အပိုင်း ၉၉
Viewers 28k

Chapter 99




၎င်းမှာ ကုရန်ကျွီက အံကြိတ်လျှက် ဆိုလာခြင်းဖြစ်သည်။ 


မော့တိက သူ့ကိုရိုက်ပြီး ရှောင်ထွက်သွားခဲ့တာလေ...ခုကျ ဘာမှမဖြစ်ခဲ့သလိုမျိုး စားသောက်နေနိုင်တယ်ပေါ့... 


သူ အရင်ဘဝက မော့တိကို ကြွေးတင်ခဲ့လို့လား...မဟုတ်ရင် မော့တိက ဘာလို့ သူ့ကိုဒီလောက်ထိ အထင်လွဲနေမှာလဲ... 


အကယ်၍ မော့တိသာ သူတွေးနေသည်ကိုသိပါက သေချာပေါက် သဘောတူစွာဖြင့် ခေါင်းညိတ်ပြမှာဖြစ်သည်။ 


လက်ရှိတွင်မူ မော့တိက သူ့အားရိုက်ထုတ်ချင်နေ၏။  


“ကုရန်ကျွီ...မင်းရူးနေပြီလား...”


“မင်း သာရူးနေတာ...မော့တိ...မင်းဘာလို့ ငါ့ကိုမသိချင်ယောင်ဆောင်နေတာလဲ...မင်း အခုလေးတင် ငါ့ကိုလက်ပါသွားခဲ့တယ်လေ...ပြီးတော့ လက်ကိုဖုန်ခါပြီး ဘာမှမဟုတ်သလို ထွက်သွားလိုက်သေးတယ်...မင်းဘယ်လိုတောင် လုပ်ရက်တာလဲ...” 


ကုရန်ကျွီ ထအော်လိုက်သည်။ 


မော့တိ စိတ်ဆိုးဆိုးဖြင့် ရယ်လိုက်မိ၏။ သူက အင်္ကျီလက်က်ု ခေါက်တင်လိုက်ကာ  


“ငါမင်းကို ဘာလုပ်လို့လဲ...မင်းကသာ အကျိုးအကြောင်းမသင့်တဲ့လူ မဟုတ်ဘူးလား...ကုရန်ကျွီ...မင်းက အခုထိမင်းအမေနို့စို့နေတုန်းလား...” 


အရင်ဘဝတွင်သာမက ယခုဘဝတွင်လည်း ကုရန်ကျွီမှာ ခွေးရူးပြန်ရောဂါ ကူးစက်ခံနေရဆဲဖြစ်သည်။  


“အစကတည်းက ငါမင်းအတွက် လူနာတင်ယာဥ်ခေါ်မပေးရကောင်းလားဆိုပြီး မင်းစိတ်ဆိုးခဲ့တယ်...ငါ့ကိုတောင် ရိုက်ချင်ခဲ့သေးတယ်...ငါဘွဲ့ရပြီး အပြင်မှာပြန်တွေ့တော့လည်း မင်းကငါနဲ့တိုက်ခိုက်ချင်တုန်းပဲ...မင်းနဲ့တိုက်ခိုက်ဖို့ငြင်းတော မင်းစိတ်ဆိုးပြန်ရော...ငါမင်းကိုလျစ်လျူရှုမိတာနဲ့ မင်းက ငါအမှားကြီးကျူးလွန်ခဲ့သလိုမျိုး ပြောနေတာပဲ...အားလုံးက မင်းစခဲ့တဲ့ ဇာတ်လမ်းပဲမဟုတ်ဘူးလား...” 


“မင်း...မင်း...ငါ….” 


ကုရန်ကျွီ ကြောင်အသွားခဲ့သည်။


“ဘာလဲ...ဘာဖြစ်တာလဲ...ဘယ်သူပြဿနာရှာနေတာလဲ...” 


ရှန့်ယွီချောင်နှင့် အခြားလူများက တံခါးထံရောက်လာကြကာ ကုရန်ကျွီကို ငေါက်လိုက်ကြသည်။  


“ဟေး...လူရှုပ်ကလေးပဲလား...ကျောင်းက အိမ်စာတွေ လုပ်စရာမရှိဘူးလား...အပြင်ထွက်ပြီး ပြဿနာရှာဖို့ အချိန်ရှိတယ်ပေါ့လေ...” 


