Chapter 169 ( End)
အမေရိကားသို့ ရောက်သည့် သူ၏ပထမဆုံးနေ့လည်ခင်းတွင် သူ၏ ခန္ဓာကိုယ်မှာ "မလှုပ်ရှား" နိုင်တော့ပေ။
မော့တိ ကုတင်ပေါ်တွင် မှီပြီး အပြင်ဘက်ရှိမှောင်မည်းနေသော ကောင်းကင်ကြီးကို မော့ကြည့်ကာ ချိုမြိန်ခြင်း အကူအညီမဲ့ခြင်းများနှင့်အတူ သက်ပြင်းချလိုက်သည်။
ဟင်း... သူ အရမ်းအားနည်းလွန်းသည်။
ယနေ့နေ့လည်ခင်းတွင် ကိုကိုနှင့်အတူ အပြင်ထွက်ပြီး နေ့လည်စာစားရန် စီစဉ်ထားသည်။
မော့တိ အိပ်ယာမှထပြီး ခန်းစီးစကို တစ်ဖန်ပြန်ဆွဲလိုက်သည်။ ထို့နောက် ကုတင်ပေါ်မှထကာ မုထျန်းဟန်ကိုရှာရန် ဖိနပ်ပါးတစ်ရံကို ဆွဲယူလိုက်သည်။
သူ့ကိုကိုမှ သူ့အား ကုတင်ပေါ်တွင် အနားယူရန် အတင်းဖိအားပေးခဲ့သော်လည်း အခု သူ အမှန်တကယ်ကို အဆင်ပြေသည်။ နောက်ဆုံးတွင် သူ့ကိုကိုသည် အရမ်းနူးညံ့ညင်သာသည်။ မော့တိ သူ့ကိုယ်သူ မသက်မသာဖြစ်မည်ကို စိတ်မပူရန် မလိုပေ။ မော့တိခန္ဓာကိုယ်မှာ အကြိမ်များစွာ ဆက်ဆံပြီးသည့်အခါ ယခင်ကထက် အဆပေါင်းများစွာ ပို၍နူးညံ့လာသည်။ သူ ဖျားနာပြီး ဒဏ်ရာရခြင်းမျိုးလည်း တစ်ခါမျှ မဖြစ်ဖူးပေ။
ထို့အပြင် မော့တိ ဒဏ်ရာမရခဲ့လျှင်ပင် ဆက်ဆံပြီးသည့်အချိန်တိုင်း ဆေးလိမ်းပေးခွင့်ပြုရန် သူ့ကိုကိုက အမြဲ တောင်းဆိုခဲ့သည်။
မော့တိ အချို့သောပုံရိမ်များကို ပြန်တွေးမိ၍မနေနိုင်ဘဲ မျက်နှာနီရဲလာကာ ချောင်းများပင် ဆိုးလာသည်။
ယခု သူ နာရီဝက်ကျော်လောက် အနားယူပြီးသွားပြီဟု ပြောလို့ရပေသည်။ အခုချိန် “မနာခံစွာ” ဖြင့် သူ အိပ်ရာမှ ထလျှင်တောင် ကိုကို သူ့ကို အပြစ်မပေးသင့်ပေ။
မော့တိ သူ့ကိုယ်သူ အားပေးကာ ခေါင်းညိတ်လိုက်ပြီး တည်ငြိမ်ဟန်ဆောင်ကာ ခြေလှမ်းများ ဆက်လှမ်း၍ အောက်ထပ်ရှိ ဧည့်ခန်းသို့ လမ်းလျှောက်လာပြီး အော်ခေါ်လိုက်သည်။
“ကိုကို "
မည်သူမျှ ပြန်မဖြေပေ။
မော့တိ အနည်းငယ် အံ့အားသင့်သွားသည်။ သူ့ကိုကို အိပ်ခန်းထဲမှ ထွက်သွားသည့်အချိန်တုန်းက ယာဂု သွားချက်မည်ဟု ပြောခဲ့သည်မဟုတ်လား။
