Extra 4
Viewers 9k

Extra 4


၇၀၂ ရက်မြောက်နေ့ 🖌️


စုန့်ရန်က ယခုနောက်ပိုင်းတွင် "မစ္စတာအက်စ်၏ ဖက်ထုပ်ဆိုင်လေး" ဟူသောနာမည်ဖြင့် မိုက်ခရိုဘလော့အကောင့်တစ်ခု ပြုလုပ်ထားခဲ့ပြီး နေ့စဉ်အစားအသောက်ပြုလုပ်နည်းများနှင့် ကြောင်လေးနှစ်ကောင်၏ ချစ်စဖွယ်အပြုအမူများကို ကာတွန်းဇာတ်ကောင်ပုံဖြင့် တင်လေ့ရှိသည်။ 


ပုသိုင်းသိုင်းက တရုတ်အိမ်မွေးကြောင်အမျိုးအစားဖြစ်ပြီး အပြင်ပန်းအားဖြင့် ရန်လိုသည့်အမူအရာဖြင့် လမ်းဘေးမှမွေးစားထားသည့် ကြောင်တစ်ကောင်ဖြစ်သော်လည်း ပုသို့သို့က နူညံ့ပြီး မျိုးကောင်းမျိုးသန့်ဖြစ်ကာ အခန်း8012Bသို့ အိမ်နီးချင်း‌များက ဂရုစိုက်ရန် ပေးလိုက်သည့် ကြောင်မျိုးဖြစ်သည်။ ထို ကြောင်နှစ်ကောင် အတူတကွရှိနေပါက ပုသိုင်းသိုင်းက ပုသို့သို့ကို ကြမ်းပြင်တွင် ဖိကပ်ထားပြီး ထူးထူးဆန်းဆန်းပြုမူလေ့ရှိသောကြောင့် လူအများစု၏ စိတ်ဝင်စားမှုက်ို ရရှိထားပြီး ပရိသတ်အရေအတွက်က တစ်ခဏတွင်းချင်း တိုးပွားလာသည်။ 


နေ့စဉ် ထိုကြောင်ပုံများတင်သည့်အချိန်တွင် ထိုကြောင်ထီးနှစ်ကောင်၏ သဘောသဘာဝက သူနှင့် လူကြီးမင်းH နှင့် ဆင်တူသည်ဟူသောစာများဖြင့် တွဲတင်လေ့ရှိသည်။ သို့ဖြစ်၍ မှတ်ချက်ရေးသည့်နေရာတွင် မီးရှူးမီးပန်းများဖြင့် ပေါက်ကွဲလုမတတ်ဖြစ်နေသည်။ 


ဟယ်ကျစ်ယွမ်က အကြမ်းပတမ်းဖြစ်သော်လည်း သူကိုယ်တိုင်က စုန့်ရန်က မာနကြီးတတ်သည်ဟု မူလက ဆိုလိုခြင်းဖြစ်သည်။ သို့ရာတွင် သူက လူကြီးမင်းဟယ်၏ ငွေရှာနိုင်မှုကို မကြာခဏချီးကျူးလေ့ရှိသဖြင့် အားလုံးက အဓိကအချက်ကို ပြောင်းပြန်တွေးမိပြီး သူက "သာမန်ကြောင်" ဖြစ်ကာ လူကြီးမင်းဟယ်၏စိတ်နေစိတ်ထားကို "ရှားပါးကြောင်" ဟု ထင်မှတ်ကုန်ကြသည်။ 


သာမန်ကြောင်က ရှားပါးကြောင်ကို အောက်တွင်ထား၍ မစ္စတာSက မစ္စတာHကို အောက်တွင်ထားသည်ဟု ထင်ကုန်ကြသည်။ 


ထူးဆန်းသည့် အခြေအနေများကြောင့် စုန့်ရန်က အချက်အပြုတ်တော်ပြီး နူးညံ့ညင်သာသည့် ပန်းချီဆရာ Topဖြစ်ကာ လူကြီးမင်းဟယ်က အင်တာနက်အသုံးပြုသူများ၏ အမြင်တွင် အနောက်တိုင်းဝတ်စုံဝတ်ပြီး ရွှေကိုင်းမျက်မှန်တပ်ထားသော မာနကြီး၊အေးစက်ကာ ပြိုင်ဘက်ကင်းသော Bottomတစ်ယောက်အဖြစ် ရုပ်လုံးသွင်းခံလိုက်ရပေသည်။


