အပိုင်း ၁၄၁
Viewers 28k

Chapter 141



"ကိုကို.."

မုထျန်းဟန်ထံမှ စကားပြန်မရသောအခါ၌ မော့တိ ထပ်၍ခေါ်လိုက်သည်။

"ဒီနေ့က.....အင်း တကယ်ကို အရေးကြီးတဲ့နေ့လေးပေါ့..."

မုထျန်းဟန်က ပြန်ဖြေလာ‌သော်လည်း အတိအကျတော့မဟုတ်ခဲ့ပေ။

"မင်းဒီညကျ သိမှာပဲကို မင်းကိုယ့်ကို မယုံဘူးလား..."

"ဒါပေါ့၊ ကျွန်တော် ကိုကို့ကိုယုံပါတယ်..."

မော့တိက ထိုသို့ပြောသောအခါတိုင်း၌ လုံးဝ တွန့်ဆုတ်ခြင်းမရှိခဲ့ပေ။ သူကတောက်ပစွာပြုံးလိုက်သည်။

"ဒါဆို ကျွန်တော် ကိုကို့ကို အရှေ့ဘက် ဂိတ်မှာ ဒီည စောင့်နေမယ်နော်..."

"တော်တယ်..."

မုထျန်းဟန်၏ အသံမှာ တိုးပြီး ညင်သာနေ၏။

"ကိုယ်မင်း ၆နာရီကျ လာခေါ်မယ်..."

“အင်း..."

မော့တိ ဖုန်းချလိုက်ပြီးနောက်တွင် စိတ်ခံစားချက်ကောင်းနေ၏ ။ သူက သီချင်းတပုဒ်ကို ညည်းကာ နေ့လည်စာစားဖို့သွားလေသည်။

မော့တိ၏ ပျော်ရွှင်နေသာပုံကိုမြင်လိုက်သောအခါ ၊ ကျောက်ချွင်က မနေနိုင်ဘဲ မေးလိုက်သည်။

"ရှောင်တိ ဘာလို့ မင်းအရမ်းပျော်နေရတာလဲ ထီပေါက်လာလို့လား"

"ထီပေါက်လာတာမဟုတ်ပါဘူး အဲထက်ပိုတောင်ကောင်းတဲ့တခုခုဖြစ်လာတာ မင်းတို့‌လိုလူတွေကတော့ နားလည်မှာမဟုတ်ပါဘူး......"

မော့တိက သီချင်းအား ဆက်ညည်းရင်း သူ၏ညနေစာဘူးကိုယူကာထွက်သွားသည်။

" ငါတော့ ရှောင်တိ က ငါတို့ကို ထားခဲ့ပြီး တစ်စုံတစ်ယောက်နဲ့ ချိန်းတွေ့တော့မယ်လို့သံသယရှိတယ်....."

…..

အခြားတစ်ဖက်၌တော့၊ မုထျန်းဟန်က သူ၏ဖုန်းကို ပိတ်ချလိုက်ကာ ကျောကို မှီချလိုက်သည်။ သူ၏မျက်လုံးများအား ပိတ်ချလိုက်ကာ သားရေခုံကြီး၌ အနားယူလိုက်လေသည်။

သူ့အပေါ် ကျရောက်နေသော တုန်လှုပ်ချောက်ချားဖွယ်ရာ ခံစားချက်များကို တွန်းထုတ်လိုက်သည်။

မော့တိသူ့ကိုမချစ်ဘဲ အသုံးချနေရင်တောင် ဘာဖြစ်လဲ....

သူ၏အစီအစဉ်များ၌ သူ့ကို အသုံးချခံအဖြစ် ပြုလုပ်ရန်ဆုံးဖြတ်ထားခဲ့မှတော့ သူသည်လည်း သူ့တစ်ဘ၀လုံးအတွက် အကောင်းအဆုံးကြိုးစားရန် ပြင်ဆင်ထားရမည်။ တစ်ရက်၊ တစ်မိနစ် ဒါမှမဟုတ် တစ်စက္ကန့်လေးပင် မလျော့စေရချေ။

သူ့အနေဖြင့် သူ့အား လွှတ်ပေးမည် မဟုတ်သလို သူ့ကို တွန်းထုတ်ခွင့်လည်း ပေးမည်မဟုတ်ပေ။