မော့တိ မီးဖိုချောင်သို့ သွားလိုက်ပြီး ရေချိုးခန်းကိုလည်း နောက်ထပ် လှမ်းကြည့်ပြန်သည်။ နောက်ဆုံးတွင် သူ ပထမထပ်ရှိ အခန်းအားလုံးကို ရှာဖွေခဲ့သော်လည်း မုထျန်းဟန်ကိုမူ ရှာမတွေ့ခဲ့ပေ။
မော့တိ အနည်းငယ် မျက်မှောင်ကြုတ်ပြီး မုထျန်းဟန်ကို ဆက်လက်ရှာဖွေရန် တတိယထပ်သို့ သွားရန် ဆုံးဖြတ်လိုက်သည်။
ရလဒ်အနေဖြင့် သူ တတိယထပ်၏ လှေကားပေါ်သို့ တက်လိုက်သည်နှင့် တပြိုင်နက် မုထျန်းဟန်က တတိယထပ်၏ ဘယ်ဘက်စင်္ကြံမှ လျှောက်လာနေသည်ကို သူ တွေ့လိုက်ရသည်။ မော့တိကို မြင်သောအခါ မုထျန်းဟန်၏ မျက်လုံးများသည် မှောင်မည်းသွားသည်။
တစ်ယောက်ယောက်ကို ရှာဖွေရန် ရောက်လာသည်မှာ သိသာထင်ရှားလှသည်။ ထိုအခိုက်အတန့်တွင် မော့တိ အမှန်တကယ်ပင် လက်ပူးလက်ကြပ် ဖမ်းမိသွားသလို ခံစားခဲ့ရသည်။
"အဟမ်း ကိုကို ကျွန်တော် ကိုကို့ကို ရှာဖို့ အောက်ထပ်ကို ဆင်းသွားတာ။ ကိုကို ဘာလို့ အဲဒီမှာ ရှိမနေတာလဲ။ ကိုကို ယာဂု ချက်မယ်လို့ မပြောခဲ့ဘူးလား"
အပြစ်ရှိသည့်သူသာ အရင်ဦးဆုံး စွပ်စွဲပြောဆိုလိုက်လျှင် မုထျန်းဟန် သူ့ကို ဘာမျှ ပြန်ပြောနိုင်လိမ့်မည်မဟုတ်ဟု မော့တိ တွေးကာ ဆုံးဖြတ်လိုက်သည်။
မမျှော်လင့်ထားစွာပင် မုထျန်းဟန်၏ ဆိုဆုံးမသည့်အသံကို မော့တိ မကြားခဲ့ရသကဲ့သို့ သူပြန်ဖြေသည်ကိုလည်း မကြားခဲ့ရပေ။ သို့သော်လည်း ခပ်တိုးတိုး ရယ်သံကို ကြားလိုက်ရသည်။
"မင်း"
ထို့နောက် မုထန်းဟန် လျှောက်လာပြီး မော့တိ၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်သည်။ အိပ်ယာမှ စောစောထလာသည့် မော့တိ၏ မနာခံမှုအကြောင်းကို မဆွေးနွေးတော့ဘဲ တစ်ခုသာ သူ ပြောလိုက်သည်။
"ကိုယ်နဲ့အတူ လိုက်ခဲ့ ကိုယ်မင်းကို ပြစရာတစ်ခုရှိတယ်"
"အာ"
ဒီတစ်ကြိမ်တွင် အလွယ်တကူ လွတ်မြောက်သွားလိမ့်မည်ဟု မော့တိ မမျှော်လင့်ထားပေ။ စကားတစ်ခွန်းမျှ အဆူမခံရသည့်အတွက် မော့တိ အနည်းငယ် အံ့သြသွားပြီး ကျေနပ်သွားသည်။
