Short story 7
Viewers 10k

Short story


တစ်ခန်းရပ်ဇာတ်လမ်း ( ၇ ) 🖌️


လူကြီးမင်းဟယ်၏ မှိုပွင့်ကြီး


နွေရာသီညတစ်ညတွင် စုန့်ရန်က ချွေးများစိုရွှဲလျက် Gymမှ အိမ်ပြန်ရောက်လာသည်။ ဆိုဖာပေါ်တွင် ထိုင်‌ပြီး နတ်သမီးပုံပြင်ဖတ်နေသည့် သားအဖနှစ်ယောက်ကို အမြန်နှုတ်ဆက်လိုက်ပြီး အိပ်ခန်းထဲ ပြေးဝင်ကာ ကျပ်လွန်းသည့် အားကစားအဝတ်အစားများကို ချွတ်လိုက်ပြီး ရေအေးအေးလေးဖြင့် ရေချိုးသန့်စင်လိုက်သည်။ 


မိနစ်နှစ်ဆယ်အကြာတွင် ရေချိုးခန်းထဲမှ ထွက်လာပြီး တာဝါတစ်ထည်ပတ်ထားသည်။ လူကြီးမင်းဟယ်က ခုတင်ခေါင်းရင်းကိုမှီပြီး စာအုပ်ဖတ်နေသည်။


" ဒီနေ့ နည်းနည်းတိုးတက်လာတယ်..."


ခပ်ရေးရေး မြင်လာရသည့် သူ့ကြွက်သားများကို ပြလိုက်ပြီးနောက် အိပ်ရာပေါ် ခုန်တက်လာကာ သိချင်စိတ်ဖြင့် လူကြီးမင်းဟယ်၏ ညအိပ်ဝတ်ရုံ ခါးစည်းကြိုးကို ဖြည်လိုက်သည်။


" မြန်မြန်... ကျွန်တော် သေချာလေး ယှဉ်ကြည့်ပါရစေဦး..."


လူကြီးမင်းဟယ်က တစ်ဖက်လူ သူ့အနားရောက်လာပြီး ညအိပ်ဝတ်ရုံခါးစည်းကြိုးကို ဖြည်ပြီး သူ့ကြွက်သားများကို စစ်ဆေးကြည့်ရှု့နေခြင်းအား မျက်တောင်မခတ်ပဲ ကြည့်နေသည်။


ခဏအကြာ ကြည့်ရှု့ပြီးသွားသည့်အခါ စုန့်ရန်က လိပ်ပြာမလုံသည့်ပုံဖြင့် ပြောလိုက်သည်။


" ကျွန်တော် ခင်ဗျားနဲ့ယှဉ်ရင် နည်းနည်းလိုတော့တာ..."


နည်းနည်းပဲပေါ့လေ...


လူကြီးမင်းဟယ်က ပြုံးလိုက်သည်။


" အင်း ဟုတ်တယ် နည်းနည်းပါပဲ..."


သူ့လေသံက ချစ်ခင်မြတ်နိုးမှုများဖြင့်သာ ပြည့်နှက်နေပြီး ရန်စခြင်းလည်း မပါဝင်ပေ။ အမှန်တွင် လွန်ခဲ့သည့်နှစ်လအတွင်း စုန့်ရန် မည်မျှအားထုတ်ခဲ့သည်ကို သူလည်းသိသည်။ သို့ရာတွင် စုန့်ရန်က 'နည်းနည်းပဲ' ဟူသည့်စကားကို ဆတ်ဆတ်ထိမခံဖြစ်သွားပြီး လူကြီးမင်းဟယ်၏ခါးကို ဆွဲဆိတ်လိုက်သည်။ 


" ခင်ဗျားတစ်ယောက်တည်း အရမ်းမိုက်နေတာ... အဲဒါ ကျွန်တော့်ကို လာမကြွားနဲ့နော် ကြားလား..."


လူကြီးမင်းဟယ်က သူ့ခါးကိုလှုပ်လိုက်သည်။ 


" ကိုယ် မလုပ်ရဲပါဘူး..."


