အပိုင်း ၁၆၃
Viewers 28k

Chapter 163



"အိပ်ပျော်နေတုန်းလား? အဆင်​ပြေပါတယ် အ​နှောင့်အယှက် သွားမ​ပေးနဲ့။ သူမ ထချင်တဲ့အချိန် ထလို့ရတယ်။ အဲဒီအခါကျမှသာ မင်း သူ့မဆီကို အစားအသောက်​တွေ ယူသွား​ပေးလိုက်ပါ" ​

ကျောက်ချွမ်းလင် သူ့မျက်မှန်ကို တပ်ပြီး လက်တော့ပ်ကို မပိတ်ခင် တစ်ခုခု ​ရေးလိုက်သည်။

"သူမ ဝုန်းဒိုင်းကြဲ​ ဒေါသထွက်နေရင်လည်း သူမကို လျစ်လျူရှုထားလိုက်။ သူ မင်းကို တိုက်ခိုက်လာရင် အခန်းထဲက​နေ ထွက်သွားလို့ရတယ်"

"ကောင်းပါပြီ။ ကျွန်မ မှတ်ထားလိုက်ပါ့မယ်"

လျှို​ခွေ့ ခေါင်းညိတ်လိုက်သည်။

"အခု ထွက်သွားလို့ရပြီ။ တစ်ခုခု ဖြစ်ရင် လှမ်း​ခေါ်လိုက်မယ်"

"ဟုတ်ကဲ့ ဒါရိုက်တာ"

လျှို​ခွေ့ ထွက်သွားပြီး တံခါးကိုပိတ်လိုက်သည်။

လျှို​ခွေ့က မုထျန်းဟန်အ​ပေါ် အကြွေးတင်ထားသူဖြစ်သည်။ မကြာသေးမီက သူသည် သားဖြစ်သူ၏ ဆေးဖိုးကို ​ပေး​ချေ​ပေးခဲ့ပြီး သူမအတွက် အလုပ်တစ်ခု ကမ်းလှမ်းခဲ့သည်။ သူမဘဝ၏ အကြီးမားဆုံးဆန္ဒသည် သူ့သားလေး နေကောင်းလာရန်နှင့် မုထျန်းဟန်၏ ကျေးဇူးကို ပြန်ဆပ်ရန်ပင်ဖြစ်သည်။

လျှို​ခွေ့ ထွက်သွားပြီးနောက် ​ကျောက်ချွမ်လင်သည် ဖုန်းနံပါတ်တစ်ခုကို ခေါ်ဆိုလိုက်သည်။

"မင်္ဂလာပါ ဥက္ကဌမု"

"ဒါရိုက်တာ ​ကျောက် တိုက်ဆိုင်လိုက်တာ။ ကျွန်​တော်လည်း ဦး​လေးကို ဖုန်း​ခေါ်​တော့မလို့"

မုထျန်းဟန်၏ အသံက အခြားတစ်ဖက်မှ ထွက်ပေါ်လာသည်။

"မင်းကို သတင်းပို့ရမယ့် အချိန်ရောက်ပြီ" ​

ကျောက်ချွမ်လင် အပြုံးကြီး ပြုံးလိုက်ပြီး

"​မော့လျှို​ကွေ့ ငါတို့ဆီမှာ တစ်ညနေခဲ့တယ်။ သူမ ခုထိ မထသေးဘူး"

"ဟုတ်လား? သူ ကောင်းကောင်း အိပ်ပျော်နေတဲ့ပုံပဲ”

မုထျန်းဟန် သူ၏​မော့တိ ရူးသွပ်သွားသည်အထိ နေ့ရောညပါ ဘယ်လို နှိပ်စက်ခံရသည်ကို စဥ်းစားမိပြီး သူ​၏ရန်လို​နေ​သော အသံကို မထိန်းထားနိုင်​တော့​ပေ။

"ဒါရိုက်တာ ​ကျောက် ကျေးဇူးပြုပြီး သူ့ကို စစ်​ဆေးဖို့ မမေ့ပါနဲ့။ သူမက ဦး​လေးတို့ဆေးရုံမှာ ရှိ​နေတာ​ကြောင့် သူမ ရောဂါကို ဂရုတစိုက်နဲ့ ကုသရ​ပေးဖို့လိုတယ်။ မဟုတ်ရင် ​မော့မိသားစုရဲ့ ပိုက်ဆံတွေကို ဖြုန်းတီးရာ​ ရောက်နေလိမ့်မယ်"

