အပိုင်း ၈၁
Viewers 29k

Chapter 81


သိပ်မကြာမှီမှာပင် အဖွဲ့သားများက အလွန်ထိတ်လန့်သွားပြီး သူတို့မြင်ခဲ့ရသည်တို့ကြောင့် အလွန်အမင်း ဒေါသထွက်သွားကြရသည်။


"ချီး ဒါကဘယ်လို လူမဆန်မှုကြီးလဲ"


ချုတ်က ရှန်ပိန်အနည်းငယ်ကိုသောက်ကာ စိတ်လျှော့လိုက်သည်။ 


"သူတို့က မော့တိက ဆက်တိုက်ထိခိုက်အောင် လုပ်ရုံမကဘူး၊ ဒီလို အဆိပ်ပြင်းတဲ့ထောင်ချောက်တောင် လုပ်ထားသေးတယ်လား"


 


" ငါ ကျိန်းသေပေါက်ကူညီမယ်"


စကားပြောနေချိန်တလျှောက်လုံး တိတ်ဆိတ်နေသည့် လီချန်းက ပြောသည်။


"မု၊ မင်းဘာလိုလဲဆိုတာသာ ငါတို့ကိုပြောလိုက်၊ ငါတို့တတ်နိုင်သမျှ လုပ်ပေးမယ်"


"အမှန်ပဲ ငါတို့ အဲဒီ့သက်သေရှာတွေ့တဲ့အထိ တူးထုတ်ပစ်မယ်"


မုန့်ထယ်က နောက်ဆုံးတွင် ဆိုလာခဲ့သည်။


"အမှန်ပဲ ငါလည်းပါမယ်၊ ငါ တရားရုံးကိုတောင် ကိုယ်ရေးကိုယ်တာအရ တက်ပေးဦးမယ်...!" ဂျော့ခ်ျကပါ သဘောတူလာသည်။


"ငါ့လည်းထည့်လိုက်၊ အဲ့ကလေးက ငါ့သားနဲ့ ရွယ်တူလောက်ပဲရှိတာ ငါသူ့ကို အတော်လေး သဘောကျတယ်"


"ငါတို့ကို အချိန်သုံးရက်ပဲပေး၊ ငါတို့အတူ အလုပ်လုပ်ပြီး အဲ့နေ့စဥ်မှတ်တမ်းကို ဘယ်သူရေးလဲဆိုတာ ရှာပြီး သူကအစွန်းရောက်ဖန်တွေ ပြစ်မှုကျူးလွန်အောင် အကွက်ချနေကြောင်း သက်သေပြပစ်မယ်"


ချုတ်က စားပွဲကို ရိုက်ပစ်ကာဖြင့်


"အား၊ ငါအတော်လေး ဒေါသထွက်တယ်၊ ငါ့လပ်တော့ဘယ်မှာလဲ၊ ငါအခုပဲ လုပ်တော့မယ်"


"အလျင်မလိုနဲ့၊ မင်းတို့ အရင်စားကြ"


မုထျန်းဟန်က သူ့ရှန်ပိန်ခွက်ကို ကောက်ယူကာ တစိငုံသောက်လိုက်သည်။


"တကယ်လို့ ငါမမှားရင်၊ ဆာလဖျူရစ်အက်စစ်ကို သုံးချင်နေတဲ့ ပရိတ်သတ်တစ်အုပ်ရှိတယ်မလား၊ သူတို့အဖွဲ့ဝင်အတော်များများက အသက်မပြည့်သေးဘူး၊ ဒါက အသက်မပြည့်သေးတဲ့လူတွေကို ပြစ်မှုကျူးလွန်အောင် အားပေးအားမြှောက်လုပ်မှုပဲ၊ သက်သေပြည့်ပြည့်စုံစုံနဲ့ဆို ငါတို့သူ့ကို ထောင်ထဲ တန်းပို့လို့ရတယ်"


ထိုအခိုက်တွင် မော့တိက သူကိုယ်တိုင် အစားအသောက်များအား သွားယူနေလေသည်။


မော့တိက သူ့ပန်းကန်ထဲသို့ စတိ့ခ်တစ်ခု ထည့်လိုက်သည်။ သူက တစ်ကိုက်ကိုက်လိုက်ပြီးနောက် မုထျန်းဟန်၏ စတိ့ခ်နှင့် လုံးဝမယှဥ်နိုင်သည်ကို သတိပြုမိသွားသည်။ မုထျန်းဟန်၏ စတ့ခ်က ယခုထက် အဆတစ်ထောင် ပိုကောင်းသည်ဟု ထင်မိသည်။


