အပိုင်း ၁၃၅
Viewers 28k

Chapter 135




ဂိမ်းပြိုင်ပွဲ၏တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှု​နေကြ​သော အင်တာနက်အသုံးပြုသူများပင် သတင်းကို စိတ်ဝင်စားလာကြသည်။ အခြားဆိုရှယ်ပလက်ဖောင်းများကို အသုံးပြုသူများက သတင်းကို ပိုမိုမြန်ဆန်စွာ သိရှိခဲ့ကြသည်။

အထူးသဖြင့် Weibo၌ -

အ​စောပိုင်းကတည်းက ပေါက်ကွဲထွက်နေခဲ့၏။

ဤကိစ္စက ဆန့်ကျင်ဘက်​ပြောင်းလဲသွားမည်ဟု မည်သူက ထင်ထားမည်နည်း။

...​နောက်ပြီး ဘယ်လို​တောင် မယုံနိုင်စရာ​ကောင်းသည့် အလှည့်အပြောင်းတစ်ခုလဲ!!!

​မော့လျှို​ကွေ့၏ကျန်းမာရေး အစီရင်ခံစာက အတုအယောင်ဖြစ်ပြီး ယင်းကို သက်သေပြရန် ငြင်းလို့မရနိုင်သည့် အထောက်အထားများရှိသည်။ ထို့အပြင် ဤသတင်း​များကို ရဲဌာနက ဖော်ထုတ်ခဲ့ခြင်းဖြစ်​သော​ကြောင့် ​မော့လျှို​ကွေ့၏ပရိသတ်များ​ရော ရေတပ်​ကပါ ယင်းကို ပြန်လည်ကယ်တင်ရန် ဘာမှ မပြောနိုင်ခဲ့​ပေ။

မှန်၏။ ​မော့တိကို စော်ကား​ပြောဆို​နေသည့် မော့လျှို​ကွေ့ကို ဆန့်ကျင်သောရဲ​တွေကို အပြစ်တင်စွပ်စွဲ​နေသည့် လက်တစ်ဆုပ်စာ အကြွင်းအကျန်လူတွေလည်း ရှိနေတုန်းပင်။ သို့ပေမယ့် အများစုကတော့ လျစ်လျူရှုခံခဲ့ရပြီး သို့မဟုတ် အ​ပြောအဆိုခံခဲ့ရသည်။ ​မော့လျှို​ကွေ့၏ ​ခေါင်းမာသော ပရိသတ်များသည်ပင် သဘောမတူ​ပေမယ့်လည်း တိတ်ဆိတ်နေခဲ့ရသည်။

​ယခုအကြိမ် ​ကြေငြာချက်က မော့လျှို​ကွေ့ သူမ၏ စိတ်ကျရောဂါအတွက် သက်သေကိုထုတ်ပြလိုက်သည့် အချိန်ကထက် ပိုမိုအာရုံစိုက်ခံရပြီး ထိတ်လန့် အံ့သြစရာကောင်းလှသည်။ အကြောင်းမှာ ဆေးမှတ်တမ်းအတုလုပ်သည့် ကိစ္စတွင် ဆရာဝန်တစ်ဦး ပါဝင်​သော​ကြောင့်သာမက အခြားသော ဩဇာလွှမ်းမိုးနိုင်သည့် အ​ရေးကြီးပုဂ္ဂိုလ်တစ်ဦး - ဟွာရှား၏ အချမ်းသာဆုံးသောသူ၏ သား၊ အခုလက်ရှိ ချင် Group ၏ နာမည်ခံ အထွေထွေမန်နေဂျာ ချင်ချန်းယီသည်လည်း ပါဝင်​နေသောကြောင့် ဖြစ်သည်။

အဘယ်ကြောင့် 'နာမည်ခံ'ဟု ပြောရသည်လဲ။ အကြောင်းမှာ အတွင်းလူတစ်ဦး၏ပြောဆိုချက်အရ ချင်ချန်းယီက အလွန်အရည်အချင်းရှိ​သော်လည်း သူ၏အမှန်တကယ် ရာထူးအဆင့်အတန်းမှာ သူ့ဖခင် ချင်ကွမ်းကျယ်၏ရာထူးနှင့်ယှဥ်လျှင် ဒုတိယ​နေရာ၌သာရှိသည်။ သူက ပိုမိုမြင့်မားသော ရာထူး​နေရာတွင် ခန့်အပ်ခြင်းခံရရန် စီနီယာမရသေးပေ။

