အပိုင်း ၁၄၀
Viewers 28k


Chapter 140



ဂျော့ခ်ျနှင့် စကားပြောပြတ်ပြီးသွားချိန်၌ လိုင်သယ်စစ်က ဖုန်းကိစ္စကို လုံးလုံးမေ့သွားခဲ့ပြီဖြစ်၏။ သူက အ၀တ်အစားလဲပြီးနောက် တွေ့ဆုံပွဲကိုတန်းပြီးသွားလိုက်သည်။

သူ မုထျန်းဟန်ကိုတွေ့လိုက်ချိန်မှ သတိရသွားပြီး လျင်မြန်စွာပြောလာသည်။။

"မု၊ ကောင်လေးရဲ့ဖုန်း ရှာတွေ့ပြီ ဒါပေမယ့် ငါ့ရုံးခန်းထဲမှာကျန်ခဲ့တယ် ငါ ယူလာဖို့ မေ့သွားတာ"

"ငါအလုပ်ပြီးမှသွားယူလိုက်မယ်"

မုထျန်းဟန်က ပြောလာသည်။

"ထိုင်တော့၊ အစည်းအဝေးစလိုက်ရအောင်"

"အိုခေ"

လိုင်သယ်စစ်က မျက်နှာပြင်ထက်ရှိ
လူအိုကြီးများထံသို့ အာရုံစိုက်လိုက်ပြီး အတည်အတန့် ပုံစံသို့ ပြောင်းလိုက်သည်။ သူက ခုံကိုဆွဲကာ ထိုင်လိုက်သည်။

မုထျန်းဟန်က ထိုလူများနှင့် အရေးကြီးသော အပိုင်းတို့ကို ဆွေးနွေးပြီး ‌ဖြစ်သောကြောင့် လိုင်သယ်စစ်၏အပိုင်းမှာ ကောင်းမွန်စွာ အဆင်ချောသွားလျက် နောက်ထပ် မိနစ်နှစ်ဆယ်သာ ထိုင်ပြီး ဆွေးနွေးမှုကိုပြုလုပ်ခဲ့ရသည်။

‌အစည်းအဝေး၏ အဆုံးသတ်ပိုင်းသို့ရောက်လာသောအခါ လိုင်သယ်စစ်က လက်မှတ်ထိုးလိုက်ပြီး ကွန်ပျူတာကို ပိတ်လိုက်၏။

"အိုင်း ငါတကယ် အစည်းအဝေးတွေကို မုန်းလိုက်တာ အထူးသဖြင့် ဒီလို မြေခွေးအိုကြီးတွေနဲ့လုပ်နေရတဲ့ အချိန်မျိုး သူတို့အားလုံးက တကယ် ‌အတည်ကြီးတွေဖြစ်နေကြပြီး ကြောက်ဖို့ကောင်းတယ် ငါရဲ့အချစ်လေးနဲ့မတူဘူး ပြီးတော့ စုန့်ယွီ လောက်မညင်သာနေဘူး။"

လိုင်သယ်စစ်က ရုတ်တရက် တစ်ခုခုကို တွေးမိလိုက်ပြီး သူ့ကိုယ်သူ ရယ်မောလိုက်သည်။

သူက ‌စုန့်ယွီနှင့် ချိန်းတွေ့ရန်အတွက် မစီမံနိုင်ဘူးဆိုလျှင်ပင် စုန့်ယွီကိုကြည့်ရသည်မှာ သူ့အား သူငယ်ချင်းအဖြစ် လက်ခံသည့်ပုံရ၏။

မုထျန်းဟန်က သူ၏လက်ကိုမြှောက်ကာ လိုင်သယ်စစ်ကို ရိုက်ချလိုက်ပြီး သူ၏ နေ့ခင်းအိပ်မက် မက်နေရာမှ ပြန်လည်နိုးထလာအောင် လုပ်ပေးလိုက်သည်။

"စပြီး လှုပ်ရှားဝောာ့၊ မင်းရုံးခန်းကိုသွားပြီး ငါ့ကိုဖုန်းယူပေး"

"အိုင်း ငါကိုနည်းနည်းလောက် အနားပေးပါဦး"

‌လိုင်သယ်စစ်က စိတ်ပျက်လက်ပျက်ပင် ထရပ်လိုက်သည်။

"ဖုန်းက ဘယ်မှ လျှောက်မသွားပါဘူး"

