အပိုင်း ၈၂
Viewers 28k

Chapter 82


ထိုကောင်စုတ်လေးအတွက်တော့ အက်ဒမန် သူ့သား၏ဦးနှောက်ကိုပင် ပြန်လည်ပြင်ဆင်ပေးချင်မိသည်။


" ငါတို့ ခုနကဆွေးနွေးခဲ့တာက အခြေကျပြီဆိုတော့ ဒီနေ့ညနေပဲစလိုက်တာပေါ့…ဘယ်ကနေ ဘယ်လိုစရမယ်ဆိုတာတော့ ငါ မင်းတို့ကို နောက်ကျရင် ပြောလိုက်ပါ့မယ်…"


 မုထျန်းဟန် လီချန်းနှင့် ကျန်သောသူများကို ကြည့်ကာ 


 


" ငါ ဒါကိုတော့ မင်းတို့ကိုပဲ ဒုက္ခပေးရတော့မှာပဲ… ဒါပြီးရင်တော့ လူတိုင်းကို အရက်ကောင်းကောင်းတစ်ခွက်လိုက်တိုက်ပါ့မယ်…"


မုထျန်းဟန်က မော့စစ်လန်ကို ဖြေရှင်းရာတွင် ကူညီရန် အောင်အောင်မြင်မြင်စည်းရုံးနိုင်သွားကြောင်းကို သိလိုက်ရသည့်အတွက် မော့တိ အလျင်အမြန် သူ၏ကျေးဇူးတင်မှုကို ဖော်ပြလိုက်ပြီး ဦးညွှတ်ကာ


 " ကျေးဇူးတင်ပါတယ် ဦးလေးတို့ … ကျေးဇူးအများကြီးတင်ပါတယ်…"


" အိုက်ယား ဒီလောက်လည်း ယဉ်ကျေးနေဖို့မလိုပါဘူး… ငါတို့လည်း အဲ့ကိစ္စနဲ့ပတ်သက်ပြီး အတော်လေးစိတ်ခုနေတာ.. မင်းအကူအညီမတောင်းရင်တောင်မှပဲ ငါတို့ သူ့ကိုသူရှိနေသင့်တဲ့နေရာကို ပို့ပစ်ဦးမှာ…" 


ဂျော့ခ်ျမှ မော့တိကို ပြောလာခဲ့သည်။


" အမှန်ပဲ ဒီလိုလူက သူနဲ့ထိုက်တန်တဲ့အရာကို ရသင့်တယ်…" 


ချုတ်မှ ထပ်ပေါင်းလိုက်သည်။


" ဒါပေမယ့်လည်း ကျွန်တော်က ဦးလေးတို့ရဲ့အကူအညီကို ရခဲ့တာဆိုတော့ ကျွန်တော့်ရဲ့ကျေးဇူးကို ပြန်ပြသင့်ပါတယ်… ဒါတွေပြီးသွားရင် ကျွန်တော့်ကိုအားလုံးက ထမင်းဖိတ်ကျွေးခွင့်ပေးမယ်လို့ ထင်ပါတယ်…"


" သူတို့ မင်းဖိတ်တာကို ကျိန်းသေပေါက်လက်ခံမှာပါ…" 


မုထျန်းဟန် မော့တိ၏ဆံပင်ပျော့ပျော့လေးကို ပွတ်သပ်ပေးလိုက်ပြီးနောက် ပုခုံးပေါ်သို့ လက်တင်လိုက်သည်။


 " မင်းကသူတို့ကိုအစားကောင်းတွေနဲ့ ဧည့်ခံပြီး ကိုယ်ကတော့ ဝိုင်ကောင်းကောင်းနဲ့ဆိုတော့ သူတို့ရူးနေမှပဲ ငြင်းလိမ့်မယ်…"


လူတိုင်းမှာ ရယ်မောလိုက်သော်လည်း ရိုဒယ်လ် တစ်ယောက်တည်းသည်သာ ဘုမသိဘမသိနှင့် ရှုပ်ထွေးနေခဲ့သည်။ သူလူကြီးများကိုကြည့်ကာ မေးချလိုက်လေသည် ။


" ဘာဖြစ်နေတာလဲ… ဘာတွေပြောနေကြတာလဲဟင်…"


