Chapter 203
ဟုန်အုပ်စု၏ ကြေငြာချက်က သူမကို သေစေနိုင်လောက်သည့် ထိုးနှက်ချက် ဆိုပါလျှင် ရှောင်ချီကျဲ၏ ဝန်ခံချက်မှာ ကုလားအုတ်၏ ကျောရိုးကို ကျိုးသွားစေသည့် နောက်ဆုံးသော ကောက်ရိုးမျှင် ဖြစ်ပေသည်။ သူမနှင့် နှစ် ၂၀ ကျော်ကြာ မလျော်ကန်သည့် ဆက်ဆံရေးတစ်ခု ရှိနေကြောင်း ဝန်ခံချက်မှာ မူလကတည်းက ကျဆင်းနေပြီးဖြစ်သည့် ဂုဏ်သိက္ခာကို မီးလောင်ရာ လေပင့်လိုက်သည့်နှယ် ရှက်ရွံ့စိတ်ကြောင့် သေလုအောင် လောင်ကျွမ်းသွားစေတော့သည်။
ချန်းမန်နီမှာလည်း မတရား အနိုင်ကျင့်ခံလိုက်ရသည်ဟု ခံစားလိုက်မိတော့၏။
ဟုတ်တယ် သူမက ရှောင်ချီကျဲကို နှစ် ၂၀ ကျော် ထောင်ချောင်ဆင်ထားတာ ဒါပေမယ့် သူ ရွှယ်မြောင့်ကို ကြိုက်ပြီးကတည်းက သူမနဲ့ လမ်းခွဲပြီး ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှု ဘာတစ်ခုမှ မလုပ်တော့ဘူး ရွှယ်မြောင် မရှိခင်က ဖောက်ပြန်ခဲ့ပေမယ့် ရွှယ်မြောင်လည်း ပေါ်လာရော တကယ်ကြီးကို သူငယ်ချင်းဟောင်းရဲ့ ဇနီးအဖြစ်ပဲ သဘောထားတော့တာ ရင်းရင်းနှီးနှီး ပူးပူးကပ်ကပ်လည်း မနေတော့ဘူး သွက်သွက်လာ သွက်သွက်ပြန် သူမကိုဆို သူခိုးတစ်ယောက်လိုပဲ သူမ ကျွေးတဲ့ စားစရာသောက်စရာဆိုလည်း လက်နဲ့တောင် မထိဘူး အလွန်ဆုံးမှ ဆိုဖာရဲ့ အစွန်းနှစ်ဖက်မှာ ထိုင်ရင်း စကားပြောရုံလောက်ပဲ ...
သူမကို တွေ့လိုက်ရရင်ကို အမြဲတမ်း စိတ်ဓာတ်ကျနေပြီး နှုတ်ဆိတ်နေတာလေ ဒါကို ဖောက်ပြန်တယ်လို့ ပြောလို့ ရလို့လား ... ဟမ် ပြောလို့ရလားလို့ ...
(sorry but ဒီနားမှာ အန်တီ့ကို အလစ်တဲလေးတောင် သနားသွားပြီ🤣)
အခု ရွှယ်မြောင်ကို နာမည်ပျက် ရှင်းပေးဖို့အရေး ရေဆိုးတွေ အကုန်လုံး သူ့ပေါ် လောင်းချပြီး ဒီ မသင့်လျော်တဲ့ ဆက်ဆံရေးမျိုး ရှ်ိခဲ့ပါတယ်လို့ ဝန်ခံလိုက်တော့ သူမက ဘယ်လိုလုပ် ရှေ့ဆက်ရတော့မှာလဲ ...