"မြန်မြန်"

မုထျန်းဟန်က မှာကြားပြီးနောက် အခန်းထဲမှ ထွက်သွားသည်။

"ကောင်းပါပြီ ကောင်းပါပြီ"

လိုင်သယ်စစ်အနေနှင့်လည်း လိုက်လုပ်ရုံမှလွဲ၍ ရွေးချယ်စရာမရှိပေ။

နှစ်ယောက်သား လိုင်သယ်စစ်၏ ရုံးခန်းသို့ရောက်သောအခါ လိုင်သယ်စစ်က မုထျန်းဟန် အတွက် တံခါးကိုဖွင့်ပေးလိုက်၏။

"မင်းဘယ်မှာ ထားထားလိုက်လဲ။"

မုထျန်းဟန်က သူ၏ ရုံးခန်းထဲသို့ခပ်သုတ်သုတ် ၀င်လာခဲ့၏။

"စားပွဲပေါ်မှာ ရှိမနေဘူးလား။"

"ဘယ်မှာ"

မုထျန်းဟန်က လိုင်သယ်စစ်ကို မျက်မှောင်ကြုတ်ကာ ကြည့်လိုက်၏။

"စားပွဲပေါ်မှာရှိတယ် ဆိုတာသေချာလား"

"ဟုတ်တယ်လေ အဲတာ...ဟမ်"

လိုင်သယ်စစ်က သူအလုပ်လုပ်တဲ့နေရာကို လှည့်ပတ်ကြည့်လိုက်သော်လည်း ဖုန်းကတော့ ပျောက်နေလေသည်။

"ငါ ငါ ဒီမှာ ထားခဲ့တာ"

"ဘယ်လိုလုပ်ပျောက်သွားရတာလဲ"

လိုင်သယ်စစ်မှာ ထိတ်လန့် သွားကာ သူ့စားပွဲကို စပြီးရှာတော့သည်။ ထို့နောက်မှ သူက ရုတ်တရက်သတိရသွားပုံဖြင့်...

"အာ! ဂျော့ခ်ျယူသွားတာနေမယ်"

"ဂျော့ခ်ျက အဲဒါကို ဘာလုပ်မှာမို့လို့လဲ"

"ဂျော့ခ်ျက ဒီကိုလာပြီး အပတ်စဉ် ပရိုဂရမ်ပြိုင်ပွဲအတွက် ပစ္စည်းကို လာယူသွားတာ သူ့ကိုအဲဒါက စားပွဲပေါ်မှာ ရှိတယ်လို့ပြောပြီး ဝင်ယူခိုင်းလိုက်တာ သူပစ္စည်းမှားပြီး ယူသွားတာနေမယ်"

လိုင်သယ်စစ်က သူ၏စားပွဲပေါ်မှ လက်ပ်တော့ကိုယူလိုက်ကာ သူခေါင်းကို လှုပ်ရမ်းလိုက်၏။

"သူယူသွားရမှာက ဒီလက်ပ်တော့ပဲ သူမှားယူသွားတာကို အခုဆိုသဘောပေါက်သင့်ပြီမလား မော့တိလေးရဲ့ ဖုန်း ကုဒ်နဲ့ပက်သက်လို့ ဘာရှိနေမှာမို့လို့လဲ"

‌မုထျန်းဟန်က လိုင်သယ်စစ်ကို အချိန်အတော်ကြာ မသိချင်ယောင်ဆောင်လိုက်ပြီးနောက် သူက စီနီယာ ပရိုဂရမ်မာရုံးခန်းသို့ တန်းထွက်လာခဲ့၏။

လိုင်သယ်စစ်က လက်တော့ကိုသယ်လျက် သူနောက်မှ အလျင်စလို လိုက်လာခဲ့သည်။

မုထျန်းဟန် ရုံးခန်းအနီးသို့ ရောက်သောအခါ အက်ဒမန် ၏ စိတ်လှုပ်ရှားစွာ အော်သံကို ကြားလိုက်ရသည်။

"ငါ ကုဒ်ရေးပြီးဖို့အရမ်းနီးကပ်နေပြီ!!!"

