အပိုင်း ၇၃ 🚨🚨
Viewers 9k

Chapter 73 (🚨🚨🚨)


⚠️ warning ⚠️ 


ဟယ်ကျစ်ယွမ်၏ခွန်အားက အလွန်ရိုးရှင်းလှသည်။ ထိုအားအကုန်လုံးက ခါးရှိ သန်မာသောကြွက်သားများမှသာ ရောက်လာခြင်းဖြစ်ပြီး ခန္ဓာကိုယ်အပေါ်ပိုင်းက လုံးဝမလှုပ်ရှားပေ။ ခန္ဓာကိုယ်အလေးချိန်ကို အားပြုရန်မလိုအပ်၍ လှုပ်ရှားမှုများက သန့်ရှင်း၊ ဖျတ်လတ်ပြီး ဆွဲဆောင်မှုရှိနေသည်။ ထိုပုံရိပ်တစ်ခုတည်းနှင့်ပင် စိတ်ကို လှုံ့ဆော်နေပေသည်။


စုန့်ရန်က ဤမျှပြင်းထန်‌စွာဆက်ဆံခြင်းကို တစ်ကြိမ်မှ အတွေ့အကြုံမရှိခဲ့သူဖြစ်သည်။ အကြည့်များက အသက်မဲ့နေပြီး သူ့ခြေထောက်အကြားမှ အဝင်အထွက်ပြုလုပ်နေသည့် အနီရင့်ရောင် အရာကြီးကိုသာ မိန်းမောမှင်သက်ပြီး ကြည့်နေမိသည်။ သူ့အတွင်းသားများကို အားပြင်းပြင်းဖြင့် ထိုးခွဲခံလိုက်ရသည့် သာယာမှုက ဓာတ်လိုက်သွားသည့်ခံစားချက်နှင့် ဆင်တူပြီး ခြေလက်များနှင့် အရိုးများကိုပါ အားပျော့သွားစေသည်။ အားပြင်းသောဆောင့်ချက်များက ထိုနေရာမှ အာရုံကြောများကိုပါ ထိုးဖောက်သွားတော့မည်ဟု ထင်ရသည်။ 


ညည်းညူချင်စိတ်ကို မထိန်းထားနိုင်တော့၍ လည်ပင်းကိုစောင်းပြီး ငိုရှိုက်သံတိုးတိုးလေးများ ထွက်လာသည်။ 


နားရွက်တစ်ခုတည်းသာ ပန်းနုရောင်သန်းနေရာမှ ခန္ဓာကိုယ်တစ်ခုလုံးကို ပျံ့နှံ့သွားပြီး အရောင်ဖျော့ဖျော့ နို့သီးခေါင်းများက နီရဲပြီး မာလာသည်။ လှုပ်ရမ်းနေသော သူ့အရာကလည်း ချောကျိကျိဖြစ်လာပြီး အဖြူပျစ်ပျစ်အရည်များ စီးကျလာသည်။


" အား... ကျွန်တော် မရတော့ဘူး... ပြီးတော့မယ် ထင်တယ် အာ့..."


ဆီးများထွက်ကျလာမည်စိုး၍ စုန့်ရန် ကျယ်လောင်စွာငိုကြွေးနေပြီး အသနားခံ‌နေသော်လည်း တစ်ဖက်လူက ကြားဟန်မတူပေ။ ဆန့်ကျင့်ဘက်အားဖြင့် ပို၍ ပြင်းထန်စွာ ဖိသွင်းလိုက်ပြီး ဆောင့်ချက်များက ပိုမိုပြင်းထန်လာသည်။ စုန့်ရန်၏အရာမှ ထုံကျင်မှုက သူ့ကို စိတ်ရှုပ်ထွေးသွားစေပြီး သူ့ကိုယ်သူ မချုပ်တည်းနိုင်သည့်အခြေအနေအထိ တစ်လှမ်းချင်း တွန်းပို့ခံလိုက်ရသကဲ့သို့ ခံစားမိလာသည်။ နောက်ဆုံးတွင် သူ့ခန္ဓာကိုယ်က တသိမ့်သိမ့်တုန်သွားပြီး ညည်းညူလိုက်ကာ အဖြူရောင်အရည်များ ပန်းထုတ်လိုက်သည်။ သူ အလွန်ရှက်နေသောကြောင့် မကြည့်ရဲ၍ မျက်လုံးများကို အုပ်ထားလိုက်သည်။ 


