အပိုင်း ၁၀၁
Viewers 29k

Chapter 101




မော့တိက ဒေါက်တာ၏စကားများကို သဘောတူဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။

“ကူညီပေးတဲ့အတွက် ကျေးဇူးပါ...ဒေါက်တာဝမ်...”

မုထျန်းဟန်က စိတ်အခြေအနေအား ပြန်လည်ထိန်းညှိလိုက်ကာ ဒေါက်တာဝမ်အား ကျေးဇူးစကားဆိုလိုက်သည်။

“ကျွန်တော် ရက်အနည်းငယ်အတွင်း ညစာလိုက်ကျွေးပါ့မယ်...”

“မဟုတ်တာပဲ...ဒါက မပြောပလောက်ပါဘူး...”

“ကိုယ့်ကိုယ်ကိုယ် အရမ်းမနှိမ့်ချပါနဲ့လေ...ကျေးဇူးရှိရင် ပြန်ဆပ်ရမှာပဲမဟုတ်လား...ခင်ဗျားရဲ့အကူအညီက အရမ်းအကျိုးရှိခဲ့တာပါ...”

“ဒီလောက်လည်း မဟုတ်ပါဘူးဗျာ...ကျွန်တော်က စစ်ဆေးချက်လေးတစ်ချို့ပဲ လုပ်ပေးခဲ့တာပါ...”

ဒေါက်တာဝမ်က ပြုံးလျှက်ဆိုသည်။

“ဒါပေမယ့် ဒါရိုက်တာမုကို အကူအညီလေးတစ်ခု တောင်းစရာရှိပါတယ်...”

“ဒေါက်တာဝမ်...တွန့်ဆုတ်မနေပါနဲ့...”

“အင်း...တကယ်​တော့ ကျွန်တော့်သားရဲ့ကိစ္စပါ...သူက M တက္ကသိုလ်မှာ ဘွဲ့လွန်တက်ဖို့ လျှောက်ချင်ပေမယ့် သူ့ရဲ့ ကိုယ်ရေးအကျဥ်းက ထူးခြားနေတာမျိုး မရှိဘူးလေ...သူ့မှာ အတွေ့အကြုံရော၊ ထူးချွန်တဲ့လုပ်ဆောင်မှုရော မရှိဖြစ်နေတာ...ဒီတော့လေ...”

ဒေါက်တာဝမ်က ရှက်ရှက်ဖြင့်ဆက်ပြောလာ၏။

“ခင်ဗျားရဲ့ ကုမ္မဏီမှာ သူ့ကို အလုပ်သင်အဖြစ် ခေါ်သုံးပေးလို့ရမလား...ဒီလိုဆို သူ တက္ကသိုလ်လျှောက်တဲ့အခါ အထောက်အကူဖြစ်မလားလို့ပါ...”

မုထျန်းဟန် ချက်ချင်းဆိုသလိုပင် နားလည်လိုက်သည်။

“ပြဿနာမရှိ​ပါဘူး...ကျွန်တော် သူ့ကို အတွေ့အကြုံရှိတဲ့ ပရိုဂရမ်ရေးဆွဲသူတွေရဲ့ လက်အောက်ကို ထည့်ပေးလိုက်ပါ့မယ်...အဲ့ဒီ့အဖွဲ့ထဲကိုရောက်သွားတာနဲ့ ကျွန်တော် မကူညီရင်တောင် သူကောင်းကောင်း ဆောင်ရွက်နိုင်​လောက်မှာပါ...”

“ဒီလောက်ဆို လုံလောက်ပါပြီ...ဒါက ကျွန်တော် တောင်းဆိုချင်တာ အကုန်ပါပဲ...”

ဒေါက်တာဝမ်က စည်းမကျော်မိစေရန် ဂရုတစိုက်ပြုမူလျှက် ကျေးဇူးတင်မှုကို ပြသလိုက်သည်။

“ကျေးဇူးပါ...ဒါရိုက်တာမု...ကျွန်တော် ကျွန်တော့်သားရဲ့ စွမ်းရည်အကြောင်း ကောင်းကောင်းသတိပြုမိထားပါတယ်...​ကျွန်တော် ဘာကိုမှထပ်ပြီး မတောင်းဆိုဝံ့ပါဘူး...”

…..

အချင်းချင်း ဖော်ရွေမှုအချို့ ဖလှယ်ပြီးသည့်နောက် မုထျန်းဟန်က မော့တိနှင့်အတူ ပြန်လာခဲ့လေသည်။

“အခုထိ မသက်မသာဖြစ်နေသေးတာလား...”

