အပိုင်း ၁၆၈
Viewers 28k

Chapter 168



မိုက်မဲသည့် ​ခွေး​ပေါက်​လေးကဲ့သို့ ပြုမူ​နေသည့် အရပ်ရှည်ပြီး လူ​ကောင်းကြီးသည့် လိုင်သယ်စစ်ကို ကြည့်ပြီး ​ပျော်ရွှင်ချိုမြိန်မှုကို စုန့်ယွီ မခံစားရဘဲ မ​နေနိုင်​ပေ။ သူ ပြုံးကာ ​ပြောလိုက်သည်။

"အို​ကေ"

လိုင်သယ်စစ်နှင့် ရင်းနှီးလား ထို့အပြင် သူ တက္ကသိုလ်တက်​နေစဥ် ​​နေ့တိုင်း သူ့ကို တိတ်တဆိတ်​ စောင့်ကြည့်​နေသည့်သူကို မှတ်မိလားဟု ​မော့တိ ​မေးသည့်အချိန်တိုင်း လိုင်စယ်စစ်နှင့် ပတ်သက်သည့်အ​တွေးများ စုန့်ယွီတွင် အများကြီး ရှိခဲ့သည်။ ရှောင်တိ သူ့ကို တစ်ခုခု အရိပ်အမြွက်​ပေး​နေတာလား။

ထို့​နောက် ဘတ်စကက်ဘောကွင်း၌ အမြဲရှိနေတတ်ပြီး သူ့ကို တစ်နှစ်လောက် စောင့်ကြည့်နေခဲ့သည့် ဆံပင်အနီနှင့်တစ်​ယောက်အကြောင်းကို စုန့်ယွီ ပြန်အမှတ်ရသွားသည်။ ထိုအကြောင်းကို သူ ပိုတွေးလေလေ လိုင်သယ်စစ်သည် ထိုကောင်လေးနှင့် အတော်လေး ဆင်တူကြောင်း သူ ပိုသိလာလေလေဖြစ်သည်။

စုန့်ယွီ သူ့၏သံသယနှင့် ပတ်သက်ပြီး ​မော့တိကို ပြောခဲ့​ပြီး သူ​ပြောသည်များကို ဟုတ်မှန်​ကြောင်း မော့တိ အတည်မပြု​ ပေးခဲ့​သော်လည်း ငြင်းဆိုခြင်းလည်း မပြုလုပ်ခဲ့​ပေ။ ​မော့တိ၏ နားလည်ရခက်သော သွယ်ဝိုက်​ပြောဆိုမှုများအောက်တွင် လိုင်သယ်စစ် စတင်ထွက်​ပေါ်လာသည့်​နေရာကို စုန့်ယွီ နောက်ဆုံးတွင် သိရှိသွားခဲ့သည်။ စုန့်ယွီ လိုင်သယ်စစ်၏ ပိုးပန်းမှုများကို ငြင်းဆိုခြင်း မပြု​တော့ဘဲ သူ့အား တဖြည်းဖြည်းနှင့် ဖွင့်ဟလက်ခံလာခဲ့သည်။

စုန့်ယွီ၏ တစ်ခုတည်းသော အံ့အားသင့်မှုသည် လိုင်သယ်စစ်ကို ကြည့်လိုက်သည့်အခါ လွန်ခဲ့သည့်နှစ်များစွာမှ ကောင်လေးကဲ့သို့ပင် သူ့မျက်လုံးထဲတွင် တူညီသော ​တောက်ပမှုများ ရှိနေဆဲဖြစ်သည်။ ထို့အပြင် အရင်တုန်းကကဲ့သို့ပင် ထိုသူက မိုက်မဲပြီး သစ္စာရှိသည့် Tibetan Mastiff ​(တိဘက်အိမ်စောင့်ခွေးကြီးမျိုး) တစ်ကောင်ကဲ့သို့ သူ့ရှေ့​ရောက်သည့်အခါ ရှက်နေတုန်းပင်။

သူတို့ အပြန်အလှန် ​ပြောဆိုဆက်ဆံသည့်အချိန်တိုင်း လိုင်သယ်စစ်က တက်ကြွ​နေပုံ​ပေါ်​သော်လည်း နောက်ထပ်ခြေတစ်လှမ်း ဆက်လှမ်းရန် စိုးရိမ်ပူပန်​နေတတ်သည်။ တစ်ခါတစ်ရံတွင် လိုင်သယ်စစ်၏နောက်ကျော၌ အမြီးတစ်ချောင်းရှိ​နေလားဟု သူ တွေးမိသည်။ ထိုကဲ့သို့ ရှိမ​နေဘူးဆိုလျှင် သူ ​သေချာ​ပေါက် အမြီးပျောက်​နေတာ ဖြစ်ရမည်။

ရူးနှမ်းလွန်းသည့် သူပါ​ပေ။

...........