မကြာခဏ အfuckခံရသည့် ပုံရိပ်မျိုးနှင့် အလွန်သင့်တော်ပေသည်။ 


စုန့်ရန်က မှတ်ချက်များကြောင့် ရယ်မောနေပြီး သောင်းနှင့်ချီသော ညစ်ညမ်းစကားလုံးများကို စိတ်ကူးယဉ်နေသည်။ ထို့နောက် အမှားကို ပြင်ဆင်ပေးခြင်းမရှိပဲ မစ္စတာSနဲ့ မစ္စတာHတို့၏ ချစ်ခင်မြတ်နိုးဖွယ်အပြုအမူများနှင့် ကာတွန်းပုံစံများကို ဆက်တင်နေသည်။ ကာတွန်းထဲမှ မစ္စတာHက မာနကြီးသော Bottomတစ်ယောက်၏ ပုံပန်းသွင်ပြင်မျိုးဖြစ်သည်။ အိပ်ရာနှင့် ဖိကပ်ခံရချိန်တွင် နှုတ်က မရိုးသားသည့်စကားများပြောသော်လည်း ခန္ဓာကိုယ်က ရိုးသားပွင့်လင်းမှုရှိပြီး အိပ်ရာထဲတွင် တစ်ခဏတာခန့် လုံးထွေးမနေရသည်နှင့် ရမ္မက်များကို မထိန်းချုပ်နိုင်ပဲ မတင်းတိမ်နိုင်သူဖြစ်သည်။ နေ့စဉ်နေ့တိုင်းပြန်လည်တိုက်ခိုက်ပြီးTopနေရာ လိုချင်သော်လည်း နောက်ဆုံးတွင် အားကြီးသော မစ္စတာSက အိပ်ရာပေါ်ဖိကပ်ခြင်းသာ ခံလိုက်ရသည့်ပုံမျိုး သရုပ်ဖော်ထားသည်။ 


စုန့်ရန်က ဤနည်းဖြင့် ဟယ်ကျစ်ယွမ်ကို စိတ်ပိုင်းဆိုင်ရာအရ အောင်အောင်မြင်မြင် အနိုင်ယူထားသည်။ သို့ရာတွင် လက်တွေ့ဘဝ၌မူ မစ္စတာHက ထိုညစ်ညမ်းကာတွန်းထက် နှစ်ဆပို၍ သူ့ကို ပြန်ပေးဆပ်ခိုင်းပေသည်။ 


ရေပန်းအစားဆုံးတစ်ခုမှာ အနီးကပ်ပုံတူဖြစ်သည်။ ပုံထဲမှ မစ္စတာHမှာ ခေါင်းအုံးစွပ်ကိုကိုက်နေပြီး ရွှေကိုင်းမျက်မှန်အောက်မှ မျက်ဝန်းများက ရီဝေဝေဖြစ်နေကာ ဖြူစင်သော်လည်း ရမ္မက်သွေးကြွစေသည့်ပုံဖြစ်နေသည်။


အရည်အသွေးမြင့် bottomလေးပါလား...


"မစ္စတာအက်စ်၏ ဖက်ထုပ်ဆိုင်လေး"၏ နာမည်ကျော်ကြားမှုက ညတွင်းချင်း တစ်ဟုန်ထိုး မြင့်တက်သွားခဲ့သည်။ followerများ ဝုန်းခနဲထိုးတက်လာပြီး forwardလုပ်သူများက ‌ ကြောက်စရာကောင်းလောက်အောင် များလာသည်။ 


တစ်နေ့တွင် စုန့်ရန်က သူ၏ပရိသတ်အသစ်ဖြစ်သည့် "ဖက်ထုပ်ဆိုင်လေး၏ဖောက်သည်ဟောင်း" အကောင့် ကိုသတိပြုမိသွားသည်။ 