ရှောင်ချီကျဲကို သွေးရူးသွေးတန်းဖြင့် ဆက်သွယ်လိုက်သော်ငြား ဆက်သွယ်၍ မရသည့်အတွက် ဖုန်းကို လွှင့်ပစ်ကာသာ သည်းသည်းထန်ထန် ငိုကြွေးလိုက်တော့သည်။
ဝါးထားတဲ့ ဓာတ်ပုံထဲကနေတောင် သူမအကြောင်းတွေ ရှာနိုင်မယ်မှန်း ကြိုသိထားရင် ရွှယ်မြောင်ကို ရန်စခဲ့ပါ့မလား ဒါပေမယ့် သူမကို အရမ်း မနာလို ဖြစ်လွန်းတာကပဲ ဒီအခြေအနေအထိရောက်အောင် တွန်းပို့လိုက်တာပဲ ...
ပြောင်းပြန်ဖြစ်သွားသော ဇာတ်ကြောင်းကြောင့် ရွှယ်မြောင်မှာ လူထု၏ ကရုဏာသက်မှုကို ကြီးစွာ ရရှိလိုက်သော်ငြား ထိုအကြောင်း လုံးဝ ဂရုမစိုက်။ ရှောင်ချီကျဲ၏ သီးသန့်ရှေ့နေထံမှ ရှယ်ယာလွှဲပေးသည့် စာချုပ်ကို ချက်ခြင်း ငြင်းဆန်လိုက်သည်။ သူနှင့် လက်ထပ်ကတည်းက မည်သည်ကိုမှ မတောင်းဆိုခဲ့သည့်အတွက် ယခုလည်း အားလုံးကိူ အလွယ်တကူ စွန့်လွှတ်နိုင်ပေသည်။
ထိုနှစ်က သူမ လက်မှတ်ထိုးခဲ့သည့် လက်မထပ်မီ သဘောတူညီချက်ကို အင်တာနက်ပေါ် တင်ပေးလိုက်၏။
[စဉ်းစားကြည့်တော့ ငါက အချစ်အတွက်နဲ့ လက်ထပ်ခဲ့တာပဲ ...]
ထိုပို့စ်ကို မြင်လိုက်သည့်အခါ သူ့ပရိသတ်များမှာ ကြူကြူပါအောင်ပင် ငိုမိကြတော့သည်။
ရှောင်ချီကျဲကို လက်ထပ်ဖို့အတွက် ငါတိူ့ နတ်ဘုရားမလေးက ဒီလောက်အထိ အနစ်နာခံခဲ့ရတာပါ့လား အိပ်မက်တွေ၊ အလုပ်အကိုင်တွေကို စွန့်လွှတ်ခဲ့ရတယ် ပြီးတော့ ပိုင်ဆိုင်မှု အများအပြားကိုလည်း လက်ချောင်းထိပ်ကလေးနဲ့တင် ဆူံးရှုံးခဲ့တယ် အချစ်နဲ့ပျော်ရွှင်မှုကိုပဲ လိုချင်ခဲ့ပေမယ့် သူမ ဘာပြန်ရခဲ့လဲ မယားငယ်လို့ အစွပ်စွဲခံရတယ် အိမ်ထောင်ရေး ဖောက်ပြန်ပါတယ်လို့ အပုပ်ချခံရတယ် ဒါ သေချာပေါက်ကို သူမကို ပျက်စီးစေချင်တဲ့ တစ်ယောက်ယောက်ရဲ့ လက်ချက်ပဲ ...
