ဒီနေ့ကစပြီးအမှန်တရားကို မြတ်နိုးတဲ့ လူတော်လူကောင်းတစ်ယောက်ဖြစ်အောင်နေထိုင်ပါ့မည်ဟုစိတ်ထဲမှပင်ကြုံးဝါးလိုက်မိသည်။
ဧကရာဇ်က လန်ဝေ့နှင့်မိုရွီတို့ကြားမှကိစ္စအားလုံးကို
မချွင်းမချန်သိပြီးဖြစ်ကာ သူ့ကိုလည်း ကြံရာပါ ဟုတ်မဟုတ် အနည်းငယ်စစ်ဆေးကြည့်ခြင်းသာဖြစ်လောက်သည်။
ဧကရာဇ်ဟာ မိုရွီနဲ့လန်ဝေ့ကိစ္စကိုပဲ အာရုံစိုက်နေပြီး သူ့နောက်ကြောင်းကိုအရမ်းမလိုက်လို့တော်သေးသည်။
သူက မိုရွီရဲ့သာမာန်လက်တိုလက်တောင်း
အစေအပါးလောက်ပဲဆိုတာ တကယ်ယုံ သွားပုံရသည်။
အမတ်ကြီးအိမ်တော်မှာတုန်းက သူမိုရွီအပေါ်သည်းညည်းခံအလိုလိုက်ခံရတာတွေခုချိန်မှာ အသုံး၀င်လာမယ်လို့တွေးတောင်မတွေးဖူးခဲ့ပေ။
အဲဒီတော့အမတ်ကြီးနဲ့သူ့သားလန်ဝေ့ကသူ့ကို မိုရွီအစေခံလို့အထင်လွဲနေတယ်ဆိုရင်လည်း အခုတော့အဲဒီအထင်လွဲမှုက အခုသူ့အသက်ကိုကယ်လိုက်တာပဲလေ။
ဧကရာဇ်မှာ ၄င်း၏စာလိပ်များကိုစတင်ပြီးကြည့်ရှုနေစဉ်တွင်
အမတ်ကြီးနှင့်လန်ဝေ့အားအပြင်သို့ပို့ဆောင်ခဲ့သော အထိန်းတော်ရှုမှာ ပြန်ရောက်လာခဲ့သည်။
ဧကရာဇ်ကအထိန်းတော်ရှုအားပြန်လွှတ်လိုက်ပြီး
လင်းရှောင်ကိုသာ ကျန်ရစ်စေလေသည်။
ဧကရာဇ်၏စာဖတ်ခြင်းမှာ ညသန်းခေါင်တိုင်လေပြီ။
လင်းရှောင်ပင်လျှင် ဧကရာဇ်၏လက်ဖက်ရည်ခွက်အား ပြန်ဖြည့်ပေးရသည်မှာဘယ်နှကြိမ်မှန်းမသိတော့။
လင်းရှောင်ဧကရာဇ်၏နောက်တွင်ရပ်ရင်း တဖြည်းဖြည်း ငိုက်မြည်းလို့လာသည်။
ဧကရာဇ်ကရုတ်ချည်းထရပ်လိုက်သည်။
သို့တွင်မှလင်းရှောင်သည်လည်းသူ၏ မျက်လုံးများကိုအဝိုင်းသားဖြစ်သည်အထိပြူးလိုက်ရသည်။
သို့သော်သူ၏အိပ်ချင်စိတ်အားမတွန်းလှန်နိုင်သဖြင့်
လင်းရှောင်၏မျက်လုံးများမှာ တ၀က်သာပွင့်လျက် ဧကရာဇ်အားရီဝေစွာကြည့်လိုက်မိသည်။
သူ၏ဖြစ်ပျက်နေပုံအားကြည့်၍ ဧကရာဇ်မှာပေါ့ပါးစွာရယ်လိုက်လေသည်။
"နောက်ဆုံးတော့မင်းက ကုန်းကုန်းအသစ်လေးဆိုတာ ကိုယ်တော်ယုံလို့ရပြီထင်တယ်"
လင်းရှောင်၏ခေါင်းမှာနောက်ကျိနေပြီး မည်သို့ပြန်ဖြေရမည်ကိုပင် မေ့လျော့နေလေသည်။ သူကသူ၏မပွင့်တပွင့်မျက်လုံးများဖြင့်ပင် ဧကရာဇ်၏လှုပ်ရှားမှုအလုံးစုံကိုမနည်းကြည့်နေရသည်။
ဧကရာဇ်ကခေါင်းကိုခါလိုက်ပြီး
"ကောင်းပြီ မင်းကပင်ပန်းနေမှတော့ သွားပြီနားစေတော့"
"ကျေးဇူးကြီးလှပါတယ် အရှင် "