ဤလျှိ့ဝှက်ချက်ကို မော့တိမှ သူအား မသိစေချင်ကတည်းက သူ့အနေဖြင့် လျစ်လျူရှုထားမည်ဖြစ်သော်လည်း မော့တိအနေနှင့် သူအား ဘယ်သောအခါမှထားသွားမည့်အကြောင်းကို မတွေးသည်က ပို၍ကောင်းလိမ့်မည်။

သူ့ကို တစ်ကြိမ် နှိုးဆွပြီးနောက်တွင်၊ အဆုံးအထိကပ်နေသည်က ပို၍ကောင်းလေသည်။ သူက သူတော်စင်တစ်ပါးမဟုတ်ပေ။ ထို့နောက် လှည့်စားခံရကြောင်း သိပြီးနောက်တွင်လည်း မော့တိကို သူအားထားခဲ့ခွင့်မပြုနိုင်ပါချေ။

ဘယ်တော့မှပင်....

သူ့အနေနှင့် သူ့ကိုသာ တင်းကျပ်စွာ ချည်နှောင်ထားမည်။

လက်မောင်းအားဖြင့် လက်သီးအား တင်းတင်း ဆုပ်လိုက်ပြီးနောက် ပြန်လွှတ်လိုက်သည်။

ရှင်းရှင်းပြောရလျှင်၊ သူမယုံနိုင်ပေ။

မော့တိ သူ့အပေါ်၌ မည်သည့်ခံစားချက်မျှရှိမနေသည်ကို သူမယုံပေ။

အရာအားလုံးက အစကတည်းက ဟန်ဆောင်ထားတယ်ဆိုပေမယ့် ပြီးရင်ရော...

သူတို့ဆုံတွေ့ချိန်တိုင်း ရှက်ရွံ့နေပြီး အနမ်းခြွေချိန်တိုင်း နားရွက်များ နီရဲလာကာ စကားစမြည်ပြောချိန်တွင် ပါးချိုင့်များပေါ်အောင် ချိုသာစွာပြုံးပြလေ့ရှိသည်။ထိုသို့သောအချိန်များတွင် သူက ဦးဆောင်မှုယူပြီး ရင်ခွင်ထဲပြေးဝင်လာကာ ကိုကိုဟု ချစ်စဖွယ်ကောင်းအောင် ခေါ်လေ့ရှိသည်။

သူ့အနေနှင့် ထိုအရာများအားလုံးက ဟန်ပြသက်သက်ဟူသည်ကို ယုံကြည်ဖို့ ငြင်းဆန်နေမိသည်။

မုထျန်းဟန် သူ့မျက်လုံးများအား ဖွင့်လိုက်သည်။

မုထျန်းဟန်၏ အတွင်းပိုင်း၌ မည်သူ့ကိုမှ ထုတ်မပြဖြစ်သော ခံစားချက် အလွှာလေး ရှိနေသည်။

သူ ယနေ့ည မော့တိကို မေးမည်။ မဟုတ်သေးပေ။ မနက်ဖြန်၌......

သူ့ကို အခုကြိုက်ရဲ့လားဟု မေးမည်။

မော့တိက ကြိုက်သည်ဟု ဖြေလာပါက ထိုအရာမှာ လုံလောက်ပြီပင်။

မော့တိ ပြောသမျှစကားတိုင်းအား သူ ယုံပေးမည် ဖြစ်၏။...

အကယ်၍ လွန်ခဲ့သော နှစ်၀က်ခန့်၌ လူတစ်ယောက်အပေါ်၌ အလုံးစုံကျရှုံးမှုကြောင့် ကိုယ့်ကိုကိုယ် လှည့်‌ဖျားခြင်း အဆင့်သို့ ရောက်ခဲ့ပါသည်ဟု တစ်စုံတစ်ယောက်က ပြောလာလျှင် မဖြစ်နိုင်ကြောင်း အပြည့်အ၀ကို ငြင်းဆိုမိပေလိမ်မ့ည်။

