အပိုင်း ၉၅
Viewers 28k

Chapter 95


မုထျန်းဟန်က ဗီလာတတိယထပ်သို့ ဦးဆောင်သွားခဲ့သည်။ 


၎င်းမှာ မော့တိအတွက် တတိယထပ်သို့ ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်လေသည်။ မုထျန်းဟန်က သူ့အတွက် သော့ပေးထားသော်လည်း ဤနေရာတွင် တစ်ခါမှအချိန်ကုန်ဆုံးခဲ့ဖူးချေ။  


တတိယထပ်တွင် ဧည့်ခန်းတစ်ခန်းနှင့် အိပ်ခန်းတစ်ခန်းသာရှိပြီး သီးသန့်ဆန်ကာ ကျယ်ဝန်းလှ၏။ ဧည့်ခန်းအရှေ့ဘက်တွင် ဝရန်တာတစ်ခုရှိကာ နံဘေးတွင်မူ အိပ်ခန်းရှိ၏။ အိပ်ခန်းဝရန်တာ၏ ဘေးနှစ်ဖက်လုံးကို နံရံများဖြင့်ကာရံထားခြင်းဖြစ်ရာ အပြင်ဘက်မှ လှမ်းကြည့်ပါက မည်သည့်အရာကိုမှ သဲသဲကွဲကွဲတွေ့ရမှာမဟုတ်ချေ။  


မုထျန်းဟန်က မော့တိအား အိပ်ခန်းသို့ခေါ်ဆောင်လာခဲ့သည်။ ထို့နောက် ကြီးမားသော မီးခိုးရောင်ဗီရိုအတွင်းမှ သေတ္တာငယ်လေးတစ်ခုအား ထုတ်ယူလိုက်၏။  


ငွေရောင်သေတ္တာလေးက အနားများလုံးဝန်း၍နေကာ လည်သာကြိုးကလေးဖြင့် အနားကွပ်ထားလျှက် ရှင်းပြ၍မရသည့် မြတ်နိုးဖွယ်ခံစားချက်ကို ပေးစွမ်းလျှက်ရှိသည်။ 


“မင်းသဘောကျမလား ကြည့်ရအောင်...” 


မုထျန်းဟန်က အဆိုပါသေတ္တာကလေးအား မော့တိ၏လက်တွင်းသို့ ထည့်ပေးလိုက်ကာ ဝရန်တာအနီးသို့ ဦးဆောင်သွားခဲ့သည်။


မော့တိက သိချင်စိတ်များဖြင့် ပြည့်နှက်လျက်ရှိ၏။ သူက မုထျန်းဟန်ကိုကြည့်ကာ  


 “ကိုကို...ဒါကဘာလဲ...”


“ခန့်မှန်းကြည့်လေ...”


“ကျွန်တော် မမှန်းတတ်ဘူး...” 


မော့တိက သေတ္တာအား စူးစမ်းလိုက်သည့်အခါ လျှို့ဝှက်နံပါတ်ရှိနေကြောင်း တွေ့လိုက်ရသည်။ 


“ကိုကို...လျှို့ဝှက်နံပါတ်တောင်းနေတယ်...” 


“အဲ့ဒါက ဂဏန်းလေးလုံးထဲရယ်...ဒီလောက်ဆိုရင် မင်းခန့်မှန်းလို့ ရမှာပါ...” 


မုထျန်းဟန်က မော့တိအား ချစ်မြတ်နိုးဟန်ဖြင့် ကြည့်လိုက်သည်။ 


မော့တိ ကြောင်အသွားခဲ့သည်။ သူက ကြိုးစားကြည့်သည့်အနေဖြင့် 1030 ဟူသော နံပါတ်များကို နှိပ်လိုက်၏။ ၎င်းမှာ သူ၏မွေးနေ့ ဖြစ်ချေသည်။ 