ကုရန်ကျွီက လျစ်လျူရှုလိုက်ကာ မော့တိအား ကြည့်လိုက်သည်။  


“ငါ...ငါမှားမှန်း ငါသိတယ်...ဟုတ်ပြီလား...ငါမင်းနဲ့ တိုက်ခိုက်ဖို့ လာတာမဟုတ်ဘူး...ဒါပေမယ့် မင်းဒီလောက်ထိ လူမှုရေးခေါင်းပါးမနေသင့်ဘူးလေ...” 


နောက်ဆုံးတစ်ခေါက် မော့တိ၏အဆောင်သို့ သူဇွတ်ဝင်သွားသည့်အခါက ကောင်းကောင်းကြီးအဆူခံခဲ့ရသည်။ ထိုစဥ်ကတည်းက မော့တိအပေါ် သူမှားယွင်းသွားသကဲ့သို့ ခံစားမိခဲ့၏။ 


ဒါပေမယ့် သူကမော့တိနဲ့ သူငယ်ချင်းဖြစ်ချင်တာတောင် ဆက်တိုက်လျစ်လျူရှုခံနေရတယ်လေ... 


“ကောင်လေး...မင်းတော်တော် မရင့်ကျက်တာပဲ...”


ဆူဆူညံညံအသံကြား၍ လာကြည့်သည့် ကျောင်းချွမ်နှင့် ကျန်းကျဲမန်က ရယ်မောကာဆို၏။  


“မင်းက ပြဿနာတွေချည်းရှာနေတော့ ဘယ်သူက မင်းနဲ့သူငယ်ချင်း ဖြစ်ချင်တော့မှာလဲ...ပြီးတော့ သူငယ်ချင်းဖွဲ့တယ်ဆိုတာ နှစ်ဦးနှစ်ဖက်ကြည်ဖြူဖို့ လိုတယ်မဟုတ်လား...သူများကို မင်းနဲ့သူငယ်ချင်းလုပ်ဖို့ အတင်းမတိုက်တွန်းရဘူးလေ...ဒါက တစ်ကိုယ်ကောင်းဆန်ရာကျတယ်...” 


“မင်း...မင်း….” 


ကုရန်ကျွီက ဒေါသအလွန်ထွက်လာသည်။ သူက မော့တိအားစိုက်ကြည့်ကာ မေးလိုက်၏။ 


“ပြော...ငါဘယ်လိုလုပ်မှ မင်းငါ့ကိုခွင့်လွှတ်မှာလဲ...” 


မော့တိက သူ့အား ဒီအတိုင်းထားခဲ့ချင်သော်လည်း လျစ်လျူရှုရုံဖြင့် ဖြေရှင်းနိုင်မှာမဟုတ်ကြောင်း နားလည်သွားခဲ့သည်။  


“အကယ်၍ မင်းနှစ်ဝက်လောက် ငါ့ကိုလာမရှာတော့ရင် ငါစဥ်းစားပေးမယ်...” 


မော့တိက ပြန်ဖြေလိုက်သည်။ 


“နှစ်ဝက်တောင်...နှစ်ဝက်လုံးလုံး ငါမင်းကိုလာရှာလို့ မရဘူးလား...” 


ကုရန်ကျွီ၏ မျက်ဝန်းများကျယ်သွားခဲ့သည်။ 


“ငါ မင်းကို သုံးလလုံးလုံး မမြင်ချင်ဘူး...မင်းဒါကိုသဘောမတူရင် ငါမင်းနဲ့ လုံးဝသူငယ်ချင်းဖွဲ့မှာ မဟုတ်ဘူး....” 


မော့တိ နှာခေါင်းရှုံ့လိုက်သည်။ 


ကုရန်ကျွီ စိတ်ဆိုးသွားခဲ့၏။ သူက မတရားသလိုခံစားရသော်လည်း အသက်ပြင်းပြင်းတစ်ချက်ရှိုက်ကာ သည်းခံလိုက်လေသည်။  


မော့တိက သူ့ကိုထပ်မံ၍ အဖက်မလုပ်တော့ချေ။ သူက ရှန့်ယွီချောင်ဘက်လှည့်ကာ ဆိုလိုက်၏။


“ဆယ့်တစ်နာရီတောင် ကျော်နေပြီ...ပြန်ရအောင်လေ...နောက်ကျနေမယ်...” 


“အိုကေ...ငါ့လည်ချောင်းတွေလည်း ခြောက်ကပ်နေပြီ...ငါထပ်ပြီး သီချင်းမဆိုချင်တော့ဘူး...”