မော့တိ၏ မျက်နှာလေး ဖြူဖျော့နေသည်ကို တွေ့လိုက်ရသဖြင့် မုထျန်းဟန်ရင်တွင်း၌ နာကျင်လာခဲ့ကာ ဒေါသလည်းဖြစ်လာခဲ့ရသည်။ သူ့ကလေးလေးအား အလွန်ပင် ပွေ့ဖက်ထားချင်လှ၏။

“ကျွန်တော် အဆင်ပြေပါတယ် ကိုကို...ထပ်ပြီးမသက်မသာ မဖြစ်တော့ပါဘူး...တကယ်ပြောတာ...”

မအီမသာဖြစ်နေဆဲ ဖြစ်သော်ငြား ခုနကနှင့်ယှဥ်ပါက မပြောပလောက်ချေ။

လိုင်သယ်စစ်က အသံတိတ်လျှက် သူတို့၏နံဘေးတွင်ရှိနေသည်။

မော့တိ အစိုးရိမ်လွန်နေတာလို့ သူထင်ခဲ့တာ...တကယ်ကြီး မူးယစ်ဆေးကျွေးခံခဲ့ရတာတဲ့လား...

တရားခံက အတော့်ကိုရက်စက်တာပဲ...ဒါက သူ့ဘဝတစ်ခုလုံးကို ဖျက်ဆီးပစ်နိုင်တယ်လေ...

မုထျန်းဟန်က မော့တိ၏ ဆံစများကိုပွတ်သပ်လိုက်သည်။

“မနက်ဖြန် ခွင့်ယူလိုက်နော်...နှစ်ရက်လောက် အတန်းမတက်ပဲ အိမ်မှာအနားယူလိုက်ဦး...ဟုတ်ပြီလား...”

“ကိုကို...ကျွန်​တော် အဲ့လိုလုပ်လို့မရဘူး...”

မော့တိခေါင်းခါလိုက်သည်။

“မကြာခင် နွေဦးပွဲတော်အတွက် ပိတ်ရက်တွေရောက်လာတော့မှာမဟုတ်လား...ကျွန်တော်တို့စာသင်နှစ်လည်း အဆုံးသတ်တော့မှာဆိုတော့ နောက်ပိုင်းအတန်းတွေက ပို​ပြီးအရေးကြီးလာပြီလေ...အဲ့ဒါကြောင့် ကျွန်တော် ကျောင်းပျက်လို့မရ​လောက်ဘူး...ဒါ့အပြင် ကျွန်တော်ခွင့်ယူလိုက်ရင် တရားခံကို သတိပေးရာကျသွားလိမ့်မယ်...ကျွန်တော်က ဒီကိစ္စရဲ့ တရားခံကိုရော၊ ကြိုးကိုင်သူအစစ်ကိုပါ ဖော်ထုတ်ချင်တာ...အဲဒီ့လူတွေကို အပြစ်မပေးပဲ ဒီအတိုင်းမလွှတ်ပေးနိုင်ဘူး...”

​မော့တိက သူ၏ အကြောင်းပြချက်ကို ပြောပြီးသည့်နောက် အသံချိုချိုလေးဖြင့် ပြုံးကာဆိုလိုက်သည်။

“ကိုကို...ကျွန်တော် တကယ်အဆင်ပြေတာပါ...ဘာမှမဖြစ်ပါဘူး...”

မုထျန်းဟန်၏ နက်မှောင်သောမျက်ဝန်းများက မော့တိထံတွင် ခဏကြာသက်ရောက်နေခဲ့သည်။ အဆုံးသတ်၌ သူက သက်ပြင်းချကာ လူငယ်လေးကို ပွေ့ဖက်လိုက်၏။

“မင်းကိုယ့်ကို နည်းနည်းလောက်ဖြစ်ဖြစ် ပိုပြီးမှီခိုလို့ရတယ်...သိရဲ့လား...”

“ကျွန်တော် ကိုကို့အပေါ် အရမ်းကိုမှီခိုနေပါတယ်နော်...”

မော့တိက ပြုံးလိုက်ရင်း မုထျန်းဟန်ကို ပြန်လည်ပွေ့ဖက်လျှက် တစ်ဖက်လူ၏ပုခုံးအား သူ၏ပါးပြင်ကလေးနှင့် ဖိကပ်လိုက်လေသည်။

“ကိုကို...ကိုကိုက ကျွန်တော် အယုံကြည်ရဆုံးနဲ့ အားကိုးရဆုံးလူပါ..."

