Chapter 143
စုန့်ယွီ ပြုံးလျက် ပြောလာခဲ့သည်။
" တကယ်တော့ဘာမှမဟုတ်ပါဘူး…သူတို့က မင်းပျောက်နေတဲ့ဖုန်းကိုတွေ့သွားကြပြီးတော့…အထဲမှာ အရူးတစ်ယောက်လိုရေးထားတဲ့အချစ်ဒိုင်ယာရီကလွဲရင် ဘာမှကို မတွေ့ခဲ့ကြတာ… အဲ့ဒါက အဓိပ္ပါယ်မရှိတာနဲ့ ငါလည်း လိုင်သယ်စစ်ကို အဓိပ္ပါယ်မရှိတဲ့ကောလဟာလတွေ မဖြန့်ဖို့ပြောပြီး မင်းအတွက် သင်ခန်းစာတစ်ခုပေးလိုက်တာပဲ…"
" ဦးလေးဆီက သင်ခန်းစာပေးခံရတာ သူ့အတွက်အပြစ်ပေးတာမဖြစ်နေဘူးနော်…သူကပျော်တောင်ပျော်နေဦးမှာ…"
မော့တိစနောက်နေသည်ကို သိသော်လည်း စုန့်ယွီအနည်းငယ်ရှက်နေမိသည်။ သူချောင်းအနည်းငယ်ဟန့်လိုက်ကာ
" မင်းအဆင်ပြေတယ်ဆိုတော့လည်း ငါဖုန်းချလိုက်တော့မယ်…ကြည့်စရာလူနာတွေလည်းရှိနေသေးတော့လေ.. အားတဲ့တစ်နေ့မှပဲ နေ့လယ်စာစားရင်း စကားပြောကြတာပေါ့…"
" ကောင်းပါပြီ…"
မော့တိ ပြန်ဖြေလိုက်သည်။
" လာမဲ့ရက်အတွင်း ငါ့မှာ အားလပ်ရက်ရလာလိမ့်မယ်…အဲ့ကြဖုန်းထပ်ခေါ်လိုက်တာပေါ့…"
စုန့်ယွီ ဖုန်းမချခင် ပြောလိုက်သည်။
ဖုန်းမှ ဘိဟူသောအသံသာကျန်ရစ်ခဲ့သည့်အချိန်တွင် မော့တိ၏အပြုံးမှာ တဖြည်းဖြည်းပျောက်ကွယ်သွားခဲ့သည်။ သူ၏နာမည်စာရင်းကိုဖွင့်ကာ လိုင်သယ်စစ်၏နာမည်ဆီသို့ ဝင်လိုက်သော်လည်း မုထျန်းဟန်၏ခြေသံ သူ၏နားထဲသို့ရောက်လာသည်အထိ အချိန်အတန်ကြာကြည့်နေမိသည်။ ထို့နောက် ချက်ချင်းဆိုသလို ဖုန်းကိုပိတ်ကာ ကုတင်ဘေးမှ စားပွဲပေါ်သို့ပြန်ချထားလိုက်သည်။
" ကိုယ်ဝက်ပေါင်ခြောက်မွှထားတာနဲ့ ရေညှိုတချို့ရောထည့်လာတော့ လိုက်လား မလိုက်လားတော့ ကိုယ်မသိဘူးနော်… မင်းပဲအကဲဖြတ်ပေးတော့…"
မုထျန်းဟန် ပန်းကန်လုံးနှင့် ခွက်ကိုကိုင်လျက် အခန်းထဲသို့ဝင်လာပြီးနောက် ချစ်မြတ်နိုးစွာဖြင့် ကြည့်ကာ ပြောလိုက်သည်။
" အနံ့လေးကောင်းတယ်ဆိုတော့ အရသာရှိမှာသေချာပါတယ်…"
မော့တိ ယခုအချိန်တွင် သူမည်သို့ခံစားနေရသည်ကို မသိသော်လည်း သူ၏ခံစားချက်များကို ဖုံးကွယ်လိုက်ကာ ချိုမြိန်စွာပြုံးလျက် ထရပ်လိုက်ပြီး မုထျန်းဟန်ထံသို့ လက်ကိုဆန့်ပေးလိုက်သည် ။
" ကိုကို ကျွန်တော့်ကိုဖက်ပါ…"
" ဘာလို့ ရုတ်တရက်ကြီး ချွဲလာရတာလဲကွာ…"