လင်းရှောင်ကားဤ၀မ်းသာစရာသတင်းကြောင့်
ချက်ချင်းခေါင်းမှာကြည်လင်သွားရသည်။
သူကားအလွန်ရွှင်မြူးစွာပြုံးလျက် အရိုအသေပြုကာ
အပြေးတပိုင်းပြန်သွားသည်မှာ အတောင်ပံနှင့်ပျံထွက်သွားတော်မလိုပင်။
ဧကရာဇ်ကမူ သူ၏နောက်ကျောကို နက်နဲစွာတွေး၍ စိုက်ကြည့်နေခဲ့လေသည်။
ချူရှိုးနန်းဆောင်ကိုပြန်ရောက်ပြီးနောက် လင်းရှောင်၏နေ့ရက်များမှာ သာသာယာယာပင်။
မိုရွီမှာ မိန်းမစိုးလင်းအား ဦးနှောဏ်မဲ့စွာရန်စမိပြီးနောက် မကြာခဏကျင့်၀တ်များကိုပြင်းထန်စွာသင်ကြားခံရပြီး
ပညာပေးခံနေရမည်မှာမလွဲမသွေပင်။
ထို့ကြောင့်သူမမှာ လင်းရှောင်အား စိတ်အနှောင့်အယှက်ပေးရန် အချိန်အလွန်နည်းပေသည်။
လင်းရှောင်မှာမိုရွီ၏ ပင်ပန်းဆင်းရဲနေဟန်ကိုသာ အရသာခံကြည့်နေသည်။ သူကားအလျင်မလိုပေ။
အတောအတွင်း၌ မိုရွီအားမည်သို့ကိုင်တွယ်ရမည်ကို အကြံထုတ်ထားလိုက်သည်။
ရက်အနည်းငယ်ကြာပြီးနောက် မိုရွီအားပြန်တွေ့ရချိန်တွင်
ကိုယ်လုပ်တော်ရွေးချယ်ပွဲပင်စတော့မည်ဖြစ်သည်။
မိန်းမစိုးလင်းမှာမိုရွီကိုမုန်းတီးသော်ငြား
သူမအားပြင်ဆင်ချိန်တစ်ရက်တော့သနားညှာတာစွာ ပေးလိုက်သေးပုံရသည်။
သို့သော် ဧကရာဇ်မှာ မိုရွီနှင့်လန်ဝေ့ကြားမှာအရှုပ်အထွေးများကို သိနှင့်ပြီမို့ မိုရွီကိုထပ်ပြီးရွေးချယ်ဦးမလားဆိုတာ သူမသေချာဖြစ်နေဆဲပင်။
ဧကရာဇ်၏အတွေးထဲတွင်ဘာတွေရှိနေမလဲဆိုတာ သူတကယ်ပဲမခန့်မှန်းနိုင်ပေ။
အတိတ်ဘ၀တွင် မိုရွီသည်ရွေးချယ်ခံရပြီးနောက် လင်းရှောင်၏အကူအညီဖြင့်ပင် ပိုမြင့်သောနေရာဆီသို့ တဖြည်းဖြည်းတက်ရောက်သွားခဲ့သည်။
သို့သော်ဤဘ၀တွင်မူ မိုရွီမှာဧကရာဇ်နှင့်မဆုံမီကပင် ဧကရာဇ်၏စိတ်တွင်း၌ သူမပုံရိပ်ကပျက်စီးနှင့်ချေပြီ။
ဧကရာဇ်မှာမိုရွီကိုယခုထိမနှင်ထုတ်သေးဘူးဆိုသော်ငြား
ဤတိုင်းလွှတ်ထားမည်ဟု သူလုံး၀မထင်ပေ။
သူ၏အတွေးမဆုံးမီပင် လင်းရှောင်သည် သူ့ထံသို့ အပြေးတပိုင်းလာနေသော မိုရွီအားတွေ့လိုက်ရသည်။
စူးရှသောအသံသေးအသံကြောင် ကြောင့် လင်းရှောင်မှာ သူ၏နားများကိုပင်ပွတ်သပ်လိုက်မိလေသည်။
မိုရွှီမှာဒေါသသံဖြင့်"လင်းရှောင်နင်ငါ့ကို မိန်းမစိုးလင်းစိတ်တိုအောင် တမင်ကြံစဉ်ပြီးလုပ်ခိုင်းတာလား! အဲဒီပစ္စည်းကသူ့မျက်စိထဲမ၀င်မှန်းသိရက်နဲ့တောင်!နင်နင် ငါ့ကိုမကျေမနပ်ဖြစ်ပြီး လက်စားချေနေတာလား?"