ထို့အပြင် ဒီလိုထူးချွန်ထက်မြက်ပြီး စွမ်းအားကြီး​သောလူက ​​မော့လျှို​ကွေ့အတွက် ဆေးမှတ်တမ်းကို အတုပြုလုပ်ရန် ဒေါက်တာ ယန်ချီးချွမ်ကို ဆက်သွယ်ခဲ့ပြီး ​အနှီကောလဟာလကို ဆက်လက်​တောက်​လောင်ရန်နှင့် မော့တိ၏နာမည်ကို သိက္ခာကျပျက်စီး​စေရန် အား​ကောင်း​သော ထိပ်တန်း ​ရေတပ်ကို ငှားခဲ့သည်။

အင်တာနက်အသုံးပြုသူများက ထိုအစအဆုံးဖြစ်ရပ်အတွဲလိုက်ကို စိတ်ဝင်တစားလိုက်ကြည့်ရင်း အလုပ်ရှုပ်နေခဲ့ကြသည်။ ယခုလက်ရှိတွင် ထိပ်ဆုံး hot search ခြောက်ခုလုံးမှာ ဤအရှုပ်တော်ပုံနှင့် ပတ်သက်ဆက်နွယ်နေ၏။

[​မော့လျှို​ကွေ့ရဲ့ ကျန်းမာရေးမှတ်တမ်းက အတုတဲ့။]

[မော့လျှို​ကွေ့က ​မော့တိကို ရည်ရွယ်ချက်ရှိရှိ သိက္ခာကျ​အောင်လုပ်တာပဲ။]

[ချင်ချန်းယီမှ ဒေါက်တာယန်ချီးချွမ်ကို ပိုက်ဆံပေးငှားခဲ့တယ်။]

[ဒေါက်တာ ယန်ချီးချွမ်က ဆေးမှတ်တမ်းများကို အတုပြုလုပ်ခဲ့တယ်။]

[​မော့လျှို​ကွေ့က ထိပ်တန်း ကြာပန်းဖြူ ပဲ။]

[​မော့တိက တကယ်ကို ကံဆိုးလွန်းတယ်။]

အလားတူ ပို့စ်များစွာက အခြားသော ဖိုရမ်များနှင့် ဆိုရှယ်မီဒီယာ ပလက်ဖောင်းတိုင်းတွင် ပေါ်လာသည်။ မကြာ​သေးခင်ကအသစ်ရောက်လာသူများကို အချိန်နှင့်တ​ပြေးညီ နားလည်စေရန်အတွက် ဘလော့ဂ်များနှင့် vlog အများအပြားက ပုံများ၊ ဗီဒီယိုများဖြင့် အပြည့်အစုံ မှတ်တမ်းတင်ထားပြီး အစမှ​နေ၍ ဇာတ်လမ်းတစ်ခုလုံးကို ပြန်လည်ပြောပြထားကြသည်။ ထို့နောက် ထိုပို့စ်များမှာ ချိတ်ဆက်ထားကြပြီး ​နောက်ထပ် လျင်မြန်စွာ ပြန့်နှံ့သွားသည်။

[အတင်းအဖျင်းကို ​​ရေးတဲ့သူက မင်းတို့အတွက် ဖြစ်စဥ်တစ်ခုလုံးကို အစဥ်အတိုင်း ​​ပြောပြပေးသွားပါမယ်:

အားလုံးက ​မော့လျှို​ကွေ့ ပုပ်ပွလွန်းတဲ့အရာ​တွေကို ပြုလုပ်ချိန်ကစပြီး စတင်လာခဲ့တယ် - အရင်ဆုံး လူထုရဲ့စာနာသနားမှုကို ရရှိ​​အောင် သူမက စိတ်ကျ​ရောဂါဖြစ်နေတယ်လို့ လိမ်ညာခဲ့တယ်။ ဒါက စိတ်ကျ​ရောဂါသည်တွေကို မလေးစားရုံသာမက ပိုပြီး​တော့လည်း စိတ်ဒါဏ်ရာရစေတယ်။ ဒါ့အပြင် သူမနဲ့ သူမရဲ့မိသားစုမှာ ဖြစ်​ပေါ်ခဲ့တဲ့ ဆိုးရွား​သောအရာအားလုံးက သူမ​မောင်​လေး ​မော့တိ​ကြောင့်လို့ အဓိပ္ပါယ်သက်​ရောက်​အောင်လည်း ကြိုးစားသေးတယ်။ အင်တာနက်အသုံးပြုသူတွေဆီကနေ ​မော့တိ အမုန်းခံရ​အောင် လုပ်ပြီး သူမက​တော့ ကြင်နာတတ်​ပြီးနှလုံးသားရှိတဲ့ သူတော်စင်တစ်ယောက်ပုံစံဖြစ်အောင်ဟန်​ဆောင်​ခဲ့တယ်လေ။ ငါက​တော့ ရွံမုန်းစရာ​ကောင်းလိုက်တာလို့သာ ​ပြောချင်​တော့တယ်!

အောက်မှာပြထား​တဲ့ပုံ​တွေက သူမ စိတ်ကျရောဂါခံစား​နေရကြောင်း ​ပြောဆိုခဲ့တဲ့ အင်တာဗျူးက ဓာတ်ပုံတွေပဲ ။ တကယ်တော့ စီစဥ်တင်ဆက်သူက သူမရဲ့ ငယ်ဘဝအကြောင်းကို မေးတာပါ။ မစ္စ​ မော့လျှို​ကွေ့ မင်းရဲ့အဖြေက ​မေးတဲ့ အကြောင်းအရာနဲ့ ဘာမှမဆိုင်ဘူးလို့ မထင်ဘူးလား?

(ဓါတ်ပုံ ဓါတ်ပုံ ဓါတ်ပုံ)

ဓာတ်ပုံသက်​သေတွေနဲ့တင် ​မော့လျှို​ကွေ့က သူမရဲ့ စိတ်ကျ​ရောဂါအ​ကြောင်းနဲ့ ​မော့တိ(တကယ်ကို ကံမ​ကောင်း​တဲ့ ဒီသနားစရာက​လေး​လေး)က ဘယ်လို တစ်ကိုယ်ကောင်းဆန်လဲဆိုတာ တစ်ကမ္ဘာလုံးကို သိစေရန် ရည်ရွယ်ချက်ရှိရှိ လုပ်တာကို သိနိုင်တယ်။ သူမရဲ့​ပြောစကား​တွေက မှားတဲ့သူက မော့တိလို့ ရှင်းရှင်းလင်းလင်း ​ပြောမထား​​ပေမယ့် ဆိုလိုတဲ့အဓိပ္ပါယ်က​တော့ ရှင်းပါတယ်။ မော့တိက တစ်ကိုယ်ကောင်းဆန်ဆန်နဲ့ သူမရဲ့ ကြိုးစားအားထုတ်မှုကို လျစ်လျူရှုပြီး သူမကို ဒုက္ခပေးနေချိန်မှာ သူမကတော့ မိသားစုကို မစိုးရိမ်​စေချင်​တာကြောင့် စိတ်ကျ​ရောဂါကို ဘယ်လိုဖုံးကွယ်ထားရ​ကြောင်း ​​ပြောပြခဲ့တာပဲ။ ဒီအရာအားလုံးက သူမရဲ့ကောင်းမွန်​တဲ့ အကျင့်စရိုက်နှင့် ​မော့တိရဲ့ရိုင်စိုင်းမိုက်မဲ​တဲ့ အမူအကျင့်ကြား ခြားနားချက်ကို ပြသဖို့ရည်ရွယ်တာပေါ့။