[မြောင်မြောင်ရေ ရှင်က ပိုကောင်းတဲ့အရာနဲ့ ထိုက်တန်ပါတယ် ဒီ့ထက်အများကြီး ပိုကောင်းတဲ့ ကံကောင်းခြင်းတွေ ပိုင်ဆိုင်လာရမှာနော် တို့တွေကိူ ယုံကြည်လိုက်]
သူမ၏ ပရိသတ်များက အသည်းအထန် ငိုကြွေးရင်း တစ်ဖက်တွင်လည်း ချန်းမန်နီကို အသေအကြေ ပစ်မှတ်ထားနေသည့်အတွက် လျှိုရီလိန်၏ ကျော်ကြားမှုကိုပင် ကြီးစွာ သက်ရောက်လာတော့သည်။ ဤကိစ္စမှာ သူနှင့် မသက်ဆိုင်သည့်တိုင် ချန်းမန်နီ၏ သားဖြစ်သည့်အတွက် ရှောင်ကျားရှုအစား ရှောင်ချီကျဲ၏ ဂရုစိုက်မှုတို့ကို ပြိုင်ဘက်မရှိ ရရှိခဲ့ခြင်းသည် မမျှတသည့် ကိစ္စပင် ဖြစ်ပေသည်။
ရွှယ်မြောင်က ထိုပို့်စ်ကို တင်ပြီးနောက် လူထုအမြင်ကို ဂရုမစိုက်တော့။ အလုပ်ကောင်းကောင်းလူပ်ကာ သူမ၏ မပြည့်ဝသေးသည့် အိပ်မက်ကို အကောင်အထည်ဖော်ရန်သာ အာရုံရှိတော့သည်။
"ဒီနားမှာ ဘာထိုင်လုပ်နေတာလဲ ..."
မိတ်ကပ်ပြင်ပြီး ပြန်ထွက်လာသည့်အခါ ဘေးချင်းကပ်ထိုင်ကာ သီချင်းညဉ်းနေသည့် သားနှင့် သားမက်ဖြစ်သူကို တွေ့လိုက်ရသည်။ တစ်ယောက်လက်ကို တစ်ယောက်က ဆုပ်ကိုင်ကာ နောက်ကျောချင်း ကပ်လျက် ထိုင်နေကြပုံမှာ လွန်စွာ သန့်စင်လှပဖွယ်ပင်။
ဒါကမှ အချစ်စစ်လေ ဟုတ်တယ်မဟုတ်လား ...
သူတိူ့ကို ကြည့်ရင်း အပြုံးတို့ကို မရပ်နိုင်တော့။ ထို့နောက်တွင်မှ ရုတ်ချည်း အေးခဲသွားကာ တမင်တကာ ဝေဖန်လိုက်သည်။
"မင်းတို့နှစ်ယောက် တိတ်တိတ်လေး လက်ထပ်ထားတာ ဘယ်ဆွေမျိုးကိုမှလည်း အသိမပေးဘူး အခု ပြန်စဉ်းစားကြည့်မှ ငါ့အသည်းတွေ နာတဲ့အထိကို ဒေါသထွက်လာပြီ ရိုက်ကူးရေးပြီးရင် ငါကိုယ်တိုင် နိုင်ငံခြားမှာ လက်ထပ်ပွဲ ကျင်းပပေးမယ် ဖိတ်သင့်တဲ့ မိသားစုဝင်တွေ အကုန်လုံးကိူ ဖိတ်ကြတာပေါ့ ..."
သက်ပြင်းချလျက် တစ်လှမ်းချင်း ဆင်းလာလိုက်သည်။
"မင်းတို့ရဲ့ လက်ထပ်ပွဲကို ကောင်းချီးပေးခံရဖို့ မျှော်လင့်ပါတယ် ..."
ဒါမှလည်း ပျော်နိုင်မယ့် အခွင့်အရေးတွေ ပိုများလာမှာ မဟုတ်လား ... ရှောင်ကျားရှုက ထခုန်ကာ တအံ့တဩ မေးလိုက်သည်။
"တကယ်ကြီးလား မား ကျွန်တော့်ကို အချိုသပ်နေတာတော့ မဟုတ်ပါဘူးနော် ..."
"ဘာလို့ အချိုသပ်ရမှာလဲ ဂါဝန်စကို မြန်မြန် လာ မ ပေး မညစ်ပတ်အောင်လို့ ..."