ထိုနာမည်ပြောင်ကို မြင်သောအခါ စုန့်ရန် အလွန်ကြောက်လန့်သွားပြီး မိုက်ခရိုဘလော့အကောင့်တစ်ခုလုံးကို ဖျက်ပစ်လုနီးပါးဖြစ်သွားခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် ဟယ်ကျစ်ယွမ်ကိုယ်တိုင်က ထိုစကားလုံးများကို အိပ်ရာထဲတွင် ပြောခဲ့ဖူးသောကြောင့်ဖြစ်သည်။ ခဏတာ စုံစမ်း‌စစ်ဆေးပြီးသည့်နောက်တွင် ဤနာမည်ပြောင်က ဟယ်ကျစ်ယွမ်နှင့် အနည်းငယ်မျှပင် ဆက်နွယ်မှု မရှိဟု ဆုံးဖြတ်လိုက်ပြီး သူ၏အကောင့် "မစ္စတာအက်စ်၏ ဖက်ထုပ်ဆိုင်လေး"ကို အမှီသဟဲပြုပြီး ပေးထားသော နာမည်တစ်ခုဟုသာ တွေးလိုက်သည်။ 


အဘယ့်ကြောင့်ဆိုသော် တစ်ဖက်လူက ပရိသတ်အကြီးစားဖြစ်နေခဲ့သောကြောင့်ပင်။ စုန့်ရန် မနက်၊ နေ့လယ်၊ ည မည်သည့်အချိန်တွင် ပိုစ့်တင်စေကာမူ ပိုစ့်တိုင်းကို likeသွားပြီး မှတ်ချက်များ တက်လာသောကြောင့်ဖြစ်သည်။


အကယ်၍ သူတင်ထားသည်က ဟင်းချက်နည်းဖြစ်ပါက ထိုလူက ဘလော့ဂါ၏ ချက်ပြုတ်စွမ်းရည်ကို ချီးကျူးသည်။ ကြောင်ထီးလေးနှစ်ကောင်၏ပုံဖြစ်ပါက ကြောင်လေးများ ချစ်စရာကောင်းမှုကို နည်းမျိုးစုံဖြင့် ချီးကျူးသည်။ အကယ်၍ မစ္စတာSနဲ့ မစ္စတာH၏ ကာတွန်းပုံ ဖြစ်နေခဲ့ပါက ထိုလူက မစ္စတာအက်စ်၏ ချစ်ခင်တတ်ပုံ၊ ရင့်ကျက်ပုံ၊ ဆွဲဆောင်မှုရှိပုံတို့ကြောင့် ရာစုနှစ်တစ်ခုတွင် တစ်ကြိမ်သာ မြင်တွေ့ရတတ်သော Topတစ်ယောက်ဖြစ်ကြောင်း ချီးကျူးသည်။ 


အရေးကြီးဆုံးအရာမှာ စုန့်ရန်၏ ပိုစ့်တိုင်းတွင် "ဖက်ထုပ်ဆိုင်လေး၏ဖောက်သည်ဟောင်း"က ပထမဆုံး မှတ်ချက်လာရေးသူဖြစ်သည်။


တစ်ခုမှ ချွင်းချက်မထားပေ။ 


ဟယ်ကျစ်ယွမ်က ဒီလောက်အလုပ်တွေပုံနေတာ မိုက်ခရိုဘလော့ပေ့ခ်ျတစ်ခုကို အချိန်တိုင်းဘာတင်မယ်ဆိုတာ စောင့်ကြည့်ပြီး စာပြန်နိုင်ပါ့မလား...


ထို့အပြင် ဤ "ဖက်ထုပ်ဆိုင်လေး၏ဖောက်သည်ဟောင်း"က bottomဖြစ်ရန် ၈၀ရာခိုင်နှုန်းခန့် အလားအလာရှိပြီး အိပ်ရာပေါ်မှ အနေအထားပေါင်းစုံကို လေ့လာထားသည့်လူ ဖြစ်ပေလိမ့်မည်။ သူက စုန့်ရန်ကို သီးသန့်စာပို့ပြီး သူ၏Topနှင့် လေ့ကျင့်ထားသော bottomတစ်ယောက်ကို climaxကောင်းကောင်းရောက်စေနိုင်မည့် နည်းလမ်းများကို လာရောက်ပြောပြထား‌သည်။ သူက ထိုနည်းလမ်းများကို မစ္စတာHအပေါ် အသုံးချလိုက်ပါက သူ့အနားမှ ထွက်သွားတော့မည်မဟုတ်ဟုလည်း အာမခံထားပေသည်။


