(မိုရွှီရဲ့မျက်နှာကိုရိုက်နှက်ခြင်း-၂)
လူတစ်ယောက်က သစ်ပင်အကွယ်နောက်ကတဖြည်းဖြည်းထွက်လာသည်။
ထိုလူငယ်တွင် စူးရှပြီးရှည်သော မျက်လုံးအိမ် ဖြောင့်စင်းပြီးထင်းသောနှာတံတို့ရှိပြီး ဖြူ၍နူးညံ့သောအသားအရည်က ကုန်းကုန်း၀တ်ရုံကို၀တ်ဆင်ထားတာတောင် ထိုလူငယ်၏လှပမှုကို ဖုံးကွယ်မသွားနိုင်ပေ။
မိုရွီကသက်ပြင်းချလိုက်မိသည်။ သို့သော် ထိုအမျိုးသားမျက်နှာတွင် ရယ်မြူးရိပ်ကိုမြင်လိုက်ရသောကြောင့် မျက်မှောင်ကြုတ်လိုက်မိသည်။
"ဘာရယ်နေတာလဲ...နင်ငါ့ကိုလှောင်နေတာလား..."
မိုရွီကမကျေမနပ်ပြောလိုက်သည်။
လင်းရှောင်က အသာအယာပြုံးလိုက်သည်။ထိုအပြုံးက သူ၏မျက်လုံးကအနည်းငယ်ကျဉ်းမြောင်းသွားပြီး သူ့ကို လွန်စွာကြည့်ကောင်းသွားစေသည်။
မိုရွီကတံတွေးကိုအသာမြိုချလိုက်သည်။
လင်းရှောင်ကဒီလိုပုံစံနဲ့ အရမ်းတောက်ပနေတယ်။ဒါပေမယ့် ဂရုမစိုက်ပါဘူး၊
မိုရွီက မကျေနပ်ပုံပြန်ဖြစ်သွားပြီး လှည့်ထွက်သွားလိုက်သည်။
သို့သော် လင်းရှောင်ကလှမ်းခေါ်လိုက်ပြန်သည်။
မိုရွီ စိတ်မရှည်သောပုံစံဖြင့်လှည့်ကြည့်လိုက်၏။
လင်းရှောင်က နက်မှောင်နေသောမျက်လုံးအကြည့်များကို ဖုံး၍ ချိုမြစွာပြုံးပြီး ထို့နောက် သူမအနားသို့ လျှောက်လာပြန်သည်။
"မိုရွီ ငါမင်းအခုနက ပြောနေတာကြားလိုက်တယ်"
မိုရွီကမလုံမလဲ ဖြစ်ကာ လက်သီးကိုတင်းတင်းဆုပ်လိုက်မိသည်။
"နင် မိန်းမစိုးလင်းကို အရမ်းမုန်းနေတာလား..."
မိုရွီသည်နှာခေါင်းရှုံ့လိုက်ကာ
"မုန်းတော့ရောဘာဖြစ်လဲ..."
လင်းရှောင်က မိုရွီမျက်နှာအနီးသို့ ခေါင်းကိုနှိမ့်လိုက်သည်။
"ဒါပေမယ့် နင်ဒီမှာနေတဲ့အတောအတွင်း မိန်းမစိုးလင်းဆီကအကူအညီလိုနေဦးမှာပဲလေ"
မိုရွီကလင်းရှောင်ကို မယုံသင်္ကာနှင့်ကြည့်လိုက်သည်။
ယခု လင်းရှောင်၏အကြည့်ကလွန်စွာနူးညံ့နေပြီး မျက်နှာတွင်လည်းချိုမြသောအပြုံးတို့ရှိသည်။
ဤသည်ကား အရင်တုန်းကသူမအပေါ်ကောင်းသည့် လင်းရှောင်၏ပုံစံပင်။ မိုရွီကမယုံသဖြင့် အကြိမ်ကြိမ်အကဲခတ်လိုက်ပြီးသည့်နောက် လင်းရှောင်ထံပျော်ရွှင်စွာပြေး၍ဖက်လိုက်လေသည်။
"လင်းရှောင်.. နင်ငါ့ကို ကူညီတော့မယ်ပေါ့...
