Chapter 139
ကြေညာချက်အား အကြိမ်ကြိမ်ပြုလုပ်ခဲ့ပါသော်လည်း မော့တိ၏ဖုန်းကိုပြန်လာပေးသူမရှိခဲ့ပေ။
မုထျန်းဟန်သည်လည်း ဖုန်းခေါ်ဖို့ကြိုးစားခဲ့သည့်တိုင် ပထမတွင် ဖုန်း၀င်သွားသော်လည်း ဖုန်းကိုချလိုက်သည်။ ထို့နောက် ချက်ချင်းပင် ဖုန်းပိတ်ချသွားသည်။
မော့တိအနေဖြင့် သူ၏ဖုန်းကို မှားယူမိသည်ဖြစ်စေ၊ ရည်ရွယ်ချက်ရှိရှိ ယူသွားခဲ့သည်ဖြစ်စေ ပြန်ရနိုင်ချေမှာ အလွန်နည်းပါးကြောင်း ယခုအချိန်တွင် သေချာနေပြီဖြစ်သည်။
သူ၏စိတ်မှာ စတင်ပြိုလဲလာပြီး နှလုံးခုန်နှုန်းကလည်းမြန်လာသည်။
မော့တိ၏ဖုန်းကို ယူသွားသူမှာ သူတို့ထံ ပြန်လာပေးရန် ငြင်းဆိုနေသည်ကို သိလိုက်ရသဖြင့် မုထျန်းဟန် ဒေါသထွက်သွားရသည်။ သို့သော်လည်း မော့တိ စိတ်မသက်မသာဖြစ်နေသည် မြင်လိုက်ရသဖြင့် သူက ညင်သာစွာပင် သူ၏ လည်ပင်းကိုကိုင်ကာ ချော့မော့လိုက်သည်။
“စိတ်မသက်မသာ မဖြစ်ပါနဲ့။ အဲလူက ဖုန်းမြည်သံကို မကြားရတာ ဒါမှမဟုတ် ဖုန်းဘက်ထရီကုန်သွားတာမျိုးလည်း ဖြစ်နိုင်တာပဲ။ မနက်ဖြန် မှ ထပ်ကြိုးစားရှာကြရအောင် ။ အဲ့ထဲမှာ အရေးကြီးတာမပါဘူးဆိုမှတော့ သိပ်စိတ်မပူပါနဲ့။ မောလ်မပိတ်ခင် သွားပြီးအသစ်တစ်လုံးဝယ်ရအောင်"
မော့တိ မုထျန်းဟန်အားကြည့်လိုက်သည်။
ပန်းခြံ၏ တောက်ပနေသောမီးအလင်းရောင်များက သူ၏နောက်တွင် မှုန်ဝါးလာသည်။
မော့တိမျက်လုံးများ ပူလာသည်။ သူကရုတ်တရက် မုထျန်းဟန်၏ရင်ဘတ်ထဲ တိုးဝင်လိုက်ပြီး သူ့ခေါင်းကို မြှုပ်နှံလိုက်သည်။
"ကိုကို၊ ကိုကို၊......ကိုကိုကျွန်တော်ကို ဒီလိုအမြဲတမ်းကောင်းပေးမှာလားဟင်။"
"မင်းဖုန်းလေး ပျောက်သွားတာနဲ့ပဲ မင်းအရူးအဖြစ်ပြောင်းသွားတာလား။"
မုထျန်းဟန်ကပြုံးလာသည်။ သူက မော့တိကို ဖက်ထားလိုက်ပြီး သူ၏ခေါင်းလေးကို ညင်သာစွာ ပွတ်သပ်ပေးလိုက်သည်။