လိုင်သယ်စစ်က သူ၏ခံတွင်းထဲတွင် ပိုမိုပြင်းထန်လာသည့် ချဥ်စူးစူးအရသာကြောင့် နှာမှုတ်လိုက်မိသည်။

ငါကလည်း အရမ်းကိုအားကိုးထိုက်တဲ့ လူတစ်ယောက်ပါနော်...ဟုတ်ပြီလား...

…..

မော့တိက ခွင့်မတိုင်ခဲ့သော်လည်း မုထျန်းဟန်နှင့်အတူ အိမ်သို့ပြန်လိုက်ခဲ့​လေသည်။

သူက အိမ်ပြန်ရောက်သည်နှင့် တစ်ခါထပ်၍ ရေချိုးကာ ညဝတ်ဝမ်းဆက် အဝါရောင်လေးကို လဲလှယ်လိုက်ပြီး မုထျန်းဟန်နှင့်ဆွေးနွေးရန် ဧည့်ခန်းသို့ထွက်လာခဲ့၏။

ဒီရက်ပိုင်းများတွင် အလုပ်များနေခဲ့သဖြင့် နောက်အသစ်တစ်စုံဝယ်ယူရန် အချိန်မပေးနိုင်သေးချေ။

မော့တိဝင်လာချိန်၌ မုထျန်းဟန်က စာရိုက်နေလေသည်။

“ကိုယ် မင်းအတွက် သစ်တော်သီးဖျော်ရည် ဖျော်ထားတယ်...အရောင်မပြောင်းခင် သောက်လိုက်နော်...”

“ဟုတ်...ကျေးဇူးပါ ကိုကို...”

မော့တိက လတ်လတ်ဆတ်ဆတ် ညှစ်ထားသည့် သစ်တော်သီးဖျော်ရည်ကို တစ်ငုံစုပ်သောက်လိုက်သည်။ ချိုမြိန်သောအရသာက သူ၏လည်ချောင်း တစ်လျှောက်ကိုသာ စီးဆင်းသွားခဲ့ခြင်းဖြစ်သော်ငြား သူ့နှလုံးသားအား ငှက်မွှေးကလေးတစ်ခုဖြင့် တို့ထိဆော့ကစားသကဲ့သို့ ခံစားလိုက်ရသည်။

မုထျန်းဟန်၏ ဂရုစိုက်မှုများနှင့် နူးညံ့မှုများက သူ့နှလုံးသားအတွင်းပိုင်းအထိ ​အမြဲရောက်ရှိလေသည်။

တစ်ခဏအကြာ၌ လိုင်သယ်စစ်က T-shirt နှင့် boxer ကိုသာဝတ်ဆင်လျှက် ရေချိုးခန်းအတွင်းမှ ထွက်လာခဲ့သည်။ သူက သက်ပြင်းချလျှက်ဆို၏။

“ဟွာရှားရဲ့ အပူချိန်က တကယ့်ကိုအံ့သြစရာပဲ...အရမ်းနွေးပြီး သက်တောင့်သက်သာရှိလွန်းတယ်...”

“မင်း မအိပ်သေးဘူးလား...”

မုထျန်းဟန်က လိုင်သယ်စစ်ကို ကြည့်လိုက်သည်။

“ခုဏလေးကမှ ပြဿနာအကြီးကြီးတက်သွားတာလေ...ငါ ဘယ်လိုလုပ်အိပ်နိုင်မှာလဲ...မင်း ဘာလုပ်မယ် စဥ်းစားထားလဲ...ငါ့ကိုပါထည့်တွက်လိုက်...”

မုထျန်းဟန်က ကန့်ကွက်ခြင်းမရှိချေ။ သူက လက်ပ်တော့စခရင်အား တစ်ချက်ကြည့်လိုက်ကာ လိုင်သယ်စစ်ဘက်သို့ လှည့်ပေးလိုက်၏။

“အချက်အလက်အားလုံး ဒီမှာရှိတယ်...သုဝမ့်ကျင်းက တစ်ခုခုပဲ...”

လိုင်သယ်စစ်က ကိုယ်ကိုကိုင်းလျှက် စခရင်အားကြည့်လိုက်သည်။

“ဟင်...သူနဲ့ပတ်သက်ပြီး ထူးဆန်းနေသလိုပဲ...”

