"မင်းတို့တွေအတော်လေး သတ္တိရှိနေကြတယ်ပေါ့...
နန်းတွင်းကကိုယ်လုပ်တော်တစ်ယောက်ရဲ့စာကို
အပြင်ကသခင်လေးတစ်ယောက်ကို ပို့ပေးရဲတယ်"
"အထိန်းတော်ကြီး! ဒီငယ်သားမှားပါတယ်!
သက်ညှာပေးပါ!"
"သက်ညှာပေးရမယ် ဟုတ်စ...
အဲဒီနန်းတွင်းသူမိုရွီက ကိုယ်လုပ်တော်အဖြစ်တရား၀င် အသတ်မှတ်မခံရပေမယ့် သူ့တံဆိပ်ပြားကို မင်းကြီးကလှန်ခဲ့တာမင်းတို့မေ့သွားပြီလား!"
"သူက အရှင်မင်းကြီးရဲ့အမျိုးသမီးဖြစ်နေတုန်းပဲ၊
အရှင့်ရဲ့အမျိုးသမီးကအရှင်နဲ့သာဆိုင်တယ်၊
မင်းတို့ကဒါမျိုးလုပ်ရဲမှတော့ အရှင့်ရဲ့အဆုံးအဖြတ်ကိုသာ စောင့်နေကြပေတော့!"
"အထိန်းတော်လင်း! ဒီငယ်သားတို့ကို ဒီလိုပဲစွန့်ပစ်တော့မှာလား!"
"အရှင်မင်းကြီးသာသိရင် ကျွန်တော်တို့အကုန်လုံး
ခေါင်းဖြတ်ခံရမှာ စိုးလှပါတယ်!
ပြန်စဉ်းစားပါဦး!"
ထိုစကားကိုကြားတော့လင်းရှောင်ကသရော်လိုက်သည်။
"ဒီကိစ္စကိုအရှင့်ဆီလျှောက်တင်လိုက်ရင် သေမှာမင်းတို့လေ။
ဘာလို့လဲဆိုတော့အပြစ်လုပ်ထားတာကိုး။ အပြစ်မလုပ်ထားရင်မသေဘူး။
အကယ်၍ငါသာဒါကိုအရှင့်ဆီမလျှောင်တင်ပဲ လျို့ဝှတ်ထားရင် အရှင်သိသွားတဲ့အခါ
အပြစ်သားကငါဖြစ်သွားမယ်၊ သေမယ့်သူကလည်း ငါဖြစ်သွားမှာပေါ့"
"မင်းပြောကြည့်စမ်း, ငါကငါ့ဘာငါ အန္တာရယ်အဖြစ်ခံပြီးဘာလို့လျှို့ဝှတ်ထားရမှာလဲ"
ထိုစကားများက အကျိုးအမြတ်သာမရှိလျှင် သူကဘာကိစ္စတာ၀န်ယူရမှာလဲဟူသော အဓိပ္ပာယ်ကိုအပြည့်အဝပေးနေခဲ့သည်။
ကုန်းကုန်းများကချက်ချင်းနားလည်သွားခဲ့ပြီး သူတို့အချင်းချင်းကြည့်လိုက်ကာ လင်းရှောင်ကို အလျင်အမြန်တောင်းပန်လိုက်သည်။
"အထိန်းတော်ကြီးလင်း, အကယ်၍ အထိန်းတော်ကြီးသာကျွန်တော်မျိုးတို့ကိုမဖော်ဘူးဆိုရင်
ဒီငယ်သားရထားတဲ့ငွေတုံးတွေအကုန် အထိန်းတော်ကြီးဖို့ပါပဲ ကျေးဇူးပြုပြီး ညှာတာပေးပါ။"
လင်းရှောင်ကအထင်သေးစွာပင်
"အရှင်က ငါ့ကို ငွေချောင်းတစ်ထောင်ကျော်တောင်ချီးမြှင့်ထားတာ၊
ရာရာစစ မင်းရဲ့ငွေတုံးလေးတွေက ငါ့မျက်လုံးထဲ၀င်မယ်များထင်နေလား!"