"ဒါပေါ့ကွာ၊ ကိုယ်က မင်းအပေါ်မှာ ဆက်ပြီး ကောင်းပေးမှာ ။ပြီးတော့ ဘယ်တော့မှ ပြောင်းလဲမှာမဟုတ်ဘူး။ ဘာလို့မင်း ဒီလိုမေးခွန်းမျိုး မေးရတာလဲ။"
"တကယ်နော်။"
မော့တိမျက်လုံးများက တစ်ဖြည်းဖြည်းနီလာသည်။ သူက ထိုမှတ်စုတိုကိုရေးသားခဲ့ပြီး မုထျန်းဟန်၏အပေါ်တွင် လုံးလုံးကျဆုံးပြီးနောက်၌ပင် ထိုမိုက်မဲသောမှတ်စုအား ပြန်မဖျက်မိသည့်အတွက် သူကိုယ်သူပို၍ မုန်းလာသည်။
သူက ထိုအရာ၏ဖြစ်တည်မှုအား လုံးဝပင် မေ့လျော့သွားခဲ့သည်။
"ဒါပေါ့။"
မုထျန်းဟန်က မော့တိ၏ မျက်လုံးတွေကိုကြည့်လာသည်။
"မင်းကိုယ့်ကိုမယုံလို့လား။"
"ကိုကို့ကိုမယုံတာမဟုတ်ပါဘူး။ ဒါပေမယ့်....ကျွန်တော်ကြောက်တယ်။ ကိုကိုက ကျွန်တော့်အပေါ် ကောင်းကောင်းဆက်ဆံပေးတယ်။ ဘယ်သူမှ အရင်က အဲလိုမဆက်ဆံပေးဖူးဘူး။ ကိုကိုက တစ်ယောက်တည်းသောသူပဲ။ ကိုကိုက ကျွန်တော်ရဲ့အရေးကြီးဆုံးလူဆိုရင်လည်းဟုတ်တယ်။ တစ်နေ့ကျရင် ကိုကို ကျွန်တော့်ကို ဆက်မကြိုက်တော့မှာကိုကြောက်တယ်။"
မော့တိက တုန်လှုပ်နေပြီး သူအသံတို့ကလည်း တုန်နေ၏။
"ကျွန်တော်ကြောက်တယ်။"
"ကိုကို၊ ဘာလို့ ကျွန်တော်အပေါ်ကောင်းပေးတာကို မရပ်လိုက်လဲ။ ဒါဆိုလည်း ဘယ်အချိန်ရောက်လာရင် ကိုကို ကျွန်တော်ကို ဆက်မကြိုက်တော့ဘဲနေမလဲ။ ကျွန်ဝောာ် အသင့်ပြင်နိုင်အောင်လို့ပါ။"
မော့တိက သူခေါင်းကိုငုံ့ထားကာ သူကိုယ်တိုင်တောင်အပြည့်အ၀နားမလည်သည့် စကားတို့ဖြင့် မေးနေမိသည်။
မုထျန်းဟန်သည်လည်း မော့တိ၏ ရုတ်တရက် မလုံခြုံသော ခံစားချက်ကို မြင်လိုက်ရသောအခါ ရယ်ရမည်လား သို့မဟုတ် စိတ်ဆင်းရဲရမည်လား မသေချာတော့ပေ။
"အရူးလေး။"
မုထျန်းဟန်က မော့တိ၏ နဖူးလေးကို ပုတ်လိုက်သည်။
"ဒါဘယ်လို တောင်းဆိုမှုမျိုးလဲ။ ဘယ်သူက သူ့ကိုယ်သူ ဆိုးဆိုးဝါးဝါးဆက်ဆံဖို့ တောင်းဆိုမှာလဲ။"
မော့တိက ထိမှန်မှုတောင် အနည်းငယ်တောင့်ခဲသွားသည်။ သူက အရည်လြနေသော မျက်လုံးများနှင့် ကြည့်ကာ သူနှဖူးလေးကို အပြစ်ကင်းဟန်ဖြင့် ကာလိုက်၏။