မုထျန်းဟန် ပြောသာပြောနေသော်လည်း အလျင်အမြန် ပျားရည်နှင့်ဆန်ပြုတ်ခွက်ကို စားပွဲပေါ်တင်လိုက်ကာ မော့တိကို ပွေ့ဖက်လိုက်ပြီး သူ၏နှုတ်ခမ်းနှင့်နဖူးပြင်ကို နမ်းလိုက်လေသည်။
" ဒါပေမယ့် မင်းပိုချွဲလေလေ ကိုကိုကပိုပျော်လေလေပဲ…"
မော့တိ ခေါင်းကို မုထျန်းဟန်၏ရင်ဘတ်အတွင်း နှစ်မြုပ်ကာ တိတ်တဆိတ်သာနေခဲ့သည်။
တစ်စုံတစ်ရာမှားယွင်းနေသည်ဟု မခံစားမိသဖြင့် မုထျန်းဟန် မော့တိ၏မျက်နှာကို တို့ထိလိုက်ကာ ပြောလာခဲ့သည် ။
" မင်းရဲ့လည်ချောင်းနဲ့အစာအိမ်ကို သက်သာသွားအောင် ပျားရည်လေးသောက်လိုက်ပါဦး…"
" ဟုတ်ကဲ့…"
မော့တိ ထူးထူးခြားခြားသဲလွန်စတစ်ခုကိုမျှ မပေါ်စေဘဲ မုထျန်းဟန်ကို ကြည့်လိုက်သည်။ သူ၏မျက်လုံးများထဲတွင် မုထျန်းဟန်ကို ကြည့်နေရင်းမှ အလင်းများတောက်ပလာကာ
" ကိုကိုကော စားပြီးပြီလား…"
" ကိုယ်မနေ့ကကျန်တာတွေစားလိုက်တယ်…"
မုထျန်းဟန် ပျားရည်ဖျော်လာသည့်ခွက်ကိုပေးလာသဖြင့် မော့တိနာခံစွာဖြင့် သောက်လိုက်သော်လည်း သူ၏မျက်လုံးများမှာမူ မုထျန်းဟန်ထံတွင်သာ ရှိနေခဲ့သည်။
မုထျန်းဟန်၏ မျက်လုံးထဲတွင်မူ မော့တိမှာ အစာစားနေစဉ် သူ၏ပတ်ဝန်းကျင်ကိုစစ်ဆေးနေသောအကောင်ငယ်လေးသဖွယ် ဖြစ်နေသဖြင့် မုထျန်းဟန်ပြုံးကာ မေးလိုက်သည်။
" ဘာဖြစ်လို့လဲ.. ကိုယ့်မျက်နှာမှာ တစ်ခုခုပေနေလို့လား…"
" မဟုတ်ပါဘူး.. ကိုကိုကအရမ်းကြည့်ကောင်းပါတယ်…"
" ကိုယ်ကကြည့်ကောင်းတယ်လား…"
မုထျန်းဟန် မော့တိ၏ခေါင်းကို မြတ်မြတ်နိုးနိုးဖြင့် ပွတ်သပ်လိုက်ကာ
" ကိုကိုက မင်းလောက်တော့ကြည့်မကောင်းပါဘူးနော်… အမြန်သောက်လိုက် မဟုတ်ရင်အေးကုန်လိမ့်မယ်…"
" အွန်းး…"မော့တိ သောက်ချလိုက်ပြီးနောက် မုထျန်းဟန်ခြုံပေးထားသည့်စောင်ကို ဖယ်ကာဘေးတွင် ထိုင်လိုက်သည်။
ထို့နောက် မုထျန်းဟန်မှ ဆန်ပြုတ်တစ်ဇွန်းခပ်ကာ မှုတ်ပေးလိုက်ပြီး မော့တိကို ကျွေးလိုက်သည် ။
" မြည်းကြည့်ပါဦး…"
သိသိသာသာပင် သူတို့ထို့ထက်ပိုသောလှုပ်ရှားမှုများကို လုပ်ဆောင်ခဲ့ကြသည့်တိုင် သူအဘယ်ကြောင့် ထိုမျှလေးနှင့် ရှက်သွေးဖြန်းသွားရသည်ကို မော့တိမသိတော့ချေ။
" ကိုကို ကျွန်တော် ကိုယ့်ဘာသာစားလို့ရပါတယ်…"
" ဒါပေမယ့် ကိုကိုကတော့ မင်းကို ဒီနေ့ဘာမှမလုပ်စေချင်ဘူး…မင်းကမနေ့ညကအများကြီးပင်ပန်းခဲ့ရတာလေ ကိုယ်ကဒီနေ့စောင့်ရှောက်ပေးရမှာပေါ့…"
"!!!!!"