သူ သော့အိမ်ကိုဖိလိုက်သည့်အခါ ကလစ် ဟူသော အသံနှင့်အတူ သေတ္တာပွင့်သွားခဲ့သည်။ 


မော့တိက မုထျန်းဟန်အား လျင်မြန်စွာကြည့်လိုက်မိ၏။ တစ်ဖက်လူက ချစ်ခြင်းမေတ္တာများ ပြည့်နှက်နေသည့် မျက်ဝန်းများဖြင့် သူ့အားငုံ့မိုးကာကြည့်နေသည်ကို တွေ့လိုက်ရသည်။ မုထျန်းဟန်၏ အနောက်ဘက်တွင် နေရောင်ခြည်အချို့ သွန်းလောင်းလျက်ရှိကာ ရွှေအိုရောင်ဖျော့ဖျော့အဆင်းက သူ့အား အနားသတ်ပေးသကဲ့သို့ရှိ၏။  


မော့တိ အနည်းငယ်အသက်ရှူလိုက်ကာ ပွင့်နေပြီဖြစ်သည့် သေတ္တာထံသို့ အကြည့်ပြန်လွှဲလိုက်သည်။  


သေတ္တာအတွင်းတွင် ဓာတ်ပုံများ၊ အယ်လ်ဘမ်များအပြင် ဘွဲ့လက်မှတ်များနှင့် အောင်လက်မှတ်များကဲ့သို့ အရာများ ရှိနေလေသည်။  


မော့တိက စိတ်ထဲတွင် အရဲစွန့်ကာ ခန့်မှန်းမိခဲ့သော်လည်း မုထျန်းဟန်၏ ငယ်ရွယ်၍ ယောက်ျားပီသသော အထက်တန်းကျောင်းသားအဖြစ်မှ မင်းသားလေးကဲ့သို့ ချစ်စရာကောင်းသည့် အလယ်တန်းကျောင်းသားလေးအထိ ပုံများပါဝင်သော ဓာတ်ပုံအယ်လ်ဘမ်အား ကိုင်ဆောင်ထားရခြင်းအပေါ် မယုံနိုင်ဖြစ်နေခဲ့သည်။ 


မုထျန်းဟန်ရဲ့ ကိုယ်တုံးလုံးနဲ့ကလေးပုံလေးတွေတောင် ပါတယ်လေ... 


မော့တိ၏နှလုံးသားက တဒိတ်ဒိတ်ခုန်လာခဲ့သည်။ ဤခံစားချက်အား အတိအကျမပြောနိုင်သော်လည်း ၎င်းကို လက်မလွှတ်ချင်မှန်း သူသေချာသိလေသည်။ သူက အယ်လ်ဘမ်တစ်ခုလုံးကို ဂရုတစိုက်ဖွင့်ကြည့်လိုက်၏။ ထို့နောက် အောင်လက်မှတ်များကို ဆက်၍ကြည့်လေသည်။ ဆုတံဆိပ်များပင် သေတ္တာအတွင်း၌ ပါဝင်နေ၏။ 


သေတ္တာကလေးက မုထျန်းဟန်၏ အဖိုးတန်သော အမှတ်တရများကို သိမ်းဆည်းထားကာ သူဖြတ်သန်းလာခဲ့သည့် အတိတ်တစ်ခုလုံးကို ကိုယ်စားပြုလျှက်ရှိသည်။ 


မော့တိက အမှတ်တရပစ္စည်းများဖြင့် ပြည့်နှက်နေသည့် သေတ္တာကလေးကို ထွေးဖက်လိုက်သည်။ သူ ဤအရာလေးထက် မည်သည့်လက်ဆောင်ကိုမှ ပိုမိုသဘောကျမိမှာမဟုတ်ချေ။ 


“မင်း သဘောကျရဲ့လား...” 


မုထျန်းဟန်က မော့တိထိုင်နေသည့် ထိုင်ခုံလက်တန်းကိုကိုင်ကာ မော့တိအရှေ့တွင် ဒူးထောက်ထိုင်ချလိုက်သည်။ သူက အဆုံးစွန်သောနူးညံ့မှုများဖြင့် မော့တိအား ငေးကြည့်နေလေသည်။  


“အွန်း...ကျွန်တော် ကြိုက်တယ်...အရမ်းအရမ်းကို ကြိုက်တယ်...”