မော့တိ ခရီးဆောင်အိတ်ကိုသယ်ပြီး အိမ်မပြန်မီ သူ၏ စာမေးပွဲအားလုံးကို အဆင်​ပြေ​ပြေ အလွယ်တကူ ​ဖြေဆိုနိုင်ခဲ့​သော​ကြောင့်စာမေးပွဲရက်သတ္တပတ်မှာ ​ လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။

လှပသည့် နွေရာသီ အားလပ်ရက်ကို ရောက်လာ​ပေပြီ။

​မော့တိ သူ့အားလပ်ရက်များကို မည်ကဲ့သို့ဖြတ်သန်းရမည်ဆိုသည့်အ​ကြောင်းကို စဥ်းစားထားပြီးသားပင်။

မနက်ခင်းတွင် မုထျန်းဟန်နှင့်အတူ အိပ်ရာထပြီး အတူတူ ပြေးမည်။ မနက်စာ အတူတူစားမည်။ ထို့အပြင် အလုပ်ကိုလည်း အတူတူသွားကြမည်။ အလုပ်မှာ နေ့လယ်စာ အတူစားပြီး အလုပ်ပြီးရင် အတူတူ အိမ်ပြန်ကြမည်။ အိမ်တွင် စကားစမြည်​ပြောပြီး နမ်းရှုံကာ ​ပွေ့ဖက်ကြမည်။

အတွေးသက်သက်မျှသည် ပြီးပြည့်စုံလှ​ပေသည်။

​မော့တိ မရှက်ဘဲ မ​နေနိုင်​ပေ။

မုထျန်းဟန်သည်လည်း ထိုကဲ့သို့ ​တွေး​နေ​သော်လည်း နောက်ထပ် 'တက်ကြွသည့် လှုပ်ရှားမှုများ' အ​ကြောင်းကိုလည်း ဆက်​တွေး​နေ​ပေ​သေးသည်။ နောက်ဆုံးတွင် သားရဲအိုကြီးက တစ်ကြိမ်မျှ အရသာခံပြီးသည်နှင့် သူ၏စား​သောက်လို​သော အာသီသကို ချိုးနှိမ်ထားရန် ခဲယဉ်းလှသည်။

ရှန့်ယွီ​ချောင်နှင့် အခြားသူများက နွေရာသီ အားလပ်ရက်အတွက် အိမ်မပြန်ခဲ့ကြပေ။ သူတို့အားလုံးက ​မော့တိ ခေါ်ယူထားသော အဖွဲ့ဝင်အသစ်များနှင့်အတူ မုထျန်းဟန်နှင့် ​မော့တိ စီစဉ်ပေးသော ရုံးတွင် အလုပ်လုပ်ခဲ့ကြသည်။ ထိုသို့ဖြင့် သူ့ကုမ္ပဏီသည်လည်း လမ်းကြောင်းမှန်ပေါ်ရောက်ရှိလာ​ပေသည်။

ဇူလိုင်လ ၁၅ ရက်နေ့တွင် အဆုံးမဲ့ဘဝ´ကို ဈေးကွက်သို့ တရားဝင်​တင်သွင်းခဲ့သည်။ ဂိမ်းပြိုင်ပွဲမှ ကစားသမားဟောင်းများမပါလျင်ပင် ဂိမ်းသို့ဝင်ရောက်​သော ကစားသမားအသစ်အရေအတွက်သည် သန်းနှစ်ရာကျော်ရှိခဲ့သည်။ အရေအတွက်တစ်ခုတည်းနှင့် ဂိမ်းအသစ်အတွက် လော့ဂ်အင်ဝင်မှု အများဆုံးစံချိန်ကို ချိုးဖျက်သွားပြီး ဆက်လက်မြင့်တက်လာလျှက်ရှိသည်။ စတင်ပြီး တစ်လအကြာတွင်ပင် အဆုံးမဲ့ဘဝ´က အပတ်စဉ်ရက်များတွင် အကောင့်ဝင်သူ သန်းသုံးရာခုနစ်ဆယ်ရှိပြီး စနေ၊ တနင်္ဂနွေရက်များတွင် သန်းလေးရာကျော်ထိရှိလာခဲ့သည်။

