အပိုင်း ၁၁၃
Viewers 28k

Chapter 113
(သတိပေးချက် - ဆေးသုံးစွဲခြင်းနှင့် *** ကြိုးပမ်းမှု ပါဝင်သော်လည်း အမှန်တကယ် ပြည့်စုံစွာ ဖော်ပြထားခြင်း မရှိပါ။)



ထိုစကားကို ကြားလိုက်ရသောအခါ အမျိုးသမီး နှစ်ယောက်က ချက်ချင်း ပြန်သွားကြသည်။



သူတို့ ပြန်သွားသည်ကို မြင်သောကြောင့် အမျိုးသားမှာလည်း ရွေးချယ်စရာ မရှိတော့ဘဲ နောက်မှ လိုက်သွားရလေသည်။



ဤအခိုက်တွင် ကျူးချန်လန်က ကျန်းမန်ကျယ်နှင့် စကားပြောနေ၏။ သူက သူမကို အိပ်ဆေးခပ်ထားသည့် ကိတ်မုန့်တစ်တုံး ကျွေးနိုင်ရန် ကြိုးပမ်းနေလေသည်။ ကံမကောင်းစွာဖြင့် အဆင်မပြေဘဲ သူမ၏ ဝိတ်ချနေသော အစီအစဉ်ကို အကြောင်းပြရင်း သူမက သူ့ကို ထပ်တလဲလဲ ငြင်းဆန်နေသည်။



ကျူးချန်လန်က စိတ်ပျက်လာ၏။ နောက်ဆုံးတွင် သူက သူမကို အအေးတိုက်ရန်နှင့် ထိုအအေးတွင် ဆေးခတ်ထားရန် ဆုံးဖြတ်လိုက်လေသည်။



သူ တဲဆီသို့ ပြန်လာသောအခါ သူ့အဖွဲ့ဝင်များက ပါတီမှ အလျင်စလို ထွက်လာကြပြီး သူတို့အားလုံး ဗီလာ ၃ ဆီသို့ ဦးတည်သွားနေကြသည်ကို တွေ့လိုက်ရသည်။



“မင်းတို့တွေ ဘာလို့ အစောကြီး ပြန်လာကြတာလဲ…” ကျူးချန်လန်က အမြန် ပြေးလာပြီး လူတစ်ယောက်ကို မေးလိုက်သည်။ “ပါတီက ပြီးတောင် ပြီးသွားပြီလား…”



“မပြီးသေးဘူး ဒါပေမဲ့ ခေါင်းဆောင်က နေမကောင်းဖြစ်နေတဲ့ပုံပဲ… ပိုင်ဝမ့်ဝမ့်က သူ့နောက်ကို လိုက်သွားပေမယ့် သူ တစ်ခုခု အကူအညီ လိုနေမလားဆိုပြီး ငါတို့ စိုးရိမ်နေလို့…”



ထိုလူက ရှင်းပြသည်။



“ခေါင်းဆောင်က နေမကောင်းဘူးလား… ဘယ်လိုနေမကောင်းတာလဲ… ဘာဖြစ်တာတဲ့လဲ…” ကျူးချန်လန်က သူ၏ သခင်လေး ရုတ်တရက် နေမကောင်းထဖြစ်ကြောင်း ကြားလိုက်ရသည့်အခိုက် ထိတ်ထိတ်ပြာပြာ ဖြစ်သွားလေသည်။



“မသိဘူး… ငါတို့တွေလည်း အခုမှ အဲ့ဒီကို သွားကြည့်မလို့… မင်း ငါတို့နဲ့ လိုက်ခဲ့ပါလား…”



ကျူးချန်လန်က မျက်နှာ ရှုံ့မဲ့သွား၏။



သူက ယဲ့ချန်းဖုန်ကို စစ်ဆေးကြည့်ချင်သော်လည်း ဤနေရာရှိ သူ့အလုပ်မှာ မပြီးမြောက်သေးပေ။ ကျန်းမန်ကျယ်သာ မရှိပါက မော့တိ၏ ရှိုးမှာ စိတ်လှုပ်ရှားဖွယ် ကောင်းတော့မည် မဟုတ်တော့ချေ။ သူတို့၏ အားစိုက်ထုတ်မှုအားလုံး အောင်မြင်တော့မည် မဟုတ်ပါ။