"နာတယ်....။"
"ဒီတော့မင်းနာကျင်မှုကိုခံစားရတယ်ပေါ့။ ကိုယ်ထင်တာ မင်းအိပ်ပျော်နေပြီး ထူးဆန်းတဲ့ အိမ်မက်များမက်နေတာလားလို့။"
မုထျန်းဟန်ကပြောနေရင်းပင် မော့တိ၏လက်ကို သူ၏နဖူးပေါ်ကဖယ်လိုက်ပြီး သူကိုယ်တိုင်ပွတ်ပေးနေသည်။
"နာနေသေးလား။"
".....အွန်း။"
မော့တိက မုထျန်းဟန်ကို ပြင်းပြင်းထန်ထန် ကြည့်လိုက်သည်။ သူက နာကျင်မှုကို မခံစားရသော်လည်း မုထျန်းဟန်၏ အလျှော့ပေးမှုကိုလိုချင်ပြီး ထိုအခိုက်အတန့်ကို အချိန်အနည်းငယ်ကြာအောင် ထိန်းထားချင်နေမိ၏။
"ဒါဆိုဒါမျိုးစကားမျိုး ထပ်မပြောနဲ့တော့။"
မုထျန်းဟန်က ပြောနေရင်းဖြင့် နောင်တနက်နက်ရှိုင်းရှိုင်း ရနေမိသည်။ သူ့အနေဖြင့် ဘယ်တော့မှ မော့တိကို မနာကျင်စေလိုသော်လည်း ယခုပင်မတော်တဆ အားကို အနည်းငယ် ပို၍သုံးလိုက်မိသည်။
မုထျန်းဟန်က ကိုယ်ကို ကိုင်းလိုက်ပြီး မော့တိ၏ နဖူးထက်မှ ပန်းရောင်သန်းနေသည့် အစက်အပျောက်လေးကို နမ်းလိုက်သည်။
မော့တိက သူမျက်လုံးတွေကို ဖြေးညင်းစွာဖွင့်လိုက်သည်။သူက မုထျန်းဟန်နောက်ဆက်ပြောမည့်စကားကို ရှင်းရှင်းလင်းလင်းကြားနိုင်သည်။
"ကိုယ် မင်းကို ဘယ်လိုမှ မချစ်ပဲ မနေနိုင်ဘူး။ မင်းအမှားကြီး လုပ်ခဲ့တယ်ဆိုရင်တောင် အများဆုံး ကိုယ်က မင်းရဲ့ တင်ပါးကိုရိုက်မယ်၊ အဲဒါပြီးရင် မင်းအပေါ်မှာ အစက်လေးတွေချန်ထားခဲ့မယ်။ ကိုယ် မင်းကို သဘောကျနေတာဘယ်တော့မှ ရပ်တန့်မှာ မဟုတ်သလို မင်းကို ကောင်းကောင်းမွန်မွန် ဆက်ဆံတာကို ဘယ်တော့မှ ရပ်တန့်မှာ မဟုတ်ပါဘူး။ အဲတာကြောင့် ဒီလိုမျိုး စကားမျိုး ထပ်မပြောပါနဲ့ ။ကိုယ်က မလုံလောက်လို့ မင်းမလုံခြုံဘူးလို့ ခံစားရတာလို့ ကိုယ်တွေးမိလိမ့်မယ်။"
"အဲ့လို မဟုတ်ဘူး! ကိုကို၊ ကိုကိုက ပြီးပြည့်စုံပါတယ်!"
မော့တိက ချက်ချင်း ခေါင်းခါလိုက်သည်။
"ကိုကိုက တကယ်တော်တယ်၊ ကိုကိုကအကောင်းဆုံးပဲ!"