ဧကရီတစ်ပါးနှယ် အင်္ကျီလက်ကို ခါယမ်းကာ ဇာမဏိချည်ထိုးဝတ်ရုံကို ပင့်မလိုက်သည်။ ကိစ္စဆိုးများ ကြုံတွေ့ခဲ့ရသည့်တိုင် ခါးကို ဆန့်တန်းလျက် အသရေတင့်တယ်နေဆဲ ဖြစ်ပေသည်။
ရှို့ချန်ယုက လှေကားထစ်ပေါ်ရပ်ကာ သူမ၏ နောက်ကျောကိုသာ စိုက်ကြည့်နေလိုက်သည်။
"ကျိမြန်က မင်းက တကယ်ကို ဖိုးကံကောင်းပဲ အခုတော့ မင်းဆန္ဒတွေအကုန် ပြည့်ဝသွားပြီ မဟုတ်လား ..."
သူနဲ့ ရှောင်ကျားရှုရဲ့ မဆုတ်မနစ် ကြိုးပမ်းမှုနဲ့သာဆို ဘယ်လောက်ပဲ ကြမ်းကြမ်း ပန်းခင်းလမ်း ဖြစ်မလာဘဲ နေမလား ...
"ကျွန်တော်လည်း ကိုယ့်ကိုယ်ကို တကယ် ကံကောင်းတယ်လို့ ခံစားနေမိတယ် ..."
ကျိမြန်က ခေါင်းငြိမ့်ပြရင်း စိတ်ထဲမှ တိတ်တိတ်လေး ထပ်ပြောလိုက်သည်။
ကမ္ဘာ့ကံအကောင်းဆုံးပဲ ...
ရွှယ်မြောင်မှာ ရိုက်ကူးရန် အခန်းနှစ်ခန်း ကျန်ရှိနေသေးသည်။ တစ်ခန်းမှာ ဧကရီဘုရင်မ နန်းတက်သည့်အခန်းဖြစ်ကာ ကျန်တစ်ခန်းမှာ နှစ်ပေါင်းများစွာအကြာ သူမ၏ နတ်ရွာစံသည့်အခန်း ဖြစ်သည်။ နှစ်ခန်းလုံးမှာ လွန်သွာ အရေးပါကာ ထည့်သွင်းရမည့် စိတ်ခံစားချက်များမှာလည်း မတူညီ။ တစ်ခုက ရည်မှန်းချက် ပြည့်ဝ၍ ဂုဏ်ယူဝံ့ကြွားပြီး ကျန်တစ်ခုမှာ လောကဓံ၏ လှိုင်းချက်အကြား ရေစုန်မျောလိုက်ရပုံ ဖြစ်သည်။ ထိုနှစ်ခန်းလုံးကို တစ်ရက်တည်းအပြီး သရုပ်ဆောင်ရန်မှာ ထူးကဲလှသည့် သရုပ်ဆောင်စွမ်းရည်အပြင် ဇာတ်ကောင်၏ စရိုက်ကိုလည်း ပြီးပြည့်စုံစွာ ထိန်းချုပ်နိုင်ရန် လိုအပ်ပေသည်။
ဧကရီနေရာတွင် သရုပ်ဆောင်မည့်သူမှာ အခြားအမျိုးသမီးတစ်ဦးသာ ဖြစ်ပါလျှင် ဒါရိုက်တာက တစ်ရက်တည်း ရိုက်ရန် စိတ်ပင်ကူးရဲမည် မဟုတ်၊ ထိုသို့ တွေးခဲ့မိပါလျှင်လည်း ပြင်ဆင်ရန် လေးငါးရက်ခန့် အချိန်ပေးမိမည်ဖြစ်သည်။ သို့သော် ရွှယ်မြောင် ဖြစ်နေသည့်အခါ သူ အလိုရှိသည့်အတိုင်း စီစဉ်နိုင်ပေသည်။ အကြောင်းမှာ ရွှယ်မြောင်၏ အရည်အချင်းနှင့်သာဆိုလျှင် သူ့စိတ်တိုင်းကျ ကလဒ်မျိုး ရလာနိုင်ကြောင်း သိနေ၍ဖြစ်သည်။