သူက နှစ်စက္ကန့်လောက် ကြာအောင် စဉ်းစားပြီးနောက် လက်ရှိကိစ္စမှာ ပို၍ အရေးကြီးကြောင်း ဆုံးဖြတ်လိုက်သည်။ အကယ်၍ ဤအစီအစဉ်သာ အဆင်ပြေပြေ မပြီးဆုံးသွားခဲ့ပါလျှင် ဦးလေးကျန်းနှင့် ယဲ့ချန်းဖုန်တို့က သူ့ကို သေချာပေါက် အပြစ်ပေးကြမည် ဖြစ်သည်။



“ကောင်းပြီလေ… ငါ ဒီမှာ လုပ်စရာလေးတစ်ခု ရှိသေးလို့… မင်းတို့တွေ အရင်သွားပြီးတော့ သခင်လေးကို ကြည့်ထားလိုက်… ခဏနေရင် ငါ လိုက်လာခဲ့မယ်…”

သူက ထိုလူ့ကို ပြောလိုက်သည်။ “ခေါင်းဆောင်ကို သေချာ ဂရုစိုက်ပေးလိုက်ပါဦး…”



ကျူးချန်လန်က ပြောဆိုပြီးနောက် ဘေးနားရှိ တဲတစ်လုံးထဲသို့ ပြန်ဝင်သွားလေသည်။



သူ့တုံ့ပြန်မှုကို မြင်ရသောအခါ မော့တိက သူ့မျက်လုံးများကို မှေးကျဉ်းလိုက်၏။ ထို့နောက် သူက ကျန်းမန်ကျယ်ဆီသို့ မက်ဆေ့ချ်တစ်စောင် အမြန် ပို့လိုက်ပြီး ဗီလာ ၁ မှ ထွက်လာကာ ခပ်ဝဝလူကြီးနောက်သို့ ခပ်သွက်သွက် လိုက်လာခဲ့လေသည်။



ဤအခိုက်တွင် ယဲ့ချန်းဖုန်၏ ခန္ဓာကိုယ်မှာ အပူချိန် အလွန်မြင့်နေသည်။ နေရာတစ်ခုမှ တုံ့ပြန်မှုမှာ မခံမရပ်နိုင်လောက်အောင် ဖြစ်နေ၏။ တစ်ခုခု မှားယွင်းနေပြီ ဖြစ်ကြောင်း သူ ပထမဆုံးအကြိမ် သတိထားမိသည့် အချိန်မှ ၅ မိနစ်ခန့် ကြာပြီ ဖြစ်ပြီး သူ၏ ဆင်ခြင်တုံတရားမှာ လျင်မြန်စွာ နစ်မြုပ်သွားလေတော့သည်။



ဦးလေးကျန်း ပြောသည့်စကားများမှာ အမှန်ပင်။ ထိုဆေးမှာ မယုံနိုင်လောက်အောင် ထိရောက်မှုရှိပြီး အထူးသဖြင့် ၎င်း၏ စိတ်ခြောက်ခြားစေနိုင်သော အစွမ်းသတ္တိမှာ ပြင်းထန်လှပေသည်။



ယဲ့ချန်းဖုန်က သူ၏ စိတ်စွမ်းအင်များအားလုံးကို အသုံးပြုပြီး ဗီလာ ၃ ရှေ့သို့ ဒယီးဒယိုင်ဖြင့် လမ်းလျှောက်သွားနေသည်။ သူ့ဦးခေါင်းထဲတွင် မော့လျှိုကွေ့သာ စိုးမိုးနေပြီး သူ့နားနှစ်ဖက်တွင် နားစည်ကွဲလုမတတ် နားအူနေ၏။ ထိန်းချုပ်၍ မရနိုင်သော စိတ်ဆန္ဒကြောင့် သူ့နှလုံးသားမှာ အရှိန်ပြင်းစွာ တဒိန်းဒိန်း ခုန်နေပြီး အရာအားလုံး မှုန်ဝါးလာလေသည်။



အမျိုးသမီးအဖွဲ့ဝင်လေးက ယဲ့ချန်းဖုန်၏ နောက်မှ ဆက်ပြီး လိုက်လာ၏။ သူမက သူ့ကို စိတ်ရင်းဖြင့် ကူညီပေးချင်နေ၏။