"ဟေး၊ မင်းက ဒီကဝန်ထမ်းလား၊ ငါဘာလို့ အရင်ကမင်းကို မမြင်ဖူးပါလိမ့်"


မော့တိ ဖျော်ရည်အချို့ယူဖို့ ပြုစဥ် သူ့နောက်မှနေ၍ တစ်စုံတစ်ယောက်က စကားပြောလာသည်။ သူ့ကိုပြောနေသကဲ့သို့ ခံစားရသဖြင့် သူက လှည့်ကြည့်လိုက်သည်။ 


1.85မီတာမျှ ရှည်လျားသည့် တာဝါကောင်လေးက(အရပ်ရှည်လို့ခေါ်တာပါ) သူ့အား တောက်ပစွာ ပြုံးရင်း စကားဆိုသည်။


"မင်းက ရိုဒယ်လား"


မော့တိက ချက်ချင်းပင် အက်မန်၏သားနာမည်က ရိုဒယ်ဖြစ်ကြောင်း တွေးမိသွား၏။ 


ဘယ်လိုတောင် ကြီးထွားနေတာလဲ။ ဒီတစ်ယောက်က လုံးဝကို ဆယ့်လေးနှစ်အရွယ်နဲ့ တူမနေဘူးလေ။


"အိုး မင်းငါ့ကို သိတယ်လား"


ရိုဒယ်မှာ စိတ်လှုပ်ရှားသွားပြီး ချက်ချင်းပင် မော်တိအနားသို့ ချဥ်းကပ်လာသည်။


"မင်းပုံစံက ဝန်ထမ်းနဲ့မတူဘူး၊ မင်းနဲ့ငါက ရွယ်တူပဲလို့ထင်တယ်၊ တစ်ယောက်ယောက်ရဲ့သားလား၊ စကားပြောဖို့ ရွယ်တူချင်းတွေ့ရတာ ကောင်းလိုက်တာကွာ၊ လာပါ wechatချင်းလဲရအောင်"


မော့တိ ရိုဒယ်လ်၏‌ဝမ်းသာပီတိဖြစ်နေသည့်မျက်နှာကို ကြည့်ကာ စက္ကန့်အနည်းငယ်ကြာအောင် ငြိမ်သက်သွားပြီးနောက် ခေါင်းငြိမ့်လိုက်သည်။


" အဲ့ဒါဆိုရင် မင်းဘယ်သူနဲ့လာခဲ့တာလဲ…"


 မော့တိနှင့်စကားပြောနေရင်းမှ ရိုဒယ်လ် Wechatကိုဖွင့်နေခဲ့သည်။


" ငါ့ရဲ့… ကိုကို မုထျန်းဟန်နဲ့.."


" မင်းသူ့ကို အစ်ကိုတစ်ယောက်လို့ သတ်မှတ်ထားတာလား… ဒါကမဟုတ်သေးဘူးနော်.. သူ့ကိုဦးလေးလို့ခေါ်သင့်တာ… သူနဲ့ငါ့အဖေက မျိုးဆက်အတူတူပဲ ပြီးတော့ သူကနှစ်ဆယ့်ရှစ်နှစ်တောင်ဖြစ်နေပြီ… မင်း သူ့ကို ကိုကိုလို့ မခေါ်သင့်တော့ဘူး…"


မော့တိ : "...."


" မင်းဘယ်လမွေးတာလဲ…"


မော့တိ : " အောက်တိုဘာလမှာမွေးတာ.. ဒါပေမယ့် ငါတို့ကအသက်မတူဘူး… ငါကအခုဆယ့်ခုနစ်နှစ်ပြည့်ပြီးတော့ ဆယ့်ရှစ်နှစ်ထဲဝင်နေပြီ…"


ရိုဒယ်လ် : " ??!! "


" ဟားဟားး နောက်မနေနဲ့ မင်းကဘယ်လိုလုပ်ပြီး ဆယ့်ခုနစ်နှစ်ဖြစ်နိုင်မှာလဲ…"


 ရိုဒယ်လ် ရယ်မောလိုက်ကာ မော့တိ၏စကားကို မယုံကြည်ခဲ့ပေ။


မော့တိ တည်ငြိမ်စွာ ပြန်ပြောလာခဲ့သည်။


" ငါတို့ဟွာရှားလူမျိုးတွေက အမေရိကန်တွေထက်စာရင် တည်ဆောက်ပုံပိုပြီးသေးကွေးတယ်လေ မင်းသတိမပြုမိဘူးလား…"


ရိုဒယ်လ် : "...."


ရိုဒယ်လ် : " မဖြစ်နိုင်တာ မင်းက 180တောင်မရှိဘူးလေ.."


