အခန်း ၃၁
Viewers 7k

Chapter (31)

Unicode

အခန်း(၃၁) - သူမက ရဲတင်းလိုက်တာ

မော့ချင်းလင်က မျက်မှောင်ကြုတ်သွားသည်။

သမားတော်ရှစ်ရဲ့ အမူအရာကို ကြည့်ခြင်းအားဖြင့်တော့ လိမ်ပြောနေဟန် မတူပေ။

သူက ရှစ်ချင်းလျို့ဘက် လှည့်ကာ မေးခဲ့သည်။ "မင်းယောက်ျားက မကြာခင်က ရန်ငြိုးရန်စ ရှိဖူးတဲ့လူတွေများ ရှိလား။"

ရှစ်ချင်းလျို့က မတုံ့မဆိုင်း ပြန်ဖြေခဲ့သည်။ "မရှိပါဘူး ဒါပေမယ့် လွန်ခဲ့တဲ့ လဝက်လောက်က ကျွန်မ ယောက်ျားရဲ့အဖေက သူ့ချစ်သူကို တရားဝင်ဇနီးသည်။ အရာတင်မြှောက်ဖို့အတွက် သူ့ဇနီးကို မယားငယ် ရာထူးချခဲ့ပါတယ်၊ ကျွန်မ ယောက်ျားရဲ့အမေက သဘောမတူတော့ ကွာရှင်းခဲ့ကြပါတယ်၊ ပြီးတော့ ကျွန်မ ယောက္ခထီးက ကျွန်မ ယောကျာ်းကို သူ့အမေကို ထားခဲ့ခိုင်းပါတယ်၊ ကျွန်မ မောင်လေးနဲ့ ညီမလေးနှစ်ယောက် သဘောတူတူ မတူတူ စိတ်မဝင်စားဘဲ ကျွန်မယောက်ျားကို သူ့အမေနဲ့ မောင်နှမတွေနဲ့ အဆက်အသွယ် ဖြတ်ခိုင်းပါတယ်၊ အပြင်လူတွေကလည်း အဖွားနဲ့ ယောက္ခထီးကို တရားဝင်ဇနီးသည်။ကို မယားငယ်ရာထူးချဖို့ လှုံ့ဆော်ခဲ့ပါတယ် ဒါမှ ဟိုမိန်းမက ပထမဇနီး ဖြစ်မှာလေ၊ အဖွားက အဲကိစ္စကို မရှင်းခဲ့ဘဲ ကျွန်မ ယောက်ျားနဲ့ မောင်နှမနှစ်ယောက်အပေါ် အေးတိအေးစက်သာ ဆက်ဆံခဲ့ပါတယ်၊ နန်ရှီမှာ ကျွန်မ ယောက်ျားသိတဲ့ လူတွေထဲမှာ သမားတော်ရှစ်ကို ငွေတုံး ၃၀၀ လာဘ်ထိုးနိုင်တာဆိုလို့ အဲဒီ မယားငယ်ပဲ ဖြစ်နိုင်ပါတယ်။”

ထိုမိန်းမ ပါဝင်ခဲ့ရင်တောင် ခြေရာခံဖို့ ခက်ခဲသည်။

သို့ပေမယ့်လည်း ထိုဆန်ကုန်မြေလေးအဖေနှင့် ထိုမိန်းမအပေါ်ထားတဲ့ ရှစ်ချင်းလျို့ရဲ့ ရွံ့ရှာမှုတွေကိုတော့ မရပ်တန့်နိုင်ခဲ့ပေ။

အခုက ရှေးခေတ်ဖြစ်တာကြောင့် သူမရဲ့ စကားတွေက စာအုပ်ထဲ မှတ်တမ်းယူခံနေရပြီဖြစ်သည်။

အနာဂတ်မှာ ထိုနှစ်ယောက်နှင့် တွေ့ပါက သူမ သေချာပေါက် ဒီအကြွေးတွေ ပြန်ယူမည်။

မော့ချင်းလင်က အလွန် အံ့သြသွားခဲ့သည်။ "မင်းယောက်ျားရဲ့အဖေက ဘယ်ဗိုလ်ချုပ်ကြီးလဲ"