အစပိုင်းတွင် ယဲ့ချန်းဖုန်မှာ အသိစိတ်ရှိနေဆဲ ဖြစ်ပြီး သူက သူမကို ခပ်ဝေးဝေးသို့ တွန်းလွှတ်နေခဲ့သေးသည်။ သို့ရာတွင် အချိန်ကြာလာသည်နှင့်အမျှ သူ့အနေဖြင့် မတောင့်ထားနိုင်တော့ဘဲ နွေးထွေးသော ခန္ဓာကိုယ်နှင့် တစ်ယောက်ယောက်ကို ထိတွေ့ထားချင်သည့် ခံစားချက်တို့၏ ဆွဲဆောင်ခြင်းကို ခံလိုက်ရလေတော့သည်။



ပိုင်ဝမ်ဝမ်းက ယဲ့ချန်းဖုန်ကို အမြဲတမ်း နှစ်သက်သဘောကျနေခဲ့သူပင်။ ကုမ္ပဏီအများအပြားက မြင့်မားသော လစာနှုန်းထားဖြင့် သူမကို လာပြီး ကမ်းလှမ်းကြသော်လည်း သူမက ယဲ့ချန်းဖုန်၏ စွန့်ဦးတီထွင်ကုမ္ပဏီ၌သာ အလုပ်လုပ်ကိုင်ရန် ဆုံးဖြတ်ထားလေသည်။ တစ်ခါတစ်ရံတွင် သူမအနေဖြင့် အလုပ်သင်တစ်ယောက်၏ လစာဖြင့် အတွင်းရေးမှူး တစ်ယောက် လုပ်ကိုင်ရသော အလုပ်တာဝန်များကိုပင် လုပ်ကိုင်ပေးရ၏။ ထို့ပြင် သူမက စေ့စပ်သေချာပြီး သူ့အပေါ် စာနာသည့်အနေဖြင့် သူ့အတွက် လက်ဖက်ရည်၊ ကော်ဖီစသည်ဖြင့် ပြင်ဆင်ပေးလေ့ရှိသည်။



သူ စိတ်မချမ်းသာသည့်အခါတွင် သူမကလည်း ထပ်တူပင် ခံစားရ၏။ သူ့ထံမှ အပြုံးလေးတစ်ပွင့်ကပင် သူမ၏ တစ်နေ့တာလုံးကို ပျော်ရွှင်စေသည်။ သူမ၏ အကြီးမားဆုံးသော အိပ်မက်မှာ သူနှင့်အတူ ချိန်းတွေ့ခွင့် ရရန် ဖြစ်သော်လည်း ၎င်းမှာ မဖြစ်နိုင်ကြောင်း သူမ သိထားပြီးသား ဖြစ်ရာ အိပ်မက်တစ်ခုသာ ဖြစ်ပေသည်။



သို့သော် ဤအခိုက်တွင်မူ ယဲ့ချန်းဖုန်က သူမကို ဖက်ထားလေသည်။



ပိုင်ဝမ်ဝမ်းကား ကျေနပ်ပီတိ ဂွမ်းဆီထိနေ၏။ ယဲ့ချန်းဖုန်ထံ၌ တစ်ခုခု မှားယွင်းနေသလောဟုပင် သူမ စိတ်ထဲတွင် မတွေးမိတော့ချေ။ အရေးကြီးသောအချက်အနေဖြင့် သူက သူမကို ဖက်ထားသည် မဟုတ်ပါလော။



… ထို့ပြင် သူက သူမကို နောက်တစ်ဆင့် တက်ကာ နမ်းလိုက်သေးသည်။



ပိုင်ဝမ်ဝမ်းက သူမကို ဖက်ထားသော ယဲ့ချန်းဖုန်၏ ခွန်အားနှင့် သူ၏ ရမ္မက်ပြင်းသော အနမ်းတို့ကို ခံစားရင်း သူ့မျက်နှာလေးကို အမြတ်တနိုး စိုက်ကြည့်နေသည်။ သူမ၏ နှလုံးသားမှာ အရည်ပျော်ကျကာ သူမ၏ လက်မောင်းများဖြင့် သူ့ကို သိုင်းဖက်ထားလိုက်၏။ အိပ်မက်များကား အမှန်တကယ် လက်တွေ့ ဖြစ်လာခြင်းပင်။



သို့သော် တဖြည်းဖြည်းနှင့် အခြေအနေမှာ ထိန်းမနိုင် သိမ်းမရ ဖြစ်လာ၏။



ယဲ့ချန်းဖုန်က သူမ၏ အဝတ်အစားများကို ဆုပ်ကိုင်လိုက်သည်။



သို့သော် ဤနေရာမှာ အပြင်ဘက်၌ ဖြစ်၏။



“ခေါင်းဆောင်… ခေါင်းဆောင်…” ပိုင်ဝမ်ဝမ်းက ယဲ့ချန်းဖုန်ထံမှ သူမကိုယ်သူမ ကာကွယ်ရန် ကြိုးပမ်းလိုက်သည်။