ယှဉ်ကြည့်ချိန်တွင် အဆင်မပြေဖြစ်သွား၍ စုန့်ရန်က စိတ်သဘောထားသေးသိမ်စွာဖြင့် လူကြီးမင်းဟယ်၏ကြွက်သားကို အလစ်တိုက်ခိုက်တော့သည်။ 


" ဒါလေးက ဟင်းသီးဟင်းရွက်စိုက်ခင်းလေးနဲ့ မတူဘူးလား... ကြည့်ကြည့် ကြွက်သားတွေက ဒီလောက်သပ်ရပ်ပြီး ကြည့်ကောင်းနေတာ ထယ်ထိုးထားတဲ့ လယ်ကွင်းနဲ့တောင် တူသေး..."


သူက ကြွက်သားကို လက်ဖြင့် ပွတ်သပ်နေလိုက်သည်။


လူကြီးမင်းဟယ်က စာအုပ်ဖတ်နေရာမှ ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းချလိုက်သည်။ 


" မင်း စိတ်ကူးယဉ်တတ်တာကိုတော့ ကိုယ်တကယ် လေးစားပါတယ်..."


စုန့်ရန်က ချီးကျူးခြင်းကို အပြုံးဖြင့် လက်ခံလိုက်သည်။ 


" ခင်ဗျား ကျွန်တော့်ကို ဖားနေတာပဲ..."


သို့ဖြစ်၍ လူကြီးမင်းဟယ်က စာအုပ်ကို အိပ်ရာဘေးချထားလိုက်ပြီးနောက် စုန့်ရန်ကို ငုံ့ကြည့်လိုက်သည်။ လူငယ်လေး၏ ရေစိုနေသောဆံနွယ်လေးများကိုဖွ၍ ပြောလိုက်သည်။


" မင်းကိုယ့်ကြွက်သားတွေကို လှီးထားတဲ့ တို့ဟူးတို့ ဝေဖာတို့နဲ့တူတယ်လို့ပြောတုန်းက ကိုယ် ဘယ်လိုမှမနေဘူး... ‌ဒါပေမဲ့ အသီးအရွက်စိုက်ခင်းဆိုတော့... ဘယ်နေရာကများစိုက်ခင်းနဲ့တူနေလို့လဲ... မင်း ဆံပင်ညှပ်ရတော့မယ်နော် တော်တော်လေး ရှည်လာပြီ..."


စုန့်ရန်က သူ၏အလုပ်မှာ ကလေးပုံပြင်စာအုပ်လေးများကိုပန်းချီဆွဲပေးရသူဖြစ်၍ သူ့စိတ်ကူးယဉ်မှုများကို မေးခွန်းထုတ်ခံလိုက်ရသည့်အခါ မကျေမနပ်ဖြစ်သွားသည်။ အားပြင်းပြင်းဖြင့် သူ့ဆံပက်များကို လူကြီးမင်းဟယ်၏ဗိုက်ပေါ်ထိပြီး ကလူကျီစယ်ဟန်ဖြင့် ပြောလိုက်သည်။


" ကြည့်လိုက်လေ ဒီနေရာမှာ မြက်ပင်တွေရှိနေတာကို စိုက်ခင်းနဲ့ မတူဘူးလို့ ပြောနေသေးတယ်..."


" စုန့်ရန်..."


လူကြီးမင်းဟယ်က သူ့ဝမ်းဗိုက်အောက်နားတွင် လောင်ကျွမ်းနေသည့် အပူတစ်မျိုးနှင့်အတူ စူခနဲအောင့်တက်သွားသည်။ တောက်လောက်နေသည့်သွေးများက ပြောင်းပြန်စီးဆင်းသွားပြီး အချို့နေရာများကို လှုံ့ဆော်ပေးနေ၍ သူ့အတွင်းခံထဲမှ အိပ်မောကျနေသည့်တိုက်တန်ကို နှိုးလိုက်သကဲ့သို့ ဖြစ်သွားသည်။ 


သူ၏ တုံ့ပြန်ချက်က ကြောက်မက်ဖွယ်ကောင်းလောက်အောင် မြန်ဆန်လွန်းလှသည်။ 


ချစ်သူများအကြားမှ လိင်ပိုင်းဆိုင်ရာဆွဲဆောင်မှု၏ ပြင်းပြခြင်းက အရှိန်၊ မာတောင့်နေမှုတို့နှင့် ပြသနိုင်ပေသည်။