ခန္ဓာကိုယ်နောက်ပိုင်းဖြင့် လိင်ဆက်ဆံရာမှ အထွတ်အထိပ်ရောက်သွားခြင်းက စိတ်ကျေနပ်မှုကြီးတစ်ခုကို ယူဆောင်လာပေးသည်။ အထူးသဖြင့် ပထမဆုံးအကြိမ်ဖြစ်ပါက ခံစားချက်က အကောင်းမွန်ဆုံး‌ဖြစ်ပေသည်။ 


ဟယ်ကျစ်ယွမ်ကလည်း လုံလုံ‌လောက်လောက် စိတ်ကျေနပ်သွားသည်။ သူ့အရာတစ်ဝိုက်ကို ဖိညှစ်ထားလိုက်ခြင်းနှင့်အတူ အကြိမ်အနည်းငယ်ခန့် လျင်မြန်စွာ ဆောင့်သွင်းလိုက်ပြီးနောက် အားရစွာ‌ဖြင့် ပြီးမြောက်သွားခဲ့သည်။ ထို့နောက် သူ့အငယ်ကောင်ကို ဆွဲထုတ်လိုက်ပြီး ကွန်ဒုံးကိုချွတ်ကာ ချည်လိုက်ပြီးမှ ကြမ်းပြင်ပေါ် ပစ်ချလိုက်သည်။ 


အနည်းငယ် တုန်ယင်နေဆဲဖြစ်သော စုန့်ရန်ကို သူ့ရင်ခွင်ထဲထည့်ပြီး ပူလောင်နေသော ခန္ဓာကိုယ်နှင့် ထိကပ်စေလိုက်သည်။ သူက စုန့်ရန်ကို ချစ်ခင်မြတ်နိုးမှုများဖြင့် ပြည့်နေသည့် အနမ်းတစ်ခု ပေးမည်အပြုတွင် စုန့်ရန်က ဓာတ်လိုက်သွားသည့်သဖွယ် ဆတ်ခနဲရှောင်လိုက်သည်။


" ကျွန်တော့်ကို မထိနဲ့..."


ဟယ်ကျစ်ယွမ်က မျက်မှောင်ကြုတ်လျက် စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။ 


" ဒါလင် ဘာဖြစ်လို့လဲ..."


စုန့်ရန်၏အသံက ငိုရှိုက်သံပါလာသည်။


" ကျွန်တော်က ညစ်ပတ်တယ်..."


" " ညစ်ပတ်တယ်တဲ့လား..."


ဟယ်ကျစ်ယွမ် ပို၍ စိတ်ရှုပ်ထွေးသွားရသည်။ 


စုန့်ရန်၏ နာကျင်နေသောအမူအရာကို ခဏတာစိုက်ကြည့်နေပြီးမှ တစ်စုံတစ်ရာကို သဘောပေါက်သွား၍ မပြုံးပဲ မနေနိုင်တော့ပေ။ 


" မင်း ရှုးပေါက်ချလိုက်မိတယ်လို့ ထင်သွားတာလား..."


ထိုစကားများ ကြားလိုက်ရသည့်အခါ စုန့်ရန်၏ အမူအရာက တောင့်တင်းသွားပြီး သူ့လက်များကို တဖြည်းဖြည်းဖယ်ကာ ‌ငေးငိုင်ကြည့်နေသည်။


" မ... မဟုတ်ဘူးလား..."