ချန်ကျောင်းက ဆိုသည်။


“အေး...ပြန်ရအောင်...နောက်ကျတဲ့အထိနေတာက အသားအရည်အတွက်မကောင်းဘူး...” 


ကျောင်းချွမ်က သူမ၏မျက်နှာလေးကိုထိကာ ဆိုလေသည်။ 


မည်သူကမှ မကန့်ကွက်သည့်အတွက် မော့တိက ငွေရှင်းရန်ပြင်လိုက်သည်။ သူက လူအုပ်ကိုဝေ့ဝဲ၍ ကြည့်လိုက်သော်လည်း သုဝမ့်ကျင်းအား မတွေ့ချေ။  


“သုဝမ့်ကျင်းရော...သူမ ဘယ်ရောက်နေတာလဲ...”


“ငါဖုန်းဆက်လိုက်မယ်...အရင်ဆင်းရအောင်...” 


ကျောင်းချွမ်က ဆိုလေသည်။



သူတို့အုပ်စု မြေညီထပ်သို့ရောက်သောအခါ မော့တိက ဘေရှင်းလိုက်သည်။ ထို့နောက် အိတ်ကြီးကြီးနှစ်ထုပ်ဖြင့် ပြန်လာသော သုဝမ့်ကျင်းအား တွေ့လိုက်ရ၏။


ကျောင်းချွမ်က သူမထံ ချက်ချင်းလျှောက်သွားလိုက်သည်။


“ဝမ့်ကျင်း...မင်းဘယ်တွေရောက်နေတာလဲ...ဖုန်းလည်းမကိုင်ဘူး...”


“ကျွန်မ သောက်စရာအချို့သွားဝယ်တာပါ...သီချင်းဆိုပြီးရင် အားလုံးရေဆာနေကြမယ်မှန်း ကျွန်မသိတယ်လေ...ဒီက အသီးဖျော်ရည်တွေက အရမ်းစျေးကြီးတော့ အပြင်မှာသွားဝယ်ခဲ့တာ...”  


သုဝမ့်ကျင်းက နှင်းသစ်တော်သီးဖျော်ရည်ကို ကျောင်းချွမ်အား ကမ်းပေးလိုက်သည်။ 


“ဒီမှာ...ရှင်အကြိုက်ဆုံး...”


“ကျေးဇူးပါ ဝမ့်ကျင်း...” 


ကျောင်းချွမ်ပြုံးလိုက်၏။


“မင်းက အရမ်းတွေးတတ်တာပဲ...အမြင်မကြည်စရာ တစ်ကွက်မှကို ရှာမရဘူး...”


သုဝမ့်ကျင်းက ရယ်မောလိုက်သည်။ သူမက အားလုံးအတွက် ဖျော်ရည်များကမ်းပေးလိုက်၏။ လင်ကျွင်းဖုန်၊ ရှန့်ယွီချောင်နှင့် ချန်ကျောင်းအတွက်က coke ဘူးများဖြစ်သည်။ ဖန်ချန်းလောင်နှင့် ဟန်ချောင်းအတွက်က Sprite ဘူးများဖြစ်ကာ ကျန်းကျဲမန်အတွက်ကမူ လက်ဖက်စိမ်းဖျော်ရည်ဖြစ်၏။ အားလုံးက သူမအား ကျေးဇူးတင်လိုက်ကြသည်။  


မော့တိအတွက်ကမူ ရှောက်ခါးသီးဖျော်ရည်ပုလင်း ဖြစ်လေသည်။ 


“ခုနက ရှောက်ခါးသီးတွေ အောက်ပြုတ်ကျသွားတယ် မဟုတ်လား...ဒါ့ကြောင့် သစ်သီးဖျော်ရည်ဝယ်လာခဲ့တာ...” 


သုဝမ့်ကျင်းက ပြုံးလျှက်ဆို၏။ 


“ ကျေးဇူးပါ...” 


မော့တိက သုဝမ့်ကျင်း၏ အာရုံစူးစိုက်မှုကြောင့် အံ့သြသွားခဲ့သည်။ သူက နွေးထွေးစွာဆိုလိုက်၏။


“ကျွန်တော်တို့က အစ်မကိုကြိုဆိုတဲ့ပွဲအနေနဲ့ ဒီကိုလာတာ...ဒါပေမယ့် အစ်မက ဟိုပြေးလိုက် ဒီပြေးလိုက်လုပ်နေရတယ်...” 


