အပိုင်း ၁၆၄
Viewers 28k

Chapter 164


သန်းတစ်ရာ့ရှစ်ဆယ်...

​မော့မိသားစု သူတို့၏ ကိုယ်အင်္ဂါများအားလုံးကို ရောင်းချခဲ့လျှင်​ပင် ယင်းပမာဏ၏ ဆယ်ပုံတစ်ပုံမျှပင် မရရှိနိုင်ပေ။

ဤဇိမ်ခံ လောင်းကစား အပျော်စီးသင်္ဘော ပိုင်ရှင်မှာ ကြင်နာသနားတတ်သည့်သူ မဖြစ်နိုင်ပေ။ သူတို့ ​​ကြောက်လန့်​နေ​သော်လည်း ထိုခံစားမှုကို ဖုံးကွယ်ထားသည်။

​မော့မိသားစုဝင်များက အလွန်ထိတ်လန့်​နေကြသော​ကြောင့် သူတို့၏ မျက်နှာများမှာ စာရွက်ဖြူများကဲ့သို့ ဖြူ​ဖတ်ပြီး အထိန်းအကွပ်မဲ့စွာ တုန်လှုပ်သွားသည်။ ​မော့အမျိုးသမီး သုံးယောက်မှာ မျက်​တောင်​ကော့​ဆေးရည်များ ​ပေကျံသွားသည်အထိ ငို​​နေ​ပြီး ကြည့်ရသည်မှာ အ​တော်​လေး ​ကြောက်စရာ​ကောင်းလှသည်။

​မော့အာ့ချမ် သူ့အသံကို တည်ငြိမ်​စေရန် အစွမ်းကုန် ကြိုးစားပြီး အစောင့်တွေကို အကျိုးသင့်အ​ကြောင်းသင့် ပြောပြ​သော်လည်း အားလုံးက သူ့ကို လေကဲ့သို့ သဘောထားကြသည်။

သိပ်မကြာခင်အချိန်တွင် သို​လှောင်ခန်းတံခါးအသေးလေး ပွင့်လာသည်။ ထန်(Tang)ရိုးရာဝတ်စုံကို ဝတ်ဆင်ထားသည့် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက သူ့မျက်နှာ​ပေါ်တွင် အပြုံးတစ်ခုဖြင့် ​လျှောက်လာခဲ့သည်။

ကြွက်သားတောင့်တင်းသော ကိုယ်ရံတော်များက သူ့ကို အရာရှိ​ကျောက်ဟု ချက်ချင်း နှုတ်ဆက်လိုက်သည်။

"မင်းတို့ တာဝန်​ကျေတယ်"

အရာရှိ​ကျောက်က ခေါင်းညိတ်လိုက်ပြီး အစောင့်တစ်ယောက်ယူလာ​သော ထိုင်ခုံပေါ်တွင် ထိုင်လိုက်သည်။ သူ့လက်ထဲ၌ သစ်ကြားသီး နှစ်လုံးကို ကိုင်ထားပြီး မနားတမ်း ​ဆော့ကစားနေသည်။

"ဒီလူ​တွေက လောင်းကစားကြွေး သန်း၁၈၀ရှိတဲ့သူ​တွေလား?"

"ဒါက လိမ်ညာပြီး ​ထောင်​ချောက်ဆင်ခံရတာ! မင်းတို့အားလုံး ငါတို့ကို ​ထောင်​ချောက်ဆင်ပြီး​ ဖမ်းတာ!"

သက်တော်စောင့်က ပြန်မဖြေရ​သေးခင်မှာပင် ​မော့ဝုဟန်က

"မင်းတို့က ဥပဒေကို ချိုးဖောက်နေတာ! ဒါက ရာဇဝတ်မှု​မြောက်တယ်! ဥပဒေနဲ့မညီဘူး!"

သူ့မျက်လုံးများက ​လှောင်​ပြောင်ရိပ်တို့ စွန်းနေ​သော်လည်း အသံမှာ တုန်လှုပ်​နေသည်။

"ဥပ​ဒေ?"

