Extra 2
ထိုနေ့တွင် နေရောင်ခြည်က အလွန်တောက်ပနေပြီး အပူချိန်ကလည်း သက်တောင့်သက်သာရှိလှသည်။ ပုပုက ကျောင်းသွားနေ၍ သူတို့နှစ်ယောက်တည်းသာ အိမ်တွင်ရှိနေသောကြောင့် ချစ်တင်းနှောရန် အကောင်းဆုံးအချိန်ဖြစ်နေသည်။ စုံတွဲနှစ်ယောက်က ဆိုဖာပေါ်တွင် လုံးထွေးနေပြီး တစ်ယောက်ကအထက်တွင်ဖြစ်ပြီး နောက်တစ်ယောက်က အောက်ဘက်တွင်နေကာ ချွေးများတတောက်တောက်ကျနေပြီး ခေါင်းအုံးနှင့် စောင်များကလည်း ကြမ်းပေါ် ကျကုန်သည်။
စုန့်ရန်၏ခြေထောက်နှစ်ဖက်ကို ဟယ်ကျစ်ယွမ်၏ ခါးအထက်တွင် တင်းကျပ်စွာ ရစ်ပတ်ထားသည်။ စည်းချက်ကျကျလှုပ်ရှားနေချိန်တွင် သူ့ညည်းညူသံများက ထိန်းမရနိုင်အောင်ဖြစ်ပြီး ညှို့ဓာတ်အပြည့်ရှိနေသည်။
ပြီးမြောက်ရန် ခြေတစ်လှမ်းအလိုတွင် ဧည့်ခန်းထဲမှ စူးရှရှအသံတစ်သံ ထွက်ပေါ်လာသည်။ ပုသို့သို့က ဆိုဖာပေါ်တွင် သုတ်သုတ်ပျာပျာပြေးလွှားနေစဉ်တွင် ပုသိုင်းသိုင်းက သူ့အနောက်မှနေ၍ သရဲတစ်ကောင်သဖွယ် ပြေးလိုက်နေသည်။ ကြောင်နှစ်ကောင်က နံရံနားတွင် တိုက်မိသွားပြီး လိုက်ကာစနှင့် လုံးထွေးသွားကာ ဘောလုံးတစ်လုံးသဖွယ်လှိမ့်သွားကြသည်။
ထို့နောက် စုန့်ရန်၏ကိုယ်ထဲသို့ ပူပူနွေးနွေးအရည်များ ဝင်ရောက်လာသည်။
“…”
စုန့်ရန်သာမက ဟယ်ကျစ်ယွမ်လည်း အေးခဲတောင့်တင်းသွားသည်။
သူတို့နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေကြပြီး စုန့်ရန်၏ အသက်ရှုသံများ တည်ငြိမ်သွားကာ အထစ်ထစ်အငေါ့ငေါ့ဖြစ်သွားသည်။
" အမ်... အဲဒါကြောင်တွေကြောင့်ပါ အရမ်းစိတ်မညစ်သွားပါနဲ့..."
" ကိုယ့်အမှားပါ... ဒါလင် ကိုယ်မင်းကို ပြန်လျော်ပေးပါ့မယ်..."
ဟယ်ကျစ်ယွမ်က ခေါင်းငုံ့ပြီး စုန့်ရန်ကို နမ်းလိုက်သည်။
သူ စောစောပြီးရင် စောစောပြီးသွားတာပါပဲ ဆင်ခြေဆင်လက်တွေ ပေးနေစရာမှ မလိုတာ...
တိုက်ခိုက်နေသည့် ကြောင်နှစ်ကောင်ကို အဓိပ္ပါယ်ပါပါဖြင့် တစ်ချက်ကြည့်လိုက်ပြီး စုန့်ရန်ကို ရင်ခွင်ထဲတွင် ပွေ့ချီသွားကာ တိတ်ဆိတ်ကာ မည်သူမှ အနှောင့်အယှက်မပေးနိုင်မည့် အိမ်တွင်းရုပ်ရှင်ရုံရှိသည့်အခန်းထဲဝင်သွားသည်။ စုန့်ရန်က ဖယောင်းပန်းနီရောင် ဆိုဖာပေါ်တွင်လှဲကာ လက်ထဲတွင် ခေါင်းအုံးတစ်လုံးကိုင်ထားပြီး နေ့လယ်မှစ၍ သူ၏ စိတ်ထဲ ဝေဝါးလာသည့်အချိန်ထိ လျော်ကြေးပေးခံလိုက်ရ၍ မျက်ရည်များနှင့် ချွေးများပင် စီးကျလာသည်။
" အဲဒါ... အဲဒါ ကြောင်တွေရဲ့အမှားပဲ..."