မုထျန်းဟန်၏စကားမှာ သူ၏ခေါင်းထဲတွင် မြည်ဟီးသွားခဲ့သည် ။ မော့တိ၏ခေါင်းမှာ ခရမ်းချဉ်သီးကဲ့သို့ပင် ဖြစ်နေကာ သူ၏ပါးစပ်မှာ ပွင့်ဟနေခဲ့သည်။
သူ၏မုထျန်းဟန်မှာ..အဘယ့်ကြောင့် .. အဘယ့်ကြောင့် ထိုသို့ပြောင်းလဲသွားရသည်နည်း။ သူ့ကိုကို၏စကားများမှ ယခင်အချိန်တုန်းက အလွန်ယဉ်ကျေးသိမ်မွေ့ခဲ့သည်လေ။
တကယ်တမ်းမှာတော့ မော့တိ မုထျန်းဟန်ပြောလာချိန်တွင် နှမြောတသဖြစ်နေခဲ့သည်။ မုထျန်းဟန်၏ပြောင်းလဲမှုမှာ တစ်စုံတစ်ရာသာအနည်းငယ်ပြောင်းလဲသွားသည်ဟု ခေါ်ဆိုရမည့်အစား သားရဲသဖွယ်အသွင်ပြောင်းသွားသည်ဟု ခေါ်ဆိုရမည်ပင်။
မုထျန်းဟန် အချိန်ယူကာ မော့တိကို ခွံ့ကျွေးလိုက်ပြီးနောက် နောက်ဆုံးအလုတ်တွင် သူ၏နှုတ်ခမ်းများကို နမ်းပစ်လိုက်သည်။
" နည်းနည်းနားလိုက်ဦးနော်.. ကိုကို ပန်းကန်တွေဆေးပြီးရင် မင်းကိုအဖော်လာလုပ်ပေးမယ် ဟုတ်ပြီလား…"
မော့တိ သူအဆင်ပြေသည်ဟုပြောကာ မုထျန်းဟန်၏အိမ်အလုပ်များကို ကူပေးလိုက်ချင်သော်လည်း သူ လိုင်သယ်စစ်နှင့်သီးသန့်ပြောစရာရှိနေသဖြင့် ခေါင်းငြိမ့်ကာ သဘောသာတူလိုက်သည်။
" ကောင်းပါပြီ… ကျွန်တော်ကိုကို့ကိုစောင့်နေမယ်…"
" လိမ္မာတဲ့ကောင်လေး.."