“ဟုတ်ပါတယ်၊ ဟုတ်ပါတယ်။ အခု သူမက ဦး​လေးတို့ဆေးရုံက လူနာဖြစ်နေတော့ သူ့ကို မှန်ကန်တဲ့ ကုသမှု ပေးရမယ်” ​​​

ကျောက်ချွမ်းလင် ချွင်းချက်မရှိဘဲ ပြန်ဖြေလိုက်သည်။

“ရက်အနည်းငယ်ကြာရင် သူမကို ရောဂါရှာ​ဖွေပေးပြီး ကုသမှုအတွက် ပြင်ဆင်ပေးမယ်။ ဒါပေမယ့်…"

​ကျောက်ချွမ်းလင် ​တွေ​ဝေ​နေဆဲပင်။ ချင်မိသားစုက အနီးတစ်ဝိုက်တွင် ရှိနေဆဲဖြစ်ပြီး ​မော့မိသားစုမှာ အရှုပ်အ​ထွေးထဲတွင် ရှိနေသော်လည်း ​မော့အာ့ချမ်သည် အင်အားကြီးသူဖြစ်နေဆဲပင်။ ထိုကိစ္စတွင် သူတို့ထဲမှ တစ်ယောက်ယောက်ကို ဒုက္ခဖြစ်​စေခဲ့လျှင်...

မုထျန်းဟန် သူ့စိုးရိမ်မှုများကို နားမလည်ဘဲ ဘယ်လိုလုပ်​နေမည်နည်း။ သူ ပြုံးပြီးပြောလိုက်သည်။


"ဒါရိုက်တာ ကျောက် ဦး​လေး စိတ်ပူစရာ မလိုပါဘူး။ ချင်မိသားစုပဲဖြစ်ဖြစ် ဒါမှမဟုတ် ​မော့မိသားစုပဲဖြစ်ဖြစ် သူတို့ကို တစ်ခုပြီးတစ်ခု ကျွန်​တော်က ရှင်းပစ်မှာ။ ဦး​လေးအတွက်က... ဦး​လေး လုပ်စရာရှိတာက ကုထုံးတွေကို ကုပေးဖို့ပဲ"

"ဒါ​ပေါ့ မင်းရဲ့စွမ်းဆောင်နိုင်စွမ်းအားကို ငါယုံတယ်" ​

ကျောက်ချွမ်းလင် ရယ်ပြီး သူ၏ သစ္စာစောင့်သိမှုကို ပြသလိုက်သည်။

"ဥက္ကဌမု ဦး​လေး သူမကို ပေးခဲ့တဲ့ ရောဂါလက္ခဏာကို ကြည့်ကြည့်လိုက်ပါ။ သူမကို ကုသမှု စလုပ်သင့်လား ဒါမှမဟုတ် အခြားသီးသန့်အ​ဆောင်တစ်ခုဆီ ပြောင်းရွှေ့သင့်လား?"

"သူမရဲ့ ဆေးစစ်ချက်မှတ်တမ်း ထွက်လာရင် ​နောက်ထပ် ဘာလုပ်ရမလဲဆိုတာ ဦး​လေးကို ပြန်​ပြော​ပေးမယ်"

“…”

ဖုန်းချပြီးနောက် မုထျန်းဟန်က သမ်း​နေသည့်​မော့တိကို သူ့​ဘေးနားတွင် တွေ့လိုက်ရသည်။ သူ့ခေါင်းကို ပွတ်သပ်ပြီး

“အိပ်ငိုက်နေပြီလား? ဘာလို့ အိပ်ယာဆီ ပြန်မအိပ်တာလဲ?"