သိူ့သော် ယခုမူ ရွှယ်မြောင်၏ စိတ်အခြေအနေ တည်ငြိမ်မှု ရှိမရှိ မသေချာတော့သည့်အတွက် လက်ထောက်ဒါရိုက်တာများ စုဝေးကာ ထိုအခန်းကို ပြောင်းလဲရန် သင့်မသင့် ဆွေးနွေးလိုက်ကြတော့သည်။
အင်တာနက်ပေါ်မှ လူထုအမြင်မှာ အုံကြွနေဆဲ ဖြစ်သော်ငြား ဦးတည်ရာမှာမူ လုံးဝ ပြောင်းလဲသွားချေပြီ။ အဆိုးမြင်မှုအများအပြား ခံစားခဲ့ရသည့် ရွှယ်မြောင်မှာ အများဆုံး နစ်နာခဲ့သူဖြစ်ကာ လက်တွေ့ဘဝမှာ ရုပ်ရှင်များထက်ပင် စိတ်လှုပ်ရှားဖွယ် ကောင်းလှသေးသည်။ သူမ၏ အိမ်ထောင်ရေးကို ဖျက်ဆီးခဲ့သူမှာ ချန်းမန်နီ ဖြစ်နေလိမ့်မည်ဟု မည်သူမှ ထင်မှတ်မထား။ ချန်းမန်နီသည် တရုတ်ပြည်၏ အလှပဆုံး ထိပ်တန်းအမျိုးသမီး ငါးဆယ် ရွေးချယ်ရာတွင် ပရိသတ်၏ ရွေးချယ်ခြင်း ခံရသူများအနက် တစ်ဦးအပါအဝင်ဖြစ်ကာ နိုင်ငံတကာအဆင့်မီ ကျော်ကြားသူတစ်ဦး ဖြစ်သည့်အတွက် ဂုဏ်ပုဒ်အရာတွင် ရွှယ်မြောင်ထက်ပင် တစ်ဆင့်မြင့်သေးသူ ဖြစ်ပေသည်။
ဒီရှောင်ချီကျဲက တကယ်ကို စိတ်ဝင်စားစရာပဲ ချန်းမန်နီကြောင့် မင်းရဲ့ ပထမဇနီး စိတ်ဓာတ်ကျပြီး သေသွားတယ်ဆိုရင်လည်း သူမကိုပဲ လက်ထပ်လိုက်တော့လေ ဘာလို့ ရွှယ်မြောင်ကို ဆွဲထည့်ပြီး ဒီမိန်းမကြောင့်ပဲ နောက်တစ်ကြိမ် နာကျင်စေရပြန်တာလဲ ရူးများရူးနေတာလား ...
ရွှယ်မြောင်ကို အထင်ကြီးသူဖြစ်သော ဒါရိုက်တာက ရှောင်ချီကျဲကို တိတ်တဆိတ် ကျိန်ဆဲလိုက်သည့်တိုင် အစောတလျင် တာဝန်ယူသည့်အပေါ်လည်း ချီးကျူးမိရပြန်သည်။ သူသည် ရှောင်အုပ်စု၏ လက်ရှိ ဥက္ကဌ၊ အကြီးဆုံးသား ဖြစ်သည့်အပြင် ကုမ္ပဏီရှယ်ယာများကိုလည်း အများဆုံး ပိုင်ဆိုင်ထားရာ ၎င်းတို့ကိုသာ ငွေသားအဖြစ် ပြောင်းလိုက်ပါလျှင် ဘီလီယံပေါင်းများစွာ တန်ကြေးရှိပေမည်။ ၎င်းတို့ကို သုံးပုံအညီအမျှ ခွဲဝေပေးလိုက်သည့်အတွက် ရှောင်ကျားရှုနှင့် ရွှယ်မြောင်တို့မှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးများ ဖြစ်လာကြတော့၏။
ကျစ် ကျစ် ကျစ် ...