ကြမ်းပြင်ပေါ်ဒူးထောက်နေကြသူများမှာ သေခြင်းနှင့်လက်တစ်ကမ်းသို့်ရောက်နေသလိုမျိုး ဖြူဖျော့နေကြသည်။
အခြေအနေကသူလိုချင်တဲ့ဘက်ကို ရောက်လာသည်ကိုမြင်သည်နှင့် လင်းရှောင်ကချက်ချင်းလေသံပြောင်းလိုက်ကာ...
"ငါက ငါ့ကိုယ်ငါအန္တာရာယ်အဖြစ်ခံပြီး မင်းတို့ကိုမကူညီပေးချင်တာတော့မဟုတ်ပါဘူး"
အသက်ရှင်ဖို့လမ်းစလေးပေါ်လာသောအခါ ကြမ်းပြင်ပေါ်မှောက်နေသောခေါင်းတွေက မျှော်လင့်ချက်လေးဖြင့် လင်းရှောင်အားမော့ကြည့်လာသည်။
လင်းရှောင် သူ၏လက်ချောင်းတွေကို ကစားလျက် အမှုမထားပုံဖြင့်
"မင်းတို့ရဲ့စိတ်ရင်းဘယ်လောက်စစ်မှန်လဲဆိုတာ မူတည်တာပေါ့"
"ဒီနိမ့်ကျတဲ့ငယ်သားတွေက ဘာမဆိုလုပ်ဖို့အသင့်ပါ!"
အကုန်လုံး၏ ခေါင်းများက တမဟုတ်ချင်းကြမ်းပြင်နှင့် ဘမ်းခနဲကပ်သွားသည်။
လင်းရှောင်က ဒါကိုကြားရဖို့စောင့်နေတာပင်။
ငွေတုံးတွေလား... မလိုအပ်ဘူး။
သူလိုတာက ယုံကြည်စိတ်ချလို့ရမယ့် နောက်လိုက်တချို့သာ။
သည်လူတွေကို သူတို့ကျူးလွန်ထားတဲ့ အပြစ်ဘယ်လောက်ကြီးမားလဲဆိုတာ ခေါင်းထဲနာနာရိုက်သွင်းပေးထားရဦးမည်။ အကယ်၍သူ့ကိုသာကလန်ကဆန်လုပ်လာရင်
ဘယ်လိုအဆုံးသတ်သွားမလဲဆိုတာကိုရောပေါ့။
အခုလောလောဆည် သည်တစ်စု၏ပြုမူပုံကို လင်းရှောင်အတော်လေးကျေနပ်မိသည်။
သူကအတော်ကြာမိန့်မိန့်ကြီးပြုံးနေပြီးမှ ထိုလူတစ်စု၏မေးခွန်းကိုပြန်ဖြေလိုက်သည်။
"မင်းတို့တကယ်အသက်ရှင်ချင်တယ်ဆိုရင်
ပထမဆုံးအနေနဲ့ စာပေးစာယူတွေထပ်မလုပ်ရဘူး။
မင်းတို့ဘယ်လိုအပြစ်ကို ကျူးလွန်ထားတယ်ဆိုတာကို ခေါင်းထဲမြဲမြဲမှတ်ထားကြ။ ဒီတော့ နောက်ထပ်တစ်ယောက်ယောက်က ကိုယ်လုပ်တော် မိုရွီအတွက်စာပေးစာယူလုပ်ပေးနေတာကိုတွေ့တာနဲ့ ငါ့ကိုချက်ချင်းသတင်းပို့ ရှင်းရဲ့လား..."
လင်းရှောင် မတိုင်ခင်ကတွေးတောခဲ့သည်။
နန်းတွင်းတွင် မရေတွက်နိုင်သော ကုန်းကုန်းတွေအများကြီးရှိကာ သူ၏အတိတ်ဘ၀မှတ်ဉာဏ်ကို သုံးပြီးသူလျှိုတွေကိုဖမ်းဆီးမယ်ဆိုရင်တောင်
သိပ်အဆင်မပြေပေ။ ကျန်တဲ့သူတွေသတိထားမိသွားရင်
ကျန်တဲ့သူလျိုတွေအလှည့်ကျ ရှောရှောရှူရှူ ဖမ်းမိတော့မှာမဟုတ်။
"ကျွန်တော်မျိုးတို့ အမိန့်ကိုနာခံပါ့မယ်!"