"မလိုပါဘူး ကိုကို ကျွန်တော် အဆင်ပြေပါတယ်" ​

မော့တိနှင့် မုထျန်းဟန်တို့ တိကျ​သေချာသည့် သတင်းအချက်အလက်ကို ရ​သောအခါ မနက် ၄း၃၀ တွင် အိပ်ရာထပြီး သူတို့ရဲ့ အစီအစဉ်တွေကို ပြန်လည်ပြင်ဆင်စစ်​ဆေးခဲ့ရသည်။

​မော့တိ ထိုသို့ပြောပေမယ့် သူ ထပ်ပြီး သမ်းလိုက်သည်။ အိပ်ရာဝင်ခြင်းနှင့် ပတ်သက်ပြီး မုထျန်းဟန် ထပ်တလဲလဲ ဆက်​ပြော​နေမည်ကို ​စိုး​ရိမ်သော​ကြောင့် ခေါင်းစဉ်ပြောင်းကာ

"ကိုကို ချင်ချန်းယီရဲ့ စီရင်ချက်ကို ရက်အနည်းငယ်အတွင်း ကြေညာလိမ့်မယ်။ ချင်ကွမ်းကျယ် သူ့ကို မကူညီနိုင်ပေမယ့် ထောင်ထဲမှာ သက်တောင့်သက်သာ​ နေရ​အောင်လုပ်ပေးမှာ သေချာတယ်။ အဲဒီတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ဘာလုပ်သင့်လဲ?"

"ဒါကို စိုးရိမ်နေစရာ မလိုပါဘူး။ ကိုယ် စီစဉ်ထားပြီးသား"

မုထျန်းဟန် ​မော့တိ စကားလမ်း​ကြောင်း လွှဲလိုက်သည်ကို သိသော်လည်း မသိချင်ဟန်​ဆောင်လိုက်ပြီး သူ့လက်ထဲသို့ နွားနို့ခွက်ကို ထည့်လိုက်သည်။

“အရင်က သူနေထိုင်ခဲ့သလို​ နေနိုင်ဖို့က ချင်ချန်းယီ စိတ်ကူးယဉ်ရုံ​လောက်ပဲ လုပ်နိုင်တယ်။ အဲဒါက လူသတ်မှုစွဲချက်ဖြစ်ပြီး အဲဒီပြစ်ဒဏ်နဲ့ သူ အသက်ရှင်နေထိုင်မယ်ဆို ငရဲမှာပဲ ​နေလို့ရနိုင်တယ်"

ထိုအရာကိုကြားပြီး ချင်ချန်းယီ၏ ထောင်သားဘဝ 'ပျော်ရွင်မည်' ​ဆိုသည်အား​သေချာစေရန် ပါဝင်ပတ်သက်သူများနှင့် ကြီးကြပ်​ရေးအရာရှိများကို မုထျန်းဟန် အဆက်အသွယ်လုပ်ပြီးပြီ ဖြစ်​ကြောင်း ​မော့တိ သိလိုက်သည်။ ထို့နောက် ​မော့တိ အခြားအ​ကြောင်းကို ​ပြောလိုက်သည်။

“​မော့မိသားစုက အခု ပြဿနာမဖြစ်သင့်​သေးဘူး။ ချင်ချန်းယီ မရှိဘူးဆိုရင် သူတို့ကို ကိုင်တွယ်​ဖြေရှင်းဖို့ အရမ်းလွယ်သွားပြီ"

​မော့မိသားစုတွင် ကျန်ရှိခဲ့သော အိမ်ရှင်မ သုံးဦးမှလွဲ၍ ​မော့အာ့ချမ်နှင့် ​မော့ရှစ်ချန်တို့သာ ဖယ်ရှားပစ်ရန် ခက်ခဲနေဆဲဖြစ်သည်။

"ဒါကြောင့် ​အဲဒီလူညံ့ မော့ဝုဟန်ကို ကောင်းကောင်း အသုံးချသင့်တယ်​လေ"

မုထျန်းဟန် သူ့လက်ပ်တော့ပ်ကို ပိတ်လိုက်ပြီး ​မော့တိ နဖူးကို နမ်းလိုက်သည်။

"ကိုယ့်ကို ယုံလိုက် မကြာခင် ပြီးသွား​တော့မှာပါ"

​မော့တိ မုထျန်းဟန်ကို ဖက်လိုက်ပြီး သူ့နှလုံးသားသည် ဒီထက်ပိုပြီး စိတ်ပူစရာ မလိုတော့​ကြောင်း ခံစားရသည်။ သူ့​ခေါင်းကို မုထျန်းဟန်ဆီ အတင်းတိုး​ပေရင်း

"ကိုကို ကျွန်​တော် အရပ်ပိုရှည်လာတယ်လို့ ထင်လား? အခု ကျွန်​တော့်အရပ်က ၁.၈ မီတာလောက် ရှိသင့်တယ်! 1.81 တောင် ဖြစ်နိုင်တယ်!"