'အဆုံးမဲ့ဘဝ` မှာ ဟွာရှားတွင် လူကြိုက်အများဆုံးဂိမ်းဖြစ်လာပြီး ၎င်း၏ပြိုင်ဘက်များထက် အပြတ်အသတ် သာလွန်​ကောင်းမွန်သည်မှာ သံသယဖြစ်ဖွယ်မရှိ​ပေ။ မော့တိ၏ကုမ္ပဏီအတွက် အဆုံးမဲ့ဘဝ ၏အောင်မြင်မှု အကန့်အသတ်မရှိသည့် တိုးတက်မှု အလားအလာနှင့်အတူ ဂိမ်းနယ်ပယ်၏ ရှေ့တန်းသို့ ထိုး​ဖောက်ဝင်ရောက်လာသည့်အပြင် အကြီးမားဆုံး ဆွဲ​ဆောင်မှုနှင့်အတူ ​ဈေးကွက်အတွင်းသို့ အလွယ်တကူ ဝင်​ရောက်​နိုင်ခဲ့သည်။

ဂိမ်း၏ပွဲဦးထွက် ပထမဆုံးလအပြီးတွင် မော့တိသည် သူ၏ကိုယ်ပိုင်စုငွေများကို အသုံးပြုပြီး လူတိုင်းအတွက် အထိမ်းအမှတ်ပါတီတစ်ခုကို ရက်ရက်ရောရော ကျင်းပ​ပေးခဲ့သည်။ သူတို့ကို မြို့ပြင်ရှိ ကြီးမားသော အပန်းဖြေစခန်းတွင် ရက်အနည်းငယ်ကြာ တည်းခိုနေထိုင်ခွင့် ​ပေးခဲ့သည်။ ထို့အပြင် ​မော့တိက သူတို့တစ်ဦးချင်းစီအား များပြား​သော အပိုဆုကြေးငွေနှင့် လစာခံစားခွင့်ရှိသည့် ခွင့်ရက်သတ္တပတ်ကိုလည်း အပိုထပ်​ဆောင်းပေးခဲ့သည်။

ထိုသို့​သော အကျိုးခံစားခွင့်များသည် ရှန့်ယွီ​ချောင်ကဲ့သို့ အခြား​ကျောင်းသားများအတွက် အလွန်​ကောင်းမွန်သည်ဟု မထင်ရ​သော်လည်း ဤနယ်ပယ်တွင် နှစ်​ပေါင်းများစွာ လုပ်ကိုင်ခဲ့ဖူး​သော ​ကျောက်ချွင်နှင့် အခြားသူများအတွက်မူ အလွန် ဝမ်းသာသွားကြသည်။ သူမ ဝမ်းသာအားရ အော်ဟစ်လိုက်ပြီး ​မော့တိကို တင်းကျပ်စွာ ပွေ့ဖက်ထားလိုက်သည်။

ဤကဲ့သို့ အကျိုးခံစားခွင့်​ပေးခြင်းက ရည်ရွယ်ချက်မရှိဘဲ အ​ကြောင်းမဲ့သက်သက်ပေးခြင်း မဟုတ်​သော​ကြောင့် ​မော့တိ အနည်းငယ် အပြစ်ရှိသလို ခံစားရသည်။ နွေရာသီအားလပ်ရက်က ကုန်ဆုံးတော့မည်ဖြစ်သည့်အပြင် သူနှင့် မုထျန်းဟန်တို့သည် အတူတကွ မည်သည့်​နေရာကိုမှ ခရီးမထွက်ဖြစ်​၍ ပျင်းနေကြ​သော်လည်း ​သေးငယ်​သော အချိန်ပမာဏအထိ စက္ကန့်မလပ် အတူတူ အချိန်ကုန်ဆုံးနိုင်လိမ့်မည်။ သူတို့၏ အလုပ်များသည့်နေ့များ ပြန်မစမီ နိုင်ငံရပ်ခြားသို့ ခရီးသွား၍ အနည်းဆုံး ရက်အနည်းငယ်​လောက် အချိန်မဖြုန်းနိုင်လျှင် သနားစရာ​ကောင်း​ပေလိမ့်ည်။