ယခု၌မူ၊ သူ့အနေဖြင့် ' ကိုယ့်နားကို ဖုံးထားပြီး ခေါင်းလောင်းခိုးယူမည့်သူ' ဖြစ်ရန် ဆန္ဒရှိနေသည်။

(TN- 'ခေါင်းလောင်းခိုးနေစဉ် နားကို ဖုံးထားရတယ်' ။
အဓိပ္ပါယ်ကတော့ ကိုယ့်ကိုကိုယ် လှည့်ဖြားပြီး ကိုယ် မတတ်နိုင်တဲ့အရာတွေကို ဖုံးကွယ်ဖို့ ကြိုးစားတယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။)

ပြီးတော့ ထို့သို့ဖြစ်နေလျှင်ပင် ဘာဖြစ်၍လဲ။

သူ ထိုခေါင်းလောင်းအား အပိုင်စားရပြီး သူလက်မောင်းကြား၌ ထာ၀ရသိမ်းထားနိုင်‌သေးသည်။ ထိုအရာနှင့်ပင် သူကျေနပ်နေပြီ ဖြစ်၏။

........


ပြိုင်ပွဲက နောက်ဆုံးအဆင့်ကို နီးကပ်လာပြီဖြစ်၏။ အခြားအဖွဲ့များအတွက်၊ ထုတ်လုပ်မှုအချိန်ဇယားက အလွန်တင်းကျပ်သော်လည်း မော့တိ ၏အဖွဲ့အတွက်မူ ကွဲပြား၍နေသည်။ ချန်ပီယံဆုကို သေချာပေါက် ဆုပ်ကိုင်ထားသောကြောင့် မော့တိအနေဖြင့် သူ၏အသင်းဖော်များအား အပိုအလုပ်များဖြင့် ဖိအားပေးခြင်းမပြုခဲ့ပေ။ လူတိုင်းက ယခင်အချိန်များအတိုင်း အလုပ်ပမာဏ တူညီကြပြီး မော့တိကသူတို့အား အနားယူချိန်ပင် ပေးလိုက်သေးသည်။

ညနေ ခြောက်နာရီသို့ မရောက်မှီတွင် မော့တိက သူ့အလုပ်လုပ်သည့်အရှိန်ကို တိုးမြင့်ကာ တစ်နေ့တာအတွက် သူ့အလုပ်များကို ပြီးမြောက်စေလိုက်သည်။ သူက လျင်မြန်စွာအဝတ်အစားလဲပြီးတဲ့နောက် ချိန်းထားသောနေရာသို့ အမြန်သွားလိုက်၏။

မုထျန်းဟန်က သူ၏ Maybachအားမှီက။ အရှေ့ဘက်ဂိတ်၌ မော့တိအား စောင့်နေ‌သည်။

မော့တိ မီတာတစ်ရာ အဝေး၌ ရှိနေပါစေ။ မုထျန်းဟန်ကတော့ သူ့အား မှတ်မိနေပြီးသားဖြစ်၏။

နေ၀င်နေပြီဖြစ်သော နေရောင်အောက်၌ လူငယ်လေးက ကြည်နူးဖွယ် မျက်နှာထားဖြင့် သူ့ထံသို့ ပြေးလာနေခဲ့သည်။ သူ၏ နက်မှောင်ပျော့ပျောင်းသော ဆံပင်များက လွင့်ပျံသွားကာ သူပြေးလွှားနေချိန် သူ့ပဝါကလည်း အေးစက်စက်လေနှင့်အတူ အနောက်၌ တရွတ်တိုက်ဆွဲငင်ကာ လွင့်နေ၏။

မုထျန်းဟန်၏ နှလုံးသားမှာ ချက်ချင်း ပျော့ပြောင်းသွားရသည်။

သူ့အနေဖြင့် ယင်းက ဟန်ပြသက်သက် ဆိုသည်ကို မယုံပေ။

ဖြစ်ခဲ့မည်ဆိုလျှင်ပင် သူ့အတွက်သာဖြစ်ခွင့်ရှိ၏။


....


"ကို... ကိုကို!.."