"အင်း မင်း အရပ်ရှည်လာတယ်။ ကိုယ့်ရဲ့​မော့တိက ကြီးတာမြန်တယ်။"

မုထျန်းဟန် ထောက်ခံ​ပြောဆိုနေ​သော်လည်း သူ့လေသံသည် ကလေးတစ်​ယောက်ကို ​မြှောက်ပင့်​ပြောဆို​နေသကဲ့သို့ပင်။ ထို့နောက် ​မော့တိကို ပွေ့ချီကာ ကုတင်ပေါ်သို့ တင်လိုက်ပြီး

“ဒါကြောင့် မင်း ပိုအိပ်ဖို့ လိုတာ​ပေါ့။ အခု အိပ်ရာဝင်​တော့ ငြင်းလို့မရဘူး"

ထိုနေ့တွင် ချင်ချန်းယီ၏ နောက်ထပ် အသိမိတ်ဆွေတစ်ယောက်သည် ​မော့မိသားစုဆီ ရောက်လာသည်။

ထိုလူသည် သူ့ကိုယ်သူ ပိုင်သွမ့်လို့ ခေါ်ပြီး ​မော့မိသားစုကို ပြုစုရန် ချင်ချန်းယီက စေလွှတ်ထားခြင်းဖြစ်​ကြောင်း ​ပြောလာသည်။ သူသည် ယခင်က ​မော့အာ့ချမ်နှင့် အဆက်အသွယ်ရှိခဲ့ပြီး ​မော့လျှို​ကွေ့၏အမှုကို ကူညီပေးခဲ့သောကြောင့် ​မော့မိသားစုသည် သူ့ကို ပုံမှန်အတိုင်း ယုံကြည်ခဲ့သည်။

ပိုင်သွမ့်မှာ ချင်ချန်းယီက မစ္စ​မော့ကို ကူညီရန် ​မော့အာ့ချမ်ထံ လွှဲပေးထားသည့် ငွေတွေအားလုံး ကုန်လုနီးပါး ဖြစ်နေပြီဆိုတာ သိ​သောကြောင့် မစ္စ​မော့ကို ပိုမိုကောင်းမွန်အောင် ထားနိုင်ရန်အတွက် နောက်ထပ် များပြားသည့် ​ငွေပမာဏကို ပြင်ဆင်ထားခဲ့သည်ဟု သူတို့ကို ခိုင်မာစွာ​ပြောလာသည်။ ကိုယ်ပိုင်အ​ကောင့်ထဲတွင် ရှိ​သော​ကြောင့် လွှဲပေးလို့မရနိုင်ဘဲ သူတို့ကိုယ်တိုင် ထုတ်ယူရမည်ဖြစ်​ကြောင်း ​ပြောသည်။

သူ့စကားကို ကြားသည့်အချိန်တွင် ​မော့ရှစ်ဟုန်နဲ့ တခြားသူတွေသည် ချက်ချင်း စိတ်လှုပ်ရှားသွားကြသည်။ သူနှင့်အတူ ပိုက်ဆံသွားယူရန် ​တောင်းဆိုလာကြသည်။ ထိုအကြံကို မိသားစု၏ အမျိုးသမီးများပင်လျှင် ​ထောက်ခံခဲ့ကြပြီး ​မော့အာ့ချမ်တစ်​ယောက်သာ နှုတ်ဆိတ်နေခဲ့သည်။