မုထျန်းဟန်က မော့တိ၏ ထက်သန်သော မျက်လုံးများကို ကြည့်ကာ ပြုံးလိုက်သည်။
“ဒါဆို ဒါပဲလေ။ မလိုအပ်ဘဲ ခေါင်းကိုက်ခံတာကို ရပ်လိုက်။"
မော့တိ ရှိုက်လိုက်ကာ မုထျန်းဟန်ကို မော့ကြည့်လိုက်သည်။ ထို့နောက် သူ့ရင်ခွင်ထဲသို့ ပြန်ဝင်သွားသည်။
"တောင်းပန်ပါတယ် ကိုကို၊ ကျွန်တော် အတွေးလွန်သွားတာ။"
“တောင်းပန်စရာ ဘာမှမရှိပါဘူး။ ဒါကကိုယ် ပိုပြီးကြိုးစားရမယ်လို့ ဆိုလိုတာမျိုးပဲ။”
မုထျန်းဟန်က ခေါင်းငုံ့လိုက်ကာ မော့တိ၏ ဆံပင်တို့ကို နမ်းလိုက်သည်။
"နောက်ထပ်စီးချင်တာရှိသေးလား။"
"ကျွန်တော် မကစားချင်တော့ဘူး"
မော့တိက ခေါင်းခါသည်။ သူ့ကြောက်စိတ်တွေ တစ်နည်းနည်းနှင့် လျော့ပါးလာသည့်တိုင် ဤအပန်းဖြေ ပန်းခြံထဲမှာ မနေချင်တော့ပေ။
"ကိုကို၊ ဖုန်းအသစ်တစ်လုံးသွား၀ယ်ပြီးရုပ်ရှင်သွားကြည့်ရအောင်"
“ကောင်းပြီ။”
မော့တိ၏တောင်းဆိုချက်ကို မုထျန်းဟန်က သဘာဝအတိုင်း လိုက်နာခဲ့သည်။
ပန်းခြံတွင်းကြေညာချက်ဖြင့် ဘယ်သူကမှ ပျောက်ဆုံးနေသာဖုန်းအားပြန်မပေးနိုင်တော့သည်ကို သိလိုက်သောအခါ မော့တိက အပြည့်အ၀ လက်လွှတ်နိုင်ခဲ့သည်။
ညသန်းခေါင်လောက်၌ မုထျန်းဟန်က မော့တိကို အခြေစိုက်စခန်းထံ ပြန်ပို့လိုက်သည်။
မော့တိက မုထျန်းဟန်ကိုနမ်းပြီး နှုတ်ဆက်လိုက်ကာ ဆဲလ်ဖုန်း အကြောင်းကို ထပ်မပြောတော့ပေ။ မုထျန်းဟန်ကို ဝှေ့ယမ်းနှုတ်ဆက်ပြီး ဗီလာထံသို့ ပြန်ပြေးသွားခဲ့သည်။
မုထျန်းဟန်က သူ့ချစ်သူလေး ထွက်သွားပြီး သူမြင်ကွင်းမှ ပျောက်သွားသည်အထိ ကြည့်နေခဲ့သည်။ ထို့နောက် သူ့ဖုန်းကို ထုတ်လိုက်ပြီး အတွင်းရေးမှူးကောင်းကို ဖုန်းခေါ်လိုက်သည်။
"ဆရာ။"