ဒါရိုက်တာက ဘေးနားထိုင်ကာ စာသားဖတ်နေသည့် လျှိုရီလိန်ကို ငေးကြည့်ရင်း သက်ပြင်းချလိုက်မိတော့သည်။
သူသာ ရှောင်ချီကျဲရဲ့ တရားမဝင်သားဆိုရင်တောင် ပိုင်ဆိုင်ခွင့်အတွက် တိုက်ခိုက်လို့ ရဦးမယ် အခုတော့ ... ကြည့်ပါဦး သူ့အနာဂတ် ဘယ်လောက်တောင် ခက်ခဲလိုက်မလဲ ကြားတာတော့ သူ့ပွဲဦးထွက်ကလည်း ဟုန်မိသားစုရဲ့ အဆက်အသွယ်နဲ့ပဲတဲ့ အခု ဟုန်မိသားစုက ချန်းမန်နီကို အရိုးထဲအထိတောင် မုန်းနေကြတာဆိုတော့ သူ့ကို ထောက်ပံ့ပေးပါဦးမလား ...
ဒါရိုက်တာက ခေါင်းတယမ်းယမ်းဖြင့်ပင် အရန်ဇာတ်ကောင် ပြောင်းသင့်မပြောင်းသင့် စဉ်းစားနေစဉ် နဂါးနှင့် ဇာမဏီဝတ်စုံကို ဆင်မြန်းကာ လွန်စွာ တည်ငြိမ်လှစွာဖြင့် လျှောက်လှမ်းလာသော ရွှယ်မြောင်ကို တွေ့လိုက်ရသည်။
"ဒါရိုက်တာကြီး ရိုက်ကူးရေးက ဘယ်အချိန် စမှာလဲ ..."
"အဆင်သင့် ဖြစ်နေပြီလား ..."
ဒါရိုက်တာမှာ အံ့ဩသွားရတော့၏။
ဒီနေ့တော့ ရွှယ်မြောင်က သေချာပေါက် ခွင့်ယူပြီလို့ ထင်ထားခဲ့တာလေ ...
"ဘာလို့ ပြင်ဆင်နေရဦးမှာလဲ နန်းတက်ပွဲလေးပဲ မဟုတ်လား ..."
ခပ်ဟဟ ရယ်မောလိုက်သည့် ရွှယ်မြောင်မှာ ရိုက်ကူးရေး မစတင်မီကတည်းကပင် အရှိန်အဝါတို့ ထွက်ပေါ်နှင့်နေပြီးဖြစ်သည်။
ဒါရိုက်တာ၏ အကြည့်တို့ ဝင်းလက်သွားကာ လက်ခုပ်တီးလျက် ပြောလိုက်သည်။
"အဖွဲ့တွေ အားလုံး အာရုံစိုက်ထားမယ် "ဧကရီရဲ့ နန်းတက်ပွဲ" အခန်းကို ရိုက်ကူးဖို့ အဆင်သင့်ပြင် ပစ္စည်းတွေ စစ်ဆေးပြီး အဆင်သင့် နေရာယူထားကြ ..."
"ဟုတ်ကဲ့ပါ ဒါရိုက်တာကြီး ..."