သူ အားနည်းဖျော့တော့စွာဖြင့် ပင့်သက်ရှိုက်လိုက်ပြီး ကြမ်းပေါ်မှ အသုံးပြုပြီးသားဖြစ်နေသော ကွန်ဒုံးများကိုကြည့်ပြီး ငိုရှိူက်လိုက်သည်။
" မဟုတ်ရင် တစ်ကြိမ်တည်းနဲ့ ပြီးသွားမှာကို..."
နောက်တစ်နေ့မနက်တွင် ပုသိုင်းသိုင်းက အသင်းခံလိုက်ရ၍ လည်ပင်းတွင် ကတော့လေးနှင့်ပြန်လာသည်။ ယခုအခါ အိမ်ရှိကြောင်နှစ်ကောင်လုံးတွင် ဥမရှိတော့သည့်အတွက် အခန်း8012Bက နောက်ဆုံးတွင် ငြိမ်းချမ်းသွားခဲ့သည်။
ပုသိုင်းသိုင်းမှာ ပထမတွင် လက်သည်းဆယ်ချောင်းဆုံးရှုံးလိုက်ရပြီး ယခုအခါတွင်လည်း ဘောလုံးနှစ်လူံပျောက်သွားခဲ့သည်။ သူ အလွန်ဒေါသထွက်နေ၍ မျက်ဝန်းမှ ကြောက်ခမန်းလိလိအလင်းတန်းများ ဖြာထွက်နေသည်ဟု ထင်ရပြီး ကုတ်ဘုတ်ကို လက်ဖြင့် အားပါးတရကုတ်ကာ ဒေါသကို ဖြေဖျောက်နေသည်။ သို့ရာတွင် သူ မည်သို့လုပ်သည်ဖြစ်စေ သူ၏ ချစ်စရာကောင်းသော ဥလေးနှစ်လုံးက ပြန်မရောက်လာတော့ပေ။
ပုသို့သို့က သူ့ကို ရုတ်တရက် ကိုယ်ချင်းစာလာမိသည်။
သူသည်လည်း ကုန်းကုန်းဘဝရောက်ခဲ့ရသူဖြစ်၍ ဤကဲ့သို့သောနာကျင်မှုကို အနားလည်ဆုံးဖြစ်သည်။
အမှန်တွင် ပုသိုင်းသိုင်း၏စရိုက်က အလွန် စိတ်အနှောင့်အယှက်ဖြစ်စရာ မကောင်းပေ။ ကြောင်နှစ်ကောင်တွင် တစ်ကောင်က တည်ငြိမ်သော်လည်း တစ်ကောင်က ရန်လိုကာ၊ တစ်ဖက်ကဝပြီး တစ်ဖက်ကပိန်သည့်အပြင် တစ်ဖက်က ဈေးကြီးပြီး တစ်ဖက်က ဈေးပေါသည်။ သူတို့က တစ်ကောင်နောက်တစ်ကောင်လိုက်ပြီး ပြေးလွှားဆော့ကစားနေသည်က လုပ်စရာမရှိသောကြောင့်ဖြစ်သည်။
သို့ဖြစ်၍ ပုသို့သို့က တဖြည်းဖြည်းလျှောက်သွားလိုက်ပြီး ပုသိုင်းသိုင်း၏ဘေးတွင် လှဲနေလိုက်ကာ သူ့ကြောင်မွေးလေးများကို လျက်ပေးလိုက်ပြီး အားပေးနှစ်သိမ့်လိုက်သည်။
( ဝမ်းမနည်းပါနဲ့ ဘော်ဒါရေ... ငါလည်း ဒီလိုအရှက်ခွဲခံခဲ့ရတာပဲ...)