အတွင်းရေးမှူးကောင်းက မုထျန်းဟန်အတွက် အမြဲတမ်း တာဝန် ကျေသောကြောင့် သုံးစက္ကန့်မျှသာ မြည်ပြီးနောက် ဖုန်းကို ကောက်ကိုင်လိုက်သည်။
မုထျန်းဟန်က အတွင်းရေးမှူးကောင်းကို မော့တိ၏ဆဲလ်ဖုန်းအား ရှာဖွေရန် အဓိကမီဒီယာပလက်ဖောင်းများတွင် သတိပေးချက်ထုတ်ပြန်ရန်အတွက် ညွှန်ကြားခဲ့သည်။ ပြန်ယူလာသူအား ယွမ်ငါးသောင်းကိုလည်း ဆုချီးမြှင့်မည်ဖြစ်ကြောင်းလည်း ကြေညာခိုင်းလိုက်သည်။
အသုံးပြုပြီးသား ဖုန်းတစ်လုံးက မည်မျှပင် ဈေးကြီးနေပါစေ ယွမ်ငါးထောင်ပင် မရရှိနိုင်ပေ။ ယခု ဆုငွေက ငါးသောင်းဖြစ်သောကြောင့် ပုံမှန်စိတ်ရှိသူတိုင်း ဘာလုပ်ရမည်ကို သိလိမ့်မည်ဖြစ်၏။
မျှော်လင့်ထားသည့်အတိုင်း၊ ပျောက်ဆုံးနေသည့် ဆဲလ်ဖုန်းနှင့်ပတ်သက်ပြီး နောက်တစ်နေ့တွင် ဖုန်း၀င်လာလေသည်။
ခေါ်ဆိုသူ၏ လေယူလေသိမ်းအရ သက်လတ်ပိုင်းအရွယ် လူကြီးတစ်ဦး ဖြစ်ဟန်ရသည်။
"မစ္စတာကောင်းလား။ အကြောင်းကြားစာတွေ့လို့ ဖုန်းကိုပြန်ခေါ်လိုက်တာပါ။ မနေ့က ကျွန်တော့်ကလေးကို အပန်းဖြေဥယျာဉ်ကို ခေါ်သွားပေးရင်း အပြန်မှာ ဖုန်းမှားယူသွားမိမှန်း သိလိုက်ရတာ။ အဲဒါအတွက် အရမ်းကိုစိတ်မကောင်းဖြစ်မိပါတယ်။"
အကြောင်းကြားချက်များတွင်ချန်ခဲ့သော ဆက်သွယ်ရန်အချက်အလက်မှာ အတွင်းရေးမှူးကောင်း၏ နံပါတ်ဖြစ်သည်။ သူကဇာတ်လမ်းထဲမှ လစ်ဟာမှုများကို ထောက်မပြဘဲ ထိုလူ၏စကားကို နားထောင် နေလိုက်၏။
"ကျွန်တော်တို့ရှာနေတဲ့ဖုန်းဟုတ်မဟုတ် ဘယ်လိုအတည်ပြုနိုင်မလဲဆိုတာ မေးလို့ရမလား"
"ဒါပေါ့! ဒါက အတိအကျကို မင်းတို့ရှာနေတဲ့ဟာပဲလေ ဖုန်းကာဗာအပြာနဲ့ ကာဗာပေါ်မှာ ပင်လယ်ပုံလေးရှိတယ်”
ထိုအမျိုးသားက အမြန်ပြန်ဖြေသည်။
"အဲဒါနဲ့ ပတ်သက်ပြီးတော့ ကျွန်တော် ထပ်ပြီး အတည်ပြုဖို့လိုတယ်။"
"ထပ်ပြီးအတည်ပြုမယ်!"