“ခေါင်းဆောင်… ခေါင်းဆောင် ကျွန်မတို့ အပြင်မှာပဲ ရှိသေးတယ်လေ…”



ရယ်စရာကောင်းသည်မှာ ယဲ့ချန်းဖုန်သာ ဆင်ခြင်တုံတရား ရှိနေဆဲ ဆိုပါက ဤဆေးမှာ အလကား ဖြစ်သွားမည်သာ။ ထို့အပြင် မော့တိကို ဒေါသထွက်အောင် လုပ်ရန်အတွက် ယဲ့ချန်းဖုန်က ဆေးပမာဏကို မထိန်းထားပေ။



“ခေါင်းဆောင်… ခေါင်းဆောင်… ချန်းဖုန်… ချန်းဖုန်…” ပိုင်ဝမ်ဝမ်းက စိတ်ပူလာ၏။ သူမက သူ့ကို တွန်းထုတ်ပြီး ထွက်ပြေးရန် ကြိုးစားသော်လည်း ခြေနှစ်လှမ်းခန့် လှမ်းပြီးနောက်မှာပင် သူမကို ပြန်ဖမ်းမိသွားလေသည်။ ထို့နောက် သူက သူမအပေါ် ခုန်အုပ်ကာ နှစ်ယောက်သား ဗီလာဝင်ပေါက်ဘေးရှိ မြက်ခင်းပြင်ပေါ်၌ အလူးအလဲ ဖြစ်နေကြသည်။



မြက်ခင်းပေါ်တွင် ကြွေကျထားသော သစ်ရွက်ခြောက်များ ရှိနေသဖြင့် သူတို့နှစ်ယောက်သား ရုန်းရင်းဆန်ခတ် ဖြစ်နေရင်း အဝတ်အစားများပါ ပေကျံကုန်လေသည်။



ပိုင်ဝမ်ဝမ်းက ယဲ့ချန်းဖုန်ကို စွဲလမ်းနေသူ တစ်ယောက်ပင်။ အကယ်၍ ဗီလာအတွင်း၌သာ ရှိနေပါက သူမအနေဖြင့် အနည်းငယ်သာ ရုန်းကန်ပြီး နောက်ဆုံးတွင် သူ့ဆန္ဒအတိုင်း လိုက်လျောပေးလိုက်ပေလိမ့်မည်။ သို့သော် ယခုအခါ အပြင်ဘက်တွင် ရှိနေကြခြင်း ဖြစ်ပြီး ဗီလာဝင်ပေါက်၏ အပြင်ဘက် တည့်တည့်၌ ရှိနေကြခြင်း ဖြစ်သည်။



သူမက သူ့ကို မည်မျှချစ်သည်ဖြစ်စေ ဤအရာကိုမူ လုံးဝ လက်မခံနိုင်ချေ။ အဆောက်အဦးထဲသို့ ဝင်လာသူ၊ ထွက်လာသူ မည်သူမဆို သူတို့နှစ်ယောက်ကို အလွယ်တကူ တွေ့သွားနိုင်ပေသည်။



သူမက ဤကဲ့သို့သော နည်းလမ်းဖြင့် နာမည်မကြီးချင်ပေ။



ပိုင်ဝမ်ဝမ်းက စတင်ပြီး ထိတ်လန့်တုန်လှုပ်လာ၏။ ယခုအခါ သူမက ယဲ့ချန်းဖုန်၏ ချဉ်းကပ်မှုအားလုံးကို နှလုံးသားတစ်ခုလုံးဖြင့် ငြင်းဆန်နေလေသည်။ သို့သော် ဆင်ခြင်တုံတရား ပျောက်ဆုံးသွားသော ယောကျ်ားတစ်ယောက်ကား တိရစ္ဆာန်တစ်ယောက်နှင့် ဘာမှမခြားနားတော့ပေ။ ယဲ့ချန်းဖုန်က အလွန် သန်မာလှပြီး ပိုင်ဝမ်ဝမ်းမှာ သူ့ထံမှ လွတ်အောင် မရုန်းနိုင်ပါ။ သူက သူမ၏ အဝတ်အစားများကို စုတ်ဖြဲရန် ကြိုးစားရင်း သူမကို အာသာငမ်းငမ်း နမ်းရှုံ့နေသည်။