သူ့ရန်သူများမရှိတော့သည့်အပြင် သူ့၏အသက်မွေးဝမ်းကြောင်းအလုပ်သည်လည်း တဖြည်းဖြည်းတိုးတက်လာသည်နဲ့အမျှ ​မော့တိ သူ၏လက်ရှိဘဝကို အရမ်းကျေနပ်​နေသည်။ သူ့တွင် သူငယ်ချင်းကောင်းတွေရှိပြီး အရေးအကြီးဆုံးအချက်သည် ပြီးပြည့်စုံသည့်ချစ်သူတစ်​ယောက်လည်း ရှိ​သည်။ မုထျန်းဟန်နှင့် သူ၏ချစ်သူဘ၀သို့ ရောက်ရှိလာသည့်အခါ ​မော့တိ နောင်တ မရချင်တော့သည့်အပြင် သူ့နှလုံးသားထဲရှိ မုထျန်းဟန်၏​နေရာ​လောက် မည့်သည့်အရာကမျှ သာလွန်အ​ရေးပါမ​နေ​ပေ။

မုထျန်းဟန် သူ့အလုပ်အချိန်ဇယားနှင့် ပတ်သက်၍ အကြိမ်ပေါင်းများစွာ မေးမြန်းခဲ့ပြီး​နောက် သူနှင့်အတူ အမေရိကကို သွားလို့ရလျှင် မုထျန်းဟန် သွားချင်​သော်လည်း ​မော့တိ အလုပ်ကို မထိခိုက်စေချင်ဘူးဆိုသည်ကိုမော့တိ နားလည်ပါသည်။ သို့​သော် ပြီးပြည့်စုံ​သော ချစ်သူမဖြစ်နိုင်လျှင် အဘယ်မှာ အသုံးဝင်တော့မည်နည်း။ ထိုကဲ့သို့ တစ်ဖက်သားအ​ပေါ် စာနာနားလည်​ပေးနိုင်သည့်လက်တွဲဖော်ကို သူ ဘယ်လိုလုပ် စိတ်ပျက်​​စေနိုင်မည်နည်း။ ထို့ကြောင့် သူ မုထျန်းဟန်နှင့်အတူ အမေရိကသို့ လိုက်သွားရန်လစာခံစားခွင့်ရှိသည့် ခွင့်ရက်သတ္တပတ်ကို စီစဉ်​​ပေးခဲ့သည်။ ထိုခရီးကို သူတို့၏ ပထမဆုံးအကြိမ် ပျားရည်ဆမ်းခရီးအဖြစ် ယူဆနိုင်သည်။

​မော့တိ လာမည့်နေ့များအကြောင်း တိတ်တဆိတ်တွေးရင်း ကြည်နူးနေမိသည်။

ပါတီပွဲအပြီးတွင် ​မော့တိ မုထျန်းဟန်အား တစ်ပတ်တာအားလပ်ရက်အကြောင်း ပြောပြသောအခါတွင် သူ အစပိုင်းတွင် အံ့အားသင့်သွားခဲ့သော်လည်း ​မော့တိ အဘယ်ကြောင့် ထိုကဲ့သို့ ဆုံးဖြတ်ချက်ချခဲ့သည်ကို လျင်မြန်စွာ သဘောပေါက်သွားခဲ့သည်။ မုထျန်းဟန်၏နှလုံးသားများ အရည်ပျော်သွားသည်။ ​မော့တိကို သူ့အပိုင်အဖြစ် တရားဝင် သတ်မှတ်ရန် အချိန်ရောက်ပြီဟု သူခံစားမိသည်။

သူ သူ့ကိုယ်သူ သဝန်တိုတက်သည့်သူမျိုးဟု ဘယ်​သောအခါကမှ မသတ်မှတ်ခဲ့​သော်လည်း ​နောက်ပိုင်းတွင် သူ့ကလေးကို သူ့ဘေး၌ ချည်နှောင်ထားချင်​သောဆန္ဒများ အခြေအနေများနှင့် ကြုံတွေ့ရ​​သောအခါ သူကိုယ်တိုင် နားလည်သ​ဘော​ပေါက်လာခဲ့သောကြောင့် တခြားသူတို့ကို မပြောလို​ပေ။ ယခုလတစ်လတည်းမှာပင် ​မော့တိက ငယ်ငယ်ရွယ်ရွယ် တက်တက်ကြွကြွ​ရှိသော ​နောက်လိုက်လူအသစ်အုပ်စု တစ်ခုလုံးကို သူ၏ကုမ္ပဏီထဲသို့ ခေါ်ယူခဲ့သည်။

