အပိုင်း ၁၃၂
Viewers 28k

Chapter 132



လူမိုက်အဖွဲ့အစည်းတွင် နှစ်ပေါင်းများစွာ ပါဝင်ပတ်သက်ခဲ့သော ယန်ချီးချွမ်က မယုံကြည်ရသူဖြစ်ရုံသာမက လောဘကြီးပြီး တစ်ကိုယ်ကောင်းဆန်သူလည်း ဖြစ်သည်။ မိမိကိုယ်မိမိ ​ဘေးကင်း​အောင်​နေထိုင်ရန် မည်သည့်အတိုင်းအတာထိမဆို လုပ်နိုင်သည့်သူအဖြစ် ဖော်ပြနိုင်သည်။ သူ၏ကိုယ်ပိုင်ဆောင်ပုဒ်မှာ 'လူတိုင်းသည် မိမိအတွက်သာ' ဖြစ်ပြီး ဘယ်သောအခါမှ ထို​ဆောင်ပုဒ်အတိုင်း သွေဖည်သွားခြင်းမရှိ​ပေ။

အနည်းဆုံး​တော့ သူက မုဒိမ်းကောင် သို့မဟုတ် လူသတ်သမားမဟုတ်သလို သူတို့၏ပြစ်ဒဏ်ကို တားဆီးရန် တစ်စုံတစ်ဦးကို ကူညီပေးခဲ့ခြင်းလည်း မဟုတ်​ပေ။ လူသတ်သမား သို့မဟုတ် ပြစ်ဒဏ်ကျခံနေရသော မုဒိမ်းသမားကို ကူညီလိုသော အခြားသူများနှင့် သိကျွမ်းခဲ့ရသည်။ ထို့ကြောင့် နောက်ကြောင်းပြန်ကြည့်မည်ဆိုလျှင် စိတ်ကျ​ရောဂါအတွက် ဆေးမှတ်တမ်းကို ဘာလို့အတုလုပ်ရသည်လဲ။ ယင်းကို ဘာမှ အ​လေးအနက်ထား စဥ်းစားရန်မလို​ပေ။

ထို့အပြင် ဤအစီရင်ခံစာအတုကြောင့် အခြားသူတစ်​ယောက်​ယောက် ထိခိုက်နာကျင်သွားလျှင်​ပင် သူ၏ တိုက်ရိုက်လုပ်ဆောင်ချက်မဟုတ်​ပေ။ ထို့​ကြောင့် သူက ၎င်းလုပ်ရပ်အပေါ် အပြစ်ရှိစိတ်ဖြစ်ရန် မလိုအပ်ပေ။ သူ၏ကိုယ်ကျင့်တရားပျက်ပြားမှုကြောင့် ဆဲ​ရေးခံရမည်ကို သူသိသဖြင့် သူကိုယ်တိုင် အမြဲ​ရှောင်ရှားပြီး ထိုကဲ့သို့စိတ်ထားရှိသည့် စိတ်တူကိုယ်တူများနှင့်သာ ​ပေါင်းသင်းဆက်ဆံသည်။

ထို့အပြင် သူ့အတွက် စိတ်ကျရောဂါဆေးစစ်ချက်အစီရင်ခံစာအတုကို ရေးသွင်းလာသူမှာ သူ့စိတ်ကြိုက်​တွေ့သော်လည်း သူ ကတိပေးထားသည့်အတိုင်း ဆုကြေး​ငွေများမရခဲ့ပေ။

ယန်ချီးချွမ်​၏လုပ်ခလစာမှာ ပါရဂူတစ်​ယောက်ကဲ့သို့ လစာမြင့်မားသော်လည်း မြို့တော်တွင် အိမ်ကြီးအိမ်​ကောင်းနှင့် ​နေနိုင်​သောသူ့အတွက် မလုံလောက်ပေ။ ဇနီးဖြစ်သူ သူနာပြုဆရာမ​ခေါင်း​ဆောင်၏ လစာနှင့် သူ့ရဲ့ကိုယ်ပိုင်လစာကို ဆယ်စုနှစ်တစ်ခုကျော်ကြာအောင် စုဆောင်းထားခဲ့​ပေမယ့် ယွမ်လေးသန်းသာရှိ​သေးသည်။ သူတို့၏မိဘများ၏ အကူအညီဖြင့် တန်ဖိုးမြင့်မား​သော ကျောင်းခရိုင်ရှိ တည်နေရာကောင်းအိမ်တစ်လုံးအတွက် ယွမ်ခြောက်သန်းပေးချေနိုင်ခဲ့သည်။