လင်းရှောင်ကလှောင်ပြုံးပြုံးလိုက်သည်။
"နင်ဘာလို့ငါ့ကိုဒီလိုလုပ်ရတာလဲ!"
မိုရွီမှာလင်းရှောင်အားမယုံနိုင်သောအကြည့်ဖြင့်ကြည့်ကာ
"နင်ငါ့ကို မုန်းနေတာလား?"
လင်းရှောင်ကားရယ်လိုက်မိလေသည်။
နောက်ဆုံးတော့ဒီမိန်းမနားလည်သွားသားပဲ
"ဟင့်အင်း..မဖြစ်နိုင်ဘူး"
မိုရွီရေရွတ်လိုက်သည်။
"နင်ငါ့ကိုမုန်းနေတာဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။
ငါ့အတွက်နင်က.."
မိုရွီကတစ်စုံတစ်ခုကိုတွေးမိဟန်ဖြင့် ရေရွတ်နေခြင်း ရပ်တန့်သွားလေသည်။
လင်းရှောင်သည်သူမအား မဲမှောင်သောအမူအယာဖြင့်ကြည့်ကာ
"မင်းအတွက်? မင်းအတွက်ဘာလဲ? "
မိုရွီမှာသူမ၏ဖြူဖွေးသောသွားများဖြင့် အောက်နှုတ်ခမ်းအား
ကိုက်လျက် "နင်ကငါ့အပေါ်အရမ်းကောင်းတာပဲဟာကို
ဆယ်နှစ်လုံးလုံးငါ့ကိုအရမ်းချစ်ပြီးဂရုစိုက်ပေးခဲ့တာ။
ဒါတွေကအတုအယောင်ဘယ်လိုမှမဖြစ်နိုင်ဘူး။
နင်ငါ့ကိုဘာကြောင့်ပဲစိတ်ဆိုးနေပါစေ ဒီကိစ္စလေးနဲ့တော့ငါ့ကိုမုန်းသွားမယ်ဆိုတာလုံး၀မဖြစ်နိုင်ဘူး"
မိုရွီ၏မျက်လုံးများမှာမျှော်လင့်ချက်များကိုမြင်လျှင် လင်းရှောင်ကအေးစက်စွာရယ်လိုက်မိသည်။
"ဒီတော့ငါမင်းအပေါ်ဘယ်လောက်ကောင်းလဲဆိုတာ မင်းသိသေးပုံပဲ"
လင်းရှောင်ကအဓိပ္ပာယ်ရှိရှိဆိုလိုက်သည်။
တဆက်တည်းမှာပင် သူမကသူ့အား အဆိပ်ခွက်ကမ်းပေးခဲ့သည်ကိုသတိရလာပြန်သည်။
မိုရွီက သူ သူမကိုမမုန်းလောက်ဘူးလို့ ယုံကြည်ချက်ရှိနေတာလည်း အံ့ဩစရာမဟုတ်ဘူး။
သူဆယ်နှစ်အတွင်းဂရုစိုက်ပေးခဲ့တာတွေကြင်နာမှုတွေက တကယ်ကိုအတုအယောင်မှမဟုတ်ခဲ့တာပဲ။
တကယ်လို့သူသာပြန်လည်မမွေးဖွားခဲ့ရင် ၊တကယ်လို့သူမသာသူ့ကိုအဆိပ်မခတ်ခဲ့ရင်