သူ့ကလေး​လေးမှာ ​အရွယ်​ရောက်လာပြီး ရင်ကျက်လာ​ပေပြီ။ ပထမတန်းစား အသွင်အပြင်နှင့် ပင်ကိုယ်စရိုက်ရှိသည့်အပြင် ​မော့တိတွင် အရည်အချင်းရှိပြီး အလားအလာရှိသည့် အသက်မွေးဝမ်းကြောင်းလည်း ရှိသည်။ ညစာစားပွဲသို့ ဖိတ်ခေါ်ခံရသည့်အချိန်တိုင်း သူက အထင်ကြီးလေးစားသူများ၏ အာရုံစူးစိုက်မှုများကို နှိုးဆွပေးနိုင်သည်။ ယောက်ျားဖြစ်​စေ မိန်းမဖြစ်​စေ သူတို့သည် သိသာထင်ရှားသည့် ပရောပရီလုပ်မှုနှင့်အတူ ​မော့တိကို ​မြှောက်ပင့်​ပြောဆိုခဲ့ကြသည်။ သူတို့က ​မော့တိထံမှ ချက်ချင်း ငြင်းပယ်မှုကို ခံရခြင်း သို့မဟုတ် တိတ်တဆိတ် 'ဖြေရှင်းခြင်း' ကို ခံခဲ့ရသော်လည်း မုထျန်းဟန် စိတ်မပူပန်ဘဲ မ​နေနိုင်​ပေ။

မုထျန်းဟန် ​မော့တိကို သူ့ရင်ခွင်ထဲ ပွေ့ဖက်လိုက်ပြီး အချိန်ကို အမြန်တွက်ချက်လိုက်သည်။

"ကိုယ် လောလောဆယ် အလုပ်မရှုပ်ဘူး ပြီး​တော့ လေးရက်ကနေ ငါးရက်လောက်အထိ အနားယူလို့ရတယ်။ ကိုယ်တို့ အမေရိကားက ကိုယ့်အိမ်ကို ရက်ပိုင်းလောက် ပြန်သွားကြမလား”

မုထျန်းဟန် ​မော့တိ၏နားရွက်ကို နမ်းကာ မေးလိုက်သည်။

"အင်း"

​မော့တိ ​သေချာ​ပေါက် လိုလားစွာပင် သဘောတူလိုက်သည်။ သူ မုထျန်းဟန်ကို ပြုံးကာ မော့ကြည့်လိုက်​သော်လည်း သူ့အသံတွင် စိုးရိမ်ပူပန်သည့် အရိပ်အမြွက်များပါရှိ​နေ​လေသည်။

"ကိုကို့မိဘတွေနဲ့ တွေ့ဖို့ ကျွန်​တော့်ကို အိမ်ခေါ်သွားမလား"

"ကိုယ့်မိဘ အစ်မ​တွေနဲ့ မင်းကို တွေ့​စေချင်ပေမယ့် ကိုယ်တို့ခရီးစဉ်ရဲ့ အဓိကအကြောင်းရင်းက ပျော်ရွှင်ရဖို့ပဲ။ ကိုယ့်မိဘတွေဆီ သွားမလည်ခင် ကိုယ်တို့အိမ်မှာ အချိန်နည်းနည်း​လောက် ဖြုန်းကြမယ်"

မုထျန်းဟန် သူ့၏ လျှို့ဝှက်ထားသည့်အတွေးများကို ထုတ်မပြခဲ့​ပေ။ သူ​ မော့တိ၏ပါးများကို ပွတ်သပ်ပြီး ပြုံးရွှင်စွာ ​ပြောလိုက်သည်။

“မင်း စိတ်ပူနေစရာမလိုပါဘူး။ မင်းရဲ့ပုံကို သူတို့​​တွေ့ပြီးပြီ။ မင်းကို အရှေ့အရပ်က အလှ​လေးလို့​တောင် သူတို့အားလုံးက ပြောကြတယ်"

​မော့တိ ချီးကျူးစကားကြောင့် ရှက်သွားပြီး

“ကိုကို အဲဒီစကားက ကိုယ့်ဟာကိုယ် ပြန်ပြင်ပြီး ​ပြောလိုက်တာမလား"

"မဟုတ်ပါဘူး။ ကိုယ်ပြောသမျှ အကုန်လုံးက အမှန်​တွေချည်းပဲ။ ပြီး​တော့ မင်းရဲ့ အရည်အချင်းက ကိုယ့်ထက်တောင် ကျော်လွန်နေပြီလို့လည်း သူတို့က ပြောကြ​သေးတယ်။ ကိုယ် တက္ကသိုလ် ပထမနှစ်တက်တုန်းက ကိုယ့်ကုမ္ပဏီကို စ​ထောင်ခဲ့တာ မဟုတ်ဘူး။ ဒါ​ပေမဲ့ မင်းကို ပြန်ကြည့်လိုက်အုံး မင်းက ဟွာရှားရဲ့ ဂိမ်းနယ်ပယ်မှာ ထင်ရှားတဲ့ သူတစ်ယောက် ဖြစ်လာ​နေပြီ"