မုထျန်းဟန် မော့တိနှင့်အတူ ထွက်မသွားခင်အထိ ထိုသူများနှင့် စကားအနည်းငယ်ဆက်လက်ပြောဆိုနေခဲ့သည်။ အဆုံး၌ သူ့တွင် သူတို့နှစ်ဦးစလုံးအတွက် အရေးကြီးသောအစီအစဉ်ရှိနေသည်လေ။


မော့တိ ယာဉ်မောင်းဘေးမှ ခုံတွင်ထိုင်ကာ ‌မုထျန်းဟန်ကို ကြည့်နေခဲ့သည်။ သူတစ်စုံတစ်ခုကို ပြောချင်နေသော်လည်း အဆုံးတွင် တိတ်တဆိတ်သာ လိုက်ပါလာလေသည်။


မုထျန်းဟန် မော့တိ ယောက်ယက်ခတ်နေသည်ကို ‌မြင်လိုက်သောကြောင့် ပြုံးကာ ပြောလာခဲ့သည်။


 " ကလေးလေး မင်းတစ်ခုခုပြောချင်လို့လား…"


" ဟင့်အင်း ဘာမှမဟုတ်ပါဘူး…" 


မော့တိ လမ်းဘေးမှ ဖြတ်သွားသည့် သစ်ပင်များကိုကြည့်ကာ တိတ်ဆိတ်၍သာနေခဲ့သည်။ ခဏအကြာတွင် သူ့၏ဖုန်းကို သတင်းကြည့်ရန်အတွက် ဖွင့်လိုက်လေသည်။


မော့တိ စာအချို့ကို ကြည့်ကာ ရှုံ့မဲ့သွားခဲ့သည်။ အဖွဲ့ထဲရှိ တစ်စုံတစ်ယောက်မှ မော့တိ အားလပ်ရက်များအတွင်း ကျောင်းမလာသည်ကို ထုတ်ဖော်ခဲ့ကြပြီး သူတို့က သူ၏လက်ရှိလိပ်စာကို ရှာဖွေစုံစမ်းနေကြသည်။


မော့တိ သံသယဝင်မိသော အသုံးပြုတစ်ဦးမှ မော့စစ်လန် သူ့ကိုရှာရခက်မည်လို့ပြောခဲ့လေသည်။ သို့သော်လည်း သူတို့ သူမော့မိသားစုနှင့် အငြင်းပွားခဲ့သောဗီဒီယိုကိုသာ စစ်ဆေးမည်ဆိုပါက ထိုထဲတွင် သဲလွန်စအချို့ ရှာတွေ့သွားပေမည်။


မော့တိ ဖုန်းကို အဝေးပို့လိုက်ပြီးနောက် ‌မုထျန်းဟန်အား ထိတ်လန့်တကြားပြောပြလာခဲ့သည်။


 " ကိုကို မော့စစ်လန်ရဲ့ပရိသတ်တွေက ကျွန်တော့်ရဲ့လက်ရှိလိပ်စာကို ရှာဖို့ကြိုးစားနေကြတယ်… ကျွန်တော်ဘာလုပ်သင့်လဲ.. တကယ်လို့ သူတို့သာရှာတွေ့သွားရင် ကိုကိုနဲ့ အစ်ကိုလိုင်သယ်စစ်အပေါ်လည်း သက်ရောက်လိမ့်မယ်…"


" စိတ်မပူပါနဲ့ သူတို့မဝင်လာနိုင်ပါဘူး… အရင်တစ်ခေါက် မော့မိသားစုကလူတွေဝင်လာနိုင်တယ်ဆိုတာ သူတို့နဲ့အတူ ချင်ချန်းယီရှိနေလို့လေ… သူကဒီနားမှာ အဆက်အသွယ်အချို့ရှိနေတော့ ဝင်ခွင့်ပြုလိုက်တာ…ဒီလူတွေကတော့ အဲ့လိုအဆက်အသွယ်မျိုး မရှိနိုင်ပါဘူး…"


" ဒါပေမယ့် တကယ်လို့ ချင်ချန်းယီ ဒါမှမဟုတ် မော့မိသားစုက လူတွေက သူတို့ကို ကူညီမဲ့သူရသွားရင်ကော…သူတို့ကို ဝင်ခွင့်ပေးရုံနဲ့ အန္တရာယ်မရှိနိုင်ဘူးဆိုပေမဲ့ အဆုံးမှာတော့ သူတို့လည်း ဒီလူတွေဘာလုပ်မယ်မှန်းမသိလို့ ပေးဝင်မိတာပါလို့ ပြောလို့ရတယ်လေ…" 