စုန့်ရန်က ထိုနည်းလမ်းများကို အသုံးချပြီးပါက သူ့ကို ပြန်ပြောပြမည်ဟု ကတိပေးလိုက်ပေသည်။ 


ထိုညက သူနှင့် ဟယ်ကျစ်ယွမ်နှစ်ယောက်သား ဖက်ထုပ်စားကြသော်လည်း ဟယ်ကျစ်ယွမ်က စိတ်မပါလက်မပါဖြစ်ပြီး အပြုအမူများက နှေးကွေးနေ၍ စုန့်ရန် တအံ့တဩဖြစ်သွားရသည်။ မီးတောက်များက တောက်လောင်နေပြီဖြစ်၍ ၎င်းတို့ကို အလဟဿ ဖြစ်မခံနိုင်သောကြောင့် စုန့်ရန်က ဟယ်ကျစ်ယွမ်၏ အနားကပ်ကာ သူသင်ယူထားခဲ့သော အိပ်ရာပေါ်မှ စွမ်းရည်များကို လက်တွေ့အသုံးချတော့သည်။ 


ထိုညနှောင်းပိုင်းတွင် ဟယ်ကျစ်ယွမ်က စုန့်ရန်၏ တစ်ကိုယ်လုံးမှ အရိုးများပါမကျန် ဝါးစားသွားခဲ့သည်။ 


၎င်းက အလွန်ကောင်းမွန်လှသည်။ ကောင်းလွန်း၍ စုန့်ရန်က သူ့ဘဝတွင် ဒုတိယအကြိမ်မြောက်မခံစားချင်တော့ပေ။ 


နေ့လည်ခင်းအထိ အိပ်နေပြီးသောအခါ သူ၏ နီရဲယောင်ကိုင်းနေသောတင်ပါးကို ခပ်ဖွဖွပွတ်၍ ‌တဖြည်းဖြည်းထလာပြီး သူ၏ ကောင်းမွန်လှသော စွမ်းဆောင်မှုကြောင့် မစ္စတာHက ရေပန်းတစ်ခုသဖွယ် ပြီးမြောက်သွားခဲ့သည်ဟု ပြန်ပြောပြခဲ့သည်။ 


"ဖက်ထုပ်ဆိုင်လေး၏ဖောက်သည်ဟောင်း"က လျှို့ဝှက်ဆန်းကြယ်စွာပြုံးနေသည့် အီမိုဂျီတစ်ခု ပို့ခဲ့ပြီး "Good job" ဟု စာပြန်ခဲ့သည်။ 


သို့ဖြစ်၍ စုန့်ရန်က တစ်ဖက်လူကို ပြန်followထားခဲ့သည်။ နေ့ရက်တိုင်းတွင် ထိုလူနှင့် နည်းလမ်းမျိုးစုံကို အသေးစိတ်ဆွေးနွေးတိုင်ပင်ပြီး ဟယ်ကျစ်ယွမ်နှင့် ပြန်အသုံးချကာ သူ၏ တုံ့ပြန်ချက်များကို မစ္စတာH၏ တုံ့ပြန်ချက်များအဖြစ် ပြောင်းလဲပြီး ပြန်ပြောပြသည်။ 


နေ့ရက်များ တစ်နေ့ပြီးတစ်နေ့ ကုန်ဆုံးသွားသောအခါ စုန့်ရန်ရေးဆွဲသည့် ကာတွန်းများက ပို၍ပို၍ ညစ်ညမ်းလာခဲ့သည်။ 


တစ်လနီးပါးခန့်ကြာသောအခါ စုန့်ရန်က တစ်စုံတစ်ခု မှားယွင်းနေကြောင်း စတင်ခံစားမိလာသည်။ သူနှင့် "ဖက်ထုပ်ဆိုင်လေး၏ဖောက်သည်ဟောင်း"၏ ၁၈နှစ်အထက် စကားဝိုင်းက အစမ်းကြည့်ရှုခြင်းမှ ပြန်လည်ပြသခြင်းအဖြစ်သို့ ပြောင်းလဲလာသည်။ 