မုထျန်းဟန် မျက်မှောင်ကြုတ်ကာ သူ့အရှိန်ကို မြှင့်လိုက်သည်။ အခန်းထဲဝင်လာသောအခါ ဂျော့ခ်ျနှင့် တခြားလူများက အလယ်ဗဟိုတွင်ရှိသည့် ဆဲလ်ဖုန်းတစ်လုံးအား စားပွဲတွင်ဝိုင်းထိုင်နေကြသည်ကို တွေ့လိုက်ရသည်။ ထိုဖုန်းကို ကေဘယ်ကြိုးများစွာတွင် ပလပ်ထိုးထားပြီး လူတိုင်း၏လက်ပ်တော့နှင့် ချိတ်ဆက်ထားသည်။

ပြီးတော့ ထိုဖုန်းက မော့တိ၏ ဖုန်းဆိုသည်မှာသေချာ၏။

"သုံး၊ နှစ်၊ တစ်၊ ငါလုပ်နိုင်လိုက်ပြီ၊ ငါကုဒ်ရေးနိုင်သွားပြီ၊ ဒါကပွင့်သွားပြီး၊ ဟားဟားဟား၊ ငါနိုင်ပြီကွ......မု?!"

အက်ဒမန်က မုထျန်းဟန်မှ ဒေတာ ကေဘယ်ကြိုးများနှင့် ချိတ်ဆက်ထားသော ဖုန်းကို ဆွဲဖြုတ်လိုက်သောအခါတွင် သူ၏စိတ်လှုပ်ရှားစွာ ဟစ်ကျွေးခြင်းသည်လည်း လမ်းတစ်၀က်မှာတင် ရပ်သွား၏။

သူတို့၏ ဖန်သားပြင်ပေါ်တွင် ပြသထားသည့် ဖိုင်များကလည်း ပြတ်တောက်သွားကာ ချက်ချင်း ပျောက်သွားသည်။

" မု မင်းဘာလုပ်နေတာလဲ"

အက်ဒမန် အံသြသွားသည်။သူ ထိုအရာကို ဖွင့်နိုင်လိုက်သော်လည်း ဘာမှမမြင်နိုင်တော့ပေ။

ဖိုင်၏ အကြောင်းအရာမှာ အရေးမကြီးသော်လည်း လုပ်ငန်းစဥ်မှာ ရှုပ်ထွေးပြီး အချိန်ကြာမြင့်စွာ လုပ်ရသည့် အလုပ်ဖြစ်ခဲ့သည်။ အထဲ၌ ပါသည်တို့အား သူဖတ်ခွင့်ရှိပေသည်။

"ဒါက အပတ်စဉ် စိန်ခေါ်ပွဲမဟုတ်ဘူး အဲဒါက မော့တိရဲ့ဖုန်း၊ ‌ပရိုဂရမ်က ဒီမှာ"

လိုင်သယ်စစ်က လက်ပ်တော့ကိုစားပွဲပေါ်တင်လိုက်သည်။

"ဂျော့ခ်ျ အရူးကောင်၊ ပစ္စည်းမှားယူသွားတယ်"

"ဟ!"

ဂျော့ခ်ျ ထိတ်လန့်သွားသည်။

"အဲဒါက အမှန်မဟုတ်ဘူးလား၊ အဲ့ဖုန်းထဲမှာ တကယ်ပဲ ကုဒ်ဝှက်ထားတဲ့ ဖိုင်တစ်ခုကရှိနေတယ်လေ"

"ဟုတ်တယ် ဒီဖုန်းထဲမှာ အလွှာတွေအများကြီးနဲ့ ကုဒ်ဝှက်ထားတဲ့ မှတ်စုတိုတစ်ခုရှိတယ် အဲဒါအပြင် တခြားဘာမှ မရှိဘူး ဒါက မော့တိရဲ့ဖုန်း ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

"ဒီဖုန်းကို ယူသွားတဲ့သူက ဖုန်းထဲက မန်မိုရီကို ဖျက်ပစ်ဖို့ ဖောမတ်ချရမှာ ဆိုပေမယ့် ဒီဖိုင်မှာ အစွမ်းထက်တဲ့ ကုဒ်ဝှက်စနစ်ပါနေတဲ့အတွက် ထိချင်တိုင်းထိလို့မရဘူး ပြောရမယ်ဆိုရင် မော့တိရဲ့ ပရိုဂရမ်းမင်းကျွမ်းကျင်မှုက ထိပ်တန်းအဆင့်မျိုးပဲ ငါတို့အုပ်စု ဖြိုခွဲ၀င်ဖို့တောင် မိနစ်သုံးဆယ်လောက် အချိန်ယူရတယ်ဆိုတော့ သာမန် ဖောက်ထွင်းရေးသမားတွေအနေနဲ့ အဲဒါကို ဝင်ကြည့်ဖို့ မဖြစ်နိုင်ဘူး”