​မော့လျှို​ကွေ့က ​လိမ္မာပါးနပ်စွာနဲ့ မော့တိက ​မော့မိသားစုဆီက အရမ်းအလိုလိုက်ခံရပြီး သူမစိတ်ဓါတ်ကျရတာက ​မော့တိ​ကြောင့်လို့ လူတိုင်းကို တွေးထင်​​အောင်လုပ်ခဲ့တာ။ ကောလိပ်ဝင်ခွင့်စာမေးပွဲမှာ ​မော့စစ်လန်ကို လိမ်လည်လှည့်ဖြားခဲ့တာ​ကြောင့် သူ့ရဲ့ရူးသွပ်တဲ့ပရိသတ်တွေက သူ့ကို အက်ဆစ်နဲ့တိုက်ခိုက်တာလို့ သူ့အ​ဖေက မဟုတ်မမှန်​ပြောဆိုခဲ့တယ်။ ဒါ​တွေအားလုံးက ​မော့တိက ​မော့လျှို​ကွေ့ကို ညံ့ဖျင်းစွာဆက်ဆံခဲ့တာ​ကြောင့် ဒါဟာ ​သူနှင့်ထိုက်တန်​တဲ့ အပြစ်ဒဏ်လို့ သူတို့ထင်ထားခဲ့တာ​ပဲ။

ဒီအကြောင်းကို မသိသေးတဲ့သူတွေအတွက် ဒီဗီဒီယိုကို ကြည့်ရှုနိုင်ပါတယ်: LINK

နောက်ပိုင်း ​မော့လျှို​ကွေ့ရဲ့စိတ်ကျရောဂါအ​ကြောင်း သံသယဖြစ်လာကြ​​တော့ နှစ်ရက်အကြာမှာ သူမက ဆေးမှတ်တမ်းတစ်စောင်ကို တင်ပြီး hot searchတစ်ခုကို ဝယ်လိုက်တယ်။ ပြီးတော့ အဲဒါကို လူအများသိ​စေဖို့ ရေတပ်ကို ငှားရမ်းခဲ့သေးတယ်လေ။ အဲဒီအချိန်ကစ သူမက အင်တာနက်သုံးစွဲသူတွေကို လိမ်ညာလှည့်ဖျားပြီးတော့ ပရိတ်သတ်တစ်သန်းကျော်ကို ရရှိခဲ့တယ်။ သူမ သနားဂရုဏာသက်​လာ​အောင် လုပ်တဲ့အပြင် ​မော့တိရဲ့ နာမည်ကိုလည်း ရွှံ့နွံ့ထဲဆွဲချခဲ့သေးတာ။

ပြီးတော့​ မစ္စ​မော့က သူမမောင်​လေး ဘာပဲလုပ်လုပ် သူမက ခွင့်လွှတ်ပြီး ​မောင်​လေးအဖြစ် အမြဲတမ်းဆက်ဆံသွားမှာမလို့ သူမ​မောင်​လေးအပေါ် တိုက်ခိုက်မှုတွေ ရပ်ပါဆိုပြီးတော့လည်း အင်တာနက်အသုံးပြုသူတွေကို တောင်းဆိုလိုက်သေးတယ်။ သူမရဲ့ချီးကျူးချင်စရာ သ​ဘောထားကြီးမားမှုကို ​ဖော်ပြခဲ့တာပေါ့လေ။ ဒါက ဘာပြဿနာမှမရှိဘူးလို့ထင်ရပေမယ့် သူမရဲ့ ပြောပေါက်က ​မော့တိကသာ အပြစ်ရှိသူလို့ အင်တာနက်သုံးစွဲသူတွေရဲ့ ထင်ကြေးပေးမှုကို ရိုးရိုးရှင်းရှင်း အတည်ပြုပေးလိုက်သလိုပဲ။

အခြေအနေတွေ ကြီးထွားလာတာနဲ့အမျှ ​မော့တိအပေါ် အင်တာနက်သုံးစွဲသူတွေရဲ့ဒေါသက သူ့ကို ဂိမ်းပြိုင်ပွဲကနေ ထုတ်ပယ်ပေးဖို့ တောင်းဆိုလာသည်အထိ ပြင်းထန်လာတယ်လေ။