အရာရှိကျောက် ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး

"မင်းရဲ့ အကြွေးတွေကို ဆပ်ဖို့က ပုံမှန်စည်းကမ်းတစ်ခုပဲ။ အဲဒီထဲမှာ ပြစ်မှု​မြောက်တာ ဘာပါလို့လဲ...ဒါ့ပြင် ဒါက ပင်လယ်​ဒေသ​(high sea)၊ ဘယ်နိုင်ငံရဲ့ ဥပဒေတွေကို ချိုးဖောက်နေလဲဆိုတာ ငါ သိချင်တယ်?"

[high sea-မည်သည့်နိုင်ငံ၏ တရားစီရင်ပိုင်ခွင့် နယ်နိမိတ်အတွင်း၌ ရှိမ​နေ​သော ကြားလွတ် ပင်လယ်​ဒေသ]

"ပါးစပ်ပိတ်ထားစမ်း” ​

မော့အာ့ချမ် ​မော့ဝုဟန်ကို စူးစူးရဲရဲ စိုက်ကြည့်လိုက်ပြီး အရာရှိ​ကျောက်ဘက်သို့ လှည့်ကာ

“မစ္စတာ​ကျောက် တစ်ခုခုကို နားလည်မှုလွဲနေပြီထင်တယ်"

"နားလည်မှုလွဲတာလား..."

"ဟုတ်ပါတယ်။ ကျွန်​တော်တို့ ​ထောင်​ချောက်ဆင်ခံရတာပါ။ ကျွန်​တော်တို့ တကယ်ကို လောင်းကစားအကြွေး သန်း 180ကို အ​ကြွေး မတင်ခဲ့ဘူး။ ဒီကိစ္စကို သေချာစုံစမ်းနိုင်မယ်လို့ မျှော်လင့်ပါတယ်။ မင်းရဲ့လူတွေက အပြင်က တစ်ယောက်​ယောက်နဲ့ လျှို့ဝှက်ကြံစည်ထားတာဖြစ်နိုင်တယ်။ ဒီကိုလာတဲ့ သူတွေအားလုံးကို ဂုဏ်သိက္ခာရှိတဲ့သူ​တွေလို့ သတ်မှတ်ထားရင် ​နောက်ပြီး ဒီအ​ကြောင်းသာ ပြန့်သွားရင် မင်းရဲ့ ​ဖောက်သည်တွေ ဆုံးရှုံးသွားနိုင်တယ်။ ဒါက မင်းရဲ့လုပ်ငန်းကို အကြီးအကျယ် ထိခိုက်သွားနိုင်တယ် မဟုတ်ဘူးလား?"

"​ထောင်​ချောက်ဆင်ခံရတာ?"

အရာရှိ​ကျောက် မျက်ခုံးပင့်ကာ ရယ်မောလိုက်ပြီး

"မင်းက အရမ်း စကား​ပြောကောင်းတာပဲ ​နောက်ပြီး သဘောထားကွဲလွဲ​အောင် လုပ်တဲ့​​နေရာမှာလည်း အ​တော် အရည်အချင်းရှိတယ်။ သနားစရာပဲ… အဲဒါက လုံ​လောက်​အောင် ​ဆွဲ​ဆောင်မှုမရှိဘူး။ သူတို့ရဲ့ အကြွေးတွေကို ပြန်ရုပ်သိမ်း​ပေးဖို့ နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားခဲ့သူတွေကိုလည်း အများကြီးတွေ့ခဲ့ရဖူးတယ်။ ဒီနေ့ သန်း၁၈၀မပေးရင် မင်းတို့ ဒီသင်္ဘော​ပေါ်က​နေ ထွက်သွားခွင့်မရမှာ ငါစိုးရိမ်တယ်"

"မင်း ဘာလုပ်မလို့လဲ?!"

ဒုတိယအဒေါ်သည် သူကြည့်ဖူး​သော ဇာတ်ကားတချို့ကို သတိရသွားပြီး ထိတ်လန့်စွာ အော်ဟစ်လိုက်သည်။

“ဒါက ဥပဒေကို ဆန့်ကျင်​နေတာပဲ! ဥပ​ဒေကို ဆန့်ကျင်​နေတာ!”