လိုင်သယ်စစ်က ပြုံး၍ပြောလာသည်။

မုထျန်းဟန် ဘာမှမပြောဘူးဆိုလျှင်ပင် သူ့ပုံစံက မာနကြီးဝင့်ဝါနေပုံ ဖြစ်နေ၏။

‌ဒါပေါ့ သူ့ရဲ့ကလေးလေးက စွမ်းရည် အမြင့်ဆုံးနှင့် ကမ္ဘာပေါ်မှာ အတော်ဆုံးလေးပဲဟာ။

‌သို့သော်လည်း သူ့အနေဖြင့် မော့တိက သူ၏ဖုန်းအား ဤမျှ မြင့်မားသောအဆင့်ဖြင့် သော့ခတ်ထားလိမ့်မည်ဟုမထင်ထားမိပေ။ ဤဖိုင်က အရေးကြီးသော်လည်း မော့တိအား သူ့ဖုန်းတွင် အဖိုးတန် အချက်အလက်များရှိမရှိ မေးသည်ကို မော့တိမှ မရှိကြောင်း ပြန်ဖြေခဲ့သည်ကိုသတိရမိသွားသည်။

မုထျန်းဟန် မျက်မှောင်ကြုတ်လိုက်သည်။

လိုင်သယ်စစ်က အက်ဒမန်ကို သိလိုစိတ်ဖြင့် မေးလိုက်သည်။

"ဟေး၊ မင်းက အဲထဲကို ပထမဆုံး၀င်လိုက်နိုင်တဲ့ သူလား"

"ဒါပေါ့ ငါက ဒီဌာနမှာ နံပါတ်တစ် ဖြစ်နေတုန်းပဲ"

"တော်စမ်းပါ ဒါအခုမှတခါပဲရှိသေးတယ် ပြီးတော့ ငါတို့တွေ ပစ္စည်းမှားပြီးတောင် အလုပ်လုပ်မိထားသေးတယ် ဒါကိုထည့်မတွက်ဘူး"

ဂျော့ခ်ျက ငြင်းလာသည်။

"‌ပြော ၊ မင်းတို့တွေ အဲဒီအပေါ်မှာ ဘာရေးထားလဲ ဆိုတာကို တွေ့လိုက်ရလို့လား"

လိုင်သယ်စစ်က အက်ဒမန်၏ပုခုံးကိုပုတ်လိုက်၏။ သူက မော့တိ၏ ကုဒ်အဆင့်ဆင့်ထည့်ထားသော ဖိုင်တွင် မည်သည့်အရာများပါနေသည်ကို အမှန်တကယ်သိချင်နေလေသည်။

"မသိလိုက်ဘူး ငါဘာမှမမြင်လိုက်ရဘူး မုကအရမ်းမြန်တယ်"

အက်ဒမန်ပခုံးတွန့်လိုက်သည်။

လီချန်း နှင့် ရေမွန်တို့သည်လည်း သူတို့ခေါင်းကိုခါပြလာသည်။

" ငါ စကားလုံးနည်းနည်းတော့ ထုတ်လိုက်နိုင်တယ်"

ချုတ်ကပြောလာသည်။


“ဒါပေမယ့် မသေချာဘူး 'ကြိုက်တယ်' ဒါမှမဟုတ် 'မကြိုက်ဘူး' အဲလိုတစ်ခုခုပဲ Ai လိုမျိုးလေ ငါရှင်းရှင်းလင်းလင်းမမြင်လိုက်ရဘူး မုက အရမ်းမြန်တယ်"

ချုတ်က ပြုံးပြီး ဆက်ပြောလာသည်။

"လူအိုကြီးကတော့ အချစ်နဲ့ ပတ်သက်လာရင် တကယ်ကို အခြားလူလိုပဲ သူ့ရည်းစားလေးရဲ့ ဝှက်ထားတဲ့ ဖိုင်တစ်ခုပဲဖြစ်နေတာတောင် တင်းတင်းကြပ်ကြပ် ထိန်းသိမ်းနေတုန်ပဲ"