သူ မိုရွီကိုဘယ်လိုမှမုန်းမှုကိုမဟုတ်ပါဘူး။
ဘာပဲဖြစ်ဖြစ် ဒါတွေက ဖြစ်ပြီးသွားပြီ။ တကယ်လို့ဆိုတာတွေက တကယ်တမ်းဖြစ်မလာနိုင်တော့ဘူး။
ဒီစကားတွေကိုကြားတော့မိုရွီရဲ့အမူအယာကတမဟုတ်ချင်း
ပြောင်းလဲသွားခဲ့သည်။ သူမကသူ့ရဲ့လှပတဲ့မျက်နှာလေးကို မျက်ရည်တွေစိုရွှဲစေပြီး လင်းရှောင်ကို သနားစဖွယ်မော့ကြည့်လိုက်သည်။
"လင်းရှောင် နင်ငါ့အပေါ်ဘယ်လောက်ကောင်းတာကို ငါသိပါတယ်။ နင်ငါ့အပေါ်ဘယ်လိုသဘောထားလဲဆိုတာလည်း ငါသိတယ်"
လင်းရှောင်ကမျက်မှောင်ကျုံ့လိုက်မိသည်။
သို့သော်ဤမိန်းမ မည်သည့်လှည့်ကွက်မျိုးသုံးဦးမည်လဲ သိလိုသဖြင့် စောင့်ကြည့်ရန်သာဆုံးဖြတ်လိုက်၏။
"ငါနင့်ရဲ့ခံစားချက်တွေကိုအမြဲသတိထားမိခဲ့ပါတယ်
လင်းရှောင်.. တကယ်တော့ ငါလည်းပဲ နင်နဲ့တူညီတဲ့ခံစားချက်ရှိပါတယ်"
လင်းရှောင်မှာ ဤစကားကြောင့်လန့်ပင်လန့်သွားရသည်။
မိုရှီကမူဆကျ၍
"ဒါပေမယ့်လင်းရှောင် အခုကငါတို့နန်းတွင်းမှာရောက်နေခဲ့ပြီ
ငါတို့ဆန္ဒအတိုင်းပြုမူုလို့မဖြစ်ဘူးလေ"
"လင်းရှောင်ငါနန်းတွင်းမှာအမြဲနေသွားမှာမဟုတ်ပါဘူး။
ငါကအမြဲအသစ်အဆန်းကိုစိတ်၀င်စားတတ်တာနင်သိတာပဲ
ငါဒီမှာပျင်းလာတဲ့အခါ ဒီကနေထွက်ပြီး နင်နဲ့အတူထွက်သွားမှာပါ။ နင်သွားတဲ့နေရာကိုလိုက်မယ်လေ။
ဒါကြောင့်ကျေးဇူးပြုပြီး ငါအပေါ်အရမ်းမအေးစက်ပါနဲ့တော့ နော်.. လင်းရှောင် ငါကြောက်လို့ပါ "
မိုရွီကအလွန်သနားစဖွယ်ပင်
"ငါကိုနည်းနည်းလောက်ပဲကူညီပါ။ ဒီနန်းတွင်းမှာ ငါ့ကိုနင်နည်းနည်းလေးပဲကူညီပေးပါ။ ဒီတော့ငါလည်းတဖြည်းဖြည်းပျင်းလာတဲ့အခါ နင်နဲ့ထွက်သွားပြီး ကမ္ဘာဆုံးအထိသွားကြမယ်လေ"
ဒီမိန်းမဘယ်သူ့ကိုဟာသတွေလာပြောနေတာလဲ?