“ဘာလဲ...”

“မပြောတတ်ဘူး...ဒီတိုင်း တစ်ခုခုမှားနေသလို ခံစားမိတာ...”

လိုင်သယ်စစ်က မျက်မှောင်ကြုတ်လိုက်သည်။

“ငါစိတ်ထင်တာနေမှာပါ...သုဝမ့်ကျင်းက နယ်ဘက်မှာမွေးဖွားခဲ့ပြီးတော့ မောင်လေးတစ်ယောက်ရှိတယ် မဟုတ်လား...”

“ဟုတ်တယ်...သုဝမ့်ကျင်းထက် ငါးနှစ်ငယ်တယ်လေ...သုဝမ့်လုန်က ဒီနှစ်မှ ၂၁ နှစ်ပြည့်မှာ...သူအခု တောင်ပိုင်းက တက္ကသိုလ်တစ်ခုခုမှာ ရှိမယ်ထင်တယ်...သူက သူ့အမဆီက အမြဲတမ်းပိုက်ဆံတောင်း​လေ့ရှိတယ်...”

မော့တိက ဆိုသည်။

“သုဝမ့်ကျင်း ပြောပုံအရဆိုရင် သူမရဲ့​အရင်အလုပ်ကရတဲ့ လစာ 8k ထဲက 5k ကို သူ့အတွက်ပေးခဲ့ရတယ်တဲ့...ကျွန်တော်တို့အသင်းထဲကို ရောက်တော့ ကျွန်တော် သူမကို လစာအနေနဲ့ 12k ကမ်းလှမ်းခဲ့တဲ့အပြင် စရန်ပါကြိုပေးထားခဲ့တယ်လေ...ဒီလိုဆို သူမ အိမ်ငှားစရိတ်ပေးနိုင်မယ်ဆိုပြီး စီစဥ်ပေးခဲ့တာ...”

“မော့တိလေး...ဒါကသိပ်မဟုတ်သေးဘူးလေ...”

လိုင်သယ်စစ်က ဆိုသည်။

“မင်းအသင်းထဲကို သူမ ဝင်လာတာ တစ်လတောင်မပြည့်သေးဘူးမဟုတ်လား...လစာများများပေးတာနဲ့တင် လုံလောက်နေပြီပဲကို ဘာလို့ စရန်ငွေပါကြိုပေးထားတာလဲ...”

မော့တိက တည်ငြိမ်စွာပင် ပြန်ဖြေလေသည်။

“ဘာလို့ဆို သူမက သနားစရာကောင်းတယ် ထင်ခဲ့တာကြောင့် အကူအညီပေးဖို့ စဥ်းစားခဲ့တာ...”

“ပြီးတော့ ကျွန်တော်တို့နှစ်ယောက်လုံးက မိသားစုတွေရဲ့ ခွဲခြားဆက်ဆံမှုကို အသီးသီးခံခဲ့ကြရတာမဟုတ်လား...ကျွန်တော် သူမအပေါ် နားလည်ပြီး ကိုယ်ချင်းစာခဲ့မိတယ်လေ...ဒါ့ကြောင့် ကျွန်တော် ကူညီချင်ခဲ့တာပါ...”

“ငါတကယ်ကို စိတ်ကုန်လာပြီ...”

လိုင်သယ်စစ် ဒေါသတကြီးဖြစ်သွားခဲ့သည်။

“သုဝမ့်ကျင်းက တကယ့်ကို...အဲ့ဒါဘယ်လိုခေါ်တာပါလိမ့်...မျက်လုံးဖြူဝံပုလွေပဲ...”

မုထျန်းဟန်က မော့တိ၏ဆံစများကို ပွတ်သပ်ပေးလိုက်သည်။

“မင်း သူမအကြောင်းကို အင်တာနက်ပေါ်မှာ မွှေနှောက်ခဲ့တာလား...”

“အွန်း...သူမနဲ့ပတ်သတ်ပြီး ထူးဆန်းတာတစ်ခုမှ ရှာမတွေ့ခဲ့ဘူး...”

“ကိုယ်လည်း အခုပဲရှာကြည့်ခဲ့တယ်...လီချန်းနဲ့ အခြားလူတွေကိုတောင် ကိုယ် အကူအညီတောင်းခဲ့သေးတာ...ဒါပေမယ့် သူတို့လည်း ထူးဆန်းတာတစ်ခုမှ သတိမပြုမိကြပုံပဲ...သူမရဲ့ကြိုးကိုင်သူက အရမ်းကိုအသေးစိတ်ကျလွန်းတယ်...”