သူ့ ခန္ဓာကိုယ်အောက်ပိုင်းကို ဆတ်ခနဲငုံ့ကြည့်လိုက်မိသည်။ သူ့ခါးနားတွင် ညှီစို့စို့အနံ့နှင့် အဖြူရောင်သုတ်ရည်အချို့ ပေနေသည်။ ဆီးတစ်စက်မှ ပါမနေပေ။ ထိုအခါမှသာ စိတ်အေးသွားပြီး သက်ပြင်းရှည်ကြီးချလိုက်ပြီး ဝမ်သားသွားဟန်ဖြင့် ပြုံးလိုက်ကာ ဟယ်ကျစ်ယွမ်ထံတွင် အချွဲနွဲ့ခံချင်စိတ် ဖြစ်လာသည်။ တစ်ဖက်လူ၏ ပိတ်လုမတတ်ဖြစ်နေသည်အထိ ဝမ်းသာအားရပြုံးနေသည့် မျက်ဝန်းများနှင့် အကြည့်ချင်းဆုံလိုက်သည့် တစ်ခဏတာတွင် ပျော်ရွှင်မှုက အနေခက်မှုအဖြစ် ပြောင်းလဲသွားသည်။ 


စုန့်ရန် ရှက်လွန်း၍ မျက်နှာတစ်ပြင်လုံး နီရဲလာသည်။ ခေါင်းကို ဂွမ်းကပ်အောက်သို့ တိုးဝင်သွားပြီး အမှန်တရားကို ရှောင်တိမ်းရန် ငှက်ကုလားအုတ်တစ်ကောင်သဖွယ် ဟန်ဆောင်နေသည်။ 


ဟယ်ကျစ်ယွမ်က သူ့တင်ပါးလေးကို ပုတ်လိုက်သည်။


" ဒါလင် သွားပြီးဆေးကြောရအောင်လေ..."


" မသွားချင်ဘူး..."


ဟယ်ကျစ်ယွမ်က ထပ်ပြောသည်။


" သန့်ရှင်းရေး လုပ်ရမယ်လေ..."


စုန့်ရန်က တင်ပါးကို ပို၍ပင်မြှောက်ထားလိုက်သည်။


" ကျွန်တော် မသွားချင်ဘူးလို့..."


ဟယ်ကျစ်ယွမ်က ရုပ်တည်သွားပြီး သူ့နာမည်အပြည့်အစုံကိုခေါ်လိုက်သည်။ 


" စုန့်ရန်..."


စုန့်ရန်က မကြားချင်ယောင်ဆောင်နေသည်။


" သေတောင် မသွားချင်ဘူးလို့..."


“…”


" ဟေး ဘာလုပ်တာလဲ... ဘာလုပ်တာလဲလို့ ကျွန်တော့်ကို အောက်ချပေး..."


ဟယ်ကျစ်ယွမ်က အော်ဟစ်ပြီး ကိုယ်လုံးတီးဖြစ်နေသည့်စုန့်ရန်ကို အိပ်ရာပေါ်မှ ဆွဲချလိုက်ကာ သူ့ပခုံးပေါ် ထမ်းတင်၍ ငြင်းဆန်ခွင့်မပေးတော့ပဲ ရေချိုးခန်းသို့ခေါ်သွားပြီး တံခါးကို ဆောင့်ပိတ်လိုက်သည်။


ရေချိုးခန်းထဲတွင် ရေပန်းမှရေစီးကျသံများကို ကြားနေရသည်။ သို့ရာတွင် မကြာမီအချိန်၌ ထိုအသံများပျောက်ကွယ်သွားပြီး ညည်းညူသံများက နေရာယူသွားသည်။ 


" ဟင့်... အဲ့လိုမဟုတ်ဘူး... အာ့... ကျွန်တော် အရင်ကမှ ဒါမျိုးမလုပ်ဖူးတာ... အဲ့နှစ်ခုက မတူဘူးဆိုတာ ဘယ်... ဘယ်လိုသိမှာလဲ လူယုတ်မာကြီးရဲ့..."