မော့တိက သေတ္တာထံမှ အကြည့်လွှဲကာ မုထျန်းဟန်အား တောက်ပသော မျက်ဝန်းကလေးများဖြင့် ကြည့်လိုက်၏။


“ကိုကို...ဒီသေတ္တာကလေးက...US ကိုနောက်ဆုံးတစ်ခေါက်ပြန်တုန်းက ယူလာခဲ့တာလား...” 


အဲ့ဒါက တစ်လခွဲလောက်ပဲ ရှိသေးတာမဟုတ်လား...


ထိုအချိန်မှာ မော့တိ မုထျန်းဟန်အား ချစ်မိသွားခဲ့မှန်း မသိသေးပဲ မုထျန်းဟန်နှင့်ဆက်ဆံရေးအပေါ် ဝေခွဲမရဖြစ်နေသည့် အချိန်ဖြစ်သည်။ 


ဖြစ်နိုင်တာ...အဲ့ဒီ့ကတည်းက မုထျန်းဟန် သူ့အပေါ်မှာ ခံစားချက်တွေ ရှိနေခဲ့တာလား...


“အင်း...ကိုယ်အဲဒီ့တုန်းက ယူလာခဲ့တာ...” 


မုထျန်းဟန် ဝန်ခံလိုက်သည်။ သူက ပြုံးလျှက်ဆို၏။ 


“ဒိုင်းဆုတွေနဲ့ ဆုတံဆိပ်တွေ ထပ်ပြီးရှိသေးတယ်...ဒါပေမယ့် အဲ့ဒါတွေနဲ့ဆို ဘူးကကြီးသွားပြီး အနုပညာမဆန်တော့ဘူးလေ...ဒီတော့ ကိုယ်တွေးတာ မင်းကိုယ့်ကိုလက်ခံလိုက်တာနဲ့ အမေရိကကိုခေါ်သွားမယ်...မင်းကို အဲ့ဒီ့အိမ်ရဲ့သော့ပေးပြီး ကျန်တာတွေပေးမလားလို့လေ...” 


မော့တိမျက်နှာလေးက သိသာစွာနီရဲလာကာ ကိုယ်အပူချိန်မှာလည်း မြင့်တက်လာခဲ့သည်။  


“ကိုကို...”


“ကိုယ် မင်းကိုသဘောကျတယ်...မင်းကိုယ်နဲ့အတူရှိချင်လားဟင်...”


မုထျန်းဟန်က သူ၏လက်တစ်ဖက်ဖြင့် မော့တိ၏လက်ဖဝါးကို ဆုပ်ကိုင်လိုက်ကာ အခြားလက်ဖြင့် မော့တိ၏ပါးပြင်အား ညှင်သာစွာထိတွေ့လိုက်သည်။ သူက မော့တိ၏မျက်ဝန်းများအတွင်းသို့ လေးနက်စွာဖြင့် တည့်တည့်စိုက်ကြည့်လိုက်လေသည်။   


“ကိုယ်က မင်းထက်အရမ်းအသက်ကြီးမှန်း ကိုယ်သိပါတယ်...အဲ့ဒါကြောင့် ကိုယ့်ကိုယ်ကို သားရဲကြီးလို့လည်း ခံစားမိတယ်...အစက ကိုယ်ဒီစည်းကို မဖြတ်ပဲနေမလို့ပါ...ဒါပေမယ့် ကိုယ်မင်းနဲ့ အချိန်ပိုပြီးကုန်ဆုံးလေလေ ခံစားချက်တွေကို ထိန်းချုပ်ရခက်လာလေလေပဲ...ဒါ့ကြောင့် မင်းအရွယ်ရောက်တဲ့အထိစောင့်ပြီး ဆယ့်ရှစ်နှစ်ပြည့်ခါမှ မင်းကိုဖွင့်ပြောမယ်လို့ ကိုယ်ဆုံးဖြတ်ခဲ့တယ်...” 


“ဒီနေ့ ကိုယ်နဲ့အတူတူရှိချင်လားလို့ မင်းကိုတရားဝင်မေးခွင့်ရခဲ့ပြီ...” 