မော့တိမှာ ဂဏာမငြိမ်‌ဖြစ်နေသေးသည်။


သို့သော်လည်း မုထျန်းဟန် ပြုံးပြလိုက်ပြီးနောက် ပြောလာခဲ့သည် ။


" သူတို့အကူအညီရသွားတယ်ဆိုရင်တောင်မှပဲ ကိုယ်တို့အသိပေးပြီး အစောင့်ထားထားလို့ ရပါသေးတယ်…မင်းစိတ်ပူဖို့မလိုပါဘူး… ပြီးတော့ သူတို့ကဘယ်လိုလုပ်ပြီး လိုင်သယ်စစ်နဲ့ကိုယ့်ကို အန္တရာယ်ပေးနိုင်မှာတဲ့လဲ…အဲ့ကိစ္စအတွက် စိတ်ညစ်မနေပါနဲ့တော့…"


မုထျန်းဟန်မှ သူ့ကို စိတ်အေးရန်ပြောနေသည့်အတွက် မော့တိလည်း ထပ်မပြောတော့ပေ။ သူ မော့စစ်လန်နှင့်သူ၏အစွန်းရောက်ပရိသတ်များကို အမြန်ထောင်ထဲပို့နိုင်ရန်ကိုသာ မျှော်လင့်နေမိသည်။


မော့တိ၏စိတ်အခြေအနေ အနည်းငယ်မြင့်တက်လာခဲ့သည်။


တကယ်တော့ သူထိုအရာနှင့်ပတ်သက်၍ ပူပန်နေရန်မလိုပေ။ ယခုဘဝရှိအရာအားလုံးမှာ မျက်နှာသာပေးခံရသောလမ်းကြောင်းတွင် ရှိနေပေရာ သူတစ်ဆင့်ပြီး တစ်ဆင့် ဖြေရှင်းနိုင်ပေလိမ့်မည်။


" ကိုကို…"


မော့တိ ရုတ်တရက်မုထျန်းဟန်ကို လှည့်ကြည့်လိုက်ပြီး


 " မော့စစ်လန်ကို ဆန့်ကျင်နိုင်မဲ့ သက်သေကိုရှာဖို့နောက်ထပ်နည်းလမ်းတစ်ခုက သူရဲ့အမျိုးသမီးလက်ထောက်နဲ့ ချင်ချန်းယီဆီမှာရှိလိမ့်မယ်… သူ့လက်ထောက်က သူ့ကို စုံလုံကန်းပြီးကို ချစ်မြတ်နိုးနေတာ ပြီးတော့ သူ့အတွက်အရာအားလုံးကို လုပ်နိုင်တယ် မော့စစ်လန် တကယ်ပြစ်မှုကျူးလွန်ခဲ့ရင်တောင် အဲ့ဒီအမျိုးသမီးက သေချာပေါက်ဖုံးကွယ်ပစ်ပြီးတော့ သူ့အစားအပြစ်ခံယူသွားမှာ…"


" ချင်ချန်းယီအတွက်ကတော့ သူနဲ့မော့စစ်လန်ပူးပေါင်းဖို့ ရာခိုင်နှုန်းက အရမ်းမြင့်နေတာ…ကျွန်တော်တို့ အဲ့ဒီလူနှစ်ယောက်ကနေ စသင့်တယ်…"


" ကောင်းပြီ ကိုယ်ဒါကို လီချန်းနဲ့တခြားသူတွေဆီ လွှဲပေးလိုက်မယ်…"


 မုထျန်းဟန် သူ၏မျက်လုံးများကို ပိတ်လိုက်ပြီးနောက် အတိုချူံးပြောလိုက်သည်။


 