ညည်းညူသံက အမြင့်ဆုံးအထိ ရောက်သွားပြီး ခဏအကြာတွင် အသားချင်းရိုက်သံများက ရေချိုးခန်းထဲ ပလုံစီလာပြီး ညည်းညူသံမှတစ်ဆင့် သနားစဖွယ် အော်ဟစ်ငိုယိုသံများအဖြစ် ပြောင်းလဲသွားသည်။


" အား... ထပ်မလုပ်ပါနဲ့တော့... ကျွန်တော်... အင့်... ကျွန်တော် ဘာကွာလဲဆိုတာ သိပါပြီ... ကျွန်တော်သိပြီလို့... နောက်မမှားတော့ပါဘူး... ဒါပေမဲ့ ဒီတစ်ခါတော့... တကယ် တကယ်ကို... အာ့..."


ညနှောင်းပိုင်းအချိန်တွင် လူကြီးမင်းဟယ်က စုန့်ရန်ကို သန့်စင်ခန်းနံရံနှင့်ဖိထားကာ 'သုက်လွှတ်ခြင်း' နှင့် 'ဆီးသွားခြင်း' အကြား ခြားနားချက်ကို လေးလေးနက်နက်ဖြင့် အချိန်အတန်ကြာအောင် သင်ပေးခဲ့သည်။


........


၁၇ရက်မြောက်နေ့ ၁၂နာရီ ၂မိနစ် 🖌️


စုန့်ရန် နေမြင့်သည်အထိ အိပ်ခဲ့သည်။ သူ နိုးလာချိန်တွင် တစ်ကိုယ်လုံးကို တစ်စစီဖြုတ်ခံထားရသကဲ့သို့ ခံစားလိုက်ရသည်။ တစ်ကိုယ်လုံးနာကျင်ကိုက်ခဲနေပြီး ခြေထောက်များ တုန်နေကာ ခန္ဓာကိုယ်နောက်ပိုင်းတွင်လည်း ယောင်နေ၍ တစ်ဖက်သို့စောင်းလိုက်ရုံနှင့် မျက်နှာက ရှုံ့မဲ့သွားရပြီး အရိုးအဆစ်များလည်း နာ နေ၍ ညည်းညူလိုက်မိသည်ာ အကယ်၍ ခပ်ပြင်းပြင်းလှုပ်ရှားလိုက်ပါက အပိုင်းပိုင်းဖြစ်သွားတော့မည်ဟု ထင်ရပေသည်။ 


လူကြီးမင်းဟယ်က သူ့ဘေးတွင် ရှိမနေပေ။ နေရောငိခြည်ဖြာကျနေသော အိပ်ရာပေါ်တွင် တစ်ယောက်တည်း နိုးထလာရ၍ ယမန်နေ့ညက မြင်မကောင်းရှု့မကောင်း အခြေအနေကို ပြန်အမှတ်ရသွားသည်။ 


ဘယ်လို သတ္တဝါကြီးလဲမသိဘူး...


သူ့အရိုးတွေပါ တဂျွတ်ဂျွတ်ဝါးစားခံလိုက်ရသလိုပဲ...


လူကြီးမင်းဟယ်က ဒီတစ်နပ်စာစားဖို့ ငါးနှစ်လောက် အဆာခံပြီးနေခဲ့တယ်လို့တောင် ထင်ရတယ်...


လူကြီးမင်းဟယ်နှင့် မအိပ်မီအချိန်က လူပျိုလေးစုန့်ရန်တွင် လှပသော စိတ်ကူးယဉ်မှုများစွာ ရှိခဲ့သည်။ သို့ရာတွင် သူတို့ အတူတူအိပ်ပြီးချိန်တွင် လူကြီးမင်းဟယ်၏ သက်လုံအားကို ယခင်က အထင်သေးခဲ့မိကြောင်း သိလိုက်ရသည်။ သူက ဝံပုလွေတစ်ကောင်ကို လူကြီးလူကောင်းတစ်ယောက်နှင့် အထင်မှားခဲ့မိခြင်းဖြစ်သည်။ 


အဲ့လိုအကြောင်းတွေကြောင့် သူ့ရဲ့ လူပျိုစင်ဘဝလေးကို ဝမ်းနည်းပက်လက်ဖြစ်စွာနဲ့ နှုတ်ဆက်ခဲ့ရတယ်လို့ပဲ ပြော‌ရတော့မှာပေါ့လေ...