"ကြိုက်တယ် ဒါမှမဟုတ် မကြိုက်ဘူးလား"

စိတ်ရှုပ်စရာအရှုပ်တစ်ခုခုကို တွေ့လိုက်ရသည့်အတိုင်း သူက 'အိုး!'ဟု အော်လိုက်ပြီး မုထျန်းဟန်အား တမင်တကာ နောက်ပြောင်လိုက်သည်။

"မော့တိက မု ကို မနှစ်သက်ခင် တခြားတစ်ယောက်ယောက်ကို စိတ်ဝင်စားခဲ့တာမျိုးလား အဲဒီ့အမှတ်တရတွေကို ဖျောက်ပစ်ချင်ပေမယ့် ဖျက်ပစ်ဖို့ မတက်နိုင်လို့ အဲဒီဖိုင်တွေထဲမှာ ဝှက်ထားခဲ့တာမျိုးလား"

မုထျန်းဟန်က သူ့ ။မျက်လုံးကိုမှေးပြီး လိုင်သယ်စစ်ထံသို့ တည့်တည့်ကြည့်လိုက်သည်။

"ဒါ... ဒါ... ဒါပေါ့... ဒါက ဘယ်ဖြစ်နိုင်ပါ့မလဲ"

လိုင်သယ်စစ်က သေမင်း၏အကြည့်စူးစူးဖြင့် ဒဏ်ခတ်ခံခဲ့ရပြီး ရှင်သန်ရေးအတွက် သူ့စကားအား ပြောင်းပြောလိုက်ရသည်။

"ငါက ဒီတိုင်းနောက်တာပါ ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ ဒါ‌က မော့တိ သူ့ဘက်က‌မင်းအပေါ်ခံစားရတဲ့ ခံစားချက်တွေကို ရေးထားတဲ့ ဒိုင်ယာရီဖြစ်လိမ့်မယ် ငါမှတ်မိတာကတော့ သူမင်းကိုချစ်နေတာဟိုးအရင်ကတည်းကပဲလေ..."

မုထျန်းဟန် အနည်းငယ်ကျေနပ်သွားသော်လည်း လိုင်သယ်စစ်ကို လျစ်လျူရှုပြီး ထွက်ခွာသွားခဲ့သည်။

လိုင်သယ်စစ်က ခက်ခက်ခဲခဲ မြိုချလိုက်သည်။

"ဒါကဟာသမဟုတ်ဘူး ငါကိုအသားစိမ်းလိုမျိုးသူစိုက်ကြည့်စရာမှမလိုတာကို"

ချုတ်က လိုင််သယ်စစ်၏ ပုခုံးကို ပုတ်လိုက်ပြီး ပြောလာသည်။

"ဟွာရှားမှာ 'ပု ကျိုး ပု စစ်'ဆိုတဲ့ စကားရှိတယ်၊ မင်းနဲ့ လိုက်ဖက်တယ်လို့ ငါထင်တယ်"

(Eng T/N: 不作不死 တိုက်ရိုက် ဘာသာပြန်ကတော့ "ဘာမှမလုပ်ရင် ဘာမှမဖြစ်ဘူး.” ဒါကတကယ်ကို နားလည်လွယ်ပါတယ်။ အလွယ်ဆုံးနားလည်မယ်နည်းကတော့ မင်းသာ ခပ်ရူးရူးအလုပ်တွေလုပ်မနေရင် မင်းအဲဒါအတွက်မပေးဆပ်ရဘူး။.)

ထိုအချိန်တွင် မုထျန်းဟန်က မော့တိ၏ ဖုန်းကို သူ့ရုံးခန်းဆီသို့ယူသွားပြီဖြစ်၏။

သူက ကော်ဖီကို ခွက်တစ်ဝက်ထိတိုင်အောင် လောင်းချလိုက်ကာ တစ်ငုံသောက်လိုက်သည်။ ထို့နောက် မော့တိအား သူ့ဖုန်းကို ရှာတွေ့ကြောင်းပြောကာ မော့တိထံ ပို့ပေးမည်ဟု မက်ဆေ့ချ်ပို့ခဲ့သည်။

မော့တိက အကြောင်းမပြန်ခဲ့ပေ။ သူ့အလုပ်အပေါ် အာရုံစိုက်နေပုံရသည်။

မုထျန်းဟန်က ကော်ဖီနောက်တစ်ငုံသောက်လိုက်သည်။ ဆောင်းနေရောင်က သူ့မျက်နှာထက်သို့ အရိပ်တစ်ခု ကျရောက်နေသည့်အတိုင်း သူ့အကြည့်တို့က မှုန်ကုပ်နေ၏။

လိုင်သယ်စစ်နှင့် ချုတ် ပြောခဲ့သည့်စကားများက သူ့စိတ်ထဲ၌ စွဲထင်ပြီးကျန်နေခဲ့သည်။

ကြိုက်တယ် ဒါမှမဟုတ် မကြိုက်ဘူး?