 " ချင်ချန်းယီကတော့ အတော်လေးကြောက်ဖို့ကောင်းမယ့်ပြိုင်ဘက်ပဲ… ချင်မိသားစုက အမြဲလိုအာဏာကြီးခဲ့ပေမဲ့ တကယ်လို့သာ ချင်ကွမ်းကျယ်က သတိကြီးကြီးမထားနိုင်ဘူးဆိုရင် ကိုယ်ကြောက်တာက သူ့ကို ချင်ချန်းယီလွယ်လွယ်လေးဖြုတ်ချနိုင်မှာကိုပဲ…ချင်ချန်းယီက အတော်လေးလုပ်နိုင်ပြီးတော့ သူရဲ့အဖေထက်တောင် ပိုပြီး အကျင့်ပျက်နေသေးတယ်… ဒါပေမယ့် ကောင်းတာတော့ကောင်းပါတယ်… ကိုယ်တို့သူ့ကို အနှေးနဲ့အမြန် သူရဲ့ပြစ်မှုတွေအတွက် ထောင်ထဲထည့်နိုင်လိမ့်မယ်…"


ချင်ကွမ်းကျယ်မှာ ချင်ချန်းယီ၏ဖခင်ဖြစ်သည်။ မော့တိ၏ ထိုသူအပေါ် တစ်ခုတည်းသောအမြင်မှာ ဟွာရှား၏အချမ်းသာဆုံးလူဟူ၍ပင်ဖြစ်သည်။ ထိုကဲ့သို့တွေးကြည့်ပါက ချင်ကွမ်းကျယ်မှာ သေချာပေါက် ဖြောင့်မတ်သူမဟုတ်သော်ငြား သူ၏ကန့်သတ်ချက်ကို သူသိသူဖြစ်သည်။


ဗီလာသို့ ပြန်ရောက်ချိန်တွင် မုထျန်းဟန် မော့တိကို တတိယထပ်သို့မတက်ခင် သွားအနားယူရန် ပြောလာခဲ့သည်။ သူပြန်ရောက်လာချိန်၌ သူ၏လက်ထဲတွင် သော့တစ်ချောင်းပါလာခဲ့သည်။


မော့တိ ရေချိုးခန်းသို့သွားကာ သူ၏မျက်နှာကိုဆေးကြောလိုက်ပြီးနောက် လသာဆောင်တွင် ပန်း‌ပင်များကို ရေလောင်းနေသည်။ ရေစက်များမှာ သူ၏မျက်နှာထက်တွင် တွဲခိုနေပြီး သူ၏ဆံပင်မှာ အနည်းငယ်စိုစွတ်နေသည်။ အပင်ရေလောင်းသည့်ဘူးကို ကိုင်ထားရင်းမှ မုထျန်းဟန် ရောက်လာသည်ကို သိသည်နှင့် သူ၏ခေါင်းမှာ ချက်ချင်းဆိုသလို အနောက်သို့လှည့်လာပြီး ပြုံးလျက်


 " ကိုကို …"


" အင်း.." 


မုထျန်းဟန် မော့တိ၏ခေါင်းကို ငြင်သာစွာ ပုတ်ပေးလိုက်သည်။ ထို့နောက် မော့တိ၏လက်ကိုကိုင်ကာ သော့ကို လက်ဖဝါးပေါ်တင်ပေးလိုက်ပြီး 


" ဒါမင်းအတွက်…"


" ဘာကြီးလဲ…" 


မော့တိ ထူးခြားပုံရသည့်သော့ကို ကြည့်ကာ မေးလိုက်သည် ။


" ဘာအတွက်ဖွင့်ရတာလဲ…"


" ဒါကိုယ့်ရဲ့အခန်းနဲ့ စာကြည့်ခန်းအတွက်ပဲ…" 


မုထျန်းဟန် မော့တိကို ကြင်နာစွာကြည့်လိုက်ပြီး 


" တကယ်လို့ ကိုယ်မူးလာခဲ့ရင် ကိုယ့်ကို အခန်းထဲ တွဲခေါ်လာပေးဖို့ ကူညီပါဦး… သေချာတာပေါ့ ဒါကမင်းအတွက် ဒုက္ခများစေမယ်ဆိုရင်တော့ ပထမထပ်က မင်းရဲ့အခန်းထဲမှာပဲ အမြဲလိုကိုယ့်ကိုထားလိုက်လို့ ရပါတယ်…"


" ကိုကို… ခင်များ…"


မော့တိ အသက်ရှုမှားသွားသလိုပင်။ သူမုထျန်းဟန်၏ မျက်လုံးများထဲသို့ နက်နက်နဲနဲစိုက်ကြည့်လိုက်ပြီး


 " ကိုကို ကျွန်တော်က ကိုကိုသဘောကျနေတဲ့သူမလား…"