မော့တိက ပြင်းပြင်းထန်ထန် အော်လိုက်သည်။ နောက်ဆုံးတွင် မုထျန်းဟန်ထံသို့ ရောက်သွားချိန်တွင် သူက အပြုံးကြီးကြီးဖြင့် ပြုံးပြပြီး သူ့ပါးပြင်တို့ နီရဲလာလျက်-

"ကိုကို၊ စောင့်နေတာကြာပြီလား...."

“မကြာသေးပါဘူး”

မုထျန်းဟန်က ပြုံးလျက်‌ သူ့လက်‌များကို မြှောက်လိုက်ကာ မော့တိ၏ ဆံပင်တို့အား ထိလိုက်၏။

"သွားရအောင် ကားပေါ်အရင်တက်...."

"အင်း!..."

ကားအတွင်း၌ အပူပေးထားပြီးသားဖြစ်ကာ မော့တိ တက်လာပြီးနောက် သူ့ပဝါကို ချွတ်နိုင်သွားသည်။သူက သူ့လက်တို့အား ပွတ်သပ်ပြီး အသက်ရှုသွင်းနေခဲ့သည်။

နောက်တစက္ကန့်တွင်မူ မုထျန်းဟန် ၏ကြီးမားသောလက်တစ်စုံက သူ့ကိုယ်ကို ရစ်ပတ်လာသည်။

"နွေဦးရောက်ခါနီးပြီ"

မုထျန်းဟန်က မော့တိ၏လက်ကို ဆုပ်ကိုင်လိုက်ကာ ထိုလက်ဆီသို့ အနွေးဓာတ်လေးများကူးပြောင်းပေးနေခဲ့သည်။

“နောက်တစ်လလောက်ပဲ သည်းခံလိုက်ပါ.....”

“အင်း.... အရင်ကထက် ပို‌နွေးလာပါပြီ... ”

မော့တိက မုထျန်းဟန်၏ ဂရုစိုက်မှုကို ခံစားခဲ့ရပြီး သူ့နှလုံးသားလေးမှာ ချိုမြိန်မှုများဖြင့် ပြည့်နှက်နေသလို ခံစားလိုက်ရ၏။

" ကျွန်တော်တို့ ဘယ်သွားမလို့လဲ..."

“ကိုယ်တို့ ဒီနေ့ အိမ်ပြန်မယ်.... ကိုယ်မင်းအတွက် ဟင်းချက်ပေးမယ်.... ဘယ်လိုလဲ..."

"ဒါပေါ့ အရမ်းကောင်းတယ်!...."

မော့တိက ဝမ်းသာအားရဖြင့်-

"ကိုကို၊ ကျွန်တော်တို့ အသားကင် ထပ်စားကြမှာလား..."

"ကိုယ်တို့ဒီနေ့လုပ်မယ့်အထဲမှာ စတိတ်ခ်မပါဘူး... ကိုယ်မင်းကို ကိုယ့်ရဲ့အထူးဟင်းပွဲတစ်ခု လုပ်ပေးမယ်..."

မုထျန်းဟန်က မော့တိ၏ မျက်နှာကို ပေါ့ပေါ့ပါးပါး ကိုင်လိုက်ကာ-

"မင်း စိတ်လှုပ်ရှားနေပြီလား..."

"အရမ်းပဲ!"

မော့တိ၏ မျက်လုံးတို့မှာ ကလေးငယ်များအတိုင်း တောက်ပနေကာ စိတ်အားထက်သန်စွာဖြင့် ပြန်ပြောသည်။

မုထျန်းဟန်က ပြုံးလျက် သူလက်အား ရွေ့လိုက်ကာ မော့တိ၏ခေါင်းကို ပွတ်သပ်လိုက်သည်။

“ကောင်းပြီ...မင်းရဲ့ထိုင်ခုံခါးပတ်ကို ပတ်ထား.... ကိုယ်တို့အိမ်ပြန်ကြမယ်..."

....