မော့တိ ရိုဒယ်လ်၏အရပ်ကို မော့ကြည့်ကာ အနည်းငယ်စိတ်ပျက်သွားပြီး


 " ငါက 170ရှိတာ နောက်နှစ်လောက်ဆိုရင်တော့ 180ဖြစ်လာလိမ့်မယ်…ပြီးတော့ လူတစ်ယောက်ရဲ့အရပ်ကိုကြည့်ပြီး အသက်ကိုခန့်မှန်းတဲ့လော့ဂျစ်ကြီးက ဘယ်ကနေထွက်လာရတာလဲ…" 


သူ၏ယခင်ဘဝတွင် မော့တိ၏အရပ်မှာ 180အထိ ရှိခဲ့လေသည်။ ယခုဘဝတွင်မူ သူ၏နေထိုင်မှုပုံစံမှာ ပို၍ပင်ကောင်းမွန်ခဲ့ပြီး အာဟာရပြည့်ဝစွာစားသောက်ခဲ့ရသဖြင့် ထိုနံပါတ်ကိုပင် ကျော်လွန်နိုင်နေသေးသည်။ ထို့အပြင် သူက မော်ဒယ်တစ်ယောက် လုပ်မည်မဟုတ်ပေရာ အရပ်မြင့်မားခြင်းမှာ သူ့အတွက် အရေးမပါလှချေ။


မော့တိ ထိုကလေးနှင့်ဆက်လက်ငြင်းခုံနေရသည်မှာ အနည်းငယ်မရင့်ကျက်ဟု ခံစားရသောကြောင့် ကျင်းသာ့ကျောင်းသားကဒ်ကိုဆွဲထုတ်ကာ ရိုဒယ်လ်ကို ပြလိုက်လေသည်။


 " မြင်လား…"


ရိုဒယ်လ် ကဒ်ကိုကြည့်ကာ အဆုံး၌ ခေါင်းသာငြိမ့်ပြလိုက်ရသည် ။


" ကောင်းပြီ အခုတော့ ငါယုံသွားပါပြီ…"


မော့တိ ရိုဒယ်လ်နှင့်ဆက်လက်စကားမပြောချင်တော့ပေ။ သူက တစ်ခုခုစားရန် ထွက်လာခဲ့သော်လည်း ရိုဒယ်လ်မှာ သူ‌၏နောက်သို့ လိုက်လာကာ စကားတတွတ်တွတ်ပြောနေလေသည်။


 " အိုက်ယား အဲ့ဒါမကောင်းဘူး မစားနဲ့…ဒီပုစွန်ကိုယူ အရသာရှိတယ်…" 


 


ရိုဒယ်လ်က ပုစွန်ကိုယူကာ မော့တိ၏ပန်းကန်ပေါ်သို့ တင်ပေးလိုက်သည်။


 " ဒါကတကယ်ကောင်းတာ မယုံရင် စားကြည့်…"


မော့တိ : "..."


အခြားသူများနှင့် ဆွေးနွေးပြီးနောက် မုထျန်းဟန်ပြန်ထွက်လာချိန်တွင် ရိုဒယ်လ်မှာ သူ့ကောင်ငယ်လေးကို အလွန်အမင်းလိုက်ကပ်နေသည်ကို မြင်လိုက်ရသည်။


မုထျန်းဟန် မသိစိတ်မှ မျက်ခုံးကြုတ်မိသွားပြီး 


" ရိုဒယ်လ် ဘာတွေလုပ်နေတာလဲ…"


" အိုးး ဦးလေးမု…" 


ရိုဒယ်လ်မှာ မုထျန်းဟန်ကို မြင်လိုက်သည်နှင့် ချက်ချင်းလိုပင် ပြေးထွက်လာကာ 


" ဦးလေးမု မတွေ့တာတောင်ကြာပြီ ကျွန်တော့ကို မှတ်မိသေးရဲ့လား…"


" ဒါပေါ့…" 


မုထျန်းဟန် သူ့ထက်စင်တီမီတာအနည်းငယ်သာပုသော ကောင်လေးကြောင့် အနည်းငယ်ထိတ်လန့်သွားရကာ


 " မင်းကတော့ တွေ့တဲ့အခေါက်တိုင်းအရပ်ပိုရှည်လာတာကြီးပဲ…ဒီတိုင်းဆို ၂မီတာတောင်ကျော်တော့မှာ..မင်းဘတ်စကတ်ဘောအသင်းကို ပါဖို့ စဉ်းစားနေပြီလား…"


" ကျွန်တော်က ဘတ်စကတ်ဘောကိုသဘောမကျဘူး.. ဂိမ်းတွေပဲကြိုက်ပြီး ပရိုဂရမ်မာဖြစ်ချင်တာရယ်…" 