ညနေခင်းနေဝင်ချိန် အလင်းရောင်များ ဖြာကျနေပြီး ၎င်း၏နူးညံ့နွေးထွေးသော အလင်းတန်းများက သူတို့အနားတွင် ဝန်းရံနေခဲ့သည်။


မုထျန်းဟန် နူးညံ့မှုအပြည့်နှင့် ပြုံးပြလာကာ သူ၏မျက်လုံးများက ယခင်အချိန်ကထက် ပို၍သန်မာသော ခံစားချက်များကို ပြသနေခဲ့သည်။


 " ဒီမေးခွန်းက ဖြေဖို့အရမ်းလွယ်ပေမယ့် လုပ်ဖို့ခက်တယ်…"


မုထျန်းဟန် မော့တိ၏ပုံပန်းသွင်ပြင်ကို သဘောကျနေခဲ့သည်။ နေရောင်ခြည်မှ သူ၏မျက်နှာကို နူးညံ့တောက်ပစွာ ကာကွယ်ပေးထားကာ သူ၏ဆံပင်များကို လင်းလက်နေစေပြီး သူ၏ထင်ရှားသော လက္ခဏာရပ်များကို မီးမောင်းထိုးပြနေသည်။ မုထျန်းဟန် ထိုကောင်ငယ်လေးကို အရသာခံချင်မိသည်။ သူ၏ခြေထောက်‌ရှည်များကို ရွှေ့ကာ အဝေးတွင် ပိတ်ဆို့လိုက်ပြီး


 " ကိုယ်ထင်တာတော့ ကိုယ်အတော်လေးသိသာနေခဲ့တယ်ထင်တယ်…"


မော့တိ မုထျန်းဟန်၏ရုတ်တရက်ပိုင်ဆိုင်လိုစိတ် ကြီးမားလာမှုကြောင့် အနည်းငယ်စိတ်ရှုပ်သွားသဖြင့် သူ၏မသိစိတ်မှ နောက်သို့ခြေတစ်လှမ်းဆုတ်ကာ လသာဆောင်လက်ရန်းကို မှီချမိသွားသည်။


မုထျန်းဟန်မှာမူ ရှေ့သို့သာ ဆက်တိုးလာကာ အဆုံးတွင် သူတို့ကြား၌ လက်မောင်းတစ်လုံးခန့်သာ ကွာဝေးနေတော့သည်။ မုထျန်းဟန် သူ၏လက်နှစ်ဖက်ကို မော့တိရှိနေသည့် လက်‌ရန်းပေါ်တွင် ထောက်ထားလိုက်ကာ ကိုယ်ကိုကိုင်း၍ ကြည့်နေခဲ့သည်။


မော့တိ၏မျက်နှာမှာ အနီရောင်ဆိုးထားသကဲ့သို့ နီမြန်းလာပြီး အသက်ရှုပင် ခက်ခဲလာလေသည်။ ဤနေရာတွင် မည်သည့်အရာများ ဖြစ်ပျက်နေသည်နည်း။ မုထျန်းဟန်မှာ ပြောင်းလဲလာခဲ့သည်။ သူမဟုတ်မှလွဲ…


" မင်းက ကိုယ်ဘာလို့ အရင်လိုမနူးညံ့တော့ဘဲ ပြောင်းလဲသွားလဲဆိုတာကို အံ့ဩနေတာလား…"


 မုထျန်းဟန်၏မျက်လုံးများမှာ နက်ရှိုင်းသောခံစားချက်များကို သယ်ဆောင်ထားပြီး အနည်းငယ်အန္တရာယ်ရှိသောခံစားချက်မျိုးရှိနေခဲ့သည်။ 


‌မုထျန်းဟန် ပြုံးလျက် 


" ကိုယ်က မင်းအရမ်းငယ်သေးတာကြောင့်သာ ကိုယ့်ကိုယ်ကိုယ်ချုပ်တီးထားခဲ့တာ…ကိုယ်ကမင်းထက်အများကြီးအသက်ကြီးပြီးတော့ မင်းကအခုထိအသက်မပြည့်သေးဘူးလေ.. ကိုယ်သာမင်းကို ကြမ်းကြမ်းတမ်းတမ်းပြုမူမိသွားရင် သားရဲတစ်ကောင်နဲ့တူသွားမှာပေါ့…"