အလုပ်ဆင်းချိန် ယာဥ်ကြောကြပ်တော့ ဘယ်လောက်တောင် အလုပ်များလိုက်လဲ။

အဲဒါက ရိုးရိုးရှင်းရှင်း ဖြတ်သန်းလို့မရနိုင်ဘူး။

နှစ်ယောက်သား ဗီလာကိုရောက်သောအခါ၌ ခုနစ်နာရီထိုးနေပြီဖြစ်၏။

ထို့နောက် မုထျန်းဟန်က ရှစ်နာရီခွဲ၌ ချက်ပြုတ်ပြီးစီးခဲ့သည်။

ယခုအချိန်တွင် မုထျန်းဟန်က တရုတ်အစားအစာများကို ပြုလုပ်ခဲ့ပြီး ထိုအရာများအားလုံးမှာ မော့တိအကြိုက်ဆုံးများသာဖြစ်သည်။ သူက သူ့အတွက် အထူးသင်ယူခဲ့ကြောင်း တစ်ခါတည်းနှင့်ပင် ပြောနိုင်သည်။

စုစုပေါင်း ဟင်းငါးမျိုးရှိနေသည်။ ခရမ်းချဉ်သီးကြက်သွန်ဖြူချက်၊ပုဇွန်ကြော်၊ ငါးခေါင်းငရုတ်ကောင်း၊ ကြက်သား သစ်အယ်သီးကြော် ၊ နံရိုးချိုချဥ် ၊ ဂုံးအာလူးရေညှိဟင်းချိုတို့အားလုံး တစ်ခုချင်းစီတိုင်ကို မုထျန်းဟန်ကိုယ်တိုင် စိတ်ကြိုက်ပြင်ဆင်ခဲ့ခြင်းပင်။

ထိုအရာများအနက် ဟင်းချိုမှလွဲ၍ ကျန်အရာအားလုံးမှာ အယ်လ်ကိုဟောပါ၀င်သည် ။

ဝိုင်က အချို့သော ဟင်းပွဲများ၏ အရသာကို မြှင့်တင်ပေးနိုင်ကြောင်းကို သိသော်လည်း မော့တိမှာ သူမသောက်နိုင်သောကြောင့် ထိုအရာနှင့် ချက်ပြုတ်ရန် တစ်ခါမျှ မကြိုးစားခဲ့ပေ။ မုထျန်းဟန်က စိတ်ကြိုက်ပြင်ဆင်မှုများပြုလုပ်ကာ အရသာရှိသောဟင်းလျာများ ဖန်တီးနေသည်ကိုမြင်လျှင် မော့တိမှာ မမျှော်မှန်းထားဘဲ သူ့တံတွေးကိုမျိုချလိုက်သည်။

ဝိုင်ကို ဟင်းခတ်အမွှေးအကြိုင်အဖြစ် စားသုံးလိုက်မည် ဆိုပါလျှင်…

သူမူးသွားမည် မဟုတ်လား။

မုထျန်းဟန်က မော့တိ၏ အတွေးကိုမြင်ပြီးနောက်၌ စိုးရိမ်သွားကာ မေးလာသည်။

"မင်းမူးသွားမှာစိုးရိမ်လို့လား.."

"အင်း... ဒါ​ပေမယ့်​ ဟင်းချက်​ပြီးသားမို့ အရမ်းမမူးလောက်ပါဘူး.."

မော့တိ မုထျန်းဟန်နှင့် နီးကပ်လာသည်နှင့်အမျှ မွှေးရနံ့ ပြင်းထန်လာသောကြောင့် အနည်းမူးဝေသွားသလိုခံစားလိုက်ရသည်။

“ဒါတွေက အနံ့ ကောင်းတယ်...”

မုထျန်းဟန်က မော့တိအား အစာမကျွေးမီ ကြက်သားတစ်ပိုင်းကို ကောက်ဖဲ့ ယူလိုက်ကာ မှုတ်ပေးလိုက်သည်။

"မြည်းကြည့်မလား?.."

မော့တိက ပါးစပ်ကို ကျယ်ကျယ်ဖွင့်ထားလိုက်ကာ တစ်ကိုက်တည်းဖြင့် တစ်တုံးလုံးကိုကိုက်ချလိုက်တယ်။ ချက်ချင်းပင် သူ့မျက်လုံးများ မြင့်တက်သွားကာ-

"ကိုကို ဒါကအရသာရှိလိုက်တာ!..."

“ဒါ‌တွေက တကယ်လို့အရသာရှိရင် များများစား‌နော်...”