နင်ငါ့ကိုစိတ်မဆိုးတော့ဘူးပေါ့.."
လင်းရှောင်ကမိုရွီကိုမသိအသာတွန်းထုတ်ကာ ပြုံးလျက်ခေါင်းငြိမ့်ပြလိုက်သည်။
မိုရွီကမူ ပျော်ရွှင်စွာရယ်မောလိုက်ပြီး...
"ငါသိတယ်! နင်ကငါ့ကိုအချစ်ဆုံးပဲ!နင်ငါ့ကို အကြာကြီးပစ်ထားမှာမဟုတ်ဘူး! ငါအနိုင်ကျင့်ခံနေရတာကို ဒီတိုင်းကြည့်နေမှာမဟုတ်ဘူး!"
သိူု့သော် သူက အနည်းငယ်မကျေမနပ်ဖြစ်နေသေးပုံဖြင့် ထပ်ပြောလိုက်သည်
"ဒါပေမယ့် နင်ဒီတစ်ခါစိတ်ဆိုးတာအကြာကြီးပဲ"
လင်းရှောင်ကအပြုံးမပျက်ပဲ
"ငါသာဒီလိုစိတ်မဆိုးဘူးဆိုရင် မင်းကရောငါ့ကိုအလေးထားပါ့မလား"
မိုရွီကနှုတ်ခမ်းစူလိုက်ကာ
"ဒါပေမယ့် နင်ငါအနိုင်ကျင့်ခံရတာကိုမြင်တာတောင် လျစ်လျူရှုတယ်"
လင်းရှောင်ကရယ်လိုက်ပြီး
"ငါအခု လျစ်လျူမရှုတော့ဘူးလေ"
မိုရွီက ကျေနပ်စွာပြုံးလိုက်ပြီး လင်းရှောင်လက်ကိုဆွဲယူကာခါယမ်းလိုက်သည်။
"ငါသိတယ်!နင်ကငါ့အပေါ်အကောင်းဆုံးပဲ!"
လင်းရှောင်ကမူ သူ၏မျက်နှာတွင်အပြုံးကိုချိတ်ဆွဲလျက်
မိုရွီ၏လက်ကိုခါမထုတ်မိဖို့သည်းခံနေလိုက်သည်။
မိုရွီကမူ အပျော်လွန်နေ၍ ထိုမူမမှန်သောအပြုအမူကို သတိမထားမိပေ။
"ဒါဆို ငါဘာလုပ်သင့်လဲဟင်...လင်းရှောင် နင်ကအမြဲငါ့ထက် ဉာဏ်ကောင်းတော့ ငါ့ကိုကူပြီးစဉ်းစားပေးပါဦး"
လင်းရှောင်က ဒီဂွင်ကိုစောင့်နေတာဖြစ်သည်။
သူ့မှာမိုရွီကို အမှုန့်ခြေချင်တာ လက်ကိုယားနေပြီ သို့သော်လက်စားအချေကောင်းပြီး ကိုယ်ပါအမှုမပါတ်ရအောင် နည်းလမ်းကိုမနည်းစဉ်းစားရသေးသည်။
ဒါကြောင့်လင်းရှောင်စဉ်းစားမိတဲ့အကောင်းဆုံးအကြံက မိုရွီကိုအရင်တုန်းကလုပ်ပေးခဲ့သလို ကူညီဖို့ပင်။
သို့ပေငြားသည်တစ်ခါ ကူညီသည်မှာ နည်းလမ်းမှန်မှန်တော့မဟုတ်။
ယောက်ျားတွေကိုမြူဆွယ်ဖို့ မျက်နှာလှလှလေးရှိတာကလွဲလို့
မိုရွီမှာဘာကောင်းကွက်မှမရှိပေ။ ဂရုတစိုက်ရှိတယ်ဆိုတဲ့ပုံစံကလည်း ယောက်ျားတွေရှေ့မှာသာဟန်လုပ်နေခြင်းဖြစ်သည်။။ရယ်စရာအကောင်းဆုံးအချက်က သူ့ရုပ်ကိုသူလည်းယုံကြည်မှုလွန်ကဲပြီး
