောင်ကို စကားပြောနေတော့တာ၊ ဒီအရွယ်လေးနဲ့တင် ... အရမ်းကျွမ်းကျင်နေပြီ"
မုထျန်းဟန်က ရယ်လိုက်သည်။
"အခုခေတ်ကလေးတွေက ဒီလိုပါပဲ ၊ သူတို့ဆီ သွားရအောင်"
လူကြားထဲသို့ မုထျန်းဟန် ရောက်သွားသည်နှင့် လူတိုင်းခေတ္တမျှ အေးခဲသွားကာ မျက်လုံးတိုင်းက သူ့အပေါ်၌ ရှိနေခဲ့သည်။ သူတို့က အလျင်အမြန် ပြုံးကာ နှုတ်ဆက်လာကြ၏။
"ဥက္ကဌမု" ၊ "မင်္ဂလာ ညနေခင်းပါ ဆရာ!" ၊ "ဥက္ကဌမု နောက်ဆုံးတော့ ခင်များရောက်လာပြီပဲ..."
အနည်းငယ်က နှုတ်ဆက်ပြီးနောက် မုထျန်းဟန် လူတိုင်းကို ပြုံးပြလိုက်သည်။ သူက ဧည့်သည်များကို ပျော်စေရန် ချန်ထားခဲ့ပြီး မော့တိအ အတွင်းခန်းမထဲ ဦးဆောင်ခေါ်သွားလိုက်၏။
လီချန်းနှင့် အခြားလူများက အတွင်းဘက်ခန်းမ၌ ထိုင်နေပြီး သူတို့လာသည်ကိုမြင်လျှင် ထရပ်လိုက်ကြသည်။
"နောက်ဆုံးတော့ ရောက်လာပြီ"
မုထျန်းဟန်က ပြုံးကာ သူတို့ကို နှုတ်ဆက်လိုက်သည်။
"မင်းတို့ဒီမှာရှိနေတော့ ငါစိတ်သက်သာရာရပါပြီ"
"အိုင်း မု၊ မင်းကဒီလိုပြောပေမယ့် ငါတို့အတွက်ဒီမှာ အုတ်မြစ်ဆောက်ပေးပြီးသားဆိုတာ ငါတို့အားလုံး သိပါတယ်ကွာ "
ရွှေရောင်ဆံပင်၊ အပြာရောက်မျက်ဝန်းတို့ဖြင့် အမျိုးသားတစ်ဦးက ပြုံးစိစိဖြင့်ဆိုသည်။
"ဟေး၊ မင်းဘေးက ကောင်ငယ်လေးက ဘယ်သူလဲ "
"သူလား၊ သူကမော့တိ မင်းတို့သူ့ကို ရှောင်တိလို့ ခေါ်လို့ရတယ်...."
"အိုး~~~"
ဂျော့ခ်ျညီအစ်ကိုများက ထူးဆန်းစွာ ရယ်လေသည်။
"ငါတို့ သူ့ကိုသိပြီးသားပါကွာ၊ လိုင်သယ်စစ်က ငါတို့ကိူ အားလုံးပြောပြပြီးသား"
အခြားအဖွဲ့ဝင်မှားက ဘာမှဝင်မပြောသည့်တိုင် သူတို့မျက်လုံးများကတော့ မျှော်လင့်စောင့်စားခြင်း၊စပ်စုလိုခြင်းတို့ဖြင့် ပြည့်၍နေသည်။
မော့တိ : "....."
မုထျန်းဟန်က လိုင်သယ်စစ်အား သတိပေးသလို ကြည့်လိုက်သော်ငြား ထိုလူကတော့ သုတ်သီးသုတ်ပျာ ထွက်သွားရင်း လူအုပ်ကြီးကြား ဝင်ရောက်ပျောက်ကွယ်လုလု ဖြစ်နေချေပြီ။
"ဒီအုပ်စုက အတော်လေး အဆော့မက်ပြီးတော့ တစ်ခါတစ်လေ ကလေးဆန်တယ်၊ မင်းသူတို့ဆီက မသင်ရဘူးနော်၊ ဟုတ်ပြီလား"
မုထျန်းဟန်က မော့တိအား တင်းကြပ်သည့်လေသံဖြင့် ပြောလိုက်သည်။
"..."