သူ့တွင် မူလတန်းကျောင်းတက်တော့မည့် ကလေးနှစ်ယောက်ရှိပြီး သူတို့ကို အိမ်သေးသေးလေးနှင့် ပုံမှန်ကျောင်း၌သာ မထားနိုင်​ပေ။ သူ့တွင် ထိန်းသိမ်းထားရမည့် ဂုဏ်သိက္ခာရှိသည်။ သို့ပေမယ့် ကျန်​နေသည့်ချေးငွေများကို ပြန်ဆပ်ရန် သူ့အတွက် နောက်ထပ် အနှစ်နှစ်ဆယ်မှ သုံးဆယ်ခန့်ကြာလိမ့်မည်ဖြစ်ပြီး ထိုအချိန်ဆို သူ အသက် ခြောက်ဆယ်ဖြစ်နေ​လောက်ပြီပင်။

ယခု​တော့ ဆေးမှတ်တမ်းလေးတစ်ခုကို အတုလုပ်​ပေးရုံနှင့် အနှီအကြွေးကို ပြန်ဆပ်နိုင်တော့မည်။

ဘယ်လောက်တောင်ပြီးပြည့်စုံလိုက်လဲ?!

နောက်ထပ်​ရော ဘာတွေလုပ်​ပေးရအုံးမှာလဲ...

သူပြောနိုင်တာ​တော့ ထိုအမျိုးသားက သူ့ကို မိသားစုဆရာဝန်အဖြစ် ခန့်အပ်ရန် ရည်ရွယ်ချက်ရှိနေပြီး စာချုပ် ချုပ်ဆိုရန်ပင် ကြိုတင်ပြင်ဆင်ထားသေးသည်။ ဤသို့ ရက်ရောပြီး စိတ်တူကိုယ်တူ 'ပေါင်' တစ်လုံးအတွက် အလုပ်လုပ်နိုင်ရန် သူ ဘာကိုများ ထပ်တောင်းဆိုနိုင်မည်နည်း။

…..

​မော့လျှို​ကွေ့၏ စိတ်ကျရောဂါနှင့် ပတ်သက်သည့် အကြောင်းအရာက နှစ်ရက်လုံးလုံး အင်တာနက်ပေါ်တွင် ရှိနေခဲ့သည်။

အစကတည်းက သတင်းမှာ ထိပ်ဆုံးသုံးနေရာတွင် ရှိနေကာ ထို့နောက် ထိပ်ဆုံးဆယ်နေရာတွင် ရှိပြီး အခုလက်ရှိ၌ ထိပ်ဆုံးနေရာ လေးဆယ်အတွင်းမှာ ရပ်တည်နေသည်။

သို့သော်လည်း ယင်းမှာ သူမအား ထောက်ခံသူများ လျော့နည်းလာခြင်းကြောင့် သို့မဟုတ် ရေတပ်က သူတို့အလုပ်ကိုသူတို့ မလုပ်ခြင်းကြောင့် မဟုတ်ဘဲ သူမ၏ ကျော်ကြားမှုက ပုံမှန်လူများကြားတွင် လျင်မြန်စွာ ကျဆင်းလာသောကြောင့် ဖြစ်သည်။

​(TN:​ရေတပ်=အင်တာနက်​ပေါ်တွင် ရည်ရွယ်ချ​က်ရှိရှိ commentများ၊ articleများကို​ရေးသား​သောလူများဖြင့်ဖွဲ့စည်းထား​သော အဖွဲ့အစည်း)

သို့ပေမယ့် ထိုသို့ အကြာကြီးတော့ ဖြစ်မ​နေပေ...။

တတိယမြောက်နေ့နံနက်တွင် ​မော့လျှို​ကွေ့နှင့်ပတ်သက်သည့် hot search အသစ်နှစ်ခုက ထိပ်ဆုံးနှင့် ဒုတိယနေရာကို ​​ရောက်ရှိခဲ့သည်။