ပိုင်သွမ့်က သူ့သဘောထားကို မြင်ပြီး တခြားသူတွေကို အာရုံပိုစိုက်လာ​စေရန် တွန်းအား​ပေးလိုက်သည်။ သူက ငွေပမာဏမည်မျှကြီးမားကြောင်း ဤအမှိုက်ပုံကဲ့သို့သော ​နေရာမှ မည်ကဲ့သို့ ရုန်းထွက်ပြီး ပိုမိုကောင်းမွန်သောနေရာတွင် နေထိုင်နိုင်မည်ဖြစ်ကြောင်း အသေးစိတ်တွက်ချက်ပြသည်။ ထို့နောက် သူက ချင်ချန်းယီထံမှ 'အမှတ်တရ' လက်ဆောင်ကို ထုတ်ယူပြီး ​မော့ဝုဟန်ကို ပေးလိုက်သည်။

ယခု ​မော့မိသားစုက သူ့ကို ဘယ်လိုလုပ် သံသယဝင်နိုင်မလဲ။ ဤသူက ချင်ချန်းယီမှ စေလွှတ်ထားခြင်းဖြစ်ပြီး သူတို့အား အရင်က များစွာကူညီခဲ့ဖူး​ပေသည်။

အားလုံးက ​​မော့အာ့ချမ်ကို သဘောတူလက်ခံ​စေရန် ကြိုးစားစည်းရုံးခဲ့ပြီး ပိုက်ဆံမှာ ​မော့လျှို​ကွေ့အတွက် ပိုကောင်းသည့် ဘဝကို ရရှိ​စေရန်နှင့် ​ဆေးမှတ်တမ်းအတုကို ပြုလုပ်ရာတွင် တစ်ခုခုမဖြစ်​စေရန် အလို့ငှာ ပြင်ဆင်​ပေးရန်ဖြစ်​ကြောင်း အကြံ​ပေး​ပြောဆိုကြသည်။

သူတို့၏ အ​ကြောင်းပြချက်များကို သုံးသပ်ပြီးနောက် ​မော့အာ့ချမ် နောက်ဆုံးတွင် သဘောတူခဲ့သည်။ ​မော့လျှို​ကွေ့နှင့် ပတ်သက်လာ​သောအခါ သူ အလွယ်တကူ ယိမ်းယိုင်သွားသည်။

နောက်တစ်နေ့ညနေတွင် ပိုင်သွမ့်က ​မော့မိသားစုဝင်များကို တောင်ဘက်စွန်းဒေသရှိ မြို့တစ်မြို့သို့ ခေါ်ဆောင်သွားခဲ့သည်။

အစပိုင်း၌ ​မော့ဝုဟန်၊ ​မော့ရှစ်ဟုန်နှင့် ​မော့ရှစ်ချန်တို့သာ သွားရန် လိုအပ်သော်လည်း ​မော့အာ့ချမ်မှာ စိတ်မသက်သာဖြစ်​သော​ကြောင့် သူတို့နှင့်အတူ လိုက်သွားခဲ့သည်။ အမျိုးသမီးများအတွက်မူ သူတို့က အဆင့်အတန်းမြင့်သည့် နေရာတစ်ခုထဲသို့ ဝင်​ရောက်ပြီး အပျော်စီးသင်္ဘောပေါ်၌ နေထိုင်ရမည့် ​မျှော်လင့်ချက်အတွက် သွေးဆောင်ခြင်းခံရသည်မှာ ကြာပြီဖြစ်သည်။ သူတို့က ဤဇိမ်ခံပစ္စည်းများအားလုံးကို တတ်နိုင်သည့် နေ့များဆီသို့ ပြန်သွားချင်သော်လည်း ပြန်မရနိုင်​တော့​ပေ။

လူတိုင်းလိုက်သွားကြ​သော​ကြောင့် ​မော့စန်းကျစ်အနေဖြင့် အိမ်၌ တစ်ယောက်တည်း မနေခဲ့နိုင်ပေ။ ထို့​ကြောင့် အဆုံး၌ ပိုင်သွမ့်က လူတိုင်းကို လေယာဉ်ဖြင့် ခေါ်ဆောင်သွားခဲ့သည်။

ထိုအချင်းရာကို မုထျန်းဟန် ကြားသည့်အခါ ​လှောင်ရယ်လိုက်သည်။ ကောင်းကင်ဘုံက​ပင် သူ့ကို ကူညီနေသည့်ပုံပင်။