ပိုင်ဝမ်ဝမ်းက ကတ်ရှ်မီးယားဆွယ်တာအထူနှင့် ဂျင်းဘောင်းဘီအကျပ်ကို ဝတ်ဆင်ထားသဖြင့်သာ တော်သေး၏။ ယဲ့ချန်းဖုန်က အကြိမ်ပေါင်းများစွာ အားပြင်းပြင်း ဆွဲချွတ်သည့်တိုင်အောင် ကျွတ်သွားခြင်း မရှိပေ။ နောက်ဆုံးတွင် အဝတ်အစား ဝတ်လျှက်နှင့်ပင် သူမကို စတင်ပြီး စော်ကားလေတော့သည်။



သူ ကြည့်နေသည့်ပုံစံမှာ… လမ်းဘေးတွင် မိတ်လိုက်နေသည့် ရမ္မက်ကြီးသော ခွေးတစ်ကောင်နှင့်ပင် တူနေတော့သည်။



ပိုင်ဝမ်ဝမ်းက ယဲ့ချန်းဖုန်ကို ကြည့်နေရင်း သူမရှေ့တွင် သူ့ပုံရိပ်မှာ အစိတ်စိတ် အမွှာမွှာ ပျက်စီးသွားလေ၏။ သူက သူမ ချစ်မြတ်နိုးခဲ့ရသူတစ်ယောက် မဟုတ်တော့ပေ။



ယဲ့ချန်းဖုန်ကို ကြည့်နေရသည်မှာ သူမအတွက် စိတ်ကုန်စရာသာ ကောင်းနေတော့သည်။



ပိုင်ဝမ်ဝမ်းက ရုန်းကန်ရင်း သူ့ကို တွန်းထုတ်နေသော်လည်း သူမက အင်အား အလုံအလောက် မရှိပေ။



တစ်မိနစ်အကြာတွင် သူမ ခြေသံများကို ကြားလိုက်ရသည်။



ဤအခိုက်တွင် သူမ၏ ထိတ်လန့်တုန်လှုပ်မှုမှာ အထွတ်အထိပ်သို့ပင် ရောက်သွားလေ၏။ သူမ၏ တွန်းထုတ်ခြင်းမှာ မအောင်မြင်သောကြောင့် နောက်ထပ် နည်းလမ်းတစ်ခုကို တွေးမိသွားသည်။ သူ့ခန္ဓာကိုယ် အောက်ပိုင်းကို ပိတ်ကန်ပစ်လိုက်ခြင်းက အလုပ်ဖြစ်နိုင်သော်လည်း သူမက ဤကဲ့သို့ မလုပ်ရက်ချေ။



ယဲ့ချန်းဖုန် ထိခိုက်သွားမည် သို့မဟုတ် သေဆုံးသွားမည်ကို သူမ စိုးရိမ်နေသည်။ သူမက သူ့ကို ယခင်လို မချစ်တော့သော်လည်း သူက ယခုထိတိုင်အောင် သူမ ဂရုစိုက်ရသူ တစ်ဦး ဖြစ်နေဆဲပင်။ ထို့ကြောင့် သူမက သူ့ကို နာကျင်အောင် မလုပ်ရက်ပါ။



ပိုင်ဝမ်ဝမ်းက သူ့ကို ကန်ရမည်လော၊ မကန်ရမည်လော ဝေခွဲမရ ဖြစ်နေသည့်အခိုက် မိန်းကလေးနှစ်ယောက်၏ အော်သံ ထွက်ပေါ်လာသည်။



“အား…”



“ခေါင်းဆောင်…”



အမျိုးသမီး အဖွဲ့ဝင်နှစ်ယောက်က ပြေးလာကြပြီး သူတို့၏ ခေါင်းဆောင်ဖြစ်သူမှာ ဘောင်းဘီချွတ်ထားပြီး သူတို့၏ အဖွဲ့ဝင်အပေါ် ခွေးတစ်ကောင်လို လှုပ်ရှားနေသည်ကို မြင်သောအခါ သူတို့နှစ်ယောက်သား ထိတ်လန့်မှုနှင့် မယုံကြည်နိုင်မှုတို့ကြောင့် အော်ဟစ်လိုက်ကြသည်။