အကယ်၍ လွန်ခဲ့သောညတွင် လူကြီးမင်းဟယ်က သူ့ကိုနှိပ်စက်ရန် နည်းလမ်းတစ်ခု သုံးခဲ့ပါက နောက်တစ်နေ့တွင် "ဖက်ထုပ်ဆိုင်လေး၏ဖောက်သည်ဟောင်း"က ‌တိုက်ဆိုင်စွာဖြင့် နောက်တစ်ရက်အကြာတွင် သူ့ကို ထိုနည်းလမ်းအား သင်ပြပေးသည်။ 


တစ်ပတ်တိတိ နေ့ရက်တိုင်း ထိုသို့ဖြစ်လာခဲ့၍ သတိပေးချက်တစ်ခုနှင့် တူလာခဲ့ပေသည်။ 


ထို့အပြင် သူ၏ကာတွန်းများထဲတွင် မစ္စတာHကိုပို၍ သနားစဖွယ်ဖြစ်အောင်ဆွဲလေ လက်တွေ့ဘဝတွင် သူကပို၍ သနားစရာကောင်းလာလေဖြစ်သည်။ ဖက်ထုပ်ဆိုင်က ညတိုင်းဖွင့်နေရပြီး စားဖိုမှူးက ညတိုင်း ထိုးသွင်းခံနေရပေသည်။ စုန့်ရန်မှာ လုံးလုံးလျားလျား ပင်ပန်းနွမ်းနယ်လာခဲ့ပြီး ခြေထောက်များက လမ်းပင် မလျှောက်နိုင်တော့သည်အထိ ဖြစ်လာသည်။


သူ့နှလုံးသားထဲတွင် သံသယမျိုးစေ့များ အပင်ပေါက်လာပြီး ဟယ်ကျစ်ယွမ်ကို ဂရုတစိုက် လေ့လာမိလာသည်။ သို့ရာတွင် တစ်ဖက်လူက ပုံမှန်အတိုင်းပင် ပြုမူနေပြီး အလုပ်လုပ်ချိန်တွင် အလုပ်လုပ်ကာ အိပ်ရာထဲရောက်ချိန်တွင်လည်း အိပ်ရာထဲမှကိစ္စကို ပုံမှန်လုပ်ပေသည်။ လူသိများလာသည့် မိုက်ခရိုဘလော့များအကြောင်း ရံဖန်ရံခါစကားမိလျှင်လည်း ဟယ်ကျစ်ယွမ်က "စိတ်ဝင်စားစရာကောင်းသားပဲ" ဟူသော စကားတစ်ခွန်းသာ ပြန်ဖြေသည်။ 


ထိုလူနှစ်ယောက်က တစ်ယောက်တည်း မဖြစ်နိုင်တော့ပေ။ 


စုန့်ရန်က သေချာမှုရှိစေရန်အတွက် စွန့်စားမှုတစ်ခုပြုလုပ်လိုက်ပြီး ဟယ်ကျစ်ယွမ်က ပုပုနှင့် ဧည့်ခန်းထဲတွင် အိမ်ဆောက်တမ်းကစားနေချိန်၌ ပုသို့သို့၏ ချစ်စဖွယ်ပုံလေးကို တင်လိုက်သည်။ 


နှစ်စက္ကန့်အကြာတွင် "ဖက်ထုပ်ဆိုင်လေး၏ဖောက်သည်ဟောင်း"က ပထမဆုံးမှတ်ချက်လာရေးသည်။


" ဒီနေ့ ပုသိုင်းသိုင်း ဘယ်သွားတာလဲ..."


စုန့်ရန်၏ ခုန်နေသောနှလုံးသားလေးက မြေပြင်ပေါ် ပြန်ကျသွားကာ မစ္စတာHနှင့် မစ္စတာSတို့၏ ပျားရာ်သဖွယ်ချိုမြိန်သောနေ့စဉ်ဘဝကို ဖန်တီးပြီး စည်းမျဉ်းများကို ဆက်လက်ချိုးဖောက်နေခဲ့သည်။


ဤကိစ္စက သူတို့၏ ပထမဆုံးမင်္ဂလာနှစ်ပတ်လည်နေ့အထိ ဆက်ဖြစ်နေခဲ့သည်။ မစ္စတာHက မစ္စတာSကို လက်ထပ်ခွင့်တောင်းသော အသေးစိတ်အချက်အလက်များကို ပြန်ပြောင်းပြောပြသည့် အထိမ်းအမှတ် ရုပ်ပြကာတွန်းတစ်ခုကို သူ တင်ခဲ့သည်။