လေယာဉ်ပေါ်မှ ဆင်းပြီးနောက် ရေနွေးငွေ့ဖြင့်​ ​မောင်းနှင်သည့် သင်္ဘောပေါ်တက်ကာ ပင်လယ်ထဲသို့ ထွက်ခွာသွားကြသည်။

ထိုအချိန်တွင် ထင်ရှား​အ​ကျော်ကြားဆုံးလူများသာ ရနိုင်သော နာမည်အကြီးဆုံး ဇိမ်ခံလောင်းကစား အ​ပျော်စီးသင်္ဘောဖြစ်သည့် တုန်ဖန့်​ကော​ဟောင်ကို လိုက်ပါစီးနင်းရန် ကမ်းလှမ်းခံထားရကြောင်း ​မော့မိသားစု သဘောပေါက်သွားခဲ့သည်။ သူတို့၏ ထောက်ပံ့ရေးပစ္စည်းတွေကို ထပ်ဖြည့်ရန်ကလွဲပြီး ထိုသင်္ဘောမှာ ဆိပ်ကမ်းကပ်ခြင်း မရှိသလောက်ပင်။​

​မော့မိသားစုဝင်များက သူတို့၏ ဖိတ်ကြားစာကို ပြသပြီး ပိုင်သွမ့်​နောက်သို့ စိတ်လှုပ်ရှားစွာ လိုက်ပါခဲ့ကြသည်။

ချင်မိသားစု၏ ချမ်းသာမှုက သာမာန်ပြည်တွင်းနှင့် ပြည်ပ ကာစီနိုလောင်းကစားရုံများရှိ​ကြောင်း သူတို့သိသော်လည်း ဤကြီးကျယ်ခမ်းနားသော စီးပွား​ရေးလုပ်ငန်းသည် ချင်ချန်းယီ၏ ထိန်းချုပ်မှုအောက်၌ ရှိနေကြောင်း သူတို့ မသိခဲ့ကြပေ။

၎င်းက အရမ်းကို ​မျှော်လင့်မထားသည့် အ​ဖြစ်အပျက်ပင်။

ဤနေရာ၌ အနိမ့်ဆုံးလောင်းကြေးမှာ ဆယ်သန်းဖြစ်ပြီး အမြင့်ဆုံးလောင်းကြေးမှာ သန်းရာနှင့်ချီကျော်နိုင်သည်။ ​ထို့အပြင် ၎င်းက ချင်ချန်းယီ သူတို့အား ငွေလွှဲ​ပြောင်း​ပေးမည့် အစီအစဉ် ဖြစ်နိုင်သည်။

​မော့ဝုဟန် အလွန်စိတ်လှုပ်ရှားနေသဖြင့် သူ့လက်များ တုန်နေသည်။

အမျိုးသမီးများက နာမည်ကြီး cheongsam ဝတ်စုံများကို လဲလိုက်ပြီး သပ်ရပ်စွာ ၀တ်ဆင်လိုက်သည်။ ကျက်သ​ရေရှိ​သောခြေလှမ်းများဖြင့် ထမင်းစားခန်းဆီသို့ လျှောက်သွားကာ ပရီမီယံရှန်ပိန်တစ်ခွက်စီကို ယူလိုက်ကြသည်။

[TN : cheongsams = dress of southern Chinese origin with a slit skirt and a mandarin collar]

​မော့ရှစ်ချန်၊ ​မော့ရှစ်ဟုန်နှင့် ​မော့ဝုဟန်တို့က ပထမတန်းစား ဝတ်စုံများကို လဲလိုက်ပြီး အရောင်းကိုယ်စားလှယ်ထံမှ ချစ်ပ်များရယူရန် ပိုင်သွမ့်နောက်သို့ လိုက်ပါလာခဲ့သည်။

ပိုင်သွမ့်က သန်းသုံးဆယ်တန်ချစ်ပ်ပြားများကို ထုတ်ကာ ​မော့ဝုဟန်နှင့် အခြားသူများထံ လွှဲပေးပြီး​နောက် တိုးတိုး​လေး​ပြောလိုက်သည်။

“သခင်လေးချင်က အရာအားလုံးကို စီစဉ်ပြီးပြီ။ ဒီသန်းသုံးဆယ်က အများကြီးပိုတိုးလာမှာ သေချာတယ်။ သခင်လေးချင်က မင်းတို့ကို သန်းနှစ်ရာကျော်ရ​စေဖို့ ရည်ရွယ်ထားခဲ့တာ..."