သူက စခရင်ကိုဆွဲလိုက်သည်။

“ဒါပေမယ့် ကိုယ်တခြားဘက်ကနေ လှည့်ပြီးရှာကြည့်လိုက်တယ်လေ...ဒါက သူမရဲ့ ဘဏ္ဍာရေးမှတ်တမ်းပဲ...”

“ဘာဖြစ်လို့လဲ...”

လိုင်သယ်စစ်က တစ်ချက်ကြည့်လိုက်ကာ မေးလာ၏။

“ငါဖြင့် ဘာမှမတွေ့မိပါဘူး...”

“တစ်ခုခုမှားနေတာရှိတယ်...”

မုထျန်းဟန်က အခြားစာမျက်နှာတစ်ခုကို ဖွင့်လိုက်သည်။

“ဒါတွေက လွန်ခဲ့တဲ့နှစ်လလောက်က သူမအရင်က ပိုက်ဆံလွှဲဖူးတဲ့ အကောင့်တွေပဲ...0258 နဲ့စတဲ့တစ်ခုက သူမ မောင်​လေးရဲ့အကောင့်လေ...လွန်ခဲ့တဲ့နှစ်လအတွင်း သုဝမ့်ကျင်းလွှဲပေးတဲ့ ၅၀၀၀ နဲ့ သူ့မိဘတွေဆီက ၁၀၀၀ ကို ငွေလွှဲပြီးပြီးချင်း ထုတ်ပစ်လိုက်တာ တွေ့ရတယ်...”

“အဲ့ဒါ ဘာမှားလို့လဲ...”

လိုင်သယ်စစ် ပို၍ပင် ရှုပ်ထွေးသွားခဲ့သည်။

မော့တိ၏ အမူအရာက ပြောင်းလဲသွား၏။ သူက ကောက်ချက်ချလိုက်သည်။

“ဒါက သေချာပေါက်ထူးဆန်းတယ်...”

“ဘာလဲ...”

လိုင်သယ်စစ်က သဲလွန်စရှာမရသေးချေ။

“သေချာရှင်းပြကြစမ်းပါ...”

“မင်းတစ်လကို ဘယ်လောက်သုံးလဲ...”

မုထျန်းဟန်က လိုင်သယ်စစ်ကိုကြည့်လိုက်သည်။

“ငါ…”

လိုင်သယ်စစ် စကားရပ်လိုက်ပြီး သူ့ဖုန်းသူထုတ်ကြည့်လိုက်၏။

“အကောင့်ကို စစ်ကြည့်လိုက်ဦးမယ်...အိုး...ငါဒီလ ၃၈၀၀၀ သုံးထားတယ်...ဒါပေမယ့် အရင်လနဲ့ယှဥ်ရင် ဒီလအသုံးစရိတ်ကနည်းနေတုန်းပဲ...လကုန်တော့မှာ ဆိုပေမယ့် ငါသုံးတာ ၄၀၀၀၀ မကျော်သေးဘူးရယ်...”

“ ငွေသားရောပါလား...”

“ငွေသားပါရင်တောင်...၄၀၀၀၀ မကျော်လောက်ဘူး...ပြီး​တော့ ဟွာရှားမှာ ဘယ်သူက ငွေသားကိုင်လို့လဲ...ဒီတိုင်းကဒ်လေးကို ဆွဲလိုက်တာက ပိုပြီးအဆင်ပြေ...မဟုတ်သေးဘူး...”

လိုင်သယ်စစ် အလင်းပွင့်သွားခဲ့သည်။

“ငါနားလည်ပြီ...သုဝမ့်လုန်က ၂၁နှစ် ပဲရှိသေးတော့ အပြင်ထွက်ပျော်ပါးရင် လွတ်လွတ်လပ်လပ်သွားချင်မှာပဲ...သူက အားလုံးကို ငွေသားနဲ့ပဲ ရှင်းချင်မှာမဟုတ်ဘူး...ဒါတောင် အကောင့်ထဲက တစ်ပြားမှမချန်ပဲ ထုတ်သွားတယ်ပေါ့လေ...”

“အမှန်ပဲ...လွန်ခဲ့တဲ့နှစ်လက သုဝမ့်လုန် သူ့အကောင့်ထဲကငွေအားလုံး ထုတ်သွားခဲ့တယ်...ကဒ်ထဲမှာ ဘာမှမချန်ခဲ့ဘူး...”