ကုန်းကုန်းငါးယောက်မှာ ကြမ်းပြင်ပေါ်တွင်လုံးနေအောင် မှောက်လျက် တသံတည်းထွက်လာသည်။
လင်းရှောင်မှာ ဤသည်ကိုကြည့်ပြီး ကျေနပ်မှုကြောင့် မျက်လုံးထောင့်များပင်ကွေးညွတ်သွားသည်။
"သိပ်ကောင်းတယ်, မငိးတို့တွေသွားနိုင်ပြီ။
ငါပြောတာကိုမမေ့နဲ့၊ တစ်ယောက်ယောက်က စာပို့နေတာများထပ်တွေ့ရင် ငါ့ကိုအရင်သတင်းပို့!
တကယ်လို့များ ငါ့ကိုမရိုးမသားလှည့်ဖျားရဲရင်တော့.."
"ကျွန်တော်မျိုးတို့ သိပါပြီ!" ၄င်းတို့က အလျင်အမြန်အရိုအသေပေးလိုက်သည်။
လင်းရှောင်ခေါင်းငြိမ့်လိုက်ကာ ကုန်းကုန်းအုပ်စုအား ထွက်သွားခွင့်ပြုလိုက်သည်။
ထိုငါးယောက်ထွက်သွားသည်နှင့် လင်းရှောင်စပြီးတွေးတော့သည်။
သူဒီကိစ္စကို မင်းကြီးဆီဘယ်လိုလျှောက်တင်ရမှာပါလိမ့်..
ဧကရာဇ်ရဲ့ကိစ္စတိုင်းကိုဖောက်ထွင်းမြင်နိုင်မှုက ကြီးမားလွန်းတာကြောင့် သူဒီကိစ္စကိုလျှို့ဝှတ်မထားရဲပေ။
ရှင်းရှင်းပြောရရင် ဝှတ်ထားလို့ကိုမရတာ။ စဉ်းတောင်မစဉ်းနဲ့။
မျက်လုံးများကိုမှိတ်လျက် လင်းရှောင်ဆုံးဖြတ်ချက်ချလိုက်သည်။
ထို့နောက် သူ၏၀တ်ရုံလက်ကို ဆတ်ခနဲခါလျက်
တော်၀င်စာကြည့်ဆောင်သို့ ထွက်လာခဲ့တော့သည်။
သူရောက်လာချိန်တွင် အမတ်ကြီးမှာလည်း စာကြည့်ဆောင်မှ ထွက်လာသည်နှင့် အံကိုက်ပင်။
လင်းရှောင်အထဲကိုလှမ်းကြည့်လိုက်တော့
ဧကရာဇ်မှာ မျက်လုံးတို့ကိုအသာမှိတ်လျက် အနားယူနေသည်ကိုတွေ့လိုက်ရသည်။
သူ၏နောက်တွင် ရှောင်လိဇီမှ ဧကရာဇ်၏ပုခုံးအား အသာနှိပ်နယ်ပေးလျက်။
လင်းရှောင်က အထဲသို့၀င်သွားလိုက်ကာ
သင့်လျော်သောအနေအထားဖြင့် မင်းကြီးအား အရိုအသေပေးလိုက်သည်။
ထို့နောက် လင်းရှောင်က ရှောင်လိဇီအား မျက်စိဖြင့်အမူအယာပြကာ ထွက်သွားစေပြီး မင်းကြီး၏ကျယ်ပြန့်၍သန်မာသော ပုခုံးကို နှိပ်နယ်ပေးဖို့ ပြင်လိုက်စဉ်တွင် မင်းကြီးကရုတ်တရက်မျက်လုံးပွင့်လာခဲ့သည်။
"ကိုယ်တော် မင်းကိုခစားစရာမလိုဘူးလို့ မပြောခဲ့ဘူးလား?"