​မော့တိ ရှက်ကိုးရှက်ကန်းနှင့် ရှုံးနိမ့်သွားသလို ခံစားရသည်။ ​မော့တိ ဖြစ်ညှစ် ရယ်လိုက်ပြီး သူ့ခေါင်းကို မုထျန်းဟန်၏လည်ပင်းတွင် မြှုပ်လိုက်သည်။

"ဒါဆို ကျွန်​တော်တို့ ကျွန်​တော်တို့အိမ်ကို သွားမယ်။ ပြီးမှ ဦးလေးနဲ့ အဒေါ်ဆီ သွားလည်မလား"

"ဟုတ်ပြီ ကိုယ်တို့အိမ်ကို အရင်သွားမယ်"

မုထျန်းဟန် တစ်ခုခုကို တွေးမိပြီး ​မော့တိ၏ခါးကို တင်းကြပ်စွာ ဖက်ထားရင်း

“ဒါက မင်းရွေးထားတဲ့ တိုက်ခန်းငယ်လေး​လေ။ အတွင်းပိုင်းကတော့ မြင်တဲ့အတိုင်းပဲ။ ဒီမှာ ဝယ်ထားတဲ့ အိမ်အတွက် အလှဆင်ခဲ့သလိုမျိုး ဟိုက အိမ်ကိုလည်း ကိုယ်တို့ ကြိုက်တဲ့အချိန် အလှဆင်လို့ရတယ်။ မင်း​ရော ဘယ်လို​တွေးထားလဲ"

"မလိုပါဘူး။ ဒီပုံစံအတိုင်းကို ကျွန်​တော် တော်တော်သ​ဘောကျ​နေပြီ"

သူ့လည်ပင်းတွင် မော့တိ၏ အသက်ရှူသံကို ခံစားလိုက်ရ​သော​ကြောင့် မုထျန်းဟန် အနည်းယားယံသွား​သော်လည်း ​မော့တိ၏ ​နောက်ထပ်စကား​က သူ့နှလုံးသားကို တုန်လှုပ်သွား​စေသည်။

"တကယ်တော့ ဒီအိမ်ကြီးကို စ​တွေ့လိုက်တုန်းက တနည်းနည်းနဲ့ ရင်းနှီးတဲ့ခံစားချက်မျိုး ကျွန်​တော် ခံစားရတယ်"

​မော့တိ ပြုံးပြီး ပြောလိုက်သည်။

“ကျွန်​တော့်ရဲ့ အရင်ဘဝတုန်းက အဲဒီနေရာကို ရောက်ဖူး​နေသလို ခံစားရတယ်။ သက်​တောင့်သက်သာရှိပြီး အရမ်းရင်းနှီးသလို ခံစားရတယ်။ ပရိဘောဂတွေက အရမ်းကောင်းတဲ့ပုံပါပဲ အပြောင်းအလဲလုပ်စရာ မလိုပါဘူး။ ကိုကို ကိုကို့ရဲ့ အနုပညာဆန်တဲ့ ခံစားချက်​တွေကို ယုံကြည်မှုရှိစမ်းပါ..."

​မော့တိ တခြားမည်သည့်အရာကိုမျှ ပြန်မပြောနိုင်ခင် သူ့ကို ​ပွေ့ဖက်ထားသည့် မုထျန်းဟန်၏လက်များ ရုတ်တရက် တင်းကြပ်သွားသည်။

​မော့တိ သူ့ကို လှည့်ကြည့်လိုက်ပြီး မုထျန်းဟန်၏ နှာခေါင်းကို ဖိကာ

"ကိုကို ကျွန်​တော့်ကို ကြောက်​အောင် လုပ်​နေတယ်ပေါ့"

မုထျန်းဟန် ​မော့တိကို ပို၍ပင် တင်းကြပ်စွာ ပွေ့ဖက်ထားလိုက်ပြီး ခေါင်းငုံ့ကာ နမ်းလိုက်သည်။ နောက်ဆုံးတွင် သူ့စိတ်တွေ ရှုပ်​ထွေးသွားသည်အထိ ​မော့တိ အနမ်းခံလိုက်ရသည်။ တစ်ချိန်တည်း၌ပင် မုထျန်းဟန် သူ့ကို အိပ်ခန်းထဲသို့ ခေါ်​ဆောင်သွား​သော​ကြောင့် သူ မေးချင်သည့်အရာများကို မေ့သွားခဲ့ရသည်။

…..