ဝန်ထမ်းအားလုံး သက်ဆိုင်ရာ နေရာအသီးသီးသို့ ပြန်သွားကြရင်း ရိုက်ကွင်းတစ်ခုလုံး ပျားပန်းခတ် အလုပ်များလာကြတော့သည်။
ရှောင်ကျားရှုနှင့် ကျိမြန်တို့ကလည်း သူမ၏ သရုပ်ဆောင်မှုကို လေ့လာရန် ဘေးနားတွင် အဆင်သင့် ရပ်နေကြ၏။ ဤအခန်းမှာ လီရှန်းကျစ် အရိုက်အရာ ဆက်ခံခဲ့ရစဉ်ကနှင့် များစွာ တူညီလှပေသည်။ တစ်ခုတည်းသော ကွာခြားချက်ဟူ၍ လီရှန်းကျစ်သည် တစ်ဝက်ခန့်အထိသာ လှမ်းတက်ကာ တစ်ခန်းလုံး စကားတစ်ခွန်းမှ မပြောခဲ့သော်လည်း သူမကမူ အခမ်းအနား ကျင်းပရာ နန်းမြင့်မျှော်စင်၏ ထိပ်ဖျားအထိ လှမ်းတက်ကာ ယင်ယန်ပြောင်းလဲခြင်းအတွက် လျော်ကန်သင့်မြတ်သည့် မိန့်ခွန်းတစ်ခု ပြောကြားခဲ့ခြင်းသာ ဖြစ်သည်။
ဤအခန်းတွင် ဧကရီသည် ပြည်သူနှင့် စစ်တပ် ထိုမျှသာမက မိုးကောင်းကင်၏ ဥပဒေသတို့နှင့်ပင် အားပြိုင်နေရသည့်နှယ် စာလုံးရေ တစ်ထောင်နီးပါးခန့် ရှိသော မိန့်ခွန်းကို အားကောင်းလှသည့် အသံဖြင့် ခပ်ပြတ်ပြတ် ပြောကြားရမည်ဖြစ်သည်။ တရုတ်အင်ပါယာ စတင်တည်ထောင်ခဲ့ပြီးနောက် အမျိုးသမီး ဧကရီဟူ၍ သူမတစ်ဦးတည်းသာ ရှိခဲ့ရာ ရဲရင့်မှုနှင့် ပြိုင်ဘက်ကင်း ဗျူဟာတို့ကိုသာ ပိုင်ဆိုင်ထားခြင်း မရှိပါလျှင် လီထန်တော်ဝင်မိသားစု တစ်ခုလုံးကို အနိုင်ယူကာ ဤနေရာအထိ လှမ်းတက်နိုင်စရာအကြောင်း လုံးဝ မရှိချေ။
ဤအခန်းအတွက် အရေးအကြီးဆုံးအရာမှာ အရှိန်အဟုန်ပင် ဖြစ်သည်။ အရှိန်အဟုန် ပျက်ယွင်းပါလျှင် တစ်ခန်းလုံး အလဟဿ ဖြစ်ရပေမည်။ ယနေ့မှာ ရွှယ်မြောင်၏ ဘဝတွင် အဆိုးရွားဆုံးနေ့ဖြစ်ကြောင်း သံသယဝင်နေရန်ပင် မလို။ အသိဉာဏ်နုံနဲသည့် ယောကျာ်းတစ်ယောက်ကြောင့် သူမ၏ အိမ်ထောင်ရေးနှင့် အကောင်းမွန်ဆုံးသော အရွယ်အပိုင်းအခြားတို့ကို နှစ် ၂၀ ခန့် ဆုံးရှုံးခဲ့ရရာ သူမအနေဖြင့် ဤအခန်းကို ကောင်းစွာ ရိုက်ကူးနိုင်ပါ့မလားဟုပင် သံသယဖြစ်လာမိတော့သည်။
"ရွှယ်မြောင် တကယ် ရိုက်နိုင်ပါ့မလား နောက်နေ့မှ ရိုက်ကြရင်ရော ..."
ဒါရိုက်တာက ရိုက်ကူးရေး မစမီ နောက်တစ်ကြိမ် ထပ်မေးလိုက်သည်။
"ရိုက်နိုင်တယ် ..."
သူမက အင်္ကျီလက်အနားစကို ခါယမ်းကာ ခပ်ပြတ်ပြတ် ပြောလိုက်သည်။
"ဒါဆိုလည်း စမ်းကြည့်လိုက်ကြရအောင် ..."