" ဒါပေမယ့် ကလေးလေး မင်း ‌ကိုယ့်ရဲ့အကြပ်အတည်းတွေကို သိသိသာသာကြီး နားမလည်နေဘူးပဲ…"


" ကျွန်.. ကျွန်တော်မဟုတ်… ကျွန်တော်မလုပ်…"


 မော့တိ စကားထစ်နေခဲ့သည်။ သူ ယခင်က ထိုသို့သော အရာမျိုးကို မတွေ့ကြုံခဲ့ဖူးသဖြင့် ကိုင်တွယ်နိုင်စွမ်း အလွန်နည်းပါးနေခဲ့သည်။ သူယခင်က မည်မျှပင် ကောင်းကောင်းပြင်ဆင်ခဲ့ပါစေ နဖူးတွေ့ဒူးတွေ့ကြုံလာရသည့်အချိန်မှာတော့ သူ၏အာရုံကြောများက စကားနားထောင်ရန် ငြင်းပယ်နေလေသည်။


မုထျန်းဟန် မော့တိ၏ထူးခြားသင်းပျံ့သောကိုယ်သင်းနံ့ကို ရှုရှိုက်မိသည့်အကွာအဝေးအထိ တိုးကပ်လာသည်။ သူ၏ကောင်ငယ်လေး လန့်ပြေးသွားမည်ကို စိုးရိမ်မိသည့်အတွက် သူ၏အသံကို အတတ်နိုင်ဆုံးနူးညံ့အောင် ချုပ်တီးနေခဲ့ရသည်။


" မင်းဒီနေ့နေ့ခင်းကမေးခဲ့တဲ့ မေးခွန်းကို ကိုယ်အခုဖြေပေးမယ်…"


" ဒါပေါ့ ကိုယ်မင်းကိုသဘောကျတယ်…မင်းဒီနေရာကို ပြောင်းလာကတည်းက ကိုယ်မင်းကို အရမ်းသဘောကျနေခဲ့တာ…ဒါပေမယ့် အချို့သော အကြောင်းပြချက်တွေကြောင့် ကိုယ့်ကိုကိုယ်ချုပ်တီးထားခဲ့ရပြီး မင်းကို ရှင်းရှင်းလင်းလင်းပြောမပြနိုင်ခဲ့တာ…"


" ကိုယ်က မင်းကိုဖွင့်ပြောလို့ရတဲ့အရွယ်ရောက်လာတဲ့အထိ စောင့်ထိန်းချင်တာကို… ကလေးလေး မင်းက ပူးပေါင်းဖို့ ငြင်းပယ်နေတာပဲ…"


မော့တိ အသက်သာအောင့်ထားမိသည်။ သူ၏ပါးပြင်မှာ နီရဲနေခဲ့ပြီး နောက်ဆုံးအချိန်မှသာ သူအသက်ရှုရမည်ကို သတိရသွားကာ မုထျန်းဟန်ကို ကြည့်၍ မေးလိုက်သည်။


 " အဲ့ဒါဆိုရင် ကို ကိုကို.... ကိုကိုပြောနေတာက ကျွန်တော့်ကို သဘောကျတယ်ပေါ့…ပြီးတော့ .. အခု… ကျွန်တော့်ကို ဖွင့်ပြောနေတာလား…"


" ဒါပေါ့ ကိုယ်ဖွင့်ပြောနေတာ… ဒါပေမယ့်.." 


မုထျန်းဟန် ရုတ်တရက်ရယ်ချလိုက်ကာ 


" အခုတော့ မင်းက သားရဲကောင်ကြီးရဲ့ နောက်ဆုံးစည်းကို ရိုက်ချိုးပစ်လိုက်တာပဲ…နောက်ကျရင် မင်းဘာတွေကြုံရတော့မလဲဆိုတာကော သိရဲ့လား…"


" ? " 


မော့တိ၏မျက်လုံးများ ဝိုင်းစက်သွားကာ နောက်သို့ဆုတ်သွားပြီး


" ဟ…"


" မင်းရဲ့စိတ်ကို ပြင်ဆင်ထားသင့်တယ်…"


 မုထျန်းဟန် သန်မာချင်ဟန်ဆောင်ထားသော်လည်း စစ်မြေပြင်သို့ရောက်သွားသည်နှင့် ပျော့ခွေသွားသော ကောင်ငယ်လေးကို ကြည့်ကာ သူ၏နှလုံးသားတစ်ခုလုံး အရည်ပျော်ကျသွားပြီး ရယ်မောလိုက်မိသည်။ သူက မော့တိကို ကောက်ချီကာ လသာဆောင်လက်ရန်းပေါ်တွင် ထိုင်နိုင်ရန် ကူညီပေးလိုက်လေသည်။