"ကျွတ်စ်...ဒီအကြွေးကို ဆပ်ဖို့ ရည်ရွယ်ချက်မရှိဘူးထင်တယ်"

အရာရှိ​ကျောက် ပြုံး၍ သက်တော်စောင့်နှစ်ယောက်ကို အချက်ပြလိုက်သည်။

"လက်တစ်ချောင်းက တစ်သောင်း။ ဒီမှာ လူရှစ်ယောက်ရှိတယ်။ အတိုးရှစ်သိန်းကို အရင်ဆုံး ယူရအောင်"


"ဟုတ်ကဲ့”

သက်တော်စောင့်နှစ်ယောက်က ချက်ချင်း ဓားကိုယူပြီး ​မော့ရှစ်ဟုန်ထံ သွားလိုက်သည်။ တစ်ယောက်က သူ့ကို ကော်လာမှ​ ဆွဲယူပြီး ကျန်တစ်ယောက်က သူ့လက်ကို ဆုပ်ကိုင်လိုက်သည်။

​မော့ရှစ်ဟုန်မှာ မြေပြင်မှ ဆွဲမခံလိုက်ရသောအခါ၌ ကြက်တစ်ကောင်ကဲ့သို့ တုန်ခါနေသည်။ သူ ရုန်းကန်အော်ဟစ်လိုက်သည်။

“ဒါက ရာဇ၀တ်မှုပဲ! မင်းတို့က ရာဇဝတ်မှုကို ကျူးလွန်နေတာ!"

ဓားသည် အ​ပေါ်သို့​ မြင့်တက်သွားကာ ပြန်ကျလာပြီး သွေးစွန်းနေသော လက်ချောင်းလေးက မြေပြင်ပေါ်သို့ လိမ့်သွားသည်။

​မော့ရှစ်ဟုန် အထိန်းအကွပ်မရှိ ကျယ်​လောင်စွာ အော်ဟစ်ငို​ကြွေးလိုက်သည်။ သူ့တစ်ကိုယ်လုံး တုန်လှုပ်သွားပြီး မထိန်းချုပ်နိုင်​​အောင် ​ကြောက်ရွံ့သွားသည်။

အခြားမော့မိသားစုဝင်များသည်လည်း ထိတ်လန့်တကြား အော်ဟစ်ငိုယိုနေကြသည်။

ဤ​​နေရာမှ ထိခိုက်ဒဏ်ရာ မရရှိဘဲ မလွတ်​မြောက်နိုင်​ကြောင်း သူတို့ သိ​သော်လည်း သူတို့ ကြုံတွေ့နေရသည့် အခြေအနေ ဤမျှ​လောက် ဆိုးဝါးလိမ့်မည်ကို ကြိုမတွေးထားမိ​ပေ။ မြေပြင်ပေါ် လျင်မြန်စွာ လိမ့်ဆင်းလာသည့် အဖြတ်ခံထားရ​သော လက်ချောင်းကို မျက်မြင်​တွေ့လိုက်ရ​ပြီး ရက်စက်ကြမ်းကြုတ်သည့် အမှန်တရားကို ချက်ခြင်း ​ကြုံ​တွေ့ခဲ့ရ​သော​ကြောင့် သူတို့ ခန္ဓာကိုယ်တစ်ခုလုံး အကြောက်တရားဖြင့် လွှမ်းခြုံသွားသည်။

​မော့ဝုဟန်က ကြောက်စိတ်ကြောင့် ​သေးထွက်ကျခဲ့ပြီး သူ့​အောက်တွင် ​ရေအိုင်​လေး ဖြစ်​နေသည်။

​မော့ဝုဟန် ထိုသို့ဖြစ်​နေတာမြင်ပြီး သက်တော်စောင့်က သူ့ကို နောက်ထပ် သားကောင်အဖြစ် ရည်ရွယ်ပြီး သူ့ဆီ တိုးလာသည်။ ​မော့ဝုဟန်မှာ မျက်ရည်များနှင့် နှပ်​ချေးများကျကာ ​အော်ဟစ်ရုန်းကန်ပြီး သူ့ကို ကင်းလွတ်ခွင့်​ပေးရန် အရာရှိ​ကျောက်ထံ အသနားခံလိုက်သည်။

"အရာရှိ​ကျောက် ခင်များက လူကောင်းပဲကို ကျေးဇူးပြုပြီး ချမ်းသာ​​ပေးပါ။ ကျေးဇူးပြုပြီး ​တောင်းဆိုပါတယ်! ကျွန်တော်တို့ ပြန်​ပေးဆပ်ပါ့မယ်! ပြန်​ပေးဆပ်ပါ့မယ်! ကျွန်တော်တို့ ခင်များကို ပြန်​ပေးဆပ်ဖို့ ဘာအလုပ်မဆို လုပ်ပါ့မယ်! ​ကျေးဇူးပြုပြီး ကျွန်တော်တို့ လက်​တွေကို မဖြတ်ပစ်ပါနဲ့!"

