အပိုင်း ၁၁၁
Viewers 29k

Chapter 111



အဆုံးတွင် မော့တိလက်ဆောင်များကိုလက်ခံလိုက်ကာ ရှန့်ယွီချောင်၏မိခင်ဖြစ်သူကို တိုက်ရိုက်ပင် သူ၏ကျေးဇူးတင်မှုကို ပြသရန်ဆုံးဖြတ်လိုက်သည်။ သူမြို့တော်မှရရှိနိုင်မည့် ကောင်းနိုးရာရာကို စာရင်းပြုစုကာ မုထျန်းဟန်ဆီသို့ တစ်သုတ်ပို့လိုက်ပြီး နောက်ထပ်တစ်သုတ်ကို ရှန့်ယွီချောင်၏မိခင်ဆီသို့ ပို့ပေးလိုက်သည်။



သောကြာနေ့တွင် အဖွဲ့သားအားလုံးစုံသွားပြီဖြစ်ကာ ဗီလာတွင်နေထိုင်ရာတွင်လည်း လိုက်လျောညီထွေ ဖြစ်သွားကြလေပြီ။ သို့ဖြစ်ရာ သူတို့၏အလုပ်များလှသော အချိန်ဇယားကို တရားဝင်စတင်ခဲ့ကြသည်။



ကင်မရာအဖွဲ့မှာမူ ခေါင်းဆောင်၏ခွင့်ပြုချက်ဖြင့်သာ အလုပ်နေရာတစ်ခုတည်းကို ရိုက်ယူနိုင်ပေမည်။ ထို့ကြောင့် ဗီဒီယိုများ၏အများဆုံးရိုက်ချက်များမှာ အဖွဲ့သားများ၏နေ့စဉ်လုပ်ငန်းဆောင်တာများသာဖြစ်ကြသည်။



နှစ်ရက်ကြာပြီးနောက် လူတိုင်းမှာ ပတ်ဝန်းကျင်အသစ်တွင် ချောမွေ့စွာ အံဝင်ခွင်ကျဖြစ်သွားကြကာ မော့တိသည်လည်း အခြားအဖွဲ့ခေါင်းဆောင်များနှင့် ခင်မင်ရင်းနှီးလာသည်။



သူတို့သည် ယခုပြိုင်ပွဲတွင် ယှဉ်ပြိုင်ကြသူများဖြစ်ကြသော်လည်း တစ်ချိန်တည်းမှာပင် တူညီသောဝါသနာရှိနေသည့်အတွက် အနာဂတ်တွင်လည်း ဆုံတွေ့နိုင်ကြသေးသည်။ ထို့ကြောင့် အချင်းချင်းဆက်ဆံရေးကောင်းများရှိကြခြင်းမှာ ပို၍ကောင်းပေမည်။ ထို့ထက်ပိုသည်မှာ သူတို့ထဲမှ မည်သူကမျှ ကုမ္ပဏီများဖြင့် စာချုပ်ချုပ်ဆိုထားခြင်းမရှိလေရာ သူ့ကုမ္ပဏီအတွက် လူရှာရာတွင် သူ၏အကြိုက်နှင့် သင့်တော်ပေလိမ့်မည်။



ထို့အပြင် ရှန့်ယွီချောင်သည်လည်း အောက်ထပ်မှ အမျိုးကောင်းသား၊ အမျိုးကောင်းသမီးများနှင့် ဆော့ကစားရာတွင် ပျော်ရွှင်နေကာ သူတို့၏အိတ်များကိုသယ်ဆောင်ရာတွင် တက်တက်ကြွကြွပါဝင်နေလေသည်။ အခြားအဖွဲ့မှ အမျိုးသမီးများသည်လည်း သူ့အပေါ်အလွန်ဖော်ရွေကြကာ သူတို့ပုံမှန်စကားပြောဆိုလေ့ရှိသည်။ မည်သို့ပင်ဆိုစေကာမူ သူမတို့မှာ သူ့အားမောင်ငယ်လေးမျှသာ မြင်နေကြခြင်းဖြစ်သည်။ အမျိုးသမီးအများစုမှာ နှစ်ဆယ့်ငါးနှစ်ပြည့်ပြီဖြစ်ကြကာ အချို့မှာမူ သုံးဆယ်ပင်ကျော်လွန်နေပြီဖြစ်သည့်အတွက် ရှန့်ယွီချောင် သူ၏အသက်ကို နှစ်နှစ်မျှထပ်ပေါင်းထည့်လျှင်ပင် မလုံလောက်သေးပေ။