ပုသိုင်းသိုင်းက ဥနှစ်လုံး ဆုံးရှုံးလိုက်ရသည့် ဝမ်းနည်းစရာအကောင်းဆုံးအချိန်တွင် သူ့အဖော်ဖြစ်သူ၏ နှစ်သိမ့်မှုကို ရရှိလိုက်ပေသည်။ အဆူးများ ဖယ်ထုတ်ခံလိုက်ရသည့် ကန္တာရအပင်တစ်ပင်သဖွယ် ရန်လိုမှုများက ခင်မင်ရင်းနှီးမှုအဖြစ် ချက်ချင်းပြောင်းသွားပြီး ပုသို့သို့၏ အမွေးများကိုပါ လျက်ပေးလိုက်သည်။
ကြောင်နှစ်ကောင်အကြားမှ ဆက်ဆံရေးက ပါးကိုက်နားကိုက်ဆက်ဆံရေးမျိုး မဟုတ်တော့ပဲ တစ်နေကုန် နေပူဆာတူတူလှုံပြီး မိတ်လိုက်ချင်စိတ်လည်းမဖြစ်ပေါ်လာတော့သည့် ဂေးသူငယ်ချင်းများ ဖြစ်သွားကြသည်။ ပိုင်နက်နယ်မြေအတွက် မတိုက်ခိုက်ကြတော့ပဲ ဂန္ဓာမာပန်းများကိုလည်း မတပ်မက်တော့ပေ။
ပုသို့သို့က နောက်ဆုံးတွင် အမြီးကိုမြှောက်၍ လမ်းလျှောက်ရဲသွားပြီဖြစ်သည်။
( ဘယ်လောက်တောင် ကောင်းလိုက်လဲ...)
ပုသိုင်းသိုင်းနှင့် ပုသို့သို့တို့အကြားမှ ဆက်ဆံရေးက အမြန်တိုးတက်လာပြီး ခွဲမရနိုင်သည်အထိ ဖြစ်လာသည်။ သို့ရာတွင် ဤအချိန်အတောအတွင်း သူတို့အပေါ် ကိစ္စကြီးတစ်ခု ကျရောက်လာသည်။
အခန်း8012Aကို ပိုင်ဆိုင်သောစုံတွဲက ဩစတေးလျမှ ပြန်ရောက်လာကြသည်။
စုန့်ရန်က လွန်ခဲ့သည့်လဝက်ခန့်တည်းက အန်တီကျီထံမှ သတင်းများရရှိထားပြီးဖြစ်၍ သူ့ပစ္စည်းများကို သန့်ရှင်းရေးလုပ်ကာ အခန်း 8012Bသို့ အပြီးတိုင် ပြောင်းရွှေ့လာခဲ့ပြီးဖြစ်သည်။ တိုက်ခန်းနှစ်ခုအကြားအကွာအဝေးက အလွန်နီးလှ၍ လူကြီးမင်းဟယ်က သေတ္တာဘူးကြီးဆယ်ဘူးကို သူကိုယ်တိုင် မ'လာခဲ့ပေးသည့်အတွက် အခြားလူများကို အကူအညီတောင်းရန်လည်း မလိုအပ်ခဲ့ပေ။
အသက်ကြီးစုံတွဲနှစ်ယောက် ပြန်ရောက်လာသည့်နေ့တွင် စုန့်ရန်က အမွေးလုံးကြီးပုသို့သို့ကို အကောင်းဆုံးအနေအထားဖြင့် ပြန်လည်အပ်နှံပေးခဲ့သည်။ လူကြီးစုံတွဲက သူတို့အိမ် ပြောင်လက်တောက်ပနေပြီး အပင်များကလည်း စိမ်းလန်းစိုပြည်ကာ အရွက်များ ဝေဆာနေ၍ ယခင်နှစ်ဝက်အတွင်း ကောင်းမွန်စွာ ဂရုစိုက်ထားကြောင်း တစ်ချက်ကြည့်ရုံဖြင့် သိလိုက်သည်။ သူတို့က စုန့်ရန်ကို အားပါးတရ ကျေးဇူးတင်စကားပြောကြပြီး သူနှင့် ခဏတာ စကားစမြည်ပြောနေပြီးသည့်နောက်တွင် အောက်ထပ်သို့ ကိုယ်တိုင်လိုက်ပို့ရန် ကြံနေကြသည်။
စုန့်ရန်က ခေါင်းကုတ်လိုက်ပြီးနောက် အသံတိုးတိုးဖြင့် ပြောလိုက်သည်။
" ကျွန်... ကျွန်တော် အောက်ထပ်ဆင်းစရာမလိုတော့ပါဘူး... ဒီ မျက်နှာချင်းဆိုင်အိမ်မှာပဲ နေနေတာပါ..."