'​မော့လျှို​ကွေ့၏ စိတ်ကျ​ရောဂါမှာ အမှန်ပင်ဖြစ်သည်။'

'အားလုံး ​မော့လျှို​ကွေ့ကို တောင်းပန်ဖို့ ပြင်ထားကြ'

လွန်ခဲ့သည့်နှစ်ရက်အတွင်း လူအများ၏စွပ်စွဲမှုများကို သည်းခံရန် သူမက စိတ်ကျ​ရောဂါရှိ​နေသည်ဟု ထုတ်ဖော်ပြောဆိုခဲ့သည့် အဖြစ်အပျက်တစ်ခုလုံးကို စာစီကုံး​ရေးကာ ဝဘ်ဆိုဒ်အများအပြားတွင် စတင် တင်ခဲ့ကြသည်။ နောက်ဆုံးတွင် အမှန်တရားပေါ်ပေါက်လာ​ပေပြီ။ သူတို့က သူမ၏ ကံကြမ္မာအတွက် သက်ပြင်းချကာ သူမကို လမင်းထိ​ရောက်အောင် ချီးမွမ်းထားကြသည်။

ဒါ​ပေါ့ ပြီး​တော့ ထိုဆောင်းပါးများကို သက်​သေဓာတ်ပုံများနှင့် အတူတကွ ​​ရေးသားလာကြသည်-

​မော့လျှို​ကွေ့၏ ဆေးမှတ်တမ်းပင်ဖြစ်သည်။

ရုတ်တရက် အ​ခြေ​အ​နေပြောင်းပြန်ဖြစ်သွားခြင်းက commentလှိုင်းအသစ်တစ်ခုအား စတင်​စေသည်။ ​မော့လျှို​ကွေ့၏ ပရိသတ်များနှင့် ရေတပ်များမှာ ဤကိစ္စကို ကောင်းကင်​ပေါ်ထိ ​ရောက်ရန် အဓိကအွန်လိုင်းပလက်ဖောင်းများပေါ်တွင် စတင် လှုပ်ရှားလာကြသည်။

'ငါ့အထင်အရ သက်သေမရှိဘဲ စိတ်ဓာတ်ကျနေတယ်လို့ ပေါ့ပေါ့တန်တန်ပြောလို့ မရဘူး​လေ'

'အိုး တကယ် စိတ်ကျရောဂါရှိနေတယ်လို့ ထင်ရတဲ့ ​​မော့လျှို​ကွေ့အတွက် စိတ်မကောင်းဖြစ်မိတယ်'

'ငါသူမအတွက်အရမ်းစိတ်မကောင်းဖြစ်ရတယ်။ သူမကို ထိခိုက်နစ်နာ​အောင်​ပြောဖူးတဲ့ သူတွေအားလုံး သေသင့်တယ်။ သေ၊ ​သေကြစမ်း! အပြစ်ကင်းစင်တဲ့ မိန်းကလေးကို မင်းတို့ရဲ့ အ​တွေးအ​ခေါ်မရှိတဲ့ မနာလိုတဲ့ စကားလုံးတွေနဲ့ စော်ကားခဲ့တယ်။ သူမက ဂုဏ်သိက္ခာရှိတဲ့ မိသားစုကလာတာ နားလည်လား?!'

'အပေါ်ကလူ​တွေ ​မော့မိသားစုကို ဂုဏ်သိက္ခာရှိတယ်လို့ တကယ်ကြီး ချီးကျူးနေတာလား? အခု ထောင်ထဲမှာ ထိုင်နေတာက သူတို့အုပ်စုတွေပဲမလား ကျန်တဲ့သူတွေကလည်း လူလိမ်​တွေပဲ​လေ ဘာ​တွေ ဂုဏ်ယူဝင့်ကြွား​နေတာလဲ? သူတို့ရဲ့ ညံ့ဖျင်းတဲ့ အကျင့်စာရိတ္တကိုလား?'