အကြမ်းဖျင်းတော့ သူ ခန့်မှန်းမိထားပြီဖြစ်သည်။

လက်ရှိတော်ဝင်ခုံရုံးမှာ မျိုးရိုးနာမည် ရှောင်ဟူသော ဗိုလ်ချုပ်ကြီး တစ်ဦးသာ ရှိသည်။

သူ့ဇနီးက သူ့ထက် ၁၀နှစ် ငယ်တယ်ဟုလည်း သတင်းကြားထားသည်။

ရှစ်ချင်းလျို့က ပြန်ဖြေခဲ့သည်။ "ဗိုလ်ချုပ်ကြီး ရှောင်ယွမ်ရှစ်ပါ။"

ထိုလူက မော့ချင်းလင် ခန့်မှန်းထားသည့်လူ ရှောင်ယွမ်ရှစ် အမှန်ပင်ဖြစ်သည်။

သို့ပေမယ့်လည်း လုပ်ငန်းခွင်မှာ ဖြောင့်မတ်ပြီး စိတ်ထားပွင့်လင်းသည့် ရှောင်ယွမ်ရှစ်က နောက်ကွယ်မှာတော့ ချစ်သူအတွက် ဇနီးကို မယားငယ်ရာထူးချပစ်ဖို့ အထိ ယုတ်မာလိမ့်မည်ဟု မထင်မိခဲ့ပေ။

အဓိက အချက်က ထိုမိန်းမအတွက်ဖြင့် သားသမီးအရင်းတွေကို စွန့်ပစ်ခဲ့ခြင်း ဖြစ်သည်။

ဒီမျိုးမစစ်ကတော့ တော်တော်လွန်သွားပြီ။

ထိုမိန်းမက ကြိုးကိုင်ခြယ်လှယ်သူ ဖြစ်နိုင်ခြေ များသည်။ဟု သူ ခံစားရသည်။

သူသည်။လည်း ထိုသို့သော မယားငယ်မျိုးရဲ့ ထိုကဲ့သို့ ယုတ်မာခြင်းကို ကြုံခဲ့ရပြီးပြီဖြစ်သည်။

မှန်းဆချက်နဲ့ဘဲ ကောက်ချက်ချလို့ မရတာကြောင့် ဒီကိစ္စကို သူစုံစမ်းရမည်။

ဘာပဲဖြစ်ဖြစ် ဒီမိန်းကလေးပြောတာတွေက မှန်တယ်ဟုလည်း မပြောနိုင်ပေ။

"ဒီကိစ္စကို ငါ အရာရှိကြီး စုံစမ်းစစ်ဆေးလိုက်မယ်။"

မော့ချင်းလင်က ဘိလစ်စာရေးကြီးကို ညွှန်ကြားခဲ့သည်။ "သမားတော်ရှစ်နဲ့ သူ့တပည့်ကို အရင်ဆုံး အကျဥ်းချထားလိုက်၊ ဒီကိစ္စတွေ စုံစမ်းစစ်ဆေးပြီးရင် ပြစ်ဒဏ်ချမှတ် ခံရမယ်။"

"အမိန့်အတိုင်းပါ ဆရာ" ဘိလစ်စာရေးကြီးက ထိုလူနှစ်ယောက်ကို ဆွဲခေါ်သွားခဲ့သည်။

ထို့နောက် မော့ချင်းလင်က ရှစ်ချင်းလျို့ကို ကြည့်ကာ ပြောခဲ့သည်။ "ဒီကိစ္စကို ငါစုံစမ်းပြီး မင်းယောက်ျားကို အန္တရာယ်ပြုဖို့ ဘယ်သူက သမားတော်ရှစ်ကို လာဘ်ထိုးပြီး ကြိုးကိုင်ခြယ်လှယ်တဲ့လူလည်းဆိုတာ ဖော်ထုတ်ပေးမယ်၊ အဖြေထွက်လာတဲ့အခါကျရင် မင်းအိမ်ကို လူလွှတ်ပြီး အကြောင်းကြားခိုင်းလိုက်မယ်။"