ညတစ်ဝက်ကျော်လွန်သွားချိန်အထိတိုင် ရေချိုးခန်းထဲတွင် သတိလစ်မေ့မျောသွားသည့်အထိ ဆက်ဆံခံလိုက်ရပေသည်။ 


သို့ရာတွင် ပွင့်လင်းစွာပြောရမည်ဆိုလျှင် ခံစားချက်က ကောင်းလွန်းသည်။ 


လူကြီးမင်းဟယ်က စိတ်အားထက်သန်မှုနှင့် ထောက်ထားစာနာမှုတွင် အမှတ်ပြည့်ရနိုင်သည့် လက်တွဲဖော်အမျိုးအစားဖြစ်သည်။ လိင်ဆက်ဆံနေချိန်တွင် သူ့လက်တွဲဖော်ကို အော်ဟစ်ငိုယိုသည်အထိ ဖြစ်စေသော်လည်း နောက်ပိုင်းတွင် ထိုသို့ဖြစ်ခဲ့သည့် ခြေရာလက်ရာများ မကျန်ရစ်ခဲ့ပေ။ အဆမတန်ကြီးလှသောအရာကြီးဖြင့် တစ်ညလုံးပြင်းထန်စွာ ဆက်ဆံခံခဲ့ရသော်လည်း စုန့်ယန်က နာကျင်ကိုက်ခဲနေသည်မှလွဲ၍ အနာတရမဖြစ်ခဲ့ပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူ့ရင်ထဲတွင် စိတ်ကျေနပ်နေမိသည်။ 


သူ့အသွေးအသားကို ငြင်သာစွာ အဖွင့်ခံလိုက်ရသကဲ့သို့ ညစ်ပေမှုများကို ဆေးကြောထားပြီး စက်ဆုပ်မှုများကို သန့်စင်လိုက်ပြီး တစ်ဖန်ပြန်လည် နုပျိုသွားသည်ဟု ထင်ရသည်။ 


ဘယ်သူ့ကိုမှ ဂရုစိုက်စရာ မလိုတော့သလို...


အရမ်း ပျော်စရာလည်းကောင်းတယ်...


အရည်အသွေးမြင့်သည့် လိင်ဆက်ဆံမှုက စုံတွဲများကို အတူတကွဖြစ်အောင် ထိန်းညှိပေးသည့် ကော်နှင့်တူသည်ဟု လူအများက မကြာခဏပြောသည်မှာ အံ့ဩစရာမဟုတ်တော့ပေ။ အလုပ်ပင်ပန်းသည့်နေ့ရက်တစ်ခုတွင် ဘာမှပြောစရာမလိုပဲ လူကြီးမင်းဟယ်၏ရင်ခွင်ထဲ ပွေ့ဖက်ခံလိုက်ရပြီး အနည်းငယ်အလိုလိုက်ခံလိုက်ရရုံဖြင့် လျင်မြန်စွာ စိတ်အေးလက်အေး ဖြစ်သွားနိုင်သည်။ 


ခေါင်းအုံးပေါ်မှ လူကြီးမင်းဟယ်၏အနံ့ရလိုက်သောအခါ သူ၏တောင့်တင်းနေသောကြွက်သားများနှင့် နွေးထွေးမှုကို ပြန်လည်အမှတ်ရသွား၍ ခန္ဓာကိုယ်အရေပြားများ ယားယံလာပြီး ပွတ်သပ်ခံချင်စိတ် ဖြစ်ပေါ်လာသည်။ သူ့ကိုယ်သူ ဂွမ်းစောင်နှင့် ခြုံထားလိုက်ပြီး ပွတ်သပ်နေမိသော်လည်း ယားယံမှုက ပိုတိုးလာသည်။ 


လူကြီးမင်းဟယ် ခင်ဗျားဘယ်ရောက်နေတာလဲ... ကျွန်တော်တို့ တစ်ညတာကို တူတူဖြတ်သန်းခဲ့တာလေ ကျွန်တော်ဖက်လို့ရအောင် အနားကို မြန်မြန်လာပါလား...