“ဒါက မပြောပလောက်ပါဘူး...ငါက ဒီလိုနေရတာသဘောကျရုံပါ...”


သုဝမ့်ကျင်းက ဟိုသည်ကြည့်ကာ မေး၏။


 “ဟိုကလေးရော...သူသွားပြီလား...”


“အင်း...ငါတို့နှင်ထုတ်လ်ိုက်ပြီ...” 


ကျောင်းချွမ်က ဆိုသည်။ 


 “အချိန်ပေါနေတဲ့ ကလေးပါကွာ...”



အမျိုးကောင်းသားများက မိန်းကလေးများအားလုံးကို တက္ကစီပေါ်သို့ ဂရုတစိုက်ပို့ဆောင်ပေးပြီးကာမှ အသီးသီးလမ်းခွဲခဲ့ကြသည်။ အချို့က ရထားဖြင့်ပြန်ကာ အချို့ကမူ တက္ကစီဖြင့်ပြန်ကြ၏။ 


မော့တိနှင့်အုပ်စုက စက်ဘီးနောက်ခုံမှလိုက်သူကလိုက် နင်းသူကနင်းနှင့် အဆောင်သို့ပြန်လာခဲ့ကြသည်။ 


အဆောင်သို့ရောက်သည်နှင့် သူတို့လေးဦးက အလှည့်ကျရေချိုးကြလေသည်။ မော့တိက ထိုင်ခုံပေါ်တွင် ထိုင်နေရင်း ရေဆာလာသည့်အတွက် သုဝမ့်ကျင်းပေးခဲ့သည့် ဖျော်ရည်ပုလင်းထဲမှ တစ်ငုံစုပ်သောက်လိုက်လေသည်။  


ချန်ကျောင်းက သူ့ကိုအကဲခတ်နေရင်း ထူးဆန်းသောအပြုံးကြီးပြုံးလိုက်၏။  


“ ရှောင်တိ...သုဝမ့်ကျင်းက မင်းအပေါ်အရမ်းကောင်းတယ်လို့ ငါဘာ့ကြောင့်ခံစားနေရပါလိမ့်...မင်းအတွက် ရှောက်ခါးသီးမှာပေးရုံတင်မကဘူး...ဖျော်ရည်တောင် ဝယ်ထည့်ပေးလိုက်သေးတယ်...သူမ မင်းကိုသဘောကျနေတာများလား...” 


“သူမက အားလုံးအပေါ်ကောင်းတာပါ...မဟုတ်တာတွေ လျှောက်တွေးမနေနဲ့...” 


မော့တိ ပြောစရာစကားမဲ့သွားခဲ့၏။ 


“မင်းရဲ့ဦးနှောက်က ညစ်ပတ်လိုက်တာ...ငါတို့ရှောင်တိကို လာပြီးအရောင်ဆိုးမနေနဲ့...”


လင်ကျွင်းဖုန်က ချန်ကျောင်းကို ရိုက်လိုက်သည်။  


“ပြီးတော့ သုဝမ့်ကျင်းက ၂၄ နှစ်လေ...ငါတို့ကခုမှ ဆယ့်ရှစ်နှစ်ရှိသေးတာ...” 


ချန်ကျောင်း : “အိုင်း...လင်ကျွင်းဖုန်...မင်းအရမ်းရှေးရိုးစွဲတာပဲ...အဲ့ဒါက ခြောက်နှစ်ထဲရယ်...”


“အဲ့လိုမဟုတ်ဘူး...မင်းက သုဝမ့်ကျင်း ဘာယူလာလဲဆိုတာပဲ မြင်တာ...ငါကျောင်းချွမ်ဆီက ကြားတာတော့ သူမမှာ မောင်လေးတစ်ယောက်ရှိတယ်တဲ့...သူတို့မိသားစုက ခေတ်နောက်ပြန်ဆွဲပြီး ဖိုဝါဒကြီးစိုးသတဲ့လေ...မိန်းကလေးတွေထက် ယောက်ျားလေးကို ပိုပြီးဦးစားပေးကြတယ်...”


ရှန့်ယွီချောင်က ရေချိုးဘောင်းဘီတိုနှင့် ရေချိုးခန်းမှထွက်လာရင်း ရှင်းပြသည်။ 


“အဲ့ဒီ့လိုမိသားစုက ဆင်းသက်လာတဲ့ အမျိုးသမီးတိုင်းက အရမ်းစေ့စပ်ပြီး ပတ်ဝန်းကျင်က လူတွေအပေါ် ယဥ်ယဥ်ကျေးကျေးဆက်ဆံတတ်တယ်တဲ့...သုဝမ့်ကျင်းရဲ့အကျင့်က အဲ့ဒါကြောင့်ဖြစ်လိမ့်မယ်...” 