ထိုလူ၏ အသံက မြှင့်တက်လာသည်။
“မင်း ဆုငွေမပေးချင်တာနဲ့ပဲ အကြောင်းပြချက်တွေ ပေးနေတာလား။ မင်းတို့သူဌေးတွေက အရမ်းချမ်းသာတာပဲကို၊ ဘယ်လိုလုပ်ဒီလောက် တွန့်တိုနေရတာလဲ။"
“ အဲလိုမဟုတ်ပါဘူး။ ကျွန်တော်က စကားတည်တဲ့လူပါ။ ဒီလိုဆိုရင်ရော ဘယ်လိုလဲ။ ခင်များ အဲဒီ့ဖုန်းနဲ့ အခုကြော်ငြာကဖုန်းနံပါတ်ကိုခေါ်လိုက် ။ ခေါ်ဆိုသူID မှန်မှန် အတည်ပြုပြီးတာနဲ့ ခင်များကျွန်တော့်ဆီ ဖုန်းယူလာပေးလို့ရပြီ။ အဲ့ကျ ဆုငွေပေးပါ့မယ်"
“ကောင်းပြီ၊ ငါမင်းကို ထပ်ခေါ်လိုက်မယ်”
ထိုလူက ပြောပြီး ချက်ချင်းပင် ဖုန်းချလိုက်သည်။
ဆယ်စက္ကန့်အကြာတွင် အတွင်းရေးမှူး ကောင်း၏ဖုန်း ထပ်မံမြည်လာသည်။ မုထျန်းဟန်ပေးခဲ့သော မော့တိ၏ နံပါတ်မှာ အမှန်ပင် ဖြစ်သည်။
အတွင်းရေးမှူး ။ကောင်းက ဖုန်းကို ပိုက်ဆံနှင့် လဲလှယ်မည့်လူကို သတ်မှတ်ထားသည့် တည်နေရာအား ပို့လိုက်သည်။
ထိုလူက အဆင်ပြေစွာပင် လက်ခံလိုက်သည်။
ထိုလူနှင့်တွေ့ဆုံရန် မသွားမီတွင် အတွင်းရေးမှူးကောင်းက မုထျန်းဟန်ထံသို့ ထိုကိစ္စကို သတင်းပို့ခဲ့သည်။ နားထောင်ပြီးနောက် မုထျန်းဟန်က သူ့အား ရဲအရာရှိကိုပါ ခေါ်သွားခိုင်းလိုက်သည်။
ယနေ့မတိုင်ခင်ကတည်းက သူဖုန်းကို အကြိမ်မရေတွက်နိုင်လောက်အောင်ခေါ်သော်လည်း ငြင်းပယ်ခံခဲ့ရသည်။ ထိုကြောင့် ဖုန်းက အမှားတခုခုကြောင့်ပိတ်ကျသွားခြင်း မဟုတ်ကြောင်း သက်သေပြ နိုင်ခဲ့ပြီး ထိုအမျိုးသားက ပြန်ပေးဖို့ ရည်ရွယ်ချက်မရှိခဲ့ကြောင်းလည်း သိနိုင်ခဲ့သည်။။ ဤအပြုအမူမှာ ဥပဒေအား တိုက်ရိုက်ချိုးဖောက်ခြင်းဖြစ်ပြီး မုထျန်းဟန်က သူ့ကို လွှတ်ပေးရန် နည်းလမ်းမရှိပေ။ သူက သူစကားတည်တတ်သော လူဖြစ်သောကြောင့် ဆုချီးမြှင့်မှာဖြစ်သော်လည်း ထိုသူအား ထိုက်သင့်သော အပြစ်ပေးအား သေချာပေါက် ပေးရပေမည်။
....