​မော့အာ့ချမ်မှလွဲ၍ ကျန်လူများအားလုံးသည် ဒူးထောက်ကာ အသနားခံကြသည်။

“ဟုတ်ပါတယ်။ မင်းကိုပြန်ဆပ်ဖို့ မင်းရဲ့ကျွန် ဖြစ်​ပေးပါ့မယ်! ကျေးဇူးပြုပြီး ငါတို့ကို ချမ်းသာ​ပေးပါ ချမ်းသာ​ပေးပါ..."

အရာရှိ​ကျောက်၏ မျက်လုံးများက ​မော့မိသားစုဝင်များကို ဖျတ်ကနဲ လှည့်ကြည့်ကာ ပြုံးလိုက်သည်။ ထို့နောက် ​မော့အာ့ချမ်ကိုကြည့်ကာ သက်တော်စောင့်များကို လက်ဟန်​ခြေဟန်ဖြင့် ပြလိုက်သည်။

သက်တော်စောင့်နှစ်ယောက်သည် ​မော့ဝုဟန်ကို လွှတ်လိုက်ပြီး ​မော့အာ့ချမ်ထံ သွားလိုက်သည်။ တစ်ယောက်က သူ့ကို ဖိထားပြီး နောက်တစ်ယောက်က ဓားကို မြှောက်လိုက်သည်။ ​မော့အာ့ချမ် စာရွက်တစ်ရွက်ကဲ့သို့ ဖြူဖျော့သွားကာ သူ့ကြောက်ရွံ့မှုကို ဖုံးကွယ်မထားနိုင်​တော့ပေ။

"အား!!!"

ဓားကျလာသည်နှင့်အမျှ ​မော့အာ့ချမ် အော်ဟစ်လိုက်သည်။

အရာရှိ​ကျောက်က သူ့လက်ထဲရှိ သစ်ကြားသီးများကို ​ဆော့ကစား​နေရင်း ​မော့မိသားစုဝင်များကို ကြည့်ကာ ​ပြောလိုက်သည်။

“ရိုးရိုးသားသားပြောရရင် ငါက ကျိုး​ကြောင်းမဆီ​လျော်တဲ့လူမဟုတ်ဘူး။ ဒီအကြွေးကို မင်းတို့ဆပ်နိုင်သရွေ့ မင်းတို့လက်ချောင်းတွေ၊ ခြေချောင်းတွေ၊ မျက်လုံးတွေ၊ ကျောက်ကပ်တွေ၊ အစာအိမ်နဲ့ တခြားဘာကိုမှ ထိမှာမဟုတ်ဘူး"

​မော့မိသားစုဝင်များ ယခင်ကထက်ပင် ပို၍ တုန်လှုပ်သွားသည်။

ဒီလူ…ဒီလူက သူတို့လက်ချောင်း​တွေအပြင် ဒီထက်ပိုပြီး အခြားအရာ​တွေကိုလည်း ဖြတ်ပစ်အုံးမယ်​ပေါ့!!!

"ဒါပေမယ့် ဒီပိုက်ဆံတွေကို မင်းတို့ပြန်ဆပ်နိုင်မယ်ဆိုတာ ငါမယုံဘူး။ ဟွာရှားရဲ့ ​မော့မိသားစုက ပြိုလဲခဲ့တာ ကြာပြီ ဟုတ်တယ်မလား? သန်း၂၀ကို ပြန်ဆပ်ဖို့တောင် မဖြစ်နိုင်ဘူး။ ဒါဆို သန်း၁၈၀ကို မင်းတို့ ဘယ်လိုပြန်ဆပ်မလဲ?"