“ဒီတော့...မင်းသဘောတူလားဟင်...ကိုယ်နဲ့အတူတူရှိဖို့...ဆန္ဒရှိရဲ့လား...”


မုထျန်းဟန်၏ ရုတ်တရက်ဖွင့်ပြောလာမှုက မော့တိ၏နှလုံးသားကို ပြင်းထန်စွာ ခုန်ပေါက်လာစေ၏။ သူ၏ဦးခေါင်းကိုပင် တုန်ခါလာစေသည့် နှလုံးခုန်သံအား မော့တိပြန်ကြားနေရသည်။  


“ကျွန်တော်...ကျွန်တော် သေချာပေါက်ဆန္ဒရှိတာပေါ့ဗျာ...ကျွန်တော် ကိုကို့ကိုသဘောကျတယ်...ကျွန်တော် ကိုကို့ကို အရမ်းသဘောကျတယ်...” 


လက်ကျန်နေရောင်ခြည်က အပြင်ဘက်တွင် တောက်ပလျှက်ရှိကာ သူတို့နှစ်ဦးအား လင်းဖြာသောအရောင်များဖြင့် လွှမ်းခြုံထားလေသည်။  


မုထျန်းဟန် ဤမျှလောက်အထိ သူ့နှလုံးသားအရည်ပျော်သွားလိမ့်မည်ဟု တစ်ခါမှမခံစားခဲ့ရဖူးချေ။ ၎င်းက နှလုံးသားအတွင်းသို့ ပျားရည်များလောင်းထည့်လျှက် ပြင်းထန်စွာ မွှေ့ယမ်းသွားသလိုပင်။  


သူက မော့တိ၏မျက်ဝန်းများကို နက်ရှိုင်းစွာကြည့်လိုက်ကာ ပါးပြင်လေးအား ညင်သာစွာထိတွေ့လိုက်မိသည်။ သူ့ကိုယ်သူ ထိန်းချုပ်ရန် အချိန်ခဏမျှယူလိုက်ပြီးသည့်နောက် 


“မင်းသဘောတူပြီးမှ နောင်တမရရဘူးနော်...မင်းက ကိုယ့်အတွက်...ကိုယ်တစ်ဦးထဲအတွက်ပဲဖြစ်ရမယ်...နားလည်ရဲ့လား...” 


“ကိုကိုလည်း ကျွန်တော်နဲ့ပဲသက်ဆိုင်တယ်...” 


မော့တိက ပါးပြင်ကလေးများနီစွေးလျှက် မုထျန်းဟန်ကို ကြည့်လိုက်သည်။


 “ကိုကို ကျွန်တော့်ကိုပဲ သဘောကျရမယ်...”


မုထျန်းဟန် သဘောတကျမရယ်ပဲ မနေနိုင်ခဲ့ချေ။ ခန့်ညားပြီး နှစ်လိုဖွယ်ရှိလှသည့် ရယ်သံက မော့တိ၏ကိုယ်အပူချိန်ကို ပို၍ပင်မြင့်တက်လာစေခဲ့သည်။ သူ၏သိသာသောရှက်ရွံ့မှုအား ဖုံးကွယ်ရန်အတွက် ဘာလုပ်ရမှန်းမသိဖြစ်နေစဥ် မုထျန်းဟန်၏ ခန္ဓာကိုယ်က သူ့အပေါ်အုပ်မိုးလာခဲ့လေသည်။ 


ထို့နောက် သူ၏နှုတ်ခမ်းပေါ်သို့ အနွေးဓာတ်တစ်ခု ကျရောက်လာခဲ့ကာ အနမ်းခံလိုက်ရလေသည်။


“...” 