သူ့စိတ်ထဲတွင် နှုတ်ခမ်းစူလိုက်မိသည်။ 


ကလစ်...


အိပ်ခန်းတံခါးပွင့်လာသည်။ 


" အို..."


စုန့်ရန် တစ်ခဏတွင်းချင်း စိတ်လှုပ်ရှားသွား၍ ဂွမ်းစောင်ထဲ ပြန်ဝင်နေလိုက်သည်။ 


ဟယ်ကျစ်ယွမ် ဗန်းတစ်ဗန်းသယ်ပြီး ရောက်လာချိန်တွင် ဂွမ်းစောင်၏အောက်မှ ခေါင်းအုံးဘေးအနားတွင် ဆံပင်အနည်းငယ် ထွက်နေသည်ကို မြင်လိုက်ရသည်။ ထို့အပြင် ဂွမ်းစောင်ကြီးကလည်း လှုပ်စိလှုပ်စိဖြစ်နေသည်။ အပြုံးတစ်ပွင့်ဖြင့် ခါးကိုင်းလိုက်ပြီး ဗန်းကို စားပွဲပေါ် တင်လိုက်ကာ အိပ်ရာအစွန်းတွင်ထိုင်ပြီး စုန့်ရန်အပေါ်မှ စောင်ကို ဖယ်ပစ်လိုက်သည်။ 


" ကျွန်တော့်ခါး... အဲ့နားက တော်တော်‌နာနေတယ်..."


စုန့်ရန် လေအေးတစ်ရှိုက်စာ ရှုလိုက်ရသည်။ 


" နာရင် မလှုပ်နဲ့လေ..."


သူ့ကို သေချာကိုင်ထားပြီးနောက် ဟယ်ကျစ်ယွမ်က ခါးနားတစ်ဝိုက်ကို လက်ချောင်းများဖြင့် ဖိကြည့်နေသည်။ 


" တော်တော် နာနေလား..."


" နာတယ်..."


စုန့်ရန်၏ မျက်နှာထက်မှ မ‌ခံမရပ်နိုင်မှုများကို အတိုင်းသား မြင်နေရသည်။ 


ရလဒ်အနေဖြင့် စုန့်ရန်က ဟယ်ကျစ်ယွမ်၏ပေါင်ပေါ်လှဲနေစဉ်တွင် ဟယ်ကျစ်ယွမ်က သူ့ကို ကိုယ်တိုင် ခွံ့ကျွေးရန် ပြင်ရတော့သည်။ ၎င်းက ဟင်းသီးဟင်းရွက်ချဉ်များနှင့် ဆန်ပြုတ်ဖြစ်ပြီး အသားမပါချေ။ ၎င်းက 'ပထမဆုံးညကို အတူတကွ ဖြတ်သန်းပြီးနောက် ပြင်ဆင်ပေးသည့် မနက်စာ' ဖြစ်ကြောင်း တစ်ချက်ကြည့်လိုက်ရုံဖြင့် သိနိုင်ပြီး သူ့ခန္ဓာကိုယ်ကိုပါ ဂရုစိုက်ပေးသည်ဟု ဆိုလိုပေသည်။ 


အရမ်းစိတ်လှုပ်ရှားစရာဆိုပေမယ့် သနားစရာလည်းကောင်းနေတယ်...


စုန့်ရန်က အလွန်အမင်း ပင်ပန်းနွမ်းနယ်နေ၍ စားချင်စိတ်မရှိပေ။


" ပုပုရော... သူ အိပ်ရာမထသေးဘူးလား..."


Xxxxxxxx