မော့တိ၏ အာရုံများ ပျံ့လွင့်နေသဖြင့် သတိမထားမိပေ။ မုထျနိးဟန်၏အသံမှာ မမြင်နိုင်သော တင်းမာမှုအလွှာများ ရှိနေပေသည်။ မော့တိ မသိစိတ်ဖြင့် စင်္ကြံအဆုံးအထိ မုထျန်းဟန်နောက်မှ လိုက်သွားပြီး
“ ကိုကို ကျွန်တော့်ကို ဘာပြချင်လို့လဲ"
"မင်း ခန့်မှန်းကြည့်လေ"
မုထျန်းဟန် ဘာကိုမျှ ဆိုမလာပေ။
"အဲဒါက အရမ်းခက်ခဲလွန်းတယ်”
မော့တိ သူ့မျက်ခုံးများကို ပင့်ကာ သေသေချာချာ စဥ်းစားလိုက်သည်။
“စားဖို့ သောက်ဖို့ ဝတ်ဖို့ ဒါမှမဟုတ် ကစားဖို့ တစ်ခုခုဖြစ်မှာပေါ့"
မုထျန်းဟန် ပြုံးပြီး မော့တိ၏လက်ကို ခါယမ်းကာ သူ၏လက်ချောင်းများနှင့် ချိတ်ဆက်သွယ်ယှက်လိုက်ပြီး
"ကိုယ် မင်းကို မစားမသောက်ဘဲ နေခိုင်းထားလို့လား"
"အဲဒါက"
မော့တိ ထိုအရာကို စဉ်းစားသော်လည်း မှန်းဆလို့ မရသေးပေ။
"အဲဒါက စဥ်းစားလို့ရတာတွေ အများကြီးရှိတယ်။ တစ်ချို့အရာတွေကို ဖယ်ပြီး စဥ်းစားနိုင်အောင် ကိုကို ကျွန်တော့်ကို ကူညီပေးပါလား။ ဖြစ်နိုင်ချေရှိတာတွေကို ကူပြီး ကန့်သတ်ပေးအုံး"
"အဲဒီဖြစ်နိုင်ချေရှိတာတွေကို ကန့်သတ်ဖို့ နည်းလမ်းမရှိဘူး"
မုထျန်းဟန် ပြောပြီး စင်္ကြံအဆုံးရှိ အခန်းတံခါးကို တွန်းဖွင့်လိုက်သည်။ "ကလစ်" ဟူသောအသံနှင့်အတူ ပြတင်းပေါက် အပြင်ဘက်မှ အဝါရောင် မှိန်ဖျော့ဖျော့ဖျော့ အလင်းရောင်တစ်ခုသည် တံခါးဝတွင် ထွက်ပေါ်လာသည်။
"ဒါဆို ကိုကိုက အရူးလေးတစ်ယောက်နဲ့ ဒီနေရာကို မိတ်ဆက်ပေးမလို့ပေါ့"
မော့တိ သူဘာလို့ အရူးဖြစ်သွားကြောင်းကို ပြန်လည်ချေပပြောဆိုချင်သော်လည်း သူ အံ့ဩသွားသောကြောင့် စကားမပြောနိုင်တော့ပေ။
သူ့အရှေ့ရှိ ထိုအခန်းထဲတွင် အရွယ်အစားအမျိုးမျိုးရှိသည့် သေတ္တာအများအပြားရှိနေပေသည်။ အတိတ်မှ အောင်မြင်မှု ဆုဖလားများ၊ အယ်လ်ဘမ် အမှတ်တရပစ္စည်းများနှင့် သူ စတင်ဖွင့်ပြောခံရသည့် အချိန်တုန်းက မုထျန်းဟန် ပေးခဲ့သည့် အခြားအရာများနှင့် အတူ ထိုသေတ္တာအားလုံးနီးပါးသည် ပြည့်နှက်နေသည်။