'စပျစ်သီး​​တွေချဥ်လိုက်တာ! ​မော့မိသားစုက ချမ်းသာလို့ မင်းက မနာလိုဖြစ်​နေတာပဲ'

'ဒါဆို အမှန်ပဲလား? ​မော့လျှို​ကွေ့က တကယ်ကြီး စိတ်ဓာတ်ကျနေတာလား? ဖြတ်သွားဖြတ်လာ တစ်ယောက်အနေနဲ့ တရားမျှတတဲ့ စကားလေး ပြောချင်တယ် မော့လျှို​ကွေ့က အမှန်တကယ်ကို ကြင်နာတတ်ပြီး ဥာဏ်ရည်ဥာဏ်သွေးရှိပြီး နူးညံ့သိမ်မွေ့တယ် သူမ နေမကောင်းတာ​တောင် တစ်ကိုယ်ကောင်းဆန်တဲ့မောင်ကို ပြုစုစောင့်ရှောက်ပြီး မိသားစုအတွက်​တွေး​ပေးနေတုန်းပဲ'

'​သေစမ်း ဒီအ​ခြေအ​နေ​​ပြောင်းပြန်ဖြစ်သွားတာက… အရမ်းအားကောင်းလွန်းတယ်'

'အရင်က နှင်းဆီပန်း​လေးကို အပြစ်တင်ထားတဲ့ သူတွေ ထွက်လာပြီး သူ့ကို တောင်းပန်ပါ!'

'မှန်တယ်။ သူမကို လိမ်လည်စွပ်စွဲရဲတဲ့ သူတွေ ထွက်လာပြီး တောင်းပန်ပါ လူ့အမှိုက်​တွေ!!!'

‘…..’

လူထုထင်မြင်ယူဆချက် ပြင်းပြင်းထန်ထန် ထွက်ပေါ်လာပြီး ​မော့လျှို​ကွေ့၏ ကျော်ကြားမှုက ​ကောင်းကင်ထိ မြင့်မားလာခဲ့သည်။ လူတွေက သူမကို နှစ်သိမ့်ပေးဖို့ Weibo မှာ စုပြုံပြီး သူတို့ရဲ့ဆု​တောင်း​တွေနှင့် မေတ္တာတွေကို ပေးပို့ခဲ့ကြသည်။ သူမ၏ ပရိသတ် အရေအတွက်မှာ ရုတ်တရက် မြင့်တက်လာပြီး တစ်နာရီအတွင်း ရှစ်သန်းအထိ ရောက်ရှိလာခဲ့သည်!

​မော့လျှို​ကွေ့၏​ ထောက်ခံသူများအုပ်စုမှာ သူတို့၏အောင်ပွဲခံခရာကို မှုတ်နေပြီဖြစ်သည်!!

​မော့မိသားစုက လူတိုင်းက ယင်းကို အာရုံစိုက် အလေး​ပေးခဲ့ကြသည်။ သတင်း​တွေကိုကြားပြီး သူတို့အားလုံး မျက်နှာ၌ အပြုံးတွေနှင့် ပြည့်​နေသည်။ စိတ်တို​နေသော ​မော့ဝုဟန်သည်ပင် ​မော့တိနှင့် ပတ်သက်သည့် commentများကို ဖတ်ပြီး မရယ်​မောပဲမ​နေနိုင်​ပေ။

“လုပ်စမ်းပါ။ အဲဒီတိရိစ္ဆာန်ကောင်ကို သေအောင် ကြိမ်းမောင်းလိုက်စမ်း!"

…..

​မော့တိသည် အနှီ 'ပြောင်းပြန်လှန်ခြင်း' ကို သတိပြုမိခဲ့​ပေသည်။

မနက်ခင်း သူ့အလုပ်ပြီးတာနှင့် ​မော့တိက နေ့လည်စာနားချိန်အတွင်း Weibo ကိုဖွင့်ပြီး အွန်လိုင်း၌ လူတွေ သူ့ကို ကျိန်ဆဲနေတာတွေကို ဖတ်လိုက်သည်။

"​ရှောင်တိ ဆက်မဖတ်နဲ့တော့"

ရှန့်ယွီချောင်နှင့် အခြားသူများက ထူးခြားစွာတိတ်ဆိတ်နေခဲ့သည်။ ​မော့တိကို မတော်တဆ စိတ်ဆိုးစေ​အောင်လုပ်မိမည်ကို စိုးရွံ့တာကြောင့် ဘယ်သူမှ စကားများများ မပြောရဲကြ​ပေ။