ရှစ်ချင်းလျို့က ပြုံးပြီး ထပ်ပြီးတော့ ခါးကိုင်းအရိုအသေ ပေးခဲ့သည်။ "ကျေးဇူးတင်ပါတယ် အရာရှိကြီးရှင့်"

ထိုလူရဲ့ အမုအရာကိုကြည့်ခြင်းအားဖြင့် သူက ဆန်ကုန်မြေလေးအဖေကို သိနေတာ ဖြစ်နိုင်သည်။ ရာဇဝတ်တရားသူကြီးရဲ့ ပုံစံအမှန်ကလည်း မရိုးရှင်းကြောင်း သူမ ပိုသေချာသွားခဲ့သည်။

ရှောင်ဟန်ကျန့်ကို ထိုအမျိုးသမီး အန္တရာယ်ပြုပါသည်။ဟူသော သက်သေရှာဖို့ခက်ခဲရင်တောင် ဆန်ကုန်မြေလေးအဖေ ပြုလုပ်ခဲ့သည့် ရွံစရာကောင်းသည့် လုပ်ရပ်တွေကို ရှာဖွေနိုင်သည်။

ဒီရာဇဝတ်တရားသူကြီးမှတစ်ဆင့် ဆန်ကုန်မြေလေးအဖေရဲ့ ပုံစံအမှန်ကို တစ်မြို့လုံးသိအောင် သူတို့ ဖြန့်ပစ်လို့ ရနိုင်သည်။

တစ်ချိန်တည်းမှာပဲ ဆန်ကုန်မြေလေးအဖေနှင့် ထိုအမျိုးသမီးအပေါ် သူမ ဖိအားတချို့ ပေးနိုင်လိမ့်မည်။

သူတို့တွေ ဆက်ပြီး မယုတ်မာခင် ရှောင်ဟန်ကျန့်ရဲ့ ကံဆိုးမှုမှာ သူတို့ပါ ငြိစွန်းခဲ့ကြောင်း သိသင့်သည်။

အခုလို ဘုရင်ခေတ်မှာ အာဏာကြီးသည့် စာသင်သားတွေနှင့် သာမာန်ပြည်သူကြားက ကွာဟချက် အကြီးကြီး ရှိသည်။

ဆန်ကုန်မြေလေးအဖေက စစ်သူကြီး ဖြစ်နေသည့်အချိန်မှာ ရှောင်ဟန်ကျန့်က အခြေခံစာသင်သားလေးသာ ဖြစ်သည်။

သူတို့သာ ပြဿနာ မရှာနိုင်ခဲ့ပါက ဆန်ကုန်မြေလေးအဖေက ထိုအမျိုးသမီးနှင့် ပူးပေါင်းပြီး ရှောင်ဟန်ကျန့်ကို ထပ်သတ်ခိုင်းမှာမျိုး သို့မဟုတ် ရှောင်ဟန်ကျန့်ရဲ့ တက်လမ်းကို အညွှန့်ချိုးပစ်မှာမျိုးကို သူမ စိုးရိမ်သည်။

တကယ်လို့ အဟန့်အတား အနှောက်အယှက်လေး တစ်ခုရှိခဲ့ပါက ဆန်ကုန်မြေလေးအဖေနှင့် ထိုအမျိုးသမီး အရင်လောက် လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်မည် မဟုတ်တော့ပေ။

တရားရုံးကိစ္စပြီးသွားတော့ ရှစ်ချင်းလျို့နှင့် အမေရှောင်က တရားရုံးမှ ထွက်လာခဲ့သည်။

သမားတော်ရှစ်၏ မကောင်းသည့် လုပ်ရပ်သာမက ဗိုလ်ချုပ်ကြီးရှောင်က မယားငယ်အတွက် မိန်းမကို မယားငယ်ရာထူးချပြီး အပြင်လူအတွက် ကလေးတွေကိုပါ စွန့်ပစ်ခဲ့သည့် အတင်းအဖျင်းပါ ပြန့်သွားခဲ့သည်။