ယောက်ျားတိုင်းကသူ့ကိုမြင်မြင်ချင်းကြိုက်ပြီး
တသက်လုံးသူ့အနား မခွဲမခွာရှိသွားမယ်ထင်နေတာပင်။
အခုလည်း လင်းရှောင်က သူမနည်းနည်းလေးဟန်လုပ်ပြလိုက်တာနဲ့ စိတ်ပြန်ပျော့သွားပြီလို့ ထင်နေပြီမဟုတ်ပါလား။
နည်းနည်းလေးမှတောင်သံသယ၀င်မနေပေ။
လင်းရှောင်က တွေးလေတွေးလေ သူ့အပြုံးကပိုပီပြင်လာလေဖြစ်သည်။
"မိန်းမစိုးလင်းက ချူရှိုးနန်းဆောင်ကို ကြီးကြပ်ရတဲ့သူပဲ
ဒီမှာအပျိုတော်ကတစ်ထောင်ကျော်တောင်ရှိတာ အလွန်ဆုံးမရှိရင်တောင် မိန်းမစိုးလင်းသိတဲ့သူက အယောက်တစ်ရာကျော်တော့ရှိမှာပဲ
အဲဒီလူတွေထဲမှာ မင်းကိုသဘောကျပြီး မင်းကိုရွေးချယ်ပေးမယ်လို့ထင်လား..."
မိုရွီကလက်မခံသောပုံစံဖြင့်
"ငါ ငါကအားလုံးထဲမှာအလှဆုံးလေ!"
လင်းရှောင်က လှောင်ပြုံးပြုံးလိုက်သည်။
"ဟုတ်ပါပြီ မင်းကအလှဆုံးပါ ဒါပေမယ့်မိန်းမစိုးလင်းက ယောက်ျားမှမဟုတ်တာ မင်းလှတာမလှတာ သူဘယ်လိုဂရုစိုက်မှာလဲ..."
"ငါ.."
မိုရွီဆွံ့အသွားသော်လည်း လက်မလျော့သေးပေ...
"ငါကဘာလို့ သူ့ဆီကမျက်နှာရအောင်ကြိုးစားရမှာလဲ
ငါကဘုရင်ကြီးရဲ့ကိုယ်လုပ်တော်ဖြစ်လာရမှာ သူ့ကိုယ်လုပ်တော်အဖြစ်ရွေးချယ်ခံမှာမှမဟုတ်တာ"
လင်းရှောင်က စိတ်ရှည်လက်ရှည်ဆက်ပြောလိုက်သည်။
"ဧကရာဇ် ကိုယ်လုပ်တော်မရွေးချယ်ခင် ကြားမှာအချိန်တွေအများကြီးလိုသေးတယ်။ ဒီကြားထဲ မင်းကချူရှိုးနန်းဆောင် မိန်းမစိုးလင်းရဲ့ လက်အောက်မှာပဲရှိနေရဦးမှာ။ဒီတော့သူ့ကိုမျက်နှာလုပ်နေရဦး မှာပဲပေါ့။ ချူရှိုးနန်းဆောင်ကထွက်ပြီးရွေးချယ်ခံရပြီးတော့မှသူ့ကိုဒုက္ခပေးချင်လည်း နောက်မကျသေးပါဘူး ဟုတ်တယ်ဟုတ်"
မိုရွီက ဒါကအနည်းငယ်အဓိပ္ပာယ်ရှိတယ်လို့ တွေးမိသော်လည်း သူကမကျေမနပ်ဖြစ်နေဆဲ
" ဒါဆိုငါဘာလုပ်ရမှာလဲ... "
"ပြောရမယ်ဆိုရင် မိန်းမစိုးလင်းကလည်းလူထဲကလူပါပဲ၊
လူတွေဆိုတာက လောဘရှိတာပုံမှန်ပဲ၊ မင်းကသူ့ကိုမြူဆွယ်လို့လည်းမရဘူးဆိုတော့ မင်းလုပ်နိုင်တာက
ငွေနဲ့လာဘ်ထိုးတာပဲရှိမှာပေါ့"
"နင်ကငါ့ကို အဲဒီမိန်းမကိုလာဘ်ထိုးစေချင်တာလား...