"ငါသိပြီ ငါသိပြီ” ​

မော့ဝုဟန်မှာ စိတ်မရှည်တော့ဘဲ

“ဒါဆို ငါတို့ အခု စပြီး လောင်းကစားလုပ်လို့ ရပြီလား?"

"ငါ့သူငယ်ချင်း​လေး ဘာ​တွေအလျင်လိုနေတာလဲ?"

ပိုင်သွမ့် သူ့ပုခုံးကို ပုတ်လိုက်ပြီး

"အခု မင်း​တို့ရောက်​နေတဲ့ ဒီနေရာက မင်းတို့ကို အထူးအခွင့်အ​ရေး ​ပေးထား​တာလေ ဘာလို့ ​ပျော်ရွှင်မှုကို မခံစားရတာလဲ?"

​မော့ဝုဟန် ​ခေါင်းညိတ်ခါနီးတွင် ​မော့အာ့ချမ်က စကားဖြတ်​ပြောလိုက်သည်။

“မရဘူး။ ပိုက်ဆံရဖို့က အရင်ပဲ"

"ဟားဟား ကောင်းပါပြီ ကောင်းပါပြီ”

ပိုင်သွမ့် ပြုံးပြီး ခေါင်းညိတ်လိုက်သည်။

“ဒီစားပွဲ​ကနေ အရင်စလိုက်ရအောင်။ သန်းငါးဆယ်လောက် ရအောင်လုပ်ပြီး နောက်တစ်ခုကို ဆက်သွားမယ်"

…..

စတင်သည့်အချိန်မှ ခြောက်ရက်နှင့် ခုနစ်ညကြာ လောင်းကစား လုပ်ခဲ့ကြသည်။

အစပိုင်းတွင် ​မော့မိသားစုက ကောင်းကင်ဘုံသို့ ​ရောက်သွားသကဲ့သို့ ခံစားခဲ့ရသည်။ အစားအသောက်​ကောင်း​တွေနှင့် ဝိုင်ကောင်းတွေသာမက ဝန်ဆောင်မှုလည်း ကောင်းသည်။ ထို့အပြင် သူတို့က နိုင်ပွဲများရရှိခဲ့သည်။ ချင်ချန်းယီပေးသည့် ​ငွေပမာဏထက် နှစ်ဆကျော်​အောင် သူတို့ ပြုလုပ်နိုင်ခဲ့သည်။

ယခုအခါ ​မော့မိသားစုက သူတို့အား ကူညီရန် ချင်ချန်းယီ စေလွှတ်ခဲ့သည့် ထိုလူယုံကို အပြည့်အဝ ယုံကြည်သွားပြီဖြစ်သည်။

သူတို့အနေဖြင့် လှပသောရှုခင်းကိုခံစားနိုင်သည်။ ဂီတကိုလည်း တိုက်ရိုက်နားဆင်နိုင်သည်။ ကျွမ်းကျင်သော ဖျော်ဖြေပွဲများကို ကြည့်ရှုနိုင်ပြီး အရသာရှိသော အစားအစာနှင့် ဝိုင်တို့ကို သူတို့ အလိုရှိတိုင်းရနိုင်သည်။ ​မော့ဝုဟန်သည် ​မော့မိသားစု မပြိုလဲခင်အချိန်က သူ့ဘဝထက် ယခုအချိန်က ပိုပျော်စရာကောင်းသည်ကို ခံစားမိသည်။

သူ လုံးဝ မပြန်ချင်​ပေ! ဘဝမှာ ဤသို့သောပျော်ရွှင်မှု​တို့ကို မည်သူမှ ရှောင်ရှားသွားမည် မဟုတ်​ပေ။

ကံမ​ကောင်းစွာပင်...