သူ့အားမောင်ငယ်လေးအဖြစ် သတ်မှတ်ထားသည့်အချက်ကို လျစ်လျူရှုကာ ရှန့်ယွီချောင် သူ၏အလုပ်မှတစ်ဆင့် သူ၏‌ကောင်းမွန်သောဘက်ခြမ်းကိုပြသရန်ကြိုးစားနေကာ မကြာမီအချိန်တွင် ကောင်မလေးရရှိလာမည်ဟု တွေးတောနေလေသည်။ မော့တိမှာမူ ‌ရှန့်ယွီချောင်အတွက် ကိစ္စများကိုရှင်းလင်းရန်ကြိုးစားရာတွင် ပဋိပက္ခဖြစ်နေသော်လည်း သူ၏အလုပ်ကြိုးစားပုံကို မြင်လိုက်ရချိန်တွင် သူအခြားနည်းလမ်းသာသုံးရန် ဆုံးဖြတ်လိုက်သည်။ မည်သူသိနိုင်ပါမည်နည်း ရှန့်ယွီချောင်၏ကြိုးစားမှုသည်လည်း အရာထင်ချင် ထင်သွားနိုင်သည်လေ။



တနင်္ဂနွေနေ့ ရောက်ရှိလာကာ အလုပ်များအပြီးသတ်ပြီးနောက် မော့တိ အခြေစိုက်နေရာမှ ထွက်လာခဲ့သည်။



မော့တိမှလွဲ၍ မည်သူကမျှ နေ့တစ်ဝက်အတွင်း အလုပ်မပြီးစီးနိုင်ကြသည်ဖြစ်ရာ သူတို့နေရန်သာ ဆုံးဖြတ်လိုက်ရသည်။ ထို့ထက်ပိုသည်မှာ နေထိုင်ရေးသည်အလွန်ကောင်းမွန်လှသဖြင့် အားလပ်ရက်တွင် လည်ပတ်ရေးထက်ပို၍ နှစ်ခြိုက်ကြလေသည်။



မော့တိ ထွက်ခွာသွားပြီးနောက် အဖွဲ့မှလူများသည် အနီးအနားပတ်ဝန်းကျင်မှနေရာများဆီသို့သွားကာ သူတို့အကြိုက်နှင့်ကိုက်ညီမည့်စားသောက်ဆိုင်များကို ရှာဖွေလိုက်ကြသည်။



အဆုံး၌ ယဲ့ချန်းဖုန်သည်လည်း ‌အခြေစိုက်စခန်းမှ ထွက်ခွာသွားလေသည်။



ဦးလေးကျန်းထံမှ အမိန့်ကိုလက်ခံရရှိပြီးနောက် ကျူးချန်းလန်သည်လည်း လိုက်ပါလာခဲ့သည်။



ဦးလေးကျန်းမှာမူ သူတို့ကို ယဲ့မိသားစုပိုင်ဆိုင်သည့် ပြင်သစ်ဆိုင်တွင် ထိုင်စောင့်နေခဲ့သည်။ ယဲ့ချန်းဖုန်တို့ ဝင်ရောက်လာချိန်၌ ကျူးချန်းလန်အား သီးသန့်အခန်း၏တံခါးကို ပိတ်ခိုင်းလိုက်သည်။



" ဦးလေးကျန်း…" ယဲ့ချန်းဖုန်နှုတ်ဆက်လိုက်သည်။



" သခင်လေး အဲ့မှာနေရတာ အဆင်ကောပြေရဲ့လား… ကျွန်တော်ကြားမိတာ နေရေးထိုင်ရေးက မကောင်းဘူးဆို…" ဦးလေးကျန်းမှ ယဲ့ချန်းဖုန်ကို စိုးရိမ်တကြီးဖြင့် ကြည့်လျက် " ကျွန်တော်တစ်ယောက်ယောက်ကို ကိုင်တွယ်ခိုင်းလိုက်ဖို့ သခင်ကြီးကိုပြောလိုက်ရမလား…"



" မလိုပါဘူး…" ယဲ့ချန်းဖုန် မျက်မှောင်ကြုတ်သွားပြီး " အဖေနဲ့အဖိုးကော ဘယ်လိုနေသေးလဲ…"