ထိုအချိန်မှာပင် ယဲ့ချန်းဖုန်က အထွတ်အထိပ်သို့ ရောက်ရှိနေပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ သူ့စိတ်ဆန္ဒများမှာ ပိုင်ဝမ်ဝမ်း၏ အဝတ်အစားများပေါ်တွင် စွန်းထင်းနေပြီး သူက တုန်လှုပ်စွာဖြင့် “ရှောင်ကွေ့”ဟူသော နာမည်ကိုသာ တတွတ်တွတ် ခေါ်နေလေသည်။



ချက်ချင်းဆိုသလိုပင် ပိုင်ဝမ်ဝမ်း၏ နှလုံးသားထဲတွင် ရွံရှာမုန်းတီးခြင်းနှင့် ဒေါသတို့ စုပြုံကာ တိုးပွားလာလေ၏။ ယခင်က တုံ့ဆိုင်းနေခြင်းများ လုံးဝ ပျောက်ကွယ်သွားပြီး သူမက ခြေထောက်ကို မြှောက်၍ သူ့ကို ရက်ရက်စက်စက် ပိတ်ကန်ပစ်လိုက်သည်။



“အား…”



သူ့အသက်တမျှ အရေးကြီးသော နေရာကို တိုက်ရိုက် ထိုးနှက်လိုက်ခြင်းကြောင့် ယဲ့ချန်းဖုန်မှာ နာကျင်စွာ အော်ဟစ်လိုက်လေသည်။



တစ်ချိန်တည်းမှာပင် ဝဖိုင့်ဖိုင့်အမျိုးသားနှင့် အမျိုးသမီးအဖွဲ့ဝင်များ ရောက်ရှိလာကြ၏။ ယဲ့ချန်းဖုန်က သူ့ဆန္ဒများကို ဖွင့်ဟဖြေဖျောက်ရင်း အကန်ခံလိုက်ရသည့် မြင်ကွင်းကို သူတို့အားလုံး မြင်လိုက်ကြရသည်။ အစပိုင်းတွင် သူတို့အားလုံး ကြက်သေသေနေကြသော်လည်း နောက်ဆုံးမြင်ကွင်းကို မြင်လိုက်ရသည့်အခိုက် ပင့်သက်ရှိုက်ကာ “ဤသည်မှာ အမှန်တကယ် နာကျင်သွားလောက်သည်” ဟု တွေးလိုက်ကြလေသည်။ သူတို့၏ ခေါင်းဆောင်ဖြစ်သူမှာ မစွမ်းဆောင်နိုင်တော့လောက်အောင်ပင် ဖြစ်သွားနိုင်ချေ ရှိ၏။



ထိုဝဖိုင့်ဖိုင့်လူကြီးမှာ အတွေးလွန်နေပုံ ရသော်လည်း မဆိုင်းမတွပင် တုံ့ပြန်လိုက်သည်။ သူက နာကျင်မှုကြောင့် ရှုံ့တွနေသော ယဲ့ချန်းဖုန်ဆီသို့ ပြေးသွားပြီး သူ့ကို ကူညီ၍ ထူပေးလိုက်လေသည်။ သူက ယဲ့ချန်းဖုန်ကို ဗီလာထဲသို့ အရင်ဆုံး ခေါ်သွား၏။ သူ့ကို ဆေးရုံတင်ရန် လိုအပ်သည့်တိုင်အောင် ကောင်းကောင်းမွန်မွန် ဝတ်စားပေးရန်လည်း လိုအပ်ပေသည်။



“မင်းတို့နှစ်ယောက် ဘာလုပ်နေတာလဲ… ပိုင်ဝမ်ဝမ်းကို ထူပေးလိုက်ကြလေ… သူ့ကို ခေါ်သွားပြီး အဝတ်လဲပေးလိုက်…” သူက အမျိုးသမီးအဖွဲ့ဝင်များကို ပြောလိုက်သည်။



ထိုအခါမှသာ အမျိုးသမီးများက အသိစိတ် ပြန်ဝင်လာကြပြီး စိတ်ရှုပ်ထွေးနေသည့် ပိုင်ဝမ်ဝမ်းကို ကူညီပေးလိုက်ကြသည်။



ယနေ့ညမတိုင်မီက သူတို့၏ ခေါင်းဆောင်နှင့် ပိုင်ဝမ်ဝမ်းတို့ ဆက်ဆံရေးကို သိပြီး သေမတတ် မနာလို ဖြစ်နေခဲ့ကြသော်လည်း ယခုအခါတွင်မူ သူတို့အနေဖြင့် မည်သို့ ခံစားနေရသည်ကို မသိအောင်ပင် ဖြစ်နေတော့သည်။