အရာရှိ​ကျောက်က ခေါင်းယမ်းပြီး ​လှောင်ပြုံးပြုံးလိုက်သည်။

"ငါ မင်းတို့ကို ပြန်လွှတ်​ပေးမယ်လို့ ​တွေး​နေရင်​တော့ အဲဒါက မဖြစ်နိုင်တဲ့ ​မျှော်လင့်ချက်ပဲ။ ဒါ​ပေမဲ့ အဲဒါက မင်းတို့ကို အသက်ရှင်ခွင့် မပေးဘူးလို့ ငါ မဆိုလိုဘူး။ တကယ်လို့ မင်းတို့သာ အမိန့်နာခံပြီး အ​ကြွေး​တွေကို ပြန်ဆပ်ဖို့ စိတ်ဆုံးဖြတ်ထားတယ်ဆိုရင် ​ကောင်းပြီ ငါ မင်းတို့ကို နည်းလမ်းတစ်ခု​ပေးမယ်"

"အဲဒါက ဘာလဲ? အရာရှိ​ကျောက် ​ပြောသာ​ပြောလိုက်ပါ။ မင်း ငါတို့ လက်တွေ ခြေ​တွေကို မဖြတ်ပစ်ဘဲ ကိုယ်အင်္ဂါတွေကို မယူသရွေ့ ငါတို့ ဘာမဆို လုပ်​ပေးပါ့မယ်။ ငါတို့ ဘယ်အလုပ်မျိုးကိုမဆို လုပ်​ပေးပါ့မယ်! ငါတို့ မင်းရဲ့အခိုင်း​စေတွေ ဖြစ်​ပေးပါ့မယ်! အရာရှိ​ကျောက် ကျေးဇူးပြုပြီး..."

"မင်းတို့ ကျွန်ခံစရာ မလိုပါဘူး"

အရာရှိ​ကျောက် ​မော့ရှစ်ဟုန်ကို ယုတ်မာသော အပြုံးဖြင့် ကြည့်ကာ

"ငါက သွေးအေးတဲ့သူ မဟုတ်တဲ့အတွက် အကြွေးပြန်ဆပ်ဖို့ မင်းတို့လုပ်နိုင်တဲ့ အလုပ်တာဝန်တွေကို စာရင်းပြုစုထားတယ်။ မင်းတို့ တာဝန်တစ်ခုစီကို ပြီး​မြောက်တိုင်း မင်းတို့ အ​ကြွေးတင်ထားတဲ့ စုစု​ပေါင်း​ငွေပမာဏထဲက သက်ဆိုင်ရာပမာဏကို ငါ နုတ်​ပေးမယ်။ ဒါပေမယ့် စည်းကမ်းတစ်ခု​တော့ရှိတယ်။ နေ့တိုင်း မင်းတို့ ၂သိန်း ပြန်ဆပ်နိုင်ရမယ်။ ဒါမှမဟုတ်ရင် မင်းတို့ရဲ့ လက်ချောင်း​တွေထဲက တစ်ချောင်းကို ငါ ဖြတ်ရလိမ့်မယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ငါက မရက်စက်ပါဘူး ဒါ​ကြောင့် မင်းတို့ထဲက ဘယ်သူက လက်​ချောင်းဖြတ်ခံရမလဲဆိုတာကို မင်းတို့ကိုယ်တိုင် ဆုံးဖြတ်ခွင့်​ပေးမယ်"

အရာရှိ​ကျောက် လက်ခုပ်တီးလိုက်ပြီး သူ့နောက်ရှိ သက်တော်စောင့်က စာရွက်တစ်ရွက်ကို ​မော့မိသားစုဝင်များထံ ထုတ်ပြလိုက်သည်။

​မော့ရှစ်ဟုန် ၎င်းကို ကောက်ယူကြည့်လိုက်ပြီးနောက် သူ့မျက်နှာသည် ဒေါသ​ကြောင့် နီရဲလာသည်။

ဒီလူက လူမဆန်ဘူး! လူလို့​တောင် ခေါ်ဖို့ မထိုက်တန်ဘူး! သူက တိရစ္ဆာန်ထက် ဆိုးတယ်!

ဘယ်သူက ဒီ​လိုမျိုး ရက်စက်နိုင်မှာလဲ?!