မော့တိ ရုတ်တရက် တစ်စုံတစ်ခုကို စဥ်းစားမိသွားသည်။ သူ ခေါင်းကို လှည့်ပြီး မုထျန်းဟန်ကို မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။
"ကိုကို ဒါတွေက ကျွန်တော် စဥ်းစားထားတဲ့အတိုင်းပဲလား"
"အင်း”
မုထျန်းဟန်၏ မျက်လုံးများထဲတွင် ပျော်ရွှင်မှု နူးညံ့သိမ်မွေ့မှုတို့ဖြင့် ပြည့်နေသည်။ မော့တိ၏လက်ကို ဆုပ်ကိုင်ပြီး သော့ပါရှိသည့် အကြီးဆုံးသေတ္တာဆီသို့ ခေါ်ဆောင်သွားသည်။
"လာ ဒီဟာကိုကြည့် ကြည့်လိုက်"
မော့တိ နှစ်စက္ကန့်မျှ အေးခဲသွားပြီး သော့ကို ကောက်ယူရန် လက်မလှမ်းမီ မုထျန်းဟန်ကို မော့ကြည့်ကာ အကြီးဆုံးသေတ္တာကို ဖွင့်လိုက်သည်။
"ကလစ်"
သေတ္တာ၏အဖုံးကို မတင်၍ဖွင့်လိုက်သည့်အခါ သိပ်သည်းသော ဖုန်မှုန့်များ ပေါ်ထွက်လာသည်။
မော့တိ တစ်ခါမျှ မမြင်ဖူးသော ဓာတ်ပုံအယ်လ်ဘမ်များ၊ ဆုလက်မှတ်များ၊ ပထမတစ်ချက်ကြည့်ရုံနှင့်တင် သိနိုင်သည့် အလွန်ခေတ်မမီတော့သော အရုပ်သေးသေးလေးအချို့၊ အပြာရောင်ဘတ်စကတ်ဘောဝတ်စုံနှင့် ဝါးတုတ်များအပါအဝင် အမျိုးမျိုးသောအရာများဖြင့် ပြည့်နှက်နေသည်။
"ကိုယ် မင်းကို ဖွင့်မပြောခင်က ပို့လိုက်တဲ့အရာတွေက အကုန်မဟုတ်သေးဘူး။ နောက်ဆုံးတော့ ကိုယ် ကိုယ့်ရဲ့အတိတ်ကအရာအားလုံးကို တရုတ်ကို ပြန်သယ်သွားလို့မရနိုင်ခဲ့ဘူး။ ဒါကြောင့် ကိုယ် အဲဒီသေတ္တာထဲမှာ သော့ခတ်ထားခဲ့တာ။ ဒါပေမဲ့ အခု ကိုယ် အတိတ်ဘဝတုန်းက စုဆောင်းထားခဲ့တာအားလုံးကို ရွှေ့ပြောင်းလို့ရသွားပြီ"
မုထျန်းဟန် မော့တိကို ကြည့်လိုက်သည်။ မော့တိမျက်လုံးများက အဆုံးမရှိသော နူးညံ့နက်ရှိုင်းသည့် ဟင်းလင်းပြင်ထဲတွင် နစ်မြုပ်နေသည်။
"ဒါက ကိုယ်တို့ရဲ့အိမ်ပဲ။ ကိုယ့်ရဲ့အတိတ်တွေအားလုံးကို မင်းအတွက် ချန်ထားပေးချင်ခဲ့တာ"