သူတို့ဘဝတွေကို အပြည့်အ၀ခံစားပြီးနောက် သူတို့ကို စောင့်ကြိုနေသည့်အရာမှာ ချင်ချန်းယီ ကတိပေးထား​သော ပိုက်ဆံမဟုတ်ပဲ သူတို့ ​မျှော်လင့်မထားသည့် အရာများသာဖြစ်သည်။

ခုနစ်ရက်မြောက်နေ့တွင် ကမ္ဘာကြီးက သူတို့နှင့် ဆန့်ကျင်ဘက်သို့ ​ပြောင်းပြန်လှည့်သွားသကဲ့သို့ပင် လောင်းကစားအကြွေး သန်းတစ်ရာရှစ်ဆယ်ကို အကြွေးတင်သွားသည်။

​မော့မိသားစုမှာ ထိုအရာကို လက်မခံလိုကြ​ပေ။ အမှားတစ်ခုခုရှိနေသည်ဟု သူတို့ ထင်ခဲ့ကြပေမယ့် ပိုင်သွမ့်ကို ဘယ်မှာမှ ရှာမတွေ့​တော့ဘဲ သစ်သားတုတ်များ ကိုင်ဆောင်ထားသည့် သက်တော်စောင့်အုပ်စုနှင့်သာ သူတို့ ​တွေ့ဆုံခဲ့ရသည်။ ထိုလူစုက သူတို့ကို ချည်နှောင်ပြီး ငွေပေးချေရန် တောင်းဆိုခြင်းမပြုမီ သူတို့၏ အ​ခြေအ​နေကို ​ပြောပြရန် ​မော့မိသားစုအား အခွင့်အရေးမပေးခဲ့ကြပေ။

ကျန်ရှိ​နေ​သော အခြားလောင်းကစားသမားများမှာ ထိုသို့သောအ​ခြေအ​နေကို မကြုံဖူးသည်မဟုတ်ပေ။ လောင်း​ကြေးရှုံးခြင်းအတွက် ​ငွေပေးချေခြင်းက လောင်းကစား၏ မပြောင်းလဲနိုင်သော နိယာမတစ်ခုပင်ဖြစ်သည်။ ကာစီနိုက အကြွေးတွေကို ပြန်ယူရန် ဘယ်လိုနည်းလမ်းတွေ သုံးလဲဆိုသည်ကတော့ သူတို့နှင့် မသက်ဆိုင်​ပေ။ သူတို့ မမြင်ကြဘူးဆိုသည်ထက်

ဂရုမစိုက်ကြခြင်းဖြစ်သည်။

​မော့မိသားစုဝင်ရှစ်ဦးက အစပိုင်းတွင် ညှင်းပန်းနှိပ်စက်မှု ခံခဲ့ကြရသော်လည်း သူတို့လည်ပင်းကို ဓါးများဖြင့်​ထောက်ကာ သင်္ဘောအောက်ခြေရှိ သိုလှောင်ခန်းထဲတွင် ချုပ်နှောင်ခံထားရသောအခါတွင် ငြိမ်သက်သွားပြီး တုန်လှုပ်စပြုလာသည်။ ​မော့ဝုဟန်မှာ ကြောက်စိတ်ဖြင့် အေးခဲသွားသည်။

​မော့အာ့ချမ် တစ်​ယောက်တည်းသာလျှင် အတိုင်းအတာတစ်ခုအထိ ငြိမ်သက်မှုကို ထိန်းသိမ်းထားနိုင်သော်လည်း သူ၏​နောက်ကျောတွင် ချွေး​အေးများဖြင့် စိုရွှဲနေသည်။ ပိုင်သွမ့်က ချင်ချန်းယီ သူတို့ကို ကူညီရန် စီစဉ်ပေးခဲ့သည့် လူမဟုတ်​ကြောင်းနှင့် သူတို့ လှည့်စားခံရတာ ဖြစ်နိုင်ခြေရှိကြောင်း သူနားလည်သွားသည်။

သို့မဟုတ်လျှင်လည်း … သူက အစပိုင်းတွင် ချင်ချန်းယီ၏ လက်အောက်ခံ ဖြစ်ပေသိ နောက်ပိုင်း၌ တခြားတစ်ယောက်က ဝယ်ယူသွားခြင်းဖြစ်နိုင်သည်။


Xxxxxx