လွန်ခဲ့သော အခိုက်အတန့်က ယဲ့ချန်းဖုန်၏ မြင်ကွင်းကို သူတို့၏ စိတ်ထဲတွင် အမှတ်ရနေဆဲပင်။



၎င်းမှာ လမ်းဘေးမှ ခွေးများနှင့် အလွန် တူနေပြီး အနည်းငယ် ရွံရှာဖွယ် ကောင်းလှ၏။



“ငါ့ကို ဒီလိုပုံစံနဲ့ မကြည့်နဲ့…ဒါ နှစ်ဦးသဘောတူ လုပ်တာမဟုတ်သလို ငါတို့တွေက ဘယ်တုန်းကမှ မတွဲခဲ့ဖူးဘူး…”



ပိုင်ဝမ်ဝမ်းက သူတို့နှစ်ယောက်၏ အကြည့်ကို မြင်လိုက်သဖြင့် ပြောလိုက်သည်။ ဤကဲ့သို့ ပြောပြီးနောက် သူမက သူတို့နှစ်ယောက်၏ လက်များကို တွန်းထုတ်ကာ ဗီလာဆီသို့ တန်းတန်းမတ်မတ် ပြေးသွားလေသည်။



သူမက ပျက်စီးသွားသော သူမ၏ ဂျင်းဘောင်းဘီကို ကြည့်ပြီး ယဲ့ချန်းဖုန်ကို ပို၍ပင် ရွံရှာလာ၏။ ယခင်က သူ့အပေါ် ထားရှိခဲ့သည့် သူမ၏ ခံစားချက်များအားလုံး လုံးဝ သန့်စင်သွားပြီး ဖြစ်သည့်အပြင် သူမက ပြိုင်ပွဲမှ နှုတ်ထွက်ရန်ပင် တွေးနေခဲ့သည်။



မော့တိကား သူ့အနေဖြင့် နောက်ထပ်အမြှောက်စာ တစ်ယောက်၏ ကံကြမ္မာကို ချက်ချင်းလက်ငင်း ပြောင်းလဲလိုက်ကြောင်း မသိလိုက်ရပေ။



ယခင်ဘဝတွင် မော့လျှိုကွေ့၏ အလှတရားက ယောက်ျားတစ်ယောက်အား သူ့ဘဝတစ်ခုလုံးကို သူမအတွက် ပုံအပ်ပေးရန်ပင် စွမ်းဆောင်နိုင်၏။ ထို့ပြင် အရေးပါသော ဒုတိယအမျိုးသားဇာတ်ဆောင်ဖြစ်သူ ယဲ့ချန်းဖုန်မှာလည်း မော့လျှိုကွေ့ကဲ့သို့ အားမကောင်းသော်ငြား တူညီသော စွမ်းရည်ကို ပိုင်ဆိုင်ထားလေသည်။



ထို့ပြင် ပိုင်ဝမ်ဝမ်းမှာ ယဲ့ချန်းဖုန်၏ လည်ပင်း၌ ချိတ်ဆွဲမိသော ကံဆိုးသူဝိညာဉ်တစ်ယောက် ဖြစ်သည်။ သူမ၏ အသက် ၄၀ အရွယ်၌ သူမအပေါ် အမှန်တကယ် ချစ်မြတ်နိုးသူများနှင့် ထူးချွန်ပေါက်မြောက်နိုင်သော အသက်မွေးဝမ်းကြောင်း လုပ်ငန်းများကို ငြင်းပယ်ခဲ့သည်။ သူမက ယဲ့ချန်းဖုန်၏ ကုမ္ပဏီ၌သာ အလုပ်ကြိုးစားခဲ့ပြီး နောက်ဆုံးတွင် အထွေထွေမန်နေဂျာရာထူးကို အရယူခဲ့လေသည်။