ဒါပေမယ့် ငါကတခါမှမိန်းမတွေကို မျက်နှာလိုမျက်နှာရမလုပ်ဖူးဘူး"
လင်းရှောင်က ရယ်လိုက်သည်။
"ဒါက မင်းသဘောပါ မင်းမလုပ်ချင်လည်းရတယ်။
ပြောရရင် ချူရှိုးနန်းဆောင်မှာနေရမယ့်အချိန် ကြာဦးမယ်ဆိုပေမယ့် မင်းသည်းခံပြီးနေလိုက်မယ်ဆိုလည်း ရပါတယ်"
"သည်းခံပြီးနေရမယ်...တခြား နည်းလမ်းမရှိတော့ဘူးလား..."
မိုရွီကမကျေမနပ်ပုံဖြင့်ပြောလိုက်သည်။
လင်းရှောင် ပုခုံးအသာတွန့်ပြလိုက်သည်။
မိုရွီကမျက်မှောင်ကြုတ်လိုက်ပြီး
"ဒါဖြင့်လည်းထားလိုက်တော့
သူငါ့ကိုနည်းနည်းလေးပဲ ဆူခဲ့တာပါ။ ဒီကိစ္စကိုမရှိခဲ့သလိုသဘောထားလိုက်မယ်။
ဒါပေမယ့်အဲဒီ ဟယ့်မိသားစုကမိန်းမ.."
မိုရွီကလင်းရှောင်ကိုမျှော်လင့်ချက်အပြည့်ဖြင့် ကြည့်လိုက်သည်။
ထိုအကြည့်၏အဓိပ္ပာယ်မှာမူ လင်းရှောင်ကို သူမအတွက် လက်စားချေပေးစေချင်တာပေါ်လွှင်နေသည်။
လင်းရှောင်က စိတ်ထဲမှလှောင်ပြုံးပြုံးလိုက်သော်လည်း
အပြင်ပန်းမှာမူ သူကတွေးတောနေဟန်ဖြင့်
"အဲဒီ ကိစ္စက ပြီးခဲ့ပြီးသားကိစ္စပဲလေ။ အခုမှအရေးတယူလုပ်နေရင် ငါ့အတွက်လည်းမကောင်းဘူး။ ငါသူ့ဆီသွားပြီး နည်းနည်းသတိပေးထားလိုက်မယ်။
နောက်တစ်ကြိမ် မင်းကိုထပ်ပြီးအနိုင်ကျင့်လာရင် ငါမင်းအတွက်လက်တုန့်ပြန်ပေးမယ် ဘယ်လိုလဲ..."
မိုရွီက လင်းရှောင်ရဲ့စကားကို သိသိသာသာ မကျေနပ်ပေ။
ဒါပေမယ့် လင်းရှောင်ကအကြာကြီးသူမအပေါ် အေးတိအေးစက်ဖြစ်နေပြီး အခုမှစိတ်ဆိုးပြေသွားသောကြောင့်
အများကြီးမတောင်းဆိုရဲပေ။
သူမက မကျေနပ်တာကိုမြိုသိပ်ပြီး လှည့်ထွက်သွားရုံပဲတတ်နိုင်ပေသည်။
လင်းရှောင်က မိုရွီ၏နောက်ကျောကို အထင်သေးစွာကြည့်လိုက်သည်။
အကြီးအကဲလင်းက သူမကိုနည်းနည်းလေးပဲဆူခဲ့တာမဟုတ်ဘူးလား...
