Extra 5
Viewers 9k

Extra 5


၈၈၇ ရက်မြောက်နေ့ 🖌️


ယခုက ဆောင်းဦးလယ်ပွဲတော်ကာလဖြစ်၍ စုန့်ရန်က အိမ်တွင် လမုန့်ဖုတ်ရန် ဆုံးဖြတ်လိုက်သည်။ 


လူကြီးမင်းဟယ်က မိသားစုတွင်း ထိုသို့ပွဲတော်များပြုလုပ်ခြင်းကို နားမလည်နိုင်သည့် အကြောင်းရင်းနှစ်ခုရှိသည်။ ပထမတစ်ချက်မှာ သူက အပြင်မှဝယ်စားသည့် လမုန့်များနှင့် အသားကျနေပြီဖြစ်သည်။ ဒုတိယတစ်ချက်မှာ ကန်တုံစတိုင်လမုန့်များထက်ဆိုဗီယက်စတိုင် ကြွပ်ကြွပ်ရွရွမုန့်များကို ပိုသဘောကျသောကြောင့်ဖြစ်သည်။ 


ဆိုဗီယက်စတိုင် မုန့်ကြွပ်အရသာတဲ့လား...


စုန့်ရန်က ၎င်းကို ပဲနို့အငန်ထက်ပိုပြီး လူသားမဆန်ဟုပြောကာ သရော်ပြီး လူကြီးမင်းဟယ်၏ တောင်းဆိုချက်ကို အညှာအတာကင်းမဲ့စွာ ငြင်းဆန်ခဲ့သည်။ မိသားစုအတွင်းရှိ အခြားလူများနှင့် အကြိမ်မတူပဲ သွေဖည်နေသူတစ်ဦးက ပင်မရေစီးကြောင်း (ဆိုလိုသည်မှာ ပုပုနှင့် စုန့်ရန်) ၏ ထင်မြင်ယူဆချက်များကို လေးစားသင့်ပြီး လမုန့်များကို ရွေးချယ်ရာတွင်လည်း သူတို့၏ အရသာကို မြှင့်တင်သင့်သည်ဟု ဆိုသည်။


သို့ဖြစ်၍ ဟယ်ကျစ်ယွမ် စိတ်ဓာတ်ကျသွားရသည်။ 


ဆောင်းဦးလယ်ပွဲတော်၏ မနက်ခင်းတွင် လူကြီးမင်းဟယ်နှင့်ပုပုက သွားတိုက်၊ မျက်နှာသစ်ပြီးသည့်နောက် ထမင်းစားပွဲတွင်ထိုင်ကာ မနက်စာစားရန် စောင့်ဆိုင်းနေကြသည်။


စုန့်ရန်က ပုပု၏လည်ပင်းတွင် ပဝါတစ်ထည်စီးပေးလိုက်ပြီးနောက် ဟင်းနုနွယ်နှင့် ဝက်အသည်းစွပ်ပြတ်ရည်ကို ယူလာပြီး ကလေးလေးကို ဇွန်းတစ်ချောင်းကမ်းပေးလိုက်ကာ မီးဖိုချောင်ထဲ ပြန်ဝင်သွားသည်။ ခဏအကြာတွင်မှ လူကြီးမင်းဟယ်၏ရှေ့ကို ပန်းကန်တစ်ချပ်ယူလာသည်။


အတွင်းတွင်ရှိနေသည်က တစ်ကိုက်စာကိုက်ထားသည့် ‌ဆိုဗီယက်လမုန့်အကြွပ်ဖြစ်သည်။ 


" ဒီလို ဌာပနာမုန့်က ဘာတွေများ အရသာရှိလို့လဲ... တစ်ကိုက်ကိုက်လိုက်တာနဲ့ စားပွဲပေါ် ပေပွကုန်တာကို..."


စုန့်ရန်က သဘောမကျဟန်ဖြင့် သူ့လက်ချောင်းများတွင် ပေနေသည့် မုန့်အစအနများကို သုတ်လိုက်ပြီးနောက် မီးဖိုချောင်ထဲ ပြန်ဝင်ရန် တစ်ဖက်သို့လှည့်လိုက်သည့်အခါ ဟယ်ကျစ်ယွမ်က သူ့အေပရွန်ကို ဆွဲထားလိုက်သည်။ 


" ကိုယ့် စွပ်ပြုတ်ရော..."