မုထျန်းဟန်က မော့တိ၏ကုလားထိုင်နောက်မှီအား လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်ထားကာ အခြားလက်တစ်ဖက်ဖြင့် မော့တိ၏ဦးခေါင်းနောက်ဖက်ကို အုပ်မိုးထား၏။ သူ့ဘက်သို့ ညင်သာစွာတိုးလာစေပြီး သူ၏ပွေ့ဖက်မှုများကြား ချုပ်နှောင်လိုက်လေသည်။  


သူ့ကလေးလေး၏ နှုတ်ခမ်းများက စိတ်ကူးယဥ်ခဲ့သည်ထက် ပိုမိုချိုမြိန်ကာ နူးညံ့လှပေသည်။ အစဦးအထိအတွေ့မှာပင် သူ့ကျော့ရိုးတစ်လျှောက် လျှပ်စီးကြောင်း စီးဆင်းသွားသလို ခံစားလိုက်ရ၏။ နှလုံးသားတွင်းရှိ ချိုမြိန်မှုနှင့်ကျေနပ်မှုများက အထွတ်အထိပ်သို့ရောက်ရှိသွားကာ ပိုမိုပြင်းထန်သည့် ဆန္ဒများကို ပေါက်ဖွားလာစေခဲ့သည်။ နမ်းရှိုက်ခြင်း၊ လျက်ခြင်းနှင့် စုပ်ယူခြင်းတို့ကိုသာ မနားတမ်းလုပ်ဆောင်လိုတော့သည်။ မုထျန်းဟန်က အစပိုင်းတွင် သူ၏အပြုအမူအား ထိန်းသိမ်းပါသော်လည်း နမ်းရှိုက်ချိန်ကြာလာသည်နှင့်အမျှ ဖိနှိပ်လိုသောအရှိန်အဝါအား ထုတ်လွှတ်လာခဲ့လေသည်။  


သူတို့နှစ်ဦးကြားတွင် အပူလှိုင်းကလေး ဖြတ်သန်းသွားကာ လေထုတစ်ခုလုံးက နွေးထွေးသောနေရောင်ခြည်နှင့်အတူ ပန်းရောင်သို့ပြောင်းသွားခဲ့၏။ 


“ကိုကို...”


မော့တိတစ်ကိုယ်လုံး မလှုပ်မယှက်ချင်ဖြစ်၍ နေလေသည်။ သူ၏ ဦးနှောက်ရောနှလုံးသားပါ မျောလွင့်လျှက်ရှိ၏။ ၎င်းမှာ သူ၏ ပထမဆုံးအနမ်းဖြစ်သည်။ သဘောကျသည့်တစ်စုံတစ်ဦးအား နမ်းရှိုက်ရခြင်းမှာ အရိုးများပင် အရည်ပျော်ကျသကဲ့သို့ ခံစားရစေကြောင်း မသိရှိခဲ့ချေ။ သူ၏ မြန်ဆန်သည့်နှလုံးခုန်သံနှင့် မြင့်တက်နေသောကိုယ်အပူချိန်မှတပါး လှုပ်ရှားမှုအားလုံးက နှေးကွေးနေကာ မုထျန်းဟန်၏ ပွေ့ဖက်မှုနှင့်အနမ်းများကို နာခံစွာဖြင့် ခံယူလျှက်ရှိလေသည်။ 


မုထျန်းဟန်က မော့တိအား ချစ်စိတ်ပြင်းပြစွာ နမ်းရှိုက်ရင်း ပါးပြင်နှင့်နှုတ်ခမ်းများရှိ အပူချိန်အား စုပ်ယူလျှက်ရှိသည်။ သူပို၍နမ်းလေလေ သူ၏သွေးများအတွင်း မော့တိအားချစ်သည့် အချစ်များ လှိုင်းလုံးကြီးသဖွယ် စီးဆင်းလာပုံကို ခံစားမိလေလေဖြစ်ကာ တင်းခံနိုင်စွမ်းမဲ့စေ၏။ ခဏအကြာ၌ မုထျန်းဟန်က အကောင်းဆုံးကြိုးစားကာ ဆန္ဒများကိုဖိနှိပ်လိုက်သည်။ နောက်ဆုံးတွင် သူက မော့တိ၏လည်တိုင်အား နက်ရှိုင်းစွာနမ်းကာ တူညီသောနေရာကို စုပ်ယူလိုက်လေသည်။


“ကိုကို မင်းကိုချစ်တယ်...” 