စုန့်ရန်က စကားတစ်ခွန်းတည်းဖြင့် လူကြီးမင်းဟယ်ကို ရန်စနိုင်ခဲ့၍ ဂုဏ်ယူနေသည်။ စိတ်ထဲတွင်မူ ခံစားချက်များက ဗြောင်းဆန်နေသော်လည်း သူ့မျက်နှာအမူအရာက ထိုခံစားချက်များကို မပေါ်လွင်စေပေ။ သူ့မျက်ဝန်းများက အပြစ်ကင်း၍ ကြည်လင်သန့်စင်နေကာ အတွင်းခံဘောင်းဘီအထက်မှ အမွေးအမျှင်များအပေါ် လက်တစ်ချောင်းက ပြေးလွှားနေသည်။ သူ့အထိအတွေ့က ပို၍အောက်ရောက်လာပြီး နောက်ဆုံးတွင် ပူနွေးနေသည့်အရာကြီးကို ထိမိသွားသည်။ 


" ဘာကြီးပါလိမ့်..."


စုန့်ရန်က အဖြေကိုသိပြီးဖြစ်သော်လည်း မေးလိုက်ပြီး အထက်အောက် ပွတ်ဆွဲနေလိုက်သည်။


လူကြီးမင်းဟယ်၏ နှုတ်ခမ်းနှင့် အာချောင်က ခြောက်ကပ်လာပြီး တံတွေးမျိုချလိုက်သည်။


" အသစ်ပေါက်လာတဲ့မှိုလေ..."


စုန့်ရန်က မျက်လုံးများ ကွေးညွတ်သွားသည်အထိ ပြုံးလိုက်သည်။


" ထူးဆန်းလိုက်တာ... ဒါက ဟင်းသီးဟင်းရွက်စိုက်ခင်းနေရာလည်း မဟုတ်ပဲနဲ့ ဘာလို့ ဒီလောက်ကြီးတဲ့ မှိုပွင့်ကြီး ပေါက်နေရတာလဲ..."


ရုတ်ချည်းဖြစ်ပေါ်လာသည့်ရမ္မက်ကို အလျင်သလို ဖြေလျှော့ရန်လိုအပ်နေသည့် လူကြီးမင်းဟယ်က သုန့်ရန်၏စိတ်ကူးယဉ်မှုများအောက်တွင် လက်နက်ချလိုက်ရသည်။ သူ့ကြွက်သားများအကြောင်း တွေးရန်မကြိုးစားတော့ပဲ လူငယ်လေး၏ ခါးသွယ်သွယ်လေးကိုကိုင်ကာ ခုတင်ခေါင်းရင်းဘက်တွန်းပို့လိုက်ပြီး မွတ်သိပ်စွာ နမ်းတော့သည်။ 


" အဲဒါက ဟင်းသီးဟင်းရွက်စိုက်ခင်းပဲလေ... မဟုတ်ဘူး မင်းပြောတဲ့ ဘယ်ဟာဖြစ်ဖြစ်ပေါ့..."


ထိုညတွင် လူကြီးမင်းဟယ်၏ စိုက်ခင်းပေါ်တွင် နွေဦးမိုးများရွာကျ၍ ရေစက်များ နေရာအနှံ့စင်ကုန်သည်။ စိုက်ခင်း၏ဘေးနားတွင်ရှိခဲ့သောမှိုပွင့်ကြီးကို မှိုပွင့်ကြိုက်နှစ်သက်သော စုန့်ရန်က ရှာတွေ့သွား၍ အနှုတ်ခံလိုက်ရပေသည်။


သို့သော်လည်း ၎င်းက အဆင်ပြေသည်။


အဘယ့်ကြောင့်ဆိုသော် လူကြီးမင်းဟယ်၏ ဟင်းသီးဟင်းရွက်စိုက်ခင်းတွင် မှိုပွင့်များ အလွန်ပေါများသောကြောင့်ဖြစ်သည်။ ယခုချိန်မှစ၍ ဧရာမမှိုပွင့်ကြီးများ ဤနေရာတွင် ပေါက်ရောက်လာပြီး ကိုယ်ပိုင်ထွက်ယက်ထားသည့် ဟင်းသီးဟင်းရွက်စိုက်ခင်းမရှိသေးသော စုန့်ရန်ကို ဗိုက်ဝသည်အထိ ကျွေးနိုင်တော့မည်ဖြစ်သည်။


🖌️🖌️🖌️🖌️🖌️