မုထျန်းဟန် ပြောပြီး အယ်လ်ဘမ်များထဲမှတစ်ခုကို ပြန်ကောက်ယူလိုက်သည်။
"အရင်က ကိုယ် ပို့လိုက်တဲ့ အယ်လ်ဘမ်တွေက မွေးနေ့၊ လပြည့်နေ့၊ အရွယ်ရောက်လာပုံ၊ လမ်းလျှောက်တတ်ပုံ၊ ကျောင်းကနေ ဘွဲ့ယူတဲ့ပုံတွေ၊ အရေးကြီးတဲ့ ဆုတံဆိပ်တွေနဲ့ အဲလိုမျိုး ဓါတ်ပုံတွေဖြစ်ပေမဲ့ ကိုယ့်မှာ ဓါတ်ပုံတွေအများကြီးရှိသေးတယ်။ အဲဒီပုံတွေက ဒီသေတ္တာထဲက အယ်လ်ဘမ်ထဲမှာရှိတယ်"
"ကိုယ် ငယ်ငယ်ကတည်းက ကြိုက်ခဲ့တဲ့ ဒီအရုပ်တွေလည်း ရှိတယ်။ ကိုယ် အဲဒါတွေကို သိမ်းထားရတာသဘောကျလို့ အားလုံးကို စုဆောင်းထားတယ်။ တကယ်တော့ အရုပ်တစ်ခုစီမှာ ငယ်ငယ်က ဖြစ်ပျက်ခဲ့တဲ့ ရယ်စရာကောင်းတဲ့အရာတစ်ခု ဒါမှဟုတ် နှစ်ခုလောက် ဖြစ်ပျက်ခဲ့ဖူးတယ်။ ကိုယ် မင်းကိုအကုန်ပြောပြမယ် အဆင်ပြေလား"
မော့တိ၏ မျက်လုံးများ အနည်းငယ်နီရဲနေပြီး ပါးစပ်ကို ဖွင့်ဟလိုက်သော်လည်း နောက်ဆုံးတွင် သူ စကားမပြောဘဲ အားအင်အပြည့်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။
မုထျန်းဟန် ပြုံးလိုက်ပြီး သူလက်ကိုဆန့်ထုတ်ကာ မော့တိ၏မျက်နှာကို ညင်သာစွာ ပွတ်သပ်လိုက်သည်။ မုထျန်းဟန် မော့တိ၏မျက်လုံးများကို ကြည့်ပြီး ပြုံးကာ ပြောလိုက်သည်။
“အဲဒီ အပြာရောင် ယူနီဖောင်းလည်း ရှိတယ်။ ကျောင်းချန်ပီယံဆုကို ပထမဆုံးအကြိမ် ဆွတ်ခူးနိုင်ခဲ့တုန်းက ကိုယ်ဝတ်ခဲ့တဲ့ အဝတ်အစားလေ။ ဝါးတုတ်က ကိုယ်အဖိုး ပထမဆုံးနဲ့ တစ်ကြိမ်တည်းသော ကိုယ့်ဖင်ကို ရိုက်ပြီးဆုံးမခဲ့တုန်းက ဝါးတုတ်လေ။ အမှတ်တရ ပစ္စည်းတွေအနေနဲ့ ကျန်နေခဲ့ပြီ။ နံရံထောင့်မှာရှိတဲ့ အနက်ရောင် ရိုလာစကိတ်တွေက ကိုယ် ၂၈ ကြိမ်ဆက်တိုက် အမှားလုပ်ပြီး လဲကျခဲ့တဲ့ ကိုယ့်ရဲ့သက်သေတွေပဲ။ သက်သေခံ ဖိနပ်တွေလေ"
မော့တိ သူ့ကို လှမ်းကြည့်သော်လည်း မပြုံးပြဘဲ မနေနိုင်ပေ။
“ကိုကို ကိုကို့မှာ မကောင်းတဲ့အကြောင်း အမှတ်တရတွေ ရှိသေးတယ်ပေါ့"