မုထျန်းဟန်က ကီးဘုတ်ကို ဆက်လက်ရိုက်နှိပ်လိုက်သည်။

“ငါ သူ့ကျောင်းက ထမင်းစားကဒ်ကို ဟက်ခ်ကြည့်ပြီးပြီ...ကဒ်ထဲမှာလည်း ငွေသုံးထားတာမျိုး မတွေ့ရဘူး...”

“ဒါက အတော့်ကို မူမမှန်တာပဲ...”

မော့တိက နိမိတ်မကောင်းသည့် အရာတစ်ခုကို ခံစားမိလိုက်ကာ မုထျန်းဟန်အား ပြောလိုက်၏။

“ကိုကို...သုဝမ့်လုန်နဲ့ သူ့အတန်းဖော်တွေရဲ့ စကားပြောခန်းကိုရော စစ်ကြည့်ပြီးပြီလား...သူ့လက်ရှိ အခြေအနေအကြောင်း ပြောထားတာမျိုး ရှိနိုင်တယ်...”

“ကိုယ်ရှာကြည့်နေတုန်းပဲ...”

မုထျန်းဟန်၏ ရှည်သွယ်၍ သန်မာသောလက်ချောင်းများက မျက်စိဖြင့်မ​မြင်ရသည့် အမြန်နှုန်းဖြင့် အလျှင်အမြန် ပြေးလွှားနေလေသည်။

“ရပြီ...တစ်ယောက်ယောက်က သူ့ကို​ တစ်လလောက် ကျောင်းမလာပဲ နေလို့ရတဲ့အတွက် မန်းရှင်းထားတာတွေ့တယ်...သူတို့က သူ့ကိုအားကျနေကြတယ်...”

“တစ်လတောင်လား...”

“ဒီလိုကောလိပ်မျိုးက ခွင့်ရက်တစ်လပေးတယ်ဆိုတာ အထူးအဆန်းမဟုတ်ပါဘူး...”

မုထျန်းဟန်၏ မျက်ခုံးများက တွန့်ကွေးသွားသည်။

“ဒါပေမယ့် သုဝမ့်လုန်ရဲ့အခြေအနေက မသင်္ကာစရာပဲ...”

“ဒီတော့ ငါတို့အာရုံစိုက်ရမှာက သုဝမ့်ကျင်းမဟုတ်ပဲ သူမရဲ့မောင် သုဝမ့်လုန်ပေါ့...”

မော့တိက သူ့အခန်းသို့ပြေးသွားကာ လက်ပ်တော့ကို ယူလာခဲ့သည်။

“ကိုကို...သုဝမ့်လုန်ကို ခြေရာခံရအောင်...သူ့နောက်မှာ ချင်ချန်းယီရှိတယ်လို့ ကျွန်​တော် သံသယဖြစ်မိတယ်...”

“ကျွန်တော် သူ ခရီးသွားသေးလားဆိုတာ စစ်ဆေးကြည့်လိုက်မယ်...”

မော့တိက ဆိုသည်။

“ကိုကို...သူ့ရဲ့ဘဏ္ဍာရေးအခြေအနေကို စစ်ကြည့်ပေးပါ...သဲလွန်စသေချာပေါက်ရှိလိမ့်မယ်...”

“ကိစ္စမရှိဘူး...ကိုယ်နဲ့လိုင်သယ်စစ်က သူငွေလွှဲတဲ့ကိစ္စတွေနဲ့ ပိုက်ဆံသုံးတဲ့အခြေအနေကို စုံစမ်းလိုက်မယ်...”

“ကောင်းပြီ...ပါဝင်တဲ့လူတွေအကုန်လုံး ဆွဲထုတ်ကြရအောင်...”

လိုင်သယ်စစ်က သူ၏အင်္ကျီလက်ကို လက်မောင်းရင်းထိ ပင့်ခေါက်လိုက်သည်။

မုထျန်းဟန်က ထပ်ပေါင်းပြောလာ၏။

“ကိုယ် ဂျော့ချ်နဲ့တခြားလူတွေကိုလည်း အကူအညီတောင်းထားတယ်...လွန်ခဲ့တဲ့နှစ်လအတွင်း သုဝမ့်လုန်ရဲ့ လူမှုကွန်ရက်နဲ့ လှုပ်ရှားမှုတွေကို သူတို့လည်း ရှာပေးလိမ့်မယ်...”



Xxxxx