" ဒီနေ့ လူကြီးမင်းဟယ်အတွက် ဘာစွပ်ပြုတ်မှ မရှိဘူး..."


စုန့်ရန်က သူ့အေပရွန်ကိုကိုင်ထားသော ဟယ်ကျစ်ယွမ်၏လက်ကို ခါထုတ်လိုက်သည်။


" ဟမ့်... ကျွန်တော့်စွပ်ပြုတ်ကို အဲ့ဒီမုန့်နဲ့အတူ တွဲစားရအောင် ဘာအပြစ်များရှိလို့လဲ..."


ထို့နောက် သီချင်းညည်းလျက် သူစားရန်စွပ်ပြုတ်ကို သယ်လာသည်။ 


ပုပုမြင်သည့်အခါ ဟယ်ကျစ်ယွမ်ကို စွပ်ပြုတ်တစ်ဇွန်း ခပ်ကျွေးလိုက်သည်။ 


" ပါပါး ဒီဟာစားလေ..."


လူကြီးမင်းဟယ်က သားဖြစ်သူ၏စားစရာများကို စားလိုက်သော်လည်း စိတ်အလိုမကျ ဖြစ်သွားခဲ့သည်။ 


မနက် ၉နာရီခွဲတွင် သူတို့မိသားစုက မနက်စာစားပြီးသွား၍ အပြင်မထွက်မီ ပြင်ဆင်စရာရှိသည်များ ပြင်ဆင်နေသည်။ 


ယနေ့တွင် သူတို့မိသားစုက ပင်လုံးကြိုင်ပန်းများကြည့်ရှု့ရန် ရုက္ခဗေဒဥယျာဉ်သို့ သွားမည်ဖြစ်ပြီး ထိုမှအပြန်တွင် လမုန့်လုပ်ရန်ပစ္စည်းများကို စူပါမားကတ်တွင် ဝင်ဝယ်ကြမည်ဖြစ်သည်။ ပုပုက ဟက်စကီးလေးတစ်ကောင်သဖွယ် ပျော်ရွှင်နေပြီး အဝတ်အစားလဲရန်အတွက် သူ့အခန်းထဲသို့ ပျော်ရွှင်စွာပြေးသွားသည်။ 


စုန့်ရန်က ကြောင်နှစ်ကောင်အတွက် အစာခြောက်များ ထည့်ပေးပြီးသည့်နောက်တွင် ဘေစင်ရှေ့၌ရပါကာ ပန်းကန်များ ဆေးကြောနေသည်။


 


ဟယ်ကျစ်ယွမ်က ရှပ်အင်္ကျီလဲပြီးသည့်နောက် အခန်းထဲမှထွက်လာကာ စုန့်ရန်ကို အနောက်မှ သိုင်းဖက်ထားလိုက်သည်။ သူ့လက်နှစ်ဖက်က အေပရွန်ခါးစည်းကြိုးထဲမှတစ်ဆင့် ဝင်သွားပြီး ခါးနေရာတွင် ပြေးလွှားနေသည်။ 


" စုန့်ရန် မင်း အခုနောက်ပိုင်း အရမ်းစိတ်ဆတ်လာသလိုပဲ ကိုယ်ဝန်ရှိနေတာလား..."


စုန့်ရန် သူ့ကို တံတောင်ဖြင့်တွတ်လိုက်သည်။


" ခင်‌‌ဗျားပဲ ကိုယ်ဝန်ရှိလေ..."


ဟယ်ကျစ်ယွမ်က အပြုံးလေးဖြင့် မေးလိုက်သည်။


" ဒါဆိုရင်ဘာလို့ အိမ်မှာ လမုန့်ဖုတ်မှာလဲ... စူပါမားကတ်တွေမှာ ဝယ်လို့ရနေတာကို..."


" ဒါက မိဘနဲ့ကလေးအတူတူ လုပ်လို့ရတဲ့ ဆောင်ရွက်ချက်မျိုးလေ..."