" ဟမ်..."
ထိုလူကြီးစုံတွဲ နားမလည်နိုင်ဖြစ်သွားသည်။
အဆုံးတွင် အပြင်ထွက်လာသော ဟယ်ကျစ်ယွမ်က ထိုစုံတွဲကို အခန်း8012Bသို့ ဖိတ်ခေါ်လိုက်ပြီး လွန်ခဲ့သည့်နှစ်ဝက်အတွင်း ဖြစ်ပျက်ခဲ့သည်များကို ပြန်ပြောပြလိုက်သည်။ သူတို့နှစ်ယောက်က နည်းလမ်းကျကျတွေးခေါ်တတ်သူများဖြစ်ပြီး ရှေးရိုးမစွဲကြပေ။ သူတို့အိမ်ကို ငှားရမ်းလိုက်ခြင်းကြောင့် ချစ်သူနှစ်ယောက်တွေ့ဆုံရန် ကံကြမ္မာဖန်လာခြင်းဖြစ်သည်ဟု တွေးလိုက်မိကြသည်။ သူတို့က ဝမ်းမြောက်စွာဖြင့် ဂုဏ်ပြုစကားပြောလိုက်ကြ၍ စုန့်ရန်အလွန်ရှက်ပြီး မနေတတ်အောင် ဖြစ်သွားခဲ့သည်။
ခဏတာ စကားပြောဆိုပြီးသည့်နောက် အိမ်ပြန်ရန် တံခါးဖွင့်လိုက်ချိန်တွင် မီးခိုးရောင် လျှပ်စီးကြောင်းကြီးက သူတို့ခြေထောက်နားမှ ဖြတ်သွားကာ အခန်း8012Bတံခါးကို မပိတ်ရန် တားမြစ်ထားလိုက်သည်။
လူကြီးစုံတွဲက တစ်ယောက်မျက်နှာတစ်ယောက် ကြည့်နေကြသည်။
စုန့်ရန်က အလျင်စလိုပြေးလာပြီး မထွက်သွားချင်သည့် ပုသို့သို့ကိုချီကာ ရှင်းပြလိုက်သည်။
" သူ ကျွန်တော်တို့အိမ်မှာ လေးငါးလလောက်နေလိုက်ရတာမို့ ထွက်မသွားချင်ဘူးထင်တယ်... ရုတ်တရက်ကြီးမို့ နေသားမကျသေးတာပါ ရက်နည်းနည်းလောက်နေရင် အဆင်ပြေသွားမှာပါ..."
ထိုညတွင် ပုသို့သို့က အခန်းတံခါးကိုလက်ဖြင့်တွန်းပြီး တံခါးလက်ကိုင်ဘုကို ကိုက်ပြီး တစ်ညလုံးတံခါးကိုကုတ်ခြစ်၍ အော်ဟစ်နေခဲ့သည်။
ထိုအခန်း၏ မျက်နှာချင်းဆိုင်အိမ်တံခါးထဲမှ ပုသိုင်းသိုင်းကလည်း အဆက်မပြတ် မြှောင်နေခဲ့ကာ စူးရှသည့် ရင်ခေါင်းသံကြီးများဖြင့် အော်နေခဲ့သည်။ စုန့်ရန်နှင့် လူကြီးမင်းဟယ်ကိုပင် အကြိမ်ပေါင်းများစွာ နှောင့်ယှက်ပြီး သူတို့ကိုတံခါးနားလာကာ စကားပြောနေသည်ဟု ထင်ရသည်။
( မြန်မြန်လုပ် အဲ့တံခါးဖွင့်ပေး...)