"အင်း အဲဒါက ဒီသေတ္တာကြီးထဲမှာပဲရှိတယ်။ ဒီသေတ္တာတွေ အများကြီးရှိနေတာကို မင်းတွေ့ပါတယ်။ ဒါပေမယ့် သူတို့က ကိုယ့်ရဲ့ ကျက်သရေရှိတဲ့ အတိတ်က အမှတ်တရတွေကို သိမ်းဆည်းထားရုံတင်မကဘဲ မကောင်းတဲ့အကြောင်းနဲ့ ရှက်စရာကောင်းတဲ့ အတိတ်တွေလည်း ရှိတယ်။ တချို့က ကိုယ်ကိုယ်တိုင် သိမ်းထားတာ ဘာလို့လဲဆိုတော့ ကိုယ် ကိုယ့်ကိုယ်ကို ပြန်သတိပေးဖို့လိုတယ်လေ။ တကယ်တော့ အချို့က ကိုယ့်မိဘတွေ သိမ်းထားပေးခဲ့တာ။ ကိုယ့်ရဲ့ မကောင်းတဲ့အကြောင်းတွေကို တမင်တကာ သိမ်းထားပြီး ကိုယ့်တူတွေ တူမတွေကိုလည်း ဟာသအနေနဲ့ ပြန်ပြောကြသေးတယ်။ ဟင်း ကိုယ် တကယ်ကို စိတ်ဒုက္ခရောက်ခဲ့ရတာ"
"ကိုကို စိတ်ဒုက္ခရောက်စရာ မလိုပါဘူး"
မော့တိ သူ့နှာခေါင်းကို ရှုံ့လိုက်ပြီး သူ့မျက်လုံးများကို ပွတ်ကာ ပြုံးပြလိုက်သည်။
မုထျန်းဟန် ရုတ်တရက် အနည်းငယ် ကိုယ်ကို ကိုင်းညွတ်လိုက်ပြီး နွေးထွေးသော လက်ချောင်းများနှင့် မော့တိ၏ မျက်လုံးထောင့်ကို ညင်သာစွာ ထိတွေ့လိုက်သည်။
"အခု ဒီမှာ မင်း တစ်ခုပြီး တစ်ခုဖွင့်လို့ရတဲ့ သေတ္တာတွေ အများကြီး ရှိနေပြီ။ ဒါမှမဟုတ် အဲဒါတွေကို သိမ်းထားပြီး နောက်မှ တစ်ခုပြီးတစ်ခု ဖွင့်လို့လည်း ရတယ်။ အနာဂတ်မှာ အဲဒါတွေအားလုံးက မင်းအပိုင်တွေချည်းပဲ"
"ကိုကို ကျွန်တော် အခု ဖွင့်ချင်တယ်"
မော့တိ အသက်ရှူသွင်းလိုက်ပြီး ခေါင်းကို မော့ကာ နူးညံ့ပျော့ပျောင်းသော မျက်လုံးများဖြင့် မုထျန်းဟန်၏ မျက်လုံးများကို တည့်တည့်ကြည့်လိုက်သည်။
"ကောင်းပြီ အခုဖွင့်လိုက်ရအောင်”
မုထျန်းဟန်လည်း မော့တိကိုကြည့်ကာ ညင်သာစွာ နမ်းလိုက်သည်။
ထို့နောက် မော့တိ၏လက်ကို ကိုင်ကာ သော့ပါရှိသည့် အခြားသေတ္တာတစ်ခုဆီသို့ လျှောက်သွားသည်။
မော့တိ သော့ကိုယူပြီး သေတ္တာကိုဖွင့်လိုက်သည်။
ထိုမှစ၍ စတင်လိုက်တော့သည်။
ထို့နောက် မုထျန်းဟန် ချန်ထားရစ်ခဲ့သော ဇာတ်လမ်းကို ဆက်လက်နားထောင်ခဲ့သည်။