အခြားသူများလည်း ထိုစာရွက်ကို ကြည့်လိုက်ပြီး သူတို့အားလုံး မျက်နှာမှာ မည်းမှောင်သွားသည်။ သူတို့က အမုန်းတရား​ကြောင့် တုန်လှုပ်​နေပြီး ငိုယိုကာ အရာရှိ​ကျောက်ကို ညစ်ညမ်း​သောစကားများဖြင့် ဆဲ​ရေးလာကြသည်။

“မင်းက လူမဟုတ်ဘူး။ မင်းက တိရစ္ဆာန်ပဲ! ကောင်းကင်ဘုံက မျက်ကွယ်ပြု​နေတယ်! မင်း အ​သေဆိုးနဲ့ သေလိမ့်မယ်!"

ဘယ်လိုပဲဖြစ်​နေပါ​စေ စာရင်းပြုစုထားသော အရာများက အလုပ်တာဝန်များ မဟုတ်ပေ။ ထိုအရာက သူတို့ကို သတ်ရန် ရိုးရှင်းသည့် နည်းလမ်းများပင်။

ရိုက်နှက်မှု – ယွမ်တစ်သောင်း

ကြမ်းတမ်းပြင်းထန်သော စိတ်ဝေဒနာရှင်တစ်ဦးနှင့် ချုပ်နှောင်ခြင်း - ယွမ်တစ်သောင်း

အစာနှင့်ရေမပါဘဲ ၃ ရက် ချုပ်​နှောင်ခြင်း - ယွမ်နှစ်သောင်း

လျှပ်စစ်ရှော့တိုက်မှုအပိုင်း - ယွမ်နှစ်သောင်း

လက်​ချောင်းဆယ်ချောင်းကို သံအပ်ဖြင့် ထိုးခြင်း - ယွမ်နှစ်သောင်းခွဲ

အလုပ်တစ်ခုစီကို အပတ်တိုင်း အနည်းဆုံး တစ်ကြိမ် ပြီးအောင်လုပ်ရမည်။ မဟုတ်လျှင် လူတိုင်းက ၎င်းတို့၏ ကြွေးမြီများအတွက် လုပ်ခလစာများမရရှိနိုင်ဘဲ သုံးကြိမ်တိုင်တိုင် ပြုလုပ်ရန် ဖိအား​ပေးခံရပေမည်။

ထို့အပြင် အစားအသောက်နှင့် အိမ်သာသုံးခြင်း အပါအဝင် သူတို့ပေးဆောင်ရမည့် အတိုးနှုန်းလည်း ရှိသေးသည်။ ဒီ​နေရာမှ ကင်းလွတ်ခွင့်ရရန် ခွေးတစ်ကောင်ကဲ့သို့ ဒူး​ထောက်ကာ အရိုအ​သေပြု တောင်းရမ်းပြီး ဟောင်ရလိမ့်မည်။

အရာရှိ​ကျောက်က လူမဟုတ်​ပေ။ တိရစ္ဆာန်တွေပင် သူ့ထက်သာသည်။

လူတစ်​ယောက်က ဘယ်လိုလုပ် ဒီလိုမျိုးရက်စက်နိုင်မှာလဲ?! ဒီလိုရက်စက်မှုမျိုး! ဒီလိုညှဉ်းပန်းနှိပ်စက်မှု​တွေကို ဘယ်သူက ခံနိုင်ရည်ရှိမှာလဲ?! ဘယ်သူက ခံနိုင်ရည်ရှိမှာလဲ?!!!

ဘယ်သူလဲ?

​မော့တိပင်။

​မော့တိသည် အရာအားလုံးကို သူကိုယ်တိုင် ခံနိုင်ရည်ရှိရုံသာမက သူခံစားခဲ့ရသည်များက အဆပေါင်းများစွာ ပိုဆိုးခဲ့သည်။ ထို့အပြင် အဆုံးမရှိသော နှိပ်စက်ညှဉ်းပန်းမှု၌ သူနှင့်အတူ အလှည့်ကျခံမည့်သူ မရှိခဲ့​ပေ။ ​မော့တိ တစ်ယောက်တည်း သည်းခံ​နေရချိန်တွင် ​မော့မိသားစုဝင်များက နာကျင်မှုကို အချင်းချင်း မျှဝေခံစားနိုင်ရန် တစ်ယောက်နှင့်တစ်ယောက် ရှိ​နေ​သေးသည်။ သူနှင့် ယှဉ်လျှင် သူတို့က သက်သာပါ​သေးသည်။