မုထျန်းဟန် မော့တိ၏ပါးများကို အသာအယာညှစ်လိုက်ပြီးနောက် ဆေးရန်ရှိသောပန်းကန်များနှင့် ထွက်ခွာသွားလေသည်။
မော့တိ အလျင်အမြန် အိပ်ရာမှထကာ ဖုန်းကိုကောက်ယူလိုက်ပြီး သန့်စင်ခန်းသို့သွား၍ အိမ်သာပေါ်တွင် ထိုင်ချလိုက်သည်။
သူ၏ဖုန်းကိုဖွင့်လိုက်သည်နှင့် သတင်းနှစ်ခုတွေ့လိုက်ရသည်။
[ သတင်းကောင်းပဲ…ဉာဏ်ကြီးရှင်တစ်ယောက်ဖြစ်တဲ့ အာရုံကြောဇီဝဗေဒပညာရှင်မော့အာ့ချမ်က ဟွာရှားကိုပြန်လာပြီး ကျင်းသာ့မှာစာသင်မယ်တဲ့…အဲ့ဒီဌာနကကျောင်းသားတွေကတော့ ကောင်းချီးပေးခံရတာပဲဟေ့.. ပိုပြီးသိချင်ရင်…]
[ ယနေ့သတင်း : မော့ရှစ်ဟုန်က ကောလိပ်ဝင်စာမေးပွဲလိမ်လည်မှုကိစ္စအတွက် ထောင်ကျသွားပြီးတော့ ကျင်းသာ့ကျောင်းသားအပေါ် ဆာလဖျူရစ်အက်ဆစ်နဲ့ပက်မှုအတွက် နောက်ကွယ်ကလက်မဲကြီးဖြစ်တဲ့ မော့စန်းကျစ်ကတော့ ဒီနေ့လွှတ်ပေးမယ်တဲ့… သူတို့နှစ်ယောက်လုံးက ဉာဏ်ကြီးရှင် မော့အာ့ချမ်နဲ့အမျိုးတော်ပြီးတော့ တစ်ယောက်ကသူ့ဦးလေးဖြစ်ပြီး တစ်ယောက်က သူ့ရဲ့အမွှာညီအစ်ကိုပဲ.. အသေးစိတ်သိရှိရန်…]
သတင်းနှစ်ခုလုံးမှာ မော့မိသားစု၏အကြောင်းသာဖြစ်ကြသည်။ သူ၏ဖခင်ဖြစ်သူနှင့် မော့စန်းကျစ်တို့ထောင်မှ လွတ်ကြတော့မည်မှာ အမှန်တကယ်ပင် ပျော်ရွှယ်ရာဖြစ်ပေသည်။
မော့အာ့ချမ်၏ဟွာရှားသို့ ပြန်လာခြင်းသည်လည်း ကောင်းပေမည်။ အဘယ့်ကြောင့်ဆိုသော် သူ၏ယခင်ဘဝတွင် ထိုသို့မဖြစ်ပျက်ဖူးခဲ့ခြင်းကြောင့်ပင်။ မော့အာ့ချမ်မှာ အစိုးရ၏ပရောဂျက်များတွင် ပါဝင်ရန်ငြင်းပယ်ခဲ့သော်လည်း အဝေးရောက်ပါမောက္ခတစ်ဦးအဖြစ် ရှ်ိနေပေးခဲ့သည်။ ယခုဘဝတွင်မူ သူသည်တကယ်ပင် ဟွာရှားသို့ ပြန်လာခဲ့လေသည်။
သို့သော်လည်း ကိစ္စများဖြစ်ပျက်လာသည်ကို ပြန်လည်တွေးတောမိချိန်၌ ၎င်းမှာအတော်လေး ကျိုးကြောင်းသင့်လျော်ပေသည်။
မော့မိသားစုမှာ ကျဆင်းလာပြီး ယခင်အခါက ဟွာရှား၏ထိပ်တန်းဖြစ်ခဲ့သောမိသားစုမှာ ယခုအချိန်၌ လျင်မြန်စွာ ယိုယွင်းလာခဲ့လေသည်။ မိသားစုဝင်များမှာ တစ်ဦးချင်းစီ ထောင်သို့အပို့ခံနေရပြီး ထို့ထက်အရေးကြီးဆုံးမှာ မော့အာ့ချမ်၏အဖိုးတန်ညီမငယ်လေးမှာ ယခုအချိန်တွင် သူ၏အကူအညီကို လိုအပ်နေသည်လေ။
ထို့ကြောင့် မော့အာ့ချမ်ပြန်ရောက်လာခြင်းမှာ အဓိပ္ပါယ်ရှိသည်။
မည်သို့ပင်ဖြစ်စေ ဤသည်မှာ မော့မိသားစုတစ်ခုလုံးနီးပါး ဆုံစည်းကြမှုဟု ဆိုနိုင်ပေမည်။ ထောင်ထဲတွင်ရှိနှင့်နေပြီးဖြစ်သော မော့စစ်လန်မှလွဲ၍ လူတိုင်းနီးပါးစုမိကြပြီဖြစ်လေသည်။