"အဲဒီလူတွေက အမှန်တရားကို မသိဘူး များများဖတ်လေ ဒေါသပိုထွက်လေမို့ မင်း လျစ်လျူရှုလိုက်တာ ပိုကောင်းတယ်"

"ဟုတ်တယ် ​ရှောင်တိ အဲဒါကိုမဖတ်နဲ့​တော့" ​

ကျောက်ချွင်က အရမ်းဒေါသထွက်​နေပေမယ့် ​မော့တိကို စိတ်ရှည်ရှည်နှင့် နှစ်သိမ့်​ပေးနေတုန်းပင်။

"​ရှောင်တိ အင်တာနက်​ပေါ်မှာ သူတို့ရေးထားတာတွေကို နင် ဂရုမစိုက်မ​နေနဲ့"

သို့သော်လည်း ​မော့တိမှာ သခွားသီးကဲ့သို့ အေး​အေး​ဆေး​ဆေးဖြင့် ထမင်းစားရင်း commentများကို ဆက်လက်ကြည့်​နေခဲ့သည်။

'​မော့လျှို​ကွေ့ရဲ့​မောင်​လေးက မုန်းဖို့​ကောင်းပြီး တစ်ကိုယ်ကောင်းဆန်လိုက်တာ!'

'ဒါကြောင့် အဲဒါက ​မော့တိကို အရမ်းမုန်းတဲ့ အကြောင်းရင်းပဲ! ရွံမုန်းစရာ​ကောင်းလိုက်တာ! အရင်တုန်းက ဗီဒီယိုတစ်ခုကြောင့် နှင်းဆီပန်း​လေးရဲ့​ကျော်ကြားမှုက ပျက်စီး​လျော့နည်းသွားတယ် အဲဒီဗီဒီယိုမှာ တစ်ခုခု မှားနေတယ်လို့ သံသယဖြစ်မိတယ်!'

'​သေချာ​ပေါက်ပဲ! အဲဒီအချိန်က ​မော့တိ လိမ်ခဲ့တာ တကယ် ဖြစ်နိုင်တယ်! ဒီလိုအချိန်တိုလေးအတွင်းမှာ လူတစ်ယောက်က ဘယ်လောက်တိုးတက်နိုင်မလဲ?!'

'တစ်နည်းဆိုရရင် ​မော့မိသားစုကို မှားယွင်းပြီး အပြစ်တင်ခဲ့တာလား? ​မော့လျှို​​ကွေ့ပြောစကားသာ မှန်မယ်ဆို ​မော့တိက တစ်ကိုယ်ကောင်းဆန်ပြီး သူ့အစ်မ၏ကြင်နာမှုကို နားမလည်တာပဲ ပြီးတော့ သူက သူ့အစ်မကို မတူသလိုမတန်သလို ဆက်ဆံတယ်ဆိုပြီး ​ပြောကြတာကလည်း တကယ်ဖြစ်နိုင်တယ်!'

'ဟုတ်တယ် ​မော့မိသားစုထဲက လူတွေပြောခဲ့တာတွေက အားလုံးမှန်ကောင်းမှန်နိုင်တယ် မော့တိက ငယ်ငယ်ကတည်းက သူ့အစ်မကို မနာလိုဖြစ်ပြီး သူမကို အမြဲတမ်း ကြံစည်နေခဲ့တာ အဲ့ဒါကြောင့် အားလုံးက သူ့ကို မုန်းနေကြတာ!'

'ဘုရား​ရေ ဒါဆို လူတိုင်းက တစ်ချိန်လုံး အရူးလုပ်ခံ​နေရတာ​ပေါ့ ပြီး​တော့ ​မော့တိက တကယ်ပဲ အကျင့်ပျက်ပြီး ပုပ်သိုး​နေတဲ့ကောင်လို့ ဆိုလိုတာလား?!'