နောက်တစ်နေ့မနက်တွင် ပုပုက ကျောင်းသွားရမည်ဖြစ်ပြီး လူကြီးစုံတွဲကလည်း ဈေးဝယ်ရမည်ဖြစ်သောကြောင့် နှစ်အိမ်လုံးက တံခါးကိုတစ်ချိန်တည်းတွင် ဖွင့်လိုက်သည်။
ပုသို့သို့နှင့်ပုသိုင်းသိုင်းက တစ်ချိန်တည်းတွင် လှစ်ခနဲပြေးထွက်သွားပြီး မျက်နှာချင်းဆိုင်တံခါးဘက် တစ်ဟုန်ထိုး ပြေးသွားတော့သည်။ ကြောင်နှစ်ကောင်က လမ်းတစ်ဝက်တွင် အချင်းချင်းမြင်လိုက်သော်လည်း သူတို့က အမြန်ပြေးလာသည့်အပြင် စကျင်ကျောက်ကြမ်းပြင်ကလည်း ချောနေ၍ မရပ်တန့်နိုင်ကြပေ။ သို့ဖြစ်၍ တစ်ကောင်နှင့်တစ်ကောင်မထိပဲ ချော်သွားပြီး တံခါးတစ်ချက်စီနှင့် ဝင်ဆောင့်တော့သည်။
ထိုမြင်ကွင်းကြောင့် လူငါးယောက်လုံး အံ့ဩပြီး ပြောစရာစကားမဲ့ကုန်သည်။
သူတို့က ကြောင်နှစ်ကောင်၏ ခင်တွယ်မှုကို တရားဝင်ဆွေးနွေးရန်အတွက် အချိန်ဆယ်မိနစ်ခန့် ယူလိုက်ရသည်။
လူကြီးစုံတွဲနှင့် ဟယ်မိသားစုဝင်သုံးယောက်က ဆိုဖာပေါ်တွင်ထိုင်ပြီး ပုသို့သို့နှင့် ပုသိုင်းသိုင်းတို့ နေပူဆာတူတူလှုံပြီး အမွေးများကို အချင်းချင်းလျက်ပေးနေသည်ကို ကြည့်နေကြသည်။
တစ်ချက်ကြည့်ရုံဖြင့် သူတို့ ဤကိစ္စကို ပစ်ထား၍ မရတော့ကြောင်း သိလိုက်သည်။
ဟယ်ကျစ်ယွမ်နှင့် စုန့်ရန်ကိုကြည့်ပြီး သမီးဖြစ်သူကို လက်ထပ်ရန် ပေးလိုက်ရသည့်ပုံဖြင့် ပြောလိုက်သည်။
" သူတို့တွေ ညတိုင်းအဲ့လိုအော်နေရင်တော့ မဖြစ်သေးဘူး... နှစ်အိမ်လုံးလည်း အိပ်မရဖြစ်နေမှာ သူတို့ကို တူတူထားလိုက်ရင်ရော ဘယ်လိုလဲ..."
စုန့်ရန် မဝံ့မရဲဖြင့် မေးလိုက်သည်။
" ဒါဆိုရင် ကျွန်တော်တို့တွေဆီ ပုသို့သို့ကိုပေးမလား... ကျွန်တော်တို့ဘက်က ပုသိုင်းသိုင်းကို ပေးရမလားဟင်..."
အမျိုးသမီးကြီးက ပြုံးလိုက်သည်။
" သားတို့အိမ်က ကလေးလေးက ကြောင်ချစ်တဲ့ပုံပါပဲ... အန်တီတို့ရဲ့ ပုသို့သို့ကိုပဲ ပေးလိုက်ပါ့မယ်... လောင်လီရဲ့ မိသားစုကလည်း ပူဒယ်ခွေးလေးတွေ ပေါက်ထားတယ်တဲ့ လောင်လီကို သားသိတယ်မလား... သားကို ဒီနေရာမိတ်ဆက်ပေးတဲ့ အန်တီလီလေ..."
စုန့်ရန် ခေါင်းအမြန်ငြိမ့်ပြလိုက်သည်။
" ဟုတ် ကျွန်တော်သိပါတယ်..."
" သူ့ရဲ့ ပူဒယ်ခွေးလေးက ငါးကောင် ခြောက်ကောင်လောက် ပေါက်ထားတယ်တဲ့ အန်တီလည်းသူ့ဆီက တစ်ကောင်တောင်းထားတော့ နောက်ကျရင် ခွေးပဲမွေးတော့မလားလို့ ခွေးဆိုတော့ မနက်ပိုင်းနဲ့ ညနေပိုင်း လမ်းလျှောက်ချိန်တွေဆိုလည်း ကျောင်းလို့ရတယ်လေ... ပုသို့သို့ကိုတော့ သားတို့ဆီပဲ အပ်ထားလိုက်ပါ့မယ် သားတို့ကတော့ ကောင်းကောင်းမွေးမှာပဲလေ အန်တီတို့လည်း မကြာခဏတော့ လာကြည့်ပေးပါ့မယ် အဲ့လိုဖြစ်လား..."