မင်းကြီးက ထိုင်ခုံနောက်မှီတွင်သက်တောင့်သက်သာ
မှီချလိုက်ရင်း ပြောလိုက်သည်။
လင်းရှောင်ကအလွန်ရိုကျိုးလျက်
"ဒီငယ်သားရဲ့ခန္ဓာကိုယ်ကပြန်ကောင်းနေပါပြီအရှင်၊
အရှင့်ကိုလည်းစိတ်ပူမိတာမို့ လာခဲ့တာပါ"
ဧကရာဇ်၏ အမြဲတစေတည်တင်းနေသော မျက်နှာအမူအယာတွင် နှုတ်ခမ်းဖျားလေးကအသာကော့တက်သွားသည်။
ဒါကိုမြင်တော့ လင်းရှောင်လည်း ဧကရာဇ်၏ နားထင်ဆီကိုလက်လှမ်းပြီး အသာအယာနှိပ်နယ်ပေးရန် ပြင်လိုက်သော်လည်း သူ၏လက်များမှာ ရုတ်ချည်း ဖမ်းဆွဲခံလိုက်ရသည်။
လင်းရှောင်မှာအလွန်အမင်းထိတ်လန့်သွားသည်။
သူ၏လက်များမှာ ကြမ်းကြမ်းတမ်းတမ်း ဆုပ်ကိုင်ခံထားရပြီး သူမော့ကြည့်လိုက်သောအခါ အေးစက်၍ စူးရွေသာ အရှင့်၏မျက်လုံးတို့ဖြင့်ရင်ဆိုင်လိုက်ရ၏။
သူ၏နှလုံးမှ အချက်ပေးသံများမြည်လျက် မျက်နှာမှာလည်းတမဟုတ်ချင်း ဖြူဖျော့သွားရသည်။
သို့သော်လည်း လင်းရှောင်မှာ အမူအယာမပျက်အောင်ပင် နေကာ မိမိကိုယ်ကိုယ်တည်ငြိမ်အောင်ကြိုးစားလိုက်သည်။
စက္ကန့်အနည်းငယ်ကြာပြီးမှ သူကမရဲတရဲဖြင့်တံတွေးကိုအသာမြိုချလိုက်ကာ
"အရှင်ပင်ပန်းနေတာကိုမြင်ရတော့ ဒီငယ်သားက သက်တောင့်သက်သာဖြစ်အောင်
အရှင့်ရဲ့နားထင်ကိုနှိပ်နယ်ပေးမလို့ပါ အရှင်"
ဧကရာဇ်ကမည်သည်ကိုမှမဆိုသလို လင်းရှောင်၏လက်ကိုလည်းမလွှတ်ပေးပေ။ သူ၏အကြည့်မှာအေးစက်လွန်း၍လင်းရှောင်၏ နှလုံးမှာမိုးကြိုးပစ်သလို တဒုန်းဒုန်းခုန်လှုပ်နေခဲ့သည်။
အဲဒီလိုအနေအထားနဲ့အတော်လေးကြာပြီးမှ
ဧကရာဇ်သည် သူ၏မျက်လုံးတွေကို အသာမှိတ်ကာ လင်းရှောင်၏လက်ကိုလည်းလွှတ်လိုက်ပြီး
သူ၏ကိုယ်ကိုလည်း နောက်သို့ပြန်မှီလိုက်လေသည်။
လင်းရှောင်က မင်းကြီးထံမှဖမ်းဆုပ်ခံထားရ၍ နာကျင်နေသောလက်ဖဝါးအား ဖုံးကိုင်လျက် သက်ပြင်းကိုအသာချလိုက်မိသည်။
ဧကရာဇ်ကဘာမှတ်ချက်မှမပေးလာသည်ကိုတွေ့တော့
လင်းရှောင်လည်း အံကိုတင်းတင်းကြိတ်၊
သတ္တိမွေးကာ အရှင့်၏နားထင်အား နောက်တစ်ကြိမ်လက်လှမ်းလိုက်သည်။
ဒီတစ်ကြိမ်သာ အရှင်ကသူ့ကိုမငြင်းပယ်ခဲ့ရင် နောက်နောင်အနာဂါတ်မှာ အရှင်ကသူ့ကိုပိုပြီးသဘောကျ လာမယ်ဆိုတာ လင်းရှောင်အလွန်သေချာနေခဲ့သည်။