နောက်ဆုံးတော့ ဒီကိစ္စက အထွတ်အထိပ်ကို ရောက်သွားပြီး တုန်လှုပ်စရာကောင်းတဲ့ အမှန်တရားတစ်ခု ပေါ်ထွက်လာခဲ့တယ်။ ​မော့လျှို​ကွေ့ရဲ့ စိတ်ကျ​ရောဂါက အားလုံးလုပ်ကြံဖန်တီးထားတာတဲ့!။

ဆေးလက်မှတ်ကို တရားမဝင်လဲလှယ်မှုရဲ့နောက်ကွယ်ကစီစဥ်ညွှန်ကြားသူက ဟွာရှားရဲ့ အချမ်းသာဆုံးသူရဲ့သား၊ ​မော့လျှို​ကွေ့ရဲ့ ချစ်သူ ချင်ချန်းယီပဲ။ ဒီလိမ်လည်မှုကို မြို့တော်ရဲတပ်ဖွဲ့က တရားဝင်ထုတ်ဖော်ခဲ့ပြီးတော့ လူသိရှင်ကြား စွပ်စွဲထားတာ​တော့မရှိ​သေး​​ဘူး။

ဒါ​တွေက အခုအချိန်အထိ ဖြစ်ပျက်ခဲ့​တာ အားလုံးပဲ။ တခြား အ​ပြောင်းအလဲတွေ ရှိရင်လည်း ဆက်တင်ပေးပါ့မယ်။ ခြုံငုံပြောရရင်တော့ ​မော့လျှို​ကွေ့က ထိပ်တန်း ကြာပန်းဖြူတစ်ပွင့်ပဲ။ သူမနဲ့မတွေ့ခင်အထိ ဘယ်သူ့ကိုမှ ဒီလောက်​အော့အန်ချင်စရာ​ကောင်းတယ်လို့ ငါ မခံစားခဲ့ဖူးဘူး။ သူမက ဟန်​ဆောင်ကြင်နာပြပြီး သူ့မ​မောင်​လေးအပေါ် အမုန်းပွားအောင် ​သွေးထိုးလှုံ့ဆော်ပေးပြီး ဟွာရှားတစ်ခုလုံးက သူမရဲ့နာမည်ကို သိသွားတဲ့အတွက် ဂုဏ်ယူပါတယ်။

ဒီလောက်ပဲ။

ခဏ​လေး မေ့သွားတာတစ်ခု ရှိသေးတယ်။ ​မော့တိအဖွဲ့က ဖန်တီးထားတဲ့ Infinite Life ဂိမ်းကို အထူးအကြံ​ပြုပါတယ်။ ဒါက မယုံနိုင်​လောက်​အောင် အရမ်း​ကောင်းတဲ့ ဂိမ်းတစ်ခုပဲ!]

အသေးစိတ် ခွဲခြမ်းစိတ်ဖြာထား​သော ပုံများ၊ လင့်ခ်များဖြင့် ပြည့်​နေသော ဤပို့စ်ကို ထပ်ဆင့်ပြီး commentများ လျင်မြန်စွာ ​ပေးပို့လာကြသည်။

မကြာမီတွင် မော့လျှို​ကွေ့က မည်မျှ ယုတ်မာပြီး ကြောက်စရာကောင်းလဲဆိုသည့် တစ်ခုတည်းသော ထင်မြင်ချက်တစ်ခုသာ လူတိုင်း၏စိတ်ထဲ၌ ​ကျန်ရစ်ခဲ့ကြသည်။ သူမလို လှပပြီး နှစ်သက်ဖွယ်​ကောင်း​သော မိန်းကလေးတစ်ယောက်တွင် ဤကဲ့သို့ ရက်စက်သည့်စိတ်ထားများ ရှိနေမည်ဟု ဘယ်သူက ထင်ထားမည်နည်း။

ဤတစ်ကြိမ်တွင် ​မော့လျှို​ကွေ့၏အစီအစဥ်များမှာ သူမကိုယ်သူမသာ ပြန်ထိခိုက်သွားရပြီး ​ပြုပြင်ပြောင်းလဲ၍မရသည့် ပျက်စီးဆုံးရှုံးမှုများကို ရရှိခဲ့သည်။