မုထျန်းဟန်က ပြုံးလျက် မော့တိ၏ ပါးပြင်လေးကို ဖြစ်ညစ်လိုက်သည်။

"မင်း ဒါတွေ အကုန်စားရင်တောင် မင်း မူးနေမှာ မဟုတ်ဘူး... ပြီးတော့ တကယ်လို့မူးခဲ့မယ်ဆိုရင်တောင်..မင်းရဲ့ မူးပြီး ဖြစ်လာမယ့် ရူးသွပ်တဲ့ကိစ္စတွေကို ကိုယ်ကဂရုစိုက်ပါ့မယ်...."

မော့တိ ခေါင်းခါလာသည်။

“ကျွန်တော် မူးလာတဲ့အခါဖြစ်တဲ့ အကျင့်ကပြင်မရဘူး....ကျွန်တော့် ဦးနှောက်က ရှုပ်ကုန်ပြီး ကျွန်တော်က ဘယ်သူမဆို မေးသမျှကို ဖြေပေးနေမိတာ... အဲဒါကြောင့်ပဲ အရက်သောက်တာကို ရှောင်‌နေရတာ ဘာလို့ဆို အဲဒါကြောင့်နဲ့ လျှို့ဝှက်ချက်ထားရခက်လို့ပါ...”

"အိုး? ဒါဆို မင်းကိုယ်ဆီကနေ ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်တွေ ရှိနေတယ်ပေါ့...."

မုထျန်းဟန်က ပြုံးကာ ခေါင်းငုံ့လိုက်၏။ သူသည် မော့တိအားကြည့်ကာ မေးလာသည်။

“ကိုယ်ကို အခုပြောနော် ဒါမှမဟုတ်ရင် မင်းကိုနောက်မှ ဝန်ခံခိုင်းရလိမ့်မယ်....”

မော့တိက တခစ်ခစ်ရယ်သည်။

" ကိုကို ကျွန်တော့်ကို တိုက်ရိုက်မေးလို့ရတယ်...ကိုကိုဆီကနေ ဘာမှဖုံးကွယ်ထားမှာမဟုတ်ဘူး...."

ပြန်လည်မွေးဖွားခြင်းဖြစ်စဉ်ကလွဲပြီး......

ပြီးတော့ သူ့ကို လိမ်ညာခဲ့မိတဲ့ အမှန်တရားက လွဲပြီး......

အမှန်တော့…

မော့တိအနေဖြင့် နောင်တစ်ချိန်တွင် သူ၏ပြန်လည်မွေးဖွားမှုအကြောင်း မုထျန်းဟန်ကို ပြောပြသင့်သလားဟု တွေးနေခဲ့ဖူးသည်။

မုထျန်းဟန်က ပြုံးလျက်-

"ဒါဆို ကိုယ်မင်းကို ယုံ‌ပေးလိုက်ပါ့မယ်နော်....."

မော့တိ သူခေါင်းကို မော့လိုက်သည်။

"ဆက်လုပ်လေ..."

“ကောင်းပြီ…ဒါတွေကို စားပွဲပေါ်ကို အရင်ယူသွားလိုက်....”

မုထျန်းဟန်က မော့တိ၏ ခေါင်းကို ပုတ်လိုက်ကာ-

"ကိုယ် နောက်ဆုံး ဟင်းပွဲကို အပြီးသတ်ခါနီးပြီ...."

....

နှစ်ယောက်သား စား‌သောက်ပြီးသွားသည့်နောက်မှာ သူတို့တွေ ညဆယ်နာရီထိုးခါနီးအထိစကားစမြည်ပြောကြသည်။

အဆုံးတွင် မော့တိမှာ အနည်းငယ် မူးဝေ လာသည်။

မုထျန်းဟန်က မော့တိ၏ မူးနေသော အနေအထားကို ကြည့်လိုက်ကာ သူ့အား သူလက်မောင်းတွေကြား ဖက်ထားလိုက်၏။

"မင်း မူးနေလား ဒါမှမဟုတ်အိပ်ငိုက်နေတာလား"

မော့တိက မုထျန်းဟန်၏ ရင်ခွင်ထဲသို့ မှီပြီးသား ဖြစ်သွား၏။ သူ မော့ကြည့်လိုက်ကာ သူ့အား ချိုမြိန်သော အပြုံးလေး ပေးလာသည်။

"ကျွန်တော် မမူးပါဘူး....ပြီးတော့ ကျွန်တော်လည်း အိပ်လည်းမအိပ်ချင်နေဘူး...."