ဘယ်လိုပဲဖြစ်ဖြစ် မြင်ရတာလောက်တော့ ရိုးရှင်းမနေဘူး။
အကြီးအကဲလင်းက တကယ်ပဲ မိုရွီကိုသဘောမကျပေ။
ဒါပေမယ့် မိုရွီကိုအမတ်ကြီးကိုယ်တိုင် အနောက်ဆောင်ကို ပို့ပေးလိုက်တာဆိုတော့ မကျေနပ်လည်း စိတ်ထဲပဲထားပြီး
ကိုယ်လုပ်တော်တစ်ယောက် တတ်အပ်တဲ့ပညာတွေ အကုန်အစစအရာရာသင်ကြားပေးခဲ့သည်။ သင်ကြားပေးတဲ့အခါမှာလည်း အသားအရည်ကိုနေမလောင်အောင် အရိပ်ရတဲ့ နေရာကိုသေချာရွေးပေးသည်။
မိုရွီကနည်းနည်းမှအပင်ပန်းမခံချင်သူဖြစ်သည်။
ထို့ကြောင့် အတိတ်တုန်းက လင်းရှောင်က မိုရွီအတွက် အကြီးအကဲကိုမျက်နှာလုပ်ပေးရသည်။
ထို့ကြောင့်သာ အကြီးအကဲလင်းရဲ့ မိုရွီအပေါ်အမြင်က တဖြည်းဖြည်း ကြည်လာခဲ့ခြင်းဖြစ်သည်။။ နောက်ဆုံးဧကရာဇ်ဆီက အရွေးချယ်ခံရပြီး ချူရှိုးနန်းဆောင်ကနေ ထွက်ခွင့်ရသွားလိုက်တယ်
အခုဒီဘ၀မှာရော သူ့အကူအညီမပါပဲ မိုရွီဘယ်လောက်ထိ တောင့်ခံနိုင်မလဲ ကြည့်ရသေးတာပေါ့။
သိပ်မကြာခင် နောက်ရက်တွေမှာ မိုရွီကသူ့ဆီကို မျက်ရည်လည်ရွှဲနဲ့ ပြန်ရောက်လာပြန်သည်။ မိန်းမစိုးလင်းက သူ့အပေါ် ဘယ်လိုအနိုင်ကျင့်တာ ဘယ်လိုဆူတာစသဖြင့် မဆုံးနိုင်အောင် ရွတ်ပြလာသည်။
လင်းရှောင်က တည်တည်ငြိမ်ငြိမ်နားထောင်ပြီး နည်းနည်းပါးပါးနှစ်သိမ့်ပေးလိုက်ရုံကလွဲလို့ ဘာမှကိုမလုပ်ပေးချေ။
မိုရွီကငိုနေရင်း နဲ့သူ့ကိုမကျေမနပ်မော့ကြည့်လိုက်သည်။
"လင်းရှောင် ငါဒီတစ်ခါ တကယ်အနိုင်ကျင့်ခံနေရတာလို့
နင်ငါ့ကိုမကူညီတော့ဘူးလား.."
"ငါမင်းကိုကူညီပေးပြီးပြီလေ"
လင်းရှောင်ရဲ့ အမူအယာကမပြောင်းလဲပေ။
"ငါမင်းကိုပြောသားပဲ မိန်းမစိုးလင်းကို မျက်နှာလုပ်ပါလို့
ဒါပေမယ့်မင်းမှလက်မခံပဲ"
မိုရွီကသူမနှုတ်ခမ်းကိုကိုက်လိုက်သည်။
လင်းရှောင် နှာခေါင်းရှုံ့လိုက်မိသည်။
"ဘာလို့လဲ ဟုတ်လား... သူကအကြီးအကဲ သူအခုမင်းကို အနိုင်ကျင့်လို့ရနေတယ်လေ"
မိုရွှီကတိတ်ဆိတ်သွားပြီးနောက် သူ့ရဲ့အိတ်ထဲကတောက်ပနေတဲ့ ကျောက်စိမ်းလည်ဆွဲလှလှလေးကို ထုတ်ယူလိုက်သည်။ သူကမကျေမနပ်နှင့် နှုတ်ခမ်းကိုကိုက်လိုက်ပြီး
"ငါဒီ ကျောက်စိမ်းလည်ဆွဲကို အပြင်က၀ယ်ခဲ့တာ ဒါငါ့ရဲ့အကြိုက်ဆုံးလည်ဆွဲပဲ အဲဒီမိန်းမ အရမ်းကံကောင်းသွားတယ်ပဲမှတ်ရမှာပေါ့"