မုထျန်းဟန်၏အသံက အက်ရှနေကာ မော့တိအား စိတ်လှုပ်ရှား၍ရင်ဖိုလာစေသည်။  


“ကိုကို…”


“ဒါကို မမေ့ရဘူးနော်...” 


မုထျန်းဟန်က မော့တိ၏နားရွက်ကလေးကို ညင်သာစွာနမ်းရှိုက်လိုက်သည်။ သူက သူ့ကိုယ်သူတည်ငြိမ်အောင် ကြိုးစားထိန်းလျှက်ရှိ၏။ ထို့နောက် သူက မှောင်မိုက်သောမျက်ဝန်းများဖြင့် မော့တိအား မမှိတ်မသုန်ငေးစိုက်ကြည့်ကာ ဆိုလိုက်သည်။


“ကိုယ်မင်းကို ကာကွယ်ပေးပြီး ပျော်ရွှင်အောင်ထားပေးချင်တယ်...မင်းနဲ့ထိုက်တန်တဲ့ စိုးရိမ်စရာကင်းတဲ့ဘဝမျိုး ပေးအပ်ချင်တယ်...မင်းရဲ့ဆန္ဒသေးသေးလေးတွေကို နေ့တိုင်းလိုက်ပြီးဖြည့်ဆည်းပေးနေတာက မင်းကိုပိုပြီးပျော်ရွှင်စေချင်လို့ပါ...” 


“ဒါ့ကြောင့် ကိုယ်မင်းကိုဘယ်တော့မှ နာကျင်စေမှာမဟုတ်ဘူး...မင်းမှာ ဘယ်လိုပြဿနာမျိုး၊ ရည်မှန်းချက်မျိုးရှိနေပါစေ...မင်းကိုယ့်ကိုပြောနိုင်တယ်...ဘာတွေပဲဖြစ်လာလာ ကိုယ်မင်းကိုချစ်နေဦးမှာပဲ...” 


“ကိုကို...ကျွန်တော်လည်း ကိုကိုနဲ့ ထပ်တူခံစားရတယ်ဆိုတာ မမေ့ပါနဲ့...” 


မော့တိက မုထျန်းဟန်၏ လည်တိုင်ကိုဖက်တွယ်ကာ တစ်ဖက်လူ၏ပါးပြင်အား နမ်းရှိုက်လိုက်၏။ သူ၏အသံက ငှက်မွှေးသဖွယ် ပျော့ပျောင်းနေပြီး ဤမျှလှပသောကမ္ဘာငယ်လေး ပျောက်ကွယ်သွားမည်ကို စိုးရိမ်နေသည့်အလားပင်။  


“ကိုကို...အခုကစပြီး ကျွန်တော်နဲ့ တစ်သက်လုံးအတူတူရှိနေရမယ်နော်...”


“ဒါပေါ့...ကိုယ်ကတိပေးပါတယ်...” 


မုထျန်းဟန်က မော့တိ၏ ထိတ်လန့်မှုကို ခံစားလိုက်မိကာ အရင်မိသားစုကြောင့်ဟု ခန့်မှန်းလိုက်မိသည်။ သူ့နှလုံးသားထဲ နာကျင်သွားခဲ့ကာ မော့တိအား လက်မောင်းများနှင့် တင်းတင်းပွေ့ဖက်လိုက်မိ၏။ ထို့နောက် ပိုမို၍ နီးကပ်အောင်ဆွဲယူလိုက်ရင်း မော့တိ၏ဦးခေါင်းလေးကို နမ်းရှိုက်လိုက်မိသည်။  


“ကိုယ်က မင်းဘေးမှာအမြဲတမ်းရှိနေမှာ...အလုပ်ကြိုးစားပြီး ကျန်းမာရေးကိုလည်း သေချာလိုက်စားရမယ်...ဒီလိုမှ အဘိုးကြီးဖြစ်လာတဲ့အထိ ကိုယ့်ကလေးလေးနဲ့ အတူတူရှိနေနိုင်မှာပေါ့...”


Xxxxxxx