သူ့ကလေးက ဒီစကားတွေကို ဘာလို့ရေးထားတာလဲ။

သူ့ရှေ့မှာ တကယ်ချစ်ဖူးတဲ့သူ ရှိတာများလား… ဒါမှမဟုတ် ဒါက သူ့အပေါ်ထားတဲ့ သူ့ရဲ့ခံစားချက် မှတ်တမ်းတစ်ခုလား။

မုထျန်းဟန်၏ရှည်လျားသောလက်ချောင်းများ အပြာရောင်ကာဗာပေါ်မှ လျှောကျသွားသည်။ ထို့နောက်ဖုန်း၏ ဒေတာသိမ်းစည်းရာ၌ ရပ်သွားသည်။

ယင်းက ဖြောင့်မတ်သောယောက်ျားတို့လုပ်သင့်သည့် အရာမဟုတ်ပေ။

သို့သော်လည်း....

ထိုအရာက မော့တိ၏ ခံစားချက်နှင့် ပတ်သက်လာသောအခါ၌ သူသည်လည်း လူလိမ်ဖြစ်လိုစိတ်ရှိသည်။

မုထျန်းဟန်က မော့တိ၏ဖုန်းကို သူ့လက်တော့ပ်နှင့် မချိတ်ဆက်မီ နှစ်ကြိမ်တိုင်တိုင် တုံ့ဆိုင်းသွားခဲ့သည်။

..........


နာရီက ဆယ့်နှစ်နာရီသို့ရောက်သောအခါတွင် မော့တိက နောက်ဆုံးတော့ အလုပ်လုပ်လုပ်နေသည်အား ရပ်လိုက်သည်။

လက်ဆစ်များအား ချိုးလိုက်ကာ လက်ကိုင်ဖုန်းကို ကြည့်လိုက်၏။ မုထျန်းဟန်ထံမှ ယနေ့ သူ့ဖုန်းကို ပြန်‌‌တွေ့ထားကြောင်းပြောသည့် မက်ဆေ့ကို သူမြင်လိုက်ရသည်။

မော့တိ အံ့သြသွားသည်။ သူက မုထျန်းဟန်အား အမြန်ဖုန်းဆက်လိုက်သည်။

ဘိ ဘိ ဘိ...

ဘယ်သူမှ ပြန်မဖြေပေ။

နောက်ဆုံးအသံမြည်ပြီးသည်တိုင်အောင် မုထျန်းဟန်က ဖုန်းမကိုင်ခဲ့ပေ။

မော့တိ အနည်းငယ် စိတ်ကောက်ချင် သွားသည်။ လိုင်းက ရှုပ်မနေသလို ဆက်သွယ်မှုဧရိယာပြင်ပသို့လည်း ရောက်မနေခဲ့ပေ။ မုထျန်းဟန်က ဖုန်းသံကိုမကြားသည်များလား။

မော့တိက ထပ်မံ၍ ဖုန်းခေါ်လိုက်သည်။

ဖုန်းက အချိန်အတော်ကြာအောင် မြည်နေပြ နောက်ဆုံး ဘိ...ဟုသောမြည်သံမြည်ပြီးနောက်တွင်၊ ချိတ်ဆက်သွားကာ မုထျန်းဟန်၏ အသံထွက်လာသည်။

"ဟယ်လို"

"ကိုကို"

မော့တိ၏ အသံမှာ စိတ်လှုပ်ရှားမှုနှင့် ရောထွေးနေသည်။

"ဖုန်းပြန်တွေ့ပြီလား"

"ဟုတ်တယ်၊ ကိုယ်ပြန်ယူလိုက်ပြီ ဒါပေမယ့်…”

"ဒါပေမယ့် ဘာဖြစ်လို့လဲ"