ဒါရိုက်တာက သူမ၏ ခေါင်းမာမှုကြောင့် ကူကယ်ရာမဲ့နေတော့၏။
ရွှယ်မြောင်လို ကြံ့ခိုင်တဲ့ အမျိုးသမီးမျိုးပဲ လက်မထပ်ခင် ပစ္စည်းခွဲဝေခြင်း သဘောတူစာချုပ်ကို လက်မှတ်ထိုးနိုင်မှာပေါ့ ဟုတ်တယ်မဟုတ်လား ဆိုတော့ အကုန်လုံးကို လျစ်လျူရှုနိုင်မှာပါ ...
"မား ကျားယို့ ချစ်တယ်နော် ..."
မော်နီတာဘေးတွင် ရပ်နေသည့် ရှောင်ကျားရှု၏ အော်သံကြောင့် ဒါရိုက်တာမှာ ထိုင်ခုံပေါ်မှ ပြုတ်ကျလုမတတ် ဖြစ်သွားတော့သည်။
သူ့ကို ပြန်ကြည့်လာသည့် ရွှယ်မြောင်၏ အမူအယာ ကင်းမဲ့နေသော မျက်နှာမှာ ရုတ်ချည်း အပြုံးပန်းတို့ ပွင့်လန်းသွားတော့သည်။ မိတ်ကပ်ကို ထူထူလိမ်းခြယ်ကာ နဂိုကတည်းက ထူထဲနေပြီဖြစ်သော မျက်ခုံးတို့ကို နားထင်နှင့် တစ်တန်းတည်း ဖြစ်လုမတတ် ရှည်လျားဖြောင့်တန်းအောင် ဆွဲထားကာ နက်မှောင်နက်ရှိုင်းသည့် မျက်ဝန်းတစ်စုံတို့မှာလည်း အေးစက်လှသည့် ကြယ်ပွင့်များသဖွယ် လင်းလက်တောက်ပနေသည်။ သို့သော် သားဖြစ်သူကိူ ပြန်ကြည့်လာသည့် အကြည့်များမှာမူ ဆောင်းရာသီအလယ် တိမ်ထူထူကို ဖောက်ကာ ထွက်ပေါ်လာသည့် နေရောင်နွေးနွေးသဖွယ် မြင်ရသူတိုင်းကို ရုတ်ချည်း အရည်ပျော်ကျသွားစေတော့သည်။
လက်ကို ယမ်းကာ ခုန်ပေါက်လိုက်သည့် ရှောင်ကျားရှု၏ အပြုံးမှာလည်း များစွာ တောက်ပလှပေသည်။
ရှို့ချန်ယုမှာ ညှို့ယူဖမ်းစားခံလိုက်ရသည့်နှယ် ဝိုင်ပုလင်းကို ဖွင့်ထားသည့်တိုင် အတော်ကြာသည်အထိ မသောက်မိ၊ ရွှယ်မြောင် နန်းမြင့်မျှော်စင် ရှိရာဆီသို့ ပြန်လှည့်သွားမှသာ အနေရခက်စွာ ချောင်းဟန့်လိုက်သည်။
"အန်ကယ်ရှို့ "အရက်က ရီဝေစေတာ မဟုတ်ဘူး လူတွေက" ဆိုတဲ့ စကားပုံရဲ့ နောက်ဆက်တွဲက ဘာလဲ သိလား ..."
ကျိမြန်က ခပ်တိုးတိုး မေးလိုက်သည်။
"လိင်မှုဘဝက စွဲမက်စရာ မဟုတ်ဘူး လူတွေက" ..."
ရှို့ချန်ယုက အလိုလိုပင် ပြန်ဖြေလိုက်မိတော့သည်။ ထို့နောက်တွင်မှ ကျိမြန်ကို စူ
းစူးရဲရဲ စိုက်ကြည့်လိုက်၏။
စောက်ကျိုးနည်း ဒီကလေးက အခုတလော တအားကို ယုံကြည်မှုတွေ လွန်ကဲနေတာပါလား ဟမ် ငါ့ကိုတောင် ဟာသလုပ်ရဲနေပြီ ...
Xxxxxxx