“ဟေး...ငါးဆားနယ်လေး...မင်း သုဝမ့်ကျင်းကိုကြိုက်နေတာလား...”


ချန်ကျောင်းက ရှန့်ယွီချောင်အား ပြောလိုက်သည်။ 


“အရူးကောင်ချန်ကျောင်း...မဟုတ်တာပြောမနေနဲ့...” 


ရှန့်ယွီချောင်က သူ၏တဘက်နှင့် ချန်ကျောင်းကို ပိတ်ပေါက်လိုက်သည်။ 


“ဒီတိုင်း သူမဘဝက ခက်ခဲခဲ့မှာပဲလို့ တွေးမိရုံပါ...သူမရဲ့ အဝတ်အစားတွေကိုပဲကြည့်လေ...”


မော့တိက တစ်ဝက်သာကျန်တော့သည့် ရှောက်ခါးသီးဖျော်ရည်ဘူးကို စားပွဲပေါ်တင်ထားခဲ့လိုက်သည်။ 


သုဝမ့်ကျင်းက အပြင်ထွက်လည်သည့် မိန်းကလေးတစ်ဦးအနေဖြင့် အနည်းငယ်သာ ပြင်ဆင်ထားခဲ့လေသည်။ သူမ၏မိသားစုက သူမအား ကောင်းမွန်စွာ ဆက်ဆံပုံမရချေ။ တရာမမျှတသော မိသားစု၌ ကြီးပြင်းလာခဲ့သူအနေဖြင့် မော့တိသူမအား ကိုယ်ချင်းစာမိလေသည်။  


သူ အနည်းငယ်ကူညီသင့်သည်ဟု ခံစားလိုက်ရ၏။ 


“ငါတို့ ဒီတစ်ဆင့်ကို ကျော်ဖြတ်ပြီးတဲ့အခါကျရင် အားလုံးကို ဘောနပ်စ်ကြီးကြီးပေးမယ်...” 


မော့တိက ရုတ်တရက်ပြောလိုက်သည်။ 


“ဟမ်...ဘောနပ်စ်လား...”


ရှန့်ယွီချောင် အေးခဲသွားသည်။ သူက ချန်ကျောင်းကို ထပ်၍ဂရုမစိုက်တော့ပဲ စိတ်လှုပ်ရှားစွာဖြင့် မော့တိထံသို့ အလျှင်အမြန်တိုးကပ်လာ၏။  


 “တကယ်ပြောနေတာလား...”


“ဒါပေါ့...” 


မော့တိက နက်ရှိုင်းစွာပြုံးလိုက်သည့်အတွက် ပါးချိုင့်ကလေးများပင် ပေါ်သွားခဲ့သည်။ .


သူက အားလုံးကို ဘောနပ်စ်အဖြစ် ယွမ်တစ်ထောင်စီပေးရန် စဥ်းစားထား၏။ တစ်ချက်က စိတ်ဓါတ်မြှင့်တင်ရန်ဖြစ်ပြီး နောက်တစ်ချက်မှာ တစ်စုံတစ်ဦးအား ကူညီရန်ဖြစ်သည်။  


“အား...အရမ်းမိုက်တာပဲ...ရှောင်တိ...ဖေဖေ မင်းကိုအရမ်းချစ်တယ်...”


အုပ်စုတစ်ဦးလုံးက မော့တိအား စတင်မြှောက်ပင့်လာကြသည်။  


မော့တိက ပြုံးလိုက်ရင်း ရေချိုးခန်းထံဦးတည်လိုက်၏။ သူအခုထိ ရေမချိုးရသေးချေ။


သို့သော် ရေကအရမ်းပူနေသကဲ့သို့ ခံစားလိုက်ရပြီး ရေချိုးရသည်မှာ သက်တောင့်သက်သာမရှိ ဖြစ်နေခဲ့သည်။ သူ့နှလုံးသားက မြန်ဆန်စွာခုန်ပေါက်လာပြီး မွန်းလာသလို ခံစားလိုက်ရ၏။  