မော့တိ၏ နှလုံးခုန်သံမှာ သူ့လည်ချောင်းထဲ၌ တုန်ခါနေသည့်အတိုင်းပင်။

“ဒါပေမယ့် ဖော့မတ်ချပြီးသွားကြပြီ ဘာမှမကျန်တော့ဘူး၊ အဲဒါကို ရှင်းရှင်းလင်းလင်း ဖျက်ပစ်လိုက်ကြပြီ”

မုထျန်းဟန်၏အသံမှာ ယခင်ကကဲ့သို့ နူးညံ့သိမ်မွေ့နေသော်လည်း ထိုအောက်တွင် ဒေါသစိတ်လှိုင်းများ ရှိနေသည်။

"ဖောမတ်ချလိုက်ကြတာလား?!"

ခဏကြာတော့ မော့တိ သူစိတ်သက်သာရာရမလား၊ စိတ်ဓာတ်ကျသင့်လား မသေချာ ဖြစ်သွားရသည်။ မှတ်စုတိုတွင် သူလျှို့ဝှက်ကုဒ်ကို ကြိုးစားရေးခဲ့၏။ အလွယ်တကူ ဖျက်ပစ်နိုင်ခဲ့သည်က မဖြစ်သင့်ပေ။

"အဲ့ထဲမှာ အရေးကြီးတာတစ်ခုရှိလား"

မုထျန်းဟန်က မော့တိ၏ အတွေးများကို နှောက်ယှက်ကာ ထပ်မေးသည်။

"မဟုတ်ဘူးး မရှိပါဘူး။"

မော့တိ ချက်ချင်းပြန်ဖြေသည်။ သူ့နားများက ပန်းရောင်ပြောင်းသွား၏။

မုထျန်းဟန်၏အသံက ယခင်ကထက် ပို၍ နူးညံ့သိမ်မွေ့လာနေသော်လည်း သူ့ကို မသိစိတ်မှ သတိလက်လွှတ်ဖြစ်စေသည်ဟု အဘယ်ကြောင့်ခံစားနေရသလဲ မသိတော့ပေ။

"ကိုကို၊ ဒီည အရှေ့တံခါးဂိတ်မှာ ကိုကို့ကိုစောင့်နေမယ် ကိုကို ၀င်လာပြီး ခဏဆို ကျွန်တော်တို့တွေ အချိန်တွေတူတူဖြုန်းလို့ရတယ်"

မော့တိ၏ အသံမှာ ရွှင်မြူးနေသည်။

သို့သော်လည်း မုထျန်းဟန်၌ တခြား အစီအစဉ်များ ရှိနေသည်။

"ဒီနေ့ ခြောက်နာရီ ထွက်လာခဲ့ ညစာစားဖို့ လိုက်ပို့မယ်"

"အာ?" မော့တိအနေဖြင့် ပြောစရာစကားမဲ့သွားရသည်။

“ဒါပေမယ့် ကိုကို၊ ဒီနေ့က တနင်္ဂနွေနေ့မဟုတ်ဘူး၊ ကျွန်တော် ထွက်သွားလို့မရဘူး”

“ဟုတ်တယ် မင်းထွက်လို့ရတယ် ပြိုင်ပွဲတာဝန်ရှိသူကို ကိုယ်ဆက်သွယ်ပြီးပြီ၊ သူတို့က မင်းကို ဒီညနေကထွက်ခွင့် ပေးပြီး မနက်ဖြန်ညပြန်လာဖို့ ခွင့်ပြုပေးထားကြတယ်"

မုထျန်းဟန်၏ အသံမှာ နက်ရှိုင်းကာ ဆွဲဆောင်မှုတို့ရှိနေပြီး ယခင်ကထက် ပိုစွဲမက်ဖွယ်ကောင်းနေသည်။

"လိမ္မာနော် ဒီညနေ ခြောက်နာရီမှာ ကိုယ်မင်းကို အပေါက်ဝမှာ စောင့်နေမယ်"

မုထျန်းဟန်က အဘယ်ကြောင့် သူထွက်ခွင့်ရရန် တောင်းဆိုသည်ကို မော့တိမသိသော်လည်း သူက အဆင်သင့် လက်ခံလိုက်ဆဲပင်။

ထို့နောက် သူကမေးလာ၏။


“ကိုကို ဒီနေ့အဖို့ တခုခု ထူးထူးခြားခြား ကိစ္စရှိလို့လား။"



Xxxxxx