ရိုဒယ်လ် အပြုံးကြီးကြီးဖြင့် ပြန်ဖြေလိုက်သည် ။


" ဦးလေးမု ကျွန်တော် မော့တိနဲ့ဂိမ်းတွေအကြောင်းပြောနေတာ … သူကလည်း ဂိမ်းတွေအကြောင်းသိနေပြီးတော့ ကျွန်တော့်ထက်တောင် ဗဟုသုတပိုစုံသေးတယ်…သူကတကယ်မိုက်တာနော်…ကျွန်တော် သူ့ကိုအိမ်ကိုဖိတ်ပြီး ရက်အနည်းငယ်လောက်နေစေချင်တာ အဆင်ပြေမလားဟင်…"


ရိုဒယ်လ်၏အခန်းမှာ မုထျန်းဟန် အက်ဒမန်အတွက်စီစဉ်ပေးသော နေရာတွင်ရှိသည်။ အခြားသူများကဲ့သို့ပင် ၎င်းမှာ မသေးငယ်လှပေ။ လူတိုင်း အနည်းဆုံး အိပ်ခန်းနှစ်ခန်းနှင့် ဧည့်ခန်းနှစ်ခန်းရရှိကြသည်။


မည်သည့်စကားမျှ မပြောရသေးသော မော့တိသည်လည်း အံ့ဩသွားခဲ့သည်။


 "...."


သူက ရိုဒယ်လ်၏ဖိတ်ကြားမှုကို သူမုထျန်းဟန်နှင့် အတူနေနေကြောင်းပြော၍ သူတို့အလုပ်ရှုပ်နိုင်မည်ဖြစ်ကြောင်းစကားဖြင့် ငြင်းပယ်ပြီးဖြစ်သော်လည်း ရိုဒယ်လ်မှ မုထျန်းဟန်ဆီ တိုက်ရိုက်ခွင့်တောင်းမည်ဟု သူမထင်ထားမိပေ။


ဤသည်မှာ မုထျန်းဟန်က သူ၏တာဝန်ရှိသူတစ်ဦးဖြစ်နေသကဲ့သို့ပင်။


မုထျန်းဟန် ပြုံးလျက်သာ ပြောလာသည်။


 " ဒါကအဆင်မပြေမှာကိုတော့ ငါစိုးရိမ်မိသား… မော့တိနဲ့ငါက စီးပွားရေးအတွက်တက်ရောက်စရာအချို့ရှိတယ်လေ..တကယ်လို့ မင်း မော့တိနဲ့လျှောက်လည်ချင်တယ်ဆိုတော့ ငါတို့နေရာကို တစ်ခါတလေလာလို့ရပါတယ်…"


မော့တိ မုထျန်းဟန်ကိုကြည့်ကာ မည်သို့ဖြင့် သူတို့၏ငြင်းပယ်မှုမှာ ဤမျှတူညီနေသည်နည်းဟု စဉ်းစားနေမိသည်။ သူတို့စိတ်ခြင်းပင်ဆက်နေသည်လား။


" ကောင်စုတ်လေးကတော့.. ဒီကိုလာစမ်း…"


အက်ဒမန်ချက်ချင်းဆိုသလို ရောက်ချလာကာ သူ့ထက်ပင် အရပ်ရှည်နေပြီဖြစ်သော ရိုဒယ်လ်ကို ကော်လာမှပင် ဆွဲခေါ်‌သွားပြီး သူ၏ဘေးတွင်ထားလိုက်ကာ


 " မင်းဟွာရှားမှာ ကောင်းကောင်းနေရင် ကောင်းမယ်နော်… ပြဿနာလျှောက်ရှာ‌မနေနဲ့…"


သူက သူ့သားအကြောင်းကို ကောင်းကောင်းနားလည်လေသည်။ ထိုကလေးမှာ အလွန်ရုပ်ရည်ချောမောလွန်း၍သာ သူ့သားဖြစ်သူမှ ရင်းနှီးရန် လမ်းစရှာနေခြင်းဖြစ်သည်။ အက်ဒမန် အံ့ဩနေမိသည်။ သူရော သူ့ဇနီးပါ ရုပ်ရည်ချောမောသူများကို ငမ်းတတ်သော်လည်း သူတို့၏သားမှာ ထိုအရာကို အမွေဆက်ခံရုံသာမက ထိုသူတွင် မျက်နှာလှလှလေးရှိနေသရွေ့ ယောင်္ကျားလေးဖြစ်စေ မိန်းကလေးဖြစ်စေ ဂရုမစိုက်တော့ပေ။


Xxxxxxx