မော့တိက ရေ၏အပူချိန်ကို အမြန်လျှော့ချလိုက်သည်။ 


သူ့ကိုယ်ပေါ်သို့ ရေအေးအေးက စီးကျလာခဲ့သော်လည်း သက်တောင့်သက်သာမဖြစ်ခြင်းမှာ လျော့ပါးမသွားခဲ့ချေ။ သူ အေးနေသော်လည်း အရေပြားကမူ ပူကျစ်နေခဲ့၏။ သူ၏နှလုံးခုန်သံက အလွန်ကျယ်လောင်လာကာ နားစည်သို့ပင် ရိုက်ခတ်လာသယောင် ထင်ရလေသည်။ တစ်ချိန်ထဲမှာပဲ မူးဝေလာပြီး အန်ချင်လာခဲ့၏။  


မော့တိက အသက်ပြင်းပြင်းရှူလိုက်သော်ငြား မသက်သာခဲ့ချေ။ .


သူက ရေပန်းကိုပိတ်ကာ ဘိုထိုင်ပေါ်သို့ ထိုင်ချလိုက်၏။ အထိတ်တလန့်ဖြစ်ခြင်းသည်လည်း အနည်ထိုင်လာခဲ့သည်။ 


သူ မူးမော်၍တုန်ယင်နေသော်ငြား ဦးနှောက်မှာ ကောင်းကောင်းအလုပ်လုပ်နေဆဲဖြစ်၏။ 


မော့တိ၏ မျက်နှာက ဖြူဖျော့လာခဲ့သည်။ 


ဘာဖြစ်တာလဲ...ဒါကပုံမှန်မဟုတ်ဘူး...


ရှန့်ယွီချောင်က ဘောနပ်စ်အား အသုံးပြုရန် ကြိုတင်စီစဥ်နေလေသည်။ သို့သော် ဘော့စ်ဖြစ်သူ မော့တိက ရေချိုးခန်းအတွင်းဝင်သွားပြီး ၇မိနစ်လောက်အကြာ၌ ပြန်ထွက်လာသည်ကို တွေ့လိုက်ရ၏။


 “ရှောင်တိ...မင်းဒီနေ့ ရေချိုးတာမြန်လိုက်တာ...”


သို့သော် မော့တိက သူတို့အား တုံ့ပြန်နိုင်ခြင်းမရှိချေ။ သူက သူ၏အိပ်ရာထံသို့ ဦးတည်ကာ တည်ငြိမ်သောမျက်နှာထားဖြင့် ဖုန်းကိုကောက်ယူလိုက်သည်။  


ထို့နောက် နံပါတ်တစ်ခုအား ဆက်လိုက်လေသည်။


“ကိုကို...ကျွန်တော့်ကို ဆေးရုံလိုက်ပို့ပေးနိုင်မလား...”


မော့တိ၏ခေါ်ဆိုမှုအား လက်ခံရရှိပြီးသည့်နောက် မုထျန်းဟန်၏ အမူအရာမှာ ရုတ်ခြည်းပြောင်းလဲသွားခဲ့သည်။  


သူ့ကလေးလေး၏ ပင်ကိုယ်စရိုက်အရ ပုံမှန်ဖျားနာမှုလောက်နှင့် သူ့ကိုခေါ်မှာမဟုတ်ချေ။  


မုထျန်းဟန်က နွေးထွေးသောအသံဖြင့် မော့တိအားနှစ်သိမ့်ကာ ကုတ်အင်္ကျီကို အမြန်ကောက်ဝတ်၍ ထွက်ခွာရန်အသင့်ပြင်လိုက်သည်။  


လိုင်သယ်စစ်က သန့်စင်ခန်းအတွင်းမှထွက်လာ၏။ မုထျန်းဟန် အပြင်သွားရန်ပြင်နေသည်ကို တွေ့လိုက်ရသဖြင့် သူကမေးလိုက်သည်။ 


“မု...ဘယ်လဲ...ငါတို့ခုဏကမှ အလုပ်ကပြ

န်လာတာလေ...” 


“ကလေးလေး နေမကောင်းဖြစ်နေတယ်...ငါသူ့ကို ဆေးရုံလိုက်ပို့မလို့...”


မုထျန်းဟန်က ပြောနေရင်း ရှူးဖိနပ်ကိုအမြန်ဝတ်ဆင်ကာ တံခါးဘုအားလှည့်လိုက်သည်။ 


“ဖျားနေတာလား...နေဦးလေ...ငါလည်းလိုက်မယ်...”


လိုင်သယ်စစ် အမြန်လိုက်လာခဲ့၏။



Xxxxxxx