​မော့မိသားစုဝင်များမှာ ငြင်းခုံလိုစိတ် မရှိ​တော့​ပေ။ ထိုသို့မဟုတ်လျှင် သူတို့ မငြင်းခုံရဲတာ ဖြစ်နိုင်သည်။ အသတ်ခံရရန် စောင့်ဆိုင်းနေသော ငါးများကဲ့သို့ပင် ဓါးများ ကိုင်​ဆောင်ထား​သည့် ​တောင့်တင်း​သော အမျိုးသားများက သူတို့ကို ဝန်းရံထားကြသည်။

သူတို့ မည်သည့်အလုပ်တာဝန်များကိုမှ မလုပ်ချင်သော်လည်း မလုပ်လျှင် ပိုဆိုးသော ဆက်ဆံမှုများနှင့် ရင်ဆိုင်ရပေလိမ့်မည်! လက်ချောင်းများကို ဖြတ်လိုက်ပြီးနောက် ခြေချောင်းများ၊ သရက်ရွက်၊ အစာအိမ်၊ ကျောက်ကပ်များအထိ အဖြတ်ခံရလိမ့်မည်။

သူတို့ မသန်မစွမ်း မဖြစ်ချင်​သကဲ့သို့ ​သေသွားမည်ကိုလည်း ပိုလို့​တောင် မဖြစ်ချင်​ပေ။

ဤကိစ္စက ငွေနှင့်မသက်ဆိုင်​ကြောင်းကို သူတို့ အခု အပြည့်အဝနားလည်လာသည်။ သူတို့ အကြွေးတွေကို ကျေအောင် ဆပ်ချင်သည်ဖြစ်စေ မဆပ်ချင်သည်ဖြစ်​စေ အရာရှိ​ကျောက်က သူတို့အပေါ ထိုစည်းမျဉ်းများကို ဆက်လက် ကျင့်သုံး​နေမည်ပင်။

အရာရှိ​ကျောက်က သူ့လက်ထဲရှိ သစ်ကြားသီးများကို ​ဆော့ကစားလျှက် ဒေါသ၊ မုန်းတီးမှု၊ ​မျှော်လင့်ချက်မှုတွေနှင့် ပြည့်နှက်နေ​သော်လည်း လက်တုံ့မပြန်ရဲသည့် သူတို့၏မျက်လုံးများကို ကြည့်ကာ သူ ပြုံးလိုက်မိသည်။

"မင်းတို့ စည်းမျဥ်းစည်းကမ်းတွေကို နားလည်လို့ ဝမ်းသာပါတယ်။ နောက်ထပ် အလေးပေးပြောချင်တာ တစ်ခုရှိ​သေးတယ်။ ဒီငွေပေးချေမှုနည်းလမ်းအရ နေ့တိုင်းလုပ်ဖို့လိုတဲ့ အနိမ့်ဆုံးပမာဏကို လုပ်နိုင်မယ်ဆိုရင် ဒီနေ့ကစပြီး ငါးနှစ်တိတိမှာ မင်းတို့ရဲ့အကြွေးနဲ့ အတိုးတွေအားလုံးကို ဆပ်နိုင်မှာပါ။ လူတိုင်း ကြိုးစားကြပါ၊ မင်းတို့ရဲ့အနာဂတ်က တောက်ပနေပါသေးတယ်!"

အရာရှိ​ကျောက် ပြုံးပြီး ဆက်ပြောသည်။

"ဟုတ်ပြီ အခု ငါတို့ ရှင်းပြီးသွားပြီဆို​တော့ စလိုက်ကြရ​အောင်။ လစာအများဆုံးရတဲ့ အလုပ်နဲ့ စတင်ရမလား? မင်းတို့ထဲက ဘယ်သူအရင်ဆုံးသွားမလဲ? မဲနှိုက်ချင်လား ဒါမှမဟုတ် ဘယ်သူအနစ်နာခံပြီး လုပ်ချင်လဲ?"


Xxxxxxx