တစ်နာရီကြာပြီးနောက် အတွင်းရေးမှူး ကောင်းက အရာအားလုံးကို ဖြေရှင်းပြီး ဖုန်းကို ကုမ္ပဏီသို့ ပြန်ယူလာခဲ့သည်။
ဖုန်းပြန်ပေးဖို့ရာ ဥက္ကဌရုံးခန်းသို့ သွားနေစဥ် လိုင်သယ်စစ်က စင်္ကြံမှ ဟစ်အော်လာခဲ့သည်။
" လူအိုကြီးကောင်း ဘယ်လိုလဲ ၊ မင်းမုကို သတင်းပို့ဖို့သွားမို့လား။ သူက လူအိုကြီးတွေနဲ့ ဗီဒီယိုအစည်းအဝေးလုပ်နေတာ ခဏကြာလိမ့်မယ်။"
“…”
အတွင်းရေးမှူးကောင်းက တည်ငြိမ်စွာပင် ပြန်ပြောလိုက်သည် ။
"ကျွန်တော် ဒီမှာ အစီရင်ခံစာတင်ဖို့ မရှိပါဘူး။ မော့တိရဲ့ ပျောက်သွားတဲ့ ဖုန်းကို ဥက္ကဋ္ဌဆီပေးဖို့ ဒီကို ရောက်နေတာပါ။"
"အို၊ တွေ့ပြီတဲ့လား? မြန်လိုက်တာ ။ မင်းငါ့ကို ပေးထားလို့ရတယ်၊ ငါလည်း အစည်းအဝေးကို ခဏတက်ဖို့သွားရင်း မင်းအတွက် မုကို ပေးပေးမယ်။"
လိုင်သယ်စစ် က ပြောလိုက်သည်။
အတွင်းရေးမှူးကောင်းက အနည်းငယ်တုန့်ဆိုင်းသွားပြီးနောက် လိုင်သယ်စစ်ကို ပေးဖို့ရာ ပြဿနာမရှိဟု ဆုံးဖြတ်ကာ သဘောတူလိုက်သည်။
လိုင်သယ်စစ်က ဖုန်းကို အိတ်ကပ်ထဲထည့်ကာ ရုံးသို့ ပြန်သွားလိုက်သည်။
လိုင်သယ်စစ်၏ရုံးခန်းတွင် ဗီရိုတစ်လုံး၊ ရေချိုးခန်းနှင့် အခြားသော အဆင်တန်ဆာများပါရှိသော ဧည့်ခန်းငယ်တစ်ခုလည်း တပ်ဆင်ထားသည်။ လိုင်သယ်စစ်က ဖုန်း နှင့်လက်ပ်တော့ကို စားပွဲတင်ထားခဲ့ကာ အဝတ်သွားလဲလိုက်၏။
နောက်ပိုင်းတွင် သူက ကြမ်းတမ်းသော လူအိုအုပ်စုနှင့် တွေ့ဆုံရတော့မည်ဖြစ်ရာ ၀တ်စားဆင်ယင်မှုကြောင့် ပြစ်တင်ရှုတ်ချခြင်း ခံရမည်စိုး၍ဖြစ်သည်။
ဘယ်လောက်စိတ်ညစ်စရာကောင်းလိုက်လဲ။
အဝတ်အစားလဲနေစဥ်မှာပင် သူ့ရုံးခန်းတံခါးကို နှစ်ကြိမ်ခေါက်ခံလိုက်ရပြီး ဂျော့ခ်ျ၏အသံက တံခါးပေါက်အား ဖြတ်လျက် ထွက်ပေါ်လာသည်။
“လိုင်သယ်စစ် ငါတို့တွေ အပတ်စဉ် ပြိုင်ပွဲကျင်းပနေတာ မင်း စိန်ခေါ်မှုကို ပြင်ဆင်ပြီးပြီလား"
"ပြီးပြီ"
လိုင်သယ်စစ်က အဝတ်လဲခန်းမှ ပြန်ဖြေသည်။
“ဒီတစ်ခေါက်က ကုဒ်ရေးပြိုင်ပွဲလေ။ ပရိုဂရမ်ကို အမြန်ဆုံး ကုဒ်ဝှက်နိုင်တဲ့သူက အနိုင်ရသူဖြစ်မှာတဲ့။ ဒါပေမယ့် ငါဒီတစ်ကြိမ်တော့ မပါဝင်ပါဘူး၊ ငါမှာ အစည်းအဝေးတစ်ခုရှိသေးတယ်။"
"ဒါဆို ပစ္စည်းက ဘယ်မှာလဲ ငါ့ကိုပေး။"
“အဲဒါက စားပွဲပေါ်မှာ ရှိတယ်၊ မင်းဝင်လာပြီး ယူသွားလို့ရတယ်”
လိုင်သယ်စစ်က အံဆွဲထဲတွင် တွေ့သည့် လည်စည်းကို မှန်ရှေ့တွင် လှည့်ပတ်ကြည့်ရင်း ပြောလိုက်သည်။
Xxxxxx