" သူတို့အဆင်ပြေပါတယ်… မနေ့ကတောင် သခင်လေးဆီဖုန်းခေါ်သေးတယ် မဟုတ်ဘူးလား…"



" သူတို့က ကျွန်တော့်ဆီအမြဲတမ်းသတင်းကောင်းပဲပြောနေကြတာ သတင်းဆိုးမဟုတ်ဘူး…အဖိုးကသွေးတိုးရှိနေတာတောင်မှ အဲ့ဒီပဲငံပြာရည်ဝက်စတူးကို အမြဲစားနေတုန်းပဲ… ဦးလေးကျန်း ကျွန်တော့်အတွက် စောင့်ကြည့်ထားပေးပါဦး…"



" ဟုတ်ကဲ့ ဟုတ်ကဲ့… ဒါပေါ့ သခင်လေးက အသိတတ်ဆုံးပါပဲ…" ဦးလေးကျန်းမှ ယဲ့ချန်းဖုန်ကို အဆုံးမရှိ မြောက်ပင့်နေလေသည် " ဒီအရွယ်လေးနဲ့တင် သိတတ်တယ်ဆိုတာက လူငယ်မျိုးဆက်မှာ အတော်လေးရှားပါးသွားပြီပဲ…မော့တိကိုပဲကြည့်လေ သူကမိသားစုကိုလိုလိုလားလားနဲ့ အဆက်ဖြတ်ပစ်ခဲ့တာ…တစ်ချက်ကြည့်ရုံနဲ့တင် သူကအဆိပ်ပြင်းပြီး ကျေးဇူးမသိတတ်တဲ့ မျက်လုံးဖြူဝံပုလွေပဲ…"



" သူကမသိတတ်ပေမဲ့ သူ့ရဲ့အကြီးဆုံးအပြစ်ကတော့ အစ်မဖြစ်သူကို နာကျင်စေခဲ့တာပဲ…" ယဲ့ချန်းဖုန် အေးစက်သွားကာ " ဦးလေးကျန်း ဆေးအဆင့်သင့်ဖြစ်ပြီလား…"



" ဖြစ်ပါပြီ ဖြစ်ပါပြီ…" ဦးလေးကျန်း‌ ဘေးပတ်ဝန်းကျင်ကို တစ်ချက်ဝေ့ကြည့်လိုက်ကာ လိုက်ကာများကို လိုရမယ်ရချလိုက်သည်။ ထို့နောက် ထိုင်ခုံသို့ပြန်လာကာ အိတ်ထောင်ထဲမှ သေးငယ်သောအိတ်တစ်လုံးကို ဆွဲထုတ်လာခဲ့သည်။



" သခင်လေး ဒါက နိုင်ငံရပ်ခြားကလာတဲ့ အလွန်အားပြင်းစိတ်ကြွဆေးပဲ…သူ့မှာထူးခြားပြီးတော့ တွေ့ရခဲတဲ့ တည်ဆောက်ပုံရှိတယ်…ပြင်းထန်တဲ့ ထင်ယောင်ထင်မှားမူးယစ်ဆေးကိုလည်း ဒီဆေးပိုကောင်းကောင်းအလုပ်လုပ်နိုင်အောင် ရောထည့်ထားတော့ တစ်ဂရမ်လေးနဲ့တင် လူတိုင်းကို သူတို့ရဲ့ကန့်သတ်ချက်အဆုံးထိတင်ပေးလိုက်လို့ရတယ်…"



ဦးလေးကျန်းမှ အိတ်ကို ယဲ့ချန်းဖုန်ထံ ကမ်းပေးလိုက်ကာ " သခင်လေး ဒါကို ကောင်းကောင်းလျှို့ဝှက်ထားပါ…"



" အဲ့လောက်တောင်စွမ်းတာလား…" ယဲ့ချန်းဖုန် အိတ်ကိုယူကာ မေးလိုက်သည် " ကျွန်တော်ဘယ်လောက်ပမာဏသုံးပေးရမှာလဲ…"



" ဆယ်ပုံတစ်ပုံဆိုရပါပြီ အဲ့ထက်များရင် ခန္ဓာကိုယ်ကို အတော်လေးဥပါဒ်ပေးလိမ့်မယ်…" ဦးလေးကျန်းမှ တီးတိုးပြောလာခဲ့သည်