နောက်ဆုံးတော့ လင်းရှောင်၏လက်ချောင်းလေးတွေက
အရှင့်၏နားထင်တစ်ဖက်စီသို့အသာအယာတို့ထိလိုက်သည်။
လင်းရှောင်မှာ ထိုအနေအထားအတိုင်း စက္ကန့်ပိုင်းမျှတုန့်ဆိုင်းနေပြီး လုံး၀မလှုပ်ရဲချေ
ဧကရာဇ်ထံမှ မနှစ်သက်သောအမူအယာမျိုးကို မတွေ့ရမှသာ သက်ပြင်းကိုအသာချလိုက်ပြီး ခပ်ဖွဖွလေးနှိပ်နယ်ပေးလိုက်သည်။
သူ၏လက်ချောင်းဖျားလေးတွေဆီမှတုန်ယင့နေသည်ကို ခံစားမိ၍ဖြစ်မည်။ ဧကရာဇ်ကမျက်လုံးအသာဖွင့်လျက် ကြည့်လိုက်ကာ ပြန်မှိတ်သွားသည်။
"ကြည့်ရတာ မင်းကိုယ်တော့်ကို တကယ်ကြောက်တဲ့ပုံပဲ"
ဧကရာဇ်ကခေါင်းကိုလှည့်၍ ပို၍သက်တောင့်သက်သာဖြစ်အောင် လုပ်လိုက်ကာ
"မင်းသာ အပြစ်ကြီးကြီးမားမားတစ်ခုခုမလုပ်ထားသ၍
ကိုယ်တော်မင်းအသက်ကိုမယူဘူးလို့ ပြောပြီးသားလေ"
ဒါကိုကြားတော့ လင်းရှောင်အနည်းငယ် မကျေမနပ်ဖြစ်လာမိသည်။ သူအလကားသက်သက် ကြောက်နေတာမို့လို့လား? အရှင်မင်းကြီးကိုယ်တိုင်က စိတ်အပြောင်းအလဲမြန်လွန်းနေတာကိုး
သူကသတိလက်လွတ်ဖြင့် အထွဋ်တက်လိုက်မိသည်။
"ဒီငယ်သားစိုးရွံ့မိတာက ဘာအပြစ်လုပ်မိမှန်းတောင် မသိလိုက်ခင် အသက်ထွက်သွားမှာကိုပါ"
ဧကရာဇ်ရယ်လိုက်မိတော့တယ်။
"မင်းမှာအဲသလို အခြေအနေတွေကလည်း
ရှိရသေးတယ်ပေါ့"
လင်းရှောင်မျက်လုံးကိုလှိမ့်လိုက်ကာ
"ရှိတာပေါ့ အရှင်, ဒီငယ်သားပြောခဲ့သလိုပဲ တခါတေလဆို ဘာမှားလို့မှားမှန်းတောင်မသိပါဘူး"
လင်းရှောင်ကပြောပြောဆိုဆိုနှင့် ဧကရာဇ်အား တစ်ချက်ခန့်ခိုးကြည့်လိုက်သေးသည်။
ဧကရာဇ်မျာတော်တော်ကြာတိတ်ဆိတ်သွားခဲ့သည်။
ထို့နောက်တွင်မှ
"ကိုယ့်တော့်ရဲ့ခေါင်းကို အခြားတစ်ယောက်ယောက်ထိတာ နေသားမကျလို့ပါ၊ မင်းထွေထွေထူးထူးတွေးပူနေစရာမလိုပါဘူး"
ဧကရာဇ်ဆီကဖြေရှင်းချက်လေးရလိမ့်မယ် မမျှော်လင့်ထားတာကြောင့် လင်းရှောင်အံ့ဩကာ သူ၏နှလုံးသားထဲမှလည်းကျေနပ်မှုလေးဖြစ်ထွန်းသွားသည်။
ကြည့်ရတာ ဧကရာဇ်ကသူနဲ့ပိုပြီးပေါ့ပေါ့ပါးပါး ဆက်ဆံလာနိုင်ပုံပဲ။
ဒီလိုဆိုမွေတာ့ သူတဖြည်းဖြည်းနဲ့ ဧကရာဇ်ရဲ့ယုံကြည်မှုတွေ ပိုပိုပြီးရလာတော့မှာမဟုတ်ဘူးလား?