သို့သော် သူမနှင့် ယဲ့ချန်းဖုန်တို့၏ ကောလာဟလအချို့မှာ မော့လျှိုကွေ့ဆီသို့ ရောက်သွားပုံ ရ၏။ ထို့ကြောင့် သူမ၏ ကိုယ်ပိုင်နည်းလမ်း ဖြစ်သော သွယ်ဝိုက်ပြောဆိုသည့် နည်းလမ်းဖြင့် မော့လျှိုကွေ့က ယဲ့ချန်းဖုန်ထံတွင် သူ့ကို နှစ်သက်သဘောကျသူ တစ်ယောက် ရှိနေခြင်းကို ဝမ်းသာကြောင်းနှင့် သူတို့လက်ထပ်သည့်အခါ သူမကို ဖိတ်ကြားရန် မျှော်လင့်ကြောင်း သိမ်မွေ့စွာပင် ပြောဆိုခဲ့သည်။



ထိုအခါ မော့လျှိုကွေ့အပေါ် သူ၏ ဘယ်သောအခါမှ သေဆုံးသွားမည် မဟုတ်သော ချစ်ခြင်းတရားကို ပြသရန်အတွက် ယဲ့ချန်းဖုန်က ပိုင်ဝမ်ဝမ်းကို လူသိရှင်ကြား ငြင်းဆိုလိုက်လေသည်။



အသက် ၄၀ အရွယ်တွင် ပိုင်ဝမ်ဝမ်းမှာ သူမ၏ အဖိုးတန်သော ငယ်ရွယ်နုပျိုခြင်းနှင့် ကြိုးစားအားထုတ်ခြင်းများကို ဖြုန်းတီးခဲ့ပြီးနောက် နောက်ဆုံးတွင် အချစ်မရှိ၊ အလုပ်လက်မဲ့ဘဝဖြင့် အဆုံးသတ်သွားလေတော့သည်။



ဤဘဝတွင် ကိစ္စများက ယခုလိုဖြစ်လာပြီ ဖြစ်ရာ ပိုင်ဝမ်ဝမ်းအနေဖြင့် နောက်မကျခင် သူမ၏ တွယ်ငြိရာမှ သူမကိုယ်သူမ လွတ်မြောက်စေသင့်ပေသည်။



မော့တိက အဝေးမှ အဆောက်အဦတစ်ခုထဲသို့ လူအုပ်ကြီး ဝင်သွားသည်ကို မြင်ပြီးနောက် ထွက်သွားလေ၏။



၁၀ မိနစ်အကြာတွင် မြေညီထပ်နားသို့ နီးကပ်လာသည့် ဥဩဆွဲသံများကို ကြားလိုက်ရပြီး ထိုအသံများက ဗီလာ ၃ ဆီသို့ တန်းတန်းမတ်မတ် သွားလေသည်။



မော့တိက အံ့အားသင့်နေသည့် ပုံစံ ဟန်ဆောင်ကာ လူတိုင်းနှင့်အတူ ရုတ်ရုတ်သဲသဲ ဖြစ်နေသည်ကို သွားကြည့်လိုက်၏။ သူက ယခုအခါ အဝတ်အစား သပ်သပ်ရပ်ရပ် ဝတ်စားထားပြီ ဖြစ်သော ယဲ့ချန်းဖုန်အား လူနာတင်ကားဖြင့် သယ်သွားသည်ကို တွေ့လိုက်ရလေသည်။



မော့တိက ဝဖိုင့်ဖိုင့်လူကြီး၏ ပုခုံးကို ညှစ်လိုက်ပြီးနောက် သူမသိအောင် တံဆိပ်ကို ဆွဲဖြုတ်လိုက်လေ၏။ ထို့နောက် သူက မေးလိုက်သည်။



“အစ်ကိုကြီး… ခင်ဗျားတို့ရဲ့ ခေါင်းဆောင်က တော်တော် နေမကောင်းဖြစ်နေတာလား…”



ထိုလူကြီးက လှည့်ကြည့်လိုက်ရာ မော့တိကို တွေ့လိုက်ရသဖြင့် သူ့မျက်နှာပေါ်တွင် စိတ်ရှုပ်ထွေးသော အကြည့်မျိုး ဖြစ်သွား၏။ သူက “အင်း” ဟု တစ်ခွန်းတည်းသာ တုံ့ပြန်လိုက်လေသည်။ ထို့နောက် သူက သူ့စိတ်ထဲတွင်မူ အတော်လေး ပြင်းထန်သော နေမကောင်းခြင်းဟု တွေးလိုက်မိသည်။ ပိုင်ဝမ်ဝမ်း၏ ကန်ချက်ကြောင့် မပျက်စီးသွားသည့်တိုင်အောင် သုံးစားမရနိုင်လောက်သည်အထိ ပျက်စီးသွားနိုင်ပေ၏။


Xxxxxx