မော့တိမှာ ခေါင်းညိတ်ရုံမှအပ မည်သို့ပြောရမည်လဲ မသိတော့ပေ။
မုထျန်းဟန်က အလွန်ကျေနပ်သွားကာ အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။
"ကလေးလေး ၊ မင်းသူတို့အားလုံးကို ဦးလေးလို့ ခေါ်လို့ရတယ်၊ ဘာပဲပြောပြော သူတို့က လူအိုကြီးတစ်သိုက်ပဲ ..."
သူကပြောပြီးနောက် မျက်မှောင်ကြုတ်ကာ အမှန်ပြင်လိုက်သည်။
"မေ့လိုက်တော့ ၊ မင်းသူတို့ကို အစ်ကိုလို့ ခေါ်လို့ရတယ်..."
လီချန်းနှင့်အဖွဲ့မှာ တရုတ်စကားကို သိပ်နားလည်သဖြင့် သူတို့စကားဝိုင်း၌ နလပိန်းတုံးများနှင့် တူနေလေသည်။ ချုတ်က သူတို့နားသို့ အပြုံးဖြင့်ချဥ်းကပ်လာပြီး ပြော၏။
"ဟေး သူငယ်ချင်းလေး၊ မင်းက၁၇နှစ်ပဲ ရှိသေးတာဆို ဟုတ်လား "
"အစ်ကိုရေ၊ ဒီလကုန်ရင် ကျွန်တော် ၁၈ပြည့်ပြီဗျ"
"လိမ္မာတဲ့ကောင်လေးပဲ၊ မင်းငါ့ကို အစ်ကိုလို့ခေါ်တာ ဘယ်လိုတောင် ကောင်းလိုက်လဲ"
ဂျော့ခ်ျက လီချန်းဘက်သို့ လှည့်ကြွားလိုက်သည်။
"မင်းမြင်လိုက်လား၊ သူငါ့ကို အစ်ကိုလို့ခေါ်တာကွ၊ အဲတာ ငါမအိုသေးဘူးဆိုတဲ့အဓိပ္ပါယ်ပဲ၊ မင်းတို့ကောင်တွေထက် ပိုငယ်တယ်"
"ဒါပေမယ့် မင်းပုံစံက အက်မန်ရဲ့သားနဲ့ ရွယ်တူလောက်ပဲ၊ မင်းတို့တရုတ်တွေအားလုံးက ဒီလိုပဲ ကလေးရုပ်လေးတွေလား"
ဂျော့ခ်ျက ပြုံးကာ မော့တိကို ပြောလိုက်လေသည်။
သူတို့အားလုံး ထိုင်လိုက်ပြီး ရုံးလုပ်ငန်းစဥ်များကို လေ့လာကြ၏။ မော့တိ၏EQက သဘာဝကျကျပင် ကောင်းပြီး လူတိုင်း၏ပထမဆုံးအမြင်ကောင်းအား ချန်ထားရစ်နိုင်သည်။ သူတို့က သူ့အား ညီငယ်လေးတစ်ယောက်အဖြစ် တွေးလာကြ၏။
အတော်လေးနောက်ကျနေပြီကို မုထျန်းဟန်တွေ့လျှင် သူကမော့တိအား နေ့လည်စာစားရန်နှင့် ပတ်ဝန်းကျင်ကိုလျှောက်ကြည့်ရန် သွားခွင့်ပေးလိုက်သည်။ သူကတော့ တစ်ဖက်တွင် မော့စစ်လန်နှင့် သူလုပ်ခဲ့သမျှအား အဖွဲ့နှင့် ဆွေးနွေးနေခဲ့သည်။ သူက မော့မိသားစု၏ယုတ်မာမှုကို သူနှင့်မော့တိစုဆောင်းထားသည့် ပြစ်မှုဗီဒီယိုပြကာ သတိပေးလိုက်သေးသည်။
Xxxxxxxx