မော့တိစတင်၍ ထိတ်လန့်ကြောက်ရွံ့သောခံစားချက်မျိုးကို ခံစားလာရကာ သူ၏ကြိုတင်သိဉာဏ်မှ ဆိုးရွားသည့်အရာကို အသိပေးနေခဲ့သည်။
တစ်ချို့သောအကြောင်းပြချက်များကြောင့်ပင် သူမ၏အဓိကထောက်ပံ့သူများစုစည်းမိကြကာ ဤကမ္ဘာကို မူလလမ်းကြောင်းပေါ်သို့ တင်ပေးကြတော့မည်ဟု သူခံစားလိုက်ရသည်။ မော့လျှိုကွေ့မှာ ဘုရားသခင်သဖွယ်ဖြစ်နေကာ သူမ၏ပို၍သန်မာသောထောက်ပံ့သူများဖြစ်သည့် မော့မိသားစုနှင့် ချင်ချန်းယီတို့က ရောင်ဝါပြန်လည်ရရှိရာတွင် ပို၍ပင်လွယ်ကူစေရန်လုပ်ဆောင်ပေးနေကြကာ ကမ္ဘာကြီးကို မူလကံကြမ္မာလမ်းကြောင်းအတိုင်းပြောင်းလဲကြမည်ဖြစ်သည်။
၎င်းမှာ သူယခင်ဘဝတွင်ခံစားခဲ့ရသောဘဝပင်ဖြစ်သည်။
မော့တိ ယခုပင်ထွက်ပေါ်လာသည့် ထိတ်လန့်နေမှုများကို ဖိနှိပ်ရန်သက်ပြင်းတစ်ချက်ချလိုက်ရသည်။
မော့တိ သတင်းများဖတ်ကာ ကောက်ချက်ချနေစဉ် မုထျန်းဟန် အခန်းထဲသို့ပြန်ရောက်လာခဲ့သည်။
မော့တိ ကုတင်ပေါ်တွင်မရှိတော့သည်ကို မြင်လိုက်ရသဖြင့် မုထျန်းဟန် ပတ်ရှာလိုက်ရာ မော့တိမှာ သန့်စင်ခန်းထဲတွင် လက်များဆေးနေသည်ကို မြင်လိုက်ရသည်။
" ဘာလို့ကုတင်ပေါ်ကထသွားတာလဲ.."
မုထျန်းဟန်၏လက်ထဲတွင် နောက်ထပ်ပျားရည်တစ်ခွက်ရှိနေကာ
" လည်ချောင်းကနာနေသေးလား…"
" မနာတော့ပါဘူး…"
မော့တိ ဘုံပိုင်ခေါင်းကိုပိတ်ကာ လက်များကိုသုတ်လိုက်ပြီးနောက် မုထျန်းဟန်ဘက်သို့ လှည့်ကြည့်လာခဲ့သည်။
မုထျန်းဟန် မည်သည့်အချိန်ကမှ မော့တိသူ့ကို ယခုလိုကြည့်သည်ကို မမြင်ခဲ့ဖူးသဖြင့် သူ၏နှလုံးသားမှာ ခုန်ပေါက်သွားကာ ကြင်နာစွာမေးလိုက်လေသည် ။
" ဘာဖြစ်လို့လဲ…"
" ကိုကို…"
မော့တိ၏မျက်နှာပေါ်တွင် တင်းမာမှုကြောင့် အရောင်အချို့ဖြတ်ပြေးသွားပြီးနောက် သူသက်ပြင်းတစ်ချက်ချလိုက်သည်။
မော့တိ ထိုကိစ္စကို အချိန်မဆွဲချင်တော့ပေ။ ထို့ထက်ပိုသည့်အရေးကြီးကိစ္စများလည်း ရှေ့တွင်ရှိနေသေးသဖြင့် သူဆုံးဖြတ်ချလိုက်သည်။
သူ ကိစ္စအချို့ကိုရှင်းလင်းအောင်လုပ်ရမည်ပင်။
လိုင်သယ်စစ်အားမေးကာ မုထျန်းဟန်ကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေမည့်အစား သူတိုက်ရိုက်သာ အဖြေတောင်းလိုက်တော့ပေမည်။
အဆုံးတွင်တော့ သူယုံကြည်ရသည့် တစ်ဦးတည်းသောလူမှာ မုထျန်းဟန်ဟာဖြစ်သည် မဟုတ်ပါလော…
ထို့အပြင် ထိုမှတ်စုတိုရှိသည်ကို မုထျန်းဟန်သိနေကြောင်း မော့တိသေချာနေခဲ့သည်။
" ဘာဖြစ်လို့လဲ.."