လက်ရန်းမှာ ကျယ်ပြန့်သော်လည်း မော့တိ အတန်ငယ်မျှ တုန်ယင်နေခဲ့သည်။ သူ၏တုံ့ပြန်နိုင်စွမ်းကြောင့် မော့တိ မုထျန်းဟန်၏ပုခုံးကိုသာ ဆုပ်ကိုင်ထားမိတော့သည်။


မုထျန်းဟန်မှာမူ မော့တိကို အလွန်မြတ်နိုးစွာ ကြည့်နေခဲ့သည်။ သူ၏လက်များမှာ မော့တိဘေးနှစ်ဖက်တွင် ကာရံထားကာ သူတို့ကြားတွင် နေရာလွတ်အများကြီး မကျန်တော့ချေ။ သူတို့ တစ်ဦး၏အပူချိန်ကို တစ်ဦးခံစားမိသည်အထိ နီးကပ်နေကြသည်။ နေရောင်မှာ သူတို့အပေါ်ဖြာကျနေပြီး ပန်းများ၏မွှေးရနံ့က သူတို့နှာခေါင်းအနီးသို့ ဝေ့ဝဲလာလေသည်။ မော့တိ အနည်းငယ် အသက်ရှုမဝဖြစ်လာပြီး မူးဝေလာခဲ့သည်။


မုထျန်းဟန် ငုံ့ကိုင်းလာကာ မော့တိ၏မျက်နှာပေါ်သို့ ငြင်သာစွာဖြင့် အနမ်းတစ်ပွင့်ပေးလိုက်လေသည်။


" မင်းထပ်ပြီး ပေါက်ကရတွေ လျှောက်မှန်းနေစရာမလိုတော့ဘူး…သေချာတာပေါ့ ကိုယ်သဘောကျတာ မင်းလေးပဲလေ… ကိုယ်မင်းကို မင်းစိတ်ကူးနိုင်တာထက်ကို ပိုသဘောကျတယ်…"


ဘမျးးး 


မော့တိ၏ခေါင်းထဲတွင် ရုတ်တရက် အသံတစ်ခုပေါက်ကွဲထွက်လာခဲ့သည်။ သူ၏ပါးပြင်မှ ပေါ့ပါးသောအထိအတွေ့မှာ သူ၏ကျောရိုး‌တစ်လျောက် ပြေးလွားနေသော လျှပ်စီးကြောင်းကဲ့သို့ ဖြစ်နေကာ သူ၏တစ်ကိုယ်လုံးကို အကြောသေစေပြီး သူ၏ပါးပြင်များ ထုံကျင်လာခဲ့သည်။


သူ၏နှလုံးခုန်သံမှာ ဒရမ်တစ်လုံးကဲ့သို့ မြည်ဟီးနေခဲ့ပြီး ‌မုထျန်းဟန်၏ သံလိုက်ကဲ့သို့ အသံမှ သူ၏နားထဲသို့ စိတ်လှုပ်ရှားမှုများကို ပို့ဆောင်နေသည်။


သူ… သူ မုထျန်းဟန်ဆီက အနမ်းခံလိုက်ရတာလား…


မုထျန်းဟန် သူ၏ရှေ့တွင် ထိုင်နေသော ကြောက်လန့်နေသည့် ငုံးကောင်လေးသဖွယ် ဖြစ်နေသည့် မော့တိကို ကြည့်ကာ ပြုံးလိုက်မိသည်။ ထို့နောက် ချစ်မြတ်နိုးနေသော အသံဖြင့် ပြောလိုက်လေသည်။


" တွေ့ပြီလား… အခုတော့ မင်းအတော်လေးဆုံးရှုံးရတော့မယ်…မင်းကအသေအချာ ချစ်ခွင့်ပန်ဖို့ မပြင်ဆင်နိုင်ခဲ့တဲ့ သားရဲအိုကြီးနဲ့ နေရတော့မယ့်အပြင် အခုချိန်ကစပြီး ကိုယ်သိမ်းယူတာကိုပါ ခံရတော့မှာ…"


Xxxxxx