" အိုး... မိဘနဲ့ကလေးလား... ကိုယ်တို့ ရန်ရန်လေးက အဲ့လောက် ပွင့်လင်းမယ် မထင်ထားဘူး..."


ဟယ်ကျစ်ယွမ်က သူပြောချင်သည်ကို အထင်လွဲဟန်ဆောင်လိုက်ပြီး နက်ရှိုင်းသောအဓိပ္ပါယ်တစ်မျိုးဖြင့် ဆက်ပြောလိုက်သည်။ သူ့လက်များက တဖြည်းဖြည်းအောက်ဆင်းလာပြီး ခွကြားနေရာနား ကပ်လာသည်။


စုန့်ရန် ရှက်သွားပြီး အေပရွန်ထဲမှ သူ့လက်ကိုရိုက်ချလိုက်သည်။


" ကျွန်တော်က လမုန့်လုပ်မယ်ပဲပြောတာ ဖက်ထုပ်စားမယ်လို့ ပြောမိလို့လား..."


ဟယ်ကျစ်ယွမ်က ပြုံးလိုက်ပြီး အားပါးတရ ရယ်တော့သည်။ 


စုန့်ရန်၏မျက်နှာက နီရဲလာသည်။ 


" ဒါ... ခင်ဗျား နောက်ဆိုရင် စကားပြောဆင်ခြင်နော်... ပုပုရှေ့မှာ ဖက်ထုပ်စားမယ့်အကြောင်းတွေ မပြောနဲ့... သူက အခုတော့ငယ်သေးလို့ နားမလည်ပေမယ့် အသက်ကြီးလာရင် တဖြည်းဖြည်းသိလာမှာပဲ ဘာလို့ အဲ့လောက် အရှက်မရှိရတာလဲ..."


" ဟုတ်ပါပြီ... နောက်ဆိုရင် လမုန့်ဖုတ်မယ်လို့ပဲ ‌ပြောကြတာပေါ့..."


ဟယ်ကျစ်ယွမ်က ခေါင်းငြိမ့်ပြီး သဘောတူလိုက်သည်။


" ခင်ဗျား မတော်သေးဘူးလား..."


စုန့်ရန် ဒေါသထွက်လာပြီး သူ့ခြေထောက်ကို တက်နင်းလိုက်သည်။


အပြာရောင်မီးတန်းများနှင့် အဖြူရောင်ပိုးလုံးအိမ်ကြီးက မီးဖိုချောင်တံခါးနားတွင် ပေါ်လာပြီး ထိုမြင်ကွင်းကို အချိန်မှီတွေ့လိုက်၍ ပီခနဲအသံထွက်လာပြီး စုန့်ရန်ကို အမှတ်တစ်ထောင်ပေးလိုက်သည်။ 


နေ့လယ်ခင်းတွင် အထုပ်အပိုးများအပြည့်ဖြင့် စူပါမားကတ်မှ ပြန်ရောက်လာကြပြီး ငွေမှင်ရောင်Infinitiကားကို ဂိုဒေါင်ထဲ ထည့်လိုက်သည်။ထို့နောက် စုန့်ရန်က ရှေ့ခန်းမှထွက်လာပြီး ပုပုကို ကလေးထိုင်ခုံမှသွားခေါ်နေစဉ် ဟယ်ကျစ်ယွမ်က ကားနောက်ဖုံးထဲမှ အိတ်များသွားသယ်သည်။ စုန့်ရန်က အိတ်တစ်အိတ်ကိုလှမ်းယူလိုက်ပြီး လမုန့်လုပ်ရန်ပုံစံခွက်လေးများကိုထုတ်ကာ ပုပုကို ပေးလိုက်သည်။


မိသားစုဝင်အားလုံးက လမုန့်ပြုလုပ်ရန်အတွက် အပေါ်ထပ်သို့ ပျော်ပျော်ပါးပါးတက်သွားကြသည်။ 