" ကျေး... ကျေးဇူးတင်ပါတယ်..."
စုန့်ရန်က ခွဲမရနိုင်ဖြစ်နေသည့် ကြောင်နှစ်ကောင်ကိုကြည့်ကာ စိတ်ထဲ တစ်မျိုးတစ်ဖုံ ခံစားသွားရသည်။
သို့ဖြစ်၍ မာနကြီးသော ပုသို့သို့က နောက်ဆုံးတွင် အခန်း8012B၌ နေရန် အကြောင်းဖန်လာခဲ့ပြီး သူ၏ ရဲရင့်ပြီး ခံ့ညားသောယောက်ျား ပုသိုင်းသိုင်းနှင့် လက်ထပ်လိုက်ရသည်။ သူတို့က ခဏတာ ခွဲခွာနေလိုက်ရ၍ သူတို့အကြားမှ ဆက်ဆံရေးက ပိုမိုခိုင်မာလာပုံရသည်။ သူတို့ တစ်ကောင်နှင့်တစ်ကောင် လုံးထွေးနေချိန်၌ စုန့်ရန်ပင် သူတို့ကို စေ့စေ့မကြည့်ရဲပေ။
စုန့်ရန်က ကြောင်နှစ်ကောင်လုံးအတွက် ပင်လယ်ငါးနှင့် ဘဲသွေးတစ်ပန်းကန်စီပြင်ဆင်ပေးလိုက်သည်။ သူ ထိုင်ချပြီး အစာထည့်နေစဉ်မှာပင် ကြောင်နှစ်ကောင်လုံး ဆတ်ခနဲခေါင်းမော့လာပြီး အစာများ အငမ်းမရ စားနေကြသည်။
စုန့်ရန်က အေပရွန်ကိုချွတ်ပြီး ဆိုဖာပေါ်ထိုင်နေသည့် ဟယ်ကျစ်ယွမ်ကို ပြောလိုက်သည်။
" တကယ်လို့ သူတို့ကိုသာ မသင်းထားဘူးဆိုရင် လုံးထွေးနေကြမယ်ထင်တယ်..."
" အခုအတိုင်းလည်းကောင်းပါတယ် ရမ္မက်ကင်းတဲ့အချစ်မျိုးပေါ့... အခုက စပြီး သူတို့က ကြောင်လိုပဲ အေးအေးဆေးဆေးနေပြီး ကိုယ်တို့အချိန်တွေကို မနှောင့်ယှက်ဖို့ပဲ မျှော်လင့်ရတော့မယ်..."
စုန့်ရန်က ဟယ်ကျစ်ယွမ်ကို မျက်စောင်းထိုးလိုက်သည်။
" ဘာလို့ အဲ့လောက်ညစ်ပတ်နေရတာလဲ..."
" ကိုယ်က ညစ်ပတ်ချင်လို့မဟုတ်ပါဘူး ရမ္မက်ကင်းတဲ့အချစ်က မင်းကို စိတ်ကျေနပ်စေနိုင်မှာ မဟုတ်ဘူးလေ..."
ဟယ်ကျစ်ယွမ်က ပခုံးတွန့်ပြီးပြုံးပြကာ စုန့်ရန်ကို လက်ကမ်းလိုက်သည်။
" လာပါဦး ဒါလင်ရဲ့ ညစ်တီးညစ်ပတ်လေးတွေ လုပ်ကြမယ်လေ..."
စုန့်ရန်က ပွစိပွစိပြောနေသော်လည်း ခန္ဓာကိုယ်က အလွန်ရိုးသားသည်။ သူ တဖြည်းဖြည်းလျှောက်လာပြီး လူကြီးမင်းဟယ်နှင့်အတူ ဆိုဖာပေါ်တွင် အတူတူ "ညစ်ပတ်" လိုက်ကြပေသည်။
ဤသို့သော အရှက်ကင်းမဲ့သည့်နေ့ရက်များက မည်သည့်အခါမှ အဆုံးသတ်တော့မည်မဟုတ်ပေ။
Xxxxxxxx