​မော့တိအတွက် ကူ​ပြော​ပေးသည့် သူတစ်ချို့ရှိသည့်တိုင် ပရိသတ်များနှင့် ရေတပ်များ၏အသံများ​အောက် တိမ်မြုပ်သွားခဲ့ရသည်။

'​မော့တိရဲ့ ပရိသတ်တွေ သူ့အတွက် အပြစ်​တွေကို ကူဖုံး​ပေးဖို့ ကြိုးစားနေတာကို ရပ်လိုက်ပါ​တော့ မော့တိက တစ်ကိုယ်ကောင်းဆန်ပြီး ရွံမုန်းစရာ​ကောင်းတယ် ဒီလို ဖြူစင်ပြီး ကြင်နာတတ်တဲ့ အစ်မတစ်ယောက်ကို ထိခိုက်နာကျင်​အောင်လုပ်ဖို့ ကြိုးစားခဲ့တယ် ဘယ်လို​တောင် ပုပ်ပွနေတဲ့ အကျင့်စရိုက်ပါလိမ့်!'

'သူ့အစ်မမှာ စိတ်ဓာတ်ကျ​ရောဂါရှိတာကို သူ သိ​တောင်မသိဘူး ပြီး​တော့ ရည်ရွယ်ချက်ရှိရှိ ပဋိပက္ခတွေ​ကိုတောင် ဖန်တီးခဲ့​သေးတယ်! အတွင်းစိတ်ထိ ပုပ်သိုး​နေတာပဲ! ဝဋ်လည်မှာကို သတိထားပါ!!!'

'​မော့တိ ​သေလိုက်စမ်း! ခြေလက်တွေ စုတ်ပြဲ လျှာကို လှီးဖြတ်ပြီး ကြောက်စရာကောင်းတဲ့ သေခြင်းကို ခံရအောင် အားလုံး ကျိန်စာတိုက်ကြစို့!'

‘…..’

ဒင်

အကြောင်းကြားချက်တစ်ခု ထွက်ပေါ်လာပြီး WeChat တွင် စာတစ်​စောင် ပေါ်လာသည်။

​မော့တိ ဖွင့်ကြည့်လိုက်ပြီး မုထျန်းဟန်ဆီမှ လာတာ တွေ့ရသည်:

[အင်တာနက်ပေါ်က သတင်းတွေကို စိတ်ပူမ​နေနဲ့။ ယန်ချီးချွမ်ရဲ့အကောင့်ကို ခြေရာခံထားပြီးပြီး သက်​သေအ​ထောက်အထားအများစုလည်း လက်ထဲမှာရှိတယ်။ အွန်လိုင်းမှာ သူတို့တင်ထားတာ​တွေ​ကြောင့် မင်းကိုမင်း စိတ်ဒုက္ခ​ရောက်ခံမ​နေနဲ့။ မင်းအားတဲ့ဘယ်အချိန်မဆို ကိုယ့်ကိုဖုန်းပြန်​ခေါ်ပါဦး။ နောက်ဆုံးအဆင့်ကို ဘယ်လို လှလှပပ​လေး ကစားမလဲဆိုတာကို ဆွေးနွေးကြည့်ရအောင်]

[ကျွန်​တော် သိပါတယ် ကိုကို ကျွန်တော် အဆင်ပြေပါတယ်] ​မော့တိက သူ့မျက်နှာ၌ အပြုံးတစ်ခုနှင့် ချက်ခြင်းပြန်ဖြေလိုက်သည်။

​ကျောက်ချွင်က သူ့အမူအရာကိုမြင်ပြီး ရှန့်ယွီ​ချောင်ကို စိုးရိမ်တကြီး စိုက်ကြည့်လိုက်သည်။ သူမက တိုးတိုးလေးဖြင့်

“ဘာလိုလုပ်မလဲ? ​ရှောင်တိက အဲဒီ ဆိုးဆိုးရွားရွား အွန်လိုင်းcommentတွေကို ဖတ်ပြီး​တော့.. ဖတ်ပြီး​တော့ ရူးသွားတာလား? သူဘာလို့ ပြုံးနေသေးတာလဲ?"

ရှန့်ယွီ​ချောင်ကဆိုသည်။

“မဟုတ်ဘူး၊ မဟုတ်ဘူး၊ မဖြစ်နိုင်ဘူး…"



Xxxxxx