ဟိုဟိုဒီဒီတွေးနေရင်း လင်းရှောင်၏ကိုယ်မှာလည်းအရမ်း တောင့်တင်းမနေတော့၊ သူကအရှင့်၏နှဖူးကို အားသာသာလေးပိုစိုက်ပြီးနှိပ်ပေးလိုက်သည်။
သို့သော်လာရင်းရည်ရွယ်ချက်ကိုလည်းမမေ့ပေ။
ဒါပေမယ့်တကယ်တမ်းထုတ်ပြောဖို့ကျ လင်းရှောင်က အနည်းငယ်တွန့်ဆုတ်နေပြီး လေသံလေးနှင့်ပင်ပြောလိုက်သည်။
"အရှင်, ဒီငယ်သားက ကိစ္စတစ်ခုကိုသိထားပါတယ်"
ဧကရာဇ်၏မျက်လုံးများက ပွင့်လာခဲ့သည်။
"ကိုယ်လုပ်တော် မိုနဲ့ သခင်လေးလန်ဝေ့က အခုချိန်အထိအဆက်အသွယ်ရှိနေကြတုန်းပါပဲ"
ဧကရာဇ်ကအနည်းငယ်တွေးတောသွားသည်။
သူကကိုယ်လုပ်တော်မိုက ဘယ်သူဆိုတာကို စဉ်းစားနေရပုံပင်။ အတော်လေးကြာပြီးမှ သတိရသွားပုံဖြင့်
နှာခေါင်းရှုံ့လိုက်ကာ ထ၍မတ်မတ်ထိုင်လိုက်သည်။
လင်းရှောင်လည်း ဧကရာဇ်၏ဘေးတွင် နေရာတကျဒူးထောက်လိုက်တော့သည်။
"စိတ်လျှော့ပါအရှင်, စာပို့ဖို့ကူညီနေတဲ့ ကုန်းကုန်းတွေအကုန်လုံးကိုလည်း ဒီငယ်သားရှာတွေ့ပြီးပါပြီ"
"အကုန်လုံးကိုရှင်းပစ်လိုက်"
ဧကရာဇ်ကအေးစက်စွာဆိုသည်။
လင်းရှောင်က ဧကရာဇ်ရှေ့တွင်အလျင်အမြန်
ပြားပြား၀ပ်လိုက်ပြီး အံကိုကြိတ်ကာ အားတင်းလျက်ပင်
"အရှင်, ဒီငယ်သား အတင့်ရဲပြီးတောင်းဆိုပါရစေ။
သူတို့ကို ဒီငယ်သားကိုစီရင်ခွင့်ပေးပါ။ ဒီငယ်သားက သူတို့အသက်ကိုမယူဖို့တောင်းဆိုပါတယ်"
လင်းရှောင်၏စကားကြောင့်ဧကရာဇ်သူ့အားအေးစက်စွာ ကြည့်လိုက်သည်။ အတော်ကြာသည်အထိ ဘာကိုမှဆိုမလာပေ။
လင်းရှောင်လည်း ဤထိတ်လန့်ဖွယ်တိတ်ဆိတ်နေမှုကြီးကြောင့်
ဇောချွေးများပြန်လာခဲ့သည်။ ထိုကုန်းကုန်းများအကုန်လုံးမှာ နန်းတွင်းမှအမှုထမ်းများဖြစ်ပြီး ဧကရာဇ်၏နောက်ကွယ်တွင် ဤကဲ့သို့ကိစ္စများပြုလုပ်ရဲခြင်းမှာ သစ္စာဖောက်ခြင်းနှင့်အတူတူပင်။
ဧကရာဇ်ကိုသစ္စာဖောက်သူတိုင်းအတွက် ပြစ်ဒဏ်မှာ သေခြင်းတစ်ခုသာရှိသည်။ ဒါကိုမှလင်းရှောင်က ထိုလူတွေအတွက် အသက်ရှင်စေဖို့ နည်းလမ်းရှာပေးနေသည်။
ဧကရာဇ် ခွင့်ပြုဖို့ကိုမပြောနဲ့ဦး သည်လိုတောင်းဆိုရဲသည်ကပင် အလွန်ရဲတင်းလွန်းနေပြီ။
ဧကရာဇ်ကဒါကိုကောင်းကောင်းသိသည်။
သိနေရက်နဲ့တောင် သူဘာကိုမှမပြောနိုင်တာ ဆန်းတော့အဆန်းသား။