ဟယ်ကျစ်ယွမ်က ဆောင်းဦးလယ်ကာလ အားလပ်ရက် ရရှိထားသော်လည်း SwordArcရုံးချုပ်တွင် သူကိုင်တွယ်ရမည့်အလုပ်ကိစ္စများရှိနေ၍ မိနစ်နှစ်ဆယ်ခန့် အလုပ်လုပ်ရဦးမည်ဖြစ်သည်။ စုန့်ရန်က သဘောတူလိုက်ပြီးနောက် ပုပုကို မီးဖိုချောင်ထဲ ခေါ်သွားကာ လမုန့်လုပ်ရန်ဂျုံနယ်နေလိုက်သည်။ ကြောင်ငပျင်းလေးနှစ်ကောင်က လုပ်စရာမရှိ၍ ဧည့်ခန်းတွင် ခွေခေါက်ပြီး နေပူဆာလှုံနေကြသည်။


" အိုးစ်... ကပ်ကုန်ပြီ..."


မီးဖိုချောင်ထဲတွင်မူ ပုပုက ဂျုံများကပ်သွားသည့် လက်ငါးချောင်းကို စုန့်ရန်ရှေ့တွင် ဖြန့်ပြလိုက်သည်။


စုန့်ရန်က ကပ်နေသည်များကို ရေဖြင့်ဆေးပေးလိုက်ပြီး ပါးပြင်ပေါ်မှ ဂျုံများကို သုတ်ပေးလိုက်ကာ ပလတ်စတစ် လက်အိတ်တစ်စုံထုတ်၍ ဝတ်ပေးလိုက်ပြီးမှ ဂျုံဆက်နယ်စေလိုက်သည်။ 


ပုပုက ဂျုံနယ်နေစဉ်တွင်လည်း ဂျုံများကို ယုန်နားရွက်ပုံစံဖြစ်‌အောင် ကစားနေသည်။ ၅မိနစ်ခန့်အကြာတွင် ဂျုံမုန့်နှစ်များက ဖြူကောင်အဖြစ် ပြောင်းသွားတော့သည်။


စုန့်ရန် မမေးပဲမနေနိုင်တော့ပေ။ 


" ပုပု ဒါဘာကြီးလဲ..."


" ယုန်လမုန့်... ယုန်လေးတွေက အများကြီး ဒါပေမဲ့ အသိုက်ထဲနေနေတော့ နားရွက်လေးတွေပဲ မြင်ရတာ..."


စုန့်ရန်က သူ၏ ကလေးဆန်ဆန်စကားများကို သဘောကျသွားပြီး သူ့ကို ဂျုံဆက်နယ်စေလိုက်သည်။ ခဏအကြာတွင်မှ နာရီတစ်ချက်လှမ်းကြည့်ပြီး ပြောလိုက်သည်။


" အလုပ်လုပ်ဖို့ အချိန် ၅မိနစ်ပဲရတော့မယ်လို့ ပါပါးကို သွားပြောလိုက်..."


" ဝါး..."


ပုပုက ဖျတ်ခနဲ ခုန်ထွက်သွားပြီး ချက်ချင်းပြန်ရောက်လာသည်။ 


" ပါပါးက 'အင်း' လို့ပြောတယ်..."


အင်း တဲ့လား...


‌ဒါဆိုရင်တော့ အချိန်ပိုယူတော့မယ့်ပုံပဲ...


လူကြီးမင်းဟယ်က အလုပ်ရူးဖြစ်သည်ကို စုန့်ရန်သိထား၍ 'အင်း' ဟု ပြန်ဖြေသည်က သူ နားမထောင်နေကြောင်းပြသည်ကို သိသည်။ သို့ဖြစ်၍ နာရီလက်တံက ၅မိနစ်ရောက်လာသည်အထိ စောင့်နေပြီးမှ ဇွန်းချထားလိုက်ပြီး ဧည့်ခန်းထဲ လျှောက်လာလိုက်သည်။ လူကြီးမင်းဟယ်က သူ့ လက်ပ်တော့ကို အာရုံစိုက်နေ၍ အချိန်ကုန်သွားကြောင်း သတိမပြုမိပေ။ 


" ကျစ်ယွမ် အချိန်ပြည့်ပြီနော်... ပုပု စောင့်နေတယ်..."