သူမက အွန်လိုင်းရှိ ပြစ်တင်ရှုတ်ချသည့် စကားလုံးများကို ကြည့်ပြီး သူမ၏ မျက်လုံးများ လုံးဝနီသွားသည်အထိ ငိုကြွေး​နေ​သောကြောင့် ​မော့မိသားစုမှ လူတိုင်းကို အကြီးအကျယ် စိတ်ဒုက္ခရောက်စေခဲ့သည်။ ​သူတို့က မော့တိကို ကျိန်ဆဲရင်း သူမကို နှစ်သိမ့်ရန် ကြိုးစားနေကြသည်။

​မော့လျှို​ကွေ့က သူတို့၏ဒေါသကို ပြင်းထန်​အောင်လုပ်​ပေးရန် စိတ်ကူး မရှိတော့ပေ။ သူမကတည်ငြိမ်​​အေး​ဆေးစွာ မ​တွေး​တောနိုင်​တော့ဘဲ အလွန်ထိတ်လန့်နေခဲ့သည်။ ဤနှုန်းအတိုင်းဆိုပါက သူမအနေဖြင့် သူမ၏​ထောက်ခံသူအားလုံးကို ဆုံးရှုံးသွားလိမ့်မည်ဖြစ်ပြီး ​ထောက်ခံသူအသစ်များရရှိရန်မှာလည်း မဖြစ်နိုင်​တော့ပေ။ သူမ ပြန်လည် ​ခေါင်းမော့လာနိုင်​တော့မည် မဟုတ်ပါချေ။

နောက်ဆုံးအားကိုးရာအဖြစ် သူမက သူမ၏မာနကို စွန့်လွှတ်ပြီး ပထမဆုံးအကြိမ်အဖြစ် ချင်ချန်းယီကို အကူအညီတောင်းရန် စတင်ကြိုးစားခဲ့သည်။

သို့ပေမယ့် ချင်ချန်းယီက လက်မခံခဲ့​ပေ...

​နောက်ဆုံးမှာ သူ​ ထောင်ထဲရောက်သွားရင် ဘယ်လိုလုပ်မလဲ?

လက်ရှိဥပ​ဒေအသစ်များအရ ဆေးမှတ်တမ်းများကို အတုပြုလုပ်ခြင်းနှင့် လဲလှယ်ခြင်းတို့ကို ကြီးလေးသောရာဇ၀တ်မှုအဖြစ် သတ်မှတ်ထားသည်။ စီစဥ်ညွှန်ကြားသူဖြစ်​သော ချင်ချန်းယီက တရားဥပ​ဒေအရ ကြီးမားသော အပြစ်ဒဏ်ကို ခံရနိုင်ဖွယ်ရှိပြီး ၎င်းအပြင် ​မော့တိကို မဟုတ်မမှန်စွပ်စွဲ​ပြောဆိုရန် ရေတပ်ကို ငှားရမ်းခဲ့သည့်အတွက် အသရေဖျက်မှုဖြင့်လည်း တရားစွဲဆိုခံခဲ့ရသည်။

​မော့လျှို​ကွေ့သည်လည်း အလားတူ အသရေဖျက်မှုနှင့် တရားစွဲခံရသင့်သည်ဟု အငြင်းပွားနိုင်သော်လည်း သူမက စကား​ပြော​အလွန်ကောင်းမွန်​သော​ကြောင့် သတိ​ပေးရုံ​မျှသာ သတ်မှတ်၍ရသည်။ ရဲများမှာ သူမအား ဖြစ်နိုင်ချေရှိသော စွဲချက်များဖြင့်သာ စွဲချက်တင်နိုင်ပြီး သူမကို တရားမစွဲပါက နောက်တဆင့် စစ်ဆေးမေးမြန်းရန်မှာ မဖြစ်နိုင်ပေ။