ငါးရက်အကြာတွင် ​မော့တိက သူ့ကိုကိုနှင့် ပထမဆုံးအကြိမ် အပန်းဖြေခရီးထွက်ရ​သည့် စိတ်လှုပ်ရှားနေသော ကလေးငယ်တစ်ဦးကဲ့သို့ပင်ဖြစ်​နေသည်။ အမေရိကရှိ သူ့ဗီလာသို့သွားရန် မုထျန်းဟန်၏နောက်မှ သူ၏ ခရီးဆောင်အိတ်များကို ဆွဲကာ လိုက်ပါသွားသည်။

အပြင်ဘက်မှ​ကြည့်ရသည်ကပင် ​မော့တိ ဗီလာကို အမှန်တကယ် အရမ်းသဘောကျနှစ်သက်သည်။ ဗီလာအရှေ့ပန်းခြံထဲရှိ ပန်းများသည်လည်း အလွန်များပြားလှသည်။ ပန်းများမှာ တစုတစည်းတည်း စု​ဝေး​ပေါက်​ရောက်​နေကြပြီး သက်ဝင်လှုပ်ရှားပြီး နွေးထွေးမှုအပြည့်ရှိ​သော လှပသည့် ရှုခင်းတစ်ခုကဲ့သို့ ဖန်တီးထားကြသည်။

ထို့အပြင် ဤနေရာနှင့် ရင်းနှီးကျွမ်းဝင်သည့် ​မော့တိ၏ခံစားချက်တို့သည် ပို၍ အားကောင်းလာသည်။ တစ်ချိန်တုန်းက သူ ထို​နေရာတွင် နေခဲ့ဖူးသလိုပင်။

"အထဲ ဝင်ကြစို့”

မုထျန်းဟန် ​မော့တိ၏ ခရီးဆောင်အိတ်ကို ဆွဲယူပြီး ​ပြောလိုက်သည်။

“ဒီနေရာကို သန့်ရှင်းရေးအဖွဲ့သားတွေက ထိန်းသိမ်း​​ပေးထားပေမယ့် နောက်ရက်အနည်းငယ်ကြာတဲ့အထိ ကိုယ်တို့ကို မနှောင့်ယှက်ဖို့ သူတို့ကို ကိုယ် အ​ဝေးပို့လိုက်ပြီ"

"အင်း”

ထိုအရာမှာ ​မော့တိ လိုချင်သည့်အရာ အတိအကျပင်။ အိမ်အနီးတဝိုက်တွင် သူစိမ်းများ ရှိ​နေခြင်းကို သူ မကြိုက်​ပေ။

မုထျန်းဟန်နှင့် အတူ ခြံဝင်းထဲသို့ လမ်းလျှောက်လာရင်း အပြာရောင် အပန်း​ဖြေအ​ဆောက်အအုံတစ်ခုသည် သူ့မျက်လုံးများကို ဖမ်းစားသွားသည်။ သူ မုထျန်းဟန်၏လက်ကို ဆုပ်ကိုင်ပြီး ထို​နေရာဆီသို့ ပြေးသွားခဲ့သည်။

"ကိုကို ဒီနေရာ​လေးက လှလိုက်တာ။ ကျွန်​တော် ဓါတ်ပုံတွေထဲမှာ မြင်လိုက်ကတည်းက လက်ဖက်ရည်​လေးသောက်ပြီး စစ်တုရင်ကစားဖို့ လာချင်​နေခဲ့တာ"

​မော့တိ အပန်း​ဖြေ အဆောက်အအုံထဲရှိ ခုံတန်းလျား​ပေါ်တွင် ​ခေတ္တခဏ ထိုင်နေခဲ့သော်လည်း သူ အကြာကြီး ငြိမ်ငြိမ်​လေး ထိုင်မနေနိုင်ပေ။ ပန်းဥယျာဉ်ကိုကြည့်ရန် ဘယ်ဘက်ကိုလှည့်ပြီး နံရံပေါ်ရှိ နံရံပန်းချီကားကိုကြည့်ရန် ညာဘက်သို့ လှည့်ကြည့်လိုက်သည်။... ထိုမြင်ကွင်းက သူတို့၏ အတိတ်ဘဝမှ မုထျန်းဟန်၏ မှတ်ဥာဏ်အချို့နှင့် တဖြည်းဖြည်း ထပ်တူကျသွားသည်။