ပြောပြီးနောက် မိုရွီကစိတ်ကိုပြင်ဆင်ထားပုံဖြင့် ထကာထွက်သွားခဲ့သည်။
လင်းရှောင်က ထွက်သွားတဲ့ မိုရွီကိုကြည့်ပြီး ခပ်တိုးတိုးလှောင်ရယ်လိုက်သည်။
အကြီးအကဲလင်းက အဖိုးတန်ပစ္စည်းတွေကိုအင်မတန် နှစ်သက်တတ်သူပြီး နန်းတွင်းမှာလည်း သူမမမြင်ဖူးတဲ့ ရတနာပစ္စည်းဟူ၍မရှိပေ။ မိုရွီလမ်းဘေးက၀ယ်လာတဲ့ အရည်အသွေးမြင့် ကျောက်စိမ်းလည်ဆွဲက အတုဆိုတာ အကြီးအကဲလင်းလိုလူက မသိပဲဘယ်နေမည်လဲ။
လင်းရှောင်က အကြီးအကဲလင်းရဲ့ မဲမှောင်နေမယ့် မျက်နှာကြီးကိုမြင်ယောင်နေသည်။
အကြီးအကဲလင်းရဲ့ မျက်နှာကြီးက အရေးကြောင်းတွေ တွန့်တဲ့ထိ ဒေါသထွက်ပြီး မိုရွီမျက်နှာကို ဖြတ်ရိုက်လိုက်လိမ့်မည်။ ပြီးတော့ လက်ညိုးငေါက်ငေါက်ထိုးပြီး...
"ငါ့ကိုသူတောင်းစားများ မှတ်နေတာလား"လို့ အော်ငေါက်မှာအသေအချာပဲ။
လင်းရှောင်က သူ့အတွေးနဲ့သူရယ်မောနေသည်။
တကယ်တော့ မိုရွီမှာ လန်ဝေ့ကိုယ်တိုင်ပေးခဲ့တဲ့ ကျောက်စိမ်းပြားတစ်ခုရှိသည်။
ဒါပေမယ့်မိုရွီကပုံတုံးကြီးဆိုပြီး သူ့ဆီပစ်ထုတ်ခဲ့တယ်။ အတိတ်မှာတုန်းက ဒါကို မိုရွီအတွက် အကြီးအကဲလင်းကိုမျက်နှာလုပ်ဖို့ သုံးခဲ့သည်။
အခုတော့ဒီကျောက်စိမ်းကသူ့လက်ထဲမှာ အကောင်းအတိုင်းရှိနေတုန်းပဲ။
လင်းရှောင်က ကျေနပ်သည့်ပုံစံဖြင့် လက်ထဲမှကျောက်စိမ်းကိုကြည့်လိုက်သည်။ သူ့ကတော့ဒါကိုကြည့်လေသဘောကျလေပဲ။
မိုရွီမှာတန်ဖိုးရှိတဲ့ဘယ်အရာမှရှိမနေပဲ အကြီးအကဲလင်းကို မျက်နှာလုပ်ဖို့ကြိုးစားနေတာက ဟာသလိုပဲ။
အကြီးအကဲလင်းကအင်မတန်မာနကြီးတဲ့သူ။
မိုရွီကအဲဒီအပေါစားပစ္စည်းတွေနဲ့ သူ့ဆီမျက်နှာလာလုပ်တာက သူ့ကိုအရှက်လာခွဲနေတာလို့ပဲထင်မှာ။
ရလဒ်ကတော့ မိုရွီရဲ့အခြေအနေကပိုဆိုးသွားရုံပဲ။
အကြီးအကဲလင်းကတော့ မိုရွီအပေါ်အကောင်းမြင်စိတ် နည်းနည်းမှကိုကျန်မှာမဟုတ်ဘူး။
လင်းရှောင်တစ်ယောက်
လက်ထဲမှာကျောက်စိမ်းပြားကို ကိုင်ရင်း စိတ်အခြေအနေလွန်စွာကောင်းမွန်နေသည်။
သူကမြက်ခင်းစိမ်းများပေါ် အေးအေးလူလူလှဲလျောင်းနေရင်း
နေရောင်ခြည်နွေးနွေးလေးကိုခံစားနေလိုက်သည်။