ချင်ချန်းယီအတွက်မူ သူ၏ပြစ်ဒဏ်က အမှန်တကယ်အားဖြင့် ထောင်ဒဏ် တစ်နှစ် ကျသင့်သော်လည်း မုထျန်းဟန်၏ ရှေ့နေက ချင်မိသားစုမှ ၎င်းကို ​ပြောင်းလဲရန် သူတို့၏ ဩဇာအာဏာအားလုံးကို အသုံးပြုမည်ဖြစ်ကြောင်း အ​သေးစိတ် ခွဲခြမ်းစိတ်ဖြာပြခဲ့သည်။ နောက်ဆုံး၌ သူတို့က ထို့ထက် ပိုပြင်းထန်သည့် ရာဇဝတ်မှု စွဲချက်များကို ​သေချာ​ပေါက် ပြုလုပ်ရမည်။

သို့​သော်လည်း မုထျန်းဟန်က ​သေချာ​ပေါက် ငြိမ်ငြိမ်​လေးထိုင်ပြီး ချင်မိသားစုကို ထွက်​ပေါက်​ပေးမည်မဟုတ်​ပေ။

…..

တစ်ချိန်တည်းမှာပင်...

အခမ်းအနားပြီးချိန်မှသာ ​မော့တိ သူ့ဖုန်းကို ပြန်ရခဲ့သည်။ သူက အင်တာနက်ပေါ်တွင် ​လော​လောလတ်လတ် အသစ်ထွက်ရှိထားသော သတင်းများကို ရှာဖွေကြည့်လိုက်ပြီး အားလုံး မျှော်လင့်ထားသည့်အတိုင်း ဖြစ်နေကြောင်း တွေ့ရှိခဲ့သည်။

တခြားသူတွေက ​မော့တိကဲ့သို့ မတည်ငြိမ်​ပေ။ ​မော့လျှို​ကွေ့၏သရုပ်မှန်ကို ထုတ်ဖော်ခံရပြီး လူအများက ​မော့တိထံ တောင်းပန်စာများ ပေးပို့သည်ကို မြင်ပြီး အားလုံး၏ စိတ်လှုပ်ရှားမှုမှာ အမြင့်ဆုံးသို့ ရောက်သွားခဲ့သည်။ သူတို့အဖွဲ့က ပြိုင်ပွဲ၏ နောက်တစ်ဆင့်သို့ တက်နိုင်ခဲ့သည့်အချက်ကိုသာမက သူတို့၏ဂိမ်းမှာ ရမှတ်အများဆုံးရရှိခဲ့ပြီး သူတို့က ပြိုင်ပွဲ၏ လက်ရှိထိပ်ဆုံးအသင်းဖြစ်လာသည့်အချက်ကိုပင် ​စိတ်မဝင်စားကြ​တော့​ပေ။

​မော့တိသည်လည်း ပြိုင်ပွဲ​နေရာမှ ထွက်လာပြီးနောက် သတင်းကောင်း​ပြောရန် မုထျန်းဟန်ကို ချက်ချင်း ဖုန်း​ခေါ်လိုက်သည်။

သို့သော် ထင်မှတ်မထားစွာပင် မုထျန်းဟန်၏ဖုန်းမှာ ပိတ်ထားခဲ့သည်။

​မော့တိက တုံ့ဆိုင်းစွာ ဖုန်းချလိုက်ပြီး နောက်တစ်ကြိမ် ဖုန်းမ​ခေါ်မှီ ရေချိုးရန် ဆုံးဖြတ်လိုက်သည်။

ထိုအချိန်တွင် မုထျန်းဟန်က Impression၏ အခြားရှယ်ယာရှင်များစွာနှင့် ဗီဒီယိုကွန်ဖရင့် အစည်းအ​ဝေးပွဲတစ်ခုကို ပြုလုပ်နေသည်။

"...ဒါကြောင့် ဒါက တစ်သက်မှာ တစ်ကြိမ်ပဲရတဲ့ အခွင့်အရေးပဲ"

မုထျန်းဟန်က တည်ငြိမ်ခန့်ညားသော ကိုယ်ဟန်အနေအထားဖြင့် သူ့ရှေ့မှ လူအုပ်စုကို တည်ငြိမ်စွာ စိုက်ကြည့်လိုက်သည်။ အေးဆေးတည်ငြိမ်ပြီး လွှမ်းမိုးချုပ်ကိုင်နိုင်​သောအသံဖြင့် သူက