အတင်းအဖျင်းနှစ်ခုအနက် ဒုတိယတစ်ခုက ပိုစိတ်လှုပ်ရှားဖို့ ကောင်းခဲ့သည်။

ပွဲကြီးပွဲကောင်းကြည့်နေသည့် သာမာန်ပြည်သူတွေရဲ့ စိတ်နှလုံးကို အားရစေခဲ့တာကြောင့် ထိုသတင်းက အမြန်ပဲ ပျံ့နှံ့သွားခဲ့သည်။

အမေရှောင်က သူမ ကိုယ်ခန္ဓာ အရင်လောက် မပျော့ညံ့တော့တာကို ခံစားမိလိုက်ပြီး လမ်းခဏလောက် လျှောက်လိုက်ပြီး ပြောလေသည်။ "ချင်းလျို့ကတော့ တကယ့် အံ့ဖွယ်ပဲ။"

သူမ ချွေးမက နောက်တစ်ရက်မှာပဲ ကိစ္စရပ်တွေ အများကြီး ဖြေရှင်းခဲ့သည်။ သမားတော်ရှစ်ကို အချုပ်ထဲ ပို့ခဲ့ရုံမက ဆန်ကုန်မြေလေးလင်မယားနှစ်ယောက် ထွက်လာအောင်လည်း ငါးစာချခဲ့သည်။

အဓိကအချက်က သူမ ချွေးမက မြို့တော်ရဲ့ ရာဇဝတ်တရားသူကြီး ရှေ့မှာ တည်ငြိမ်စွာ စကားပြောဆိုခဲ့ခြင်း ဖြစ်သည်။ သူမ တကယ်ပဲ ချွေးမဖြစ်သူကို လေးစားအားကျသည်။

ချွေးမ နေရာမှာ သူမသာဆိုရင် ရာဇဝတ်တရားသူကြီးရှေ့မှာစကားပြောရတာ အလွန်စိတ်လှုပ်ရှားနေမည်ဖြစ်သည်။

ရှစ်ချင်းလျို့က သူမကို တွဲပေးထားကာ ပြောခဲ့သည်။ "အမေလည်း လုပ်နိုင်တာပဲ၊ အမေ ပထမခြေလှမ်းကိုတောင် စရဲခဲ့တာပဲ၊ အမေနဲ့ ရှောင်ဟန်ကျန့်တို့ နစ်နာခံခဲ့ရသမျှ အနာဂတ်မှာ အခွင့်ကြုံရင် အဲဒီဆန်ကုန်မြေလေးနှစ်ယောက်ကို သင်ခန်းစာ ကောင်းကောင်းပေးလိုက်၊ အရင်ဆုံး ဒေါသတွေပုံချပြီးမှ ဂုဏ်သိက္ခာကို ဖျက်စီးလိုက်တာ ပိုကောင်းတယ်။"

သူမသာဆိုရင် ဆန်ကုန်မြေလေးရဲ့ ခေါင်းကို ရိုက်ခွဲပြီး မိန်မပျက်ကို သေအောင် ရိုက်သတ်ပစ်မည်။

ပြီးရင်တော့ နှစ်ယောက်လုံး မြို့တော်မှာ ခေါင်းမဖော်နိုင်အောင် အရှက်ခွဲပစ်မည်ဖြစ်သည်။

ထိုမိန်းမနှင့် ဆန်ကုန်မြေလအဖေကြားက ရှုပ်ထွေးသည့် ဆက်ဆံရေးကို ဒီနေ့တော့ သူမ မဖော်ထုတ်ခဲ့ပေ။

သက်သေမရှိတာထက် အနာဂတ်မှာ သူတို့မြို့တော်ကိုသွားသည့်အခါ ရှောင်ဟန်ကျန့်ကို လူကိုယ်တိုင် ဖြေရှင်းခိုင်းစေချင်လို့ ဖြစ်သည်။