မမျှော်လင့်ထားသည်မှာ "ဖက်ထုပ်ဆိုင်လေး၏ဖောက်သည်ဟောင်း"က ပထမဆုံးမှတ်ချက် လာမရေးခဲ့ပေ။ သူက စုန့်ရန်ကို သီးသန့်မက်ဆေ့တစ်စောင်ပို့ခဲ့သည်။


" ဒီနေ့က ကိုယ်တို့နှစ်ပတ်လည်နေ့ဆိုတော့ မင်း ကိုယ့်ကို ပြန်တိုက်ခိုက်နိုင်ဖို့ အခွင့်အရေးတစ်ခု ပေးပ့ါမယ်..."


ထိုစကားလုံးများကို မြင်လိုက်ရသည့်အခါ စုန့်ရန်မှာ သူ့မျက်စိရှေ့တည့်တည့်တွင် နျူကလီယားဗုံးပေါက်ကွဲသွားပြီး မှိုပုံစံတိမ်တိုက်ကြီးတစ်ခုပါ ဖြစ်သွားသည်ဟု မြင်လိုက်ရပေသည်။ 


သူ့ကွန်ပျူတာကို တွေဝေမိန်းမောစွာဖြင့် ၅မိနစ်ခန့် ကြည့်နေခဲ့သည်။ ထို့နောက် အခန်းထဲမှ ဝုန်းခနဲထွက်ပြီး မျက်နှာထက်တွင် ထိတ်ထိတ်ပျာပျာအမူအရာဖြင့် တံခါးကို တွန်းဖွင့်လိုက်သည့်အခါ ဟယ်ကျစ်ယွမ်က ပြတင်းပေါက်အနားမှီနေပြီး လက်နှစ်ဖက်ကို အိတ်ကပ်ထဲထည့်ထားသည်အား မြင်လိုက်ရသည်။ သူက အေးစက်၍ အသက်မဝင်သောအမူအရာဖြင့် အနက်ရောင်ရှပ်တစ်ထည်နှင့် မီးခိုးရောင် အင်္ကျီလက်ပြတ်ကိုဝတ်ဆင်ထားပြီး နှာတံပေါ်တွင် ရွှေကိုင်းမျက်မှန်တစ်လက် တပ်ဆင်ထားသည်။ 


သူ့ ကာတွန်းထဲက မစ္စတာHနဲ့ တစ်ပုံစံတည်းပါလား...


" အဲဒါ ... ခင်ဗျားက အဲဒီ..."


စုန့်ရန် အာစေးမိသွားသကဲ့သို့ ငြိမ်ကျသွားသည်။


လူကြီးမင်းဟယ်က စုန့်ရန်ဘက်သို့လှည့်လာပြီး အဓိပ္ပါယ်ပါပါဖြင့် ပြုံးပြလိုက်သည်။ 


" ဟုတ်တယ်... ကိုယ်က မင်းရဲ့ ပုံမှန်ဖောက်သည်လေ..."


စုန့်ရန်၏မျက်နှာက စက္ကူတစ်ရွက်သဖွယ် ဖြူဖွေးသွားသည်။


" ကျွန်တော် အခုမှတောင်းပန်မယ်ဆိုရင် နောက်ကျသွားပြီလား..."


" ဘယ်လိုထင်လဲ..."


လူကြီးမင်းဟယ်က တစ်လှမ်းချင်းစီလျှောက်လာကာ စုန့်ရန်၏အရှေ့တွင်ရပ်လိုက်ပြီးနောက် သူ့လက်ဖြင့် မျက်နှာကို ပွတ်သပ်နေလိုက်သည်။ သူ့ မျက်မှန်ပေါ်တွင် အလင်းများ ရောင်ပြန်ဟပ်နေသည်။ 


" ကိုယ် စိတ်မဆိုးပါဘူး... မင်း ပြန်ပြီး တိုက်ဖို့ အခွင့်အရေးပေးချင်စိတ် တကယ်ရှိတာပါ... ကိုယ် မင်းကို အရင်တုန်းက အများကြီးသင်ပေးခဲ့တယ်လေ ဒိီည အဲ့ရလဒ်တွေကို ပြန်စစ်ဆေးရမယ့်အချိန်ပဲ..."