“ဒါအတွက် ကျွန်​တော်တို့မှာ ရံပုံငွေအမြောက်အမြား အဆင်သင့်ရှိ​နေဖို့လိုတယ် ပြီး​တော့ ထိခိုက်ဆုံးရှုံးမှု​တွေလည်းဖြစ်လာနိုင်တယ်။ ဒါပေမယ့် ခင်ဗျားတို့က ကျွန်​တော့်ရဲ့အမြင်နဲ့ ဆုံးဖြတ်ချက်ကို ယုံကြည်သင့်တယ်။ ဝယ်ယူတာ တစ်ကြိမ်​လောက်ပဲ အောင်မြင်သွားတာနဲ့ အဲဒီကနေပြီး ကျွန်​တော်တို့ အကျိုးအမြတ်ရရှိမယ်လို့ ကျွန်​တော် အာမခံတယ်။ ချင်Group လက်အောက်က အိမ်ခြံမြေနှင့် ဖျော်ဖြေရေးကုမ္ပဏီ​တွေက ဟွာရှားမှာ အရမ်းအလေး​ပေးခံရတယ်။ အဲဒါတွေကို ဝယ်ယူတာက ဟွာရှားစျေးကွက်မှာ ကျွန်​တော်တို့ အခိုင်အမာခြေကုပ်ယူနိုင်​စေလိမ့်မယ်။ ​နောက်ပြီး အဲ့ကတစ်ဆင့် Impressionက အာရှဈေးကွက်မှာ ပိုပြီးနက်နက်ရှိုင်းရှိုင်း ထိုးဖောက်နိုင်လိမ့်မယ်"

"မု မင်းရဲ့ဆုံးဖြတ်ချက်ကို ငါတို့သေချာပေါက် ယုံကြည်ပေမယ့် လိုအပ်တဲ့ ရံပုံငွေတွေက အရမ်းများလွန်းတယ်။ ဒါကို စဉ်းစားဖို့ မင်း ငါတို့ကို အချိန်တစ်ခုလောက် ပေးနိုင်မယ်လို့ မျှော်လင့်တယ်”

ရွှေရောင်ဆံပင်နှင့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက ဖန်သားပြင်ပေါ်မှတစ်ဆင့် ပြောဆိုလိုက်သည်။

"ရပါတယ် ဒါ​ပေမဲ့ ဒီလိုများပြားတဲ့ ရံပုံငွေကို စု​ဆောင်းဖို့ အချိန်အ​တော်​လေး လိုအပ်တာကြောင့် တစ်ရက်အတွင်း ကျွန်​တော့်ကို အဖြေပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်"

အစုရှယ်ယာရှင်များက တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ တစ်​ယောက်ပြီးတစ်​ယောက် ခေါင်းညိတ်လာကြသည်။

“ပြဿနာမရှိပါဘူး"

မုထျန်းဟန်၏ မျက်လုံးများက စူးစမ်း၍မရစွာ ပိုပြီး​နက်​မှောင်သွားသည်။

“ကောင်းပြီ။ ကျွန်​တော်တို့ နောက်တစ်ကြိမ် အစည်းအဝေးကို မနက်ဖြန် ဒီလိုအချိန်မှာပဲ လုပ်မယ်"

တစ်လကျော်ကြာ ခက်ခဲပင်ပန်းပြီးနောက် မုထျန်းဟန်၏ ကြိုးစားအားထုတ်မှုများက နောက်ဆုံးတွင် အောင်မြင်လာခဲ့ပြီး အရာအားလုံးကို အကောင်အထည်ဖော်ရန် အဆင်သင့်ဖြစ်နေ​ပေပြီ။

ယခုတစ်ကြိမ်တွင် ချင်ချန်းယီကို အပြစ်ပေးရုံသာမက ချင်Group အနေဖြင့်လည်း သူ့ကိုထောင်ထဲ၌ ဖမ်းချုပ်ခံထားရတာကို ရပ်ကြည်ရုံမျှသာ တတ်နိုင်သည်အထိဖြစ်​​စေရမည်ဟု သူ ဆုံးဖြတ်ထားခဲ့သည်။




Xxxccc