" သူ့ရဲ့သက်ရောက်မှုကြောင့် ဒါကိုစိတ်ကြွဆေးဆိုပြီးသတ်မှတ်လို့ရတော့မှာမဟုတ်ဘူး… ပြီးတော့ ထင်ယောင်ထင်မှားဖြစ်စေတဲ့သတ္တိလည်းပါတော့ ဘယ်လောက်ချုပ်တီးထားတီးထား လွတ်သွားစေလိမ့်မယ်…အဲ့ဒါက လူမြင်ကွင်းကြီးဖြစ်နေရင်တောင်မှ သူတို့က ညစ်ညမ်းတဲ့အလုပ်ကို ဆက်လုပ်နေဦးမှာ…"



" အာနိသင်ပြဖို့က သုံးမိနစ်ပဲကြာလိမ့်မယ်.. ဒါပြီးရင်တော့ ဘယ်လောက်စိတ်ခွန်အားကောင်းကောင်း သူ့ရဲ့ဆန္ဒတွေကို ချုပ်ထိန်းနိုင်မှာမဟုတ်ဘူး…ဆေးအာနိသင်ပြလာတာနဲ့ သူ့ရဲ့ပတ်ဝန်းကျင်ကို မေ့လျော့သွားပြီးတော့ စိတ်ဆန္ဒတွေကိုပဲ အာရုံစိုက်နေလိမ့်မယ်…အခြားသူတစ်ဦးကိုပဲဖြစ်ဖြစ် ခေါင်းအုံးတို့ တိုင်တို့နဲ့တောင်ဖြစ်နိုင်တယ်…"



ယဲ့ချန်းဖုန်၏မျက်နှာတွင် ရွံရှာမှုများ ဖြတ်ပြေးသွားခဲ့သည်။



" ဒါကကျိန်းသေပေါက်ကို ကြည့်ရဆိုးမှာပဲ… ပြီးတော့ ခန္ဓာကိုယ်ကိုကော ဘယ်လောက်အတိုင်းအတာထိ ထိခိုက်စေမှာလဲ…"



" တကယ်တော့အဲ့လောက်မဆိုးပါဘူး…များသောအားဖြင့် ဆေးရှိန်ပြယ်ဖို့တော့ အချိန်အတော်ယူရလိမ့်မယ်…ဆေးများသွားရင်တော့ အချို့စိတ်ဖောက်ပြန်သွားတာတို့ဖြစ်နိုင်တယ် ပိုပြီးဆိုးရင်တော့ နှလုံးဖောက်တာ‌မျိုးပေါ့…"





" မော့တိက အတော်လေးကျန်းမာတာပဲ သူနှလုံးဖောက်မယ်လို့ မထင်ဘူး…"

ကျူးချန်းလန် ကြားဖြတ်ပြောလိုက်သည်

" သခင်လေး အဲ့လိုလုပ်ဖို့စိတ်မရှိဘူးဆိုရင် ကျွန်တော့်ကိုပဲလုပ်ခွင့်ပေးလိုက်ပါ…ဒီနှစ်ရက်အတွင်း သူတို့ပထမထပ်က ရူယီအဖွဲ့နဲ့ ဆက်ဆံရေးကောင်းတစ်ခုတည်ဆောက်ထားပြီးပြီမလို့ သူတို့ဆီ ရက်အနည်းငယ်လောက် သွားလည်ပြီး ဆေးခတ်လိုက်မယ်လေ…သေချာပေါက် အဲ့ဒါကဘယ်သူ့အာရုံစိုက်မှုမှ ဆွဲဆောင်နိုင်မှာမဟုတ်ပါဘူး…"



" မင်းဘယ်လိုလုပ်မှာလဲ.." ယဲ့ချန်းဖုန် ကျူးချန်းလန်ကိုကြည့်ကာ " ဒီဆေးကို အမြင့်ဆုံးအာနိသင်ပြအောင် ဘယ်လိုလုပ်ရမယ်ဆိုတာ သိလား…"



" သခင်လေးစိတ်ထဲမှာ တစ်ခုခုတွေးထားတာရှိလို့လား…"



ယဲ့ချန်းဖုန်၏မျက်ခုံးများ မြင့်တက်သွားသည်။ပုံမှန်အားဖြင့် သူ၏ကျင့်ဝတ်နှင့် မကိုက်ညီသောနည်းလမ်းကို အသုံးပြုရပေလိမ့်မည်။