ဘာပဲဖြစ်ဖြစ် သူမနဲ့ ဗိုလ်ချုပ်ကြီးကြားက အဆင့်အတန်း ကွာဟချက်က အလွန်ကြီးမားသည်။

ယခုကဲ့သို့ ရှုပ်ထွေးနေသည့် အခြေအနေမှာ သူ့ကို အရမ်းမဆွဲချတာ ပိုကောင်းသည်။

အမေရှောင်က ရယ်ရမလား ငိုရမလား မသိတော့ပေ။ "သူတို့နှစ်ယောက်လုံးကို ပါးချပစ်ချင်တယ်။"

ဒါပေမဲ့ တကယ်ဖြစ်လာမယ်လို့တော့ သူမ မထင်ပေ။

ရှစ်ချင်းလျို့က ခိုင်မာစွာ ပြောခဲ့သည်။ "စိတ်မပူနဲ့အမေ၊ အခွင့်အရေးရှိလာလိမ့်မယ်၊ မဟုတ်ရင်တောင် ကျွန်မနဲ့ ရှောင်ဟန်ကျန့်က အမေ့အတွက် အခွင့်အရေး ဖန်တီးပေးမယ်။"

အမေရှောင်က အသံတိတ်ကာ အသက်ပြင်းပြင်း ရှူလိုက်သည်။ "ကောင်းပြီ အခွင့်ရေးရရင် အမေလုပ်လိုက်မယ်။"

သူမ ဘာသာ ကြိုးစားပြောင်းလဲရမည်။ ဒါမှ သူမ သားနှင့် ချွေးမ စိတ်မပျက်မှာ ဖြစ်သည်။

ရှစ်ချင်းလျို့က သူမ လက်ကို နူးညံ့စွာ ပုတ်ပေးပြီး အားပေးခဲ့သည်။ "ဟုတ်တယ်၊ ဘာပဲဖြစ်ဖြစ် အမေ့နောက်မှာ ကျွန်မတို့ရှိတယ်၊ မကြောက်နဲ့။"

အမေရှောင်က ခေါင်းငြိမ့်ပြခဲ့သည်။ "အင်း မကြောက်ဘူး။"

ထိုအကျင့်မကောင်းသည့် လင်မယားကသာ မကောင်းမှု ကျူးလွန်ခဲ့တာကြောင့် သူတို့ကသာ အပြစ်မကင်းစိတ် ဝင်ရမှာ ဖြစ်သည်။

ထို့နောက် အမေရှောင် ပန်းထိုးပိုက်ဆံအိတ်လေးရောင်းဖို့ ရှစ်ချင်းလျို့က ပန်းထိုးဆိုင်ကို အဖော်လိုက်ပေးခဲ့သည်။

ထို့နောက် စာအုပ်ဆိုင်သွားပြီး ရှောင်ဟန်ကျန့် ကူးရေးပေးခဲ့သည့် စာအုပ်တွေကို စာအုပ်ဆိုင်သွားပို့ပြီး ပိုက်ဆံဖြင့် လဲယူခဲ့သည်။

စာအုပ်ဆိုင်က စာရွက်၊ စုတ်တံ၊ မှင်နှင့် မင်တုံးတွေပါ ရောင်းချသည်။

အကောင်းဆုံးက စာရွက်တစ်ထပ်ကို ငွေပြား ရာဂဏန်း အနည်းငယ် သို့မဟုတ် ငွေတုံး ၁တုံးထက် ပိုကျသင့်နိုင်သည်။

ရှေးခေတ်မှာ ဆင်းရဲသည့် မိသားစုတွေက ကလေးတွေကို ပြည့်ပြည့်စုံ မထားနိုင်တာလည်း မဆန်းတော့ပေ။

စာရွက်လေးဝယ်တာတောင် ငွေကုန်ကြေးကျများနေတာကြောင့် ဆင်းရဲတဲ့မိသားစုတွေက မတတ်နိုင်ပေ။

ရှစ်ချင်းလျို့က ခဏလောက် စဥ်းစားပြီးမှ ဆိုင်လက်ထောက်ကို မေးခဲ့သည်။ "ဒီမှာ အိမ်သာသုံးစက္ကူရောင်းလား။"