စုန့်ရန်က သူ့ကို လောလိုက်သည်။


" ကိုယ်လာခဲ့မယ်..."


ဟယ်ကျစ်ယွမ်က မော့မကြည့်ပဲ ညာဘက်လက်ဖြင့် ကီးဘုတ်ကို ဆက်ရိုက်နေပြီး ဘယ်ဘက်လက်မှ လက်လေးချောင်း ထောင်ပြလိုက်သည်။ 


နောက်ထပ် လေးမိနစ်ဆိုတဲ့သဘောလား...


စုန့်ရန်ု ကော်ဖီစားပွဲနားသွားလိုက်ပြီး ‌ခါးကိုင်း၍ သူ့လက်ချောင်းများကို တစ်ချောင်းစီ ဖိချလိုက်သည်။


" တစ်မိနစ်တောင် မရဘူး..."


စုန့်ကန်က တွင်တွင်ငြင်းလိုက်သည်။


" မိနစ် ၂၀ဆို မိနစ် ၂၀ပဲပေါ့... ခင်ဗျား ဒီထက်ပိုကြာရင် ဒီည မီးဖိုချောင်သန့်ရှင်းရေးလုပ်ရမယ်၊ ပုပုကိုယ်တိုင်လုပ်ထားတဲ့ လမုန့်မစားရဘူး၊ ကျွန်တော်နဲ့လည်း တစ်ခန်းတည်းမအိပ်ရတဲ့အပြင် ညကျ ဖက်ထုပ်မစားရတော့ဘူးနော်..."


ထိုစကားများပြောနေစဉ် စုန့်ရန်က ရှဉ့်ပုံစံ အေပရွန်ဝတ်ထားသည်ကို ဟယ်ကျစ်ယွမ်မော့ကြည့်လိုက်သောအခါ မြင်လိုက်ရသည်။ သို့ဖြစ်၍ သူ့ခန္ဓာကိုယ်က ပူလာပြီး ခေါင်းထဲကို အတွေးတစ်ခုရောက်လာပြီး မရပ်တန့်နိုင်တော့ပေ။ စုန့်ရန်ကို လက်ကောက်ဝတ်မှဆွဲလိုက်ပြီး သူ့ရင်ခွင်ထဲထည့်ကာ ခန္ဓာကိုယ်ကို တစ်ဖက်သို့စောင်းပြီး ဆိုဖာပေါ် ဖိထားလိုက်သည်။


စုန့်ရန် အလန့်တကြားဖြစ်သွားသည်။ 


သူ့လက်ထဲတွင် ကြက်ဥနှင့် ဂျုံမှုန့်များ ကျန်ရှိနေသေး၍ ဟယ်ကျစ်ယွမ်၏ ဈေးကြီးသော ရှပ်အင်္ကျီ ညစ်ပတ်သွားမည်စိုး၍ တံတောင်ဖြင့် တွတ်နေသော်‌လည်း သူ့လက်ကောက်ဝတ်ကို အနမ်းခံလိုက်ရသည်။ လက်အမြန်ပြန်ရုတ်ပြီး ဟယ်ကျစ်ယွမ်ကို စိတ်လှုပ်ရှားစွာဖြင့် စိုက်ကြည့်နေလိုက်သည်။


" ဘာလုပ်တာလဲ... ပုပု မီးဖိုချောင်ထဲမှာ ရှိတယ်လေ..."


" ကိုယ် မင်းကို မေးခွန်းတစ်ခုမေးမယ် ဖြေပြီးတာနဲ့ ချက်ချင်းလွှတ်ပေးမယ်..."


ဟယ်ကျစ်ယွမ်က အခြားလူများကို အတင်းအကြပ်ဖိအားပေးရခြင်းက သဘောကျသူမဟုတ်ပေ။ 


" မင်း အခုနောက်ပိုင်း ပိုရဲတင်းလာပြီးတော့ မထီမဲ့မြင်တွေ လုပ်လာတယ်နော် ကိုယ်ဘာလုပ်လုပ် ဆန့်ကျင်နေတာပဲ... ဘာဖြစ်လို့လဲ ဒိုင်းနမိုက် မျိုချမိလို့လား..."