လင်းရှောင်နှလုံးသားကအေးစက်သွားရသည်။
လူတစ်ယောက်ရဲ့ခံစားချက်တွေကိုပေါ့ပျက်ပျက်သဘောထားတယ်။ အသုံးချရဲတယ်။
သူကရုတ်တရက်အလွန်ဒေါသထွက်လာမိသည်။
သူအရင်ကတည်းက မိုရွီသူ့ကိုအသုံးချနေတယ်ဆိုတာ ရိပ်မိခဲ့ပါတယ်။ဒါပေမယ့်လည်းသူကမိုရွီရဲ့အသုံးချခံဖြစ်ဖို့ ဆန္ဒရှိခဲ့တယ်။
ဒါပေမယ့်ဒီဘ၀မှာသူက မကူညီပေးတော့တဲ့အခါ သူ့ကိုတောင်မြူဆွယ်ပြီး ဒီလိုလှည့်ကွက်မျိုးသုံးရဲသေးတယ်။
လင်းရှောင်မှာ မိုရွီကိုပို၍ပင်ရွံရှာသွားရသည်။
လင်းရှောင်၏အမူအယာမှာမပြောင်းလဲသည့်အပြင် ပို၍ဆိုးလာသည်ကိုမြင်ရသော် မိုရွှီမှာမကျေမနပ်ဖြစ်ပြီးအံကိုကြိတ်လိုက်မိလေသည်။
သူမဒီလောက်တောင်တောင်းဆိုနေပြီးပြီလေ။
မိုရွီမှာ လင်းရှောင်ထံမှာတလျှောက်လုံး အလိုလိုက် ဂရုစိုက်ပေးခံရသည်မို့် လင်းရှောင်ကသူမနောက်ကို လိုက်ကာ သူမအားကူညီပေးရသည်မှာပုံမှန်ပဲဟုထင်လေသည်။
သူမအမှားလုပ်မိလျှင်လည်း အနည်းငယ်ချွဲနွဲ့လိုက်လျှင် လင်းရှောင်မှာသူမကိုခွင့်လွှတ်ပေးလိမ့်မည်။
သို့သော် ဤတစ်ကြိမ်တွင်မူ သူမကအလွန်အောက်ကျို့၍ အကူအညီတောင်းတာတောင် မပြောင်းလဲသည့်အတွက် မိုရွီမှာဒေါသထွက်လာလေသည်။
"လင်းရှောင်! ငါနင့်ကိုပြောလိုက်မယ် နင်နဲ့ငါကအခုတလှေတည်း စီးနေတဲ့သူတွေပဲ။
ငါအဆင်မပြေရင် နင်လည်းဒီနေရာမှာကောင်းကောင်း အသက်ရှင်နိုင်မယ်ထင်နေလား
အခုနင့်အခြေအနေကဘယ်လောက်အန္တရာယ်များလဲ ဆိုတာနင်မမေ့နဲ့ နင်အဲဒီအခန်းထဲက အသင်းမခံပဲထွက်ပြေးလာ.."
လင်းရှောင်ကသူမပါးစပ်ကို အလျင်အမြန်ပိတ်လိုက်သည်။
"မင်းရူးသွားပြီလား။ ဒီကိစ္စကိုအာကျယ်ကျယ်နဲ့ပြောနေတယ် တစ်ယောက်ယောက်ကြားသွားရင်ဘယ်လိုလုပ်မလဲ!"
မိုရွှီကရုန်းကန်၍ သူ့အတွန်းဖယ်လိုက်သည်။
"ငါ,မိုရွီ ဒီနေရာမှာလူတကာရဲ့အနိုင်ကျင့်တာကိုခံနေရတယ်။
ငါဘာများထပ်ပြီးဘာကြောက်စရာရှိဦးမှာလဲ!"
"အဆိုးဆုံးအနေနဲ့ ငါတို့်နှစ်ယောက်လုံးသေရုံပေါ့။
နင်ကယောက်ျားကိုယ်နဲ့ဆိုတော့ ဘာပဲဖြစ်ဖြစ် နင်အရင်ခေါင်းဖြတ်ခံရမှာပဲ!"
"မိုရွီ!" လင်းရှောင်က ကြောက်ရွံဖွယ်ကောင်းစွာ စိုက်ကြည့်လိုက်သော်လည်း မိုရွီကမူ အမြင်ကပ်ဖွယ် မျက်နှာမော်ချီလျက်ရှိ၏။
လင်းရှောင်ကဒေါသကြောင့်အော်ရယ်လိုက်မိပြီး
"ကောင်းပြီ! မင်းဘာဖြစ်ချင်တာလဲ?"