မုထျန်းဟန်က မော့တိ အမှန်အကန်ကို မူးနေပြီဆိုသည်ကို သိလိုက်သည်။

သို့သော်လည်း ထို့သို့ဖြစ်စေရန် သူပဲ အစီအစဉ်ဆွဲခဲ့ခြင်းဖြစ်သည် ။ သူက ဘာမှမပြောဘဲ မော့တိအား ပွေ့လိုက်၏။ သူက မော့တိကို သူ့ပေါင်ပေါ်၌ ထိုင်ခိုင်းလိုက်ကာ စတင်ပြီး နမ်းတော့သည်။

မော့တိ မှင်သက်သွားပြီး သူ့တစ်ကိုယ်လုံး အပူများ မြှင့်တက်လာသည်။။ သူက မုထျန်းဟန်၏လည်ပင်းကိုပွေ့ဖက်ကာ တုန့်ပြန့်အနမ်းများပေးနေခဲ့ပြီး သူ့အနမ်းများကြားတွင် 'ကိုကို' ဟု တိုးတိုးလေး ခေါ်နေခဲ့သည်။

ထိုသေးငယ်သော အသံလေး၌ နူးညံမှုနှင့် ချွဲပျစ်မှုများပါ၀င်နေသော စကားလုံးအား ဆွဲထုတ်နေသည်။ ထိုစကားလုံးများ၌ ယုံကြည်မှုနှင့် ချစ်ခင်မှုကို အပြည့်အ၀ ထုတ်ဖော်ပြ၍နေသည်။ ‌မုထျန်းဟန် နားထောင်ပြီးနောက် သူ့နှလုံးသားမှာ အရည်ပျော်ကျသွားရသည်။

သူ့အနေဖြင့် မော့တိက ထို့သို့‌သော အချိန်များအထိ အယောင်ဆောင်နေခြင်းသက်သက်ဆိုသည်အား မယုံကြည်ပေ။ အနည်းဆုံးတော့ ထိုအခိုက်အတန့်များ၌ မော့တိက သူ့အတွက် ခံစားချက်တွေ ရှိနေသည်ဟု ခံစားရ၏။

လူတိုင်းနီးပါးက အရက်မူးနေချိန်၌ သူတို့၏ တကယ့်အစစ်အမှန်ပုံစံ ကိုပြတက်ကြသည်။ မော့တိသည်လည်း...

သေချာပေါက် မူးနေလေပြီ။

မုထျန်းဟန်က ညင်သာမှုများနှင့် မော့တိ၏ နဖူး..ထိုမှတစ်ဆင့် သူ၏ မျက်လုံး...နှာခေါင်းထိပ်ဖျားနှင့် နှုတ်ခမ်းတို့အား နမ်းလိုက်သည်။

"ကလေးလေး မင်းမူးနေပြီလား၊ ကိုယ်ဘယ်သူလဲဆိုတာကိုရော မင်းသိလား"

“ကိုကို…”

မော့တိက အာရုံစူးစိုက်ရန် ရုန်းကန်နေရကာ ထပ်မံ၍ ရှုပ်ထွေးမသွားမှီ တစ်ခဏတွင် သူ့မျက်လုံးတို့မှာ ကြည်လင်နေလေ၏ ။ ထို့နောက် သူက ခေါင်းကို ရွေ့လိုက်ပြီး မုထျန်းဟန်၏မျက်နှာအား ငုံကြည့်လိုက်သည်။

"မင်းသေချာလား"

မုထျန်းဟန် မော့တိအားအလွန်နူးညံ့နေသည့်တိုင် မြင့်တက်လာသောပိုင်ဆိုင်လိုစိတ်များကိုတော့ ဖိနှိပ်ထားရပြီး မော့တိရှေ့၌ ဘယ်တော့မှ ထုတ်ပြမည်မဟုတ်ပေ။

“ဒါ‌ပေါ့...ကျွန်တော်သေချာတယ်.... ဒါက ကိုကို၊ ကျွန်တော် သဘောအကျဆုံးလူ”