အဆုံး၌ သူ၏သံသယများကို နှိမ့်ချလိုက်လေသည်။



" ငါဒါကိုပိုပြီးကြီးအောင်လုပ်ချင်တာ.. ငါတို့ဒီတိုင်းသူ့အခန်းထဲမှာပဲ ခေါင်းအုံးကိုတိုက်ခိုက်နေတာလောက် မရိုးရှင်းစေချင်ဘူး.. ဒါကမလုံလောက်ဘူးကွ နားလည်လား…"



ကျူးချန်းလန် ဉာဏ်ပွင့်သွားကာ အလျင်အမြန်ပြန်ပြောလိုက်သည် " နားလည်ပါပြီ.. သခင်လေးပြောချင်တာက ကျွန်တော်တို့တစ်ဆင့်တိုးပြီးတော့ တခြားသူကိုတိုက်ခိုက်တာကို ဆိုလိုချင်တာမလား…"



အကယ်၍သာ မော့တိ၏အခြားသောမိန်းကလေးအဖွဲ့ဝင်သို့မဟုတ် တစ်စုံတစ်ယောက်ကို အဓမ္မပြုကျင့်နေသည့်ဗီဒီယိုသာ ထွက်ပေါ်လာခဲ့ပါက ထိုညစ်ညမ်းမှုမှာ လူထုကိုရုတ်ရုတ်သဲသဲဖြစ်စေနိုင်မည်ပင်။ ဤသို့ဖြစ်လာပါက မော့တိ၏ဂုဏ်သိက္ခာမှာ ရေဆေးချ၍ပင် မပြောင်နိုင်တော့ဘဲ လူတိုင်းသူ့ကိုရွံရှာနေပေမည်။



ယဲ့ချန်းဖုန် ထို့ထက်ပို၍အသေးစိတ်မပြောတော့ပေ။ သူ ဦးလေးကျန်းကိုကြည့်ကာ " ကင်မရာအသေးလေးကကော ဘယ်မှာလဲ…"



" အကုန်ဒီမှာပါ…" ဦးလေးကျန်း သေတ္တာငယ်လေးကိုထုတ်ကာ ယဲ့ချန်းဖုန်ဆီသို့ ကမ်းပေးလိုက်သည်။



" သခင်လေးရိုက်ကူးပြီးတာနဲ့ ကျွန်တော့်ကို အသိပေးရပါလိမ့်မယ်… ဒီလောက်ကြီးမားတဲ့အတင်းအဖျင်းကြီး ထွက်ပေါ်လာတဲ့အခါကျရင် ပြိုင်ပွဲရဲ့နာမည်ကိုလည်း ထိခိုက်စေမှာဖြစ်တဲ့အတွက် သူတို့စစ်ဆေးကြမှာပဲ…သူတို့သာ သခင်လေးရဲ့အဖွဲ့ဆီပေါက်ကြားသွားတာကို သိသွားကြရင် ကျွန်တော်သခင်ကြီးကို တစ်ဖက်ကနေ ဖိအားပေးခိုင်းလိုက်ပါမယ်…"



ထို့နောက် ဦးလေးကျန်းမှ ကျုးချန်းလန်ကိုတင်းမာစွာကြည့်ကာ " သခင်လေးရဲ့လက်တွေကိုမညစ်ပတ်စေနဲ့.. နားလည်လား…"



" ဟုတ်ကဲ့ ကျွန်တော်နားလည်ပါတယ်…" ကျူးချန်းလန် ခေါင်းငြိမ့်လိုက်သည်။



မော့တိနှင့်မုထျန်းဟန်တို့ ညစာအတူစားခဲ့ပြီးနောက် သူအခြေစိုက်စခန်းသို့ပြန်ရောက်ချိန်တွင် ညမှောင်နေပြီဖြစ်သည်။



မော့တိ ဗီလာသို့ပြန်ရောက်ချိန်တွင် မည်သူမျှမရှိသည်ကို သဘောပေါက်သွားလေသည်။



ရူယီအဖွဲ့မှ လူတစ်ဦးမှ မော့တိကို လှမ်းခေါ်ကာ " အဖွဲ့ခေါင်းဆောင်မော့ မင်းအဖွဲ့သားတွေအားလုံးပါတီကိုသွားကြတယ်…မင်းလိုက်သွားချင်ရင်တော့ အဲ့ဒါက ဗီလာနံပါတ်တစ်မှာ အခုထိလုပ်နေတုန်းပဲ…"



