short story 8
Viewers 9k

Short story


 တစ်ခန်းရပ်ဇာတ်လမ်း ( ၈ ) 🖌️


မျိုးရိုးဗီဇ စစ်ဆေးချက် 


ယနေ့မနက်စောစောတွင် စုန့်ရန်က အိပ်ရာပေါ်လှဲလျောင်းပြီး ဝေ့ပေါ်ကြည့်နေစဉ်တွင် "Kenyaသုတ်ပိုးစုဆောင်းရေးအဖွဲ့" ဟူသော သတင်းအပိုင်းအစတစ်ခုကို မြင်လိုက်ရသည်။ သူ ဖုန်းကိုင်၍ လူကြီးမင်းဟယ်ကို ချက်ချင်းသွားပြလိုက်ပြီး ရယ်ချင်စိတ်ကို အောင့်ထားသည်။


လူကြီးမင်းဟယ်က သူ့ခေါင်းကိုပုတ်လိုက်သည်။ ထိုလူငယ်လေးက သူ့ဒဏ်ရာများကို လာဆွနေခြင်းဖြစ်သည်။ 


စုန့်ရန်က အကြောက်အကန် ငြင်းဆိုလိုက်သည်။


" မဟုတ်ဘူး မဟုတ်ဘူး မဟုတ်ဘူး... ကျွန်တော်က ခင်ဗျားကို ချီးကျုးချင်တာ လူကြိုက်အများဆုံးဖြစ်နေတဲ့ comment ကိုကြည့်လိုက်...အဓိကအချက် : ထူးချွန်တဲ့မျိုးရိုးဆိုတာ ခန္ဓာကိုယ်တောင့်ပြီး ချောတဲ့ယောကျာ်းတွေတဲ့..."


ဟယ်ကျစ်ယွမ်က စိတ်မပါလက်မပါဖြင့် "အင်း" ဟုဖြေလိုက်သည်။ 


စုန့်ရန်၏ မျက်လုံးများအရောင်လက်သွားသည်။ 


" ကျွန်တော်တို့ မျိုးရိုးအရည်အသွေးစစ်ဆေးကြည့်ကြမလား..."


" ဘယ်လိုစစ်မှာလဲ..."


သေချာပေါက် ခင်ဗျားရဲ့ မျိုးရိုးနမူနာလေးကို ခေါ်လိုက်မှာပေါ့... 


ထို့နောက် သူ အော်ခေါ်လိုက်သည်။


" ပုပုရေ... ပုပု..."


ပုပုက အခန်းထဲသို့ ခေါင်းပြူကြည့်ပြီး ဝင်လာသည်။


" ကိုကြီး ခေါ်တာလား..."


စုန့်ရန် လက်ယပ်ခေါ်လိုက်သည်။


" ကလေးလေး လာပါဦး... ကိုကြီးကို အလီဆိုပြပါဦး..."


ပုပုက အိပ်ရာပေါ် ခုန်တက်လာပြီး နာခံစွာဖြင့် ဆိုပြလိုက်သည်။


" တစ် တစ်လီ တစ်၊ တစ် နှစ်လီ နှစ်၊ တစ် သုံးလီသုံး... ကိုး ခုနစ်လီ ၆၃၊ ကိုး ရှစ်လီ ၇၂ ၊ ကိုး ကိုးလီ ၈၁ ..."


စုန့်ရန် ကျေနပ်အားရစွာဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။


" တော်လိုက်တာ... ငါး ရှစ်လီ ဘယ်လောက်လဲ..."


" လေးဆယ်..."


" ၁၅ ခုနစ်လီ ကရော..."


" ၁၀၅ ..."


" ၃၅ ခြောက်လီကရော..."


ပုပုနှင့် သူ့အဖေက တစ်ယောက်နှင့်တစ်ယောက်ကြည့်ပြီး မျက်ခုံးပင့်လိုက်ပြီး‌နောက် တမင်တကာ အမှားကြီး ဖြေလိုက်သည်။


" ၁၀၈..."


စုန့်ရန်က လူကြီးမင်းဟယ်ကို လက်မထောင်ပြလိုက်သည်။


" အမှတ်ပြည့်ပဲ ...အပြည့်စုံဆုံးပဲ ကောင်းလိုက်တဲ့ မျိုးရိုးဗီဇ..."


လူကြီးမင်းဟယ်ကပြုံးပြီ သူ့ကို မေးလိုက်သည်။


" ၃၅ ခြောက်လီက ဘယ်လောက်လဲ..."


စုန့်ရန် : ...


လူကြီးမင်းဟယ် : ဘယ်လောက်လဲ...


စုန့်ရန် ရှက်သွားသည်။


" ၁၀၈ မဟုတ်ဘူးလား..."


ပုပုက ဗိုက်ကိုနှိပ်ပြီး အိပ်ရာပေါ် လူးလှိမ့်၍ ရယ်နေသည်။ 


🖌️🖌️🖌️🖌️🖌️