မော့တိက ကြို့ထိုးသွားသည်။ သူက မုထျန်းဟန်၏ လည်ပင်းကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်ကာ ဆက်ပြောလာ၏။

“ကိုကို ဟားဟား ကိုကိုက မူးနေပြီ…”

"ကိုယ်မမူးဘူး ဒါပေမယ့် မင်းတော့မူးနေပြီ....ကိုယ်မင်းကို အိပ်ရာဆီ ခေါ်သွား ပေးမယ်"

မုထျန်းဟန်က မော့တိအား စူးစူးစိုက်စိုက်ကြည့်ရင်း သူ၏ အားကောင်းသည့်လက်မောင်းများက သူ့ခါးကိုကိုင်လိုက်ကာ ဖြေးညင်းစွာ အိပ်ခန်းထဲသို့ သယ်သွားခဲ့သည်။

သူက မော့တိအပေါ်၌ အနမ်းပင်လေးများကို ဆက်လက် စိုက်ပျိုးနေသည်။ သူ၏ နှုတ်ခမ်းမှစ၍ တဖြည်းဖြည်းအောက်ဘက်သို့ဆင်းလာကာ သူ၏ လည်ပင်း၊ ညှပ်ရိုး၊ ရင်ဘတ်၊ ခါးအထိ.....

ထို့နောက် အနမ်းများကြားထဲမှ မုထျန်းဟန်က ထပ်ခါတလဲလဲ မေးနေခဲ့သည်။

"မင်းကိုယ့်ကိုကြိုက်လား"

" ကျွန်တော် ကိုကို့ကို ကြိုက်တယ်”

မော့တိက သဘာဝကျကျ ပြန်ဖြေသည်။

"မင်းကို ဘယ်သူနမ်းနေတာလဲဆိုတာ သိလား"

“ ကိုကိုလေ…”

မော့တိက မုထျန်းဟန်၏ မေးခွန်းကြောင့် ပဟေဠိဖြစ်သွားသည်။ သူက ခေါင်းကို ငုံ့ကာ သူအား ကြောင်တက်တက်ဖြင့် ကြည့်ကာ နှာခေါင်းကို ကိုက်လိုက်ပြီး ပြောလာသည်။

“ဟား ဟား ကိုကို.... ကိုကို မူးနေပြီမလား”

မုထျန်းဟန် သူ့၏လက်များအား ဆုပ်ကိုင်ထားပြီး ဆက်မေးလာသည်။

“ကိုယ်က အခု မင်း အကြိုက်ဆုံးသူ ဟုတ်တယ်မလား..."

“‌ဒါပေါ့… အခုကော ၊ အရင်တုန်းကကော၊ အနာဂတ်မှာကော ကိုကိုက ကျွန်တော် အကြိုက်ဆုံးလူပဲ…”

"ဘယ်သူက မင်းအတွက် အရေးကြီးဆုံးလဲ"

"ကိုကို....ကိုကိုက အရေးကြီးဆုံးပဲ…”

"မင်းကိုယ်ဆီက အနမ်းခံရတာကိုကြိုက်လား..."

"ကြိုက်တယ်! အများကြီးကြိုက်တယ်…"

မော့တိက မုထျန်းဟန် ၏မေးခွန်းအားလုံးကို သူ၏ ဗိုက်များကို မနမ်းခင်အထိ နာခံစွာနှင့်ပြန်ဖြေနေခဲ့သည်။သူ၏အဖြေစကားများက နောက်ဆုံးတွင် နူးညံ့သော ညည်းညူသံများနှင့် တောင်းပန်သံများ အဖြစ်သို့ ပြောင်းလဲသွားသည်။

ထို့နောက် အဆုံးတွင် သူ၏ နောက်ဆုံးစကားမှာ မုထျန်းဟန်ကို ခေါ်လိုက်သော 'ကိုကို' ဟုပင်ဖြစ်ချေတော့သည်။


(E/N: ဒီအခန်းကို အဆုံးသတ်ဖို့ ဘယ်လောက် ပြည့်စုံတဲ့ နည်းလမ်းလေးလဲ ဟီးဟီး/)


Xxxxxx