စုန့်ရန် မျက်တောင်တစ်ချက်ခတ်ပြီး ရယ်လိုက်သည်။


" ကျွန်တော် တမင်လုပ်တာလေ..."


" ဘာလို့လဲ..."


" ကျွန်တော်က နေ့ဘက်မှာ ကောင်းကောင်းမွန်မွန်နေရင်တောင် ညဘက်ကျရင် ခင်ဗျားအနိုင်ကျင့်တာကို ရှောင်လို့မရဘူးလေ... အဲဒါကြောင့် နေ့ခင်းဆိုလည်း အထက်စီးဆန်ဆန် နေနေတာ... ခင်ဗျားက ညဘက်ကျ နေချင်သလိုနေလေ ကျွန်တော်က နေ့ဘက်ဆို နေချင်သလိုနေမယ်..."


စုန့်ရန်က ပွင့်ပွင့်လင်းလင်းသာ ပြောလိုက်သည်။ 


လူကြီးမင်းဟယ်ကြားသည့်အခါ ရိုက်ချက်ပြင်းပြင်းနှင့် ထိသွားသကဲ့သို့ ခံစားလိုက်ရသည်။


" ကိုယ့်နည်းစနစ်တွေက အဲ့လောက်တောင် ဆိုးရွားနေတာလား..."


" နည်းစနစ်ကတော့ မဆိုးပါဘူး..."


စုန့်ရန်၏ နားရွက်ဖျားများ နီရဲလာပြီး တီးတိုးပြောလိုက်သည်။ 


" ခင်ဗျားက အမ်... ခင်ဗျားရဲ့ နည်းလမ်းတွေက ကောင်းပါတယ်... ကျွန်တော့်မှာလည်း ဂုဏ်သိက္ခာရှိသေးတယ်လေ... ညတိုင်း အလုပ်ခံရလို့ သတိလစ်သွားတယ်ဆိုတာ မဖြစ်သင့်ဘူးလေ ဖြည်းဖြည်းလုပ်‌လို့ မရဘူးလား..."


လူကြီးမင်းဟယ်က အကြီးအကျယ်ချီးကျူးခံလိုက်ရသည်ဟု ခံစားရ၍ ပျော်သွားသည်။ စုန့်ရန်၏တင်ပါးကို လက်ဖြင့်ပုတ်လိုက်ပြီး ချစ်ခင်မြတ်နိုးစွာဖြင့် ပြုံးလိုက်သည်။ 


" ကောင်းပါပြီ မင်း ဒီည သတိမလစ်သွားစေရဘူးလို့ကိုယ်ကတိပေးတယ်..."


စုန့်ရန်၏ လောဆော်မှုကြောင့် လူကြီးမင်းဟယ်က သူ့အလုပ်ကို ဘေးဖယ်ထားလိုက်ပြီး လမုန့်ပြုလုပ်သည့်အဖွဲ့ထဲ ဝင်လာသည်။ ထို့နောက် ဂျုံနယ်ခြင်း၊ အစာထည့်ခြင်း၊ ဂျုံမုန့်နှစ်ပြန်ကပ်ပြီး ပုံစံခွက်ပေါ်ချလိုက်ခြင်း၊ မုန့်ဖုတ်ခြင်း အစရှိသည့်ကိစ္စရပ်များကို လျင်မြန်စွာဖြင့် တစ်ဆက်တည်းပြုလုပ်ခဲ့သည်။ 


မိနစ်သုံးဆယ်ခန့် စောင့်ဆိုင်းပြီးသောအခါ မွေးပျံ့ပြီး ရွှေဝါရောင်တောက်နေသည့် စားချင်စဖွယ်လမုန့်ခြောက်ခုကို ovenထဲမှ ထုတ်လိုက်သည်။ 


အိမ်လုပ်လမုန့်များက အပြင်မှဝယ်ယူသည်များနှင့် အလွန်ကွာခြားပြီး လတ်ဆတ်နူးညံ့လှသည်။ စုန့်ရန်က ယနေ့မနက်တွင် ရုက္ခဗေဒဥယျာဉ်မှ သစ်ကြံပိုးခေါက်မှုန့်ကို ဝယ်ယူခဲ့ပြီး အတွင်းတွင် ဖြန်းထည့်ထားသောကြောင့် တစ်ကိုက်ကိုက်လိုက်သည်နှင့် မွှေးပျံ့သောရနံ့က ခံတွင်းထဲ ပျံ့သွားသည်။ 