မော့တိ သူ့ကိုခေါ်လိုက်ပြီးနောက် မည်သည့်စကားမျှမဆိုလာသဖြင့် မုထျန်းဟန်အနည်းငယ်စိတ်ဖိစီးလာကာ တုန်လှုပ်လာသည်။
" တစ်ခုခုဖြစ်ခဲ့လို့လား… ကိုကို့ကိုပြောလေ ကိုယ်မင်းကို နည်းလမ်းကူရှာပေးမယ်…"
" အဲ့လိုမဟုတ်ပါဘူး…"
မော့တိ ခေါင်းကိုယမ်းကာ မုထျန်းဟန်ကို ဆက်ကြည့်နေသော်လည်း သူ၏မျက်လုံးများမှာ နီမြန်းနေခဲ့သည်။
" ကိုကို ကျွန်တော့်ဖုန်းထဲကမှတ်စုတိုအကြောင်း သိနေတယ်မဟုတ်လား…"
မော့တိ၏ရုတ်တရက် ထိုအကြောင်းဖော်ထုတ်လာမှုမှာ မုထျန်းဟန်ကို အံ့ဩသွားစေသည်။
ထို့နောက် မော့တိဆက်ပြောလာခဲ့သည် ။
" ကိုကိုဖတ်ပြီးပြီမဟုတ်လား… အစ်ကိုလိုင်နဲ့တခြားသူတွေရော မြင်သွားကြပြီလား…"
" ဟင့်အင်း သူတို့မဖတ်ရသေးပါဘူး.."
မုထျန်းဟန် မော့တိ အထင်လွဲသွားမည်ကို စိုးရိမ်သွားသဖြင့် အလျင်အမြန်ပြောလိုက်သည် ။
" ကိုယ်တစ်ယောက်ပဲ အဲ့ဒါကိုမြင်ခဲ့တာပါ… ကိုယ်မနေနိုင်တော့ဘဲ တစ်ချက်ကြည့်လိုက်မိတာ.. အဲ့ဒါက မင်းရဲ့ကိုယ်ရေးကိုယ်တာကို ဖောက်ဖျက်မိသလို ဖြစ်သွားမိတယ်လေ.. အဲ့ဒါ…"
" ကိုကို ကျွန်တော့်ကိုစိတ်မဆိုးဘူးလား…"
မော့တိ အဘယ့်ကြောင့် မုထျန်းဟန်မှာ သူ့အပေါ်ဖုံးကွယ်ကာ လှည့်ဖြားခဲ့သည်ကိုပင် သူ့အပေါ်စိတ်ပူနေသေးသည်ကို သူမသိတော့ပေ။
" ကိုကို ဘာလို့ ကျွန်တော့်ကို အပြစ်မတင်တာလဲ…ကျွန်တော်က ကိုကို့ကိုအသုံးချခဲ့တာလေ… ရည်ရွယ်ချက်ရှိရှိနဲ့ရင်းနှီးအောင်လုပ်ခဲ့တာ..ကျွန်တော့်ကို မမုန်းဘူးလား… ဘာကြောင့်များ ကောင်းပေးနေရတာလဲ…ဘာလို့ ကျွန်တော့်ကိုစိတ်မဆိုးတာလဲ… ဒါမှမဟုတ်လည်း အဲ့ထက်ပိုပြီးတော့…"
" မင်းအခုကိုယ့်ကိုမကြိုက်ဘူးလား…"
မုထျန်းဟန် ကြားဖြတ်ပြောလိုက်သော်လည်း သူအသံမှာ အရင်လိုပင် နူးညံ့ငြင်သာနေခဲ့သည်။ ထို့နောက် မော့တိ၏ခေါင်းကို ပုတ်ပေးလိုက်ပြီး
" မင်းကအခုကိုယ့်ကိုမကြိုက်ဘူးလားလို့…"