စုန့်ရန်က ခေါင်းကိုဆက်တိုက်ခါနေသည်။


" ကျွန်တော့်ကို ချမ်းသာပေးပါ..."


" မရဘူး..."


လူကြီးမင်းဟယ်က ခေါင်းငုံ့လိုက်ပြီး စုန့်ရန်၏နှုတ်ခမ်းကို ခပ်ဖွဖွနမ်းလိုက်သည်။


" ကိုယ်မင်းကို ချမ်းသာမပေးနိုင်ပါဘူး..."


ထိုညတွင် သူတို့၏ မင်္ဂလာနှစ်ပတ်လည်ညစာကို စားပြီးသည်နှင့် အိမ်ပြန်၍ ပုပုကို ချော့သိပ်ပြီးသည့်နောက်တွင်မှ အိပ်ရာပေါ်လှိမ့်ပြီး တစ်ယောက်ရင်ခွင်ထဲတစ်ယောက် ‌ပြေးဝင်သွားကြသည်။ လူကြီးမင်းဟယ်က စုန့်ရန်၏ ဂျူနီယာလေးကို ကိုင်ထားပြီး ကျိတ်ရယ်လိုက်သည်။


" ဒါက မစ္စတာSဂုဏ်ယူရတဲ့ ရွှေသေနတ်ကြီးပေါ့လေ..."


စုန့်ရန် အလွန်အကြူး ထိတ်လန့်သွားပြီးသည့်နောက်တွင် လူကြီးမင်းဟယ်၏ အိပ်ရာပေါ် ဖိခြင်းခံလိုက်ရပြီး အဆက်မပြတ် ထိုးသွင်းခံလိုက်ရတော့သည်။ 


ထို့နောက် စုန့်ရန်က မှောက်လျက်လှဲနေလျက်ဖြင့် ဂွမ်းစောင်ကို မှုန်ကုပ်ကုပ်ဖြင့် ကိုက်ထားကာ တွေးတောနေမိသည်။


" ဒါ လုံးဝအဓိပ္ပါယ်မရှိဘူး... အဲ့အချိန်တုန်းက ခင်ဗျားဘေးမှာ ကွန်ပျူတာတောင် မရှိဘူးလေ... ဘယ်လိုလုပ် comment လာရေးတာလဲ..."


" မှန်းကြည့်လေ..."


လူကြီးမင်းဟယ်က သူ့ဂုတ်ပိုးကိုနမ်းလိုက်ပြီးနောက် ထိုနေရာမှစ၍ သူ့ကျောပြင်တစ်လျှောက်ကို လျက်လိုက်ပြီး မက်မွန်သီးနှစ်လုံးအကြားမှ နေရာအထိ ရောက်လာသည်။ 


စုန့်ရန်က ခေါင်းအုံးကို ခပ်တင်းတင်းဆုပ်ထားပြီး မျက်ရည်များ စီးကျလာသည်။


" ခင်ဗျား ကျွန်တော့်ကွန်ပျူတာကို ဟက်လိုက်တာလား..."


" ကိုယ် အဲ့လိုနိမ့်ကျတာမျိုးတွေ ဘယ်တော့မှ မလုပ်ဘူးနော်..."


လူကြီးမင်းဟယ်က စုန့်ရန်၏‌ခါးကို ထိန်းကိုင်ထားလိုက်ပြီးနောက် သူ့အတွင်းထဲ တစ်ကြိမ်တိုးဝင်လာသည်။


" ထပ်ပြီးမှန်းကြည့်ပါဦး.. မှန်အောင် မှန်းနိုင်ရင် ကိုယ်မင်းကို လွှတ်ပေးမယ်..."


သို့ဖြစ်၍ စုန့်ရန်မှာ တစ်ညလုံးမှန်းဆနေလိုက်ရပြီး တစ်ညတာလုံး ငိုကြွေးနေလိုက်ရ‌သည်။ သူ့ လည်ချောင်းက အက်ကွဲသွားပြီး မျက်ရည်များပင် ခမ်းခြောက်သွားခဲ့သည်။


 


သူ၏ ဘဝလက်ကျန်တစ်လျှောက်လုံးတွင် ညစ်ညမ်းသော ကာတွန်းရုပ်ပြများ ဘယ်သောအခါမှ မရေးဆွဲတော့ဟု ကျိန်ဆိုလိုက်လေသည်။


Xxxxxxx