    


ထိုညတွင် ပုပုက အလွန်အမင်း စိတ်လှုပ်ရှားနေခဲ့ပြီး လမုန့်စားပြီးသောအခါ ဟယ်ကျစ်ယွမ်နှင့်အတူ အရုပ်အိမ်ဆောက်နေခဲ့သည်။ ခဏအကြာတွင် ဟယ်ကျစ်ယွမ်က အလုပ်လုပ်ရန်အတွက် စာကြည့်ခန်းထဲပြန်ဝင်သွားသည်။ ထိုအခါ ကြောင်ကို စ‌နောက်သည့်တုတ်တံလေးဖြင့် ပုသို့သို့နှင့် ပုသိုင်းသိုင်းကို စနောက်နေကာ သူတို့နှစ်ကောင်ထဲမှ မည်သူအနိုင်ရသည်ဖြစ်စေ အော်ဟစ်အားပေးနေသည်။


ည ဆယ်နာရီထိုးသောအခါ စုန့်ရန်က ကြမ်းပြင်တွင် ရှုပ်ပွနေသည့် အရုပ်များအားလုံးကို ကောက်ယူသိမ်းဆည်းပြီးနောက် ပုပုကိုရေချိုးရန် ခေါ်သွားသည်။ ရေချိုးပြီး၍ တစ်ကိုယ်လုံးကို ခြောက်အောင်သုတ်ပေးပြီး အိပ်ရာပေါ်ရောက်သည့်အခါ နတ်သမီးပုံပြင်နှစ်ပုဒ်ထပ်ပြောပြရန် ပူဆာလေသည်။ မစ်ရှင်ပြီး၍ အိပ်ခန်းထဲ ပြန်ရောက်သည့်အခါ လူကြီးမင်းဟယ်ကလည်း ရေချိုးပြီး၍ ပိုးသားအင်္ကျီကိုဝတ်ကာ ခုတင်ခေါင်းရင်းတွင် မှီထိုင်နေပြီး မဂ္ဂဇင်းစာအုပ်တစ်အုပ် ဖတ်နေသည်။ 


ဟယ်ကျစ်ယွမ်၏ မီး‌ထတောက်မတတ်မျက်ဝန်းများကို မြင်လိုက်ရသည့်အခါ စုန့်ရန်က ယနေ့ညတွင်လည်း ဖက်ထုပ်ရောင်းရဦးမည်ကို သိလိုက်သည်။ 


ဟင်း... တစ်ပတ်မှာ ခုနစ်ရက်၊ တစ်ရက်မှကို မ‌နားရပါလား...


သူ့ကို ခံစားမှုကောင်းအောင် ပြုလုပ်ပေးနိုင်သည်က ဟယ်ကျစ်ယွမ်တစ်ယောက်တည်းသာရှိ၍ သူကိုယ်တိုင်ကလည်း မငြင်းဆန်နိုင်နေခြင်းဖြစ်သည်။ 


ထိုအတွေးကြောင့် သူ၏ ဂန္ဓမာပန်းနေရာက ယားကျိကျိဖြစ်လာသည်။ 


စုန့်ရန်က ရေချိုးခန်းကို လက်ညှိုးထိုးပြလိုက်ပြီး ရှက်ရွံ့စွာဖြင့် ပြောလိုက်သည်။ 


" ဒီ... ဒီနေ့ ဘာအရသာလဲ..."


ဟယ်ကျစ်ယွမ် မျက်ခုံးပင့်လိုက်သည်။


" နှင်းဆီ..."


" အင်း သိပြီ..."