" ကျွန်တော်… သေချာတာပေါ့ ကျွန်တော်ကိုကို့ကို ကြိုက်တယ်… ကိုကို့ကို အရာအားလုံးထက်ကို ပိုကြိုက်တာ အကြိုက်ဆုံးပဲ…"
မုထျန်းဟန်၏စကားလုံးများဖြင့် ကြားဖြတ်ခံလိုက်ရသောကြောင့် မော့တိ စိတ်ရှုပ်သွားရကာ သူ၏စိုးရိမ်စိတ်နှင့် ကြမ်းတမ်းမှုများပျောက်ကွယ်သွားပြီးနောက် မော့တိ၏အသံမှာ နူးညံ့လာခဲ့သည်။
" သေချာပေါက် ကိုကို့ကိုကြိုက်တာပေါ့… ကိုကိုက ကျွန်တော့်အတွက် အရေးအကြီးဆုံးလူပဲလေ ဒါပေမယ့် ကျွန်တော်အရင်က…"
" အဲ့ဒါတွေက အရေးမကြီးတော့ပါဘူးလေ…"
မုထျန်းဟန်၏လက်များမှ မော့တိ၏လည်ပင်းဆီသို့ရွေ့လာကာ သူ၏ရင်ခွင်တွင်းသို့ သွင်းလိုက်သည်။
" မင်း ကိုယ့်ကိုရည်ရွယ်ချက်ရှိလို့ ချဉ်းကပ်လာတယ်ဆိုတာ ကိုယ်သိပါတယ်… ဒါပေမယ့် ပြန်ကြည့်လိုက်ရင် မင်းလုပ်ခဲ့တာက မှန်နေတာပဲကို.. မင်းသာ အဲ့ဒီအချိန်တုန်းက ကိုယ့်ဆီမလာခဲ့ရင် ဘယ်လိုလုပ်အဲ့မော့မိသားစုလူဆိုးတွေလက်က လွတ်နိုင်မှာလဲ…မင်းတစ်ယောက်တည်းနဲ့ ဘယ်လိုလုပ်ပြီး မော့မိသားစုနဲ့ချင်တွေကို ရင်ဆိုင်နိုင်မှာလဲ…ပြီးတော့ မင်းသာကိုယ့်ဆီမလာခဲ့ဘူးဆိုရင် ကိုယ်လည်း မင်းလိုရတနာလေးကို မကောက်ရနိုင်တော့ဘူးလေ…ကိုယ် မင်းဆီကအသုံးချခံခဲ့ရတယ်ဆိုရင်တောင်မှ အဆုံးထိ ကိုယ့်မှအရှုံးမှမရှိခဲ့ပဲ…."
မုထျန်းဟန်၏သူ့ကိုနှစ်သိမ့်ပေးနေသည့်စကားများကြောင့် မော့တိ ထိမိသွားကာ မျက်ရည်များပင်ကျဆင်းလာပြီး သူ၏အမြင်များဝေဝါးလာစေသည်။
" ကိုကို တကယ်ပဲ ကျွန်တော့်ကို အပြစ်မတင်ဘူးလား…"
" အွန်းး အစတုန်းကတော့ ကိုကို နည်းနည်းအပြစ်တင်မိသေးတယ်… ဒါပေမယ့် မင်းကိုယ့်ကိုသဘောကျတယ်ဆိုတာသိသွားတော့ ကိုယ်မင်းကို အပြစ်မတင်တော့ပါဘူးလေ…ပြီးတော့ မင်းကအခုကိုကို့အပိုင်ဖြစ်နေပြီလေ…မင်းရဲ့တစ်ဘဝလုံး ကိုယ်နဲ့အတူနေပေးပြီး ကိုယ့်ကိုပဲ တစ်သက်လုံးချစ်ပေးသွားရမှာ…"
Xxxxx