မော့တိ သေတ္တာအကြီးမှ အသေး တစ်လုံးပြီး တစ်လုံး ဖြည်းဖြည်းချင်းစီ တစ်ညလုံး ဖွင့်ကြည့်ခဲ့သည်။ သေတ္တာတစ်ခုစီတွင် ရေးထွင်းထားသည့် အမှတ်တရအားလုံးကို ခဏအတွင်း နားထောင်ရန် မဖြစ်နိုင်သော်လည်း သူ့ကိုကို၏ ငယ်ဘဝအကြောင်းကို ပြန်တွေ့ခွင့်ရသကဲ့သို့ပင်။
မော့တိ ထိတွေ့နိုင်သည့် နည်းလမ်းမရှိပေ။ သို့မဟုတ် ထိပင်မထိတွေ့နိုင်ပေ။ သူ့နှလုံးသားက နွေးထွေးမှုများနှင့် ပြည့်နှက်သွားပြီး သူ့မျက်လုံးများ နီရဲလာသည်။ ကံကောင်းထောက်မစွာဖြင့် အချိန်ကြာလာသောအခါ မျက်လုံးများ နီရဲခြင်း မရှိတော့ပေ။ ရယ်မောမှုကြောင့် မျက်လုံးများ တောက်ပလာပြီး နွေးထွေးလာသည်။ ချိုမြိန်သော လေထုမှာ တစ်ခန်းလုံးသို့ ကျယ်ပြန့် လွှမ်းခြုံလာသည်။
မော့တိ အတိတ်မှ အကြောင်းအရာများကို နှောက်ပြောင်ကျီစယ်စွာ ရယ်မောနေသော်လည်း သူ့နှလုံးသားမှာ နွေးထွေးသောရေထဲတွင် နစ်မြှုပ်သွားသကဲ့သို့ပင်။ ထို့အပြင် ပို၍ နားထောင်လေလေ ပို၍နွေးထွေးလာလေလေဖြစ်သည်။
ပထမဆုံး မော့တိ စုစုပေါင်းသေတ္တာ ၂၀ ကို ဖွင့်ခဲ့သော်လည်း နောက်ဆုံးသေတ္တာအသေးလေးတစ်ခုပဲ ကျန်နေသောအခါ ထိုသေတ္တာငယ်လေးကို မုထျန်းဟန်မှ လုယူသွားခဲ့သည်။
မော့တိ ခဏမျှ အေးခဲသွားပြီးနောက် ပြုံးကာ ထိုသေတ္တာလေးကို ယူရန် မုထျန်းဟန်ထံ လျှောက်သွားခဲ့သည်။
"ကိုကို ကျွန်တော့်ကို အတိတ်က အမှတ်တရတွေအားလုံးကို ပေးမယ်လို့ ပြောခဲ့တယ်လေ။ ဒါပေမယ့် ကိုကို ပြောပြီးသားစကားကို ပြန်ရုတ်သိမ်းလို့မရဘူး"
"ဒါပေါ့ ကိုယ် ပြန်မရုတ်သိမ်းပါဘူး”
မုထျန်းဟန် မော့တိ၏ “တိုက်ခိုက်မှု" ကို ရှောင်လိုက်ပြီး မော့တိ၏ခါးကို ပွေ့ဖက်လိုက်သည်။ ထို့နောက် မော့တိ၏ အရှေ့တွင် အံ့ဩစရာကောင်းသည့် သေတ္တာကြီးကို ထားလိုက်ပြီး ညင်သာစွာ ဖိလိုက်သည်။
"ကလစ်"
အမှန်တကယ်တွင် သေတ္တာလေးတစ်ခုသည် ရုတ်တရက် ပွင့်လာသည်ကို မော့တိ မြင်လိုက်ရသည်။
ထို့နောက်...