စုန့်ရန်၏ ပါးပြင်က နီမြန်းသွားပြီး ရေချိုးခန်းထဲဝင်သွားကာ သူ့ခန္ဓာကိုယ်မှ အဆီနှင့် မီးခိုးနံ့များ ပြောင်စင်အောင် သန့်စင်လိုက်ပြီး ရေချိုးပြီးသွားသည့်အချိန်တွင်မှ နှင်းဆီရနံ့ချောဆီဖြင့် သူ့ခန္ဓာကိုယ်အတွင်းပိုင်းကို ဂရုတစိုက် ချဲ့ထားလိုက်သည်။ နာရီဝက်ခန့်အကြာ ရေချိုးခန်းထဲမှ ထွက်လာချိန်တွင် ဟယ်ကျစ်ယွမ်က ခုတင်ပေါ်တွင် မရှိတော့ပဲ အိပ်ရာပေါ်တွင် နီရဲတောက်နေသည့် အေပရွန်တစ်ခုသာ ရှိတော့သည်။ 


အေပရွန်ပေါ်တွင် စာရွက်တစ်ရွက် တင်ထားသည်။


( မီးဖိုချောင်ထဲလာခဲ့ပါ...)


မဟုတ်လောက်ပါဘူးနော်...


အဝတ်ဗလာ... အဝတ်ဗလာနဲ့ အေပရွန်playလုပ်မလို့လား... သူ အရမ်း နှာဘူးကျတာပဲ...


 


စုန့်ရန် အိပ်ရာပေါ် လှဲချလိုက်ပြီး သူ့လက်ထဲမှ အေပရွန်ကို ကြည့်နေလိုက်သည်။ ၎င်းက သူ အိမ်တွင် ချက်ပြုတ်ရာ၌ အသုံးပြုသော အေပရွန်ဖြစ်သည်။ ထိပ်တွင်လည်း ချစ်စရာကောင်းသော ရှဉ့်လေး‌တစ်ကောင်ပုံစံပါသည်။ သို့ရာတွင် ၎င်းကို ယနေ့ညတွင် အသုံးပြုရမည်ဖြစ်၍ စိတ်ထဲ၌ ကိုးရို့ကားယားဖြစ်နေမိသည်။ 


သူ ဘေးဘယ်ညာကို တစ်ချက်ကြည့်လိုက်သည်။ အချိန်အတန်ကြာအောင် ချီတုံချတုံဖြစ်နေပြီးသော်လည်း ထိုအေပရွန်ကို မဝတ်ရဲဖြစ်နေသည်။ သို့ရာတွင် အပြင်ဘက်၌ စောင့်ဆိုင်းနေသည့် ဟယ်ကျစ်ယွမ်ကို တွေးမိသွားပြန်သည်။ အတော်အတန်ကြာပြီးကာမှ စိတ်ကို ပြင်ဆင်လိုက်ပြီး အေပရွန်ကို ဝတ်လိုက်သည်။


စုန့်ရန်က တစ်ကိုယ်လုံးတွင် အင်္ကျီမဝတ်ထားသည့်အပြင် အေပရွန်၏အဝတ်စကလည်း နူးညံ့မနေ၍ ရင်ဘတ်မှ ချယ်ရီသီးနှစ်လုံးကို ပွတ်မိနေပြီး ဘောင်းဘီခွကြားနေရကလည်း ဖုဖောင်းလာပြီဖြစ်သည်။ 


တံခါးကိုဆွဲဖွင့်လိုက်ပြီး ခြေထောက်နှစ်ဖက်ကို ပူးကပ်ထားကာ သူခိုးတစ်ယောက်သဖွယ် ခပ်တိုးတိုးထွက်လာသည်။ 


ဧည့်ခန်း၊ ထမင်းစားခန်းနှင့် မီးဖိုချောင်တို့က မှောင်မည်းနေပြီး မီးလုံးဝဖွင့်မထားပေ။ 


အမှောင်ထုထဲတွင် သူ့စိတ်လုံခြုံမှုရှစေရန်အတွက် ဟယ်ကျစ်ယွမ်က မီးအားလုံးပိတ်ထားခြင်းဖြစ်ပြီး 24နာရီလုံးဖွင့်ထားတတ်သည့် ရှောင်ကျူကိုပါ ပိတ်ထားပြီး ဧည့်ခန်းနံရံဘေးတွင် ကပ်ထားလိုက်သည်။ 


Xxxxxx