ဒီကိုရောက်ကတည်းက သူမ ဘဝအတွက် အနာကျင်ရဆုံး အရာက ဆင်းရဲတာ မဟုတ်ဘဲ အိမ်သာ သွားရခြင်း ဖြစ်သည်။

အခု အိမ်သာသွားသည့်အခါ တစ်ရှူး မသုံးရပေ။

ထိုအစား သစ်သားချောင်းအချော သို့မဟုတ် ဝါးချောင်းအချောကို သုံးရသည်။

သူမ သည်းမခံနိုင်ဘဲ စိတ်တိုလွန်းလို့ ရူးတော့မည်။

ဆိုင်ကလက်ထောက်လေးက အနည်းငယ် ရှုပ်ထွေးသွားခဲ့သည်။ "အိမ်သာသုံးစက္ကူက ဘာစာရွက်နဲ့ လုပ်တာလဲ။"

ရှစ်ချင်းလျို့က ခြောက်ကပ်စွာ ချောင်းဟန့်ခဲ့သည်။ "အိမ်သာသွားရင် သုံးတဲ့စာရွက်ပေါ့။"

ဒီမိန်းမက တော်တော်ရဲတင်းတာပဲဟု ဆိုင်ကလက်ထောက်လေးက တွေးခဲ့သည်။

"ဒီလိုစာရွက်မျိုး မကြားဖူးပါဘူး၊ စာရွက်တွေ ဒီလောက် စျေးကြီးတာကို ဘယ်လိုလုပ် အိမ်သာတက်တဲ့နေရာမှာ သုံးရမှာလဲ။"

ဒီတစ်ခါတော့ ရှစ်ချင်းလျို့ရဲ့ အလှည့် ဖြစ်သည်။

ဒါက သူမ စာရွက်ထုတ်လုပ်ဖို့ တွန်းအားပေးခြင်း ဖြစ်သည်။

သူမ တကယ် သည်းမခံနိုင်တော့ပေ။

သူမက အရင်က တစ်ခါမှ စာရွက်မလုပ်ဖူးတာကြောင့် လုပ်ငန်းစဥ်တွေကို သူမ သိပ်မသိပေ။

သို့ပေမယ့် စာရွက်အမျိုးအစား တချို့လုပ်နည်းပါသည့် သူမရဲ့ ဝမ်းကွဲညီမပေးခဲ့သည့်'အချိန်ခရီးသွား စွယ်စုံကျမ်း' စာအုပ် သူမတွင် ရှိသည်။

ရွာပြန်ရောက်ပါက ရှောင်ဟန်ကျန့်ကို ခေါ်ပြီး စမ်းကြည့်ရမည်။

စမ်းသပ်မှု အောင်မြင်ပါက သူမ အိမ်သာတက်သည့်အခါ ကြုံတွေ့ရသည့်ပြဿနာကို ဖြေရှင်းနိုင်မည်ဖြစ်သလို အနာဂတ်မှာ ရှောင်ဟန်ကျန့်လည်း စာရွက်ဝယ်စရာ လိုတော့မည် မဟုတ်ပေ။

စာအုပ်ဆိုင်က ပြန်လာပြီးနောက် ရှစ်ချင်းလျို့က အမေရှောင်ကို မြို့တော်က လမ်းမတစ်လျှောက် ခေါ်သွားပြီး စီးပွားရေး အခွင့်အရေးတွေ လေ့လာခဲ့သည်။

သူတို့နှစ်ယောက် လမ်းလျှောက်နေရင်း ဘေးက အစေခံလို ဝတ်ဆင်ထားသည့် အမျိုးသားနှစ်ယောက် စကားပြောတာကို ကြားခဲ့သည်။

တစ်ယောက်က မျက်မှောင်ကြုတ်ကာ ပြောခဲ့သည်။ "သခင်လေး သဘောအကျရဆုံးပန်းက သေတော့မယ်၊ ဒီပြဿနာကို ဖြေရှင်းဖို့ ပန်းပင်စိုက်တဲ့လူကို ငါ့ကို ရှာခိုင်းနေတယ်၊ အဲလူကို ငါဘယ်မှာ သွားရှာရမှာလဲကွာ။"