မုထျန်းဟန် ထိုင်လိုက်ပြီး သူ့မျက်နှာ​ပေါ်တွင် နူးညံ့​သောအပြုံး၊ မျက်လုံးများထဲတွင် မှိန်​ဖျော့​သော ​တောက်ပမှုနှင့်အတူ ​မော့တိကို မြတ်နိုးစွာဖြင့် ကြည့်လိုက်သည်။

အမှန်တကယ်တွင် မုထျန်းဟန် ဤနေရာကို သူတို့၏အိမ်အဖြစ် မသတ်မှတ်ချင်ခဲ့​ပေ။ ဤ​နေရာတွင်ရှိနေစဉ် သူတို့အတိတ်ဘဝများ၏ နှောင်းပိုင်းမှတ်ဥာဏ်များကို ပြန်အမှတ်မရမိဘဲ မ​နေနိုင်​ပေ။ ရိုးရိုးသားသားဆိုရလျှင် ထိုမှတ်ဥာဏ်များက သူ့အတွက် အလွန် နာကျင်စရာ​ကောင်းလှပြီး တစ်ခါတရံ သူ့ကို မျှော်လင့်ချက်ကင်းမဲ့ပြီး စိတ်ပျက်အားငယ်သွားစေနိုင်သည့် ခံစားမှုမျိုးကို ​​ပေးစွမ်းနိုင်တုန်းပင်။

သို့​သော် အမေရိကတွင်ရှိ​သော သူ့ကိုယ်ပိုင်အိမ်များ၏ဓာတ်ပုံတို့ကို ​မော့တိထံ သူ ပို့​ပေးသည့်အခါ ​မော့တိ ပထမဆုံး အကြည့်တစ်ချက်မှာပင် ထိုနေရာကို ရွေးခဲ့လိမ့်မည်ကို သူ မျှော်လင့်မထားခဲ့​ပေ။

ထို​နေရာကို ​မော့တိ သ​ဘောကျနှစ်သက် သော​ကြောင့် သူသည်လည်း ထပ်တူခံစားရသည်။ ဒုတိယအချက်အနေနှင့် ထိုနေရာက သူတို့အတွက် အများကြီး အဓိပ္ပာယ်ရှိသည် ဆိုသည်ကိုလည်း သူသိသည်။ အတိတ်မှ မှတ်ဥာဏ်များက အလွန်မှောင်မိုက်နေသည်ဆိုလျှင်​ပင် အရေးမကြီး​ပေ။ ​မော့တိ​သာဘေး၌ရှိ​နေလျှင် သူတို့ကို ပိုတောက်ပစွာ မြင်​တွေ့နိုင်လိမ့်မည်ဟု သူ ယုံကြည်သည်။ မှတ်ဥာဏ်အဟောင်းတွေကို ဖျောက်ဖျက်ရန် သူတို့ အမှတ်တရအသစ်တွေကို ဖန်တီးကြရ​ပေမည်။

မုထျန်းဟန် မတ်တပ်ထရပ်ပြီး ​ပျော်ရွှင်စိတ်လှုပ်ရှားနေသော ​မော့တိ၏နဖူးပေါ် အနမ်း​ပေးလိုက်သည်။ ထို့​နောက် ​မော့တိ၏ နှာခေါင်း၊ နှုတ်ခမ်း၊ လည်ပင်းတို့အား နမ်းလိုက်သည်။.

နွေးထွေးသော နေရောင်ခြည်က သူတို့အပေါ်တွင် ​တောက်ပ​နေပြီး အနီးတဝိုက်တွင် စိမ်းလန်းစိုပြေသောအပင်များ၊ ငြိမ်းချမ်း​သည့်မွှေးရနံ့များဖြင့် သူတို့ကို ဝန်းရံထားကြသည်။

မုထျန်းဟန်၏ အနမ်းကြောင့် ​မော့တိ ယားယံလာပြီး ရယ်ချင်စိတ်ကို ထိန်းချုပ်ထား၍ မရ​တော့​ပေ။ နောက်ဆုံး၌ သူ စားပွဲပေါ်တွင် ဖိထားခြင်းခံရပြီး မုထျန်းဟန်၏ စိတ်အားထက်သန်မှုများကို ​လျော့ချနိုင်စေရန် မလှုပ်ရှားနိုင်​တော့သည်အထိ ပြင်းထန်နက်ရှိုင်းစွာ ​ အနမ်းခံလိုက်ရသည်။



Xxxxxxx