ထိုသေတ္တာလေးထဲတွင် လက်စွပ်တစ်ကွင်းရှိနေခဲ့သည်။
"ကိုယ် မင်းကို အတိတ်က အကြောင်းအရာတွေကို ပြောပြချင်ရုံ၊ ပေးချင်ရုံတင်မဟုတ်ဘူး။ မင်းအတွက် အနာဂတ်ကိုလည်း ကိုယ် ပေးချင်တယ်"
မုထျန်းဟန် မော့တိ၏ ဘယ်ဘက်လက်ကို ဆုပ်ကိုင်လိုက်ပြီး နက်နဲသိမ်မွေ့သော မျက်လုံးများမှာ ပြင်းထန်သော ခံစားချက်များနှင့် ရှားရှားပါးပါး စိတ်လှုပ်ရှားမှုများဖြင့် ရစ်ပတ်လွှမ်းခြုံနေသည်။ မော့တိကို ငြင်းဆိုခွင့်မပေးဘဲ လက်စွပ်ကို ထုတ်ကာ ညင်သာစွာ ဝတ်ဆင်ပေးခဲ့သည်။
"ကိုယ့်ကို လက်ထပ်ပါ့မယ်လို့ ကတိပေးပါ။ ကိုယ့်မိသားစု၊ ချစ်သူ၊ ကိုယ့်နဲ့အနီးစပ်ဆုံး ကိုယ့်အမျိုးသားလေးဖြစ်ပေးပါ။ ဟုတ်ပြီလား"
ထိုအချိန်တွင် မော့တိ၏ စိတ်အခြေအနေသည် အပြည့်အဝ ပြန်လည်ကောင်းမွန်လာပြီး သူလက်ချောင်းများ လှုပ်ရှားလိုက်သည်။ မော့တိမျက်လုံးများ အနည်းငယ်နီရဲနေသော်လည်း ပြုံးယောင်သန်းနေဆဲပင်။။။
"အင်း"
"ဒါပေမဲ့ ကိုကို... ကိုကိုက ဓားပြတိုက်နေသလိုပဲ။ ကျွန်တော့်ကို ရွေးချယ်ဖို့အခွင့်အရေးလည်း မပေးဘူး။ ဒါကြောင့် ကျွန်တော် အဲဒီလက်စွပ်ကို ဝတ်ထားလိုက်တော့မယ်"
မော့တိ သဘောတူသည်ကို မြင်ပြီး မုထျန်းဟန်၏ တင်းကျပ်နေသော နောက်ကျောသည် ပြေလျှော့သွားသည်။ မုထျန်းဟန် မော့တိကို နူးညံ့နွေးထွေးစွာ နမ်းလိုက်ပြီး မျက်လှည့်ပြကွက်တစ်ခုကဲ့သို့ သူ့အိတ်ကပ်ထဲမှ လက်စွပ်တစ်ကွင်းကို ထုတ်ယူလိုက်သည်။ ထိုလက်စွပ်က မော့တိ၏လက်စွပ်နှင့် အတူတူပင်။
"ကိုယ်က ကိုယ့်ကလေးလေးကို ဘယ်လိုလုပ် ဓါးပြတိုက်ရမှာလဲ။ ဒါပေါ့ ကိုကို မင်းကို ရွေးချယ်ဖို့ အခွင့်အရေး ပေးထားတာပေါ့"
မုထျန်းဟန် မျက်ခုံးများ ကြုတ်လိုက်သည် သူ့လေသံက အထူးရက်ရောပြီး တည်ငြိမ်နေသော်လည်း သူပြောသောစကားများမှာ အတော်လေးကို မရိုးဖြောင့်ပေ။
"မင်း ကိုကို့ရဲ့ ဘယ်ဘက်လက် ဒါမှမဟုတ် ဘယ်လက်ချောင်းကို မင်း လက်စွပ် ဝတ်ပေးချင်လဲ။ မင်းစိတ်ကြိုက် ကြိုက်တာကို ရွေးလို့ရတယ်။ ကိုယ် မင်းပြောတာကို နားထောင်မယ်"
ပြီးပါပြီ နောက်ထပ် Extra သုံးပိုင်းကျန်ပါတယ် ရှင်....
❤️ THANKS ❤️