" ကျေးဇူးပါ…" မော့တိ ပြုံးကာ ခေါင်းငြိမ့်ပြလိုက်သည်။



ရှန့်ယွီချောင်နှင့်အခြားသူများ ပါတီတွင်ရှိနေမည်ကို စာကြိုပို့ထားသဖြင့် သူသိနေခဲ့သည်။ သူပြန်မလာခင်က တစ်စုံတစ်ယောက်မှ အပြင်ဘက်တွင် အသားကင်ပွဲကျင်းပရန်ပြောလာခဲ့ပြီး ပွဲစီစဉ်သူများမှာလည်း လက်ခံသည့်အတွက် သူတို့ ဗီလာရှေ့တွင် တဲအနည်းငယ်ထိုးကာ ပါတီကျင်းပနေကြခြင်းဖြစ်သည်။



" မင်းရောဘာလို့မသွားတာလဲ.." မော့တိ လှမ်းမေးလိုက်သည်။



" ငါသွားခဲ့သေးတယ်..ဒါပေမယ့် အဲ့မှာက အေးနေပြီး ငါလည်းမသောက်နိုင်ဘူးလေ အဲ့ဒါကြောင့် ပြန်လာခဲ့လိုက်တာ..ရုပ်သေးအဖွဲ့ကနှစ်ယောက်လည်း ပြန်လာပြီတဲ့.. မင်းလည်းမသွားဘူးဆိုရင် ငါတို့ဘာလို့ မာကျောက်မကစားဘဲနေမလဲ.." အဖွဲ့သားမှ ရယ်လျက်ပြောလာခဲ့သည်။



" ကျွန်တော့်အဖွဲ့သားတွေကို တစ်ချက်သွားကြည့်လိုက်ဦးမယ်… ပြန်လာရင် ကောင်းကောင်းဆော့ကြတာပေါ့.." မော့တိပြုံးကာ လက်‌ယမ်းပြလိုက်ပြီးနောက် မာဖလာကိုပတ်ကာ ထွက်လာခဲ့သည်။



ဗီလာနံပါတ်တစ်နှင့်နှစ်မှာ မဝေးကြပေ။ မီတာ သုံးရာမျှသာ ကွာဝေးလေသည်။



မော့တိ အခြားသူများအား မည်သည့်နေရာတွင်ရှိနေသည်နည်းဟု စာပို့ကာမေးမြန်းလိုက်သည်။



ပြန်စာများမှ သူ့ကို ပထမထပ်ကအနောက်မြောက်ထောင့်တွင် ရှိနေသည်ဟု ပြန်လည်ဖြေကြားလာကြသည်။



" မင်းတို့ခေါင်းဆောင်ပြန်ရောက်ပြီလား…" ကျူးချန်းလန် ရှည်လျားသောလေကာကိုဝတ်ဆင်ထားပြီး ကျန်းကျယ်မုံ့ကို အပြုံးတစ်ပွင့်ဖြင့်မေးကာ " ပါတီတောင်ပြီးတော့မယ်…"



ကျူးချန်းလန်တွင် ချောမောလှသောရုပ်ရည်ရှိပြီး သူမအားပြုံးပြလာချိန်တွင် ကျန်းကျယ်မုံ့အနည်းငယ်ရှက်သွေးဖြာသွားခဲ့သည်။ ထို့ကြောင့် သူမပြန်ဖြေလိုက်လေသည် " ကျွန်မတို့ခေါင်းဆောင်က ခဏနေလာလိမ့်မယ်…ပါတီကနောက်ထပ်တစ်နာရီခွဲလောက်တော့ရှိနေဦးမှာပါလေ…"



" အမှန်ပဲနော် အိုးးဟုတ်သား အအေးတွေကုန်နေပြီ မင်းတို့ခေါင်းဆောင်ကောရလိုက်ရဲ့လား…"



ကျူးချန်းလန် စားပွဲအောက်မှာ အအေးဘူးကိုယူကာ ကျန်းကျယ်မုံ့ကို ပေးလိုက်သည် " အဲ့လူတွေက အရမ်းကပ်စေးနည်းတာပဲ…ငါတို့ကို သေတ္တာနည်းနည်းလေးပဲပေးတာ အခုကုန်တော့မယ်… ဒါကျန်တဲ့သုံးပုလင်းပဲ… မင်းအဖွဲ့ခေါင်းဆောင်စီ တစ်ပုလင်းယူသွားလိုက်ဦး မဟုတ်ရင် ခဏနေကြပြောင်သွားတော့မှာ…"



Xxxxxxx